no

Font
Theme

Chapter (5)

အချိန်အတန်ကြာသွားသောအခါ ဖန်းလီသည် မှေးစင်းထားသောမျက်လုံးများနှင့် သူ့ညာဘက်သို့ပြန်စစ်ကြည့်လိုက်သည်။ အလှပဆုံးလို့ပြောရမယ့်သူ၏မျက်လုံးများက တင်းတင်းစွဲမှိတ်ထား၍ ဝတ်ရုံများမှာလည်း ဖရိုဖရဲဖြစ်ကာ လည်ပင်းနှင့် လက်ကောက်ဝတ်တွင် အစိမ်းရောင်၊ ခရမ်းရောင်အစက်အပြောက်များရှိနေသည်... ဤအခြေအနေမှာ မြင်သူတိုင်း လှည့်စားခံထားရသူ၏ပုံစံလို့ပဲ ထင်ကြမှာအမှန်ပင်။

‘တကယ်တမ်း ဘာမှမဖြစ်ခဲ့ဘူးဆိုတာကို ဘယ်သူယုံမှာလဲ။’

သူကျေနပ်သဘောတူလိုက်ပြီး နောက်လှည့်ထွက်သွားသည်။

အခန်းတံခါးကို တိတ်တဆိတ်ပိတ်လိုက်သည်။

အဲဒီအချိန်မှာပဲ အိပ်ရာပေါ်မှသူသည် ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်သည်။

အမွေးတိုင်ခွက်ထဲမှ မီးခိုးများသည် မပြယ်သေးပေမဲ့ ရှဲ့ဟွိုင်၏ မျက်လုံးများမှာတော့ ကြည်လင်ပြီး နက်နဲနေသည်။ ဖန်းလီထင်သလိုပင် သူသည် အစကတည်းက သတိလစ်မသွားခဲ့ချေ။

‘အိပ်ဆေးတွေက တကယ်ပဲ ထူးခြားနေတာပဲ…’ ဖန်းလီသည် အမွေးတိုင်ထွန်းနေချိန်မှာ ရှဲ့ဟွိုင်အား သံသယဖြစ်မိသည့်အတိုင်းဖြစ်သည်။ လူတိုင်းသိသည်မှာ သူ့၌အစွမ်းကိုနှစ်ဆတိုးစေသော မွေးရာပါအစွမ်းရှိသည်ကိုပင်။ မည်သူမှ မသိသည်မှာ သာမန်အဆိပ်များသည် သူ့အပေါ်၌ သက်ရောက်မှုမရှိသည့်အချက်ဖြစ်သည်။ သို့ဖြစ်၍ သူသည် ဖန်းလီစိတ်လျှော့သွားအောင် အိပ်ပျော်နေသကဲ့သို့ ဟန်ဆောင်ထားပြီး တစ်ချက်တည်းနဲ့ နတ်ဆိုးအရှင်ကို သတ်ဖို့အခွင့်ကို စောင့်နေခဲ့သည်။

သူ၏အစွမ်းကို ဝိညာဉ်ချိတ်ပိတ်အစီအရင်များဖြင့် ယာယီပိတ်ထားသော်လည်း ရှဲ့ဟွိုင်ကြိုတင်တွက်ထားသည့်ရာတွေထဲမှ ဤအရာသည် အဆိုးဆုံးမဟုတ်ပါ။ အဆိုးဆုံးမှာ သူ့၏အခြေခံစွမ်းအားကို ဖျက်စီးပစ်ပြီး စွမ်းအားအရိုးတွေကို ချိုးဖဲ့ခံရနိုင်ခြင်းဖြစ်သည်... သို့သော် ဖန်းလီသည် ထိုအရာကိုမလုပ်ခဲ့ပါ။

နတ်ဆိုးများသည် ဝိညာဉ်ချိတ်ပိတ်အစီအရင်ကို သူတို့အကျဉ်းသားများအပေါ်၌ အများဆုံးအသုံးပြုကြသည်။ ရှဲ့ဟွိုင်သည် ထိုအရာများကို သေသေချာချာလေ့လာထားပြီးသားဖြစ်သည်။ သာမန်လူများအတွက် ဤအစီအရင်ကို ဖောက်ထွက်ဖို့ခက်ခဲသော်လည်း သူ၏သွေးကြောများမှာ အခြားသူများနှင့်မတူပါ။ ဝိညာဉ်ချိတ်ပိတ်အစီအရင်အောက်မှာပင် သူ၏အစွမ်း ဆယ်ပုံတစ်ပုံကို ထိန်းသိမ်းထားနိုင်သည်။

ဆယ်ပုံတစ်ပုံဆိုသည်မှာ ဖန်းလီကို ရင်ဆိုင်ရန်အတွက် မလုံလောက်သော်လည်း ဤတစ်ပုံတည်းဖြင့် ရှဲ့ဟွိုင်သည် အစီအရင်ကို ချက်ချင်းဖောက်ထွက်ပြီး သူ၏အင်အားတစ်ခုလုံးကို ပေါက်ကွဲစေနိုင်သည်။

သို့သော် ဤသည်မှာ နောက်ဆုံးအခွင့်အရေးဖြစ်သည်။

အစီအရင်ကို အင်အားနှင့်ဖောက်ထွက်ပါက သူ၏သွေးကြောများအားလုံး ပြတ်သွားမည်ဖြစ်သည်။ သူ၏အင်အားတစ်ခုလုံးကို အပြည့်အဝသုံးပြီး ဖန်းလီကိုသတ်နိုင်လျှင်တောင် သူ၏ဘဝမှာ သေမင်းနဲ့ကပ်နေမှာအမှန်ပင်ဖြစ်သည်။ အခွင့်အရေးတစ်ခါသာ ရှိသည့်အတွက် သေချာသည့်အခွင့်အရေးမရှိလျှင် မလုပ်သင့်ပါ။ မဟုတ်ပါက အသက်ပေးရုံသာ ရှိသည်။

သူသည် အသူရာတောင်ကြောသို့လာရသည့် ရည်ရွယ်ချက်မှာ နတ်ဆိုးအရှင်ကိုသတ်ဖို့ဖြစ်သည်။ ဤနတ်ဆိုးအရှင်သေသွားပါက အသူရာတောင်ကြော၌ သူ့သခင်မရှိလျှင် စွမ်းအားများပျက်စီးသွားမည်။ တရားမျှတသောဂိုဏ်းများက ဤနတ်ဆိုးများကို နှိမ်နင်းနိုင်မည်ဟု ရှဲ့ဟွိုင်တွေးထားသည်။ ရောက်လာခါစတွင် သူသည် ညှဉ်းပန်းနှိပ်စက်မှု၊ အရှက်ခွဲမှု၊ အလွဲသုံးစားလုပ်မှုများနှင့် ကြုံရနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသော်လည်း ဤနတ်ဆိုးအရှင်မှာ သူ့ကိုတစ်စက်မျှမထိခဲ့ပါ။

ရှဲ့ဟွိုင်၏မျက်လုံးထဲ၌ သံသယတချို့ဝင်လာသည်။

အရင်က ဖန်းလီ၏လှုပ်ရှားမှုတစ်ခုစီကို သူလက်လွှတ်မခံ လိုက်ကြည့်ခဲ့သည်။ ဤနတ်ဆိုးအရှင်သည် သူ့အပေါ်၌ စိတ်ဝင်စားမှုမရှိသည်ကို သိလိုက်ရသည်။ ‘ဒီမျက်လုံးတွေက လှည့်စားလို့မရဘူး... လိုချင်တဲ့အာသာတွေ၊ ဆန္ဒတွေ လုံးဝမရှိဘူး။ ဒါပေမဲ့ သူ့ကိုဒီလိုပို့ခိုင်းပြီး ကိစ္စပြီးသွားသလိုမျိုး ဖန်တီးထားတယ်။’

‘ဘာလို့လဲ။’

ရှဲ့ဟွိုင်သည်နဖူးတွန့်သွားကာ မျက်လုံးများမှာ အနည်းငယ် လေးနက်သွားသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဖန်းလီက အခုချိန်ထိ သူ့ကိုမထိဘူးဆိုရင် ဤသည်မှာ သူ့ကို အစီအရင်အားဖောက်ဖို့အချိန်ပေးလိုက်ခြင်းဖြစ်သည်။ အပြန်အလှန်ဖျက်သိမ်းဖို့ ရွေးစရာမလိုတော့ပါ။ ‘ဒီနတ်ဆိုးကောင်၏ရဲ့အကြံအစည်တွေက ဘာပဲဖြစ်ဖြစ်…’

‘အချိန်က ဖြေရှင်းပေးလိမ့်မယ်။’

…………………………

သူအိပ်ဆောင်ကို ပြန်ရောက်သည့်အခါ ဖန်းလီအိပ်ငိုက်နေသည်။ သို့သော်လည်း စနစ်ကို မကိုင်တွယ်ရသေးပါ။ ဒီလိုမှမဟုတ်ရင် ဆူညံနေသဖြင့် အိပ်၍မရနိုင်ပါ။

【 စနစ်က စိုးရိမ်သည့်အသံဖြင့်ပြောသည်။ အရှင်၊ အရှင်၊ ကျွန်ုပ်ပြောတာကြားလား။ အရှင်ဒီလိုထားလိုက်ရင် ဇာတ်လမ်းဘယ်လိုဆက်မှာလဲ! 】 ဇာတ်လမ်းတစ်ခုလုံး၏အဓိကမှာ ရန်ဆွေးနှင့် ရှဲ့ဟွိုင်တို့၏ကြောင်းပါ! အရှင်က ဇာတ်ညွှန်းကို ဘယ်လိုလျစ်လျူရှုလို့ရမှာလဲ!

ဖန်းလီသည် ပျင်းရိပျင်းတွဲပြောသည်။ “မင်းနဲ့ ငါနဲ့ ရှဲ့ဟွိုင်ကလွဲရင် ငါတို့ကြားမှာ တစ်ခုခုဖြစ်ခဲ့တယ်လို့ လူတိုင်းကထင်နေမှာမလား။”

【စနစ်သည် ကြာရှည်စွာ တိတ်ဆိတ်နေခဲ့သည်။ ဟုတ်တယ်၊ ဒါပေမယ့် အဲဒါကြောင့်တော့…… 】

ဖန်းလီထပ်ပြောသည်။ “ငါ ရှဲ့ဟွိုင်နဲ့ အဲဒါမလုပ်ရင် သူငါ့ကိုမသတ်ဖို့ စိတ်ကူးပြောင်းသွားနိုင်တယ်မလား။”

【 စနစ်သည် ခဏစဉ်းစားပြီး။ ……အဲဒါမဖြစ်သင့်ဘူး။ 】 သူ၏ စိတ်နှလုံးကို ဆန့်ကျင်၍ မဟုတ်မမှန်ပြောရန် မဖြစ်နိုင်ပါ။

ဖန်းလီသည် ပြုံးရယ်လျက် မျက်လုံးပင့်တင်ကာ ပြောလိုက်သည်။ “လောလောဆယ်အနေနဲ့ လူတိုင်းရဲ့ မျက်လုံးထဲမှာ ရှဲ့ဟွိုင်က ငါ့ရဲ့ ကစားစရာတစ်ခုဖြစ်နေပြီး ငါ့ဆီမှာ ရာနဲ့ချီတဲ့ နည်းလမ်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်။ ရှဲ့ဟွိုင်ရဲ့အမြင်မှာတော့ ငါဘာမှ လက်တွေ့မလုပ်ဘူးဆိုရင်တောင် ငါ့မှာ တခြားအကြံအစည်တွေရှိတယ်လို့ပဲ ထင်မှာပဲ။ ငါတို့ရဲ့ အနေအထားကွာခြားမှုနဲ့ ငါတို့ကြားက သွေးချင်းပဋိပက္ခတွေကြောင့် သူငါ့ကိုသတ်ဖို့ စိတ်ကူးမပြောင်းနိုင်ဘူး၊ ဒါကြောင့် ဇာတ်လမ်းရဲ့ ဦးတည်ချက်က မပြောင်းလဲသေးဘူး…… အကြောင်းအရာနဲ့ အသွင်အပြင်နှစ်ခုလုံးရှိနေတယ်၊ ဒါဆို ပြဿနာတစ်ခုခုရှိသေးတယ်လို့ မင်းထင်သေးလား။”

【 စနစ်: …… 】

အရှင်၏မှားယွင်းနေသည့်ဆင်ခြေတွေမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ပြောလာသည်။ စနစ်သည် တစ်ခုခုမှားနေသလိုခံစားနေရပေမယ့် ပြန်ပြောဖို့ နည်းလမ်းမရှိချေ၊ အရှင်ပြောသလိုပဲ ဖြစ်နေသည်ဟု ထင်ရသည်……

ဖန်းလီက ထပ်ပြောသည်။ “အရေးအကြီးဆုံးက ငါက တကယ် အမျိုးသားတွေကို စိတ်ဝင်စားမှုမရှိဘူး။ အဲတော့ မင်းဘာကိုစိတ်မချတာလဲ……”

【စနစ်: မဟုတ်ဘူး! 】

‘QAQ အရှင်ရဲ့ အခြားအရှင်တစ်ယောက်ကို ရှာဖို့ပြောတာတွေ နောက်ထပ်မကြားချင်တော့ဘူး! ဖြစ်နိုင်ရင် အရင်ကတည်းက လုပ်ပြီးသွားပြီ! ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဒါကအဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် မစ်ရှင်ပြီးသွားရင် အလယ်မှာ နည်းနည်းလေးကွဲသွားရင်တောင် သိပ်အရေးမကြီးဘူးထင်တယ်…… ‘

သူ၏စည်းကမ်းတွေ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသလို ခံစားနေရသည်။

ဒါကတော့ သူ၏အပြစ်မဟုတ်ပါ။

.…………………………

ဖန်းလီသည် စိတ်ကျေနပ်စွာနှင့် တစ်ညလုံးအနားယူခဲ့ပြီး နောက်နေ့မနက် နိုးလာသောအခါ အိပ်ဆောင်အပြင်ဘက်၌ ရိုသေစွာစောင့်နေသည့် နတ်ဆိုးကျွန်တစ်ယောက်ကို မြင်လိုက်ရသည်။ “အရှင်သခင်ကြီး မနက်စာစားတော့မလား။”

ဖန်းလီသည် ခေါင်းညိတ်ဖို့လုပ်နေပေမယ့် နည်းနည်းစဉ်းစားပြီးသည့်နောက် “ယွီယီကျွင်းရဲ့ ဥယျာဉ်ထဲကို မနက်စာယူလာခဲ့။ ငါသခင်က လှပတဲ့သူနဲ့ အတူစားမယ်။” ဟု ပြောလိုက်သည်။

လူတိုင်းကို ရှဲ့ဟွိုင်က သူ့အား လွှမ်းမိုးထားသည်ကို သိအောင်လုပ်ဖို့မှာ အလွန်လွယ်သည်။ မနက်စာအတူစားရင် ရှဲ့ဟွိုင်အား သူချစ်ခင်မြတ်နိုးသည်ကို ပြသရုံသာမက မနေ့ညက အကြောင်းကိုလည်း လူတိုင်း သိအောင်လုပ်နိုင်မှာအမှန်ပင်။

ဖန်းလီသည် ရှဲ့ဟွိုင်၏ ဥယျာဉ်ထဲရောက်သောအခါ ရှဲ့ဟွိုင်သည် နိုးနေပြီဖြစ်သည်။ သူသည် မနေ့ညက ဝတ်ထားသည့် အဖြူရောင်ဝတ်ရုံကိုပဲ ဝတ်ဆင်ထားကာ စားပွဲနား၌ အေးအေးဆေးဆေး ထိုင်နေသည်။ ဖန်းလီကိုမြင်တဲ့အခါ သူ့မျက်လုံးကို ပင့်ကြည့်လိုက်‌ပေမဲ့ မျက်လုံးထဲ၌ နက်ရှိုင်းမှုမရှိပါ။

‘သူ့ကို ဖောက်ထွင်းကြည့်နေသလိုပါပဲ။’

ဖန်းလီသည် ရှဲ့ဟွိုင်၏စူးစမ်းကြည့်ရှုနေသည့် မျက်လုံးများကို လျစ်လျူရှုကာ နေရာတစ်ဝိုက်ကို လှမ်းကြည့်လိုက်သည်။ ရှဲ့ဟွိုင်သည် ရှည်လျားသောလက်ရှည်ဝတ်ရုံကို ဝတ်ထားပေမယ့် မနေ့ညက ဖန်းလီချန်ထားခဲ့တဲ့ အမှတ်အသားတွေက သူ့လည်ပင်းမှာ မှုန်ဝါးစွာရှိနေဆဲဖြစ်သည်။ ဖန်းလီသည် ချက်ချင်းပင် ကျေနပ်စရာကောင်းသည့် အပြုံးတစ်ချက်နှင့် နတ်ဆိုးကျွန်ကို မျက်နှာလှည့်ပြီး “ငါသခင် ဒီမှာ မနက်စာစားမယ်။” ဟုပြောလိုက်သည်။

နတ်ဆိုးအရှင်တစ်ယောက်၏ဟန်မှာ သဘာဝအတိုင်း ခမ်းနားထည်ဝါပါသည်။ ခဏအတွင်းမှာပင် ခြံထဲက စားပွဲပေါ်၌ အရသာရှိသည် အစားအစာများနှင့် ပြည့်နှက်သွားသည်။ စားပွဲထိပ်တွင် ပျော့ပျောင်းသည့် ပိုးထည်ခင်ထားသောခုံတစ်လုံးကို ထားလိုက်သည်။ ခုံသည် နှစ်ယောက်ထိုင်လို့ရအောင် ကျယ်သည်။

‘ခုံတစ်လုံးပဲရှိပါသည်။’

အဘယ်ကြောင့်ဆိုသော် နတ်ဆိုးအရှင် မနက်စာစားသည့်အခါ ကျန်သည့်သူများမှာ သူ့ကို စောင့်ဆိုင်းဖို့အတွက် ရပ်နေရမှာဖြစ်သည်။ ရှဲ့ဟွိုင် အပါအဝင်ဖြစ်သည်။

ခြံထဲ၌ နတ်ဆိုးကျွန်များ ဆယ်‌ယောက်ကျော်ရှိနေသည်၊ ဝိုင်ထည့်ပေးသူ၊ ပန်းကန်တင်သူများ၊ ယပ်ခတ်ပေးသူများဖြင့် ပြည့်နေသည်……

ဖန်းလီသည် တာဝန်ယူမှုများကို စိတ်အားထက်သန်စွာနဲ့ လက်ခံပြီး ထိုင်လိုက်သည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှဲ့ဟွိုင်သည်အေးအေးဆေးဆေးနဲ့ ရပ်နေကာ နည်းနည်းလေးမှ မချဉ်းကပ်ဖို့ ရည်ရွယ်ချက်ရှိပုံမရပါ။ သူသည်အနည်းငယ်ပြုံးကာ ရှဲ့ဟွိုင်ကိုတိုက်ရိုက်ဆွဲ၍ ထိုင်ခိုင်းလိုက်သည်။

ခုံသည် တစ်ယောက်ထိုင်ရင် ကျယ်သော်လည်း နှစ်ယောက်ထိုင်လျှင် အနည်းငယ်ကျဉ်းသွားသည်။ ရှဲ့ဟွိုင်သည် သူနဲ့ကပ်ပြီး ထိုင်နေရ၍ ရေခဲမြစ်အောက်က မီးတောင်ချော်ရည်လို ပူနွေးသည့်အပူမှာ စိမ့်ဝင်လာသည်။

ဖန်းလီသည် ရှဲ့ဟွိုင်၏ရုတ်တရက်အေးစက်သွားသောမျက်နှာကို မြင်သော်လည်း ဂရုမစိုက်ဟန် ရှိနေသည်။ သူသည် အစိမ်းရောင် ဝါးဖူးတစ်ခုကိုကိုင်လျက် ပြုံးရယ်ကာ ရှဲ့ဟွိုင်အား”နည်းနည်းလောက် ထပ်စားလေ။ မနေ့ညကလို အလွယ်တကူ သတိလစ်မသွားနဲ့အုံး” ဟု ပြောလိုက်သည်။

သူ၏ဟန်ပန်သည် ရိုင်းစိုင်းပြီး အဓိပ္ပာယ်ရှိသည်။ သူ၏စကားလုံးများသည် ညစ်ညမ်းသောစိတ်ကူးများကို ဖိတ်ခေါ်နေသည်။

သူတို့အနီးရှိ နတ်ဆိုးကျွန်များသည် ခေါင်းငုံ့ကာ မော်မကြည့်ရဲကြပေ။ သူတို့၏စိတ်ထဲတွင် လှိုင်းများကဲ့သို့ သိချင်စိတ်များ တဖွားဖွား ထနေသည်။ အရှင်သည် ရှဲ့ဟွိုင်ကို ဆွဲခေါ်ပြီး အတူထိုင်စေသည်။ ထိုနောက် သူ့ကိုယ်တိုင် ကျွေးမွေးသည်ဆိုသည်ကို မယုံနိုင်မဝံ့ရဲကြည့်နေကြသည်။ ထို့အပြင် သူ၏စကားလုံးများထဲမှ အဓိပ္ပာယ်များအရ မနေ့ညက ပြင်းထန်ခဲ့သည်ဟု ထင်ရသည်။

အရှင်သည် အခြားသူကို ဤမျှထူးခြားစွာ ဆက်ဆံသည်ကို သူတို့ပထမဆုံးအကြိမ် မြင်ဖူးသည်။ ယခင်က မိန်းမပျိုများပင် အနောက်ဥယျာဉ်မှ ထွက်ခွာရန် မဖြစ်နိုင်ခဲ့ပေ။ သခင်ကြီးနှင့် ဘေးချင်းယှဉ်ထိုင်ရမည့် အခွင့်အရေးကို မည်သူမျှ မရရှိခဲ့ပေ။

ရှဲ့ဟွိုင်သည် သူ၏စူးရှသောမျက်လုံးများဖြင့် ဖန်းလီကို စူးစိုက်ကြည့်နေသည်။ ဖန်းလီက သူ့ကို သတ်မည်ကို မကြောက်ပေ။ သူသတ်ချင်လျှင် အခွင့်အရေးများစွာ ရှိပြီးသားဖြစ်သည်။ ဤကဲ့သို့ လူသိရှင်ကြား ကြေညာရန် မလိုအပ်ပေ။

ဤနတ်ဆိုးကောင်၌ သူ၏အထူးကြိုးပမ်းမှုများတွင် ရည်ရွယ်ချက်တစ်ခု ရှိမည်မှာ သေချာသည်။

ဖန်းလီ၏ဟန်ပန်သည် အေးဆေးပြီး အရိုင်းဆန်သည်။ သူ၏လက်သည် ရှဲ့ဟွိုင်၏ ခါးကို ကိုင်ထားပြီး ခေါင်းကို သူ့ဘက်သို့ အနည်းငယ် စောင်းထားကာ ရှဲ့ဟွိုင်ကို “သုံးလောကရဲ့နာမည်ကျော် ယွီယီကျွင်းဆိုတာ မှန်တာပဲ၊ အရသာက တကယ်ကို ထူးခြားတယ်” ဟု ပြောလိုက်သည်။

ချစ်သူများ တိတ်တဆိတ်ပြောနေသည့် စကားများဟု ထင်ရသော်လည်း အခြားသူများ ကြားနိုင်လောက်အောင် အသံကျယ်သည်။

ဤစကားလုံးများ ပြင်ပသို့ ရောက်သွားပါက သူ၏သိက္ခာကျဆင်းကာ နာမည်ကိုညစ်ပတ်စေမည်သာ ဖြစ်သည်။ ဤနတ်ဆိုးကောင်သည် သူ့ကို အရှက်ရစေရန် ရည်ရွယ်ထားသည်မှာ သိသာသည်။ သို့သော် ရှဲ့ဟွိုင်သည် ဖန်းလီ၏ မျက်လုံးများကို ဆက်တိုက်ကြည့်နေသည်။

သူတို့သည် အလွန်နီးကပ်စွာ ရှိနေပြီး ရှဲ့ဟွိုင်သည် ဤလူ၏ ကြည်လင်သော မျက်လုံးများထဲတွင် မကောင်းသော ရည်ရွယ်ချက် သို့မဟုတ် စိန်ခေါ်မှု လုံးဝမရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုမျက်လုံးများထဲတွင် မသိစိတ်မှ ပြုံးရယ်မှု အနည်းငယ်သာ ရှိပြီး ယခင်က မှောင်မိုက်သော မျက်နှာပြင်သည် ထိုပြုံးရယ်မှု၏ အရိပ်အယောင်ကြောင့် နွေးထွေးပြီး ပျော့ပျောင်းသွားကာ စက်ဆုပ်ရွံရှာဖွယ် မဖြစ်တော့ပေ။

ရှဲ့ဟွိုင်၏လည်ချောင်းမှ အသံနည်းနည်း ထွက်လာသည်။ လိမ်ညာပြောဆိုနိုင်စွမ်း အလွန်ကောင်းသည်။

မနေ့ညက သူသည် မေ့ဆေးမီးခိုးကို ခံနိုင်ရည်မရှိခဲ့လျှင် နိုးလာပြီး ဖန်းလီ၏ ပုံပန်းသဏ္ဍာန်ကို မြင်ကာ သူ၏စကားများကို နားထောင်ပြီးနောက် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို သံသယဖြစ်မိမည်မှာ သေချာသည်။

ထို့အပြင် ဖန်းလီ၏ ဤနေရာတွင် ပြုမှုသည့် အပြုအမှုများမှာ ရှဲ့ဟွိုင် ငြင်းဆိုသည့်တိုင် မည်သူမျှ မယုံကြည်ကြောင်း သေချာသောကြောင့် ဖြစ်သည်။

ရှဲ့ဟွိုင်သည် လူတို့၏စိတ်ကို ဖတ်ရှုနိုင်စွမ်းတွင် သူသည် အကျွမ်းတဝင်ရှိသည်ဟု အမြဲထင်မြင်ယူဆခဲ့သည်။ မည်သည့်နတ်ဆိုး သို့မဟုတ် သတ္တဝါမျိုးဖြစ်စေ သူတို့၏မျက်လုံးများမှ လွတ်မြောက်နိုင်ခဲ့သည်။ သို့သော် ဤအချိန်တွင် ဖန်းလီ၏မျက်လုံးများကို ကြည့်ရင်း သူသည် ထိုမျက်လုံးများမှ မြင်နိုင်စွမ်း မရှိတော့ပေ။

ဤလူ၏လက်များသည် လူသတ်မှု၊ အပြစ်များဖြင့် ပြည့်နှက်နေပြီး သွေးအေးပြီး ဂရုဏာမဲ့သည်။ သူ၏အပြစ်များသည် ကောင်းကင်ထက် မြင့်မားသည်။ တိမ်လွှာနှင်းမှုန်ဂိုဏ်းကို ဝန်းရံခဲ့တုန်းက ရှဲ့ဟွိုင်သည် သူ့ပြိုင်ဘက်၏ မျက်လုံးထဲတွင် ရက်စက်မှုကို မြင်ခဲ့သည်။ ဤသည်မှာ လောကကြီးကို သွေးထွက်သံယိုဖြစ်စေမည့်ရူးသွပ်သူတစ်ဦးဖြစ်သည်။

ထို့ကြောင့် သူသည် တိမ်လွှာနှင်းမှုန်ဂိုဏ်းအတွက်သာမက တစ်‌လောကလုံးအတွက် ဤဘေးအန္တရာယ်ကို ဖယ်ရှားရန် သူ၏တောင်းဆိုမှုကို လက်ခံခဲ့သည်။

သို့သော် ယခုအချိန်တွင် ထိုမျက်လုံးများထဲတွင် မကောင်းသော ရည်ရွယ်ချက် လုံးဝမရှိပေ။ ဤကဲ့သို့သော အရာများကို လုပ်ဆောင်နေစဉ် ဤကဲ့သို့သော စကားများကို ပြောဆိုနေစဉ် သူသည် အရာရာအားလုံးကို ဘေးဖယ်ထားသူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူသည် လောကကြီးကို မုန်းတီးမှုကြောင့် မဟုတ်ဘဲ လောကကြီးကို ဂရုမစိုက်သောကြောင့် ဖြစ်သည်။

သူသည် အရာရာကို ဖျက်ဆီးလိုစိတ် မရှိတော့ပေ။ သူသည် ဘာကိုမှ ဂရုမစိုက်တော့ပေ။

သို့သော် ထိုသို့ဆိုလျှင် ဤကဲ့သို့သော အပို ကြိုးပမ်းမှုများကို မည်သည့်အတွက်ကြောင့် လုပ်ဆောင်နေသနည်း။ ရှဲ့ဟွိုင်သည် နဖူးကို တွန်းလိုက်သည်။

မဖြစ်နိုင်...... နောက်ထပ် အကြံအစည်တစ်ခု ရှိနေနိုင်သေးသည်။

ဖန်းလီသည် တမင်တကာ အခြားသူများကို အထင်လွဲမှားစေပြီး ဤအခွင့်အရေးကို အသုံးချကာ တရားမျှတသောဂိုဏ်းများကို ရှုတ်ချရန် ရည်ရွယ်ခဲ့ပေသည်။ သို့သော် သူသည် ရှဲ့ဟွိုင်ကိုယ်တိုင်နှင့် မည်သည့်စိတ်ဝင်စားမှုမျှ မရှိခဲ့ပေ။ ထို့ကြောင့် တစ်ခုခုဖြစ်ပျက်ခဲ့သည်ဟု ဟန်ဆောင်ခဲ့ခြင်းဖြစ်နိုင်သည်။

အကယ်၍ အခြားအကြောင်းပြချက်များ မရှိပါက ဤရှင်းလင်းချက်သာ ကျန်ရှိတော့မည်ဖြစ်သည်။

သို့သော် ရှဲ့ဟွိုင်သည် မသိစိတ်အတွင်းတွင် ဖန်းလီတွင် မည်သည့်မကောင်းသောစိတ်မျှ မရှိဟု ခံစားမိနေဆဲဖြစ်သည်။

ရှဲ့ဟွိုင်သည် ရုတ်တရက် မျက်လုံးများ အေးစက်သွားပြီး ဝေးရာသို့ ကြည့်ကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ သူသည် ဤနတ်ဆိုးကောင်ကို လျှော့တွက်မိခဲ့ပြီး သူကိုယ်တိုင်ပင် လှည့်စားခံရသည်ဟု သိလိုက်ရသည်။

ဖန်းလီသည် ရှဲဟွိုင်ထံ ဤသို့ချဉ်းကပ်လာသည်။ ရှဲ့ဟွိုင်ကိုယ်ခန္ဓာသည် သူ၏အပြင်ပန်းကဲ့သို့ အေးစက်နေခြင်းမဟုတ်ဘဲ သက်တောင့်သက်သာရှိသော အနွေးဓာတ်ဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ့အား မသက်မသာဖြစ်စေလိုသောကြောင့် ထိုစကားကို ပြောလိုက်ပြီးနောက် ဖန်းလီသည် သူ၏လက်ကို လွှတ်လိုက်သည်။

ရှဲ့ဟွိုင်မျက်လုံးများ တစ်ဖန်လေးနက်သွားသည်။ ဖန်းလီ၏အေးစက်သောလက်ချောင်းများသည် မြန်ဆန်စွာ ဖယ်ရှားသွားပြီး နှင်းစက်များလို နူးညံ့စွာ ဖြတ်သွားသကဲ့သို့ ခံစားရသည်။ ထို့နောက် ဖန်းလီသည် လှည့်ပြီး ဆက်လက်စားသောက်နေသည်။ သူတို့သည် အတူတကွ ထိုင်နေဆဲဖြစ်သော်လည်း ဖန်းလီသည် ရှဲ့ဟွိုင်၏ ခံစားချက်များကို စိုးရိမ်သကဲ့သို့ သင့်တင့်သော အကွာအဝေးကို ထိန်းသိမ်းထားသည်။

ရှဲ့ဟွိုင်သည် ဂရုမစိုက်ဘဲ ဘေးဘက်သို့ ကြည့်လိုက်သည်။ နံနက်ခင်းအလင်းရောင်သည် ဥယျာဉ်တစ်ခုလုံးကို ဖြန့်ကျက်နေပြီး ဘေးနားမှ နတ်ဆိုးကောင်၏ဖြူဖတ်ဖြူရော်မျက်နှာတွင် အနည်းငယ်ပို၍ သက်ဝင်လှုပ်ရှားမှုရှိပုံရသည်။ အရသာရှိသော အစားအစာကို စားသောက်သောအခါ သူသည် တိတ်တဆိတ် ကျေနပ်မှုကို ဖော်ပြသည့် အမူအရာကို ပြသလေ့ရှိသည်။ လောကကြီးကို ဖျက်ဆီးလိုသော နတ်ဆိုးကောင်တစ်ကောင် မဟုတ်ဘဲ ကမ္ဘာနှင့် မည်သည့်ပဋိပက္ခမျှ မရှိသော သာမန်လူတစ်ဦးကဲ့သို့ ဖြစ်နေသည်။

သူ၏နှုတ်ခမ်းများသည် အလွန်ဖြူဖတ်ဖြူရော်ဖြစ်နေသောကြောင့် အသေးငယ်ဆုံးသော အရောင်များပင် အလွန်တောက်ပနေသည်။ မျက်တောင်များအောက်ရှိ မျက်လုံးများတွင် နူးညံ့သိမ်မွေ့ပြီး နွေးထွေးသော အပြုံးတစ်ခု ပါရှိနေသည်။

ရှဲ့ဟွိုင်သည် မျက်လုံးများကို အပြင်းအထန် မှိတ်ချလိုက်သည်။ သို့သော် သူ၏လက်များသည် အင်္ကျီလက်များအောက်တွင် မသိစိတ်အရ လျှောကျသွားသည်။

ယခုအချိန်သည် လုပ်ဆောင်ရန် မသင့်တော်သော အချိန်ဖြစ်သည်။ နတ်ဆိုးကျွန်များ အလွန်များပြားနေသည်။ သူသည် ဤကဲ့သို့ ပြုမူနေခြင်းမှာ တရားမျှတသောဂိုဏ်းများကို ရှုတ်ချရန် သရုပ်ဆောင်နေခြင်းသာဖြစ်သည်။ သူသရုပ်ဆောင်ရသည်ကို ကျေနပ်ပါက လွှတ်ပေးမည်ဖြစ်သည်။ သူကိုယ်တိုင်အတွက်မူ ရှဲ့ဟွိုင်သည် အစီအရင်ကို ဖြိုခွဲကာ ဤနတ်ဆိုးကောင်ကို သတ်ရန် အခွင့်အရေးကို ရှာဖွေမည်ဖြစ်သည်။

ရှဲ့ဟွိုင်သည် ဤလူသည် မည်သည့်လူမျိုးဖြစ်သည်ကို ကောင်းစွာသိသည်။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမျှ မျက်နှာပြောင်မတိုက်ဘဲ လှည့်စားခံရမည်မဟုတ်ပေ။ သူစက္ကန့်ပိုင်းအတွင်း စိတ်ခံစားချက် ပြောင်းလဲသွားခဲ့သည်ဆိုလျှင်လည်း ဤနတ်ဆိုးကောင်သည် လူ့စိတ်ကို လှည့်စားရာတွင် အလွန်ကျွမ်းကျင်သောကြောင့်သာ ဖြစ်သည်။

ဖန်းလီသည် ရှဲ့ဟွိုင် စဉ်းစားနေသည်ကို ဂရုမစိုက်ပေ။ သူသည် နတ်ဆိုးနန်းတော်၏ အစားအစာများသည် အတော်လေး ကောင်းမွန်သည်ဟု ထင်မြင်မိပြီး နတ်ဆိုးကျွန်များ၏ ဝန်ဆောင်မှုဖြင့် ဧကရာဇ်မင်းတစ်ပါး၏ဇိမ်ခံမှုကို ခံစားနေရသည်။ ထို့နောက် သူသည် နှုတ်ခမ်းကို သုတ်ပြီး ရှဲ့ဟွိုင်ထံ လှည့်ကြည့်လိုက်သည်။

ရှဲ့ဟွိုင်သည် အေးစက်သောအသွင်ဖြင့် သူ့ကို ကြည့်နေဆဲဖြစ်သည်။

ဖန်းလီသည် ရှဲ့ဟွိုင်ကို နည်းနည်းလေး ကြည့်လိုက်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ရှဲ့ဟွိုင်ကို လွှတ်ပေးလိုသည်။ ထိုကဲ့သို့သော အန္တရာယ်ကို သူ့ဘေးတွင် ထားရှိခြင်းသည် သူ့အတွက် ဒုက္ခများကို ဖိတ်ခေါ်နေသကဲ့သို့ဖြစ်သည်။ သို့သော် ဇာတ်လမ်း၏ဤအပိုင်းကို လွှတ်ပေးဖို့ ပြင်ဆင်ရန် မလွယ်ကူပေ။ သူသည် သူ့ကိုယ်သူ ဒုက္ခရောက်စေရန် လုပ်နေသည်ဟု ထင်သည်။

ရှဲ့ဟွိုင်သည် ဖန်းလီ၏မလိုလားအပ်သောစိတ်ဆန္ဒကို မြင်သည်။ ဖန်းလီသည် သူနှင့် ဆက်ဆံရန် စိတ်မပါကြောင်း သိသာထင်ရှားသည်။ သူ၏ယခင်ကခန့်မှန်းချက်များကို အတည်ပြုနေသည်။ ဖန်းလီသည် သရုပ်ဆောင်ပြီးပါက သူ့ကို လွှတ်ပေးလိမ့်မည်။

ရှဲ့ဟွိုင်၏နှုတ်ခမ်းထောင့်သည် ကွေးညွှတ်သွားပြီး မျက်လုံးများအောက်တွင် လှောင်ပြောင်သော အမူအရာတစ်ခု ပေါ်လာသည်။

ထို့နောက် ဖန်းလီက “ယွီယီကျွင်းအတွက် အခန်းတစ်ခု စီစဉ်ပေးလိုက်” ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ရှဲ့ဟွိုင်ထံ လှည့်ပြီး သူ့ကို ကြည့်ကာ ပြုံးရယ်လျက် “ဒီလို အလှတရားကို ငါသခင်က ဘယ်လိုလုပ်စွန့်ခွာနိုင်မလဲ။ ငါတို့ တစ်နေ့လုံး၊ နံနက်ခင်းတိုင်း ညနေခင်းတိုင်း အတူ ရှိနေသင့်တယ်‌လေ” ဟု ပြောလိုက်သည်။

Chapter 5 End

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment