no

Font
Theme

အခန်း ၁၃။ မိသားစု ပြန်လည်ဆုံစည်းခြင်း

နှင်းများ အရည်ပျော်ဝင်မှုက လင်းမိသားစု စိုက်ပျိုးမွေးမြူရေးခြံဖြစ်ခဲ့ဖူးသော အရှုပ်အထွေးကို ပြသလာသည်။ အေးစက်သည့်ဆောင်းက လူများစွာကို ခဲသေစေခဲ့၏။ ရှင်သန်နေကြသူများက အတူတကွစုစည်း၍ ရှင်သန်ရန် အိမ်များထဲ ဖျက်ဝင်ကာ ဓားပြတိုက်ခြင်းအမှုတို့ကို ကျူးလွန်ခြင်း၌ မှီခိုနေကြ၏။ လင်းမိသားစု၊ ဒေသ၏ နာမည်ကြီး သူကြွယ်မိသားစုမှာ သိသိသာသာပင် ပစ်မှတ်ဖြစ်လာကာ အသားတုံးကြီးအဖြစ် သတ်မှတ်လာကြသည်။ တစ်ချိန်က အလုပ်များ စည်ကားသက်ဝင်ခဲ့သော လင်းမိသားစု‌၏ ခြံမှာ အတွင်းထဲ၌ မည်သူတစ်ဦးမှမရှိသည့် စွန့်ပစ်နေအိမ်ဖြစ်လာခဲ့သည်။

အဖေလင်းက ခြုံပုတ်ထဲ၌ လှဲလျောင်းကာ မြေပြင်ထက် နားကိုကပ်လိုက်သော် အဝေးသို့ ထွက်သွားသည့် ခြေသံများကို ကြားလိုက်ရသည်။ သို့မှသာ သူလည်း စိတ်သက်သာရာရစွာ သက်ပြင်းချ၍ တောအုပ်ထဲ ပြန်လာလိုက်၏။

"သခင်ကြီး" အိမ်တော်ထိန်းအိုကြီးတစ်ဦးက တခြားဘက်မှ ပြေးလာသည်။

"သူတို့သွားပြီ" အဖေလင်းက အိမ်တော်ထန်းကို ပြောလိုက်ရာ ၎င်းကလည်း ပြောလာ၏၊ "အဲဒီ့ဘက်ကလည်း သွားကြပြီ"

နှစ်ယောက်စလုံးမှာ တောအုပ်ထဲသို့ ပို၍ နက်နက်ဝင်သွားလိုက်ပြီး အမျိုးသမီးများနှင့် ကလေးများအားလုံးက လုံခြုံရာများတွင် ပုန်းအောင်းနေကြသည်။ အမေလင်း၏ လက်က ဗုဒ္ဓပုတီးကိုကိုင်ထားကာ မြေ၌ထိုင်၍ ဘုရားစာရွတ်နေ၏။ သူမဘက်တွင် မိန်းမငယ်လေးတစ်တွဲက ထိုင်နေသည်။ ၎င်းတို့မှာ *ကျုန်းကျောင်အရွယ်သာ ရှိသေးကာ အဖေလင်းအား ဘာဖြစ်မှန်းမသိသည့် အကြည့်ဖြင့် ကြည့်လာကြသည်။

*( ကျုန်းကျောင် = ရှေးခေတ်က အသက် ၈မှ ၁၄ကြားအရွယ်တွေကို ရည်ညွှန်းပြီး သူတို့အနေနဲ့ ခေါင်းပေါ်မှာ သိုးချိုနဲ့တူတဲ့ အထုံးလေးနှစ်ထုံးထုံးရတာမို့လို့ ကျုံးကျောင်လို့ ခေါ်ပါတယ်)

၎င်းတို့မှာ တစ်ည၌ အစေခံများ၏ နှိုးခြင်းကိုခံရကာ လူကြီးများနှင့် အတူပြေးနေရင်း နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် ၎င်းတို့အိမ်က မီးတောက်များဖြင့် ပြည့်နေသည်ကို ‌တွေ့လိုက်ရခြင်းသာ မှတ်မိသည်။

အိမ်မှ ထွက်လာပြီးနောက် ဆက်တိုက်လမ်းလျှောက်နေကြ၏။ ၎င်းတို့ ယူလာသော အစားအစာများက မလုံလောက်သဖြင့် ဆာလောင်မှုကို ဖြေသိမ့်ရန် ဆေးပင်ရိုင်းများနှင့် ဘယ်ရီများကို မှီခိုနေရသည်။ သို့သော် အစားအစာများ အလုံအလောက်မယူလာသည့် ဒုက္ခသည်များလည်း ရှိသဖြင့် ဆေးပင်ရိုင်းများနှင့် ဘယ်ရီများကလည်း မလောက်ငှပေ။

အစေခံများမှာလည်း ဘာလုပ်ရမည်မှန်းမသိကြတော့ချေ၊ ၎င်းတို့အနေဖြင့် လင်းမိသားစုနှင့်အတူ နှစ်များစွာ နေလာခဲ့ပြီး ဤသို့သော အခြေအနေမျိုးကို မမြင်ခဲ့ဖူးပါချေ။

အဖေလင်းက ဘေး၌ ထိုင်ကာ သူ့ဇနီးကို ပြောလိုက်သည်၊ "နှင်းတွေပျော်သွားပြီ၊ ငါတို့ တောင်ပိုင်းကို

ဆက်သွားပြီး ယွမ်အာကို ရှာကြတာပေါ့"

(TN: နာမည်ရဲ့အဆုံးမှာ ‘အာ’ကို ထည့်ပြောတာက ရင်းနှီးမှုနဲ့ ချစ်ခြင်းမေတ္တာကို ပြသတဲ့အနေနဲ့ သုံးတာဖြစ်ပြီး နာမည်အရှေ့မှာ ‘ရှောင်’ကို ထည့်သုံးတာနဲ့ အတူတူပဲဖြစ်ပါတယ်)

ယန်ရှစ်အသံက အေးစက်နေပြီး အမြဲတမ်း သူ၏ ခင်ပွန်းကို ထူးမခြားနားသာဆက်ဆံ၏၊ "အမ်း"

(TN: မျိုးရိုးနာမည်အနောက်မှာ ‘ရှစ်’ကို ထည့်သုံးတာက အမျိုးသမီးတွေရဲ့ အပျိုစင်ဘဝက နာမည်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ရှေးခေတ်က အမျိုးသမီးတွေအနေနဲ့ လက်ထပ်ပြီးတဲ့အခါမှာ သူတို့ အမျိုးသားရဲ့ မျိုးရိုးနာမည်ကို လုံးဝကြီး ပြောင်းလိုက်တာမျိုးမဟုတ်ဘဲ ‘လင်းယန်ရှစ်’ ဒီလိုမျိုး.. သူတို့ကိုယ်ပိုင် မျိုးရိုးနာမည်အရှေ့မှာ ထည့်သုံးကြတာဖြစ်ပါတယ်။ ဒါပေမယ့် အများအားဖြင့် အတိုချိုးအနေနဲ့ ‘ယန်ရှစ်’လိုမျိုး သုံးကြတာပါ)

ယမန်နှစ်က လင်းယွမ်မှာ သူ ဝူမြို့တော်၌ ရှိကြောင်း

မိသားစုကို သတင်းပို့ခဲ့ပြီးဖြစ်သည်။ အဖေလင်းက သူ၏ သားမှာ မိသားစုထံ စာတစ်စောင်ပို့ရန် သတိရ

သေးသည်ကို ဝမ်းသာ‌ပြီး စာပို့သူကလည်း အချိန်ကိုက်ရောက်လာသဖြင့် တော်သေး၏။

"မေမေ" ကလေးငယ်မလေးက အနီးကိုတိုးလာသည်၊ သူမဟာ ကြောက်ရွံ့နေရင်း သူမိဘများ၏ ဘေး၌သာ လုံခြုံမှုကို ခံစားရ၏။ ယန်ရှစ်ထံ၌ ကိုယ်ပိုင်ကလေးဟူ၍ မရှိပေ။ လင်းယွမ်အပါအဝင် ကလေးအားလုံးမှာ အစေခံမလေးများထံမှ မွေးဖွားလာခြင်းဖြစ်သည်။ ရွာသူရွာသားများမှာ ကိုယ်လုပ်တော်များ ယူလေ့မရှိခဲ့ကြချေ။ အစေခံမလေးများက သခင်၏ ကလေးများကို မွေးပေးခဲ့ပါလျှင်တောင် ၎င်းတို့မှာ အစေခံများဖြစ်နေဆဲဖြစ်ကာ အလုပ်လုပ်နေရဆဲဖြစ်သည်။ ၎င်းတို့၏ အစားအစာနှင့် အဝတ်များကသာ ပိုကောင်းမွန်လာလိမ့်မည်။

ကလေးမလေး‌၏ မွေးအမေမှာ ယန်ရှစ်၏ ကိုယ်ပိုင်အစေခံမလေးဖြစ်ပြီး လက်ရှိတွင် ရေနွေးကြိုနေ၏။

အဖေလင်းက ဟာသပြောလိုစိတ်ရှိနေဆဲပင်၊ "ယွမ်အာကို မြောက်ပိုင်းသွားခိုင်းလိုက်တဲ့ ငါ့မှာ ရှေ့ကို

ကြိုမြင်နိုင်တဲ့ အမြင်ရှိတာ ကိစ္စကောင်းပဲ။ မဟုတ်ရင် ငါတို့လည်း ဒုက္ခသည်တွေထဲက လူတွေဖြစ်လာပြီး အဲ့ကိုရောက်တာနဲ့ အခြေချနေစရာနေရာ ရှိမှာမဟုတ်ဘူး။"

ယန်ရှီက သူ့ထက် အကြည့်တစ်ချက်ပေးလိုက်၏၊ "ယွမ်အာ ထွက်သွားတုန်းက အသက် ၁၄ပဲရှိသေးတယ်"

၎င်းကြောင့် သူမဟာ အဖေ‌လင်းကို သဘောထားကောင်းမျိုး မပြသခဲ့ပေ။

အဖေလင်း: "လယ်ယာစိုက်ပျိုးတဲ့မိသားစုက ကလေးတွေဆို အသက် ၁၂မှာပဲ ကိုယ်ပိုင်မိသားစုကို စတင်နိုင်တယ်။ ဒါ့အပြင် သတင်းထဲမှာ ငါတို့ ယွမ်အာက မြေနဲ့ စိုက်ပျိုးရေးခြံရှိနေပြီလို့ ပြောထားတယ်လေ။ ဒါမှ ငါ့သား!"

သူ၏ အသံက ဂုဏ်ယူမှုဖြင့် ပြည့်နေ၏။

သူ့ထံ၌ သားတစ်ယောက်သာ ရှိသော်လည်း ဤသား

က အခြားလူများ၏ သား ၁၀ယောက်ထက် ပိုကောင်းသည်။

ထိုစဉ်က ကျန်းမိသားစုမှာလည်း တောင်ပိုင်းသို့သွားသော သားရှိသော်ငြား မည်သည့်သတင်းမှ မရခဲ့ပေ။ ဓားပြများ ရောက်လာချိန်တွင် ၎င်းတို့မှာ ပြေးရုံသာတတ်နိုင်ပြီး ယခုတွင် ဒုက္ခသည်များထဲမှတစ်ဦးဖြစ်လာ နေလောက်သည်။ တောင်ပိုင်းကို သွားဖို့သာ သိသော်လည်း စိတ်ထဲ၌ အတိအကျသွားမည့်နေရာမရှိပေ။ ယန်ရှီက ဗုဒ္ဓကျမ်းစာများကို ဆက်ရွတ်ကာ အဖေလင်းကို ဆက်ပြီး ဂရုမစိုက်နေတော့ပေ။

သူမသည် ပညာတတ်မိသားစုတွင် မွေးဖွားခဲ့ပြီး သူမ၏ဖခင်သည် စာတတ်မြောက်ကာ အိမ်၌ စာအုပ်များဖြင့် ပြည့်နှက်နေသည်။ သူ့အမေက စောစောဆုံးသွားသော်လည်း သူ့အဖေက အိမ်ထောင်မပြုတော့ပေ။

ထို့ကြောင့် ၂၄ နှစ်မပြည့်သေးခင်တွင် စားစရာ ဆန်မရှိတော့သောကြောင့်သာ လက်ထပ်လိုက်ခြင်း ဖြစ်သည်။

ဤခေတ်များတွင် လက်မထပ်မီ ၁၈ နှစ်အရွယ်မိန်းကလေးတစ်ဦးကိုပင် အပျိုကြီးဟု သတ်မှတ်ကြလေရာ ၂၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ထည့်ပြော‌စရာပင်မလိုပေ။

သို့သော် ယန်ရှီသည် ရှက်ရွံ့ခြင်းမရှိပေ။ သူမဟာ သုမ၏ ခင်ပွန်းသည်ကို မချစ်သလို ခင်ပွန်း၏ အိမ်ကိုလည်း မချစ်ခဲ့ပါ။ သူမသည် တစ်နေကုန် လက်ရေးလှရေးခြင်းကို လေ့ကျင့်ပြီး ခင်ပွန်းဖြစ်သူနှင့် စကားတစ်ခွန်းပင် မပြောပေ။

‌အဖေလင်း : "နေ့ဘက်မှာအိပ်ကြပြီး ညဘက်မှာ ခရီးထွက်မယ် ဒါဆို တခြားသူတွေက ငါတို့ကိုမတွေ့တော့ဘူး။ "

အစေခံအားလုံးခေါင်းညိတ်လိုက်သည်။

ကြောက်စရာကောင်းသော အိပ်မက်ဆိုးကို ကြုံတွေ့ခဲ့ရသော်လည်း အစေခံများသည် အလွန်နာခံမှုရှိပြီး ထွက်ပြေးရန် အခွင့်ကို မယူဘဲ လင်းမိသားစုဘက်

တွင်သာ နေနေခဲ့သည်။ ၎င်းတို့ ထွက်သွားပြီးသည်နှင့် ဒုက္ခသည်များ ဖြစ်လာမည်ကို ရှင်းရှင်းလင်းလင်း သိနေကြသည်ပင်။ ထိုအချိန်ရောက်ပါက အခုထက်ပင် ပိုဆိုးလိမ့်မည်။

သို့သော် သခင်နှင့် သခင်မ နောက်လိုက်ပြီးလျှင်မူသခင်လေးနှင့်အတူ ခိုလှုံနိုင်မည်ဖြစ်သည်။

၎င်းဟာအရင်ကလို ၎င်းတို့အလုပ်လုပ်နေသရွေ့အစာ စားစရာ ရှိလိမ့်မည်။

နေ့ခင်းဘက် ပုန်းအောင်းကာ အိပ်ကြပြီး ညဘက် လရောင်အောက်မှာ လမ်းလျှောက်တာ ဘယ်လောက်ကြာပြီလဲပင် မသိကြတော့။ တခါတရံ အစာငတ်သေသူများ၊ တောရိုင်းတိရိစ္ဆာန်များထံမှ ဖမ်းယူ ကိုက်ဖြဲခံထားရသော လူများ၏ အလောင်းများကို တိုက်မိတတ်သည်။

အလွန်အမင်း ကြောက်ရွံ့မှုက သူတို့ကို ပို၍ပင် ဂရုစိုက်ကာ သတိရှိစေခဲ့သည်။

လူတိုင်းသည် အဝတ်အစားအစုတ်များကိုသာ ဝတ်ဝံ့ကြပြီး အမျိုးသမီးသည် မျက်နှာပေါ်သို့ ရွှံ့နှင့် အညစ်အကြေးများကိုပင် ပွတ်တိုက်ကာ ဆံပင်တွင် မြက်ပင်များ ထည့်ထားကြသည်။ ယခင်က တစ်ခါမှ မဝတ်ဖူးသည့် ကြမ်းကြမ်းတမ်းတမ်း အဝတ်အစားများ ၀တ်၍ လမ်းပေါ်တွင် ခြေဗလာနှင့် လမ်းလျှောက်ကြ၏။

၎င်းတို့သည် ဒုက္ခသည်များထဲမှ တစ်ဦးနှင့် ပိုတူလာကြသည်။

ဝူမြို့သို့ရောက်သောအခါ ဆောင်းဦးပေါက်နေပြီဖြစ်သည်။

၎င်းတို့ ဒီကိုလာဖို့ လမ်းပေါ်မှာ တစ်နှစ်ဝက်လောက်နေခဲ့ရ၏။

အဖေလင်းသည် သူနှင့်အတူပါလာသည့် သမီးနှစ်ယောက်ကို လမ်းခရီး၌ ဆုံးရှုံးခဲ့သည်၊ ၎င်းတို့နှစ်ယောက်လုံး အဖျားတက်စေသည့် မှားယွင်းသောအရာများကို စားမိခြင်းဖြစ်သည်။ ၎င်းတို့ကို လမ်း

ဘေးမှာသာ မြှုပ်နှံထားဖို့ တတ်နိုင်ကြ၏။

စုစုပေါင်း သမီးသုံးယောက်ရှိသော်လည်း တစ်ဦး တည်းသာကျန်ခဲ့သည်။ ယန်ရှစ်က သူ့အနားမှာ နောက်ဆုံးတစ်ယောက်ကို ခေါ်ထား၏။ တောရိုင်းအပင်များနှင့် ဘယ်ရီသီးများကို စုဆောင်းသောအခါ ယန်ရှစ်က ၎င်းတို့အား ပထမဦးစွာ စမ်းစားပြီး ခဏအကြာတွင် ပြဿနာမရှိသော်လည်း ကလေးအား မပေးမီတွင် ‌မေ့မျောသွားခဲ့သည်။ ကလေးသည် လက်တွေ့တွင် အရိုးသာသာရှိနေသော်လည်း အနည်းဆုံးတော့ သူမ အသက်ရှင်ခဲ့သည်။

အစေခံအချို့လည်း လမ်းခွဲသွားကာ အချို့လည်း သေဆုံးသွားကြသည်။

မြို့တံခါးကို လှမ်းကြည့်လိုက်ရင်း အဖေလင်းက မ

ထိန်းနိုင်တော့ပေ။ ဒူးများက အားပျော့သွားကာ မြေပြင်ပေါ်တွင် ဒူးထောက်ချ၍ မျက်ရည်များနှင့် နှပ်ချေးများက မျက်နှာ၌ ဖုံးနေသည်။

ထိုနောက်မှ အစေခံတို့လည်း သူ့ထက် ပိုအခြေနေပိုမကောင်းသဖြင့် လိုက်လံ ငိုကြွေးမြည်တမ်းကြတော့သည်။

“ဝေးဝေး သွားကြ!” ဂိတ်စောင့်တပ်သားတွေက ဒုက္ခသည်တွေရောက်လာသည်ကို လှမ်းတားပြီး မြို့ထဲကို ဝင်ခွင့်မပေးဘဲ မောင်းထုတ်လိုက်ကြသည်၊ “ထွက်သွား!”

အဖေလင်းက အမြန်ပြောသည်၊ " စစ်သားကြီး၊ ကျုပ်တို့က ဒုက္ခသည် မဟုတ်ပါဘူး ၊ ကျုပ်သား က ဝူမြို့မှာရှိတယ်၊ ကျုပ်က သူနဲ့ အတူ ခိုလှုံဖို့ ဒီကိုလာတာပါ "

ထိုသို့ပြောပြီး သူဟာ မူလက ယန်ရှီပိုင်သည့် ရွှေဆံထိုးကိုပင် ထုတ်ယူလိုက်သည်။ ဤလမ်းတွင် လက်ဝတ်ရတနာအချို့သာ ကျန်ရှိတော့သည်၊

အခြားတန်ဖိုးကြီးများကိုမူ ပျောက်ဆုံးသွားသလို အသုံးပြုခဲ့သည်လည်း ရှိသည်။ သူက ကျေနပ်စွာ ပြုံးလိုက်၏၊ “စစ်သားကြီး၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို နေရာပေးပါဦး”

စစ်သားသည် ဆံထိုးကို ဆန်းစစ်လိုက်ပြီး ၎င်းသည်စစ်မှန်သောရွှေဖြစ်ကြောင်း သေချာအောင် ကိုက်ကြည့်ရင်းဖြင့် မေးလိုက်၏၊ "ခင်ဗျား သားနာမည်က ဘယ်သူလဲ?"

အဖေလင်း: "လင်းယွမ်! ကျုပ်သားကို လင်းယွမ်လို့ခေါ်တယ်! "

စစ်သားကခဏရပ်ပြီး "တိုက်ဆိုင်မှုလိုက်တာ!"

ထိုသို့ပြောရင်း သူဟာ နောက်ဘက်သို့ လှည့်ကာ “အစ်ကို ကျန်း! ခင်ဗျားညီရဲ့ အဖေရောက်ပြီ!"

အဖေလင်းသည် အံ့သြစွာ နားထောင်ရင်း အသက်နှစ်ဆယ်ကျော် ချည်သားရှပ် အင်္ကျီပါးပါး ၀တ်ထားသည့် တံခါးဝမှ ထွက်လာသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူ့လက်ထဲမှာ စားလက်စ

ပေါက်စီဖြူကို ကိုင်ထား၏။ အဖေလင်းသည် ပေါင်မုန့်ဖြူကို မြင်သောအခါ တံတွေး မျိုချလိုက်သည်။ သူ့ဘဝတစ်လျှောက်လုံးမှာ ရိုးရိုးအဖြူရောင်

ပေါက်စီတစ်လုံးကို ဒီလောက်တောင် မမက်မောခဲ့ဖူးပေ။

ကျန်းကွေသည် အဝတ်စုတ်ဝတ်ထားသည့် သူ့ရှေ့မှ ဒုက္ခသည်များကို ကြည့်လိုက်သည်။ ဆောင်းဦးရာသီက သိပ်မအေးသဖြင့်တော်သေးသည်။ သူဟာ မည်သူကိုမျှ မသိပေ။

"ဒီ ဦးကြီးက?" ကျန်းကွေက တစ်ခွန်းစပြောလိုက်၏။

အဖေလင်းက အမြန်ဖြေသည်၊"တူကြီး၊ ငါက လင်းယွမ်ရဲ့အဖေပါ!"

ကျန်းကွေ: "ဦးကြီးမှာ သက်သေရှိလား"

အဖေလင်းက ချက်ချင်းဖြေလိုက်၏၊ "ရှိတယ်၊ ရှိ

တယ် ငါ့သားရဲ့ နား အနောက်ဘက်မှာ လှပတဲ့အမှတ်တစ်ခုရှိတယ်။ "

ကျန်းကွေ : “…..” ကျွန်တော်က လင်းယွမ်ရဲ့ နား

အနောက်ကိုမှ မကြည့်ဖူးတာ၊ ဘယ်လိုသိမှာလဲ?

"ခင်ဗျားမှာ တခြား အထောက်အထားရောရှိသလား" ကျန်းကွေက ထပ်မေး၏။

အဖေလင်းသည် သူ၏ဇာတိမြို့လိပ်စာကို ကြည့်ပြီးလင်းမိသားစုဝင်အားလုံး၏ အခြေအနေကို ရှင်းလင်းစွာဖော်ပြလိုက်သည်။

ဒီ ကျန်းကွေက သိသည့်အတွက် တိတ်တဆိတ်ပြောလိုက်၏။

"ညကျရင် နွားလှည်းမောင်းလာခဲ့ပါမယ်။ ဦးကြီးတို့ စုစုပေါင်း ဘယ်နှစ်ယောက်ပါလဲ"

အဖေလင်းက ရှုပ်ထွေးသွား၏၊ “ငါ့သားက မြို့ထဲ

မှာ မရှိဘူးလား”

ကျန်းကွေ : "သူက မြို့ပြင်က လယ်ကွင်းထဲမှာ ရှိတယ်၊ ဒီည ဦးကြီးတို့ကို ကျွန်တော် လိုက်ပို့ပေးမယ်။"

အဖေလင်းသည် မည်သို့ဖြစ်ဖြစ် လိမ်လည်ခြင်းကိုမကြောက်ပါချေ၊ ၎င်းတို့ထံ၌ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အဖိုးတန်သည့်အရာမှာ လက်ဝတ်ရတနာအချို့သာဖြစ်သည်။ ၎င်းတို့ အားလုံးကိုပေးဖို့က ကိစ္စကြီးကြီးမားမားဖြစ်လိမ့်မည်မဟုတ်ပေ။ သူ့သားကို သူရှာတွေ့နိုင်သရွေ့ အရာအားလုံးဟာထိုက်တန်လိမ့်မည်။

ထို့ကြောင့် နောက်နေ့ မွန်းတည့်၏တွင် စပါးရိတ်သည်ကို ကွင်းထဲ ရပ်ကြည့်နေသော လင်းယွမ်မှာ သူ၏တတိယအစ်ကိုသည် ဒုက္ခသည်အုပ်စုတစ်စုကိုခေါ်ဆောင်လာခဲ့သည်အား တွေ့လိုက်ရ၏။

အာ့လျန်ပင်လျှင် လင်းမိသားစုဝင်များကို မမှတ်မိပေ။

ကျန်းကွေက လူတွေလိုနေတုန်းပဲလို့ ခံစားနေမိတာဖြစ်နိုင်တယ်။

"တတိယအစ်ကို။ " လင်းယန်းသွားလိုက်လေ၏။ သူသည်လယ်ကွင်းတစ်ဝိုက်တွင်လမ်းလျှောက်လေ့ရှိသဖြင့် ပိုမိုလွယ်ကူစွာ လှုပ်ရှားနိုင်သည့် လက်ကြပ်

လက်ရှည်အင်္ကျီကိုဝတ်ဆင်ထားသည်။ သူ၏ခန္ဓာကိုယ်သည် ပိုမိုတက်ကြွစွာလုပ်ဆောင်ခြင်းကြောင့်လည်း တိုးတက်ခဲ့သည်။ တကယ်တော့ရိတ်သိမ်းချိန် အစောပိုင်းကရောက်လာစဉ်က သူဟာ ရက်အနည်းငယ်တောင်မှကူညီခဲ့သေးသည်။

စိုက်ပျိုးထားသော သီးနှံများမှာ စပါးဖြစ်ပြီး မြေဆီမြေသြဇာ ကောင်းမွန်သောကြောင့် အငှားလယ်သမားများ အားလုံးက ယခင်မြင်ဖူးသည်ထက် အထွက်နှုန်းပိုသည်ဟု ဆိုကြသည်။

သို့သော် ကျန်းကွေမတုံ့ပြန်နိုင်မီတွင် လူတစ်ဦးသည် လင်းယွမ်အပေါ် မိမိကိုယ်ကို ပစ်ဝင်လိုက်သည်။ လူက တော်တော်လေးပုံရသော်လည်း လင်းယွမ်ကတော့ အရမ်းလေးသည်ဟုမခံစားရပါချေ။

သူ တွန်းဖယ်ခါနီးတွင် ထိုလူက ငိုချလိုက်သည်၊ "သားလေး။ ငါ့သား! အဖေ ရောက်လာပြီ!"

အဖေလင်း?

အဖေလင်းလား!

လင်းယွမ်မှာ အနည်းငယ် ထိတ်လန့်သွားသည်၊ မည်သို့ဖြစ်စေ မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင် အဖေလင်းသည် အလွန်ဝသူ လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ချမ်းသာသော မြေရှင်၏ သရုပ်ဖော်ပုံအတိုင်း ပိုးထည်ကို အမြဲဝတ်ထားသူတစ်ဦးဖြစ်သည်။ သို့သော် သူ့ရှေ့ကလူမှာ ညစ်ပတ်နေသည့် မျက်နှာနှင့် အဝတ်စုတ်များ ၀တ်ထား၏။

အာ့လျန်လည်း ရောက်လာပြီး သေချာ စစ်ဆေးပြီးမှ အော်လိုက်၏၊ “သခင်ကြီး!"

"အာ့လျန်!" အဖေလင်းသည်လည်း ပြန်ဖြေလိုက်၏။

အာ့လျန်က ငိုရှိုက်လျက်ဖြင့်၊ "သခင်ကြီး သခင်ကြီး

ပင်ပန်းခဲ့ရပြီ! သခင်မကြီး! သခင်မကြီး!"

အာ့လျန်လည်း ယန်ရှီဆီသို့ ပြေးသွားလိုက်ရာ သူ့မိဘများကလည်း ယန်ရှီဘေး၌ ရှိနေသည်။ အာ့လျန်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏မျက်လုံးများလည်း မျက်ရည်များနှင့်ပြည့်နေသည်။

လင်းယွမ်သည် မူလပိုင်ရှင်မဟုတ်ပေ။ သူ့မှာ မှတ်ဉာဏ်ရှိကောင်းရှိနိုင်သော်လည်း ခံစားချက်တွေကိုတော့ လက်ခံရရှိခြင်း မရှိခဲ့ပေ။ သူဟာ မျက်ရည်အစစ်အမှန်ကို မထုတ်နိုင်ရာ ငိုချင်ယောင်ဆောင်ကာ ခေါင်းငုံ့ထားလိုက်သည်။

အုပ်စုလေးသည် ငိုကြွေးမြည်တမ်းခြင်းနှင့် ရှိုက်ငို‌ခြင်းနှင့်ပြည့်နှက်နေသည်။ လူတိုင်း ခဏကြာပြီးမှ တည်ငြိမ်သွားကြ၏။

လင်းယွမ်က သူတို့ကို အိမ်ဆီ ခေါ်သွားသည် ။ အဖေလင်းသည် ရိုးရှင်းခြင်း သို့မဟုတ် အရိုင်းဆန်ခြင်းအတွက် မထီမဲ့မြင်မပြုဘဲ သူ့သားကို ထက်မြက်သည်ဟု တွေးနေခဲ့သည်။ ဤနည်းအားဖြင့် မထင်း

ထွက်နိုင်သလို ထို့အပြင် ၎င်းက လူများစွာအား ကျဉ်းကျုံ့ခြင်းမရှိဘဲ နေထိုင်ရန်အတွက်လုံလောက်သည်။

"အဖေနဲ့ အမေရဲ့အခန်းကဒီမှာပါ။ " လင်းယွမ်က သူတို့ကို အကြီးဆုံးနှင့်အကောင်းဆုံးအခန်းသို့ပို့ဆောင်လိုက်သည်။

အဖေလင်းသည် လင်းယွမ်ကို ကျေးဇူးတင်ခြင်းဖြင့်ကြည့်သည်။

သူ့သားက သူထင်ထားတာထက် ပိုမြန်မြန် ရင့်ကျက်ခဲ့သည်။ သူ့ဘဝတွင် သူလုပ်ဖူးသမျှ အမှန်ကန်ဆုံးအရာမှာ သူ့သားကို တောင်ဘက်သို့ ခရီးထွက်စေခြင်းဖြစ်သည်ဟု သူခံစားမိသည်။

"စစ်ညန်!" လင်းယွမ် အော်ခေါ်လိုက်၏၊ "ဂျုံစွပ်ပြုတ်နည်းနည်း လုပ်ပေးပါဦး!"

စစ်ညန်က တုံ့ပြန်လိုက်ပြီး မီးဖိုချောင်ဘက်ကိုသွားခဲ့သည်။

အာ့လျန် အနေဖြင့် အဖေလင်းနှင့်ယန်ရှီတို့ လဲလှယ်ရန်အတွက် ကောင်းသောအဝတ်အထည်များကိုဗီရိုထဲမှ ရှာနေလိုက်သည်။

"အကိုကြီး!" ပိန်ပိန်ပါးပါး မိန်းကလေးငယ်သည် လင်းယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ သူမသည် လင်းယွမ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ ဘာပဲဖြစ်ဖြစ် လက်မလွှတ်လိုက်ပေ။

အဖေလင်းက ခပ်တိုးတိုးဆို၏၊ "မင်းရဲ့ အကြီးဆုံးနဲ့ဒုတိယ ညီမလေးကလမ်းမှာပဲ ဆုံးသွားခဲ့တယ်။"

လင်းယွမ်၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းနေ၏။

အဖေလင်းက ဆက်ပြောသည်၊ “နေရာမှပဲ မြေမြုပ်ခဲ့ပြီး မြေပုံ အထိမ်းအမှတ်ကျောက်တိုင် မထောင်နိုင်ခဲ့ဘူး”

ငယ်ငယ်ရွယ်ရွယ်ဆုံးပါးသွားသောကလေးများ

သို့မဟုတ် အချိန်မတန်မီ ဆုံးပါးသွားသော ကလေးငယ်များတွင် အထိမ်းအမှတ်ကျောက်တိုင် မရှိနိုင်ပေ။

လင်းယွမ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ကလေးမလေးသည် အကိုကြီးနှင့်တွေ့သရွေ့ သူမ ဖြည့်စွက်စာ စားနိုင်တော့မည်ကို သူမ သိသည်။

လင်းယွမ်က ကောင်မလေး၏ခေါင်းကိုပုတ်လိုက်ကာ သူ့အသံက ထင်ထားသည်ထက် နူးညံ့သွား၏၊ "မင်းရဲ့ လက်ကိုသွားဆေးလိုက်၊ မကြာခင်စားဖို့အချိန်ရောက်လာတော့မယ်"

ထိုမှသာ ကလေးမလေးသည် လက်ဆေးရန် အစေခံနောက်သို့ တုံ့ဆိုင်းစွာလိုက်သွားလေသည်။

လင်းယွမ်က ယခုဆို မိသားစုအားလုံး အတူတူရှိနေပြီဟု တွေးလိုက်မိ၏။ သူ့အစွမ်းအစမှာ အကန့်အသတ်တွေရှိတာကြောင့် သူတို့အားလုံးကို ကာကွယ်နိုင်မည်လားဆိုတာ သူ မသိပေ။

မူလပိုင်ရှင်က သူတို့ကို ကောင်းကင်ကနေ လမ်းညွှန်ပေးလိမ့်မည်ဟု သူမျှော်လင့်ပါ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment