Chapter - 16
ဖန်းလီသည် တွေဝေစွာဖြင့် မျက်လုံးများကိုဖွင့်ကြည့်လိုက်၏။
အမှောင်ထဲတွင် ရှဲ့ဟွိုင်၏မျက်လုံးများသည် မှောင်မိုက်ပြီး နီရဲနေကာ သူ့အသားကို စားတော့မည့်သားရဲတစ်ကောင်ကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။ သူ့လက်ဖဝါးနွေးနွေးသည် သူ့လက်ကောက်ဝတ်ကို ဖိထားပြီး သူ့လက်ဆစ်များသည် တသိမ့်သိမ့်တုန်ခါနေသည်။
ယခင်က အေးစက်ပြီး ခံစားချက်မဲ့ဟန်ရှိသော ထိုလူသားသည် နတ်ဆိုးထောင်ပေါင်းများစွာကို ရင်ဆိုင်ရသည့်တိုင် တည်ငြိမ်ခဲ့သော်လည်း ယခုတွင် ရက်စက်သောသားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ကြောက်မက်ဖွယ်အေးစက်မှုသည်လည်း ဖန်းလီကို စိမ့်ဝင်သွားကာ ဖန်းလီ၏တစ်ကိုယ်လုံးရှိအမွှေးများပင် ထောင်မတ်လာသည်။
သူ့ကို တကယ်သတ်ပစ်ချင်နေသည်။
ယခု ရှဲ့ဟွိုင်နှင့် တိုက်ခိုက်လျှင် သူသေသည်ဖြစ်စေ၊ ရှဲ့ဟွိုင်သေသည်ဖြစ်စေ၊ အတူတူသေသည်ဖြစ်စေ... သူလိုချင်သောရလဒ် မဟုတ်ပါ။
သူသိသည်မှာ တိုက်ခိုက်မှုဖြစ်နေချိန်တွင် ရှဲ့ဟွိုင်ကို တွေ့ခြင်းသည် အလွန်အန္တရာယ်များသောကြောင့် ယခင်က သူ့ကို မတွေ့အောင် ရှောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ခုနစ်ရက် ခုနစ်ည ရှိနေပြီ။ ရှဲ့ဟွိုင်သည် အဘယ်ကြောင့် ဤအခြေအနေတွင် ရှိနေသေးသနည်း။ ဖန်းလီသည် ဘယ်အရာမှားယွင်းသွားသနည်းဟု တွေးတောရင်း မနေနိုင်ဘဲ သူ့မျက်နှာအမူအရာ အနည်းငယ်တောင့်တင်းသွားကာ သူ့အမှားကို တွေ့ရှိပုံရသည်။ သူသည် အလွန်သေးငယ်သော အသေးစိတ်အချက်တစ်ခုကို လွတ်သွားခဲ့သည်…အလွန်သေးငယ်သော အသေးစိတ်အချက်တစ်ခု။
မူရင်းဇာတ်ညွှန်းစာအုပ်ထဲက ရှဲ့ဟွိုင်သည် တိုက်ခိုက်မှု၏သက်ရောက်မှုကို ထိန်းချုပ်နိုင်ခဲ့ပုံရသော်လည်း ရန်ဆွေးကို ရင်ဆိုင်ရာတွင် မယိမ်းယိုင်ခဲ့သော်လည်း ရန်ဆွေး ဒေါသထွက်ပြီးနောက် ရှဲ့ဟွိုင်နှင့် အကြိမ်တိုင်း ဆက်ဆံရေးရှိခဲ့သည်။ အတင်းအကျပ်ချစ်ခြင်း... ဆိုလိုသည်မှာ ရှဲ့ဟွိုင် မလိုအပ်ပုံပေါ်သော်လည်း ရန်ဆွေးသည် ရှဲ့ဟွိုင်အား တိုက်ခိုက်မှုကာလကို ဖြတ်သန်းနိုင်အောင် အမှန်တကယ်ကူညီပေးခဲ့ပြီ ဤအခြေအနေကို အချိန်ကြာမြင့်စွာ မခံစားစေခဲ့ပါ။
သူသည် မူရင်းဇာတ်ညွှန်းစာအုပ်၏လွှမ်းမိုးမှုကို အလွန်နက်ရှိုင်းစွာ ခံခဲ့ရသည်။ စာအုပ်သည် ရှဲ့ဟွိုင်၏စိတ်ပိုင်းဆိုင်ရာခိုင်မာမှုကို မည်မျှ အလေးပေးထားသည်ကို အာရုံစိုက်ထားသည်။ ချစ်ခြင်းပိုးကောင်၏ပေါက်ကွဲမှုကို ထိန်းချုပ်ရန် "လွယ်ကူ" သကဲ့သို့ပင်။ ရှဲ့ဟွိုင်ကို ယုံကြည်မှုကြောင့် ဖန်းလီသည် မသိစိတ်က အထင်အမြင်တစ်ခုကို ခံစားမိခဲ့သည်။ ရှဲ့ဟွိုင်အတွက်
‘ဘာမှမဟုတ်ဘူး၊ အသုံးမဝင်ဘူး၊ သည်းခံလိုက်ရုံပဲ။’
သို့သော် ယခုပေါ်လာသည်မှာ ထိုသို့မဟုတ်ပါ။
ရှဲ့ဟွိုင်သည် အမြဲတမ်း ခံစားချက်မဲ့ပြီး သူ၏အားနည်းချက်နှင့် နာကျင်မှုကို အခြားသူများရှေ့တွင် ဘယ်သောအခါမှ မပြသောသူ ဖြစ်သောကြောင့်ပင်။ ဥပမာအားဖြင့် သူ၏အရိုးတိုင်းကို ချိုးဖျက်ပြီး လေ့ကျင့်မှုကို ဖျက်ဆီးသောအခါတွင်ပင် မျက်နှာမပျက်ခဲ့ပါ။
‘မနာဘူးလား။’
ဖန်းလီသည် ရုတ်တရက် အလွန်အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ သူ၏ခဏတာအမှားကြောင့် ရှဲ့ဟွိုင်သည် နောက်ထပ်ခုနစ်ရက် ပို၍ သည်းခံခဲ့ရသည်။
ဟဲဟွမ်းဂိုဏ်း၏ဂိုဏ်းချုပ်သည် ချစ်ခြင်းပိုးကောင် တိုက်ခိုက်ခံရလျှင် အရှင်၏အကူအညီဖြင့် သက်သာအောင် မလုပ်နိုင်လျှင် အသက်သည် သေခြင်းထက် ဆိုးရွားလိမ့်မည်ဟု ဆိုသည်။
သက်သာစေရန် နည်းလမ်းနှစ်ခုသာ ရှိသည်။ တစ်ခုမှာ ရှဲ့ဟွိုင်သည် သူ့ကို ပြုလုပ်ခဲ့သည့် အရာများကို မုန်းတီးရန်၊ နောက်တစ်ခုမှာ အရှင်၏ကိုယ်ပိုင်သွေးကို အသုံးပြုရန်ဖြစ်သည်။
ဖန်းလီသည် ဒုတိယရွေးချယ်မှုကို မဆိုင်းမတွ ရွေးချယ်ခဲ့သည်။
သို့သော် ယခုပြဿနာမှာ... ဖန်းလီသည် သူလှုပ်ရှားလျှင် သေစေနိုင်သော လက်နက်တစ်ခုနှင့် ရှဲ့ဟွိုင်ထွက်လာမည်ကို ကြောက်သည်။
ထို့အပြင် ရှဲ့ဟွိုင်ကို မည်သို့ယုံကြည်အောင် ဆွဲဆောင်နိုင်ရမည်နည်း။ သူ့ကို အတင်းအကျပ် ချုပ်နှောင်ပြီး ချစ်ခြင်းပိုးကောင်ကို ကျွေးသောနတ်ဆိုးတစ်ကောင်သည် ထိုကဲ့သို့သော အခြေအနေတွင် သူ့ကို အနည်းငယ်မျှပင် မစဉ်းစားဘဲ တိုက်ခိုက်မှုကာလကို ဖြတ်သန်းနိုင်ရန် ကူညီလိုရုံသာဖြစ်သည်ဟု မည်သို့ယုံကြည်အောင် လုပ်နိုင်မည်နည်း။
‘ကောင်းပြီ သူ့ကို သတ်လိုက်ကြစို့။’
စနစ်သည် ပထမတွင် စိုးရိမ်ပူပန်ခဲ့ပြီး ထို့နောက် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီးနောက် စနစ်ဆန်စွာ ဖန်းလီကို တိုက်တွန်းပြောဆိုလာသည်။
[စနစ်: ဒီအချက်ကို ဇာတ်လမ်းကြောင်းအတိုင်း လိုက်မလျှောက်တာ ဘာလို့လဲ။ သူ့အတွက် အတော်လေးခက်ခဲနေတာကို မြင်ရတယ်။ ဒါပေမဲ့ အခုကတော့ သဘာဝကျတဲ့ကိစ္စတစ်ခု ဖြစ်လာတော့မယ်... ဝူချီ မျက်လုံးလေးမှိတ်ပြီး သူ့ကို မိန်းမတစ်ယောက်လို့ သဘောထားလိုက်။]
[စနစ် ရှက်ရွံလျက်: ကျွန်ုပ်မှာ အရှင်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တဲ့လုပ်ဆောင်ချက် မရှိဘူး။ စက်ရုံတွင် တပ်ဆင်စဉ်ကလဲ ဒီလုပ်ဆောင်ချက် မရှိခဲ့ဘူး။]
[ဖန်းလီ: မင်းမှာ ဒီလုပ်ဆောင်ချက် ရှိရင် သုံးဖို့ စီစဉ်နေတာလား။]
[ဖန်းလီက အေးစက်စွာ ပြောသည်: မင်းကိုယ်တိုင်တောင် မလုပ်ချင်ဘူးဆိုရင် ငါ့ကို ဘာလို့ လုပ်စေချင်တာလဲ။
မင်းကိုယ်တိုင် မလိုချင်တဲ့အရာကို သူများအပေါ် မလုပ်သင့်ဘူးဆိုတာ မသိဘူးလား။]
[စနစ်: ...] ရှဲ့ဟွိုင်က လူတိုင်းချစ်တဲ့နှလုံးသားကို ခိုးယူသူ မဟုတ်ဘူးလား။ မင်းပြောတာက အရှုံးကြီးကြီးမားမားကြီးလို ဖြစ်နေတာပဲ...
စနစ်သည် နောက်တစ်ကြိမ် ရှုပ်ထွေးသွားသည်။ တကယ်တော့ ယခင်က အရှင်သည် ရှဲ့ဟွိုင်ကို နေရာတိုင်းမှာ သဘောကျပြီးနောက် သူ့ကို မတိုက်တွန်းဘဲ နောက်ဇာတ်လမ်းကြောင်းအတိုင်း နာခံစွာ လိုက်လျှောက်စေချင်သည်ဟု တွေးထားခဲ့သည်။ သို့သော် သူမှားကြောင်း တွေ့ရှိခဲ့သည်။ အရှင်သည် သူ့ကို တစ်ချက်လောက် ကြည့်စေချင်သည်။ ဤဘဝတွင် ဖြစ်နိုင်မည် မဟုတ်ပေ။ စနစ်သည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
ဖန်းလီသည် စနစ်နှင့် စကားပြောပြီး စိတ်တည်ငြိမ်သွားသည်။ ယခုမူ စိတ်ပူနေ၍ အသုံးမဝင်တော့ပါ။ ပြီးတော့ ဒါကို ကြိုသိခဲ့လျှင်ပင် ဖြစ်လာမည့်အရာက ဖြစ်လာဦးမည်။
ရှဲ့ဟွိုင်သည် ခုနစ်ရက်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး သူသည် အခုလေးတင် ရုတ်တရက် ရောက်လာခဲ့သည်။
'မီးလောင်နေတဲ့ဓာတ်ဆီထဲကို ဟော့ဟော့ဇီနဲ့အတူ ဘာလို့ကျမသွားရတာလဲ။ သူ့ကို စိတ်တိုအောင် လုပ်မိခဲ့တာဖြစ်မယ်။’
သို့သော် ရှဲ့ဟွိုင်၏စိတ်ဓာတ်ခိုင်မာမှုကြောင့် သူ၏ခက်ထန်သောနှလုံးသားသည် မကြာမီ သတိပြန်ရလာမယ်ဟု ယုံကြည်သည်။ ထို့နောက် ယခင်အတိုင်း'ချစ်ကြည်ရင်းနှီးစွာ' ဆက်သွယ်နိုင်လိမ့်မည်။
ဖန်းလီသည် သက်တောင့်သက်သာဖြစ်သည့် သဘာဝကျသောကိုယ်နေဟန်ထားနှင့် ပြန်လှဲလိုက်ပြီး သူ့ကို စိတ်မတိုအောင် ဖြည်းဖြည်းချင်း လျှော့ချဖို့ ကြိုးစားခဲ့သည်။
ရှဲ့ဟွိုင်သည် ဖန်းလီ၏လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ မျက်လုံးနီရဲရဲများနှင့် သူ့ရှေ့က ဖြူဖျော့နေသောလူကို စိုက်ကြည့်နေသည်။
သူသည် အမှောင်ထဲမှာ ဘယ်လောက်ကြာကြာ အတက်အဆင်း ဖြစ်နေခဲ့လဲဆိုတာကို မမှတ်မိတော့ပါ။ အစပိုင်းမှာ သူသည် အချိန်၏ကုန်လွန်မှုကို ဝိုးတဝါး သိခဲ့ပေမဲ့ နောက်ပိုင်းမှာ နေ့နဲ့ညကို မခွဲခြားနိုင်တော့ပါ။ သူ့ပတ်ဝန်းကျင်သည် အရာအားလုံးကို ခွဲခြားရန် စွမ်းအင်မရှိတော့ပါ။ ရောက်လာသည့်ထူးဆန်းမှုများသည် သူ့ကို လုံးဝမတူသည့်လူတစ်ယောက်၊ ထူးဆန်းပြီး ဆိုးယုတ်သောသူ၏ကိုယ်ပိုင်ပုံစံအဖြစ် ပြောင်းလဲသွားစေခဲ့ပုံရသည်။
အဆုံးမရှိသည့်ပင်လယ်နက်ကြီးသည် သူ့ကို တဖြည်းဖြည်းဝါးမျိုသွားတယ်။
‘ညက အေးစက်ပြီး တိတ်ဆိတ်နေတယ်။ အပြောင်းအလဲတိုင်းဟာ အရိုးထဲထိ ရှင်းလင်းစွာ သိသာတယ်။ ဝိညာဉ်ကနေ အရိုးအထိ အကြိမ်ကြိမ် ကြေမွသွားရင်တောင် ဒါတွေက လုံးဝ မငြိမ်သက်သွားဘူး။’
‘အဆုံးမရှိသလို လွတ်မြောက်လို့လဲ မရဘူး။’
အသံမထွက်စေရန် မျက်နှာအမူအရာ မပြောင်းလဲအောင်၊ ခန္ဓာကိုယ် မလှုပ်ရှားအောင် သူသည် အသက်မဲ့ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ငရဲမှာ နစ်မြှုပ်နေသည်။ ဤသည်မှာ သူလုပ်နိုင်သည့်တစ်ခုတည်းသော အရာပင်။
သူ စောင့်နေသည်မှာ... ကျူးလွန်သူရောက်လာရန်ဖြစ်သည်။
‘မင်းရဲ့ရည်ရွယ်ချက်က ဒါဆိုရင်၊ မင်း မြင်ချင်တာက ဒါဆိုရင် မင်း ပေါ်လာလိမ့်မယ်။’
တစ်မိနစ်နှင့် တစ်စက္ကန့်တိုင်းသည် အဆုံးမရှိလောက်အောင် ရှည်လျားနေပုံရသည်။ မကြာခင် မကြာခင်... ဟု ရှဲ့ဟွိုင်သည် သူ့ကိုယ်သူ အကြိမ်ကြိမ် ပြောနေခဲ့သည်။ သို့သော် သူသည် အချိန်ကို မမှတ်မိနိုင်သည်အထိ၊ အရာအားလုံးကို မခွဲခြားနိုင်သည်အထိ သူ၏သတိသည် တဖြည်းဖြည်းရှုပ်ထွေးလာပြီး ဆင်ခြင်တုံတရားသည်လည်း လုံးဝပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။ မည်သူမှလည်း ရောက်မလာခဲ့ပါ။
ရှဲ့ဟွိုင်သည် ဒါကို သတိပြုမိသည့်အခါ သူသည် အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ထိုလူသည် သူ့ကို နှစ်သက်ရန် သူ့ဂုဏ်သိက္ခာကို လျှော့ချဖို့ ဝန်မလေးခဲ့ပါ။ ချစ်ခင်ရင်းနှီးဟန်ဆောင်ပြီး သူ့ကို ထုံထိုင်းစေခဲ့သည်။ သူသည် နည်းလမ်းအားလုံးကို အသုံးချခဲ့သည်။ နောက်ဆုံးတွင် သူ့ကို 'သူ့ကို ကြိုက်လာအောင် လုပ်နိုင်တဲ့' ဤအရာကို ကျွေးခဲ့သည်။
ယခု သူ၏ရည်မှန်းချက် ပြည့်မြောက်သွားပြီ။ သို့သော် သူ ပေါ်မလာတော့ပါ။
‘ဒါမှမဟုတ် နတ်ဆိုးက လူတွေရဲ့နှလုံးသားနဲ့ ကစားရတာကိုပဲ ကြိုက်တာလား။ သူ့ကြောင့် စိတ်မူးဝေပြီး နာကျင်နေတာကို မြင်ချင်တာလား။’
‘ဒါမှလွဲရင် တခြားအကြောင်းပြချက် ရှိပုံမရဘူး။’
ဤလူသည် သူ့ကို အကြိမ်ကြိမ်လှည့်စားနိုင်သည့် ကမ္ဘာပေါ်ရှိတစ်ဦးတည်းသောသူပင်။
ရှဲ့ဟွိုင်၏မျက်လုံးများသည် သွေးများနှင့် ပြည့်နေပြီး အေးစက်သည့်လူသတ်လိုစိတ်သည် အမှန်တကယ် ဖြစ်နေပုံရသည်။
‘ဒီကောင်...လိမ်ညာတဲ့ကောင်ကို မျက်လုံးနဲ့တောင် အပိုင်းပိုင်းဖြတ်ပစ်ချင်နေပုံရတယ်။’
နွေဦးလေပြေသည် ပင်လယ်ကို လှိုင်းထစေသလို နူးညံ့သည့်အလင်းရောင်သည် အမှောင်ကို ဖယ်ရှားပေးပြီး နွေးထွေးမှုက ရေခဲမြစ်ကို အရည်ပျော်စေသည်။ တစ်လှမ်းတိုးပြီး နီးကပ်လိုက်ရုံနှင့် ဤအဆုံးမရှိသည့်ငရဲမှ လွတ်မြောက်ပြီး ချမ်းသာခြင်းတွင် ပြန်လည်မွေးဖွားနိုင်ပေမည်။
ရှဲ့ဟွိုင်သည် ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး သူ၏မျက်လုံးများသည် ပိုမဲနက်လာသည်။
‘ဒါတွေအားလုံး မင်း မျှော်လင့်ထားတဲ့အတိုင်းပဲ မဟုတ်လား။’
ရှဲ့ဟွိုင်၏လက်သည် တဖြည်းဖြည်းတင်းလာပြီး သူ့ရှေ့မှ လူက နာကျင်မှုအနည်းငယ် ပြနေသည်ကို တွေ့သော်လည်း လွှတ်ပေးရန်လည်း မရည်ရွယ်သလို စိတ်မကောင်းလည်း မဖြစ်ပါ။
‘နာကျင်နေတာလား... ဒါပေမဲ့ ဒါက နာကျင်မှု အနည်းငယ်လေးပဲ။ ငါ ဖြတ်သန်းခဲ့ရတဲ့ အရာအားလုံးနဲ့ ယှဉ်လို့တောင်မရဘူး။’
ဤလူသည် အမြဲတမ်းမာနကြီးပြီး ဇိမ်ခံတတ်သည်။ အမြဲတမ်းပျင်းရိပြီး ပေါ့ပေါ့ပါးပါး ပုံစံနှင့် နေသည်။ တခါတလေ သူက အေးစက်ပြီး ရက်စက်သည့်နတ်ဆိုးတစ်ကောင်ဆိုတာကို မေ့သွားကာ သူ့ကို စတိုင်ကျပြီး ဇိမ်ခံတတ်သည့် လူငယ်တစ်ယောက်ဟုပင် ထင်ကြသည်။
ရှဲ့ဟွိုင်၏လက်ဆစ်များမှာမူ ဖြူဖွေးသွားသည်အထိ တင်းမာနေပြီး သူ၏နှုတ်ခမ်းထောင့်များသည် ဖြည်းဖြည်းချင်းအေးစက်လာကာ ကွေးညွှတ်ပုံစံ ဖြစ်လာသည်။ သူ ဘယ်လောက်ကြာကြာသည်းခံနိုင်မလဲဟု တွေးနေမိသည်။
‘မင်း နည်းနည်းလှုပ်ရှားလိုက်တာနဲ့ ငါက အရင်ဆုံးတိုက်ခိုက်ပြီး မင်းကို သတ်ပစ်မယ်။’
တစ်ကြိမ်၊ တစ်ကြိမ်၊ တစ်ကြိမ်...
ဖြူဖျော့နေသည့်လူသည် နာကျင်မှုကြောင့် မျက်မှောင်ကြုံ့လာပြီး မျက်လုံးများသည်လည်း အံ့သြရိပ်ဖြင့်ရှုပ်ထွေးနေသည်။ ခဏအကြာတွင် သူ သတိပြန်ရလာပြီး နာကျင်မှုကို ခံနိုင်ရည်ရှိသွားကာ အပြစ်ကင်းပြီး စင်ကြယ်သည််မျက်လုံးများနှင့် ကြည့်နေသည်။
ရှဲ့ဟွိုင်သည် သူ့လက်ဖဝါးထဲမှ ပါးလွှာသည့် လက်ကောက်ဝတ်အရိုးများ တုန်ခါပြီး ဖြည်းဖြည်းချင်း ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။ အနှီယောက်ျားသည် သတိထားနေပြီး သူ့ကို စိတ်ဆိုးအောင်လုပ်မိမည်ကို ကြောက်နေသည့်ပုံစံမျိုးနှင့်ပင်။
ဤလူသည် မလှုပ်ရှားရုံတင်မက ခုခံခြင်းလည်းမရှိဘဲ သူ့ရှေ့တွင် ကာကွယ်မှုမဲ့သည့်ကိုယ်နေဟန်ထားနှင့် ပေါ်လာခဲ့သည်။
သူ့ကို လိုချင်တာလုပ်ခွင့် ပေးထားသည့်နှယ်။
သူ့ကို ငြိမ်သက်စွာ ကြည့်နေသည့်မျက်လုံးများသည် ဘာဆန္ဒမှ မပါဘဲ အလွန်စင်ကြယ်နေသည်... စကားတစ်ခွန်းမှ မပြောသော်လည်းသူ့တွင် မကောင်းသည့်ရည်ရွယ်ချက် မရှိကြောင်း မျက်လုံးများနှင့် ပြောပြနေသယောင်။
‘ဒါမဲ့ ငါ့မှာတော့ မကောင်းတဲ့ရည်ရွယ်ချက် ရှိတယ်။’
နောက်ဆုံးကျန်နေသည့် ဆင်ခြင်တုံတရားကြိုးလေး ပြတ်သွားသည်။
ရှဲ့ဟွိုင်၏မျက်လုံးထဲမှ အမှောင်သည် ပိုနက်ရှိုင်းလာပြီး အေးစက်သည့်သွေးဆာနေသော လူသတ်လိုစိတ်ထဲတွင် အခြားပိုကြောက်စရာကောင်းပြီး အန္တရာယ်များသည့်အရာတစ်ခု ရောနှောသွားပုံရသည်...
‘အခု ငါ့ကို ဒီလို ကိုယ်နေဟန်ထားနဲ့ ရင်ဆိုင်ရတာ ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိလား...?’
ရှဲ့ဟွိုင်တွင်မူ ဤအကြံအစည်သည် ယခင်ကထက် ပိုမိုက်မဲကာ ရယ်စရာကောင်းလားဆိုသည်ကို တွေးရန် အချိန်မရှိပါ။
‘မင်းကို သတ်ချင်တဲ့သားရဲတစ်ကောင်ကို ရင်ဆိုင်တဲ့အခါ ပြေးတာ၊ ရှောင်တာ၊ ခုခံတာ... အားလုံးဟာ အရမ်းအန္တရာယ်များတဲ့အပြုအမူတွေပဲ။’
ထို့ကြောင့် သူက ကြိုးစားပြီး ရှဲ့ဟွိုင်ကို စေ့စေ့စပ်စပ်ကြည့်ကာ ထိုအရာသည် နားလည်မှုလွဲမှားမှုတစ်ခုပဲဟု သူ၏မျက်လုံးများနှင့် အသည်းအသန် အရိပ်အမြွက်ပြောနေသည်။
‘ငါတို့မှာ ပြောစရာတွေ ရှိတယ်!’
သို့သော် ယခုချိန်သည် ရှဲ့ဟွိုင် စိတ်ကောင်းဝင်နေချိန် မဟုတ်ပါ။ သူသည် ဒေါသကို ထိန်းထားနေရသည်။ သူ၏မျက်လုံးများတွင် လှုပ်ရှားရိပ်ရှိ။ မျက်လုံးကို အချိန်အကြာကြီး ဖွင့်ထား၍ ငိုမိတော့မလို နာကျင်နေသော်လည်း ရှဲ့ဟွိုင်တွင် လျော့ပါးသွားသည့်လက္ခဏာ မပြသေးပါ...
ဖန်းလီသည် ဤအကြိမ်တွင် မှားသွားသည်ဟု ခံစားလိုက်ရသည်။
ဤအရာအားလုံးသည် ရှဲ့ဟွိုင်ကို သူ အလွန် ယုံကြည်ခဲ့ပြီး နောက်နေ့တွင် လာမစစ်ဆေးခဲ့သောကြောင့် ဤအခြေအနေထိ ဖြစ်သွားခဲ့ရခြင်းပင်။
ပြီးပြည့်စုံသည့် တကယ့်ကမ္ဘာသည် အကျပ်အတည်းများနှင့် ပြည့်နှက်နေပြီး ချောက်ကမ်းပါးများနှင့် ပြည့်နှက်နေသည်။
‘ငါ့မှ ရှိတာက ဦးနှောက်မဲ့တဲ့အသေးစား အဝါရောင်စာအုပ်တစ်အုပ်ပဲ။ ဒါက တကယ်ကို ခက်ခဲတယ်။ ငါ သေသွားရင် စနစ်က ဒုတိယ အရှင်ကို ချောချောမွေ့မွေ့ ရှာတွေ့နိုင်မလားဆိုတာကို မသိဘူး။ စနစ်က ဆက်ပြီး အကောင်းမြင်နိုင်မယ်လို့ မျှော်လင့်မိတယ်။’
ဖန်းလီသည် သေချာတွေးနေပြီး သူ့မျက်လုံးများသည်လည်း အနည်းငယ်ပြေလျော့လာသည်။
ရုတ်တရက် မျက်လုံး ပြူးသွားသည်။
ရှဲ့ဟွိုင်သည် သူ့ကို ထိတွေ့ဖို့ ဆန္ဒရှိနေတာလား။
‘ဒါ ဘာလုပ်နေတာလဲ။ သူ မရွံဘူးလား။ !’
အလွန်တုန်လှုပ်သွားသောကြောင့် မကြာသေးခင်ကတည်းက မျက်လုံးထဲတွင် လူးလိမ့်နေသည့်မျက်ရည်များသည် နောက်ဆုံးတွင် စီးကျလာသည်။
မျက်လုံးကို အချိန်အကြာကြီးဖွင့်ထား၍ ဖြစ်ပေါ်လာသည့် မတတ်နိုင်သောဇီဝကမ္မတုံ့ပြန်မှုတစ်ခုပင်ဖြစ်သော်လည်း ငိုသည်မှာ အနည်းငယ်ရှက်စရာကောင်းပြီး သူ့ပုံစံနှင့် မကိုက်ညီသည့်နှယ်။ ဖန်းလီသည် ရှက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
သို့သော် သူ့ကို ထိန်းချုပ်ထားသည့်လူသည် သူ့ကို ရှောင်ခိုင်းရန် ဆန္ဒမရှိပါ။ သွေးညှီနံ့သည် သူ၏နှုတ်ခမ်းနှင့် သွားများကြား၌ ပြည့်နှက်နေသည်။ ဖန်းလီသည် နာကျင်မှုကြောင့် တုန်ခါနေပြီး သူ၏လည်ပင်းပေါ်ကို ကျရောက်လာသည့်လက်ချောင်းများသည် ဖြည်းဖြည်းချင်း တင်းလာကာ သူ၏လည်တိုင်ကို ညှစ်နေသည်။ သူ့ကို အသက်ရှူရခက်အောင် လုပ်နေသည်။
‘ခဏလေး မင်းရဲ့ကိုယ်ပိုင်သွေးနဲ့ဆို ရှဲ့ဟွိုင် အဆင်ပြေသင့်တယ် မဟုတ်လား။’
ဖန်းလီသည် ချက်ချင်း တည်ငြိမ်သွားသည်။ လမ်းမရှိသည်ထက် လမ်းရှိပုံပင်မရပါ။ ရှဲ့ဟွိုင်သည်လည်း သူ၏ပါးစပ်ကို မဖွင့်ဘဲ သူ၏ ကိုယ်ပိုင်သွေးကို သောက်ပြီး ဤကြမ်းတမ်းသည့်ကာလကို ကျော်ဖြတ်နိုင်ခဲ့သည်။
‘ငါ ခဏလောက် သည်းခံဖို့ပဲ လိုတယ်။ အဆင်ပြေသွားလိမ့်မယ်…’
ရှဲ့ဟွိုင်၏မျက်လုံးနီရဲရဲများသည် သူ့ရှေ့ကလူကို ကြည့်နေသည်။ ဖြူဖျော့နေသည့်လူသည် အရင်ကလို ပျင်းရိပြီးရမ်းကားတာမျိုး မဟုတ်တော့ပါ။ သူသည် စိတ်မကောင်းဖြစ်ပြီး သနားစရာကောင်းနေသည်။ မျက်ရည်များသည် သူ၏မျက်လုံးထောင့်များမှ စီးကျလာပြီး အားနည်းကာ နူးညံ့သည့်မျက်နှာပေါ်ကို လျှောဆင်း၍ နားထင်နားဝယ် ပျောက်ကွယ်သွားသည်။
‘သူ ရှက်လို့လား မသိဘူး၊ မျက်လုံးတွေကို ထပ်မဖွင့်တော့ဘူး။’ အနည်းငယ် တုန်ရီလျက်ပင်..
ရှဲ့ဟွိုင်၏လည်စေ့သည် လှိမ့်ဆင်းသွား၏။
ယခင်က မပေါ်ခဲ့ဖူးသည့်အတွေးများသည် ထိန်းချုပ်မရဘဲ ပေါ်လာသည်။
‘အချိန်ကို တိတ်တဆိတ် ကုန်ဆုံးစေပါ။’
နောက်ဆုံးတွင် ရှဲ့ဟွိုင်သည် အနည်းငယ်လျော့သွားပုံရသည်။ သားကောင်သည် နောက်ထပ်မခုခံတော့ဘူးဟု ဆုံးဖြတ်လိုက်သည့် တောရိုင်းတိရိစ္ဆာန်တစ်ကောင်လိုမျိုးပင်။ ဖြည်းဖြည်းချင်းလူသတ်လိုစိတ် ပျောက်ကွယ်သွားပြီး ပြေလျော့သွားကာ ပျော်ရွှင်မှုအနည်းငယ် ရှိလာသည့်နှယ်...
ဖန်းလီသည် သူ၏လက်ကို ဘေးကို တိတ်တဆိတ်ရွှေ့လိုက်ပြီး ရုတ်တရက်ရှဲ့ဟွိုင်ကို တွန်းထုတ်လိုက်သည်။
အပြင်ကိုထွက်သွားနိုင်လျှင် ရှဲ့ဟွိုင် သူနောက်ကို လိုက်မှာကို မကြောက်တော့ပါ။ အဘယ်ကြောင့်ဆို ဤနေရာတွင် သူ့လူအားလုံးသာရှိသည်။
ရှဲ့ဟွိုင် ရုတ်တရက် တွန်းထုတ်ခံလိုက်ရပြီး သူ့မျက်လုံးများ မှောင်မိုက်သွားသော်လည်း သူလိုက်မသွားခဲ့ပါ။ သူ့ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပြီး နောက်ထပ် မလှုပ်ရှားတော့ပါ။ အင်္ကျီလက်တစ်ဝက်ဖြင့် ဖုံးအုပ်ထားသောသူ့လက်ဖမိုးနှင့် ရောင်ကိုင်းနေသောသွေးကြောများကသာ သူ့ထိန်းချုပ်မှုကို ပြသနေသည်။
ပွင့်နေသောတံခါးမှ အေးစက်သောလေများ တိုက်ခတ်ဝင်ရောက်လာပြီး အခန်းအတွင်းမှ ပြင်းထန်သောလေထုကို တိုက်ထုတ်သွားသည်။ မရှိသင့်သောအရာအားလုံးသည် ဒီရေကဲ့သို့ ဆုတ်ခွာသွားပြီး ထိုထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသောသူ့ပုံစံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ထိုအိပ်မက်ဆိုးမှ နိုးထလာပြီးနောက် အရာအားလုံးသည် တဖြည်းဖြည်းပုံမှန်အတိုင်းပြန်ဖြစ်လာသည်...
သို့သော် ယခုလေးတင်က နမ်းရှိုက်ခဲ့သော ချိုမြိန်မှုသည် သူ့နှုတ်ခမ်းနှင့် သွားများကြားတွင် အချိန်အတော်ကြာအောင် စွဲမြဲနေပုံရသည်...
ယခင်က သူ မမြည်းစမ်းဖူးသောအရာတစ်ခုဖြစ်သည်။
အဆုံးမဲ့သော ခုနစ်ရက် ခုနစ်ည ငရဲနှင့် နှိုင်းယှဉ်လျှင် ယခုအချိန်တွင် သူ့ကို ပိုရုန်းကန်ရသည်ကို
နောင်တမရပါ။ ထိုမျှမက...
ရှဲ့ဟွိုင်သည် မျက်လုံးများကို လက်ဖြင့်အုပ်လိုက်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာကာ ထူးဆန်းသောအပြုံးတစ်ခုပြုံးလိုက်သည်။
‘ကောင်းပြီလေ သွားတော့။’
မသွားလျှင် ကျွန်ုပ်ဘာလုပ်မည်ကို သင်သိချင်မှ သိလိမ့်မည်။
သူ့စိတ်ထဲတွင် ထိုကဲ့သို့ ညစ်ညမ်းသောအတွေးတစ်ခု ပထမဆုံးအကြိမ် ပေါ်လာခဲ့သည်..
.
‘ပြင်ပအရာဝတ္ထုများ၏ သြဇာလွှမ်းမိုးမှုကြောင့်လား။’
မဖြစ်နိုင်ဟု ထင်သည်...
သူ့ကျိုးကြောင်းဆင်ခြင်မှုသည် အေးစက်ပြီး ရက်စက်သောနတ်ဆိုးတစ်ကောင်ဖြစ်ပြီး ထိုအရာများသည် အပေးအယူမရှိနိုင်ကြောင်း ပြောပြသော်လည်း သူ့ခံစားချက်များက ဤလူသည် သူထင်သလိုမဟုတ်ကြောင်းနှင့် မဖြစ်မနေရန်သူများမဟုတ်ကြောင်း ပြောပြနေသည်။
ဤကမ္ဘာပေါ်တွင် လူတို့၏နှလုံးသားကို ထိန်းချုပ်နိုင်သော အရာမရှိပါ။ ခန္ဓာကိုယ်သည် ဗလာကျင်းသော ယာဉ်တစ်စင်းမျှသာဖြစ်သည်။ ဆင်ခြေများနှင့် အကြောင်းပြချက်များ မည်မျှပင်များပြားပါစေ... ပြင်ပသြဇာလွှမ်းမိုးမှုများအားလုံး ပျောက်ကွယ်သွားသောအခါ သူသည် သူ့ကိုယ်သူ လှည့်စားနိုင်တော့မည် မဟုတ်ပေ။
သူ ထိုလူကို မမုန်းပါ...
ရှဲ့ဟွိုင်သည် ဤသို့မဖြစ်သင့်ကြောင်း သိသော်လည်း အမှန်တကယ်မှာ သူသည် ဤနတ်ဆိုးကို ချစ်မိသွားခြင်းဖြစ်သည်။
...End...