အခန်း ၁၉။ အဆူခံရဖို့ ထိုက်တန်တယ်
စားစရာအိတ်အား သူဖုန်းစားများနှင့်အတူ ချန်ခဲ့သည်။ လင်းယွမ်က ၎င်းတို့်မှာ ဆန်ဟောင်းများကို ဆာလောင်စွာဖြင့် တိုက်ရိုက်စားလိုက်သည်အား မြင်သော် သူခံစားရသည့် ခံစားချက်ကို ရှင်းမပြနိုင်လောက်အောင်ပင်။ တစ်ခါတရံ သူဟာ ယွမ်မင်းဆက်ခေတ်ကျဆုံးခြင်းက မိုးနတ်မင်း၏ အလိုတော်ဖြစ်သည်ဟု တွေးမိ၏။ ယွမ်ခေတ်၏ နောက်ဆုံးအဆင့်မှာ မိုးခေါင်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ပလိပ်ရောဂါတို့ အားလုံး တစ်ချိန်တည်းဖြစ်ကာ အင်မတန် ဝမ်းနည်းဖွယ်ပင်။ သဘာဝဘေးအန္တရာယ်များ နှစ်များစွာ ဖြစ်နေခြင်းကြောင့် မပြိုလဲသွားလျှင်ပင် ကျိုးကြောင်းမသင့်ရာကျပေလိမ့်မည်။
နောက်ဆုံးတွင် အစားအစာကိုသာ မြင်နိုင်ခဲ့သောသူဖုန်းစားများသည် ၎င်းတို့၏ ဆာလောင်မှုကိုသက်သာစေရန် အနည်းငယ်မျှစားပြီးနောက် ခေါင်းကြည်လာခဲ့သည်။ ၎င်းတို့မှာ လင်းယွမ်၏ လူများကို တိုက်ခိုက်ရာတွင် အောင်နိုင်မည်မဟုတ်
သော်လည်း လောဘကြီးနေကြသေးပြီး လင်းယွမ်တို့ ထွက်ခွာသွားပြီးသည်အထိ မိုင်ပေါင်းများစွာ လူတန်းနောက်မှ လိုက်လာပြီးနောက် လင်းယွမ်က ၎င်းတို့ကို ခေါ်မသွားလိုကြောင်း သေချာသွားသည်။
၎င်းတို့ထွက်သွားသည့်အခါ ၎င်းတို့ကို ဘာတွေစောင့်နေမည်ဆိုသည်ကို မည်သူမှမသိကြပေ။
လင်းယွမ်သည်လည်း မသိခဲ့ပေ။
လင်းယွမ်က သူ့တတ်နိုင်စွမ်းက ကန့်သတ်ချက်ရှိမှန်းသာ သိသည်။ သူသာ ကူညီနိုင်ရင် ကူညီနိုင်သော်လည်း ဤမျှလူများစွာကို ကူညီဖို့ မဖြစ်နိုင်ပါပေ။
ကျူးကျုံးပါ့သည် လူငယ်တစ်ဦးဖြစ်ပြီး လှည်းဆွဲခြင်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်ရာ ၎င်းအတွက် သူ၏ အားအင်ကိုထုတ်ပြကာ လင်းယွမ်ကို စိတ်ထဲဗလာဖြစ်သွားစေခဲ့သည်။ အနာဂတ်ဧကရာဇ်က သူ့အတွက် လှည်းဆွဲနေတယ်ဆိုတာကို ဘယ်သူယုံမှာတုန်း?
အမှန်မှာသူသည် သူသည်အသစ်ရောက်ရှိလာသောသူဖြစ်သဖြင့် ဘေးမှတစ်ယောက်ယောက်က မေးလာ၏၊ "ကျုံးပါ့ မင်းက ဘယ်ကလာတာလဲ?"
ကျူးကျုံးပါ့: "ဟောက်ပြည်နယ် ကျုံးလီကပါ"
သူ့ ဘေးထွက်ရှိ လူကသက်ပြင်းချလိုက်သည်။
"ဒါက အတော်လေးဝေးတာပဲ"
ကျူးကျုံးပါ့က ပြုံးလိုက်သည်၊ "သိပ်မဝေးပါဘူး"
"မင်း အသက်ဘယ်လောက်ရှိပြီလဲ?"
ထိုလူက မေး၏။
ကျူးကျုံးပါ့: "ကျွန်တော့် အသက်ဘယ်လောက်ရှိတဲ့ပုံပေါ်လဲ"
လင်းယွမ်က ရုတ်တရက် ပြန်ဖြေ၏၊ "၁၉လောက်"
ကျူးကျုံးပါ့က ခေတ္တရပ်လိုက်ပြီး လက်မထောင်ပြလိုက်သည်။
"မှန်ကန်တဲ့ ခန့်မှန်းချက်ပဲ"
မဟုတ်ဘူးလား လင်းယွမ်သည် ရှေ့ရှိလမ်းကိုကြည့်လိုက်သည်။ ကျူးကျုံးပါ့၏ သမိုင်းဆိုင်ရာအချက်အလက်များအား သူသေချာသတိထားမိပြီးသူသည် ၂၅ နှစ်အရွယ်တွင် ကိုးကျီရှင်း၏ ခေါင်းပေါင်းနီတပ်များနှင့် ပူးပေါင်းခဲ့သည်ကို သိသည်။ ထို့နောက် ကိုးကျီရှင်း၏ မွေးစားသမီး မာရှစ်ကို လက်ထပ်ခဲ့သည်။ မာရှစ်သည် ကျူးယွမ်ကျန်း၏ ကံကောင်းသော ကြယ်ပွင့်လေးဟု ယူဆနိုင်သည်။
ကျူးယွမ်ကျန်းကို အခြားသူများက ဝိုင်းထားပြီး ကိုးကျီရှင်းက လမ်းပိတ်ထားလိုက်တိုင်း အခြေအနေကို ရင်ဆိုင်ပေးခဲ့သည့် မာရှစ်ကို ကျေးဇူးတင်ရမည်။ စစ်တပ်အာဏာရရှိပြီးနောက် စာရွက်စာတမ်းများနှင့်စာရင်းအားလုံးကို မာရှစ်က စီမံခန့်ခွဲခဲ့သည်။ ကျရှုံးသောတိုက်ပွဲတစ်ခုတွင် မာရှစ်သည် ကျူးယွမ်ကျန်း
ကို သယ်ဆောင်ရန် သူ (မ)၏ ခြေထောက်ကြီးကြီးကို အားကိုးပြီး ရန်သူစစ်တပ်မှ ထွက်ပြေးသွားသည့် ဒဏ္ဍာရီတစ်ခုလည်းရှိခဲ့သည်။
လင်းယွမ်က သက်ပြင်းချလိုက်ကာ၊ အိုင်း ဒီလို မိန်းမကောင်းတစ်ယောက်က ကျူးယွမ်ကျန်းရဲ့ ဇနီးဖြစ်တော့ သူ့အနေနဲ့ ခိုးဖို့တောင် မတွေးရဲပါဘူး။
စာနာတတ်ကာ နူးညံ့သိမ်မွေ့၍ ယဉ်ကျေးပြီး ခင်ပွန်းသည်၏ အသက်မွေးဝမ်းကြောင်းအတွက်ပင် ပံ့ပိုးပေးနိုင်သည်။ အခက်အခဲကို အတူ ရင်ဆိုင်နိုင်သလို စည်းစိမ်ဥစ္စာကိုလည်း အတူတူ မျှဝေခံစားနိုင်သည်ပင်။
လင်းယွမ်သည် သူ့စိတ်ထဲတွင် ကျူးယွမ်ကျန်းကို အနည်းငယ် မနာလိုဖြစ်မိသွား၏။
ထို့အပြင် ခြေထောက်ကြီးခြင်းက ချို့ယွင်းချက်သိပ်မရှိပါချေ။ ခေတ်သစ်တွင်၊ သူ့ရုံးခန်း၌ ဖိနပ်ဆိုဒ် ၄၂ဝတ်သည့် လုပ်ဖော်ကိုင်ဖက် အမျိုးသမီး နှစ်ဦးရှိရာ ယင်းသည် ထူးဆန်းနေပုံမပေါ်ပေ။
လင်းယွမ်က သက်ပြင်းထပ်ချလိုက်သည်၊ ဒီလိုမိန်းမမျိုးကို ဒီလောက်အချိန်တိုလေးနဲ့ မတော်တဆတော့
တွေ့နိုင်ရုံပဲရှိပြီး တောင်းဆိုရုံနဲ့ မရဘူးလေ။
ယဉ်ကျေးစွာဆက်ဆံခြင်းသည် လူအများစုကို စစ်ထုတ်နိုင်သည့်အရာဖြစ်သည်။
“အဖေက အစာငတ်ပြီး ဆုံးသွားတယ်၊ အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးတူရောပဲ။” ကျူးကျုံးပါ့သည် သူ့အတိတ်ကို သူပြန်သတိရပြီး မျက်လုံးများက မသဲကွဲသော ခံစားချက်များဖြင့် တဖျပ်ဖျပ်လက်သွား၏။
"ကျွန်တော့် အစ်မက အိမ်ထောင်ကျပြီး တတိယအကြီးဆုံးအစ်ကိုကတော့ လက်ထပ်ပြီး သူ့မိန်းမရဲ့ မိသားစုနဲ့ နေတယ်။"
သူ့အနီးရှိ လူများသည် ဆက်မမေးတော့ပေ၊ ဘယ်သူ့မှ နာကျင်စရာအတိတ်တွင်မရှိလို့လဲ?
ငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေခြင်းသည်ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်သည်။
အင်ပါယာတရားရုံးမှ ပေးအပ်သော ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ငွေများသည့် အစိုးရအဆင့်
တိုင်းတွင် အမြတ်ထုတ်ခံခဲ့ရသည်။ အဆုံးတွင် သာမန်ပြည်သူလူထုရရှိသော အမှန်တကယ်ငွေပမာဏသည် ၎င်းတို့ရရှိသင့်သည့် ပမာဏ၏ တစ်ရာခိုင်နှုန်းပင်မရှိပေ။
ဝိုင်နှင့်အသားအနံ့က တံခါးများထံမှ ပျံ့လွင့်နေလျက် အပြင်ဘက်လမ်းတွေမှာတော့ အေးစက်သည့် အရိုးများဖြင့် ဖုံးလွှမ်းနေလျက်။
[TN: ထန်မင်းဆက် ကဗျာဆရာ တာ့ဖူရဲ့ လူချမ်းသာတွေ အိမ်တံခါးနောက်ကနေ ဝိုင်နဲ့အသားအနံ့တွေ ပျံ့လွင့်လာချိန်မှာ လူဆင်းရဲတွေကတော့ အေးစက်ဆာလောင်မှုနဲ့ သေဆုံးနေကြတာကို သရော်တဲ့အနေနဲ့ ရေးထားတဲ့ ကဗျာက စာသားဖြစ်ပါတယ်]... ၎င်းက ကမ္ဘာမြေကြီးပေါ်တွင် နေ့စဉ်ဖြစ်ပျက်နေသည့်
အရာများကို သရုပ်ဖော်ထားသည်။
"အဆင်ပြေလာမှာပါ" လင်းယန်းက ရုတ်တရက် ပြောလိုက်သည် "ပိုကောင်းလာမှာပါ"
၎င်းက အချိန်အကြာကြီးတော့ ယူရလိမ့်မည်။
ကျူးကျုံးပါ့က ပြုံးလိုက်သည်၊ "ကျွန်တော်တို့လို ဆင်းရဲတဲ့သူတွေအတွက် အပြည့်အဝစားနိုင်ရင် လုံလောက်ပါပြီ"
သာမာန်လူများက များစွာ မလိုချင်ပေ။ အပြည့်အ၀စားပြီး နွေးနွေးထွေးထွေး ၀တ်နိုင်ကာ ရိုက်နှက်ခံရမည်ကို စိုးရိမ်စရာမလိုဘဲ မိသားစုရှိရုံဖြင့် ကျေနပ်နိုင်လောက်ပါသည်။ ထိုသို့သော အရာများသာ မဖြစ်နိုင်ပါက ငတ်မွတ်ခေါင်းပါးပြီး မသေသရွေ့ သူတို့တောင်းဆိုမှုများအား တစ်ခုခုစားဖို့ရှိပြီး ဆာလောင်၍ မသေသရွေ့ရနိုင်ပါသည်အထိပင် လျှော့ချရုံသာ ရှိတော့သည်။ အနိမ့်ဆုံးအခြေအနေကိုတောင် မရနိုင်လျှင် မတ်တတ်ထရပ်ပြီး ရှေးဆိုရိုးစကားအတိုင်း ကြွေးကြော်လိုက်ကြမည်: မင်းမျိုးမင်းနွယ်တွေ၊ အရာရှိတွေနဲ့ စစ်ဗိုလ်ချုပ်တွေ
ရဲ့ ဘဝက ကျုပ်တို့ထက် ပိုအဖိုးတန်ပြီး မွန်မြတ်တယ်ဆိုတာ သဘာဝကျရဲ့လား။ TN: ဒီစကားကို ပထမတုန်းက ချန်ရှန်းက ပြောခဲ့ပြီး နောက်မှာ တော်လှန်ရေး ဆောင်ပုဒ်အဖြစ်သုံးကြပါတယ်]
ကျူးယွမ်ကျန်းသည် ယခုအခါ သူ၏ စိတ်နှလုံးထဲမှနက်ရှိုင်းသော အင်ပါယာတရားရုံးအပေါ် အမုန်းတရားနှင့်ဒေါသကို ဖုံးကွယ်ရန်သင်ယူခဲ့ပြီးဖြစ်သည်။ သူ့မှာ ခံစားချက်မရှိသလို သူ့အတိတ်ကို အေးအေးဆေးဆေးပြောနိုင်ပါ၏၊ သို့သော် လင်းယွမ်က သေချာပါသည်၊ ဒီလိုမုန်းတီးမှုမျိုးက သင့်ရဲ့အရိုးထဲမှာ နစ်မြုပ်နေပြီး ဘယ်တော့မှ တူးလို့မရနိုင်ပါပေ။
"ဟုတ်သားပဲ ညီလေးလင်း"
ကျူးကျုံးပါ့က လှည်းကိုဆွဲရင်း ပြောလိုက်သည်။
"မင်း ဘယ်လိုလုပ် စားစရာတွေ အများကြီးလာယူဖို့ ဖြစ်သွားတာလဲ?"
ဘေးပတ်လည်ရှိလူများကလည်း နားစွင့်ထားကာ
အားလုံးသိချင်နေကြသည်!
လင်းယွမ်: "ကျွန်တော့်မှာ လူဦးရေ ၁၀၀နဲ့ စိုက်ပျိုးရေးခြံရှိတယ်။ အခုအချိန်မှာ ခက်ခဲတော့ ရိတ်သိမ်းပြီးသား စပါးတွေ မလုံလောက်မှာစိုးတာနဲ့ အပြင်မှာ ဝယ်ဖို့ ထွက်လာခဲ့တာပါ။ ကျွန်တော့်နောက်လိုက်သူတွေကို ငတ်ပြတ်နေဖို့ ကျွန်တော် ခွင့်မပြုနိုင်ဘူး။”
လင်းယွမ်သည် လင်းယွမ်ကို မတူကွဲပြားသော မျက်လုံးများနှင့် ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
"ညီလေး လင်း...ငါ မင်းလို သူဌေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး။"
သူ၏ ယခင်သူဌေးက သူ့မိသားစု၏အလောင်းများကိုပင် မြှုပ်နှံခွင့်မပြုခဲ့ပော မြေပိုင်ရှင်၏ခွင့်ပြုချက်မရဘဲ သူသည်၎င်းတို့ကို သင်္ဂြိုဟ်ရန် မြေယာကို ရှာမတွေ့နိုင်ပေ။
၎င်းတို့ကို မြေအောက်တွင် မြှုပ်နှံရန် မြေကွက်လေး
တစ်ခု ပေးခဲ့သည့် အခြားမြေပိုင်ရှင်တစ်ဦးရှိခဲ့သော်လည်း သင့်လျော်သော ခေါင်းတလားပင် မရှိခဲ့ပေ။
ဘယ် မြေပိုင်ရှင်က သူတို့ရဲ့ အငှားလယ်သမားတွေ ဝဝလင်လင်စားနိုင်ဖို့ကို စိတ်ပူလို့လဲ? ဖြစ်နိုင်လျှင် ၎င်းတို့သည် ကာယလုပ်သားများ အဖြစ်သုံးရန် လုံးဝ အစားစားဖို့ မလိုအပ်သော တိရစ္ဆာန်များ ဖြစ်ခိုင်းလိမ့်မည်။ ကျူးကျုံးပါ့မှာ ရုတ်တရတ် သိသိသာသာကို ကွဲပြားနေသော မြေပိုင်ရှင်တစ်ဦးနှင့် ကြုံဆုံခဲ့ရာ သူ၏ လင်းယွမ်ကို ကြည့်သည့် အမူအရာ ပိုမိုယုံကြည်လေးနက်လာသည်။
"ဆောင်းရာသီ ရောက်ခါနီးပြီ။ "
လင်းယွမ်သည် လည်ပင်းကိုထိလိုက်ရာ အပူချိန်လျှော့ကျသွားသည်ဟုခံစားရသည်။ ဤခေတ်မှာ လျှပ်စစ်အပူပေးစက်များမရှိသလို လူတိုင်းမတတ်နိုင်သည် ချည်စောင်တွေသာရှိသည်။
ကျူးကျုံးပါ့က ဘာမှပြန်မပြောသလို ဘယ်သူမှလည်း ဘာမှမပြောကြပေ။
ကျန်းကွေက နှာချေလိုက်သည်။
“ညီလေး၄, နောက်အင်္ကျီထပ်ဝတ်ချင်လား။"
လင်းယွမ်သည် ထိုမှသာ သူဟာ ချည်ပါး အင်္ကျီနှစ်ထည်ကို ထုပ်ပိုးထားခဲ့သည်အား သတိရမိသည်။ သူဟာ အင်္ကျီနှစ်ထည်အား ကလေးချီထားသည့် အမျိုးသမီးနှစ်ဦးထံကို ပေးခိုင်းလိုက်သည်။ အမျိုးသမီးများသည် ပိန်လှီကြသော်လည်း သားသမီးများအား လေမှာ ကာဆီးပေးရန် ကြိုးစား နေကြသည်။
မိခင်တစ်ဦး၏သဘောသဘာဝပါပင်....
"ကျေးဇူးတင်ပါတယ် သူဌေး၊ ကျေးဇူးတင်ပါတယ် သူဌေး!"
"သူဌေးလေးက ကြင်နာတတ်တယ်၊ ကျွန်မ သူဌေး
ကို ကန်တော့ပါမယ်!"
အမျိုးသမီး နှစ်ဦးသည် ၎င်းတို့၏ ကလေးများကို အကျီနှင့် ပတ်ရစ်ပြီး ချက်ချင်း ဒူးထောက်၍၊ ကြည်ဖြူစွာဖြင့် သုံးကြိမ်တိုင်တိုင် ကန်တော့လာကြသည်။
လင်းယွမ်သည် လိုချင်စိတ်ဖြင့် ကြည့်ရှုနေကြသောအခြားလူများကိုကြည့်ပြီး ပြောလိုက်၏၊ "ခင်ဗျားတို့ ကလေးတွေ မွေးပေးမယ်ဆိုရင် ကျွန်တော်အပေါ်ဝတ်အင်္ကျီတွေပေးမယ်လေ"
အမျိူသားများက ရပ်တန့်ပြီးနောက် ကျယ်လောင်စွာရယ်မောလိုက်သည်။
"ငါတို့မှာ ဘယ်လိုလုပ် ဒါမျိုးစွမ်းရည်ရှိနိုင်မှာလဲ။"
"ဟာဟား မင်းအဲဒီလိုလုပ်ဖို့ ယောက်ျားတစ်ယောက်ကိုတွေ့ရင်တော့ ဖြစ်နိုင်မှာပါ။ "
"မင်းဘာလို့ ငါ့နောက်ကိုကြည့်နေတာလဲ"
"မင်းရဲ့နောက်ပိုင်းက ကြီးတော့ သေချာပေါက် ကလေးမွေးနိုင်မယ်ဆိုတာ ငါသိတယ်။"
အမျိုးသားတစ်စုဟာ အချင်းချင်း ညစ်ညမ်းဟာသများ ပြောနေခြင်းကြောင့် စိတ်ဓာတ်ကျသည့် အငွေ့အသက်တွေက ယခင်ကထက် နွေးထွေးလာခဲ့သည်။
ကျူးကျုံးပါ့လည်း ပြုံးနေသည်။ သူဟာ လှည်းကိုဆွဲနေရသော်လည်း အခြားလူသုံးယောက်လည်း သူနှင့်အတူ ဆွဲနေကြသဖြင့် လေးလံလွန်းသည်ဟု မခံစားရပေ။ နောက်ဘက်တွင် ထိုယောက်ျားများ၏ မိသားစုများသည်လည်း လှည်းကိုတွန်းပေးနေကြသည်။ လှည်းသည် စားစရာများဖြင့် ပြည့်နေရာ ဘယ်လောက်လေးလေး ၎င်းတို့ မညည်းညူပါပေ။
ကျန်းကွေကနွားလှည်းကို ဦးဆောင်ပြီး လင်းယွမ်ကို ပြောလိုက်သည်၊ "အစ်ကို တောက် ဒီလူကို မမြင်စေနဲ့"လင်းယွမ် ရှုပ်ထွေးသွား၏။
"ဘာလို့လဲ? အစ်ကိုတောက်က ဆန့်ကျင်မှာ မဟုတ်...."
"အိုင်း မင်းဘာတွေတွေးနေတာလဲ!" ကျန်းကွေက နှိမ့်ချစွာပြောလိုက်သည် "ဒီလူက သာမန်အသွင်အပြင်ရှိနိုင်ပေမယ့် သူ့မျက်လုံးတွေက ကြည်လင်ပြီး ခန္ဓာကိုယ်က သန်မာနေတာတွေ့တယ်။ အစ်ကို တောက်က သူ့ကိုမြင်ရင် သူနဲ့ ညီအကိုအဖြစ် သစ္စာဆိုချင်မှာကို ကြောက်တာကွ။"
ကျန်းကွေ: "အဲ့အခါကျ မင်းကပဉ္စမညီလေးဖြစ်လာလိမ့်မယ်"
လင်းယွမ်: "...... "
ငါ တကယ်ဒီလိုမျိုးအရာကို မေ့နေတာပဲ။
အေးစက်စက်လေညင်းတစ်သွဲ့တိုက်ခတ်သွားပြီး လက်ရှိတွင် လယ်ကွင်းများကို ဆင်းကြည့်နေသော အစ်ကိုတောက်က နှာချေလိုက်သည်။ သူဟာ နှာခေါင်းကို ပွတ်လျက်ပြောလိုက်၏။
"ဘယ်သူ၊ ဘယ်သူက ငါ့အတင်းပြောနေတာလဲ?"
ဘေး၌ မြက်တစ်ဆုပ်ဝါးနေသည့် ယန်ဇီအန်းသည် လီစန်းရုံဆီသို့ လှမ်းကြည့်လိုက်သောအခါ အမူအရာမဲ့နေသော်လည်း မျက်လုံးထဲ၌ မထီမဲ့မြင်ပြုဟန်ရှိနေ၏။
သူသာ ကြိုတင်ကာကွယ်မှုမပြုပါက လီစန်းရုံသည် အခြားသန်မာသော လူနှစ်ယောက်နှင့် သွေးသောက် ညီအစ်ကိုများဖြစ်လာလုနီးပါးဖြစ်ခဲ့သည်။ ဒီလူမှာ တကယ်ကို အပြောခံရဖို့ ထိုက်တန်ပါ၏။
စာရေးသူ၏ မှတ်ချက်။
လီစန်းရုံ: "သွေးသောက်ညီအစ်ကို မလုပ်ဖို့က မဖြစ်နိုင်ဘူး၊ သွေးသောက်ညီအစ်ကို ရင်းနှီးမှုအပေါ် မှီခိုတာက စားဝတ်နေရေးအတွက် အဓိပ္ပာယ်ရှိတယ်"
T/N: [ Chineseလို ဒီစာကို Tongue Twisterနဲ့ ရေးထားတာပါတဲ့]