no

Font
Theme

အခန်း ၁၅။ ဝူမြို့တော်

အလုပ်သမားနေ အဆောင်များ ဆောက်လုပ်ပြီးစီး၍ မပြီးခင်တွင် ဆောင်းရာသီကို နီးကပ်လာပြီဖြစ်သည်။ လက်မှုပညာသည်များက နှစ်တစ်ဝက်လောက်နေခဲ့ရာ ယခုတွင် ထွက်ခွာဖို့ အချိန်ကျပြီဖြစ်၏။

လင်းယွမ်က အဆောင်၏ ရှေ့၌ ရပ်ရင်း အတော်လေး စိတ်တိုင်းကျနေသည်။ ခေတ်သစ်တိုက်ခန်းများနှင့် ယှဉ်လျှင် ဤအဆောက်အဦက လုံးဝ မဆိုးလှပေ။ ထို့အပြင် ၎င်းမှာ သုံးထပ်ရှိသဖြင့် ဤခေတ်များအတွင်း တည်ဆောက်ရန် အတော်ခက်သည်ဟု ယူဆနိုင်၏။

လက်မှုပညာရှင်များအပြင် နှစ်တစ်ဝက်လုံးလုံး ဆောက်လုပ်ခဲ့သော ဒုက္ခသည်များသည် အသုဘအခမ်းအနားသို့ တက်ရောက်နေပုံရသလို မျက်နှာထားများဖြစ်နေသည်။ ဤနေရာ၌ အလုပ်လုပ်ခဲ့သည့် ဒုက္ခသည်များဟာ ပုရွက်ဆိတ်မျှ လုပ်ခကိုပင် မရကြသော်လည်း ၎င်းတို့အနေဖြင့်

ကောင်းကောင်းစားနိုင်ပြီး နွေးထွေးစွာဝတ်စားဆင်ယင်နိုင်သည်။ ရက်အနည်းငယ်အကြာက သူတို့မှာ အသားအနည်းငယ်ကိုပင် စားနိုင်ခဲ့ကြရာ ဤအချိန်အတောအတွင်း ဒီလိုမျိုးဘဝဟာရှားပါ၏။

"သူဌေး၊ ကျွန်တော်လယ်လုပ်လို့ရပါတယ်။" ဒုက္ခသည်က လင်းယွမ်ကို မြင်ပြီး ချက်ချင်း ဒူးထောက်လိုက်ကာ မျက်ရည်များကျလာသည်၊ "ကျွန်တော် ဘာလစာမှ မလိုပါဘူး"

သူ့နောက်က ဒုက္ခသည်တွေလည်း ဒူးထောက်ပြီး သူ့ဦးဆောင်မှုနောက်ကို လိုက်လာကြသည်။ ၎င်းတို့အားလုံးမှာ အရွယ်ကောင်းရှိသူများဖြစ်ကြပြီး အမျိုးသား အမျိုးသမီးအားလုံးမှာ ငယ်ရွယ်သော်လည်း အသက်ကြီးရင့်သူ အသွင်အပြင်များ ရှိနေကြပြီဖြစ်သည်။

လင်းယွမ်သည် မူလတည်းက ၎င်းတို့ကိုစွန့်ခွာပစ်ရန်စီစဉ်ထားခြင်းမရှိခဲ့ပေ။ လက်ရှိတွင် အဆိုပါမြေကို စိုက်ပျိုးလုပ်ကိုင်သူများမှာ ယန်ဇီအန်းနှင့်

သူ၏သူငယ်ချင်းများသာဖြစ်သည်။ ထို့အပြင် ၎င်း

တို့ထဲ၌ပင်လျှင် လူဦးရေ ၄၀သာစိုက်ပျိုးကြပြီး ၂၀က ဆီထုတ်ကြသည်။ လူ ၄၀ လောက်သာ စိုက်ပျိုးကြသော်လည်း ကောင်းစွာ ကိုင်တွယ်နိုင်ခြင်း ရှိကြသည်။ ၎င်းတို့မှာ အတွေ့အကြုံရှိလယ်သမားများဖြစ်ခြင်းအပြင် အရေးအကြီးဆုံးသော အကြောင်းပြချက်မှာ ၎င်းတို့အားလုံးသည်ရုပ်ပိုင်းဆိုင်ရာ အားကောင်းနေသောကြောင့်ဖြစ်သည်။

ဤလူများသည် ၎င်းတို့၏မိသားစုများကိုခေါ်လာပြီး ဤနေရာတွင်အခြေချနေထိုင်ရန်ပြင်ဆင်နေသည်။

လင်းယွမ်သည် ပထမဆုံးလူကို ဒူးထောက်ရာမှ ထရပ်ကူညီလိုက်ပြီး သူ၏ပခုံးကို ပုတ်လိုက်သည်။ “ခင်ဗျားတို့ အားလုံးကို ထွက်သွားဖို့ ကျွန်တော်မပြောဖူးပါဘူး။ ဘယ်သူမဆို နေချင်သရွေ့ နေနိုင်ပါတယ်။ လုံ့လဝီရိယရှိရှိ အလုပ်လုပ်နေသမျှ ဖြည့်စွက်စာ စားသုံးနိုင်မှာပါ။”

"သူဌေး! သူဌေး! ကျုပ် ခင်ဗျားကို ကန်တော့ပါ

မယ်!" မည်သူက ကြွေးကြော်လိုက်သည်ကို မသိရသေးသော်လည်း ဤလူအုပ်ကြီးသည် သူတို့၏ နဖူးများကိုဦးတိုက်လိုက်ပြီး ၎င်းတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကမှ ဟန်ဆောင်နေခြင်းမဟုတ်ဘဲ ဂါရဝများမှာ စစ်မှန်ပြီး ရိုးသားသည်။

လင်းယွမ်က ဘာမှပြန်မပြောပေ။ သူဟာ ဘာပြောရမှန်းမသိဘဲ ၎င်းက အံ့မခန်းစရာဖြစ်နေသည်။။

ခေတ်သစ်တွင် သူနေထိုင်ခဲ့စဉ်က မည်သူကမျှ သူ့ကို အလေးပြုခြင်းပင်မပြုခဲ့ရာ ကန်တော့သည်ကို ပြောရန်ပင် မလိုပေ။

ညနေပိုင်းတွင် လက်မှုပညာသည်များက နွားလှည်းများဖြင့် ထွက်သွားကြသည်။ ၎င်းတို့၏မိသားစုများအားလုံးက ဝူမြို့တော်၌ ရှိနေကြ၏။ ၎င်းတို့သည်နှစ်ဝက်လောက်သောလုပ်ခများရရှိခဲ့ရာ ယခုက သူတို့၏မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရန်အချိန်ဖြစ်သည်။

ပြောရလျှင် ဆောင်းဦးအစောပိုင်းနှင့် ဆောင်းရာသီ

အစကြားကာလတွင် ဝူမြို့၏ ဒုက္ခသည်များနှင့် နေထိုင်သူများသည် မထင်မှတ်ဘဲ ပဋိပက္ခများမရှိခဲ့ပေ။

ကျန်းကွေက သတင်းပို့လာပြီး ဝူမြို့၏ ချမ်းသာသော မိသားစုတော်တော်များများက မြို့ပြင်မှာ နေ့တိုင်း ကိတ်မုန့်များ ပေးနေခဲ့သည်ဟု ဆိုသည်။ ဒုက္ခသည်များစွာရှိနေသောကြောင့်၎င်းတို့သည် ယာဂုကို မတတ်နိုင်ဘဲ ပဲမလိုက်ကိတ်မုန့်များဖြင့်အစားထိုးခဲ့ကြသည်။ ဒုက္ခသည်များသည် ဇီဇာကြောင်ခြင်းမရှိ၊ စားနိုင်ခြင်းကပင် ဝူမြို့၏ တင်းမာသော အငွေ့အသက်များ အနည်းငယ် သက်သာလာစေခဲ့သည်။

ဤကာလအတွင်းက ကျန်းကွေအတွက်လည်း မလွယ်ပေ။ အစိုးရက အလုပ်များလာ၏။ မူလက အသေးအဖွဲ အရာရှိတစ်ဦးအနေဖြင့် သူသည် များစွာသော ကိစ္စများကို စီမံခန့်ခွဲရန် မလိုအပ်

သော်လည်း လက်ရှိတွင် လုံလောက်သော ဝန်ထမ်းမရှိပေ။ ဆောင်းရာသီအစတွင် ကျန်းကွေသည်ချည်ထည်အပေါ်ထပ်ကို ဝတ်၍ ထွက်ခွာမည် အပြုတွင် သူ၏ခြံဝန်း အပြင်ဘက်မှ တစ်စုံတစ်ယောက်မှအော်သံကို ကြားလိုက်ရသည်၊ “ဒုက္ခသည်တွေက ဝင်လာကြပြီ။ ဒုက္ခသည်တွေ မြို့ထဲကို ဝင်သွားပြီ။”

ဒုက္ခသည်များသည် အချိန်အတော်ကြာ ငတ်မွတ်နေခဲ့ပြီး ခွန်အားမရှိသင့်သော်လည်း လူများ အလွန်အမင်း ကျဉ်းကျပ်နေချိန်တွင် ၎င်းတို့သည် စိတ်ကူးပင်မယဉ်နိုင်သော အလားအလာများကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

ဝူမြို့၏ စစ်အင်အားမှာ အကန့်အသတ်ရှိသည်။ ဤဒုက္ခသည်အုပ်စုဟာ လမ်းတွေပေါ်မှာ ကောက်ယူသမျှကို အသုံးပြုရုံသာဖြစ်ပြီး လက်နက်မရှိကြပါချေ။

ပထမလူက တိုက်ပွဲတွင် သေဆုံးသွားသောအခါ၊ တိုက်ပွဲသည် အလွယ်တကူ မရပ်တန့်နိုင်တော့ပေ။

အဆုံးမသတ်ခင်တစ်ဖက်ကက လုံးဝရှုံးနိမ့်ရမည်။

ထို့အပြင် မပြီးခင်မှာ တစ်ယောက်ပြီးနောက်တစ်

ယောက်သေဆုံးကြလိမ့်မည်။

ကျန်းကွေသည် ချက်ချင်းပင် တံခါးကို သော့ခတ်ပြီး အိမ်ထဲမှ မထွက်ရန် သူ့မိသားစုကို လှမ်းပြောကာ ကြီးမားသော ခြေလှမ်းများဖြင့် အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် အပြင်ဘက်မှ အခြေအနေကို စစ်ဆေးရန် ပြတင်းပေါက်မှ အက်ကွဲကြောင်းတစ်ခုကို ဖွင့်လိုက်၏။ ကျန်းကွေ၏ ဇနီး ချန်ရှစ်သည်သူမ၏ပါးစပ်ကို ဖုံးအုပ်ကာ အပြင်ဘက်မှမြင်ကွင်းကြောင့် အော်ဟစ်မိလုနီးပါး ဖြစ်သွားသည်။

၎င်းတို့က အဝတ်စုတ်များဝတ်ပြီး အရိုးစုပုံပေါ်နေသည့် ဒုက္ခသည်တစ်ဦးမှာ ဖြတ်သွားဖြတ်လာတစ်ဦးထံကို ပစ်ဝင်လိုက်ကြောင်း တွေ့လိုက်ရသည်။ သူသည် ပါးစပ်ကိုဟ၍ ထိုလူ၏လည်ချောင်းကိုအပြင်းအထန်ကိုက်ချလိုက်သည်။ လမ်းသွားလမ်းလာတွေဟာ ရုန်းကန်ခဲ့ကြသော်လည်း ၎င်းတို့၏ ရုန်းကန်မှုတွေဟာ အားနည်းသည်ထက်လာခဲ့သည်။ ဒုက္ခသည်က ဖြတ်သွားဖြတ်လာ၏ အရေပြားနှင့်အသားကို ဖြဲစုတ်လိုက်ရာ သူ၏ပါးစပ်ထဲမှ သွေး

များက စီးကျနေသည်။

သူသည် လူတစ်ဦးနှင့်ပင် မတူတော့ပေ။

သို့ပေမယ့် သူ့ရည်ရွယ်ချက်က လူသားစားဖို့ မဟုတ်ပါပေ။ လမ်းသွားလမ်းလာ သေဆုံးသွားသောအခါ ဒုက္ခသည်က ခန္ဓာကိုယ်ပေါ်မှ ငွေနှင့် အဖိုးတန်ပစ္စည်းများကို စတင်ရှာဖွေလိုက်သည်။

ချန်ရှစ်၏ မျက်နှာသည်ဖျော့တော့လျက် ကျန်းကွေ၏ လက်မောင်းကို ဆုပ်ကိုင်ထားပြီး‌ အော်သံများက သူမနားထဲ ပဲ့တင်ထပ်နေ၏။

ဒုက္ခသည်များထံမှရော စစ်သားများနှင့် ဖြတ်သွားဖြတ်လာများထံမှရောဖြစ်သည်။

စစ်သားများသာအသတ်ခံရလျှင် ဒုက္ခသည်များမှာ အိမ်ထဲသို့ ဝင်ရောက်လာလိမ့်မည်။

ကျန်းကွေသည် ဆုံးဖြတ်ချက်တစ်ခုချလိုက်၏၊ "သွားကြစို့, မင်းအမေ၊ အဖေနဲ့ တာ့ဝကို ခေါ်လိုက်၊

ကိုယ်က လှည်းကိုအဆင်သင့်ပြင်လိုက်မယ်။ အခုထွက်သွားကြရအောင် "

ချန်ရှစ်သည် အိမ်ထဲသို့ အထိတ်တလန့် ပြေးသွားခဲ့သည်။

ဝင်သွားသောအခါ သူမဟာ အိမ်နီးချင်း၏ နေရာမှအော်သံကိုကြားလိုက်ရသည်။ ၎င်းက သူမအားတုန်လှုပ်ခြောက်ချား၍ လဲကျလုနီးပါး ဖြစ်စေခဲ့သည်။

သို့သော်လည်း သူမမျက်နှာဖျော့ဖျော့နှင့် သူမ၏မိဘများနှင့် ယောက္ခမများကိုခေါ်ခဲ့သည်။

ကျန်းအိမ်တွင် ဝင်ပေါက်နှစ်ခုရှိပြီး နောက်ဘက်တွင်မြည်းကိုကြိုးချည်ထားသည့် လမ်းကြောင်းငယ်တစ်ခုရှိသည်။ မြည်းလှည်းသည် မြင်းလှည်း သို့မဟုတ် နွားလှည်းနှင့် မယှဉ်နိုင်သော်လည်း ၎င်းတို့တွင် သက်ကြီးရွယ်အို လေးဦးနှင့် ကလေးတစ်ဦး ရှိရာ မြည်းလှည်းကို အသုံးပြုခြင်းက လမ်းလျှောက်ခြင်းထက် များစွာ ပိုမြန်သည်။

ကျန်းကွေသည် မြည်းကိုရှေ့တွင် ဦးဆောင်လိုက်သည်။ နောက်ဘက်မှာ ဝူမြို့တော်ရှိ ၎င်းတို့၏ နေအိမ်ရှိသည်။ ချန်ရှစ်မှာ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ခေါင်းကိုလှည့်ကြည့်လိုက်ရင်း အကြည့်တစ်ခုစီတိုင်းကြောင့် မျက်ရည်များကျလာသည်။ ၎င်းတို့ထွက်သွားသောအခါ တစုံတခုကိုမျှ မယူခဲ့ရဘဲ ရှိသမျှ အိမ်၌ကျန်ခဲ့သည်။ ဘာမှ မပါဘဲ ပြေးသွားခြင်းက ၎င်းတို့ ဘဝကို အာမခံနိုင်သော်လည်း ထိုကဲ့သို့သောကြီးမားသောကမ္ဘာကြီးတွင် ပိုက်ဆံနှင့် စားစရာမရှိဘဲ သူတို့ မည်သည့်နေရာကိုမှ သွားနိုင်မည်မဟုတ်သည်ကို ချန်ရှစ်သိပါ၏။

"ကိုယ်တို့ သွေးသောက်ညီလေးရဲ့ အိမ်ကို သွားကြမယ် " ကျန်းကွေကသူ့ဇနီး၏ စိုးရိမ်ပူပန်မှုတွေကိုမြင်တွေ့ရပြီး ပြောလိုက်သည်။ "ကိုယ့် သွေးသောက်ညီလေးက မြို့ဘေးမှာ မြေဝယ်ထားတယ်"

ချန်ရှစ်က အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်၊ "ကျွန်မတို့က ရုတ်တရက်သွားမှာဆို‌တော့ ကြောက်မိ

တာက......"

ကျန်းကွေက သူ့ဇနီးဘာကိုကြောက်တယ်ဆိုတာ သိပါ၏၊ လင်းယွမ်က ၎င်းတို့ကို မခေါ်ထားချင်မည်ကို စိုးရိမ်နေခြင်း‌ပင်၊ မည်သို့ ဖြစ်ဖြစ် ဤခေတ်တွင် လူများများစုခေါ်ထားခြင်းက ကျွေးမွေးဖို့ပါးစပ်တွေပိုများသည့် အဓိပ္ပာယ်ပင်။ ထို့အပြင် ၎င်းတို့သည်သွေးရင်းချာများ မဟုတ်ဘဲ သွေးသောက် ညီအစ်ကိုများသာဖြစ်ကြသည်။ ထို့အပြင် မည်သို့ဖြစ်စေ သွေးရင်းများသည်ပင် ခိုက်ရန်ဖြစ်ပွားနိုင်‌ချေရှိသည်။

"ဒါပေမယ့် ...... ကိုယ်တို့ကြိုးစားကြည့်ရမှာပေါ့။"

ကျန်းကွေလည်းမသေချာပေ။

၎င်းတို့သည် အဓိကလမ်းများမှ မသွားဝံ့ဘဲသေးငယ်သည့် လမ်းကြောင်းများမှသာ သွားဖြစ်သည်။ လူသံများကို ကြားရသည့်အခါ သစ်ပင်တွေနောက်မှာ ပုန်းနေရသည်။

ဝူမြို့တော် မည်သို့ မည်ပုံဖြစ်သည်ကို ဘယ်သူမှမသိ

ကြသလို ကျန်းကွေလည်း ၎င်းကိုမစဉ်းစားရဲပေ။ "မီးက စလောင်နေပြီ။ " ချန်ရှစ်သည် မီးခိုးငွေ့များကောင်းကင်၌ ပြည့်နေသော ဝူမြို့၏ ဦးတည်ဘက်ကိုကြည့်လိုက်သည်။

ကျန်းကွေ: "မကြည့်နဲ့၊ သွားကြစို့"

ဝူမြို့တော် အဆုံးသတ်သွားပြီဟု ကျန်းကွေ မိမိဘာသာ စဉ်းစားမိသည်။

လင်းယွမ်သည် ကျန်းကွေကိုတွေ့သောအခါအံ့အားသင့်ခဲ့ရသည်။ သူက ဝူမြို့ငြိမ်မသက်ဖြစ်လိမ့်မည်ကို သူသိသော်လည်း ထိုမျှ ပြင်းထန်မည်ဟု မထင်ခဲ့ပေ။ ကျန်းကွေသည် ထိုနေရာကိုကမ္ဘာမြေပေါ်မှ ငရဲအဖြစ် ဖော်ပြခဲ့သည်။ လင်းယွမ်မှည ချက်ချင်းပင် နှစ်သိမ့်လိုက်၏၊ "တတိယအစ်ကို, မင်းစိတ်ပူစရာမလိုဘဲ နေလို့ရပါတယ်။ "

ကျန်း မိသားစုသည် အလုပ်သမားများအဆောင်များ

တွင် အခြေချနေထိုင်ခဲ့သည်။ ကုတင်များအားလုံးကို လက်မှုပညာသည်များမှ ပြုလုပ်ထားပြီး အပေါ်နှင့် အောက်ထပ်များပါရှိသည်။ လူခြောက်ယောက်သည် အခန်းတစ်ခန်းတွင် နေထိုင်နိုင်ပြီး ထိုင်ခုံများနှင့်ခွေးခြေခုံများလည်းရှိသည်။ သို့သော် သူတို့ကအပြင်မှာလုပ်ရမည့် ရေနွေးကြိုခြင်း သို့မဟုတ် ချက်ပြုတ်ခြင်းကို မလုပ်နိုင်ပေ။

"အစ်ကို ကျန်း" လင်းယွမ်သည် ညနေပိုင်းတွင် ကျန်းကွေဆီသို့ သွားရောက်လည်ပတ်ခဲ့သည်၊ "ရက်အနည်းငယ်ကြာရင် ကျွန်တော်နဲ့အတူ အနီးဆုံးရွာကို သိုလှောင်ထားဖို့ ကောက်နှံတွေ ပြန်ဝယ်ရအောင်လိုက်ခဲ့ပါ"

ကျန်းကွေက ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်သည်။ သူသည် စိတ်ပြန်လည်ကောင်းမွန်လာခဲ့ပြီး ခေါင်းညိတ်ကာသဘောတူခဲ့သည်။

ကျန်းကွေက သူနှင့် လင်းယွမ်တို့ဟာ သွေးသောက်ညီအကိုတွေ ဖြစ်ပါလျှင်တောင် အခွင့်ကောင်းမယူနိုင်သလို သူဟာ ဆန်ပုံးမဟုတ်ကြောင်း သက်သေပြ

ဖို့ တစ်ချို့အရာတွေကို လုပ်ရမယ်ဆိုတာ ရှင်းရှင်း လင်းလင်း သိပါ၏။

လောလောဆယ်တွင် လီစန်းရုံနှင့် ယန်ဇီအန်းတို့သည် စိုက်ပျိုးရေးလုပ်ကိုင်ကြပြီး ဆီစက်ရုံမှ လည်း ဆီထုတ်ယူဆဲဖြစ်သည်။ သို့သော်ဆီကိုရောင်းရန်မသုံးတော့ပေ။ အလုံအလောက်စုဆောင်းပြီးချိန်တွင် ရပ်တန့်၍ ဆီထုတ်လုပ်နေသည့် လူ ၂၀က ပေါက်ပြားတွေယူလာကာ လယ်မြေတွေကို စိုက်ကြ၏။

ယန်ဇီအန်းနှင့် လီစန်းရုံတို့သည် ဝူမြို့အကြောင်း ကြားသောအခါ ဘာမှ မပြောခဲ့ပေ။

ဤသတင်းကို ဖုံးမထားနိုင်တာကြောင့် မကြာခင်မှာပင် ဝူမြို့မှာ ဖြစ်ပျက်ခဲ့သည်ကို လူတိုင်းသိကုန်ကြသည်။

အလုပ်လုပ်နေချိန်တွင် လူတိုင်းက နှုတ်ဆိတ်နေကြပြီး ခွန်အားကို ပိုအသုံးပြုကြပါ၏။ ဘယ်သူကမှ အားမလျှော့ကြပေ။

တစ်ခါတရံတွင် အပိုဆန်စေ့တစ်စေ့ကလည်း ပိုမိုရှင်သန်နိုင်ရန် အခွင့်အလမ်း အနည်းငယ်ဟု အဓိပ္ပာယ်ရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment