အခန်း ၃။
ပျမ်းမျှ ထူးကဲရုံ...။
မြေ ရောင်းခြင်းဝယ်ခြင်းလုပ်ငန်းမှာ ဒေသဆိုင်ရာ အစိုးရတို့၏ စီရင်ပိုင်ခွင့်အောက်၌ ရှိသည်။ သို့သော် တကယ်တမ်း အထက်လူကြီးများက ထိုသို့သော အသေးအဖွဲကိစ္စများအား ကိုယ်တိုင် တာဝန်မယူထားပေ။ ထိုအစား အငယ်စားအမှုထမ်းများ ဖြစ်သည့် ၎င်းတို့၏ လက်အောက်ငယ်သားများက စီစဉ်ပေးကြသည်။ ထိုအငယ်စားအမှုထမ်းများမှာ စာတတ်သော်လည်း ပညာရှိများနှင့် စာသင်သားတို့၏ မည်သည့်စာကိုမှာ လေ့လာဖတ်ရှုဖူးခြင်း မရှိပါချေ။ ၎င်းတို့၏ လစာမှာ နည်းပါးသဖြင့် သာမန်လူများကို ခေါင်းပုံဖြတ်ခြင်းဖြင့် ၎င်းတို့ ပိုက်ဆံအိတ်ကို အပိုဝင်ငွေဖြည့်ကြသည်။
မြေဝယ်ခြင်းမှာ ထယ်၁၀၀ကုန်ကျပြီး အပို ၁၀ထယ်ကို တာဝန်ယူထားသော အငယ်စားအမှုထမ်းအား လာဘ်ထိုးဖို့ သုံးရသည်။
ဤအငယ်စားအမှုထမ်းမှာ ဟန်တရုတ်လူမျိုးဖြစ်ပြီး တရုတ်လို ကောင်းစွာ ပြောနိုင်သည်။ တောင်ပိုင်း
ဒေသိယစကားသံဝဲနေသော်လည်း လင်းယွမ်ကတော့ နားလည်နိုင်နေဆဲပါပင်။
"ဒီ မြေတစ်ကျော့က အဆင်ပြေပါတယ်" ကျန်းဟွေဟူသော ထိုအငယ်စားအမှုထမ်းက နှုတ်ခမ်းများကို တွန့်လိုက်သည်၊ "ဒါက စိုက်ပျိုးမထားတဲ့ မြေဆိုပေမယ့်လည်း မြေဩဇာကောင်းပါတယ်။ မင်းက ဒီလုပ်ငန်းကို စိတ်ရင်းနဲ့ လုပ်ချင်နေတော့ ငါက မင်းပတွက် အကောင်းဆုံးကို အကြံပြုပေးတာ"
လင်းယွမ်မှာ အင်မတန် ထက်မြတ်ပြီး လိုက်လျောညီထွေရှိသဖြင့် အငယ်စားအမှုထမ်းထံ ဒင်္ဂါးပြား ၁၀၀တန်သည့် ဘဏ်စာရွက်ကို ပေးလိုက်သည်၊ "အနီးအနားမှာ မြေပိုင်ရှင် မိသားစုဘာညာရော ရှိလား?"
ကျန်းကွေက လင်းယွမ်မှာ အရိပ်အကဲကို သိကြောင်း တွေ့သွားသဖြင့် သူ၏ သဘောထားကလည်း ပိုကောင်းလာ၏။ လင်းယွမ်၏ အသက်ငယ်ငယ်အရွယ်နှင့် ပြုံးနေသည့် မျက်နှာထားကိုပါ ထည့်ပေါင်းလိုက်သော် သူ၏ ပြန်ဖြေလာသံက ပို၍
ဖော်ရွေလာလေသည်၊ "မင်းက အသက်ငယ်တာကို သတိထားမိလို့ အဲဒီ့မိသားစုတွေရဲ့ အဝေးက မြေကို ရွေးပေးထားပါတယ်။ ပြီးတော့ ဂရုစိုက်ပြီး ရန်ပွဲတွေမှာ မပါမိစေဖို့ သေချာအောင်လုပ်ထားဦးနော်"
"ဒါပေမယ့် လက်ရှိ ရာသီဥတုကအေးတော့ မင်းသာ အိမ်ဆောက်ချင်ရင် နွေဦးရာသီအစောပိုင်းအထိ စောင့်ရမှာကို စိုးရိမ်မိတယ်၊ မဟုတ်ရင် အုတ်မြစ်က လုံလုံလောက်လောက် နက်ရှိုင်းမှာ မဟုတ်ဘူး" ကျန်းကွေက ဆိုသည်၊ "ငါက ပုံမှန်ဆို တခြားလူတွေကို ဒါမျိုး မပြောတတ်ပေမယ့်လည်း မင်းက ငယ်သေးရုံတင်မကဘူး တည့်တိုးဆန်တဲ့လူမျိုးလည်း ဖြစ်နေတာ မြင်လို့"
လင်းယွမ်မှာ ကျေးဇူးတင်ဟန်ဖြင့် လက်ကို အုပ်ကိုင်ကာ ဂါရဝပြုလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ လူကြီးမင်း"
ကျန်းကွေက အင်္ကျီလက်ကို ခါကာ၊ "ငါက အငယ်တန်းအရာရှိလေးပါဘဲ၊ အဲ့သလိုခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ အစ်ကိုကျန်းလို့သာခေါ်ချေ။ မင်း
မှာ မေးစရာတစ်ခုခုရှိရင် ထုံလော့လမ်းကြားက တတိယမြောက်အိမ်တော်မှာ လာရှာလို့ရတယ်။"
လင်းယွမ်က ခိုင်မာစွာ လက်ခံလိုက်၏၊ "ကျွန်တော့်အနေနဲ့ အစ်ကိုကျန်းကို မနှောင့်ယှက်ဝံ့ပါဘူးဗျာ"
"လက်တလော ဘယ်မှာ နေ,နေလဲ?" ကျန်းကွေက ငွေ ၁၀ထယ်နှင့် ဒင်္ဂါး ၁၀ပြားတန် လာဘ်ကို ရထားသဖြင့် လက်ရှိ ခံစားချက်က များစွာ ကောင်းမွန်နေသည်။ သူ၏ လစဉ်လစာမှာ ၁ကွမ်းသာရှိသော်လည်း သူ၏ စိတ်ဝင်စားမှုများတွင် နေ့စဉ် မြည်းစမ်းရန် အတော်ကို ဈေးကြီးလှသော သေရည်နှင့် အသားတို့ပါဝင်သည်။ ဝက်သား ၁ပေါင်မှာ ဒင်္ဂါး ၂၀ပြားကုန်ကျရာ သေရည်ကို ပြောဖို့ရန်ပင် မလိုချေ။ ထို ၁၀ထယ်မှာ သူ့အနေဖြင့် ၂လ ၃လလောက် ဇိမ်နှင့်နေဖို့ လုံလောက်စေလိမ့်မည်။
လင်းယွမ်: "ကျွန်တော် လတ်တလောတော့ မြို့တော်မြောက်ပိုင်းက လိုင်ခယ့်စားသောက်ဆိုင်မှာ နေပါတယ်။"
ကျန်းကွေက တွေးဆဆဖြင့် ပြောလာသည်၊ "ဒီလိုဆိုရင်ရော၊ ငါ့မှာ မနှစ်ကမှ ကျန်းနန်ကို ပြောင်းသွားတဲ့ အိမ်နီးနားချင်းတစ်ယောက်ရှိတယ်၊ သူက အိမ်ကို စောင့်ကြည့်ဖို့ အစေခံဟောင်းတစ်ယောက်ကိုပဲ ထားသွားတာ။ သူ့အမျိုးတွေကို ပြောပေးမယ်လေ၊ ဒါဆို မင်းတို့လည်း တစ်လ တစ်ခါ ငှားလို့ရမယ်"
လင်းယွမ်မှာ တုံ့ဆိုင်းသွားပါ၏၊ "ကျွန်တော် အခုပဲ မြေဝယ်ထားတာဆိုတော့ များများစားစား မကျန်တော့ပါဘူး"
"မင်းက ငါ့ကို အစ်ကိုကြီးလို့ ခေါ်နေတာပဲ ငါက မင်းကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာလဲ?" ကျန်းကွေက အင်္ကျီလက်ကို ခါကာ ဆိုသည်၊ "တစ်လကို ငှားခ ၂ကွမ်းပဲ၊ ဒါ အဆင်ပြေရင် နေလို့ရပြီ။ ဒါ့အပြင် နွေဦးရာသီအစောပိုင်း ရောက်ဖို့ ၃လပဲလိုတော့တာ"
၂ကွမ်းမှာ တကယ်တော့ မများလှပေ။ လင်းယွမ်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝူမြို့တော်၏ နေစရိတ်ကို စုံစမ်းထားသည်။ တန်ကြေး ၂ကွမ်းက အချို့နေရာများအတွက် မြင့်သော်လည်း ထုံလော့
လမ်းကြားမှာ လုပ်ငန်းများစွာရှိသော လမ်းဖြစ်သည်။ ထိုနေရာ၌ နေခြင်းက လိုအပ်သည့် ပစ္စည်းများဝယ်ရာတွင် အင်မတန် အဆင်ပြေစေလိမ့်မည်။
"ဒါဆိုရင်တော့ အစ်ကိုကျန်းကို အရမ်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘယ်တော့လောက် ပြောင်းလာသင့်တယ်လို့ ထင်လဲဗျ?"ကျန်းကွေ: "ဒီနေ့လည်း ရတယ်။ ငါ့မှာ မြေငှားစာချုပ်ရှိတာမို့ ခဏနေတာနဲ့ ခေါ်သွားပေးလို့ရတယ်။"
သဘောတူညီမှုရပြီးနောက် လင်းယွမ်က အပိုကြေးထပ်မပေးလိုက်သလို ကျန်းကွေကလည်း တောင်းမလာပေ။ သူဟာ ဘာပဲဖြစ်ဖြစ် အိမ်ကို မြင်ပြီးနောက်မှ ပေးလိုက်လို့ရသည်။ ကျန်းကွေကမူ ငွေကြိုက်ချင် ကြိုက်မည်ဖြစ်သော်လည်း စည်းမကျော်ဖို့တော့ သိပါသေး၏၊ သို့မှသာ ဆက်ဆံရေးကို ထိန်းထားနိုင်မည်ပင်။
လင်းယွမ်က ယာယီ တည်းခိုစရာ ရှာတွေ့သွားကြောင်း နားလည်လိုက်ပြီးနောက် အစေခံကောင်လေးမှာ ၎င်းတို့ ပိုင်ဆိုင်မှုများကို အမြန်ထုပ်ပိုးလိုက်သည်၊ "ကျွန်တော့်မှာ သခင်လေး လိုအပ်တာတွေကို ဝယ်စရာတွေရှိသေးတယ်။ လက်ရေးအလှလေ့ကျင့်ဖို့ စာရေးကိရိယာတွေ! ပန်းကန်တွေနဲ့ ထွေးခံတွေကိုရော ထောက်ပံ့ပေးလောက်ပါ့မလား? ကျွန်တော့်ကို မေးရင်တော့ သခင်လေးအနေနဲ့ အိမ်မှုကိစ္စတွေလို အနုစိတ်တဲ့အလုပ်တွေ လုပ်ဖို့ အစေခံမိန်းကလေးတစ်ယောက်လည်း ဝယ်သင့်တယ်။"
"ရှိပြီးသားမဟုတ်လား?" လင်းယွမ်က ပြောလိုက်သည်၊ "မတိုင်ခင်က အမေနဲ့သားလေ"
သူဟာ အမေနှင့်သား ဖြစ်သူကို စွန့်ပစ်ဘုရားကျောင်း၌ ယာယီနေစေခဲ့သည်။ စောင်စုတ်ကိုလည်း ၎င်းတို့ သုံးဖို့ ပေးခဲ့ပါ၏။ ကိုယ်ပိုင်နေစရာ ရှာတွေ့သည်နှင့် သူလည်း ၎င်းတို့ကို ခေါ်လိုက်မည်ပင်။
ကောင်လေးမှာ သူလုပ်နိုင်သည်ကို လုပ်ရမည်ဖြစ်ပြီး အမေဖြစ်သူကတော့ ချက်ပြုတ်ခြင်းနှင့် အိမ်
သန့်ရှင်းရေးတို့ကို လုပ်ရမည်ဖြစ်သည်။
လင်းယွမ်မှာ ငယ်စဉ်ကတည်းက အစေခံများထံမှ အစောင့်ကြည့်ခံခဲ့ရသော မူလပိုင်ရှင်နှင့် မတူသော်လည်း သူဟာ မြို့တော်၌ မွေးဖွားကာ ဂတ်စ်မီးဖိုသာ သုံးခဲ့ပါ၏။ ရှေးခေတ်မီးဖိုများကို မည်သို့ သုံးရမည်အား သူ မသိသလို အစေခံကောင်လေးကလည်း ဘယ်လိုချက်ပြုတ်ရမှန်းမသိချေ။
လင်းယွမ်အနေဖြင့် ၎င်းတို့ကို ဝယ်ယူ၍ ကျွေးမွေးဆင်ယင်ထားဖို့ ဆန္ဒရှိသော်လည်း သူ၏ ၎င်းတို့အပေါ် ပေးကမ်းခြင်းဟူသည့် အပြုအမှုကောင်းကိုသာ ပြပြီး ဘာမှ ပြန်မယူခြင်းတော့မလုပ်ပါချေ။ ၎င်းအား အပြုအမှုကောင်းဟု မခေါ်ဘဲ အိမ်သို့ ဘိုးဘေးကို ပင့်ဖိတ်လာခြင်းဟုသာ ခေါ်ရလိမ့်မည်။
လူများထံ၌ အလုပ်လုပ်စရာရှိပြီး ခက်ခဲသည့်အလုပ်မှ တဆင့် ရှင်သန်ဖို့ အစားအစာရချိန်မှသာ လူများမှာ ပိုင်ဆိုင်ခြင်းဟူသည့် အသိက ဖွံ့ဖြိုးလာလိမ့်မည်။
"သခင်လေးက တကယ်ကို ထက်မြတ်ပါတယ်" အစေခံကောင်လေးက သူ့နဖူးသူရိုက်လိုက်ကာ၊ "ကျွန်တော် ဘာလို့ မစဉ်းစားမိပါလိမ့်?"
လင်းယွမ်က ရယ်လိုက်သည်၊ "ဒါဆို မင်းလည်း သခင်လေး ဖြစ်နေလောက်ပြီ"
လင်းယွမ်မှာ အပြင်ပန်း၌ ပြုံးနေသော်လည်း သူ့အနေဖြင့် တကယ်တမ်း နည်းနည်းတော့ မသေချာဖြစ်နေသည်။ သူ့ထံ၌ ထယ် ၂၀၀သာရှိပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အကြာက စုစုပေါင်း ၂ထယ်နီးနီး ကုန်ကျခဲ့သည်။ ထို့အပြင် ၎င်းက အသုံးစရိတ်ကြပ်တည်းမှု အခြေအနေအောက်၌ ရှိ၏။
မြေဝယ်ခြင်းက ထယ် ၁၀၀ကုန်ကျပြီး လာဘ်ထိုးသည်က ၁၁ထယ်ကုန်ကျရာ ၈၇ထယ်သာ ကျန်တော့သည်။ ၃လ ငှားရမ်းခြင်းကလည်း သူ၏ ကျန်ငွေကို ၈၁ထယ်အထိ လျော့သွားစေလိမ့်မည်။ ပိုကြီးမားသည့် အိမ်ဆောက်ဖို့က အနည်းဆုံး ထယ် ၅၀ကုန်မည်ပင်။
အငှားလယ်သမားများဖြင့် လယ်စိုက်နိုင်သော်လည်း အစေ့များနှင့် ပစ္စည်းကိရိယာများကို ထောက်ပံ့ဖို့က သူနှင့် ဆိုင်သည်။
သူဟာ ဝင်ငွေရင်းမြစ်တစ်ခုကို ရှာရပေမည်၊ မဟုတ်ပါက သူ့အနေဖြင့် အစေ့နှင့် ပစ္စည်းကိရိယာများ ဝယ်ယူနိုင်ပါလျှင် အငှားလယ်သမားများကို ဘာစားခိုင်းရမည်နည်း? လယ်စိုက်ခြင်းက ချက်ချင်း ကောက်ရိတ်သိမ်းနိုင့် အဓိပ္ပာယ်မဟုတ်ချေ။ သင့်အနေနှင့် ဘာမှ မရဘဲ လူတိုင်းကို နေခိုင်းဖို့ မျှော်လင့်၍ မရနိုင်ပေ။
ဤရက်များအတွင်း စီးပွားရေးက ငွေကို အမြန်ဆုံးယူလာပေးသော်လည်း ကုန်သည်အဆင့်အတန်း၏ တစိတ်တပိုင်းအဖြစ် သတ်မှတ်ခံရလျှင် ပြဿနာသာ သယ်ဆောင်လာလိမ့်မည်။ အရပ်ဘက် စာမေးပွဲများ မဖြေဆိုနိုင်ခြင်းနှင့် ပတ်သက်သည့် ပြဿနာက နည်းနိုင်ပြီး အခွန်များ ကြီးမားခြင်း ပြဿနာက ပိုများလာလိမ့်မည်ပင်။ ထပ်ပေါင်းဆိုရသော် ကုန်သည်များမှာ လွတ်လွတ်လပ်လပ် ခရီးမထွက်နိုင်ကြဘဲ ခရီးသွားစာရွက်စာတမ်းများကို
သယ်ဆောင်၍ အစိုးရရုံးများတွင် စာရင်းသွင်းရကာ အခြားစိတ်ရှုပ်စရာကိစ္စများကလည်း ရှိသေးသည်။
ယွမ်မင်းဆက်ခေတ်အတွင်း မြေပိုင်ရှင်ဖြစ်ခြင်းက အကောင်းဆုံး အလုပ်အကိုင်ဖြစ်ပြီး ဒုတိယမှာ မရှိတော့ပေ။
ကျူးယွမ့်ကျန်း၏ ဇနီးဖြစ်သူ မာသာ့ကြောင်မှာ မြေရှင်မိသားစုတွင် မွေးဖွားခဲ့သည်။ မင်မင်းဆက်တည်ထောင်သည့် ဧကရာဇ်အနေဖြင့် စစ်တပ်တစ်တပ် ပျိုးထောင်နိုင်ခဲ့သည်မှာ သူမ၏ မြေရှင် ဖခင်ကို ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက ငွေများမှာ မည်သည့်နေရာမှ လာပါမည်နည်း?
သာမန်လူများမှာ မနက်ခင်း ၇နာရီ၌ အလုပ်သွားရပြီး ထိုအချိန်မှာ အရာရှိများအား ဧကရာဇ်နှင့်အတူ မနက်ခင်း ညီလာခံတက်ရောက်ရသည့် အချိန်လည်းဖြစ်သေးသည်။ ၎င်းက နောက်ပိုင်းတွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအမျိုးအစားများစွာ အဖြစ် ပျံ့နှံ့သွားခဲ့၏။လင်းယွမ်နှင့် အစေခံကောင်လေးတို့ ထုတ်ပိုးပြီးနောက် အခန်းသော့ကိုပြန်ပေး၍ အစိုးရရုံးအရှေ့၌ စောင့်နေလိုက်သည်။
"ဒီအိမ်က အတော်သန့်ရှင်းတယ်။ အစေခံဟောင်းက နေ့တိုင်း သန့်ရှင်းရေးလုပ်ပေမယ့် မင်းတို့က နေရာကို လာကြည့်မှာဆိုတော့ သူ့ကို ဆွေမျိူးတွေဆီ ပြန်ခိုင်းထားလိုက်တော့တယ်။" ကျန်းကွေက တံခါးကို တွန်းဖွင့်လိုက်၏၊ "လမ်းအဝင်မှာ ရေတွင်းတစ်တွင်းရှိတော့ အဲ့ကနေ ရေယူလို့ရတယ်။"
လင်းယွမ်က နေရာကို စိတ်တိုင်းကျစွာ စစ်ဆေးလိုက်သည်။ အိမ်မှာ ဧည့်ခန်း၊ အိပ်ခန်း၊ သိုလှောင်ခန်း၊ မြေအောက်ခန်းနှင့် ချက်ပြုတ်ရန် မီးဖိုထားရှိထားသော နေရာတို့ပါရှိပြီး မကြီးမားလှပါချေ။
ဧည့်ခန်းအား နှစ်ခြမ်းခွဲထားကာ တစ်ခြမ်းက ဧည့်သည်များလက်ခံပြီး ညစားစာရန်အတွက်ဖြစ် နောက်တစ်ခြမ်းက အိပ်ဖို့ အိပ်ရာတစ်ခုနှင့် အခြားပရိဘောဂတို့ရှိနေသည်။
ဒုတိယအိပ်ခန်းက အိပ်ရာတစ်ခုတည်းနှင့် ပိုသေးသော်လည်း ထိုမျှတော့ မသေးပေ။
လင်းယွမ်က ၃လစာကြိုငွေချေလိုက်တော့၏။
ကျန်းကွေက ငွေအား စိတ်ကျေနပ်စွာကြည့်၍ ဤနေရာကို ငှားမည့်သူထံ မိတ်ဆက်ပေးခြင်းအတွက် သူရမည့် အခကြေးငွေအား စဉ်းစားလိုက်သည်။
"အခုကစပြီး ကျုပ်တို့ အိမ်နီးချင်းတွေဖြစ်ပြီ၊ ကြိုက်တဲ့ အချိန်လာရှာနော်။" ကျန်းကွေက ပိုက်ဆံကို အိတ်ထဲထည့်ရင်း စိတ်ရင်းဖြင့် လောကွတ်ပြုလိုက်၏။
လင်းယွမ်လည်း အမြန်ပြန်ဖြေလိုက်လေသည်၊ "အစ်ကိုကျန်း၊ ကျွန်တော့်မှာ အစ်ကိုနဲ့အတူ ဆွေးနွေးဖို့လိုတဲ့ ကိစ္စတစ်ခုတော့ရှိတယ်! လာ ထိုင်ပြီး ပြောကြတာပေါ့ဗျာ။ အာ့လျန်၊ ရေနှစ်ခွက်လောက် သွားခပ်ပေးပါဦး"
အစေခံကောင်လေးအား အာ့လျန်ဟု ခေါ်သည်ပင်၊ "ပြန်လာခဲ့ပါမယ်"
ကျန်းကွေက ထိုင်လိုက်ရင်း ပဟေဠိဖြစ်သွားသည်၊ "ဘာများလဲ?"
လင်းယွမ်၏ အပြုအမူက အရမ်းကို ယဉ်ကျေးနေ၏၊ "အစ်ကိုကျန်းသိလောက်မှာပါ၊ ကျွန်တော့် ပိုက်ဆံအိတ်ထဲ သိပ်မကျန်တော့ဘူးလေ။ ပြီးတော့ နွေဦးရာသီအစောပိုင်းမှာ အိမ်ဆောက်ရမှာမို့လို့ ဝယ်စရာတွေ အများကြီးလိုတယ်ဗျာ၊ ဒါပေမယ့်လည်း ဝင်ငွေ အရင်းမြစ်က မရှိဘူးဖြစ်နေတယ်။"
ကျန်းကွေက ၎င်းကိုကြားသော် သက်ပြင်းချလိုက်၏၊ "မင်းမေးတဲ့ လူမှားနေပြီ။ ငါ့မှာသာ အကြံရှိရင် အရံအလုပ်လေးတွေပဲ လုပ်နေပါ့မလား?"
"သန်မာတဲ့နဂါးတောင် ဒေသခံမြွေကို မကျော်နိုင်ဘူးဆိုတဲ့ ဆိုရိုးရှိတယ် မဟုတ်ဘူးလားဗျာ?" လင်းယွမ်က မြှောက်ပင့်လိုက်သည်၊ "ပြည်သူတွေက အထက်ပိုင်းအရာရှိတွေ တာဝန်ယူထားတယ်လို့ ယုံနေကြပေမယ့်လည်း ကျွန်တော်ကတော့ တကယ့်စီစဉ်နိုင်သူတွေက အစ်ကိုကျန်းလို အငယ်တန်းအရာရှိတွေဆို
တာ သေချာသိတယ်။ အထက်ပိုင်းအရာရှိတွေက လူတွေရဲ့ အခက်အခဲတွေကို မသိလို့ သာမန်ပြည်သူတွေကိုကိုင်တွယ်ဖို့ အစ်ကိုတို့ကို မှီခိုရနေတယ်ဆိုတာ အမှန်ပဲ မဟုတ်ဘူးလားဗျာ?"
ကျန်းကွေမှာ ထိုသုံးသပ်မှုကို မှန်ကန်သည်ဟု ခံစားလိုက်ရသည်၊ "ဒီလိုတော့ ပြောလို့မရဘူးလေ အထူးသဖြင့် လူကြားထဲမှာဆိုရင်ပေါ့။ ငါတို့က အထက်ပိုင်းအရာရှိတွေ လက်အောက်မှာ အလုပ်လုပ်နေရဦးမှာ"
လင်းယွမ်: "ဒီမှာက ကျွန်တော်တို့ နှစ်ယောက်ဘာရှိတာလေ ဘာကို မပြောနိုင်စရာရှိမှာလဲ? ညီလေးက စိတ်ရင်းနဲ့ ပြောတာပါ ဒါနဲ့ပတ်သက်ပြီး ဘာဝတ်ကျေတန်းကျေလုပ်ထားတာမှ မရှိဘူး"
ကျန်းကွေ: "မင်းကို မဖုံးကွယ်ထားတော့ပါဘူး၊ ငါ နှစ်တွေအကြာကြီး အငယ်တန်းအရာရှိဖြစ်လာခဲ့တာလေ။ ငါနဲ့ စာရင် အဲဒီ့ ကြီးကြီးကျယ်ကျယ် အထက်တန်းအရာရှိတွေတွေ့ခဲ့တဲ့ လူအမျိုးအစားတွေက နည်းတာပေါ့။ ငါသိတဲ့ ငွေဝင်တဲ့ အလုပ်
တော့ရှိပါတယ်၊ မင်းလုပ်ရဲရင်ပေါ့လေ"
လင်းယွမ်က ချပေးလာသည့် လှေကားပေါ်တက်လိုက်သည်(အလိုက်သင့်ပြန်ပြောလိုက်သည်): "အစ်ကိုကျန်း ကျေးဇူးပြုပြီး ညွှန်ပြပေးပါဦး"
ကျန်းကွေက ရုတ်တရတ် အလေးအနက်ဆိုလာ၏၊ "ညွှန်ပြတယ်လို့တော့ သတ်မှတ်လို့မရဘူး။ မင်း ဒီမြို့ရဲ့ လောင်းကစားရုံကို သိလား? ငွေတိုးချေးစားတာဘာညာရော သိလား?"
ဒါပေါ့ လင်းယွမ် သိပေသည်။ အတိုးမြင့် ငွေချေးလုပ်ငန်းများပင်။
"အစ်ကိုကျန်း" လင်းယွမ်က တုံ့ဆိုင်းနေဟန်ဆောင်လိုက်၏၊ "လက်ရှိအချိန်မှာ မကြွယ်ဝကြတော့ ငွေချေးပြီးရင် ပြန်တောင် ကောက်လို့ရပါ့မလား?"
ကျန်းကွေက လင်းယွမ်ကို မျက်လုံးမှိတ်ပြလိုက်သည်၊ "မင်း ငါ့ကို ယုံကြည်ရင် မင်းကို ကူညီပေးမယ်။ ဒီမြို့ရဲ့ တောင်ဘက်ပိုင်းမှာ လူတွေကို
အကြွေးစုဆောင်းတဲ့နေရာမှာ အဓိကထားကူညီပေးတဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရှိတယ်။ သူ့ရဲ့ လက်အောက်ငယ်သားအားလုံးက လုပ်ရည်ကိုင်ရည်ရှိပြီး အများစုက သွေးရဲတဲ့ လူကြမ်းကြီးတွေပဲ။"
ထိုလူကျန်းကွေမှာ လက်တွေ့တွင် တရားဝင်လောကနှင့် မြေအောက်လောကနှစ်ခုလုံးကို ကစားနေသူဖြစ်ရာ သူသာ ခေတ်သစ်၌ နေလျှင် ငါးအကြီးကြီးများအနက် တစ်ကောင်ဖြစ်လာလိမ့်မည်!
သူ့အနေနှင့် ၎င်းတို့ ဆက်ဆံရေး မည်သို့ ရင်းနှီးလာအောင်လုပ်ရမည်ကိုသိကာ ကိစ္စအသေးအမွှားများကို ကူညီရင်း တစ်ချိန်တည်းမှာပင် အကျိုးအမြတ်များလည်း ရယူသေးသည်။ဤလူသာ စစ်ဖြစ်ချိန်၌ အသက်ရှင်နေသေးလျှင် မိမိဘာသာ တစ်ခုခုလုပ်နိုင်ရန် အတော်လေးဖြစ်နိုင်ချေရှိသည်။
လင်းယွမ်: "အစ်ကိုကျန်း ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်။ အရမ်း ဖိအားပေးရင် အဲဒီ့လောင်းကစား
သမားတွေ အကြမ်းဖက်ခံတာကိုရလိမ့်မယ်။ ကျွန်တော့်ကိုကြည့်ဦး၊ ကျွန်တော့်မှာ နောက်ခံအနေနဲ့ အစေခံကောင်လေးပဲရှိတယ်။ ကျွန်တော် သေရမှာကိုလည်း တွန့်ဆုတ်ပြီး ကြောက်ပါတယ်!"
ကျန်းကွေက အသံထွက်အောင် ရယ်မောလိုက်သည်၊ "ညီလေးလင်း၊ လုပ်ရဲကိုင်ရဲတဲ့ သူတွေကပဲ ကအကြောက်တရားကြောင့် ဆာလောင်လာတဲ့အချိန်မှာ ပေါက်ထွက်အောင် ဗိုက်ပြည့်နိုင်မှာလေ! နည်းနည်းလောက် ထပ်စဉ်းစားကြည့် မင်းသာ ပါဝင်ချင်ရင် ငါ့ကို လာရှာလိုက်။ အခုတော့ ပြန်ဖို့လိုနေပြီ၊ ငါ့မိန်းမက ညစာချက်ပြီး စောင့်နေလောက်ပြီ"
လင်းယွမ်မှာ ကျန်းကွေ တံခါးမှ ထွက်သွားတော့မည်ကိုမြင်သော် ဆက်သွယ်ဖို့ အစီစဉ်လုပ်ထားလိုက်သည်။
ကျန်းကွေထွက်သွားပြီးနောက် အစေခံကောင်လေး အာ့လျန်က ရေတစ်ပုံးဆွဲလာသည်ကို မြင်လိုက်ရ၏။ လင်းယွမ်မှာ ထိုမှသာ အိမ်၌ ရေမရှိသလို ရေနွေးကြိုရန်လည်း အိုးမရှိကြောင်း သတိရလိုက်
သည်။
ဆောင်းရာသီဖြစ်လေရာ မည်သည့်အလုပ်က ပိုက်ဆံယူလာပေးမည်နည်း? ငွေတိုးချေးစားသူလုပ်ခြင်းမှာ မေးစရာမရှိပေ၊ ၎င်းက ခေတ်သစ်အချိန်များတွင် သူနေထိုင်ခဲ့စဉ်က လက်ကိုင်စွဲထားခဲ့သော သူတော်ကောင်းတရားများကို ဆန့်ကျင်နေသည်။
၎င်းတွင် အကျိုးအမြတ်ကြီးများ ရှိကြောင်းသိသော်လည်း လင်းယွမ်က ရွေးချယ်ရန် စိတ်မပါစွာ လက်လျော့ထားလိုက်သည်။
လင်းယွမ်က ရုတ်တရတ် မေးလိုက်၏၊ "အာ့လျန် မင်းမှာသာ ပိုက်ဆံတချို့ရှိရင် ဘာအတွက် သုံးမလဲ?"
အာ့လျန်က လက်ရှိတွင် စားပွဲကို သုတ်နေသည်။ သူ့အနေဖြင့် အစေခံဟောင်းက သန့်ရှင်းရေးကို အလုံအလောက်မလုပ်ခဲ့ဟု ခံစားရ၏။ လင်းယွမ်၏ အမေးကို တုံ့ပြန်သည့်အနေဖြင့် သူလည်း မတွေးဘဲ ဖြေလိုက်သည်၊ "စားဖို့ အသားဝယ်မယ်၊ အဆီများ
တဲ့ အသားတုံးကြီးကြီးပေါ့"
လင်းယွမ်၏ မျက်လုံးများ တောက်ပသွားသည်!
ဟုတ်သားပဲ!
သူဟာ သူ၏ ရည်မှန်းချက်ကို တွေ့ရှိသွားတော့၏။
ရှေးခေတ်လူများတွင် ဆီမရှိကြပေ။ ထိုအခိုက်တွင် ဝက်များ အဓိက မွေးမြူရန် နေရာမရှိသလို ဝက်စာလည်းမရှိသဖြင့် ဝက်ဆီက အကုန်မြန်သည်။ ဟင်းရွက်ဆီကို စုန့်မင်းဆက်ခေတ်၌ စတင်အသုံးပြုခဲ့သော်လည်း ၎င်းမှာ အမြဲတစေ ပျမ်းမျှထူးကဲရုံမျှသာရှိသည့် နှမ်းဆီသာ ဖြစ်သည်။
ထိုအချိန်က ဆီထုတ်ခြင်း နည်းလမ်းအရ ပဲပိစပ်မှာ နှမ်းလောက် အလုပ်မဖြစ်ခဲ့ချေ။ နည်းလမ်းသစ်ကို စတင် မိတ်ဆက်လာသည့်အခါမှသာ ပဲပိစပ်များကို နှမ်းအစား အသုံးပြုလာကြ၏။
လက်ရှိတွင် တိရိစ္ဆာန်အဆီမှာ အင်မတန်ဈေးကြီးပြီး နှမ်းဆီတန်ဖိုးကလည်း မြင့်မားလှသည်။
လင်းယွမ်: "ပဲပိစပ်က ဈေးကြီးလား?"
အာ့လျန်မှာ ဈေးထဲသွားဖူးပြီးသားဖြစ်၏၊ "၁ပေါင်ကို ၅ပြားတည်း ဈေးပေါပါတယ်"
ကောင်းပြီလေ၊ ဒါဆို ပဲပိစပ်ပေါ့။
လင်းယွမ်က ယုံကြည်ချက်ရှိရှိ တွေးတောလိုက်သည်။ ငါ တောင်ပုံရာပုံ ငွေဝင်တာကို စောင့်ကြည့်နေလိုက်။ ကုန်သည်အနေနဲ့ စာရင်းသွင်းဖို့ကတော့ ဒေသခံမြွေကြီး ကျန်းကွေရှိနေတာပဲ မဟုတ်လား?
အပိုင်း (၃) ပြီး...✨