အခန်း ၁၇။ အိမ်အမြန်ပြန်ခြင်းအပေါ် နှစ်မြုပ်ထားသည့် နှလုံးသား
ဆန်များဝယ်ယူခြင်းက လင်းယွမ်တွေးထားသည်ထက် ပိုလွယ်သည်။ တာ့ညန်၏ မျိုးရိုးအမည်က ကျောက်ဖြစ်ပြီး သူမ၏ ခင်ပွန်းက ကျန်းဖြစ်သည်။ ဤနေရာရှိလူများက သူမအား ကျောက်တာ့ညန် သို့မဟုတ် လောင်ကျန်း၏ဇနီးဟု ခေါ်ကြသည်။ သုမလည်း လယ်ထဲမှ သူမ၏ ခင်ပွန်းကို ပြန်ခေါ်၍ သတိပေးလိုက်၏၊ "ခေါင်းမမာနေနဲ့၊ ဈေးနှုန်းက နည်းနည်းနိမ့်နေရင်တောင် အနည်းဆုံးတော့ ကျီထဲမှာ နေရာယူထားတာထက် သာတယ်လေ"
သူမ၏ အမျိုးသားက စိတ်မရှည်စာ ပြန်ဖြေ၏၊ "သိပါတယ်ကွာ"
ကျောက်တာ့ညန်: "ကျွန်မပြောတာကို မှတ်ထားဦး!"
ဈေးနှုန်းကို အလွယ်လေး သဘောတူခဲ့ပြီး ကျန်းကွေမှာ ကျောက်တာ့ညန်၏ ဆန်ဟောင်းအားလုံးအပြင် အခြားမိသားစုများ သိုလှောင်ထားသော ဆန်
ဟောင်း အားလုံးကိုပါ ဝယ်လိုက်သည်။ ၎င်းတို့အားလုံးကို သယ်ရန် လှည်းဆယ်စီးစာ ရှိသည်။
၎င်းတို့မှာ နွားထပ်ဝယ်ဖို့ မတတ်နိုင်တော့သဖြင့် တစ်ခုတည်းသော ကျန်သည့် ရွေးချယ်စရာမှာ စိုက်ပျိုးရေးခြံသို့ ကိုယ်တိုင် ပြန်ဆွဲသွားရန် လူများ ငှားရမ်း ဝယ်ယူရန်ဖြစ်သည်။
"ငါတို့မှာ ငွေဘယ်လောက်ကျန်သေးလဲ?" ကျန်းကွေက ယခုမှ လည်ချောင်း အရမ်းခြောက်နေကြောင်း သတိပြုမိသည့် လင်းယွမ်ထံ ရေတစ်ပန်းကန် လှမ်းပေးလိုက်သည်။ သူဟာ စိတ်ထဲမှ တွက်ပြီးနောက် အသံတိုးတိုးဖြင့်ပြော၏" "ထယ် ၅၀ကျန်သေးတယ်"
၎င်းတို့မှာ လမ်းတလျှောက် ငွေအားလုံး ကုန်လုနီးပါး ဝယ်ခဲ့သည်။
ကျန်းကွေ: "လူတွေဝယ်ကြရအောင်"
လင်းယွမ်က ခေါင်းငြိမ့်သည်။ ၎င်းတို့အနေဖြင့် လူဝယ်ရန် အခြားမြို့ကိုသွားရမည်ဖြစ်ပြီး ဤနေရာ၌
ဝယ်စရာလူမရှိပေ။ အစားအသောက်များအား ဤနေရာ၌ ချန်ထားပြီး ဤနေရာရှိ လူများက ဆန်ဟောင်းများကို ဂရုမစိုက်သဖြင့် ခိုးကြမည်မဟုတ်ပေ။ ကျောက်တာ့ညန်လည်း အခိုင်အမာသဘောတူပြီး ၎င်းတို့အတွက် စားသောက်ကုန်များကို စောင့်ကြည့်ပေးဖို့ ကတိပေးလိုက်၏။
ထယ် ၅၀က များလှပုံမရသော်လည်း ယနေ့တွင် အရွယ်ရောက်လူတစ်ဦး၏ တန်ကြေးက ၂ထယ်သာရှိပြီး အမျိုးသမီးများနှင့် ကလေးများက ၁ထယ်သာရှိသည်။ ထို့အပြင် ၎င်းက ပိုကောင်းသည့် အခြေအနေမျုးအရဖြစ်သော်လည်း ယခုတန်ဖိုးက အရွယ်ရောက်လူတစ်ဦးအတွက် ၁ထယ်နှင့် အမျိုးသမီးများ ကလေးများအတွက် ထယ် တစ်ဝက် သို့မဟုတ် ထိုထက်ပိုနည်းသည်အထိ ကျဆင်းသွားခဲ့နိုင်သည်။
လင်းယွမ်က ခေတ်သစ် လူ့ကျင့်ဝတ်များကို လိုက်နာဖို့ မစီစဉ်ထားပေ။ ခေတ်သစ်တွင် လူကုန်ကူးခြင်းမှာ သေချာပေါက် မကောင်းသည့် အပြစ်ဖြစ်သော်လည်း ဤခေတ်၌ ၎င်းတို့ကိုယ်ကို ရောင်းချလို
သည့် လူများမှာ စားဝတ်နေရေးမတတ်နိုင်သည့် သူဆင်းရဲများဖြစ်သဖြင့် ရှင်သန်ရန် အခွင့်အရေးအတွက် သခင်ကောင်း မိသားစုတစ်ခုထံမှ အဝယ်ခံချင်ကြသည်။
ရည်ရွယ်ရင်းနှင့် ခေတ်က ကွဲပြားသဖြင့် သင့်အနေနှင့် တူညီသည့် ကိစ္စကို တူညီသည့် ကျင့်ဝတ်များနှင့် တန်ဖိုးများကို သုံး၍ မဖြေရှင်းနိုင်ပေ။
နောက်မြို့သို့ အသွားလမ်းတွင် လင်းယွမ်က ကျန်းကွေကို ပြော၏၊ "အစ်ကိုကျန်း ဒီလောကကြီးက ဘာဖြစ်သွားပြီလို့ထင်လဲ? ပိုပြီးတောင် ဆိုးလာတာလား ဒါမှမဟုတ် တဖြည်းဖြည်း ပိုကောင်းလာတာလား?"
ကျန်းကွေက အဝေးကိုကြည့်လိုက်ရင်း သူ၏ အမူအရာက ရှုပ်ထွေးလာကာ အဆုံး၌ သက်ပြင်းချလိုက်၏၊ "ပိုဆိုးတယ်။ မြို့အစိုးရဆီမှာ အလုပ်လုပ်တုန်းက လက်ရှိ ဧကရာဇ်က ပြည်တွင်းရေးကို စိတ်မဝင်စားသလို အရာရှိတွေ အားလုံးကလည်း လုပ်ချင်တာ လုပ်နေကြတယ်လို့ ငါကြားခဲ့တယ်။ ဝူမြို့တော် မကျခင်က အကျဉ်းထောင်တွေမှာ
သာမန်လူတွေနဲ့ကို ပြည့်နေတာ"
"မြောက်ပိုင်းမှာ ပလိပ်ရောဂါလည်းဖြစ်နေပြီး မြောက်ပိုင်းဒုက္ခသည်တွေ ဝင်လာတော့ တောင်ပိုင်းမှာပါ ပြန့်ဖို့ပဲရှိတယ်။"
လင်းယွမ်မှာ ပလိပ်ရောဂါအကြောင်းသိသည်၊ ၎င်းအား ယွမ်မင်းဆက်ခေတ်ကျဆုံးခြင်းအတွက် အဓိကအကြောင်းအရင်းအဖြစ် ထည့်တွက်နိုင်၏။ အချို့ ပညာသင်သားများမှာ ယွမ်မင်းဆက်ခေတ် ပလိပ်ရောဂါက တကယ်တမ်း ဥရောပ၏ မှောင်ခို ပလိပ်ရောဂါဟု ယုံကြည်ကြသော်လည်း သက်သေမရှိဘဲ သီအိုရီသာ ရှိသည်။
ဤခေတ်တွင် ပလိပ်ရောဂါများကို ကုသ၍ မရနိုင်ဘဲ ကူးစက်ခံရသူမှာ စိတ်ပျက်လက်ပျက်ငို၍ သေရဖို့ စောင့်နေရန်သာရှိသည်။
သို့သော် လင်းယွမ်က ပလိပ်ရောဂါအား ဤမျှမြန်မြန်ရောက်လာဖို့ မမျှော်လင့်ထားရာ ၎င်းက သူ့အား လုံးဝ သတိထားမိနေစေသည်။
သူဟာ ၎င်းက ယွမ်မင်းဆက်ခေတ် လုံးဝမကျဆုံးခင် ၂နှစ်လောက်ကြာမှ ပေါ်လာမည်ဟုထင်ခဲ့သည်။ သို့သော်လည်း လက်တွေ့နှင့် ထင်မြင်ချက်များအကြား၌ ခြားနားချက်ရှိနေ၏။
"ညီလေး ၄" ကျန်းကွေက ရုတ်တရတ် ပြောကာ ရှက်ရွံ့နေသည့် မေးကိုသပ်လိုက်သည်၊ "ဝူမြို့တော်ကို ကပ်ဘေးဆိုက်လာတုန်းက မင်းမရီးနဲ့ ငါတို့ နှစ်ယောက်လုံး ထိတ်လန့်နေပြီး မင်းက ငါတို့ကို မခေါ်ထားမှာ စိုးရိမ်နေခဲ့တာ။"
လင်းယွမ်က တစ်ခုခုပြောဖို့ လုပ်လိုက်သော်လည်း ကျန်းကွေက ဆက်ပြောလာသည်၊ "မင်းသာ ငါတို့ကို ဝင်ခွင့်မပေးရင်လည်း ငါက မင်းကို အပြစ်မတင်ပါဘူး။ အားလုံးက ကံကြမ္မာပဲလေ"
ဤသို့သော အခြေအနေမျိုးတွင် သူသာ လင်းယွမ်၏ နေရာ၌ဆိုလျှင် သူ့အနေဖြင့် အခိုင်အမာသဘောတူလိုက်ဖို့ မဖြစ်နိုင်လောက်ပေ။
ကျန်းကွေက ပြော၏၊ "ညီလေး ၄၊ ကောကောရဲ့ အသက်ကို မင်းကယ်ခဲ့တာပါ။ မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကိုပြော ကောကောက မင်းအတွက် အသက်တောင်စွန့်နိုင်ပါတယ်"
လင်းယွမ်က ပြုံးသည်၊ "အစ်ကို ၃၊ ကျွန်တော်တို့ ဘဝကောင်းကောင်းကို ခံစားပြီး အကောင်းဘက်က တွေးရမှာပေါ့"
"ဝဝလင်လင်စားပြီး နွေးနွေးထွေးထွေး ဝတ်နိုင်တာကတင် ဘဝကောင်းနေပါပြီ" ကျန်းကွေက ပြုံးလိုက်၏။
လင်းယွမ်သည် ဝူမြို့ ဘေးအန္တရာယ် ကျရောက်ပြီးကတည်းက ကျန်းကွေမှာ ပို၍ စိတ်ရှည်ပြီး တည်ငြိမ်လာသည်ကို တွေ့လိုက်ရသည်။ သူသည် ဖိစီးမှုများစွာခံစားနေရပြီး မိသားစု ၆ဦးက သူ့အား မှီခိုနေကြသည်။ ထို့ကြောင့် သူဟာ အနားယူဖို့တောင် မဝံ့ရဲဘဲ ကြောက်ရွံ့မှုတွေနှင့် ပြည့်နေခဲ့၏။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူလဲကျသွားသည်နှင့်
သူ၏ ကျန်မိသားစုလည်း ဆက်၍ မနေနိုင်တော့မည်ကို ကြောက်ရွံ့နေခြင်းပင်။
သွေးသောက် ညီအစ်ကိုများသည် နားထောင်ကောင်းသည်ဟု ထင်ရသော်လည်း ဆက်ဆံရေးက ဘယ်လောက်အထိ စိတ်ချရသနည်း?
ပိုင်ရှန့်မြို့ကိုရောက်သည့်အခါ လင်းယွမ်ဟာ သူ၏ ခွန်အားတွေ လုံးဝကုန်သွားသလို ခံစားရလိုက်ရသည်။ သုံးရက်တာ ခရီးသွားလာပြီး မြို့၏ဆိုင်းဘုတ်ကို မြင်သောအခါ သူသည်စိတ်လှုပ်ရှားဖွယ်ကောင်းသဖြင့် မေ့မျောလုနီးပါးပင်။ လျူမြို့ (၎င်းတို့ ထွက်ခွာလာခဲ့သည့်မြို့) မှာ အပြင်လူမရှိသည်က မဆန်းပေ၊ လမ်းက စိုစွတ်နေရုံသာမက ကျောက်တုံးလည်းထူထပ်သောကြောင့်ပင်။ နောက်ဆုံးတွင် နွားကို ဆွဲရန် လှည်းပေါ်မှ ဆင်းခဲ့ရသည်။
လျူမြို့နှင့် နှိုင်းယှဉ်ပါက ပိုင်ရှန့်မြို့သည် ပို၍ သနားစရာကောင်းပြီး စိတ်ပျက်ဖွယ်ကောင်းသည်။
လမ်းများသည် စုတ်ပြတ်သည့် အဝတ်များဝတ်ထား
သော သူဖုန်းစားများနှင့် ပြည့်နေကာ သူဆင်းရဲများက မိမိကိုယ်ကို ရောင်းချနေကြပုံပေါ်နေသည်။ လမ်းဘေးဈေးသည်တွေ မရှိသလို လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်တွေကိုလည်း ပိတ်ထားပါ၏။ ခရီးက သုံးရက်သာကွာဝေးသော်လည်း တစ်ဖက်က ကောင်းကင်ဘုံဖြစ်ပြီး နောက်တစ်ဖက်ကတော့ ငရဲပါပင်။
ကံကောင်းစွာဖြင့်၊ တည်းခိုခန်းများကို ဖွင့်ထားဆဲဖြစ်သည်။ လင်းယွမ်နှင့် ကျန်းကွေတို့ နှစ်ယောက် စလုံးဝင်ကြည့်လိုက်ရာ ဖောက်သည် အနည်းငယ်သာရှိသည်ကို တွေ့လိုက်ရကာ စျေးနှုန်းလည်း အလွန်ချိုသာသည်။
စားပွဲထိုးသည် အာဟာရချို့တဲ့သော လူငယ်တစ်ဦးဖြစ်ပြီး ဖောက်သည်များက အပိုငွေလေးပေးမည်ဟု မျှော်လင့်ကာ သူတို့ကို ဂရုတစိုက် စောင့်မျှော်နေခဲ့သည်။
လင်းယွမ်သည် မကြာမီတွင် ငွေများက တန်ဖိုးစတင်ဆုံးရှုံးတော့မည်ဖြစ်ကြောင်းသိလာသည်။ အရေးအကြီးဆုံးအရာက အစားအစာဖြစ်၏။
တော်လှန်သည့်အချိန်ရောက်လာသောအခါ စားသောက်ဖွယ်ရာများ ပို၍အရေးကြီးလာသည်။
ထို့ကြောင့်၊ ဤအချိန်တွင် လင်းယွမ်သည် အရွယ်ရောက် လုပ်နိုင်ကိုင်နိုင်သောအမျိုးသားများနှင့် အမျိုးသမီးများကို ဝယ်ရန်စီစဉ်လိုက်သည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် လယ်ယာမြေများစိုက်ပျိုးရမည်ဖြစ်သော်လည်း လိုအပ်ပါက၎င်းတို့အားသူတို့၏ ပေါက်ပြားများကို ကိုင်၍ ဓားပြများနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။
အလားအလာရှိသော ဝယ်သူများထံသို့ သူတို့ကိုယ်သူတို့ ရောင်းစားနေသူများဖြင့် လမ်းတစ်ခုလုံး ပြည့်နေသည်။ အချို့မှာ ဓားပြများအဖြစ်သို့ ရောက်သွားကာ ၎င်းတို့မိသားစုများက သေဆုံး၍ ၎င်းတို့ကို ချန်ထားခဲ့ကြသည်။
ကြင်နာတတ်သော ဝယ်သူနှင့်တွေ့ဆုံရန် မျှော်လင့်ကာ လမ်းများပေါ်တွင် မိသားစုတစ်စုလုံးအတူတကွ
စုရုံးနေကြသည့် သူများလည်းရှိသည်။
လင်းယွမ်နှင့် ကျန်းကွေတို့သည် ၎င်းတို့၏ရွေးချယ်မှုများကို ဆုံးဖြတ်ရန် အကြိမ်အနည်းငယ်လှည့်လည်သွားလာခဲ့သည်။ မိသားစုများရှိသည့် ကလေးများ သို့မဟုတ် လူကြီးများနှင့် အတူရှိသော လူငယ်အမျိုးသားများနှင့်အမျိုးသမီးငယ်များ ဆိုလျှင် ပိုပင်ကောင်းသည်။
ဤသို့သောလူများသည် ၎င်းတို့၏ မိသားစုများက ၎င်းတို့၏ အားနည်းချက်များဖြစ်သောကြောင့် သစ္စာဖောက်ရန် သဘောထားအနည်းဆုံးဖြစ်သည်။ ၎င်းတို့ဟာ ၎င်းတို့ကိုယ်ပိုင်ရှင်သန်ရပ်တည်ရေးကိုစဉ်းစားရုံသာမက ၎င်းတို့ မိသားစု၏ရှင်သန်ရပ်တည်ရေးကိုပါ စဉ်းစားရမည်ပင်။
သို့သော် လင်းယွမ်လည်း သူတို့ကိုအကြောင်းကြားခဲ့ပါ၏၊ မိသားစုလိုက် ခေါ်ဆောင်လိုလျှင် လူငယ်အမျိုးသားနှင့် အမျိုးသမီးအတွက် စျေးကိုသာ ပေး
မည်ဖြစ်ပြီး ပိုက်ဆံ ပိုပေးမည်မဟုတ်ဟုပင်။ သို့သော် ၎င်းတို့ မိသားစုများစားရန် အစားအစာများရှိလိမ့်မည်ဟု သူအာမခံနိုင်သည်။
လူစု အားလုံးက ဆန္ဒရှိကြ၏။
၎င်းတို့သည် အခြေအနေမဲ့ နေထိုင်ရန် မလိုအပ်တော့ဘဲ ယခုတွင် စားစရာ စားနိုင်တော့မည် ဖြစ်သည်။ သူတို့ကိုယ် သူတို့ ရောင်းစားလို့ ရလာသည့်ငွေက သူတို့အတွက် အရေးမကြီးပေ။
ဤလူများသည် လာမည့်မနက်တွင် လျူမြို့သို့ လင်းယွမ်နှင့် ကျန်းကွေတို့နှင့်အတူ လိုက်ပါလိမ့်မည်။ သူတို့တွင် ထုပ်ပိုးစရာမရှိသဖြင့် မည်သည့်အချိန်မဆို ထွက်ခွာနိုင်၏။
စုစုပေါင်း လင်းယွမ်သည် လူ ၄၀ကို ဝယ်ယူခဲ့ပြီးမိသားစုဝင်များဖြစ်သောလူများနှင့်ဆို အယောက် ၈၀ဖြစ်သည်...
ရောက်လာစဉ်က ၎င်းတို့ နှစ်ဦးသာဖြစ်သော်လည်း
ထွက်ခွာစဉ်တွင် လူအတော်များလှသည်။
လမ်းတစ်လျှောက်လုံးနီးပါး လူတိုင်း လျှောက်လာခဲ့ကြပြီး လင်းယွမ် နှင့် ကျန်းကွေတို့လည်း အတူတူပင်၊ မတတ်န်ိုင်ပါ.. လမ်းသည် အလွန်ကျောက်တုံး ထူထပ်၍ ရှုပ်ထွေးလှသည်၊ သတိမထားမိပါက ပြုတ်ကျကာ ကျိုးပဲ့နိုင်သည် သို့မဟုတ် ပိုဆိုးသွားသည်လည်း ဖြစ်နိုင်သည်။
လူတို့သည် လင်းယွမ်ကို အလွန်ကြည်ညိုကြပြီး ၎င်းတို့ အချင်းချင်း စကားမပြောရဲကြဘဲ လမ်းလျှောက်ရန်သာ အာရုံစိုက်ထားကြသည်။ နွားလှည်းတွင် အစားအသောက်များဖြင့် ပြည့်ကျပ်နေပြီး ပဲကိတ်မုန့်အချို့ရှိသည်။ ရေမရှိသော်လည်း တောအုပ်ထဲတွင် မြစ်တစ်စင်းရှိသည်။ ဆက်လက်ခရီးဆက်ရန် အလျင်အမြန်လုပ်ရမည်ဖြစ်သဖြင့် မည်သူမျှရေနွေးကြိုရန် အနှောင့်အယှက်မဖြစ်နေဘဲ လင်းယွမ်သည်ပင် မြစ်မှတိုက်ရိုက်သောက်ခဲ့သည်။
လင်းယွမ်သည် ရေထဲတွင် နေသည့် ကပ်ပါးကောင်များနှင့် ရောဂါဖြစ်စေသောဘက်တီးရီးယားများက
နည်းပါးကြောင်း ဗဟုသုတဖြင့် မိမိကိုယ်ကိုသာနှစ်သိမ့်နိုင်သည်။
စုစုပေါင်း စားစရာလှည်း ဆယ်စင်းရှိပြီး တစ်စီးနှင့် တစ်ဝက်ကို ဆွဲရန် အရွယ်ရောက် လူ၄ဦးလိုပါ၏။
ကံကောင်းသည်က ၎င်းတို့မှာ ၎င်းတို့နှင့်အတူ နွားတစ်ကောင်ရှိသဖြင့် အနည်းငယ်ခက်ခဲလည်း လုံလောက်သည်။
ပြန်ရတော့မည့်အချိန်တန်ပြီဖြစ်ရာ လင်းယွမ်၏နှလုံးသားသည် အိမ်သို့ အရှိန်ဖြင့်ပြန်ရန် လှုပ်ရှားနေခဲ့သည်။