no

Font
Theme

အခန်း ၂၀။ ကိုယ်ပိုင်စစ်တပ်တည်ထောင်ခြင်း

၎င်းတို့ စိုက်ပျိုးရေးခြံကို ပြန်ရောက်လာချိန်တွင် အပူချိန်က လုံးဝ အေးနေပြီဖြစ်သည်။ အပြန်လမ်းတွင် လူအတော်များများက နွေးထွေးရန် အဝတ်များအောက်၌ မြက်ခြောက်များကို သိပ်ထည့်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် လူများစွာရှိသောကြောင့် ညဘက်တွင် အချင်းချင်းအနွေးပေးဖို့ ကိုယ်အပူချိန်ကို သုံးနိုင်သဖြင့် မည်သူမှ အအေးကြောင့် အခြေနေမဆိုးခဲ့ပေ။ အမျိုးသားနှင့် အမျိုးသမီးတို့အကြား စည်းကိုလည်း ဘေးဖယ်၍ အမျိုးသမီးများလည်း ည၌ အိပ်ရန် အမျိုးသားများဘေး၌ ထိုင်ကြသည်။

“နောက်ဆုံးတော့ ပြန်ရောက်ပြီ။”

တောအုပ်ထဲက ထွက်လာရင်း ၎င်းတို့မှာ လယ်ကွင်းတွေကို မြင်လိုက်ရသည်။ ဆောင်းရာသီတွင် စိုက်ပျိုးနိုင်သော သီးနှံများမှာ နည်းပါးသောကြောင့် ယခုအချိန်တွင် တရုတ်ဂေါ်ဖီထုပ်နှင့် ဟင်းနုနွယ်ရွက်ကိုသာ စိုက်ပျိုးကြသည်။

ဤဟင်းသီးဟင်းရွက်များသည် ဆောင်းရာသီတွင် စားပွဲပေါ်၌ တွေ့ရနိုင်သော ရှားပါး အစိမ်းဟင်းရွက်များဖြစ်သည်။သို့သော် ခဏအကြာတွင် ၎င်းတို့အများစုကို အစိုးရရောင်းသည့် ဆားများထက် ဈေး‌ချိုသော ဆားကုန်သည်တစ်ဦးဆီမှ အစ်ကိုတောက် ဝယ်လာသော ဆားဖြင့် ဆားရည်စိမ်လိုက်မည်ဖြစ်သည်။

တစ်ခါတလေအစ်ကိုတောက် လူများကို အမဲလိုက်ရန် တောအုပ်ထဲသို့ခေါ်သွားတတ်သည်—— ဖမ်းရသည့် တစ်ခုတည်းသော တောကောင်မှာ ရစ်ငှက်နှင့် တောဝက်ရိုင်းကောင်ဖြစ်ပြီး နှစ်မျိုးစလုံးက အရိုးများ‌ေသာ်လည်း အနည်းဆုံး အသားတော့ဖြစ်ပါ၏။

လယ်ကွင်းက တိရစ္ဆာန်မမွေးသဖြင့် အသား စားစရာလည်းမရှိပေ။

လင်းယွမ်သည် ရိက္ခာများနှင့်အတူ ပြန်လာသည်ကို မြင်လိုက်ရသဖြင့် အားလုံး သက်ပြင်းချကြသည်။

ဤ ပစ္စည်းများ ပြွတ်သိပ်နေသည့် လှည်းများတွင်အစားအစာအတော်များများ ပါဝင်ပြီး ဆောင်းဦးရာသီ ကောက်ရိတ်ခြင်းမှ ကောက်ပဲသီးနှံများကို ပေါင်းလိုက်သော် နှစ်,နှစ်လောက်အစာစားရန်လုံလောက်သည်။

၎င်းက လူနည်းစုဖြစ်ခြင်း အားသာချက်ဖြစ်သော်လည်း အဆိုးဘက်လည်း ရှိပါ၏။

၎င်းတို့ထံတွင် ကြေးနီပင် မတတ်နိုင်သဖြင့် လက်နက်များ မရှိရာ သံတွေကို ပြောစရာပင် မလိုပေ။ သံအိုးတစ်လုံးတည်းအတွက် စျေးနှုန်းသည်မိသားစု၏ ဘဝတစ်ခုလုံးကို စုဆောင်းထားသ‌‌လောက်ရှိသည်။

လင်းယွမ်က သူ့လက်ထဲ သံအချို့ကို မည်သို့လုပ်လျှင် ရမည်ဟု တွေးနေသော်လည်း သူ့ထံ၌ သံရှိလျှင်တောင် ပန်းပဲဆရာမရှိပါက အသုံးဝင်မည်မဟုတ်ပေ။

ဓား‌မြှောင်များနှင့် ဓားများ၏ ထက်မြက်မှုနှင့် ခံနိုင်ရည်ရှိမှုသည် ပန်းပဲဆရာ၏ အလုပ်ကိုလိုအပ်သည်။

အကယ်၍ စွမ်းရည်မပြည့်မီပါက လက်နက်မှာ တိုက်ပွဲအလယ်တွင် ပျက်စီး၍ လူတစ်ယောက်အား အသက်ကို ဆုံးရှုံးသည်အထိ ဖြစ်စေလိမ့်မည်။

အမှန်တွင် ပုဆိန်များသည် ကောင်းမွန်သောရွေးချယ်မှု ဖြစ်နိုင်သည်။ လင်းယွမ်သည် သူ၏ မေးစေ့ကို သပ်လိုက်ပြီး ပုဆိန်များမှာ အလွယ်တကူ ကျိုးသွားနိုင်ခြင်းမရှိသလို လေ့ကျင့်မှုများစွာလည်း မလိုအပ်ဘဲ ကြီးမားသောထိခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် လေးလံသောအလေးချိန်ရှိသည်။

အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် မြေယာစိုက်ပျိုးသူများနှင့် ရင်းနှီးကြသည်။

၎င်းတို့အနေနှင့် လွယ်လင့်တကူ ပေါက်ပြားများကိုကိုင်ဆောင်တတ်ကြ‌သေးသည်ပင်။

လင်းယွမ်က နွားလှည်းပေါ်မှ ဆင်းလာသည့် ကျန်းကွေကို မေးလိုက်၏။

"တတိယအစ်ကို၊ ပုဆိန်တွေဘယ်မှာရောင်းလဲသိလား"

ကျန်းကွေ: "အရင်က မြို့အစိုးရမှာ အလုပ်လုပ်တုန်းကတော့ ငါ့မှာ အဆက်အသွယ်ရှိပါတယ်၊ ဒါပေမယ့် အခုတော့......"

မြို့အစိုးရ ရှိနေဆဲဖြစ်သည် မဖြစ်သည်ကတော့ မေးခွန်းထုတ်စရာပင်။

လင်းယွမ်သက်ပြင်းချလိုက်၏၊ သူ့အနေနှင့် ၎င်းကို နောက်မှ လုပ်ဖို့ ချန်ထားရုံသာရှိသည်။

"ပုဆိန်လား?"

ကျူးကျုံးပါ့သည် ရုတ်တရက်စကားစမြည်ပြောဆိုခြင်းထဲ ဝင်လာကာ သွားဖြူဖြူများဖြင့် ပြုံးပြလာ၏၊ "ဘယ်သူမှ မရောင်းတော့ဘူးလေ"

သံနှင့်ပတ်သက်သော မည်သည့်အရာမဆို ဝယ်ရန်မဖြစ်နိုင်တော့ပေ။

လင်းယွမ်လည်း သက်ပြင်းချလိုက်သည်။ သူ၏ နှလုံးသည် စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားသည်။ တော်လှန်ရေးတပ်များသည် ၎င်းတို့လက်ထဲမှ သံလက်နက်များကို မည်သည့်နေရာတွင်ရခဲ့သနည်း၊ သူလည်း တကယ်ပဲ နည်းနည်း‌တော့လိုချင်သည်‌လေ!

"ဒါပေမယ့် သံသတ္တုရိုင်းမိုင်းတွင်း ဘယ်မှာရှိတယ်ဆိုတာကို ငါသိတယ်" ကျူးကျုံးပါ့က ပြော၏၊ “စစ်သားတွေက အစောင့်အကြပ်များတာကလွဲရင်ပေါ့။ ငါတို့ ခိုးဖို့သွားရင်တောင် အောင်မြင်မှာ မဟုတ်ဘူး။”

ကျူးကျုံးပါ့ : "ဒါပေမယ့် အခုရက်တွေမှာ နေရာတိုင်း ကသောင်းကနင်း ဖြစ်နေတော့ လက်နက်ကိုင် စစ်သားတွေက အရင်ကထက် နည်းလောက်တယ်။"

လင်းယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။

"အကိုကြီး! ဒုတိယအစ်ကို!” လင်းယွမ်က အစ်ကို တောက်နှင့် ယန်ဇီအန်းကို ခေါ်လိုက်သည်၊ "ဆွေးနွေးစရာတစ်ခုရှိတယ်! အစည်းအဝေးခန်းကို လာခဲ့ကြပါဦး!”

အစည်းအဝေးခန်းဟူသည် အမည်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း အစည်းအဝေးများကျင်းပရာနေရာဖြစ်ပြီး လင်းယွမ်က အမည်ပေးထားခြင်းပင်။ သူသည် အမှန်တကယ် ရှေးခေတ်ကပုဂ္ဂိုလ်မဟုတ်သလို သူ့အနေနှင့် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရရှိနိုင်သော်လည်း မှတ်ဉာဏ်သည် မူလပိုင်ရှင်ဖတ်ခဲ့သည့် စာအုပ်များအားလုံးကို သူမှတ်မိနိုင်သည်ဟုမဆိုလိုပေ။ ထို့ကြောင့် သူနှင့်ရင်းနှီးကျွမ်းဝင်သည့် အရာတွေကို စွဲကိုင်ထားခြင်းကအကောင်းဆုံးပါပင်။

အစ်ကိုတောက်သည် သူ၏ ပေါက်ပြားကို မှီရင်း ခေါင်းနောက်ကို ပွတ်လိုက်၏။

“ထူးဆန်းလိုက်တာ... ခရီးရှည်ကြီးထွက်လာပြီး

နောက်မှာ အနားမယူဘဲ တရားဝင် စီးပွားရေးကိစ္စကို ဆွေးနွေးနေမယ်တဲ့၊ ငါတို့ရဲ့ စတုတ္ထမြောက် ညီလေးကို သံနဲ့လုပ်ထားတာလား”

ယန်ဇီအန်းက မကျေမနပ်ဖြင့် ပြောလိုက်၏၊ "နေရာတိုင်းမှာ အစ်ကိုလိုက်ပြီး သစ္စာဆိုခိုင်းနေတာထက်‌ တော့ ပိုကောင်းပါတယ်။"

အစ်ကိုတောက်ကမပျော်ပေ၊ "အဲဒါကို မင်း ဘယ်လိုလုပ် အဲ့လို ဖော်ပြနိုင်ရတာလဲ။ ငါက အရေးကြီးတဲ့ ညီအစ်ကို ချည်နှောင်မှုလုပ်နေပါတာလေ။ မင်းကို ငါပြောလိုက်မယ်၊ ကမ္ဘာကြီးဟာပိုဆိုးလာမှာမို့လို့ ညီအစ်ကိုတွေက တစ်ယောက်နောက်ကျောမှာ တစ်ယောက်ရှိနေရင် တစ်ယောက်တည်းတိုက်ခိုက်ရတာထက်ပိုကောင်းတယ်။ "

ယန်ဇီအန်း: "ကောင်းပြီ, ကောင်းပြီ, အစ်ကိုမှန်ပါတယ် သွားကြတာပေါ့။ "

အစ်ကိုတောက်သည် သူ၏နေရာမှ မရွှေ့ဘဲ အရှက်မရှိမဲ့စွာဖြင့် ‘မင်းသာ မတောင်းပန်ရင် ငါ မ‌ရွှေ့ဘူး’ဟု

ပြောနေသော အမူအရာမျိုးကို ချိတ်ဆွဲထား၏"

ယန်ဇီအန်းက သူ့ကို လျစ်လျူရှုလိုက်သည်၊ "လုပ်ချင်တာသာ လုပ်ပါတော့ဗျာ"

အစ်ကိုတောက်လည်း နောက်က လိုက်သွားသည်။

လင်းယွမ်သည် ကျူးကျုံးပါ့ကို အသေးစိတ်မဖော်ပြဘဲ သူ့ထံတွင် သူဖုန်းစားနောက်ခံရှိပြီး ယုံကြည်စိတ်ချရသည်ဟုသာ ပြောပြခဲ့သည်။

အစ်ကိုတောက်၏ အကြည့်က ကျူးကျုံးပါ့ထံကို အခြေချသောအခါ ပြောင်းလဲသွားသည် — ၎င်းသည် ညီအစ်ကိုအဖြစ် သစ္စာဆိုရန် ကိုယ်စားလှယ်ကောင်းတစ်ဦးပင်။

“အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ အခုရက်တွေမှာ ဘယ်လိုမျိုးလဲဆိုတာ မင်းတို့နှစ်ယောက်လုံး သိကြပါတယ်။ မကြာခင်မှာ တော်လှန်ပုန်ကန်မှု အသံထွက်လာလိမ့်မယ်၊ အချိန်ကျလာရင် ဒီနေရာလို ဝေးလံခေါင်သီတဲ့ နေရာတွေမှာတောင် မလုံခြုံဘူးလို့ ကျွန်တော် ခန့်မှန်းမိတယ်။” လင်းယွမ်က တည်ငြိမ်

စွာပြောသည်။ သူဟာ သူ့ရှေ့ကလူတွေကို ယုံနိုင်၏။ ထို့အပြင် ၎င်းတို့သာ ယုံကြည်စိတ်ချရမှုမရှိပါက ၎င်းတို့အနေဖြင့် မည်သည့်နေရာတွင် တိုင်ကြားရမည်နည်း။ ဝူမြို့လား? မည်သူမျှ ထိုမျှလောက် မိုက်မဲလိမ့်မည်မဟုတ်ပေ၊ ၎င်းတို့အားလုံးသည် တစ်ဦးနှင့်တစ်ဦး၏ အရင်းမြစ်များကို သိရှိကြသောကြောင့် သံသယဖြင့် ချုပ်နှောင်ထားရန် မလိုအပ်ပေ။

"ဒါဆို ငါတို့ ဘာလုပ်ကြမှာလဲ"

လီစန်းရုံအံ့သြသွားသည်။

အခြားလူများကလည်း လင်းယွမ်ကို ကြည့်ကာ အကြောင်းပြချက်ကို အားလုံးနားလည်ကြသော်လည်း လက်တွေ့တွင် မည်သို့မည်ပုံ ရင်ဆိုင်ရမည်ကို မသိကြသေးပေ။

ကျုံးယွမ်ကျန်းသည် အသက် ၂၅ နှစ်တွင် ခေါင်းပေါင်းနီတပ်ဖွဲ့တွင် ပါဝင်ခဲ့ပြီး ၎င်းနှစ်သည် ယွမ်ရွှင်၏ ၁၃ နှစ်မြောက်ဖြစ်သည်ကိုသာ လင်း

ယွမ် မှတ်မိသည်။ ထို့ကြောင့် ခေါင်းပေါင်းနီတပ်သည် ယွမ်ရွှင် ၁၃ နှစ်မတိုင်မီတည်းက ပုန်ကန်မှုစတင်ခဲ့သည်ပင်။

တော်လှန်ရေးမှာ နှစ်,နှစ်၊ သုံးနှစ် ဖြတ်သန်းလာရုံနှင့် ခြိမ်းခြောက်မှုမရှိသေးသော်လည်း ယွမ်ရွှင်၏ ၁၀နှစ်၊ ၁၁နှစ်လောက်တွင် ခေါင်းပေါင်းနီ၏ ပုန်ကန်မှု စတင်ခဲ့ခြင်း ဖြစ်လောက်သည်။

ခေါင်းပေါင်းနီများ၏ ခေါင်းဆောင်များမှာ ဟန်ရှန်တုံ၊ လျူဖူတုံ နှင့် ရှုရှူးဟွေတို့ ဖြစ်သည်။

နောက်ပိုင်းတွင် ဟန်ရှန်းထုံက မိမိကိုယ်ကို 'တစုန့်ပြည်' ၏ ဧကရာဇ်ဟု ကြေငြာခဲ့သည်။ သူသည် ခေါင်းပေါင်းနီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ရုံသာမက ကြာဖြူအဖွဲ့အစည်းနှင့်လည်းဆက်သွယ်မှုရှိသည်။

[ TN: သူမရဲ့ ကလေးအားလုံးကို ထောင်စုနှစ်မှာ မိသားစုတစ်ခုအဖြစ် စုစည်းဖို့ ရှေ့ဖြစ်ဟောခဲ့သည့် ဝူရှန်းလောင်မူကို ကိုးကွယ်ပြီး နှစ်သိမ့်မှုရှာတွေ့ခဲ့ကြ

တဲ့ ဟန်တရုတ်လူမျိုးများစွာကို တောင်းပန်ခဲ့ သော ဘာသာနှင့် နိုင်ငံ‌ရေးဆိုင်ရာ လှုပ်ရှားမှု ]

“လောလောဆယ်တော့ လူများများလိုတယ်။ လင်းယွမ်က ပြောသည်၊ “ဒီနည်းနဲ့ဆို ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိမယ်။ ဒီက လူတွေ

မှာ လက်နက်တွေရှိရမယ်၊ မဟုတ်ရင် ကျွန်တော်တို့လည်း စဉ်းတီတုံး‌ပေါ်က ငါးတစ်ကောင်ဖြစ်လာမှာပဲ"

ကျူးကျုံးပါ့အပါအဝင် လူတိုင်း တံတွေးမျိုချမိသွားသည်။

ကျန်းကွေ: "ဒါက... မင်းဘာကိုဆိုလိုတာလဲ။ ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်မလို့လား။ ဒါက ဒါက အင်ပါယာ တရားရုံးသာ ရှာတွေ့ရင် ကွပ်မျက်ခံရမယ့်ဟာနော်....."

အစ်ကိုတောက်ကလည်းသဘောတူသည်၊ "ဟုတ်တယ်၊ မှန်တယ်။ အင်ပါယာတရားရုံးမှာ စစ်သားတွေ ဘယ်နှယောက်တောင်ရှိလိုက်သလဲ၊ ငါတို့က ဘာလဲ၊ သူတို့သွားကြားထိုးလို့ ရမယ့် ဟာလေးတွေ

ဖြစ်လာမှာလား?"

သို့သော် လင်းယွမ်က ခေါင်းကိုခါလိုက်သည်၊ "ဒါကိုသိသိသာသာ လုပ်မှာ မဟုတ်ဘူးလေ။ ဒီမှာ ကျွန်တော်တို့ကို တောင်တွေနှင့်မြစ်တွေနဲ့ ဝိုင်းရံထားပြီး လူတွေရဲ့ အမြင်ကနေလည်း ဝေးနေကြတာပဲ။ ဒါကို ဖုံးကွယ်ထားပြီးသားမို့လို့ အဲဒါဆိုရင် အင်ပါယာတရားရုံးက ကျွန်တော်တို့ကို ရှာတွေ့မှာမဟုတ်ဘူးဆိုတာကို သတိထားရုံပဲ။”

မကြာမီတွင် အင်ပါယာ တရားရုံး၏ အာရုံကို အခြား တော်လှန်ရေးအဖွဲ့များက ဆွဲဆောင်သွားမည်ဆိုသည်ကိုတော့ သူမပြောလိုက်ပေ။

ဟန်ရှန့်ထုံသေဆုံးရခြင်းမှာ သူ့တပ်များကို ဝန်းရံပြီး သူ့အားချေမှုန်းရန် အင်ပါယာတရားရုံးက အမိန့်ချခဲ့ခြင်းကြောင့် ဖြစ်သည်။

"လက်နက်များရဖို့ ကျွန်တော်တို့သံကို လိုအပ်တယ်" လင်းယွမ်က သူတို့ကိုကြည့်လိုက်လိုက်ကာ၊ "အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ တတိယအစ်ကို ကျေးဇူးပြုပြီး

ညီလေးကို နားထောင်ကြပါ။ ကသောင်းကနင်းဖြစ်နေချိန်မှာ ဘယ်သူမှ ကင်းလွတ်ခွင့်မရှိဘူး။ ကျွန်တော်တို့က ပုန်ကန်မှာ မဟုတ်ဘဲ စီးဆင်းမှုနောက်ကို လိုက်နေတယ်ဆိုရင် ဒါက လမ်းကြောင်းတစ်ခုပဲ၊ ဒါပေမယ့် စစ်ပွဲ စလာတဲ့အခါ ကျွန်တော်တို့က တကယ်ကို မထိခိုက်ဘဲ နေနိုင်မှာတဲ့လား?"

"အချိန်ရောက်လာပြီး ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တဲ့အခါ ကျွန်တော်တို့က သတ်ခံရမယ့် သိုးကလေးတွေပဲ ဖြစ်သွားလိမ့်မယ်။" လင်းယွမ်က ပြောလိုက်သည်၊ "ဒီဟာကို အခုခဏဖယ်ကြထားပြီး ကျွန်တော်တို့ ဓားပြတွေအကြောင်း ပြောကြည့်ရအောင်? ကျွန်တော်တို့ ဓားပြတွေကို ဆန့်ကျင်ပြီး ထိန်းထားနိုင်မှာလား? "

၎င်းတို့၏ တစ်ခုတည်းသောလက်နက်က ပေါက်ပြားဖြစ်နေစဉ်တွင် ၎င်းတို့ကို ခြိမ်းခြောက်မှုဖြစ်စေသည့် ဓားပြများထံတွင် လက်နက်အားလုံးရှိသည်။ ၎င်းတို့ဟာ အရည်အသွေးမကောင်းဘူးဆိုပါလျှင်တောငလယ်သမားများအတွက် အသုံးပြုသည့် ပေါက်ပြား အနည်းငယ်ထက်တော့ အနည်းဆုံးပိုကောင်းပါ၏။

လူတိုင်းက မျက်လွှာချလိုက်သည်၊ သီးသန့်စစ်တပ်ကိုရှာဖွေခြင်းမှာ......၎င်းတို့၏ ဘိုးဘေးများအားလုံးသည် ရိုးရိုးသားသား သာမန်လူများဖြစ်ကြပြီး ပုန်ကန်မှုဖြစ်နိုင်သည့် မည်သည့်အရာကိုမျှ မလုပ်ခဲ့ဖူးချေ။

ကျူးကျုံးပါ့သည် သူ၏မိသားစုတစ်စုလုံးကို ဆုံးရှုံးခဲ့သည်။ “ညီလေးလင်း ပြောတာမှန်တယ် ထင်တာပဲ၊ ငါတို့မပုန်ကန်ဘူးဆိုရင်တောင် ငါတို့အသက်ရှင်ဖို့နည်းလမ်းရှိထားသင့်တယ်။ ဗိုက်ဖြည့်ဖို့ ဝမ်းစာနဲ့ ဓားပြတွေကို တိုက်ထုတ်ဖို့ လက်နက်တွေ လိုအပ်တယ်။ လူများများရှိမှသာလျှင် ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကို ကာကွယ်နိုင်စွမ်း ရှိမှာပဲ”

အစ်ကိုတောက်က သူ့ ကမ္ဘာကြီး ပြောင်းပြန်လန် သွားပြီဟု ဖော်ပြသည့် အမူအရာဖြင့် ပြောလာသည်၊ "ငါ ... ငါ နည်းနည်းစဉ်းစားဖို့လိုအပ်တယ်"

ယန်ဇီအန်းကလည်း ဘာမှမပြောချေ။

ကျန်းကွေသည် သူဟာဆေးထိုးအပ်များပေါ်တွင်ထိုင်နေရသကဲ့သို့ ဂနာမငြိမ်ဖြစ်နေသည်။

လုံခြုံပြီး လွယ်ကူတဲ့ဘဝကို ပိုင်ဆိုင်နိုင်တဲ့အခါ ဘယ်သူကများ ပုန်ကန်ချင်ကြမှာလဲ?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment