no

Font
Theme

အခန်း ၁၈။ အမှတ်မထင် အတူလာဖြစ်ခဲ့ကြသော လူစိမ်းများ

"အရှေ့မှာ တစ်ယောက်ယောက်ရှိနေတယ်!" လူတန်းကို ဦးဆောင်၍ လျှောက်နေသူက နောက်ဘက်သို့ သတင်းပို့လာ၏။

လင်းယွမ်၏ အမူအရာပြောင်းလဲသွားသည်။ ၎င်းတို့ထံ၌ မည်သည့်လက်နက်မှ မရှိသဖြင့် လုံခြုံမှုကို တိုးမြှင့်ရန် သူဟာ ပိန်ပါးသေးငယ်‌သူများအား ကင်းထောက်အဖြစ် ရှေ့‌မှလျှောက်ခိုင်းထားခဲ့၏။ တစ်ခုခုက ပုံမှန်နှင့် မတူတော့သည်ကို သတိပြုမိသည်နှင့် ၎င်းတို့မှာ အနောက်ဘက်ကို သတင်းပို့ရမည်ဖြစ်သည်။

သို့သော် ၎င်းမှာ ၎င်းတို့ ထောက်လှမ်းနေသည့် တစ်လျှောက်လုံး ပထမဆုံးအကြိမ်ဖြစ်သဖြင့် မည်သို့ သတင်းပို့ရမည်မှန်းမသိဘဲ ‘တစ်ယောက်ယောက်ရှိသည်’ဟုသာ ပြောလိုက်ခြင်းပင်။ လူများက မည်သို့မည်ပုံရှိသည်ကိုပင် ဖော်ပြချက်မပါချေ။

"ရပ်ကြ" လင်းယွမ် အမိန့်ပေးလိုက်သည်။ လူတိုင်းက ၎င်းတို့နေရာ၌ပင် ရပ်လိုက်ပြီး မျက်နှာများက ရှုပ်ထွေးဟန်ပေါ်လျက် ဘာဖြစ်နေမှန်းမသိကြပေ။

ကျန်းကွေသည်လည်း ထိတ်လန့်နေကာ မေးလာသည်၊ "ညီလေး ၄ ငါတို့ အခု ဘာလုပ်ကြမလဲ?"

"စိတ်မပူပါနဲ့" လင်းယွမ်က ပြောသည်၊ "ရှေ့က သတင်းကို စောင့်ကြတာပေါ့"

၎င်းတို့တွင် လူများစွာရှိသဖြင့် ပုန်း၍ မရပေ။ နောက်ပြန်ဆုတ်ခြင်းကလည်း ဤမျှများလှသော အစားအစာများကြောင့် အမြန်လှုပ်ရှားဖို့ မဖြစ်နိုင်ပေ။ လုံးဝ မလိုအပ်သရွေ့ လင်းယွမ်က အစားအစာများကို စွန့်ပစ်ဖို့ ဆန္ဒမရှိပေ။ ၎င်းက နောက်နှစ် ကောက်ရိတ်သိမ်းချိန် မတိုင်ခင် လူများစွာ၏ အသက်များကို ကိုယ်စားပြုသည်။

ရှေ့ဘက်မှ သတင်းထပ်ပို့လာသည်။

"အဲဒါ သူဖုန်းစားအုပ်စုပဲ"

လင်းယွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။ သူဖုန်းစားတစ်ဦး၏ အင်အားမှာ သူဝယ်လာသူများလောက်ပင် မသန်မာချေ။ အနည်းဆုံးတော့ ၎င်းတို့မှာ ဆာလောင်မှုကို မဖြည့်တင်းနိုင်သည့် ရက်အချို့ရှိခဲ့ပြီးမှ ၎င်းတို့ကိုယ်ကို ရောင်းချဖို့ ရွေးချယ်ခဲ့ကြသည်။ သို့သော် သူဖုန်းစား အများစုထံ၌မူ နေ့ရက်ကောင်းများစွာ မရှိချေ။

များမကြာမီတွင် ၎င်းတို့မှာ သူဖုန်းစားအုပ်စုနှင့် ထိပ်တိုက်တွေ့တော့သည်။

သက်ကြီးရွယ်အို၊ မကျန်းမာသူနှင့် ကိုယ်လက်ချို့တဲ့နေသူများဖြစ်သည်။ ၎င်းတို့မှာ တောအုပ်ကို ဖြတ်၍ လက်ထဲရသမျှကို စားခဲ့ကြရသည်။ ၎င်းတို့တစ်ဦးစီတိုင်းမှာ မျက်လုံးများထဲ အလင်းရောင်မရှိဘဲ ခါးကိုင်းလျက် အာဟာရလည်း ချို့တဲ့နေကြသည်မှာ လမ်းလျှောက် အလောင်းကောင်များလိုပင်။

၎င်းတို့က အစားအစာများ သယ်လာသည့် လှည်းများကို မြင်လိုက်ပြီး တစ်ဦးစီတိုင်းမှာ ဝံပုလွေများ

ကဲ့သို့ မျက်လုံးများ လင်းလက်လာတော့သည်။ လှည်းများကို ဝိုင်းထားသူများက သတိထားနေကြပြီး ထိုစားသောက်ကုန်များက ၎င်းတို့၏ ရှင်သန်မှုအရင်းအမြစ်လည်း ဖြစ်ကြောင်းကိုသိကြပါ၏။ ဆောင်းရာသီက ရောက်လာနေပြီဖြစ်ရာ ၎င်းတို့၏ သခင်အသစ်နောက်သို့ လိုက်၍ စိုက်ပျိုးရေးခြံကို သွားသည်နှင့် ဆက်လက် ရှင်သန်နိုင်လိမ့်မည်။

ဤသူဖုန်းစားများသာ စားသောက်ကုန်များကို ခိုးယူသွားပြီး ၎င်းတို့၏ သခင်အသစ်ကို ထိခိုက်စေခဲ့လျှင် ၎င်းတို့လည်း လုံးဝ ဇာတ်သိမ်းသွားလိမ့်မည်သာ။

သို့သော် သူဖုန်းစားအုပ်စုမှာ ရှေ့သို့ အမြန်တိုးမသွားဘဲ အကွာအဝေးတစ်ခုခြား၍ အပြင်လောကထံမှ မသက်ရောက်ခံရသည့် ရုပ်တုများနှယ် စိုက်ကြည့်နေကြသည်။

လင်းယွမ်ကလည်း မလှုပ်ရှားပေ။ နှစ်ဘက်စလုံးက ကြား၌ သစ်ပင်၊ မြက်ပင်များကြားခံ၍ ရပ်နေကြပြီး လေက တိုက်ခတ်နေသည်။ ၎င်းမှာ ကျွမ်းကျင်သိုင်း

ပညာရှင်ကြီးနှစ်ဦးအကြားက ထိပ်တိုက်ရင်ဆိုင်ကြတော့မည့်ဟန်နှင့်ပင် တူသေး၏။

တစ်နာရီလောက်ကြာ‌ပြီးနောက် လင်းယွမ်က အော်ပြောလိုက်ပြီး အချိန်လည်း ထပ်မဖြုန်းချင်တော့ပေ၊ "မင်းတို့မှာ ခေါင်းဆောင်ရှိလား? ထွက်လာပြီး ပြော!"

ထိုမှသာ သူဖုန်းစားများက တုံ့ပြန်လာသည်။ ၎င်းတို့အနေဖြင့် မိမိတို့အကြား ဆွေးနွေးနေပုံရကာ တစ်ခဏကြာပြီးနောက် လူငယ်တစ်ယောက် လျှောက်ထွက်လာ၏။

လင်းယွမ်လည်း ရှေ့သွားလိုက်သည်။

ကျန်းကွေက လင်းယွမ်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲကာ၊ "ညီလေး ၄၊ မင်း....."

လင်းယွမ်က သူ့အား စိတ်ချစေရန် ပခုံးပုတ်လိုက်၏၊ "အစ်ကို ၃ မပူပါနဲ့၊ ကျွန်တော့်မှာ ကျွန်တော့်ဘာသာ စဉ်းစားထားတာလေးတွေ ရှိပါတယ်"

လူငယ်မှာ အဝတ်စုတ်များ ဝတ်ဆင်ထား

သော်လည်း ခါးက ကိုင်းမနေပေ။ သူ၏ အသားအရေက အနည်းငယ် ညိုမှောင်၍ ခန္ဓာကိုယ်က ကြံ့ခိုင်၏။ သူ၏ မျက်နှာထက်တွင် အစက်ကလေးများရှိကာ ခန့်ညားသည်ဟု မဆိုသာသော်လည်း ရုပ်ဆိုးသည်တော့လည်း မဟုတ်ပေ။ သူဟာ လင်းယွမ်အရှေ့၌ ရပ်လိုက်၏၊ "ဒီ ကုန်းဇီက..."

[TN: ကုန်းဇီဆိုတာကို ရှေးခေတ် အရာရှိတစ်ဦး သို့မဟုတ် ‌မျိုးရိုးမြင့်တစ်ဦးရဲ့ သားတွေကို ရည်ညွှန်းတဲ့နေရာမှာ သုံးပါတယ်၊ ဒါပေမယ့် လက်ရှိမှာတော့ တစ်ယောက်ယောက်ရဲ့ သားကို ယဉ်ယဉ်ကျေးကျေး ညွှန်းဆိုမယ်ဆိုရင် သုံးပါတယ်]

လင်းယွမ်က နှောင့်ယှက်လိုက်၏၊ "ကျွန်တော်တို့ စားစရာတွေမှာ အကန့်အသတ်ရှိပြီး ကျွန်တော်တို့လည်း ပြန်ဖို့ အလျှင်လိုနေတယ်။ ခင်ဗျားတို့ အားလုံးအတွက် သုံးနိုင်မယ့် စားစရာက အကန့်အသတ်ရှိတယ်"

သူ၏ ဆိုလိုရင်းမှာ သူ့အနေဖြင့် ၎င်းတို့အား လမ်းမှဖယ်ပေးစေရန် စားစရာများကို အစားပြန်ပေးဖို့ ဆန္ဒ

ရှိသော်လည်း အလွန်လောဘကြီး၍ မရဟု အဓိပ္ပာယ်ရ၏။

လင်းယွမ်၏ဘက်တွင် လက်နက်မရှိသလို သူ့အနေနှင့်လည်း ဤသူဖုန်းစားအုပ်စုနှင့် သေသည်အထိ မတိုက်ခိုက်လိုပေ။ သူဟာ မည်သူက အဆုံး၌ အနိုင်ရမည်ကို မသေချာလှပေ။

အိမ်ရှိ စပါးကျီထဲမှ စားစရာလက်ကျန်ကို စဉ်းစယးရင်း သူဟာ ယခု စားစရာအချို့ ခွဲဝေပေးဖို့အတွက် အနည်းငယ် အဆင်ပြေသည်ဟု ခံစားမိသည်။

လူကယ်က အတော်လေး ပါးနပ်ကာ ရုတ်တရတ် ဆိုလာ၏၊ "ကျွန်တော်တို့က ကျန်းနန်ကို သွားဖို့ စီစဉ်နေတာပါ"

လင်းယွမ်က သူ့အား ပြန်မေးလိုက်သည်၊ "ဘာလို့ ကျန်းနန်လဲ?"

ထိုလူက ပြုံးကာ၊ "ကံစမ်းကြည့်ဖို့ပေါ့လေ"

ပြီးခဲ့သည့် နှစ်များတွင် မိုးခေါင်ခြင်း၊ အငတ်ဘေး

နှင့် ပလိပ်ရောဂါတို့က ပြည့်နေပြီး လူများစွာမှာ ၎င်းတို့ အိမ်များကို စွန့်ခွာလာကြသဖြင့် ပြန်ရမည့်နည်းလမ်းလည်း မရှိပေ။ လင်းယွမ်မှာ တစ်ဘက်လူထံ၌ ယဉ်ကျေးမှုရှိပြီး ယခင်က ပညာအချို့ သင်ယူခဲ့ပုံရသည်ကို မြင်သဖြင့် ပြောလိုက်၏၊ "ကျန်းနန်က အန္တရာယ်ဖြစ်နေပုံရှိတယ်...."

သူဟာ စေတနာဖြင့် ပြောလိုက်သည်။

လူငယ်: "လက်ရှိ လောကကြီးမှာ အန္တရာယ်မရှိတဲ့ နေရာရော ရှိသေးလို့လား?"

"ကျွန်တော့်အနေနဲ့ ကုန်းဇီရဲ့ နာမည်ကို မေးချင်ပါတယ်"

လူငယ်က ဆိုသည်။

လင်းယွမ်လည်း သူ့လူများအား အစားအစာအိတ်တစ်အိတ် သယ်လာခိုင်းလိုက်သည်။ အိတ်တစ်လုံးက မများလှသဖြင့် သူဟာ ပေးပစ်လိုက်နိုင်ပါ၏။

"ကျွန်တော့်ရဲ့ မျိုးရိုးက လင်းဖြစ်ပြီး လင်းယွမ်လို့ ခေါ်ပါတယ်" လင်းယွမ်ကလည်း မေးလိုက်သည်။

"ညီအစ်ကို ခင်ဗျားရဲ့ နာမည်ကရော?"

[TN: ကျူး၈၈ ဆိုတာကို တိုက်ရိုက် ဘာသာပြန်ထားတာဖြစ်ပေမယ့် မျိုးရိုးနာမည် ကျူးက တရုတ်စကားလုံး ‘ဝက်’နဲ့ အသံတူပြီး နံပါတ် ၈ကလည်း တရုတ်စကားလုံး ‘အဖေ’နဲ့ အသံတူပါတယ်။ ဒါကြောင့်မို့လို့ သူ့နာမည်က လင်းယွမ်နားထဲမှာ ဝက်ဖေဖေလို့ ပြောသလိုဖြစ်နေပါတယ်တဲ့]

လင်းယွမ်: "...." ၎င်းတို့၏ သား အမည်ကို ဝက်ဖေဖေဟု ပေးခဲ့သူတစ်ဦးက တကယ်ပဲ သည်လောကမှာ တည်ရှိသည်လား? ဒါက ဝက်တွေကို အခွင့်အရေးယူတာလား ဝက်တွေဆီကနေ အခွင့်အရေးယူခံရတာလားပဲ?

ထိုလူကလည်း ပြောပါ၏၊ "မင်းအနေနဲ့ ကျွန်တော့်ကို ကျူးကျုံးပါ့လို့ ခေါ်လည်းရပါတယ်"

လင်းယွမ်၏ ဒူးများ ချိနဲ့သွားကာ ရုတ်တရတ် ဒူးထောက်မိသွားသည်။

သူဖုန်းစားအဝတ်စုတ်များ ဝတ်ထားသည့် ကျူးကျုံးပါ့က လင်းယွမ်၏ ခြေထောက်များ လှမ်းလျှောက်လွန်းရာက ရလာဒ်အဖြစ် ထိုသို့ ဖြစ်သွားသည်ကို မြင်သော် ရယ်မောလိုက်ဆဲပင်၊ "လင်းကုန်းဇီ၊ ဘာအကြောင်းအရင်းကြောင့်များ ကျွန်တော်တို့ ပထမဆုံးတွေ့ဆုံမှုမှာ ဒီလောက် ယဉ်ကျေးပြနေရတာလဲဗျာ?"

လင်းယွမ်: "..."

မင်းသာ မင်းက မင်မင်းဆက်ခေတ်ကို တည်ထောင်မယ့် ဧကရာဇ် ကျူးယွမ်ကျန်းလို့ ပြောရင် ယုံမှာလား?

[TN: မင်မင်းဆက်တည်ထောင်သူ ဧကရာဇ် ကျူးယွမ်ကျန်းရဲ့ မွေးအမည်က ကျူးကျုံးပါ့ဖြစ်ပါတယ်]

မင်းက ချန်ရော့လျန်နဲ့ တခြားစစ်ဘုရင်တွေကို အနိုင်

ယူပြီး နောက်ဆုံးမှာ အင်ပါယာကို အနိုင်ရမယ်လို့ ပြောရင် မင်းယုံမှာလား?

ဧကရီမာက သေဆုံးသွားပြီး မင်းလည်း မင်းကို နန်းတင်ပေးခဲ့တဲ့ ဝန်ကြီးအားလုံးကို သတ်ပစ်ခဲ့တယ်လို့ ပြောရင်ရော ယုံမှာလား?

အိုင်း အများကြီး သိနေတာက တစ်ခါတလေ နာကျင်စရာပဲ။

လင်းယွမ်၏ ခေါင်းမှာ အနည်းငယ် ထုံထိုင်းသွားသော်လည်း သူဟာ အမြန်အဆန်ပင် ကောင်းကျိုး ဆိုးပြစ်များကို ချိန်ဆနေဆဲပင်။

ကျူးယွမ်ကျန်းက ဧကရာဇ်ယွမ်ရွှင်၏ နန်းသက် စတုတ္ထမြောက်နှစ်တွင် ဘုန်းတော်ကြီးတစ်ပါးဖြစ်လာရန် အနီးအနားမှ ဟွမ်းကျွယ်ကျောင်းတော်သို့ ရောက်ခဲ့သည်။ ရက်သတ္တပတ်အနည်းငယ်ကြာနေပြီးနောက် ထွက်လာခဲ့၏။ သူဟာ လေလွင့်ဘုန်းတော်ကြီးတစ်ဦးအဖြစ် လေးနှစ်တာ လျှောက်သွားနေခဲ့ပြီး ယွမ်ရွှင်နန်းသက် အဌမမြောက်နှစ်၌ ပြန်လာ

ခဲ့သည်။

ဘုန်းတော်ကြီးအနေဖြင့် သူဟာ ပညာနှင့် ယဉ်ကျေးမှုများစွာကို ရရှိခဲ့သည်။

သူ၏ လှည့်ပတ်သွားလာမှုတွင် သူဟာ အသိပညာနှင့် အတွေ့အကြုံများ တိုးလာခဲ့၏။

သူဟာ မာရှစ်ကို ထိမ်းမြှားခဲ့ခြင်းကြောင့် မြေပိုင်ရှင်အဆင့်အတန်းထဲဝင်ရောက်ခဲ့ကာ မြို့တော်ကို စစ်တပ်တစ်တပ်တည်ထောင် စေခဲ့သည်။

လင်းယွမ်မှာ ခဏကြာစဉ်းစားလိုက်သော်လည်း ဘာမှထွက်မလာဘဲ ပြောလိုက်သည်၊ "အစ်ကိုကျူးရဲ့ ခန္ဓာကိုယ်အင်အားက သန်မာပြီး ကြံ့ခိုင်တာပဲ၊ ကျွန်တော်က အစ်ကို့လို ပါရမီမရှိပါဘူး။ အစ်ကိုသာ သဘောတွေ့ရင် ကျွန်တော်တို့နဲ့ လိုက်လာလို့ရပါတယ်။ ကျန်တာတော့ အာမ,မခံနိုင်ပေမယ့်လည်း ဝမ်းရေးအတွက် စားသောက်ဖို့တော့ အာမခံပါတယ်"

ဘယ်လိုဖြစ်သွားတာလဲ.... သူသာ ကူညီနိုင်လျှင်

ကူညီလိုက်မည်။ သူ့အနေနှင့် တစ်ဖက်လူ၏ ပေါင်ကို တကယ်ပဲ ဖက်ဖို့မလိုပေ။

ထို့အပြင် ကျူးယွမ်ကျန်းမှာ သဘောမတူလောက်ပေ... မည်သို့ဖြစ်ဖြစ် သူ့နောက်၌ သူဖုန်းစား အုပ်စုရှိသေး၏။ သူဟာ သူဖုန်းစားများကို စွန့်ပစ်ပြီး သူ၏ ကိုယ်ပိုင်ရှင်သန်ရေးကို ရယူမည့် လူမဖြစ်နိုင်ပေ။

"ညီလေးလင်းက တကယ်ကို ကြင်နာတတ်တာပဲ!"

ကျူးကျုံးပါ့၏ မျက်လုံးများက တောက်ပနေ၏။ သူဟာ ဝဝလင်လင်စားခဲ့ရသည်မှာ ရက်များစွာ ကြာခဲ့ ပြီဖြစ်သည်။ သူဟာ ငယ်ရွယ်၍ သန်မာသော်လည်း အစားအစာအတွက် တိုက်ခိုက်ရာတွင် အတွေ့အကြုံရှိ သူဖုန်းစားများကို အနိုင်မယူနိုင်ပေ။

ကျူးကျူံးပါ့: "သွားကြတာပေါ့!"

လင်းယွမ်.... ခဏ.... ပြည်သူတွေကို သူ့ရဲ့ ကလေးတွေလိုချစ်ပြီး ခြစားတဲ့အရာရှိတွေကိုပဲ သတ်ဖြတ်ပစ်တဲ့စိတ်က ဘယ်ရောက်သွားတာလဲ?

သာမန်လူတွေကို ဖခင်က ကလေးကို ချစ်သလို ချစ်တယ်တဲ့လား?

သူဟာ လျူဖုထုံက မည်သည့်အချိန်၌ ပုန်ကန်မည်ကို စဉ်းစားမိသည်၊ သူဟာ ထိုလူကိုသာ မှတ်မိပြီး အချိန်ကိုတော့ မမှတ်မိပေ။

ကျန်းရှစ်ချိန်နှင့် ချိန်ရော့လျန်တို့ အချင်းချင်း ပုန်ကန်သည့် အချိန်ကိုလည်း မမှတ်မိပေ။

မည်သို့ဖြစ်စေ တစ်‌ကြိမ်တွင် ခြေလှမ်းတစ်လှမ်းသာ လှမ်းရသည်။

ကျူးကျုံးပါ့က ရုတ်တရတ် လင်းယွမ်ကို မေး၏။

"ညီလေးလင်း?"

လင်းယွမ်က သူ့နောက်က သူဖုန်းစားများကို ညွှန်ပြလိုက်သည်၊ "ဒါဆို ဒီလူတွေကရော?"

ကျူးကျုံးပါ့: "လူစိမ်းတွေက အမှတ်မထင် အတူလာ

ဖြစ်သွားကြပြီး၊ အားလုံး ကံကြမ္မာအလိုကျ တွေ့ဆုံကြုံကွဲကြတာပေါ့"

လင်းယွမ်: "......"

ကျူးကျုံးပါ့က တိုးတိုးဆိုသည်၊ "ကျွန်တော် အချိန်ကြာအောင် ဗိုက်ဝဝမစားခဲ့ရဘူး။ သူတို့ရဲ့ ပိန်ပါးတဲ့ပုံစံကိုပဲ မကြည့်နဲ့၊ သူတို့က အစားအစာလုတာမှာ တကယ်ကို တော်တာ"

လင်းယွမ်မှာ မျက်လုံးများထဲ ရှုပ်ထွေးဟန်ရှိနေပြီး၊ သူ့အနေဖြင့် ကျူးယွမ်ကျန်းအတူတစ်ယောက်ကို ဆုံမိခြင်းဟုပင် ထင်မိသည်။

နာမည်တူရုံလေးများ ဖြစ်နိုင်မလား?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment