no

Ads_900_2
The Demon Lord Only Wants to Follow the Script

The Demon Lord Only Wants to Follow the Script

魔尊只想走剧情

5
Your Rating
Author Jimo Yao 即墨遥
Artist jjwxc
Translator MNS
Release 2022

Summary


updating

ဖန်းလီဟာ ခွေးသွေးဝတ္ထုထဲက အမြှောက်စာ gong နတ်ဆိုးသခင်အဖြစ် ကူးပြောင်းသွားခဲ့သည်။ နတ်ဆိုးအရှင်က ကျင့်ကြံရေးမှာ ထူးချွန်ထက်မြက်ပြီး သူ့အစွမ်းက ကောင်းကင်ဘုံကို တုန်လှုပ်စေသည်။ သူက မိုးတွေ လေတွေကို လှုံ့ဆော်နိုင်ပြီး ကျင့်ကြံရေးလောကကို ဝရုန်းသုန်းကား ဖြစ်စေ၏။ ညှို့ယူဖမ်းစားနိုင်လွန်းလှသော အဓိကဇာတ်ကောင် shou ကို မြင်မြင်ချင်းမှာပင် သူ ချစ်မိသွားရာ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်စုံတစ်ယောက်၏ မျက်နှာနှင့် နားရွက်များ နီရဲလာသည်အထိ အချစ်များစွာ ပေးအပ်လေတော့သည်။ 
 
ဖန်းလီ : ငါ ဒီလိုမျိုး မလုပ်နိုင်ဘူး 
 
စနစ် : ………

ဖန်းလီ တံခါးဝမှ ထွက်ထွက်ချင်းမှာပင် နတ်ဆိုးကျင့်ကြံသူများ၏ အမှောင်ထုကြီးက ဖျော့တော့မှိန်းမောနေသော ကျင့်ကြံသူတစ်စုကို ရေတစ်စက်ပင် မကျနိုင်လောက်အောင် ဝန်းရံပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ ယွင်ကျန်းချိုး ဂိုဏ်းတပည့်များ၏ ခေါင်းဆောင်သည် မားမားမတ်မတ်ရပ်ကာ  သူ့ဆီဦးတည်နေသော ဓားကို တစ်ဦးတည်း ရင်ဆိုင်နေ‌၏။ 
 
ဖန်းလီက အေးစက်ပြီး ပြိုင်ဘက်ကင်းသော ထိုလူကို ကြည့်လိုက်ရာ သူ့ဝတ်စုံဖြူနှင့် ဓားရှည်မှာ သွေးတို့ဖြင့် ရဲရဲနီနေတော့သည်။ တစ်ခဏအကြာ စဉ်းစားတွေးဆပြီးနောက်…. ဒါလည်း ဖြစ်နိုင်တာပဲဟု ရုတ်ချည်း ခံစားမိလိုက်၏။ 
 
ထိုနေ့မှာပင် သိုင်းလောက၏ နံပါတ်တစ် ကောင်းကင်ဘုံ၏သားတော် ယွင်ကျန်းချိုးဂိုဏ်းမှ ယွီယီကျွင်းသည် သူ့နောက်ရှိ ဂိုဏ်းဝင်တပည့်များကို ကာကွယ်နိုင်ရန် ရွေးချယ်ခွင့် မရှိခဲ့ပေ။ သွေးအေးရက်စက်လှသော နတ်ဆိုးအရှင်ကို အရှုံးပေးခဲ့ရသည်။ ပြိုင်ဘက်ကင်းပါရမီရှင်အား ဤမိစ္ဆာမှ နှိပ်စက်ညှဉ်းပန်းသည့်အကြောင်း တွေးကြည့်ရုံဖြင့်ပင် သိုင်းလောကတစ်ခုလုံး သက်ပြင်းမောချကာ လက်ကို တင်းတင်းဆုပ်၍ မျက်ရည်မစဲ ဖြစ်နေကြတော့သည်။ 
 
ဖန်းလီသည် အလှလေးကို အိမ်သို့ ခေါ်လာခဲ့၏။ အဖြောင့်တစ်ယောက်ကို သူ ဖိအားမပေးချင်သော်လည်း ဇာတ်လမ်းအတိုင်း လှုပ်ရှားနေရုံဖြင့် ပြဿနာ မရှိနိုင်ပေ။ “အဓမ္မအချစ်” ရှိုးကို သရုပ်ဆောင်နေရင်း ဇာတ်လိုက်shouအား ချစ်မြတ်နိုးသူများအတွက် အခွင့်အလမ်းများ ဖန်တီးကာ သူတို့ကြား ချစ်ခြင်းတရား တိုးပွားလာစေရန် ကူညီပေးနေခဲ့၏။ 
 
အမတမဟာမိတ်အဖွဲ့က ဖုကျိုးတောင်ကို တိုက်ခိုက်သည့်နေ့တွင် ဖန်းလီသည် သူ၏ဇာတ်ကွက်ကို ပြီးမြောက်ကာ သူ သေဆုံးသွားခြင်းနှင့်အတူ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ 
 
သူ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် ကိုးနှစ်တာ ကုန်လွန်ခဲ့လေပြီ။ နတ်ဆိုးအရှင် ဘဝက အတွေ့အကြုံများကို အသုံးချပြီး ဇာတ်ကောင်အသစ်ဖြင့် ရှင်သန်ရန် ဆုံးဖြတ်ပြီးသည့်နောက် မိုးကောင်းကင်အောက် နံပါတ်တစ်ဖြစ်နေဆဲ ဇာတ်လိုက် shou ဆီ အပြေးသွားလေသည်။ 
 
သွေးအေးလှသော ထိုလူက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာ၏။ သူ့မျက်ဝန်းထဲ ရူးသွပ်မှု အရိပ်အယောင်တို့နှင့်အတူ ဩရှရှ တိုးဖွဖွအသံဖြင့် မေးလာလေပြီ။ 
အရှင် ဒီတစ်ခါရော ဘယ်ကို ထွက်ပြေးချင်နေတာလဲ 
 
ဖန်းလီ : ဒီဇာတ်ညွှန်းနဲ့ပတ်သက်ပြီး ဘာတွေမှားနေတာလဲဟ ……

Lastest Chapter Update


Chapter1 02,February,2025
Chapter2 06,February,2025
Chapter3 10,February,2025
Chapter4 10,February,2025
Chapter5 12,February,2025
Chapter6 17,February,2025
Chapter7 23,February,2025
Chapter8 23,February,2025
Chapter9 15,March,2025
Chapter10 15,March,2025
Chapter11 15,March,2025
Chapter12 16,March,2025
Chapter13 20,March,2025
Chapter14 06,April,2025
Chapter15 06,April,2025
Chapter16 09,April,2025
Chapter17 15,April,2025
Chapter18 15,April,2025
Chapter19 21,April,2025
Chapter20 28,April,2025

Manga DISCUSSION


Leave A Reply

you must Login or register to post a comment