no

Font
Theme

အခန်း ၂၂။ အသားစားကြခြင်း

ဝက်များအား အစ်ကိုတောက်နှင့် သူ့လူများက ယူလာသည်။ ပထမတွင် လင်းယွမ်မှာ ၎င်းတို့က ၎င်းတို့ယူသွားခဲ့သည့် ပေါက်ပြားများဖြင့် လုယက်ခဲ့သည်ဟု ထင်ခဲ့၏။ သို့သော် အစ်ကိုတောက်ထံ၌ အကြောင်းပြချက်ရှိနေသည်။

"တောင်လမ်းကြောင်းက ဖြတ်လျှောက်သွားဖို့ ခက်တယ်။ သားရဲတွေတောင် ကရိကထများကြတာ တောင်ပေါ်ဓားပြတွေဆို ပြောမနေနဲ့တော့" အစ်ကိုတောက်က အတွေ့အကြုံကို ပြောလာသည်၊ "လက်ထဲမှာ လေးလံတာတစ်ခုခုရှိတာက ဘာမှ မရှိတာထက်တော့ ပိုကောင်းပါတယ်"

လင်းယွမ်မှာ ကျိုးကြောင်းသင့်သည်ဟု ထင်ပြီး ၎င်းတို့အား ဂရုစိုက်ဖို့ပြောလိုက်သည်။ လူ့အသက်နှင့် ယှဉ်လျှင် ဝက်သား သိုးသား‌တို့က အရေးမပါ‌ပေ။

တစ်ဘက်မှ လူတစ်လူတစ်ယောက်ာ ၎င်းကြားပြီး အသံကျယ်ကျယ်ဖြင့် ပြောလာသည်။

"သူဌေးလေး၊ မင်းပဲ ဒီလိုစဉ်းစားတယ်။ ကျုပ် ငယ်ငယ်က ကျုပ်မွေးရပ်မြေ အငတ်ဘေးကြောင့် ပျက်စီးသွားတုန်းက ဆံကောင်းတစ်အိတ်နဲ့ နုပျိုလှပတဲ့ မိန်းကလေးတစ်ယောက်ကို ဝယ်နိုင်တယ်။ တစ်ခါတလေမှာ လူ့ဘဝက စျေးပေါတာလည်း ဖြစ်နိုင်ပါတယ်။”

အချို့သောအချိန်များ အထူးသဖြင့် ကသောင်းကနင်း ကာလများတွင် ဆန်များနှင့် အသားများသည် လူ့အသက်ထက် ပိုအရေးကြီးသည်။

လင်းယွမ်: "မြန်မြန်သွားပါ‌တော့"

ထိုသူသည် အဝါရောင်သွားများကို ပြသ၍ ပြုံးလိုက်သည်၊ "ကျွန်တော်တို့ သွား‌ပါပြီ"

၎င်းတို့ပြန်လာသောအခါ ၎င်းတို့နှင့်အတူ ဆိတ် ၂ကောင်နှင့် ဝက် ၅ကောင် ပါလာပြီး ၂ကောင်က ဝက်မ ၃ကောင်က ဝက်ထီးဖြစ်သည်။

ဝက်မ ၂ကောင်နှင့် ဝက်ထီး ၁ကောင် ဝက်မွေးမြူရန်ထားရှိရလိမ့်မည်။ ကျန်သော ဝက် ၂ကောင်ကို အသားပေါ်ခဲ့သည်။ လင်းယွမ်သည် ယနေ့ခေတ်မှာ လက်တွေ့လုပ်ခြင်းက အတွေ့ရမများသောကြောင့် ဤအချက်ကို ရှင်းရှင်းလင်းလင်း ပြောဖို့ သေချာအောင် လုပ်ခဲ့သည်။ နောက်ပြီး စိုက်ပျိုးရေးခြံထဲက မည်သူမှ ဝက်သားရောင်းသူကို လုပ်ခိုင်းသည်က ပိုရောင်းကြောင်း မသိကြပေ။ ၎င်းတို့အား နည်းနည်း မွေးမြူလိုက်ပြီးနောက်တွင် သတ်စားနိုင်သည်။

ဆိတ်များသည် အရွယ်အစားအားဖြင့် အတော်ကြီးကာ အနည်းငယ်ပိန်ရုံသာရှိသည်။ ယနေ့ခေတ်တွင် လူများသည် အစားအစာတောင် မစားနိုင်ရာ အသားလက်ကျန်ထားဖို့ ပြောစရာပင်မလိုပေ။

အစ်ကိုတောက်၊ "ရောင်းသူက တောင်ပေါ်မှာ နေပြီး ဆန်ဟောင်းတွေကို အစားပြန်တောင်းထားတယ်၊ အသားတွေကို ထပ်ပြီး စျေးနှုန်းကောင်းကောင်းနဲ့ ရောင်းချလို့ မရနိုင်တော့ဘူးလို့ ပြောခဲ့တာပဲ။ ဒါပေမယ့် ဈေးပေါပေါနဲ့ မရောင်းချင်ကြတာနဲ့ သူတို့ကိုယ်တိုင်ပဲ သိမ်းထားလိုက်ကြတာ”

ဤရက်များတွင် လူအားလုံးသည် ဆန်ကိုသာ ဝယ်ယူကြပြီး အသားဝယ်သူ အလွန်နည်းပါးသည်။

ထိုညနေက ဆိတ်တစ်ကောင်ကို သတ်ပြီး ဆိတ်ခေါင်းအား စွပ်ပြုတ်လုပ်ကာ အသားကို ဆားနယ်ပြီး ဆုကြေးအဖြစ် သုံးရန် အသားခြောက်အဖြစ် ပြုလုပ်ခဲ့သည်။

လီတာ့သည် ထိုနေ့ညနေတွင် ဆိတ်ခေါင်းစွပ်ပြုတ်ရှိမည်ကို ကြားသောကြောင့် သူဟာ အလုပ်စောစောသိမ်းပြီး လယ်ကွင်းထဲတွင် ထိုင်စောင့်နေလိုက်သည်။ သူ၏ မျက်နှာထက်ရှိ အေးစက်လေပြင်းကပင် ပို၍ပူနွေးလာသလို ဖြစ်နေပုံရသည်။

တစ်ယောက်က သူ့အား စကားစမြည်ပြောဆိုလာ၏၊ "အရူးလိုအပြုံးနဲ့ ဘာဖြစ်တာလဲ?"

လီတာ့က ခပ်တိုးတိုးပြောလိုက်၏၊ "ဒီညတော့ ဆိတ်ခေါင်းစွပ်ပြုတ်ရှိမယ်တဲ့၊ အသားနည်းနည်းလောက်တောင် ရှိနိုင်တယ်!"

ထိုသူသည် အံ့အားသင့်သွားသည်၊ "မင်းဘယ်လိုသိ

တာလဲ? အဲဒီမှာ တကယ်ပဲ ဆိတ်ခေါင်းဟင်းချိုရှိတယ်ပေါ့! "

လီတာ့က ရယ်မောလိုက်သည်၊ “ဒီည ဆိတ်ခေါင်းစွပ်ပြုတ်နဲ့ ဆိတ်ခြေထောက်တွေ ရှိတယ်ဆိုတာ ထမင်းစားခန်းမထဲက ထမင်းချက်က ပြောတယ်၊ လူတိုင်း ကိုက်ဖို့ အရိုးတစ်ပိုင်းရလိမ့်မယ်တဲ့”

အသားအကြောင်းပြောရင်း လူတိုင်းက တံတွေးကို မျိုချလိုက်ကြသည်။ ၎င်းတို့အားလုံး အသားကို တောင့်တ နေကြ၏။

လူ့ခန္ဓာကိုယ်သည်စွမ်းအင်လိုအပ်သည်။ ထိုအရင်းအမြစ်တွင် ကစီဓာတ်၊ အဆီဓာတ်နှင့် အသားဓာတ်တို့ပါဝင်သည်။ ပေါက်စီဖြူများတွင် ကစီဓာတ်ရှိကာ ပဲပိစပ်၌ အသား(ပရိုတင်း)ဓာတ်ရှိပြီး အဆီဓာတ်ကမူ— ယခု လင်းယွမ်ပင် အဆီပြည့်အသားတစ်ကို စားချင်နေရာ အခြားလူများကို ပြောရန်ပင် မလိုပေ။

အဆီအပြည့်အသားမရှိသော်လည်း အနံ့နှင့် အရသာ

ရှိမှုအရ ပဲများသည် အသားပါးပါးလေးနှင့်ပင် မယှဉ်နိုင်ပေ။

စားစရာ အသားရှိနေမှတော့ ဘယ်သူက ပဲကို အစားထိုးပြီး စားတော့မှာလဲ?

ယခု စိုက်ပျိုးရေးခြံမှာ စားရသည့် သွားရည်စာက ဝါးလို့ကောင်းပြီး ဗိုက်ပြည့်စေသည့် အဆာခံ ပဲလှော်များ ဖြစ်သည်။ ၎င်းကလွဲလျှင် ပဲများမှာ ဓာတ်ငွေ့များ ထုတ်နိုင်ခြင်းကြောင့် အိပ်ဆောင်မှာနေသည့် သူများအနက် တစ်ယောက်ယောက်က ပဲအများကြီးစားပါလျှင် ကျန်တဲ့သူတွေမှာ တစ်ညလုံး ဒုက္ခရောက်လိမ့်မည်။ (TN: လေလည်တာကို ပြောချင်တာပါ:)

ညစာစားချိန်ရောက်သော် အားလုံးက သန့်ရှင်းရေးလုပ်ပြီး ထမင်းစားခန်းဆီ ဦးတည်သွားကြ၏။ နွမ်းပါးသူများသည် တစ်နေ့လျှင် နှစ်ကြိမ်သာ စားပြီး နံနက်တစ်နပ် ညတစ်နပ်သာ စားကြရာ နေ့လယ်စာကို မကြားဖူးပေ။ လင်းယွမ်က သူ့အလုပ်သမားများ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုတိုးတက်စေပါက အနာဂတ်တွင် သူတို့အတွက်အကျိုးအမြတ်များလာနိုင်သဖြင့် တစ်နေ့ကို သုံးနပ်

အဖြစ် ပြောင်းလဲခဲ့သည်။

အစားအစာသည်ရိုးရှင်းပြီး အကြမ်းဆန် သော်လည်း ဗိုက်ပြည့်ပါသည်။ အမှန်စင်စစ်ပင် လူများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် တိုးတက်လာပြီဖြစ်သည်။

အနည်းဆုံး ဆောင်းရာသီတွင် အအေးမိခြင်းကြောင့်လဲသွားသူများကို မတွေ့ရပေ။ ၎င်းသည် သင့်လျော်သော နွေးထွေးသည့် အခြေအနေများနှင့်လည်းသက်ဆိုင်သည်။

မကြာသေးမီက အမျိုးသမီးများသည် အပ်ချုပ်အလုပ်များ လုပ်ခဲ့ကြသည်။ အစပိုင်းတွင် ၎င်းတို့သည် တုံ့ဆိုင်းနေကြသည်၊ ဆင်းရဲသောမိသားစုများသည် အပ်တစ်ချောင်းကိုပင် မြတ်နိုးကြကာ တစ်နှစ်ပတ်လုံး အင်္ကျီချည်လုံး တစ်လုံးပင် မဝယ်နိုင်ကြပေ။ ထို့ကြောင့် အဝတ်အစားများ ချုပ်လုပ်သည့် ကျွမ်းကျင်မှုက ပျမ်းမျှဟုသာ ဆိုနိုင်ကာ မပြဲသွားဘဲ ဝတ်နိုင်ခြင်းကပင် အတော်အဆင်ပြေနေပြီဖြစ်သည်။

လင်းယွမ်က ၎င်းတို့တွေကို အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ချုပ်လုပ်ခိုင်းပြီး အထည်ပေါ်ဆွဲထားသည့် မျဉ်းကြောင်းတွေအတိုင်း ညှပ်၍ အပိုင်းအစတွေကို တွဲချုပ်ခိုင်းသည်။

၎င်းကို သေချာပေါက် အောက်ခံအဝတ်အစားများကဲ့သို့ဝတ်ဆင်နိုင်ပြီး ထည့်စရာ ဝါဂွမ်းမရှိသေးသော်လည်း အမျိုးသမီးများက အဖြေရှာဖို့စဉ်းစားကြသည်။ မြက်ခြောက်တွေကို ပွတ်တိုက်ဖို့ အာရုံစိုက်ရန် လူသုံးလေးယောက်လောက်ရှိသည့် အုပ်စုငယ်လေးတွေ ခွဲ၍ အဝတ်အစားများ၏ ချုပ်ရိုးတွေထဲသို့ သိပ်ထည့်ကြမည်ဖြစ်သည်။

၎င်းသည် အဝတ်အစားများ၏ နွေးထွေးမှုကို အမှန်တကယ် မြှင့်တင်ပေးနိုင်သော်လည်း ၎င်းတို့အား ထည့်ထားပြီး လှုပ်ရှားရန် အလွန်အဆင်မပြေလှပေ။

လင်းယွမ်သည် ၎င်းတို့အား ခေတ်သစ်မှ ယူနီဖောင်းအရွယ်အစားဟုသိကြသော အဝတ်အစားများကို

တူညီသောအရွယ်အစားဖြင့်ပြုလုပ်ခိုင်းသေးသည်။ အထည်အပိုင်းအစတစ်ခုကို ခါးပတ်အဖြစ် အသုံးပြု၍ ခါးတွင်ချိတ်ထားလိုက်ပါက အရွယ်အစားကြီးလွန်းလျှင် ကျုံ့နိုင်သည်။ အရွယ်အစား သေးလွန်းလျှင်.... လူတိုင်းက အရိုးနှင့်အရေခွံသာ ရှိသူများဖြစ်ပြီး လာမယ့်နှစ်တွေတွင်လည်း များများစားစား ကြီးထွားနိုင်လိမ့်မည် မဟုတ်‌ပေ။

မြက်ခြောက်ကို ပွတ်တိုက်ခြင်းသည် ကိုးဇီ သင်ပေးသည့် အရာတစ်ခုဖြစ်သည်။

ပထမဦးဆုံးမီးဖြင့် မြက်ခြောက်ကို ခြောက်သွေ့ အောင်လုပ်ပြီး တစ်ခုစီက အပြင်ဘက်၌ မမာတော့သည်အထိ ပွတ်တိုက်ရလိမ့်မည်။ ထို့နောက်ပြန့်ပြူးရန် ကျောက်တုံးတစ်တုံးကို သုံး၍ ထိုအစီစဉ်အတိုင်း ထပ်ခါထပ်ခါ လုပ်ရမည်။ ၎င်းက အနည်းငယ်အခက်အခဲရှိသော်လည်း ထိရောက်မှုရှိ

နေဆဲဖြစ်သည်။

ချည် သို့မဟုတ် သိုးမွှေးမရှိလျှင် ၎င်းက အကောင်း

ဆုံးဖြေရှင်းချက်ဖြစ်သည်။

ဆိတ်သားမွေးနှင့်ပက်သက်၍ လင်းယွမ်သည် ၎င်းကို မည်သို့လုပ်ဆောင်ရမည်အား မသိသောကြောင့် လောလောဆယ်တွင် ချန်ထားခဲ့သည်။

လင်းယွမ်သည် နောက်နှစ်တွင် မန်ဒါလီမွေးချင်သည်၊ နောက်နှစ်အကုန်၌ ဝတ်စရာ အဝတ်အစား အပြည့်ဖြစ်လာလိမ့်မည်။ သို့သော် အထည်အလုံအလောက်ရှိမှာ မဟုတ်သည့်အတွက် စဉ်းစားဖို့ အချိန်ရောက်သည်အထိ စောင့်ရုံသာရှိသည်။

"အနံ့က တကယ်ကောင်းတာပဲ!"

"အရမ်း‌မွှေးတယ် ငါတော့ သွားရည်ကျတော့မှာပဲ"

"ငါ ဒီအနံ့ကိုခံရင်းနဲ့ ပေါက်စီနှစ်လုံးတောင်စားနိုင်တယ်"

ထမင်းစားခန်းသို့ ရောက်သောအခါ လင်းယွမ် သင်ပေးသည့် နည်းလမ်းအတိုင်း တန်းစီကြရသည်၊

၎င်းတို့သာ တန်းမစီပါက ၎င်းတို့ ပန်းကန်များကို အစားအစာများ ဖြည့်ပေးမည်မဟုတ်ရာ ရွေးစရာမရှိပေ။

ပန်းကန်တွေအကုန်လုံးက တစ်ဖက်စီတွင်ရှိပြီး လူတစ်ယောက်စီက ထမင်းပန်ကန်တစ်လုံးစီ ယူသွားကြသည်။ ပြီးသည်နှင့် မီးဖိုချောင်သုံးပစ္စည်းအားလုံးကို တစ်နေရာတည်းမှာ ထားခဲ့ရမည်ဖြစ်၏။

"နောက်ထပ် ထပ်ထည့်ပေးပါဦး၊ ကျုပ် အတွက်နောက်ထပ်ထပ်ထည့်ပါဦး" တစ်ယောက်ယောက်ကညည်းတွားနေ၏၊ "အသားအပိုင်းအစအချို့ကိုတွေ့လိုက်ရတယ်၊ ယောက်ချိုဇွန်းကို အဲ့ဘက်ကနေ မွှေလိုက်!"

"‌ဟား ငါတော့ ဆိတ်ဦးနှောက်တစ်ပိုင်းရတယ်ဟေ့!

"ငါရောပဲ ငါရောပဲ!"

ဆိတ်ခေါင်းစွပ်ပြုတ်အပြင် လှီးချွတ်ထားသည့် ဆားရည်စိမ် အသီးအရွက်များလည်း ရှိသေးသည်။ ဆန်ရောပေါက်စီနှင့် ပေါင်းပြီး လူတိုင်းဟာ ခေါင်းမ

မော့ဘဲ စားလိုက်ကြ၏။ ထမင်းချက်အမျိုးသမီးများက စားပြီးပြီ ဖြစ်သော်လည်း စားချင်စိတ်က ပိုများနေသေးသည်။ ကျန်တာရှိပါက ၎င်းတို့စားရမည်ဖြစ်သည်။

စားသောက်နေစဉ် အရသာကိုလည်း ခံစားကြည့်ခဲ့ကြသော်လည်း ဗိုက်ဆာနေသော သရဲတစ္ဆေများကဲ့သို့ စားသောက်နေသော ဤအမျိုးသားများကို ကြည့်ပြီး မနေနိုင်အောင် ဗိုက်ထပ်ဆာနေကြပြန်တော့သည်။

ထမင်းချက်ခေါင်းဆောင်က အပြင်ဘက်မှ အော်လာ၏၊ "မနက်ဖြန်ညနေခင်းမှာ ဆိတ်ကလီစာဟင်းချိုရှိတယ်"

ယခု ရာသီဥတုသည် တိရစ္ဆာန်ကလီစာများကို လျင်မြန်စွာ မပျက်စီးစေနိုင်သောကြောင့် သိမ်းဆည်းရန် အဆင်ပြေသည်။ ထမင်းချက် ခေါင်းဆောင်သည် ယနေ့ဆိတ်ခေါင်းကို ပြင်ဆင်ထားပြီး မနက်ဖြန်ဆိတ်ကလီစာကို ပြင်ဆင်ရန်စီစဉ်ထားသည်။ နောက်ရက်၌မူ ၎င်းတို့မှာ ဆိတ်သွေးအူ

ချောင်းစားနိုင်၏။

ဆိတ်အူလမ်းကြောင်းကို ပထမဆုံးသန့်စင်ပြီးနောက် သွေးနှင့်ဖြည့်ကာ သွေးအူချောင်း အကြမ်းထည်ပုံစံကို လုပ်နိုင်သည်။

ပြီးလျှင် ၎င်းကို ဆားစိမ်အသီးအရွက်များဖြင့် ချက်လိုက်လျှင် ရှားရှားပါးပါး စားဖွယ်သောက်ဖွယ်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

လင်းယွမ်နှင့် သူ့မိသားစုက ရိုးရိုးရှင်းရှင်းပဲ စားကြ၏ကာ ဆိတ်သား အပိုင်းသေးလေးသာဖြတ်ပြီး တစ်ယောက်ကို နှစ်ကိုက်စာမျှဖြင့် ဆားစိမ် အသီးအရွက်နှင့် စားကြသည်။ ထမင်းတစ်ပန်းကန်နှင့် ဆိုလျှင် ၎င်းမှာစားရတာ အရသာရှိပြီး ရှားရှားပါးပါး စားစရာဖြစ်၏။။

လင်းယွမ်က ဆန်မှုန့်များမှာ ဈေးကြီးလှသဖြင့် ဤခေတ်တွင် ကော်မှုန့်ရှိမရှိကို မိမိဘာသာစဉ်းစားမိသည်.... သူဟာ ၎င်းအား တကယ်တော့ မစဉ်းစားဝံ့ပါ‌ချေ။

မတ်ပဲစေ့ကို မတ်ပဲမှုန့်အဖြစ်လည်း ပြုလုပ်နိုင်သော်ငြား လက်ရှိအချိန်တွင် မတ်ပဲစေ့များ ရှိမရှိကတော့ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

၎င်း၏ မူလအစသည် အိန္ဒိယနှင့် မြန်မာဖြစ်ပုံရသည်။

နွေဦးပေါက်ရောက်သောအခါ သူသည် အနီးနားရှိလူများကို မေးကြည့်ရန် စီစဉ်ခဲ့သည်၊ ရလာဒ်တစ်ခုခုတော့ ရလာကောင်းရလာနိုင်မှာပါနော်?

ဝက်များနည်းနည်းကြီးလာသည့်အခါ ဝက်သားကို ကြာဇံနှင့် ပြုတ်၍ရသည်၊ ဘယ်လိုတောင် ပျော်စရာကောင်းတဲ့ အလားအလာလဲ။ဝက်သားကို စဉ်းစားရင်း လင်းယွမ်မှာ ဝက်များ၏ အနံ့ဆိုးဆိုးကို သတိရသွား၏။

အနံ့အတွက်မူ သူ့အနေဖြင့် အဖြေကောင်းစဉ်းစားဖို့လိုသည်။

ထို့အပြင် ၎င်းတို့အား ပိုဝဝ ကြီးထွားစေဖို့ နည်းလမ်းလည်း စဉ်းစားရမည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment