Chapter 12
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဖန်းလီသည် ကျူချင်းမြို့တွင်ရှိသောအစားအသောက်နှင့် ဖျော်ဖြေရေးနေရာတိုင်းကို လည်ပတ်ခဲ့ပြီး အတော်လေး စိတ်ကျေနပ်ခဲ့သည်။ နတ်ဆိုးနန်းတော်တွင် စည်းစိမ်ဥစ္စာအမျိုးမျိုး ရှိသော်လည်း နေရာသည် တောတောင်ထူထပ်၍ လူသူနည်းပါးသည်။ ‘လွတ်လပ်စွာကစားတဲ့ကစားသမားတစ်ယောက်အတွက်တောင် NPC ထားဖို့ လိုအပ်တယ်မလား။’
ဝူယီမေ့သည် အစပိုင်းတွင် တည်တံ့နေကာ အံဝင်ခွင်ကျမဖြစ်နိုင်သော်လည်း တဖြည်းဖြည်း နေသားကျလာသောကြောင့် အလုပ်ကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုသည်ကို ရပ်လိုက်သည်။ သူသည် ပွဲတော်အဖွဲ့ဝင်တစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့သည်။
ဇာတ်ညွှန်းထဲမှ ဖွံ့ဖြိုးလာသည့်လောကတစ်ခုဖြစ်သော်လည်း မျှော်လင့်ထားသည်ထက် စိတ်ဝင်စားစရာပိုကောင်းသည်။
ဖန်းလီသည် ဖြေးဖြေးမှန်မှန်လမ်းလျှောက်နေစဉ် လမ်းဘေးမှ ရောင်းချသူတစ်ယောက်၏ အော်သံကို ကြားလိုက်ရသည်။ “ချင်းယန် ပန်းကိတ်၊ လင်းရှန်းကျိုးပြည်နယ်ရဲ့အထူးထုတ်ကုန်! လက်လွှတ်ခံလို့မရတဲ့မုန့်နော်! လင်းရှန်းကျိုးပြည်နယ်ရဲ့ဒေသိယအထူးထုတ်ကုန်ပါ!”
အို? ဖန်းလီ၏စိတ်ဝင်စားမှုသည် ရုတ်တရက် မြင့်တက်လာသည်။ ‘တိမ်လွှာနှင်းမှုန်ဂိုဏ်းက လင်းရှန်းကျိုးပြည်နယ်မှာ မဟုတ်လား?’ သူသည် ရက်အနည်းငယ်ကြာ အပြင်ထွက်လာသည်ဖြစ်ပြီး ရှဲ့ဟွိုင်ကို ချစ်ခင်နေသယောင် ဟန်ဆောင်နေရသောကြောင့် ဤအရာအ လက်လွှတ်ခံ၍မဖြစ်ပေ။ ‘ဒီလင်းရှန်းကျိုးပြည်နယ်ရဲ့ဒေသိယအထူးထုတ်ကုန်ကို လက်ဆောင်ပဏ္ဏာအဖြစ် ပေးလို့ရတယ်လေ။ ကျူချင်းမြို့မှာနေတဲ့ လမ်းဘေးဈေးသည်တစ်ယောက်က လင်းရှန်းကျိုးပြည်နယ်ရဲ့ဒေသိယအထူးထုတ်ကုန်ကို ဘာကြောင့်ရောင်းနေရတာလဲဆိုတာ အရေးမကြီးဘူး၊ လုံးဝအရေးမကြီးဘူး။ စိတ်ကူးကောင်းရင် ရပြီ!’
“ကျွန်တော့်ကို တစ်ခုပေးပါ” ဟု ဖန်းလီပြောလိုက်သည်။
လမ်းဘေးဈေးသည်သည် ဝမ်းသာစွာဖြင့် ပိုက်ဆံယူပြီး ကိတ်ကို သေချာထုပ်ပိုးကာ ဖန်းလီထံ ပေးလိုက်သည်။ “နောက်လဲ ထပ်လာပါအုံး” ဟု ပြောလိုက်သည်။
ဝူယီမေ့၏မျက်နှာအမူအရာသည် အနည်းငယ်မှိန်သွားသည်။ ဤနေ့ရက်များအတွင်း သူသည် အရှင့်ဘေးတွင် တစ်ယောက်တည်းရှိနေခဲ့သည်။ ရှဲ့ဟွိုင်သည် အရှင်ဂရုစိုက်သည့်သူဆိုတာ သူမေ့သွားလောက်သည်အထိပင်။ လမ်းဘေးဈေးသည်တစ်ယောက်က “လင်းရှန်းကျိုးပြည်နယ်” ဆိုသည့် စကားလုံးတစ်လုံးကို ပြောလိုက်သည်နှင့် ရှဲ့ဟွိုင်အတွက် လက်ဆောင်ဝယ်ရန် သူအလျင်အမြန်သွားလိုက်သည်။
ဝယ်ပြီးသည်နှင့် ဖန်းလီသည် ဝူယီမေ့၏မှုန်မှိန်နေသည့်မျက်နှာအမူအရာကို မြင်လိုက်ရပြီး သူ့ကို မနာလိုဖြစ်နေသည့်ပုံပေါ်သည်။ ဝူယီမေ့တွင် ကောင်းသည့်အချက်များရှိသော်လည်း ရှဲ့ဟွိုင်နှင့်ပတ်သက်လျှင် အလွန်အထိမခံဖြစ်နေသည်။ ဖန်းလီသည် အနည်းငယ်ချောင်းဆိုးပြီး အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။ “အများကြီးမတွေးနဲ့။ ရှဲ့ဟွိုင်က စစ်တုရင်မှာ ရှိနေတဲ့အရုပ်သာသာပဲ၊ နားလည်ပြီလား?”
အဓိပ္ပာယ်ကတော့ ‘မင်းက ငါယုံကြည်ရတဲ့သူဖြစ်လို့ စစ်တုရင်ပေါ်မှာ ရှိနေတဲ့သူနဲ့ လိုက်ယှဉ်မနေနဲ့!’ဟူ၍ပင်။
ဝူယီမေ့သည် နှုတ်ခမ်းကို ဖိကပ်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
သူသည် ဖန်းလီ၏စကားကို မပြန်ဆိုပါ။ ဖန်းလီသည် ရှဲ့ဟွိုင်က စစ်တုရင်မှာ ရှိသည့်သူပါဟု ပြောရင် ရှဲ့ဟွိုင်ဟာ စစ်တုရင်မှာ ရှိနေရသည့်သူပဲဖြစ်ရမည်။ သူ့အတွက်တော့ ရှဲ့ဟွိုင်ကို နောက်တစ်လှမ်းနီးစေဖို့ အခွင့်အရေးမပေးချင်ပါ။
သူသည် ‘ရှဲ့ဟွိုင်ကို သတ်ပစ်နိုင်မဲ့နေ့ ရှိလာမှာပါ။ ဒါဆိုရင် အရှင့်ဘေးမှာရှိတဲ့သူဟာ သူတစ်ယောက်တည်းဖြစ်လာမှာ။’
ဖန်းလီသည် ဝူယီမေ့က သူ့စကားကို တကယ်နားထောင်နေလား သို့မဟုတ် သဘောတူနေဟန်ပဲဆိုတာလား မသိပါ။ သူသည် ခေါင်းကို ခါပြီး ရှေ့ကို ဆက်လျှောက်သွားသည်။
ဝူယီမေ့သည် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး သူ့အလားအလာသည် မကုန်နိုင်ပါ။ ‘ဇာတ်လိုက်ကို ဘာကြောင့် ရန်လိုနေရတာလဲ? အဲဒီအချိန်မှာ ငါတောင် မင်းကို မကယ်နိုင်တော့ဘူး။’
‘ဘဝမှာ ကြောက်စရာအကောင်းဆုံးက လမ်းပိတ်သွားတာပါပဲ။’
တည်းခိုနေထိုင်ရာကို ပြန်ရောက်ဖို့ နီးစပ်နေသည့်အချိန်တွင် လမ်းဘေး၌ လူတစ်စုသည် တစ်ယောက်ယောက်ကို ဝိုင်းနေသည်ကို မြင်လိုက်ရပြီး လူထုထဲမှ ငိုသံများ ကြားလိုက်ရသည်။
အတန်ကြာနားထောင်ကြည့်သောအခါ ဝိညာဉ်ဖြိုခွဲရေးဂိတ်မှ နတ်ဆိုးကျင့်ကြံသူများသည် သာမန်မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ ခေါ်ဆောင်နေကြောင်း နားလည်သွားသည်။ ဝိညာဉ်ဖြိုခွဲရေးဂိတ်၏ဂိတ်မှူးသည် မကောင်းသည့်အကျင့်တစ်ခုရှိသည်။ သူသည် အသစ်ကို နှစ်သက်ပြီး အဟောင်းကို မုန်းသည်။ သူသည် လူငယ်ယောက်ျားလေးနှင့် မိန်းကလေးများကို အတင်းအဓမ္မ ဖမ်းဆီးခိုင်းတတ်သည်။
ထို့ကြောင့် ဤနေ့ရက်များအတွင်း လမ်းပေါ်တွင် လှပသည့်သူများ သိပ်မတွေ့ရခြင်းဖြစ်သည်။ လမ်းပေါ်၌ ရှိသည့်သူများသည် အများအားဖြင့် အသက်ကြီးသည့်သူများ သို့မဟုတ် သက်လတ်ပိုင်းအရွယ်များသာဖြစ်သည်။
ဤနတ်ဆိုးကျင့်ကြံသူသည် ဘီလူးသရဲစီးသကဲ့သို့ ငယ်ရွယ်နုပျိုသည့်မိန်းကလေးတစ်ယောက်ကို ဆွဲခေါ်လာကာ ဘေးနားရှိ အဖွားအိုကို စိတ်မရှည်ဘဲ ပြောလိုက်သည်မှာ “ဂိတ်မှူးကြီးက အမြဲတမ်း ရက်ရောပါတယ်။ သူ့အတွက် ခင်ဗျားသမီးကို စိတ်ဝင်စားတာက ခင်ဗျားအတွက် ကံကောင်းတာပဲ။ မနက်ဖြန်ဆို သူ့ကို ခင်ဗျားဆီ ပြန်ပို့ပေးမယ်။ ဟောဒီရွှေဒင်္ဂါး ဆယ်ပေါင်ယူထား။”
ရွှေဒင်္ဂါးဆယ်ပေါင်သည် တကယ့်ကို ငွေပမာဏ မနည်းပါ။ လူ့အသက်များကို မြက်ပင်ကဲ့သို့ သဘောထားသည့် ဤနေရာမျိုးမှာဆိုလျှင် လူတစ်ယောက်၏အသက်ကို ဝယ်ယူ၍ရသည့် ပမာဏဖြစ်သည်။ ဒါကို “ရက်ရော” တယ်ဟု ပြောလျှင် မမှားပါ။ သို့သော် စိတ်မကောင်းစရာမှာ... အခြားတစ်ဖက်က လက်မခံဘူးဆိုသောစကားပင်။
ဖန်းလီသည် ဝူယီမေ့ကို နေရာမှာပဲ ဆက်ရှိနေဖို့ မျက်လုံးနှင့်အချက်ပြလိုက်ပြီး သူ့ဘာသာသူ လူအုပ်ထဲကို ဝင်သွားသည်။ ထိိုနတ်ဆိုးကျင့်ကြံသူသည် ဖန်းလီကို ချက်ချင်း သတိထားမိသွားကာ သူ့မျက်နှာသည် ရုတ်တရက် အေးစက်သွားသည်။ ‘ဝိညာဉ်ဖြိုခွဲရေးဂိတ်ရဲ့နယ်မြေထဲမှာ သူတို့ရဲ့အလုပ်ကို ဝင်ရှုပ်ဖို့ ဝံ့တဲ့သူ ရှိသေးတာလား?’
ဖန်းလီသည် မျက်လုံးထဲမှ အပြုံးနှင့် ဖော်ရွေစွာ ပြောလိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို ဘယ်လိုထင်လဲ? ကျွန်တော် ညအိပ်ဖို့ လာရောက်လျှောက်ထားချင်ပါတယ်။ တစ်ညကို ရွှေဒင်္ဂါး တစ်ရာပဲပေးမယ်။”
နတ်ဆိုးကျင့်ကြံသူသည် အံ့အားသင့်သွား၍ ဒေါသသည် လည်ချောင်းထဲ၌ ညှပ်သွားကာ ဖန်းလီကို စိုက်ကြည့်ရင်း စိတ်ရှုပ်သွားသည်။
သူစိုက်ကြည့်လိုက်သည်နှင့် သူ့အကြည့်သည် ဖန်းလီဆီမှ မခွာနိုင်တော့ပါ။ ဤလူသည် အသက်အားဖြင့် နည်းနည်းကြီးနေပြီ၊ အသက် နှစ်ဆယ်ကျော်ပုံရပြီး နေမကောင်းသကဲ့သို့ ပုံစံရှိသည်... သို့သော် သူ၏လုပ်ရှားမှုတိုင်း၊ ဟန်အမူအရာတိုင်းသည် ဂုဏ်သိက္ခာရှိသည် ပုံစံမျိုးနှင့် သူ၏မျက်နှာသည် ဖြူရော်နေကာ သိမ်မွေ့လှပသည့်အသွင်အပြင်နှင့် တမူထူးခြားနေသည်။ ဤကဲ့သို့ရပ်နေသည်နှင့် သူ့ဘေးရှိ ငယ်ရွယ်နုပျိုသည့် မိန်းကလေးသည် ရုတ်တရက် မှေးမှိန်သွားသကဲ့သို့ ဖြစ်သွားသည်။
အင်မတန် ရှားပါးသည့် အဆင့်မီ အလှတရားပါပဲ။ သူ့ပုံစံသည် ကြီးမားသည့် ဂိုဏ်းကြီးများ၊ ချမ်းသာသည့်အိမ်ထောင်စုများမှ လူတစ်ယောက်ကဲ့သို့ ပုံစံရှိသည်။ ကျူချင်းမြို့တွင် ဤကဲ့သို့ အဆင့်မီသော အလှတရားရှိသည့်သူတစ်ယောက်မှ မရှိပါ။
ဖန်းလီသည် အေးအေးဆေးဆေး ပြောလိုက်သည်။ “ကျွန်တော့်အိမ်က ဒုက္ခရောက်ပြီး အခုထိ လှည့်လည်နေထိုင်နေရတယ်။ ဂိတ်မှူးကြီးရဲ့ ရက်ရောမှုကို မြင်တော့မှ ဒီအတွေးပေါက်လာတာ။ ဒီဈေးနှုန်းနဲ့ မရဘူးဆိုရင်တော့ ကျွန်တော် ဆက်မနှောင့်ယှက်တော့ပါဘူး။”
ဤစကားပြောပြီးသည်နှင့် သူထွက်သွားတော့သည်။
နတ်ဆိုးကျင့်ကြံသူသည် ချက်ချင်းပင် မိန်းကလေးကို လွှတ်လိုက်ပြီး ဖန်းလီကို လာတားကာ ခပ်ယဲ့ယဲ့ ပြုံးရယ်ရင်း ပြောလိုက်သည်။ “ရွှေဒင်္ဂါး တစ်ရာလောက်က ဘာမှမဟုတ်ပါဘူး၊ ဂိတ်မှူးကြီးက မတွန့်တိုပါဘူး။ လူငယ်လေး ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့အတူ လိုက်လာပေးပါ။”
ဖန်းလီသည် ချက်ချင်းပင် ပြုံးလိုက်ပြီး “ကောင်းပြီ” ဟု ပြောလိုက်သည်။
ဖန်းလီသည် နတ်ဆိုးကျင့်ကြံသူနှင့်အတူ ထွက်ခွာသွားသည်ကို မြင်သည့်အခါ ဝူယီမေ့၏အရိပ်သည် လူအုပ်ထဲမှာ ပျောက်ကွယ်သွားသည်။ အရှင်သည် ဒီနည်းဖြင့် ဝိညာဉ်ဖြိုခွဲရေးဂိတ်ထဲသို့ ဝင်ရောက်သည်ဆိုလျှင်င် ဝိညာဉ်ဖြိုခွဲရေးဂိတ်၏ဂိတ်မှူးကြီးကို အသိပေးပြီး ထွက်ပြေးရန် ကြိုတင်စီစဉ်ထားသည်မှာ စိုးရိမ်စရာမလိုတော့ပါ။
ဝိညာဉ်ဖြိုခွဲရေးဂိတ်၏စခန်းသည် ယခင်က မြင့်မြတ်တောင်ထွဋ်ဂိုဏ်းကို ပြင်ဆင်ပြီး တည်ဆောက်ထားခြင်းဖြစ်သည်။ ဝိညာဉ်ကျောက်တွင်းကို ကြီးကြပ်ရသည့်အတွက် လူဦးရေသည် သိသိသာသာ တိုးလာပြီး ဂိုဏ်း၏ဧရိယာသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာသည်။
ဂိုဏ်း၏အနောက်ဘက်နားရှိ လှေကားထစ်တစ်ခုတွင် ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူးကြီးသည် ကုလားထိုင်ပေါ်၌ လဲလျောင်းနေပြီး သူ့ဘေးတွင် လှပသည့် အစေခံမိန်းကလေးများက သူ့ကို အားရပါးရ ပြုစုနေကြသည်။ သို့ရာတွင် ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူးကြီးသည် စိတ်မပါဘဲ စိတ်မရှည်သည့်ပုံစံဖြင့် ထိုင်နေသည်။
သူ့ဘေးမှ နတ်ဆိုးကျင့်ကြံသူများသည် စိုးရိမ်ပူပန်နေကြပြီး အသံမထွက်ရဲကြပါ။ ဂိတ်မှူးကြီးသည် သာမန်အမျိုးအစားများကို မကြိုက်ဘဲ စင်ကြယ်ပြီး မညစ်ပတ်သည့် အပျိုစင်များကို ကြိုက်နှစ်သက်သည့်အတွက် ကီလိုမီတာ တစ်ရာအတွင်းမှ ရှိသမျှ လူငယ်လူရွယ်များကို ဖမ်းဆီးထားပြီးသား ဖြစ်နေသည်။ ယနေ့ဆို အိမ်တိုင်းမှာ သတိထားနေကြ၍ သင့်တော်သည့် အပျိုစင်တစ်ယောက်ကို ရှာဖွေရသည်မှာ ခက်ခဲလာသည်။ ထို့အပြင် ဂိတ်မှူးကြီးသည် ထပ်နေသည်ကို အလွန်မုန်းသည့်အတွက် အလှဆုံးကိုပင် နှစ်ကြိမ် မလိုလားပါ။ ထိုအရာသည် သူ့လက်အောက်ငယ်သားများအတွက် စိန်ခေါ်မှုတစ်ခုပင်။
ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူးကြီးသည် လက်လှမ်းပြီး သူ့လက်ထဲမှ ဝိုင်ဖန်ခွက်ကို လှဲချလိုက်သည်။ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို လှမ်းခေါ်ပြီး ဒေါသထွက်ကာ ပြောလိုက်သည်။ “အပေါစားတွေချည်းပဲ။”
“ဘယ်သူ့ကိုမှ မတွေ့ရင် ဆုကြေးကို ဘယ်လိုမြှင့်ရမလဲ မင်းမသိဘူးလား? ပိုက်ဆံအလုံအလောက်ပေးရင် အဲဒီစျေးပေါတဲ့သာမန်လူတွေက သူတို့ကိုယ်သူတို့ မဆက်သဘူးလို့ မင်းထင်နေတာလား?”
နတ်ဆိုးကျင့်ကြံသူသည် ရိုရိုသေသေ သဘောတူပြီး ကဲ့ရဲ့ပြုံးပြုံးလိုက်သည်။ “သာမန်လူတချို့ထက် မပိုပါဘူး။ သူတို့ကို မျက်နှာသာပေးနေတာတောင် သူတို့က မလိုချင်ကြဘူး။ သူတို့ကို ဘာလို့ပိုက်ဆံပေးမှာလဲ? ဒီကျွန်က တံခါးဖျက်တစ်အိမ်တက်ဆင်းပြီး ဂိတ်မှူးကြီးကို ဆက်သဖို့ အလှပဂေးတွေကို ဖမ်းဆီးပါ့ပေးမယ်!”
နတ်ဆိုးကျင့်ကြံသူများ၏အမြင်တွင် ထိုသာမန်လူများသည် လူဟုပင် မရေတွက်နိုင်ဘဲ လိုသလို ရိုက်နှက်သတ်ဖြတ်နိုင်သည်။ သူတို့ကို ပိုက်ဆံပေးခြင်းသည် အမှန်တကယ်ပင် အလွန်ထူးဆန်းပါသည်။
ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူးသည် သူ့ကို ဝိုင်ခွက်နှင့် ပစ်ပေါက်ပြီး မပျော်မရွှင် ပြောလိုက်သည်။ “လူမိုက်ဆိုတာ လူမိုက်ပဲ! ဝက်ခြံထဲက ဝက်တွေကိုတောင် သတ်ဖို့ အဆီတက်တဲ့အထိ မွေးရသေးတယ်။ အဲဒီလို တံခါးဖျက်တစ်အိမ်တက်ဆင်း လုယက်ပြီး သူတို့အားလုံးကို ကြောက်လန့်သွားအောင် လုပ်ရင် နောက်ပိုင်းမှာ ဖမ်းဖို့ ဘယ်သူ့ကို ရှာမှာလဲ? လူနည်းနည်းနဲ့ ဖြေရှင်းနိုင်တဲ့အရာကို အဲဒီလောက်ကြိုးစားအားထုတ်ချင်နေတာလား။ ရွှေဥဥတဲ့ငန်းကို မသတ်ရဘူးဆိုတာ မင်းနားမလည်ဘူးလား?”
ဖန်းလီသည် ထိုစကားများကို ကြားရန် အချိန်မီရောက်လာပြီး သဘောတူဟန်ရှိခဲ့သည်။ ယခင်က နတ်ဆိုးကျင့်ကြံသူသည် သာမန်အမျိုးသမီးကို အတင်းအဓမ္မ ဖမ်းဆီးသည့်အခါ ပိုက်ဆံပေးနေသေးတာ အံ့သြစရာမရှိဘူး။ ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူးမှာ ကျွမ်းကျင်မှုအချို့ရှိလိမ့်မယ်ဟု သူ မမျှော်လင့်ခဲ့ပါ။
သူသည် လူငယ်အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးတိုင်း တစ်ညအကြာတွင် ပြန်လွှတ်ပေးပြီး လျော်ကြေးအဖြစ် ရွှေများစွာပင် ပေးလိမ့်မည်...... လူအများစုသည် ဒေါသကို မြိုသိပ်ကြမည်ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုကို တပ်မက်ကာ သူတို့၏သားသမီးများကို မိမိတို့ကိုယ်တိုင်ပင် ဆက်သလိုသူများပင် ရှိတတ်သည်။ ထို့ကြောင့် တစ်နှစ်ကျော်ကြာပြီးနောက် ကျူချင်းမြို့အနီးတစ်ဝိုက်ရှိ အနည်းငယ်ကြည့်ကောင်းသော လူငယ်အမျိုးသားနှင့် အမျိုးသမီးအားလုံးနီးပါးကို ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူးက တစ်ကြိမ်စီ စော်ကားခဲ့သည်......
ဤလုပ်ရပ်များသည် လုံးဝရိုင်းစိုင်းသော်လည်း ပိုက်ဆံအလုံအလောက်ပေးပြီး အသက်အန္တရာယ်မရှိသောကြောင့် သာမန်လူများသည်ဆက်လက်ခံနိုင်ပြီး အဆင်ပြေနိုင်သည်ဟု ခံစားကြရကာ သူတို့၏မိသားစုတစ်ခုလုံးကို စုစည်းထွက်ပြေးရလောက်အောင် မဆိုးရွားလှပေ။
စော်ကားခံရသောကလေးများအတွက်သာ ဝမ်းနည်းစရာဖြစ်သည်။
ဖန်းလီကို ခေါ်ဆောင်လာသော နတ်ဆိုးကျင့်ကြံသူသည် လျင်မြန်စွာ ဝင်လာပြီး ချော့မော့စွာ ပြောလိုက်သည်။ “ဂိတ်မှူးကြီး၊ ကျွန်တော် အရှင့်အတွက် လူတစ်ယောက် ခေါ်လာခဲ့ပါတယ်။”
ဒီလိုအရည်အသွေးမြင့်ကုန်ပစ္စည်းမျိုးကို အချိန်အကြာကြီး ရှာဖွေမှ တွေ့နိုင်မှာပါ...... ဂိတ်မှူးကြီး သေချာပေါက် ကျေနပ်မှာ။ နတ်ဆိုးကျင့်ကြံသူသည် ဂိတ်မှူးကြီးကို မျှော်လင့်တကြီး ကြည့်လိုက်ပြီး ဂိတ်မှူးကြီး ရုတ်တရက် ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။
မဖြစ်နိုင်ဘူး၊ သူ အဲဒီလောက်ထိ စိတ်လှုပ်ရှားနေတာလား?
နောက်တစ်စက္ကန့်တွင် သူသည် ဂိတ်မှူးကြီး မြေပြင်ပေါ်သို့ ဒူးထောက်ကာ ယိမ်းယိုင်စွာ ဦးညွှတ်နေသည်ကို တွေ့လိုက်ရပြီး သူ၏စကားများက တုန်ယင်စွာ ထွက်လာသည်။ “အ၊ အရှင်၊ အရှင်၊ အရှင်..... အ၊ အရှင် ကြိုတင်အကြောင်းမကြားဘဲ ဒီကို ဂုဏ်ပြုဖို့ ဘယ်လိုရောက်လာတာများလဲ......”
ဖန်းလီရှေ့မှ နတ်ဆိုးကျင့်ကြံသူသည် သူ၏ခေါင်းကို ဖြည်းဖြည်းချင်း၊ တဖြည်းဖြည်းချင်း၊ မာကြောစွာ လှည့်လိုက်ပြီး ဖန်းလီကို ကြည့်လိုက်သည့် သူ့မျက်လုံးများသည် နှိုင်းယှဉ်၍မရအောင် ကြောက်လန့်တုန်လှုပ်နေသည်။ ဂ...ဂိတ်မှူးကြီး၊ သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ?
ဖန်းလီသည် သူ့လက်များကို နောက်ကျောဘက်တွင် ထားလိုက်သည်။ သူ၏အမူအရာသည် နူးညံ့ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ထပါ။ လမ်းမှာ တွေ့ရင်းရောက်လာတပ။ အဲလောက် စိတ်လှုပ်ရှားဖို့ မလိုပါဘူး။”
ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူးသည် တုန်ယင်စွာ ထရပ်ပြီး သတိကြီးစွာ မေးလိုက်သည်။ “အ၊ အရှင်၊ အရှင်...... ဒီခရီးစဉ်မှာ အမိန့်ပေးလိုသည်များ ရှိပါသလား?”
“အမိန့်အတိအကျတော့ မရှိပါဘူး” ဖန်းလီသည် ပြုံးပြီး သူ့နှုတ်ခမ်းများသည် အပေါ်ကို ကော့တက်သွားသည်။ “ငါအရှင် အခုလေးတင် ကြားလိုက်ရတဲ့ အဲဒီစကားက အလွန်ကျိုးကြောင်းဆီလျော်တယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ ဝက်ခြံထဲက ဝက်တွေကို သတ်ဖို့ အဆီတက်တဲ့အထိ မွေးရသေးတယ်။ ဒါကြောင့် ငါအရှင် မေးမယ်။ ငါ့ကို ပေးဖို့ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဘယ်တော့ ပြန်ပေးဖို့ စီစဉ်ထားလဲ? အခုချိန်မှာ အတော်များများ စုဆောင်းထားပြီ မဟုတ်လား?”
ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူး၏အမြင်တွင် သာမန်လူများသည် ခွေးများနှင့် ဝက်များကဲ့သို့ဖြစ်သည်။ နတ်ဆိုးအရှင်ရန်ဆွေး၏အမြင်တွင် သူသည် ခွေး သို့မဟုတ် ဝက် မဟုတ်ဘူးလို့ ဘယ်လိုပြောနိုင်မလဲ?
ဝိညာဉ်ဖြိုခွဲရေးဂိတ်မှူး၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူလှည့်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ပြေးဖို့ ကြိုးစားသော်လည်း သူထွက်ပြေးသွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ကြာပွတ်ဖြင့် ပြင်းပြင်းထန်ထန် ပြန်ရိုက်ခံရပြီး ဖန်းလီ၏ ခြေထောက်အောက်ကို လဲကျသွားသည်။
ဝူယီမေ့သည် အမိုးစွန်းမှ ခုန်ဆင်းလာကာ သူ့လက်ထဲတွင် ကြာပွတ်ရှည်တစ်ချောင်းကို ကိုင်ထားသည်။ သူ၏နီညိုရောင်မျက်လုံးများသည် ရေခဲပမာအေးစက်ပြီး မှောင်မိုက်နေသည်။
ဖန်းလီသည် နောက်ဆုတ်လိုက်ပြီး ဝူယီမေ့သည် သူ၏လူများကို ချက်ချင်းပင် ပတ်ဝန်းကျင်၌ ဝိုင်းရံရန် အမိန့်ပေးလိုက်ကာ ယင်ကောင်တစ်ကောင်တောင် မလွတ်နိုင်အောင် သေချာလုပ်လိုက်သည်။
ဖန်းလီသည် ဖြည်းညှင်းစွာ ရှေ့ကို လျှောက်သွားပြီး ဂိတ်မှူး၏လက်ပေါ်ကို ခြေထောက်တစ်ဖက်နှင့် နင်းလိုက်သည်။ သူသည် မျက်လုံးကို အောက်ကိုချပြီး ပြုံးလိုက်သည်။ “ငါအရှင်ကို ပေးဖို့ရှိတဲ့အရာတွေကို အတိုးနဲ့ ပြန်ပေးရမယ်။”
……………………………………………
ရှဲ့ဟွိုင်သည် ဘေးနန်းဆောင်၏အခန်းထဲတွင် ထိုင်နေပြီး သူ့လက်ထဲမှ စာသည် လောင်ကျွမ်းသွားသည်။
ဖန်းလီ၏သဘောထားကြောင့် အနီးအနားမှ တိမ်လွှာနှင်းမှုန်ဂိုဏ်းသားများ၏ လုပ်ဆောင်ချက်များကို ဘယ်တုန်းကမှ အနှောင့်အယှက်မပေးခဲ့ဘဲ ဖုန်းယင်းနှင့် လက်တွဲပြီးသား ဖြစ်ခဲ့သည်။ ဤရက်ပိုင်းများ၌ အပြင်မှ သတင်းအချက်အလက်များသည် အဆုံးမရှိ စီးဝင်နေသည်။ ဖန်းလီသည် ဤခရီးစဉ်အတွင်း သူ၏လှုပ်ရှားမှုများကို မဖုံးကွယ်ထားခဲ့သောကြောင့် ရှဲ့ဟွိုင်သည် သူလုပ်ခဲ့သည့်အရာအားလုံးကို သူ့လက်ဖဝါးပေါ်ကပမာ သိသည်။
တောင်ကနေ ထွက်လာပြီးနောက် ဖန်းလီသည် ပထမဦးဆုံး ရက်အနည်းငယ်ကြာ ရှုခင်းတွေကို ခံစားခဲ့ပြီး ရုတ်တရက် ဝိညာဉ်ဖြိုခွဲရေးဂိတ်ကို သွား၍ ဂိတ်မှူးကို မိုးကြိုးနှင့် ဖျက်ဆီးလိုက်ကာ သူ့အလောင်းကို ဂိုဏ်းတံခါးအပြင်ဘက်တွင် အဝတ်မပါဘဲ ချိတ်ဆွဲထားရန် အမိန့်ပေးခဲ့သည်။ အဲဒီနောက်တွင် ဝူယီမေ့ကို ဝိညာဉ်ကျောက်တုံးတွင်းကို တာဝန်ယူဖို့ အမိန့်ပေးခဲ့သည်...... ပုံမှန်အားဖြင့် သူသည် မလုပ်ဆောင်သော်လည်း လုပ်ဆောင်ပြီဆိုရင် တုမန်ကို အရိုးထဲအထိ ထိခိုက်အောင် လုပ်ဆောင်ခဲ့သည်။
ဒီရက်ပိုင်းများမှာ အခေါင်းပေါက်တောင်တန်းသည် တက်ကြွတဲ့ ဆွေးနွေးမှုတွေနှင့် ပြည့်နေသည်။ လူတိုင်းက စိုးရိမ်ပူပန်နေကြပြီး ဖန်းလီ၏ရည်ရွယ်ချက်များကို ခန့်မှန်းနေကြဟည်...... ဒါပေမယ့် ရှဲ့ဟွိုင်က ထိုလူ၏ပုံမှန်၊ ပျင်းရိသည့်ပုံစံကို ပြန်သတိရပြီး ဝိညာဉ်ဖြိုခွဲရေးဂိတ်ကို ကိုင်တွယ်ခြင်းသည် လမ်းကြုံလုပ်ဆောင်ချက်တစ်ခုသာ ဖြစ်နိုင်ပြီး ရှုခင်းများကို ခံစားတာကသာ အမှန်ဖြစ်သည်ဟု အနည်းငယ် ခံစားလိုက်ရသည်။
ဤရက်ပိုင်းများတွင် ဖန်းလီနှင့် ဝူယီမေ့သည် ခွဲ၍မရအောင် အတူရှိနေပြီး ပျော်ရွှင်နေကြသည်။ သူတို့သည် ပြန်လာရန်ပင် မေ့လောက်အောင် ပျော်ရွှင်နေကြပြီ ဖြစ်သည်။
ရှဲ့ဟွိုင်၏နှုတ်ခမ်းထောင့်သည် အနည်းငယ် ကော့တက်သွားသည်။
သို့ရာတွင် ထိုအရာများထဲတွင် ထူးဆန်းတာ ဘာမျှမရှိပါ။ ဝူယီမေ့သည် သူအယုံကြည်ရဆုံးလူဖြစ်သည်။ ဝူယီမေ့ရှေ့တွင် ရှဲ့ဟွိုင်နှင့်မတူဘဲ ဟန်ဆောင်ရန် မလိုပါ...... ထိုအရာအားလုံးသည် အချစ်၏သဘောပြသမှုတစ်ခုသာ ဖြစ်သည်။
ရိုးသားသည့်ခံစားချက်နှင့် မရိုးသားသည့်ခံစားချက်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ထိုနှစ်ယောက်သည် သူနှင့်မတူဘဲ သူ့ကဲ့သို့ အမှန်တကယ် အပြန်အလှန်ယုံကြည်သည့်အဖော်များပင် ဖြစ်သည်။
ရှဲ့ဟွိုင်သည် သူ့လက်ထဲမှ စက္ကူပြာများကို ဆုပ်ကိုင်လိုက်ပြီး သူ၏အမူအရာသည် အသိစိတ်မကပ်သကဲ့သို့ ဖြစ်နေသည်။ ဤရက်ပိုင်းများတွင် သူသည် အနားမယူဘဲ ဝိညာဉ်ချိတ်ပိတ်မှုအတွက် တိုက်ခိုက်နေသည်။ ယခုချိန်တွင် သူ၏ကျင့်ကြံမှုသည် သုံးပုံတစ်ပုံနီးပါး ပြန်လည်ကောင်းမွန်လာပြီး ဝိညာဉ်ချိတ်ပိတ်မှုကို ဖောက်ထွက်ရန် သိပ်မကြာတော့ပေ။ အချိန်တန်ရင်......
ရှဲ့ဟွိုင်၏အမူအရာသည် ရုတ်တရက် အေးစက်သွားသည်။ သူထပြီး တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်လိုက်ကာ မဖိတ်ခေါ်ဘဲ ရောက်လာသည့်ဧည့်သည်ကို ကြည့်လိုက်သည်။
တုမန်သည် အနက်ရောင်ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး အသံမထွက်ဘဲ ဘေးနန်းဆောင်ထဲကို ခိုးဝင်လာချိန်တွင် ညရှုခင်းထဲ၌ ပျော်ဝင်သွားခဲ့ခြင်းဖြစ်သည်။
ဘေးနန်းဆောင်ထဲမှ ဖယောင်းတိုင်အလင်းရောင်သည် ငြိမ်းသွားသော်လည်း ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် သူ့အပေါ်သို့ စူးရှသည့်အကြည့်တစ်ချက် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ အဖြူရောင်ဝတ်စုံနှင့်လူသည် နန်းဆောင်အမိုးစွန်းအောက်တွင် တည်ငြိမ်စွာ ရပ်နေပြီး သူ့ကို အချိန်အတော်ကြာ စောင့်နေသကဲ့သို့ ပကတိတည်တံ့နေသည့်မျက်လုံးများနှင့် ကြည့်နေသည်။
တုမန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ ရှဲ့ဟွိုင်၏ကျင့်ကြံမှုကို ဝိညာဉ်ချိတ်ပိတ်အပ်များနှင့် ချိတ်ပိတ်ထားသည်ဟု ပြောကြသည်။ သို့ပါ၍ သူ့ကို ဤမျှလောက်မြန်မြန် ရှာမတွေ့သင့်ပါ...... တိုက်ဆိုင်မှုတစ်ခုများလား?
သူသည် မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး တစ်ဖက်လူကို စဉ်းစားဟန်နဲ့ ကြည့်နေသည်။
သူသည် ဤရက်ပိုင်းများတွင် ရှဲ့ဟွိုင်အပေါ်ထားသော ဖန်းလီ၏မျက်နှာသာပေးမှုများကို တွေ့ခဲ့သည်။ ပထမတွင် သူသည် အနည်းငယ် သံသယဝင်ခဲ့သည်။ ထိုလူသည် ဤမျှအထိ အေးစက်ပြီး ခံစားချက်မဲ့သည်ဆိုတာကို သူကောင်းကောင်းသိသည်။ သူသည် လူသားမဆန်သည့်ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး သူ့နှလုံးသားသည် လှုပ်ရှားလွယ်မည့်သူနှင့် မတူပါ။ သို့ရာတွင် ဤအချိန်အတွင်း၌ သူမြင်ခဲ့၊ ကြားခဲ့သည့်အရာအားလုံးကြောင့် သံသယမဝင်နိုင်တော့ပေ။
ရှဲ့ဟွိုင်အတွက် ဖန်းလီသည် ဤလောက်ထိ လုပ်နိုင်သည့်သဘောသည် အနည်းဆုံးတော့ ရှဲ့ဟွိုင်သည် သူ့အတွက် လူအများကြားမှာ ထင်ရှားနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
မကြာသေးမီက ဖန်းလီသည် ဝူယီမေ့ကိုခေါ်ဆောင်ကာ ဝိညာဉ်ဖြိုခွဲရေးဂိတ်ကို ရုတ်တရက်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ သူသည် ဝိညာဉ်ကျောက်တုံးတွင်းကို ထိန်းချုပ်ယူပြီး ဝိညာဉ်ဖြိုခွဲရေးဂိတ်မှ ခိုးယူထားသော ဝိညာဉ်ကျောက်တုံးများကို သိမ်းယူခဲ့သည့်အပြင် ဝိညာဉ်ဖြိုခွဲရေးဂိတ်၏ဂိတ်မှူးအလောင်းကို ဂိတ်ဝအထက်၌ အဝတ်မပါဘဲ ချိတ်ဆွဲထားခဲ့သည်…ထိုလုပ်ရပ်တိုင်းသည် တုမန်ကို ဦးတည်ထားခြင်းဖြစ်သည်။
တုမန်၏မျက်လုံးအကြည့်သည် ရေခဲကဲ့သို့ အေးစက်နေသည်။ ထိုမာနထောင်လွှားသောလူကို သူ၏ပလ္လင်မှ ဆွဲချပြီး ငိုကြွေးတောင်းပန်သည်အထိ ပြင်းထန်စွာ နှိပ်စက်မည့်အကြောင်းကို စဉ်းစားမိသောအခါ… သူ၏နှလုံးသားထဲတွင် ပီတီဖြစ်မှုနှင့် မျှော်လင့်ချက်အနည်းငယ် ဖြစ်ပေါ်လာသည်။
သို့သော် ဖန်းလီသည် ဤသို့ပြုမူခဲ့သည့်အတွက် သူ့ကို သတိထားနေမည်မှာ သေချာပြီး ဖန်းလီ၏စွမ်းရည်များကို သူအပြည့်အဝနားမလည်သေးသည့်အတွက် လျင်မြန်စွာလုပ်ဆောင်ခြင်းသည် သူ့အသက်ဆုံးရှုံးစေနိုင်လေသည်… သို့သော် ရှဲ့ဟွိုင်သည် မကောင်းသောအချက်တစ်ခု မဟုတ်ပေ။
လက်ရှိတွင် ရှဲ့ဟွိုင်သည် ကျင့်ကြံမှု ပိတ်ဆို့ခံထားရပြီး ဖန်းလီ၏အလိုလိုက်မှုကိုလည်း အပြည့်အဝရရှိထားသည်။ ဖြစ်နိုင်သည်မှာ ဖန်းလီသည် သူ့ကို သတိမထားမိပေ။
ယခင်က ဖန်းလီသည် ရှဲ့ဟွိုင်နှင့်အတူ တစ်နေ့ပြီးတစ်နေ့ ရှိနေခဲ့ပြီး တုမန်အနေဖြင့် ရှဲ့ဟွိုင်ထံချဉ်းကပ်ရန် အခွင့်အရေးမရခဲ့ပေ။ ဤတစ်ကြိမ်တွင် ဖန်းလီသည် တောင်ပေါ်မှ ခဏတာထွက်ခွာသွားပြီး တုမန်သည် ရှဲ့ဟွိုင်ထံလာရောက်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်နိုင်သည်။
တုမန်သည် ရှေ့သို့ချက်ချင်းတက်လာပြီး သူ၏မျက်နှာတွင် စိတ်ရင်းမှန်ရှိသည့်အသွင်ဖြင့်ပြောသည်။ “ဒီနေရာကို ရဲရင့်စွာလာရောက်ရတာ တစ်ခုတည်းသောအကြောင်းရင်းက ယွီယီကျွင်းထံ အကူအညီတောင်းခံဖို့ပါ။”
ရှဲ့ဟွိုင်၏မျက်နှာတွင် မည်သည့်စိတ်လှုပ်ရှားမှုမျှမရှိဘဲ “အခုအချိန်တွင် ကျွန်ုပ်က အကျဉ်းချထားခံရပြီး ကိုယ်ပိုင်ကိစ္စများနှင့်သာ များနေပါတယ်။ ကျွန်ုပ် အကူအညီပေးနိုင်မည်မဟုတ်ပါ။”
သို့သော် တုမန်သည် စိတ်ရင်းမှန်ရှိသည့်အသွင်ကို ဆက်လက်ထိန်းသိမ်းထားပြီး ဝမ်းနည်းပူဆွေးမှုပြည့်နှက်နေသောအသံဖြင့်ပြောသည်၊ “ယွီယီကျွင်းက ဤမျှမြင့်မြတ်တဲ့စရိုက်လက္ခဏာရှိသူဖြစ်ပါလျက် ထိုလူငယ်အရှင်ရဲ့အရှက်ခွဲခြင်းနဲ့ နှိပ်စက်ခြင်းကို ခံနေရတာက ကျွန်ုပ်ပင် မကြည့်နိုင်အောင်ဖြစ်နေပါတယ်…ယနေ့လာရောက်ခြင်းမှာ ယွီယီကျွင်းထံ အကူအညီတောင်းခံဖို့လို့ နာမည်တပ်ထားပေမဲ့ တကယ်တော့ ယွီယီကျွင်းကို ကျွန်ုပ်အကူအညီပေးလိုပါတယ်။”
ရှဲ့ဟွိုင်သည် စိတ်ဝင်စားသည့်အသွင် ပြလိုက်သည်။ “အိုး”
တုမန်သည် ဖြည်းညှင်းစွာပြောသည်။ “အခုအချိန်တွင် ရန်ဆွေးရဲ့အာရုံက သင့်အပေါ်၌ စိုက်ထားပြီး သင့်ကို သတိထားမိမည်မဟုတ်ပါ။ ကျွန်ုပ်ထံတွင် အဆိပ်တစ်ပုလင်းရှိပါတယ်။ ယွီယီကျွင်းက အဲဒါကို သူရဲ့အစားအစာထဲထည့်လိုက်တာနဲ့ ကျွန်ုပ် ယွီယီကျွင်းကို အဲဒီမကောင်းဆိုးဝါးရဲ့လက်ကနေ လွတ်မြောက်စေဖို့ အကူအညီပေးနိုင်ပါတယ်။”
ရှဲ့ဟွိုင်၏နှုတ်ခမ်းထောင့်သည် မြှင့်တက်လာပြီး “အရှင်ကလည်း နာမည်ကျော်တဲ့နတ်ဆိုးကျင့်ကြံသူတွေထဲက တစ်ဦးလေ။ အရှင် ကျွန်ုပ်ကို အသုံးချပြီး နတ်ဆိုးအရှင်ကို လုပ်ကြံဖို့ ကြံစည်နေတယ်လို့ ဘာကြောင့်များ တွေးမိရသနည်း။”
“ကျွန်ုပ်သည် နတ်ဆိုးအရှင်ကို လုပ်ကြံရန် ရည်ရွယ်ချက်ရှိသည်ကို ဝန်ခံပါတယ်……” တုမန်သည် ရဲရင့်စွာပြောသည်၊ “ဒါပေမဲ့ အဲဒီလူငယ်က တကယ်ပင် လွန်လွန်ကဲကဲပြုမူနေပါတယ်။ အခုအချိန်မှာ မဟူရောတောင်ကြောတစ်ဝှမ်းလုံးမှာ သူ့ကို မကျေနပ်သူများစွာရှိနေပါတယ်။ ကျွန်ုပ်နှင့် သင်တို့ရဲ့အမြင်က ကွဲပြားနေပေမဲ့လည်း လက်ရှိကိစ္စနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့နှစ်ဦးလုံးရဲ့ရည်မှန်းချက်က တူညီနေပါတယ်။ အဲဒီလူငယ်ကို သတ်ပစ်ချင်တာပဲလေ။ လူငယ်ကို သတ်ပစ်လိုက်ရင် ကျွန်ုပ်က မှန်ကန်သောလမ်းစဉ်တွေနဲ့ စစ်မက်ဖြစ်ပွားခြင်းမပြုဘဲ နေရာပြောင်းရွှေ့ကာ အေးဆေးနေပါမယ်လို့ ကတိပေးပါတယ်။ ဒါက တကယ့်ကို အပြန်အလှန်အကျိုးပြုတဲ့သဘောတူညီချက်ဖြစ်မယ်လို့ ထင်တယ်။ ယွီယီကျွင်းအနေနဲ့ ဒီအကြောင်းကို စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။”
မျှော်လင့်ထားသည့်အတိုင်း ရှဲ့ဟွိုင်၏မျက်နှာတွင် ပြောင်းလဲမှုမရှိသော်လည်း၊ သူ၏မျက်လုံးထဲတွင် လှောင်ပြောင်မှုတစ်ခု ဖြတ်သန်းသွားသည်။
တုမန်၏စကားသည် တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေသည်။ သူသည် ပလ္လင်ကို လုပ်ကြံရန် ပြင်းထန်သောရည်မှန်းချက်ကို မဖုံးကွယ်ခဲ့ပေ…… သို့သော် နေရာပြောင်းရွှေ့ကာ အနားယူမည်ဟူသော စကားမှာ မဖြစ်နိုင်ပေ။
ဖန်းလီနှင့် မပြောဆိုမိပါက ရှဲ့ဟွိုင်၏အမြင်တွင် ဤလူနှစ်ဦးသည် တစ်ပြားတည်းသော ဒင်္ဂါးပြားနှစ်ဖက်သာဖြစ်ပြီး ယုံကြည်စိတ်ချရသူများမဟုတ်ပေ။ သူတို့နှစ်ဦးကို တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ခွင့်ပေးလိုက်ရုံသာဖြစ်သည်။
ရှဲဟွိုင်သည် ဖန်းလီကမူ မည်သည့်အကြောင်းကြောင့်မျှ စစ်မက်မဖြစ်စေရန် ယုံကြည်သည်။ သို့သော် တုမန်သည် ပို၍ရိုင်းစိုင်းပြီး ရည်မှန်းချက်ကြီးမားကာ သူ၏လောဘသည် မပြည့်နိုင်ပေ။ သူသည် မဟူရာတောင်ကြောကို ထိန်းချုပ်ခွင့်ရပါက တရားမျှတသော ဂိုဏ်းများအတွက်နှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် ပို၍ပင် ကြီးမားသောဘေးအန္တရာယ် ဖြစ်လာမည်ဖြစ်သည်။
ထို့အပြင် ဖန်းလီကို သတ်ချင်လျှင်ပင် အဆိပ်ကို အသုံးမပြုဘဲ တုမန်နှင့် ပူးပေါင်းမည်မဟုတ်ပေ။
ရှဲဟွိုင်သည် တုမန်ကို ဂရုမစိုက်ဘဲ ထွက်ခွာတော့မည့်အချိန်တွင် နန်းတော်ခန်းမ၌ ဖန်းလီကို ကြည့်သော တုမန်၏အကြည့်အား ရုတ်တရက် သတိရသွားသည်။ ထိုအကြည့်သည် သားကောင်ကို စိုက်ကြည့်နေသော တောရိုင်းတိရိစ္ဆာန်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သောအကြည့် ဖြစ်သည်။ သူသည် ဖန်းလီကို သတ်ရန် တကယ်ပင်ရည်ရွယ်ခဲ့သလား။
ရှဲဟွိုင်၏ခြေလှမ်းများ ရပ်တန့်သွားပြီး သူ၏ မျက်လုံးများ တုန်ယင်သွားသည်။ သူက အေးစက်စွာ ပြောလိုက်သည်၊ “အရှင်အနေနဲ့ ကျွန်တော့်ကို ဒီနေ့အကြောင်း သူ့ကို ပြောပြမှာကို မကြောက်လောက်အောင် ယုံကြည်တာလား”
တုမန်သည် ယနေ့လာရဲရခြင်း၏ အကြောင်းရင်းမှာ ရှဲ့ဟွိုင်သည် ဖန်းလီကို ပြောပြမည်မဟုတ်ကြောင်း သေချာသောကြောင့်ဖြစ်သည်။
ရှဲ့ဟွိုင်သည် ရန်ဆွေး၏ဖိအားပေးခြင်းကို ခံရပြီး သူ၏စရိုက်သည် မာနကြီးပြီး အထီးကျန်ဆန်သည်။ သူနှင့် ရန်ဆွေးကြားတွင် သူ၏ ဂိုဏ်း၏သွေးကြွေးပင် ရှိသေးသောကြောင့် သူသည် ရန်ဆွေးကို မည်သို့ အလိုရှိစွာ လိုက်လျောနိုင်မည်နည်း။ ထို့ကြောင့် သူသည် ပူးပေါင်းရန် သဘောမတူလျှင်ပင် ဖန်းလီဘက်သို့ လုံးဝ မပါဝင်နိုင်ပေ။ ထိုသို့ဖြစ်လျှင် မေးရန် မည်သို့ လိုအပ်မည်နည်း။
တုမန်သည် ရှဲဟွိုင်၏အေးစက်ပြီး ဂရုမစိုက်သောအမူအရာကိုသာ မြင်ရသည်အထိ တစ်ဝက်တစ်ပျက် စိုက်ကြည့်နေသည်။ သူသည် တုမန်ကို မယုံကြည်လိုဘဲ စမ်းသပ်နေခြင်းသာ ဖြစ်သည်။
တုမန်က ပြုံးလိုက်သည်။ “ယွီယီကျွင်းမှာ စိုးရိမ်ပူပန်မှုတွေ ရှိတယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်ုပ်က စိတ်ရင်းမှန်နဲ့ပါ။ ဒီရက်ပိုင်းမှာ ကျွန်ုပ်ကပဲ ခင်ဗျားကို ကူညီနိုင်ပါတယ်။ ယွီယီကျွင်းက ငြင်းဖို့ မလောသင့်ပါဘူး။ သင့်တော်တဲ့ စဉ်းစားမှုအချို့ပြီးမှ ကျွန်ုပ်ကို အကြောင်းကြားနိုင်ပါတယ်။”
ထိုသို့ပြောပြီး သူသည် လှည့်ထွက်ကာ ညအမှောင်ထဲသို့ ပျောက်ကွယ်သွားသည်။
ရှဲ့ဟွိုင်သည် အေးစက်စွာဖြင့် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်လုံးများကို မှေးစင်းလိုက်သည်။ စာကို မီးရှို့ရာမှ ကျန်ခဲ့သောမီးခိုးပြာများသည် သူ၏လက်ချောင်းထိပ်များတွင် ကျန်ရှိနေသေးသည်... တုမန်က သူ့ရဲ့ လှုပ်ရှားမှုကို စတင်လိုက်ပြီဆိုတာ မင်းသိလား။
ဝူယီမေ့၏ရက်စက်သောနည်းလမ်းများဖြင့် ဝိညာဉ်ဖြိုခွဲရေးဂိတ်ကို ရှင်းလင်းရန် နှစ်ရက်သာ ကြာသည်။ သူသည် တုမန်၏အင်အားအားလုံးကို အမြစ်ဖြတ်ကာ သူ၏ယုံကြည်ရသောလက်ထောက်များကို အစားထိုးခဲ့သည်။
ထိုကဲ့သို့ စွမ်းဆောင်နိုင်သောလက်အောက်ငယ်သား ရှိသောကြောင့် ဖန်းလီသည် လုပ်စရာမရှိဘဲ နှစ်ရက်ကြာအောင် အချိန်ဖြုန်းနေရင်း ဝူယီမေ့၏လျှို့ဝှက်အစီရင်ခံစာကိုသာ အေးဆေးဖတ်ရန်လိုသည်။
ဝူယီမေ့သည် မဟူရာတောင်ကြောတွင် ထားခဲ့သောလျှို့ဝှက်အစောင့်က တုမန်သည် ရှဲ့ဟွိုင်နှင့် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း အစီရင်ခံသည်။ သို့သော် အစောင့်က အလွန်နီးကပ်စွာ မသွားရဲသောကြောင့် သူတို့ပြောခဲ့သည်များကို မသိခဲ့ပေ။
မူရင်းဇာတ်ညွှန်းတွင် ဝူယီမေ့သည် ရှဲ့ဟွိုင်က ရန်ဆွေးကို ဆွဲဆောင်မည်ကို စိုးရိမ်သောကြောင့် ရှဲ့ဟွိုင်ကို ဖယ်ရှားလိုခဲ့သည်။ ထို့ကြောင့် သူသည် ရှဲ့ဟွိုင်နှင့် တုမန်တို့ လျှို့ဝှက်ပူးပေါင်းနေကြောင်း အမြဲတမ်း အရိပ်အမြွက်ပြခဲ့သည်... သို့သော် ယခုတစ်ကြိမ်တွင် ဝူယီမေ့သည် ဤအကြောင်းကို အပြည့်အစုံ ဖော်ပြကာ ဘက်လိုက်မှု အနည်းငယ်မျှပင်မပါဘဲ အစီရင်ခံစာကို ပေးခဲ့သည်။
ထိုအရာသည် အလွန်သေးငယ်သော အပြောင်းအလဲလေးသာ ဖြစ်သော်လည်း ဖန်းလီသည် အလွန်ကျေနပ်အားရခဲ့သည်။ သူသည် သူ၏လမ်းညွှန်မှုအောက်တွင် ဝူယီမေ့သည် သူ၏ပျက်စီးခြင်းလမ်းကြောင်းကို နောက်တစ်ကြိမ် မရှာဖွေတော့ကြောင်း ယုံကြည်မိလာသည်။
ဝူယီမေ့သည် ပြောပြီးသောအခါ သူသည် တည်ငြိမ်စွာ ရပ်နေပြီး ဖန်းလီ၏အမိန့်များကို စောင့်ဆိုင်းနေသည်။ တုမန်နှင့် ရှဲ့ဟွိုင်၏ စကားပြောဆိုမှုကို ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ရှဲ့ဟွိုင်၏အပြုအမူသည် ပွင့်လင်းဖြောင့်မတ်သောကြောင့် သူသည် တုမန်ကို သဘောတူရန် မဖြစ်နိုင်ပေ။ သူ တွေးနိုင်သောအရာကို အရှင်သည်လည်း တွေးနိုင်မည်မှာ သေချာသည်။ မကျေနပ်မှုကို မျိုးစေ့ချရန်၊ ဆီထည့်ရန် ကြိုးစားပါက အရှင်သည် ရှဲ့ဟွိုင်အတွက် သူ့ကို မုန်းတီးစေနိုင်သည်။
အရှင်သည် ရှဲ့ဟွိုင်အား ပစ်မှတ်ထားသည်ကို မကြိုက်သောကြောင့် သူ၏အတွေးများကို ဂရုတစိုက် ဖုံးကွယ်ထားရမည်။ အနည်းဆုံးတော့ ဤကဲ့သို့သောကိစ္စများတွင် လိမ္မာပါးနပ်စွာ မကြိုးစားသင့်ဘဲ အရှင့်အား မကြာခဏ ငြင်းဆန်ကာ အရှင့်ကို သူ့အပေါ် မကောင်းသော စိတ်ထားစေသင့်သည်။
ဖန်းလီသည် သူ၏မေးစေ့ကို ထောက်ကာ ခဏမျှစဉ်းစားလိုက်သည်။
မူရင်းဇာတ်ညွှန်းတွင် ရန်ဆွေးသည် ဝူယီမေ့ထံမှ ဤကိစ္စကို သိရှိခဲ့သည်။ ရန်ဆွေးသည် ရှဲ့ဟွိုင်က တုမန်နှင့်အတူ ရွှံ့နွံထဲသို့ နစ်မြှုပ်မည်မဟုတ်ကြောင်း စိတ်ထဲတွင် ရှင်းနေသော်လည်း သူသည် အာဏာရှင်ဆန်ဆန် ပြန်လာခဲ့ပြီး ရှဲ့ဟွိုင်ကို စစ်ဆေးခဲ့သည်။ သဘာဝအတိုင်းပင် ရှဲ့ဟွိုင်သည် သူ့ကို ရှင်းပြရန် မလိုအပ်ဟု ခံစားရပြီး [ချောင်းဟန့်……]
နောက်ထပ် ပြင်းထန်သော အတင်းအဓမ္မအချစ်ဇာတ်လမ်းတစ်ပိုင်း ဖြစ်လာခဲ့သည်။
ဤပဋိပက္ခကို ဖန်တီးခြင်းနှင့် ရန်ဆွေးကို နောက်ထပ် အသားစားရန် အကြောင်းပြချက်ပေးခြင်းမှလွဲ၍ ဤကိစ္စသည် ဇာတ်လမ်းတွင် သိပ်အရေးမပါခဲ့ပေ။ ဖန်းလီ၏အမြင်တွင် ထိုအရာကို အသုံးမဝင်သောဇာတ်လမ်းအပိုင်းအဖြစ် ခွဲခြားထားသည်။
ဤကာလအတွင်း သူနှင့် ရှဲ့ဟွိုင်တို့သည် သဟဇာတဖြစ်စွာ နေထိုင်နေခဲ့ကြသည်။ သူသည် အတူအိပ်ရန် မရည်ရွယ်သကဲ့သို့ မှားယွင်းမှုများကို အတင်းအဓမ္မဖန်တီးရန် စီစဉ်ထားခြင်းလည်း မရှိသောကြောင့် အသုံးမဝင်သော ဇာတ်လမ်းအပိုင်းများကို ဖြတ်တောက်လိုက်သည်။ ဖန်းလီသည် ရှဲ့ဟွိုင်နှင့် ပြန်တွေ့ရန် မရည်ရွယ်သော်လည်း ဇာတ်လမ်းအရ သူပြန်ရန် အချိန်ကျပြီဖြစ်သည်။
ဖန်းလီသည် ပြုံးရယ်ကာ ထလိုက်သည်။ “ပြန်ကြရအောင်။”
ကျူချင်းမြို့တွင် ကိစ္စများ ပြီးဆုံးနေပြီဖြစ်သည်၊ ဤအကြိမ်တွင် သူ၏လုပ်ရပ်များသည် မငြိမ်မသက်ဖြစ်နေသောလူများကို ခြိမ်းခြောက်ရုံသာမက တုမန်၏လျှို့ဝှက်အကြံကိုလည်း ပြင်းထန်စွာ ဖြတ်တောက်နိုင်ခဲ့သည်။ ငှက်နှစ်ကောင်ကို တစ်ချက်နှင့် သတ်ခြင်းဟု မှတ်ယူနိုင်ပြီး နောက်ထပ် ဆက်နေရန် မလိုတော့ပေ။
တစ်နာရီ၏လေးပုံတစ်ပုံကြာပြီးနောက် ဖန်းလီသည် မဟူရာတောင်ကြောသို့ ပြန်ရောက်လာခဲ့သည်။
သူသည် ဝူယီမေ့ကို ပြန်လွှတ်လိုက်ပြီး ဘေးနန်းတော်သို့ သူ့ဘာသာသူ ဦးတည်သွားခဲ့သည်။
ဤနေ့ရက်များတွင် သူ့အား လိုက်ကြည့်နေသူ များပြားနေသောကြောင့် သူသည် ရှဲ့ဟွိုင်ထံသို့ သွားရောက်ပြီး ချစ်ခြင်းမေတ္တာပြသရန် လိုအပ်သည်။ ထို့အပြင် သူသည် လက်ဆောင်ပါ ယူဆောင်လာခဲ့သည် မဟုတ်လား။ အကယ်၍ ယခုမပေးနိုင်ပါက လက်ဆောင်သည် ပျက်စီးသွားမည်ဖြစ်သည်။
ဤနေ့ရက်များတွင် ရှဲ့ဟွိုင်သည် တစ်ကိုယ်တည်း နေထိုင်ကာ ရှားရှားပါးပါး ထွက်လာလေ့မရှိပေ။ နတ်ဆိုးနန်းတော်တွင် လျှို့ဝှက်နေရာများ မရှိသလို သူသည် ဖန်းလီ၏စရိုက်ကို နားလည်သဘောပေါက်ထားပြီး သူ၏စွမ်းအားကို မြန်မြန်ပြန်လည်ရရှိရန်အတွက် သူ့အခန်းထဲတွင် သူ့ကိုယ်သူ ပိတ်ထားလေ့ရှိသည်။
ထိုညနေခင်းတွင် လူသူကင်းမဲ့နေသောဘေးနန်းတော်သည် ပြန်လည်စည်ကားလာခဲ့သည်။ ရှဲ့ဟွိုင်သည် တံခါးဝသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဖန်းလီသည် လျင်မြန်စွာ ပြေးလာနေသည်ကို မြင်တွေ့ရသည်။
သူ၏ဝတ်စုံတွင် ခရီးသွားရာမှ ဖုန်မှုန့်များ ကပ်ငြိနေသောကြောင့် သူသည် အနားမယူဘဲတိုက်ရိုက်လာခဲ့ဟန် တူသည်။
ရှဲ့ဟွိုင်၏လည်ချောင်းထဲတွင် လှောင်ရယ်ချင်သံများ ပြည့်လာသည်။
ဘာလဲ၊ တုမန်က ငါးစာအနေနဲ့ အသုံးချပြီးပြီလို့ ထင်နေပြီလား၊ ဒါကြောင့် မင်းက ဆက်ပြီး ဟန်ဆောင်မနေတော့ဘူးလား။
ဖန်းလီသည် အတွင်းသို့ဝင်လာသည်နှင့် ရှဲ့ဟွိုင်၏အေးစက်ပြီး ဂရုမစိုက်ဟန်ရှိသောမျက်နှာကို မြင်လိုက်ရသည်။ သူသည် မျက်တောင်များပင်မခတ်ဘဲ သက်ရှိအားလုံးကို မိုင်ထောင်ချီအကွာမှ မောင်းထုတ်နေသောစွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေသည်…… ဖန်းလီသည် ခဏတာ အံ့အားသင့်သွားခဲ့သည်။ သူသည် တစ်ပတ်လောက် အပြင်သို့ထွက်သွားခဲ့ပြီး သူတို့၏ရင်းနှီးမှုအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
သူသည် ရှဲ့ဟွိုင် စိတ်ဆိုးစေမည့်အရာတစ်ခုခု လုပ်မိသလား။
ဖန်းလီသည် ရှားရှားပါးပါးစိတ်ရှုပ်ထွေးမှုကို ခံစားရသည် သို့သော် စဉ်းစားကြည့်ပါက သူသည် ရှဲ့ဟွိုင်ကို စိတ်ဆိုးစေမည့်အရာများစွာကို လုပ်ခဲ့ပြီးဖြစ်သည်။ လက်တစ်ဖက်နှင့်ပင် မရေတွက်နိုင်အောင် များပြားလှသည်။ ရှဲ့ဟွိုင်၏ အေးစက်မှုသည် ပုံမှန်အခြေအနေဖြစ်သည်။ သူသည် သူ့ကို မကြိုက်ရန် အကြောင်းပြချက် မလိုအပ်ပေ။
ဖန်းလီသည် သူ၏သိုလှောင်အိတ်ထဲမှ ဆီစွန်းနေသောစက္ကူဖြင့် ထုပ်ထားသည့်ကြည်လင်သောမုန့်ကို ထုတ်ယူခဲ့သည်။ သူသည် ထိုအရာကို ဖြန့်ကာ အနည်းငယ် ချောင်းဆိုးဟန်ဖြင့် ရှေ့သို့ တွန်းပို့လိုက်သည်။ “ဒါက လင်းရှန်းကျိုးပြည်နယ်ရဲ့ဒေသိယအစားအစာလေ၊ မင်းအတွက်ဝယ်လာတာ။”
ရှဲ့ဟွိုင်သည် စားပွဲပေါ်ရှိမုန့်ကို ငုံ့ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဟက်၊ မင်းက ငါ့ကို ဒါလေးနဲ့ လာချော့တာလား။ စိတ်ကုန်စရာပါပဲ။
ဖန်းလီသည် ရှဲ့ဟွိုင်ကို သတိထားပြီးကြည့်လိုက်သည်။ သူသည် အနည်းငယ် ပေါ့ပေါ့တန်တန် လုပ်မိသည်ဟု ထင်မိသည်၊ ဟာ…… ဘာပဲဖြစ်ဖြစ် လူတိုင်းက သူ့ကို ရှဲ့ဟွိုင်ထံ လာရောက်လည်ပတ်သည်ကို မြင်ပြီးသားဖြစ်သည်။ ဖန်းလီသည် ကြည်လင်သော ကိတ်မုန့်ကို ယူရန် လက်ကို ဆန့်ထုတ်လိုက်ပြီး မြန်မြန်ထွက်ခွာရန် ပြင်ဆင်နေစဉ် သူ့လက်ကို ဆန့်ထုတ်လိုက်သည်နှင့် ဆီစွန်းနေသော စက္ကူ၏ထောင့်တစ်ခုကို ဖြည်းဖြည်းချင်း ဖိထားသော ကျောက်စိမ်းကဲ့သို့ သွယ်လျနေသော လက်ချောင်းနှစ်ချောင်းကို မြင်လိုက်ရသည်။
ဖန်းလီ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ “?”
ရှဲ့ဟွိုင်သည် တစ်စက္ကန့်တိတိ ငြိမ်သက်နေပြီး ကိတ်မုန့်ကို ကောက်ယူလိုက်သည်။
ကိတ်မုန့်သည် နူးညံ့မနေဘဲ အနည်းငယ်ကြမ်းနေသည်။ ပါဝင်ပစ္စည်းများသည် အနည်းငယ် ညံ့ဖျင်းကာ အရသာသည် ချိုမြိန်လွန်းလှသည်။ ရှဲ့ဟွိုင်သည် မျက်လုံးများကို ကြက်သီးထစေပြီး တစ်ကိုက်ကိုက်လိုက်သည်။ ပါးစပ်ထဲတွင် ခြောက်သွေ့နေပြီး မျိုချရန်ပင် ခက်ခဲလှသည်…… ‘ဟာသပဲ၊ သူတို့ လင်းရှန်းကျိုးပြည်နယ်မှာ ဒီလို ဒေသိယအစားအစာ ရှိလို့လား။ ဒီနတ်ဆိုးသည် လှည့်စားခံရပြန်ပြီလား။’
ဖန်းလီသည် ရှဲ့ဟွိုင်ကို ဗလာကဲ့သို့ဖြစ်နေသောအကြည့်နှင့် ကြည့်နေသည်။
သူသည် ရှဲ့ဟွိုင်က မမြင်ဟန်ဆောင်မည်၊ သို့မဟုတ် ပစ်ချလိုက်မည်။ ပြီးနောက် “မင်းမှာ အသိအဉာဏ်မရှိတော့ဘူးလား” ဆိုသည့် မျက်နှာအမူအရာမျိုး ပြမည်ဟု ထင်ခဲ့သည်။ သို့သော်…… ရှဲ့ဟွိုင်သည် မနှစ်မြို့စွာ၊ မထီမဲ့မြင်ပြုစွာဖြင့်…… တစ်ကိုက်ကိုက်လိုက်သည်။
ဤအရာက ဘာကို ဆိုလိုသနည်း။
ဤကိစ္စကိုမေ့လိုက်ပါ။ ဘာကိုဆိုလိုတယ်ဆိုတာ ဘယ်သူဂရုစိုက်မှာလဲ။ အရေးမကြီးပါဘူး။ ဖန်းလီထွက်သွားတော့မည့်အချိန်တွင်……
ရှဲ့ဟွိုင်သည် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းမော့ကြည့်ပြီး သူ့ကိုအေးစက်ပြီး ခံစားချက်မဲ့စွာကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်းပြောလိုက်သည်၊ “မင်းမှာ ဘာမှမေးစရာမရှိဘူးလား?”
End...