no

Font
Theme

Novel : Demon Lord


Chapter 1


………………………………………….

အေးမြလှသော ဆောင်းရာသီ ကာလများတွင်ဂမ္ဘီရဝိညာဉ်တောင်တန်းသည် ရေခဲနှင့်နှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ အပြင်ဘက်သို့ ကြည့်လိုက်လျှင် မျက်စိအေးသောအဖြူရောင်မိုးကုတ်စက်ဝိုင်းများအထိ ကျယ်ပြန့်စွာမြင်တွေ့ရသည်။ မိုးကောင်းကင်နှင့်ပင် ပေါင်းစပ်ထားသည့်အလား ထင်ရသည်။

တောင်ခြေတွင် ကျေးရွာအိမ်ခြေအနည်းငယ်သာရှိသည်။ မိုးကောင်းကင်သည် မှောင်မည်းနေဆဲဖြစ်သော်လည်း အိမ်တိုင်းအိမ်တိုင်းကို သန့်ရှင်းစွာရှင်းလင်းထားကာ

ကျေးရွာသားများအားလုံးသည် သန့်ရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ တောင်ခြေရှိ လွင်ပြင်တွင် စုရုံးနေကြကာ ဂမ္ဘီရဝိညာဉ်တောင်တန်းမှ ဆင်းသက်လာမည့် အမတများကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။

နှစ်စဉ်နှစ်တိုင်းဆောင်းရာသီအတွင်း အမတများသည် ယဇ်ပူဇော်ပွဲများပြုလုပ်ရန် ဆင်းသက်လာလေ့ရှိသည်။ ကျေးရွာသားတို့အား အေးခဲသောရာသီဥတုဒဏ်ကို ကာကွယ်ကျော်လွှားနိုင်ရန် အဝတ်အထည်များနှင့် လိုအပ်သောပစ္စည်းများကို မျှဝေပေးသည်။

ဆောင်းရာသီများသည် အမြဲတမ်းရှည်လျားသော်လည်း အမတများ၏ ကောင်းချီးများကြောင့် ခက်ခဲသည့်ရက်များ မရှိသလောက်ဖြစ်သည်။ ထို့ကြောင့် ကျေးရွာသားများသည် ဒီ‌တောင်ထွဋ်မှ အမတများကို အလွန်ကျေးဇူးတင်ရှိပြီး ရိုသေလေးစားကြသည်။

ထိုကျေးရွာသားများထဲတွင် ပန်းပုံစံဝတ်ရုံဝတ်ထားသော အသက် ၇ နှစ် ၈ နှစ်ခန့်ရှိသည့် ကလေးမလေးတစ်ယောက်လည်း ပါဝင်သည်။ သူမသည် မနက်စောစောကတည်းက ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ပြီး ဆာလောင်ခြင်းနှင့် အေးခဲခြင်းတို့ကို ခံစားနေရသည်။ အေးမြမှုကြောင့် သူမ၏ ပါးပြင်များသည် နီရဲနေသည်။ ကလေးမလေးသည် သည်းမခံနိုင်တော့သည့်အခါ သူမမိခင်၏လက်မောင်းကို တိတ်တဆိတ်ဆွဲကာ ချိုမြိန်သောအသံဖြင့် ပြောလိုက်သည်။ “အမေ၊ သူတို့က လာမှာမဟုတ်ဘူးထင်တယ်။ အိမ်ပြန်ကြရအောင်၊ ဒီနေရာက အေးလွန်းတယ်။”


ကလေးတွေဆိုတာ ဒုက္ခမပေးရဘူး၊ ကလေးတွေဆိုတာ ဒုက္ခမပေးရဘူး!

အမျိုးသမီး၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်သောအကြည့်များ ပေါ်လာပြီး သူမသည် ခေါင်းကို လှုပ်ကာ နူးညံ့စွာ ဆူပူလိုက်သည်။ “လျှောက်မပြောစမ်းနဲ့။ အမတတွေ ကျိန်းသေလာမှာ။”


သို့သော် ထိုကလေးမလေး၏စကားသည် တိတ်ဆိတ်စွာပြောဆိုလိုက်သော်လည်း ကလေးမလေးကဲ့သို့ သံသယနှင့် စိုးရိမ်ပူပန်မှုများသည် ကျေးရွာသားများဆီသို့ ရောက်ရှိလာပြီဖြစ်သည်။


မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဤနေရာတွင် နေထိုင်ခဲ့ကြပြီး အမတများသည် နှစ်တိုင်း လာရောက်ခဲ့ကြသည်။ ‘ဤနှစ်တွင် သူတို့သည် ဘာကြောင့် မလာရောက်ကြသလဲ။ အမတတို့သည် ကျေးရွာသားတို့အား ကောင်းချီးမပေးတော့ဘူးလား။’


လူအချို့သည် သတိထားမိပြီး ခေါင်းကို မော့ကာ၊ တောင်တန်း၏ဗဟိုချက်ကို ငေးကြည့်နေကြသည်။ ‘မိုးတိမ်များထဲသို့ ထိုးထွက်နေသော မြင့်မားလှသော ထိပ်တန်းတောင်ထွတ်များဆီမှာ


အမတများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လေသလား။’


………………………………………….


တောင်တန်းများဖြင့် ဝန်းရံထားသော လင်းကျုံးတောင်ထွဋ်သည် ကောင်းကင်ဘုံတွင် ရောက်ရှိနေသော ကောင်းကင်ဓားတစ်စင်းကဲ့သို့ ဒီယာစပီရစ်ရိဒ်ဂ်တောင်တန်းတစ်ခုလုံးကို နှစ်ပိုင်း ပိုင်းခြားထားသည်။


ပင်လယ်ရေမျက်နှာပြင်အမြင့်တွင် တည်ရှိသောကြောင့် အပေါ်ပိုင်းတစ်ဝက်သည် နှစ်တစ်နှစ်လုံး နှင်းများဖြင့် ဖုံးလွှမ်းနေသည်။ သာမန်လူတို့ မည်သို့မျှ မရောက်ရှိနိုင်သော အမြင့်ပိုင်းတွင် ငွေရောင်သစ်ပင်များနှင့် နှင်းများကြားတွင် မှန်ကူကွက်များနှင့် ကြယ်ငါးများကဲ့သို့သော အမိုးအကာများကို မှုန်ဝါးစွာ မြင်တွေ့နိုင်သည်။


သို့သော် ထိုသို့လှပခဲ့သောနေရာသည်…… ဤအခါမှတော့ သွေးနံ့ပြင်းထန်စွာ ဖုံးလွှမ်းလာတော့သည်။


သန့်ရှင်းဖြူစင်ခဲ့သော မြေပြင်သည် သွေးစက်များဖြင့် ဖုံးလွှမ်းနေပြီး ကျောက်တံတိုင်းများနှင့် ကျိုးပဲ့နေသော ဓားများ၏ အကြွင်းအကျန်များသည် ထိုနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကို ဖော်ပြနေတော့သည်။ အမြင့်ပေ ဆယ်ဂဏန်းရှိသော ကျောက်စာတိုင်များပင် ခြောက်သွေ့နေသော သွေးနီရောင်များဖြင့် စွန်းထင်းနေသည်။


လင်းကျုံးတောင်ထွဋ်တစ်ခုလုံးကို မကောင်းဆိုးဝါးတို့က ဝန်းရံထားသည်။ ရေစက်တစ်စက်မျှပင် မယိုထွက်နိုင်အောင် လုံခြုံစွာပိတ်ဆို့ထားလေသည်။


မကောင်းဆိုးဝါးတို့၏ အသွင်အပြင်များသည် အရွယ်အစားနှင့်ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး တစ်ဦးချင်းစီသည် ထူးခြားစွာတန်ဆာဆင်ထားသည်။ အချို့သည် ကြောက်မက်ဖွယ်ရာ အရိုးစုများကဲ့သို့ပုံသဏ္ဍာန်ရှိပြီး အချို့သည် အနက်ရောင်ဝတ်ရုံများဖြင့် ဖုံးအုပ်ထားကာ အနီရောင်များဖြင့်ပြည့်နှက်နေသော မျက်လုံးများကို ဖော်ပြထားသည်။ အချို့သည် သူတို့၏ဆွဲဆောင်မှုရှိသောပုံသဏ္ဍာန်များနှင့် လိုက်ဖက်သော ခမ်းနားထည်ဝါသည့်အဝတ်အစားများကို ဝတ်ဆင်ထားပြီး အချို့သည် သူတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖော်ထားကာ ရက်စက်‌သောသတ်ဖြတ်မှုပုံစံဖြင့် ဖုံးလွှမ်းထားသည်။ အမျိုးသားနှင့်အမျိုးသမီးများ လူငယ်နှင့်လူကြီးများ ရောနှောနေသည်။ ဆူညံသောအငြင်းပွားမှုများနှင့် ရယ်မောသံများသည် ရောထွေးနေသည်။ ကြောက်မက်ဖွယ်ရာမကောင်းဆိုးဝါးပွဲတော်တစ်ခုကဲ့သို့ဖြစ်နေသည်။


သို့သော် မကောင်းဆိုးဝါးများနှင့် သွေးစွန်းနေသောဂိုဏ်းကြီများအတွက် ထိုနေရာသည် မျက်စိကျစရာအကောင်းဆုံး နေရာတော့မဟုတ်ပေ။


မကောင်းဆိုးဝါများ၏အလယ်တွင် အနည်းဆုံး ၉၉ ထပ်မြင့်သော မကောင်းဆိုးဝါးမျှော်စင်တစ်ခု ထိုးထွက်နေသည်။ ချွန်ထက်သောပုံသဏ္ဍာန်နှင့် အနက်ရောင်ရှိပြီး သတ္တုနှင့်ကျောက်များဖြင့် ပြုလုပ်ထားဟန်ရှိသည်။ အေးမြသောအလင်းဖြင့် ဖုံးလွှမ်းထားပြီး ချွန်ထက်သောအစွန်းများနှင့်ထောင့်များသည် သားကောင်ကို ဝါးမျိုနေသော သွားနှင့်လက်သည်းများကဲ့သို့ ကြောက်မက်ဖွယ်ရာနှင့် ရက်စက်သောပုံသဏ္ဍာန်ရှိသည်။


အကြမ်းဖက်ဆုံးနှင့် ရက်စက်ဆုံးသော မကောင်းဆိုးဝါးတို့ပင် မကောင်းဆိုးဝါးမျှော်စင်အနားကို မသွားရောက်မိရန် ထိန်းသိမ်းနေကြသည်။ မျှော်စင်အနီးတွင် မကောင်းဆိုးဝါးတစ်ဦးမျှမရှိဘဲ အားလုံးသည် သတိထားကာ ရှောင်ကြဉ်နေကြသည်။ အသံတစ်ခုမျှ မပြုရဲကြပေ။ ထိုနေရာတွင် ကြောက်မက်ဖွယ်ရာတစ်စုံတစ်ရာ ရှိနေသကဲ့သို့ဖြစ်နေသည်။


မျှော်စင်ရှိရာနေရာကို ဖုန်မှုန့်တစ်စက်မျှမဝင်နိုင်အောင် လုံခြုံစွာပိတ်ဆို့ထားသည်။ ထိုနေရာသည် တစ်ခုတည်းသော သန့်ရှင်းသောနေရာဖြစ်နေသည်။


ဖန်းလီ၏လက်ချောင်းများသည် အနည်းငယ်ကွေးသွားကာ လက်ဖျားတွင် အေးခဲသောခံစားမှုများ ကျန်ရစ်နေသည်။ သူသည် အိပ်မက်နှင့်လက်တွေ့ကြားတွင် ယောင်ချာလည်နေစဉ် တစ်စုံတစ်ခုကို မတော်တဆတိုက်ကာ ချော်လဲသွားဟန်ရှိသည်။


ချက်ချင်းပင် သူသည် လန့်သွားပြီ၊ မျက်လုံးများကို ဖွင့်ရန် ကြိုးစားလိုက်သည်။


သူသည် ဖြည်းဖြည်းချင်း ခေါင်းကိုလှည့်လိုက်သောအခါ မြင်လိုက်ရသည်မှာ ထူထဲသော မီးခိုးရောင်ကော်ဇောဖြင့် ဖုံးလွှမ်းထားသော ကြမ်းပြင်နှင့် မြေပေါ်တွင် ကျနေသော ကျောက်စိမ်းများဖြင့် စီခြယ်ထားသည့် ရွှေဝိုင်ခွက်တစ်ခွက် ကြည်လင်သောဝိုင်များသည် ကော်ဇောထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်နေသည်။


သူသည် သက်တောင့်သက်သာရှိသော ဆိုဖာခုံ၏အစွန်းတွင် လက်ကိုတင်ထားသည်။ ဆိုဖာခုံဘေးတွင် စားပွဲငယ်တစ်လုံးရှိပြီး သူခန့်မှန်းရလျှင် စောစောက ထိုစားပွဲငယ်ပေါ်မှ ဝိုင်ခွက်ကို သူတိုက်လိုက်မိခြင်းဖြစ်မည်။


သို့သော် ဤမြင်ကွင်းသည် အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။ ဖန်းလီသည် ခဏတာမျှ မသေချာမရေရာဖြစ်နေသည်။


သူသည် လက်ကိုမြှောက်ကာ၊ အောက်သို့ကြည့်လိုက်သည်။


တွေ့လိုက်သည့်အရာမှာ ပိန်လှီသောလက်ချောင်းများနှင့် လက်ဆစ်များထိုးထွက်နေသော လက်တစ်ဖက်ဖြစ်သည်။ လက်သည်းများသည် အနည်းငယ်ရှည်နေပြီး ညှပ်မထားသည်မှာ အနည်းငယ်ကြာနေပြီဟန်ရှိသည်။ လက်သည်းများ၏အရင်းတွင် မီးခိုးရောင်စွန်းထင်းနေသည်။ လက်တစ်ချောင်းသည် အလွန်လှပသော်လည်း ရောဂါတစ်ခုခုကို ခံစားနေရဟန်ရှိသည်။ အရေးအကြီးဆုံးမှာ ထိုလက်သည် သူ၏လက်မဟုတ်ပါ။


ဖန်းလီသည် မျက်လုံးများကို စိုက်ကြည့်လိုက်သည်။


ဆယ်ကြိမ်ခန့် အသက်ပြင်းထန်စွာရှုပြီးနောက် သူ၏ခေါင်းထဲတွင် အသံတစ်ခုထွက်ပေါ်လာသည်။


【 နိုးပြီလား။ 】


ဖန်းလီသည် ရပ်တန့်သွားပြီး “စနစ်လား?” ဟု မေးလိုက်သည်။


【 စနစ်သည် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရန် စတင်လုပ်ဆောင်နေသည်: …… 】


ဖန်းလီ၏အသံသည် နူးညံ့သိမ်မွေ့သည်။ “ဘာတွေဖြစ်နေတာလဲ ရှင်းပြပေးနိုင်မလား။”


【 စနစ်: “မင်းက နည်းနည်းလေးတောင် အံ့အားသင့်နေပုံမရဘူး။” 】



ဖန်းလီသည် ခေါင်းယမ်းလိုက်သည်။ “ငါ စမ်းကြည့်တာပါ။ မင်းရှိနေတာကိုတော့ တကယ်အံ့အားသင့်နေတာ။”


【 စနစ်: …… 】ထိုသို့မခံစားရပါ။


ဖန်းလီသည် ဤတောင့်တင်း၊ မရင်းနှီးသောခန္ဓာကိုယ်ကို ဆန့်ထုတ်ရန် ကြိုးစားလိုက်သည်။ ဖြည်းဖြည်းချင်း ဆိုဖာခုံကို မှီကာ ထိုင်လိုက်သည်။ သူ၏အကြည့်သည်  အေးခဲမှောင်မိုက်နေသောအခန်း၏ အလယ်ဗဟိုသို့ ရောက်သွားသည်။


မူလကသေဆုံးသင့်သူတစ်ဦးသည် ဤသို့မရင်းနှီးသောနေရာတွင် ပေါ်လာပြီး မရင်းနှီးသော၊ မသိသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍ ဤအရာသည် စိတ်ကူးယဉ်မှုတစ်ခုမဟုတ်ပါက…… ခေတ်စကားအရ နားလည်ရလျှင် သူသည် ခန္ဓာသစ်တွင် ဝိညာဉ်ကူးပြောင်းလာခြင်းဖြစ်သည်။


သူကိုယ်တိုင်ကမူ ဝတ္ထုများကို စိတ်မဝင်စားသော်လည်း သူ၏ညီမသည် ရှေးဟောင်းဝတ္ထုအမျိုးမျိုးကို နှစ်သက်သူဖြစ်သောကြောင့် သူသည် လူကြိုက်များသောဇာတ်လမ်းများအကြောင်း အနည်းငယ်တော့သိရှိသည်။ ဇာတ်လိုက်များသည် စနစ် ကဲ့သို့သော အထောက်အကူများကို ပိုင်ဆိုင်လေ့ရှိသည်ဟု သိရသည်။ ထို့ကြောင့် သူသည် မျှော်လင့်ချက်မဲ့စွာ ခန့်မှန်းလိုက်သည်။ အကယ်၍ စနစ် တကယ်ရှိပါက သူ့အတွက် ပြဿနာများစွာကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။


သူသည် အမြဲ လက်ခံနိုင်စွမ်းရှိပြီး အခြေအနေနဲ့ လိုက်လျောညီထွေနေတတ်သော လူတစ်ယောက်ဖြစ်သည်။


စနစ်သည် သူ၏အရှင်သည်အာရုံစိုက်နားထောင်နေပြီ ဖြစ်ကြောင်း သတိထားမိသောအခါ အခြေအနေကို ရှင်းပြရန် အသင့်ပြင်ဆင်ထားသော စကားလုံးများကို ပြောဟန်ပြင်လိုက်ကာ တစ်ခဏတိတ်ဆိတ်သွားပြီး မေးခွန်းကို ပဲဖြေဆိုရန် စတင်လိုက်သည်။”


【 စနစ်: ဤကမ္ဘာသည် ဝတ္ထုတစ်ပုဒ်၏ ကမ္ဘာမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်သည်။ ဤကမ္ဘာ၏ အရေးကြီးသော ဇာတ်ကောင်တစ်ဦး မထင်မှတ်ဘဲ သေဆုံးသွားသောကြောင့် ဤဇာတ်ကောင်၏ အခန်းကဏ္ဍကို ဆက်လက်သရုပ်ဆောင်ရန် အရှင့်အား လိုအပ်ပါသည်။ ဝတ္ထုအဆုံးသတ်သည်အထိ အဓိကဇာတ်လမ်းအချက်အလက်များကို ပြီးမြောက်အောင်မြင်ရန် စာညွှန်းအတိုင်း လိုက်နာရမည်ဖြစ်ပြီး ထိုအခါမှသာ ဤကမ္ဘာသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ကမ္ဘာအဖြစ် လည်ပတ်နိုင်မည်ဖြစ်သည်။ 】


ဖန်းလီသည် ခေါင်းညိတ်လိုက်သည်။ ‘ဒါဆို စာအုပ်ထဲကို ကူးပြောင်းလာတာ‌ပေါ့။’


“စိတ်မဝင်စားဘူး” ဟု ဖန်းလီပြောလိုက်သည်။


【 စနစ်၏ အသံတွင် အတက်အကျမရှိပါ။ ……. အရှင့်အနေဖြင့် ငြင်းဆိုနိုင်သော်လည်း အရှင်သည် သေဆုံးနှင့်ပြီးဖြစ်သည်။ အကယ်၍ အရှင်ငြင်းဆိုပါက သေဆုံးသွားသည့် အခြေအနေသို့ ပြန်ရောက်သွားမည်ဖြစ်သည်။


ဖန်းလီသည် ပြုံးရယ်လိုက်သည်။ “မင်းမသိဘူးလား၊ ငါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလေ။”


【 စနစ်: …… 】 ကျွန်ုပ်ဘယ်လိုသိမှာလဲ။


စနစ်သည် ခဏမျှတိတ်ဆိတ်သွားသည်။


“ဒီလိုလုပ်ကြမယ်‌လေ” ဟု ဖန်းလီက စကားကိုခဏရပ်ကာ နားလည်သဘောပေါက်စွာဖြင့် ပြောလိုက်သည်။ “ဒီကမ္ဘာကဘယ်လိုမျိုးလဲဆိုတာ အရင်ပြောပြ၊ ပြီးရင် ဒီတာဝန်ကို လက်ခံမလားဆိုတာ နောက်တစ်ခါ စဉ်းစားကြည့်မယ်။”


စနစ်သည် ဖန်းလီကို ဘယ်လိုနည်းနဲ့ စည်းရုံးရမလဲဆိုတာ မတွေးနိုင်သေးသော်လည်း သူ့အနေဖြင့် အခွင့်အရေးပေးသည်ကိုမြင်သောအခါ အရှင်၏စိတ်ပြောင်းသွားမည်ဟု မျှော်လင့်ကာ စာညွှန်းကို မြန်မြန်ပေးလိုက်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်းလီ၏ စိတ်ထဲတွင် စာညွှန်းတစ်ခု ပေါ်လာသည်။ (သူကိုယ်တိုင် ဖတ်ထားသကဲ့သို့ပင်ဖြစ်သည်။)


ခဏကြာပြီးနောက် သူသည် ရှုပ်ထွေးသောမျက်နှာအမူအရာဖြင့် တိတ်ဆိတ်စွာ ငြိမ်သက်နေခဲ့သည်။


ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းပြီး သွေးဆူစရာကောင်းသည့် ဂယ်ရီစတုဝတ္ထုကို ဖတ်ရှုရခြင်းမှာ သူ့ဘဝတွင် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ (T/N - ဂယ်ရီစတုဝတ္ထု -Gary Stu- ဆိုတာက Male အသားပေးဇာတ်လမ်းကို ပြောတာပါ)


ဤကမ္ဘာသည် သန့်စင်မှုရှိသောကမ္ဘာတစ်ခုဖြစ်ပြီး ဇာတ်လိုက် ရှိုး ကို ရှီဟောင် ဟုခေါ်သည်။


ဤကမ္ဘာ၏ တစ်ခုတည်းသော ဇာတ်လိုက် ကံကြမ္မာ၏သားဖြစ်သူ ရှီဟောင် သည် စိတ်ထိခိုက်မှုများဖြည့်ပြည့်နှက်နေသော သူဖြစ်သည်။ စာအုပ်ထဲတွင် လူဖြစ်စေ၊ မိန်းမဖြစ်စေ၊ တရားမျှတသူဖြစ်စေ၊ မကောင်းသူဖြစ်စေ၊ အားလုံးသည် သူ့ကိုလေးစားချစ်ခင်ကြသည်။ အမည်ရှိသူ သို့မဟုတ် ဇာတ်ကောင်ရှိသူများသည် သူ့ကိုလေးစားချစ်ခင်နေပြီးသား မဟုတ်လျှင်တောင် လေးစားချစ်ခင်လာမည့် အခြေအနေတွင်ရှိနေသည်။


ဝတ္ထုထဲမှ အဓိကလူဆိုး၊ နတ်ဆိုးဘုရင် ရန်ဆွေးသည်လည်း ချွင်းချက်မရှိ သူ့ကိုလေးစားချစ်ခင်သည်။ သူသည် ရှီဟောင် ကိုအတင်းအကျပ်ခေါ်ဆောင်သွားသည်။ အစတွင် စိတ်ပါမဝင်စားသော်လည်း စကားလုံးပေါင်းများစွာနှင့် မသက်ဆိုင်သော ရှုပ်ထွေးမှုများအပြီးတွင် နှလုံးသားအနက်ရှိုင်းဆုံးအထိ ရှီဟောင်၏ ပြည့်စုံမှုတို့ကသူ့ကို အနိုင်ယူခဲ့သည်။ သူသည် နက်ရှိုင်းစွာ ချစ်ခင်သွားပြီး၊ သူ၏ဆန္ဒတိုင်းကို လိုက်လျောပေးကာ သူလိုချင်သမျှကို ယူခွင့်ပေးလိုက်သည်။ သူ၏နှလုံးသားကို ထုတ်ယူပြီး လက်ဆောင်အဖြစ် ပေးလိုက်ရန်တော့ မနှစ်သက်ခဲ့ပေ။


သို့ပေမဲ့ ရှီဟောင်သည် အေးစက်ပြီး မည်သူ့ကိုမှ ချစ်ကြိုက်ခြင်းမရှိဘဲ သူ၏နှလုံးသားသည် မကောင်းမှုကို ဖယ်ရှားရန်နှင့် တရားမျှတမှုကို ကာကွယ်ရန်အတွက်သာ ရည်ရွယ်ခဲ့သည်…။ မနာလိုမှုများစွာကို ကြုံတွေ့ပြီးနောက် သူသည် နတ်ဆိုးဘုရင်ကို သူ့လက်ဖြင့် ကိုယ်တိုင် သတ်ပစ်လိုက်ကာ နတ်ဆိုးဘေးဒဏ်ကို ငြိမ်းသတ်လိုက်ပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံအောက်၌ နံပါတ်တစ်ဖြစ်လာခဲ့သည်။


သို့သော် သူ့အား ချစ်ခင်သူများသည် တစ်ယောက်ပြီးတစ်ယောက် တိုးလာသော်လည်း ဇာတ်လမ်းအဆုံးသတ်သည်အထိ ရှီဟောင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လက်ခံခဲ့ခြင်းမရှိပေ။


တစ်ခုတည်းသော အခွင့်အရေးရှိသူမှာ နတ်ဆိုးဘုရင်ဖြစ်ပြီး သူသည် နှလုံးသားကို ဓားနှင့်ထိုးခံရခြင်းဖြင့် သေသွားခဲ့သည်။


ဖန်းလီသည် ရှီဟောင်သည် ယောက်င်္ကျားချင်းမချစ်ကြိုက်သူဖြစ်နေမလားဟု သံသယဝင်မိသည်။ 


စာရေးဆရာသည် ရှီဟောင်အတွက် အမျိုးမျိုးသော လှပသည့် ဖော်ပြချက်များကို မနှစ်မြို့စရာမရှိအောင် ပုံဖော်ရေးသားခဲ့သည်။ အေးစက်ပြီး ကြည်လင်သော၊ မတူညီသော၊ မြင့်မြတ်ပြီး ခွဲခြားထားသော၊ မတွန့်မဆုတ်တတ်သော…… သူသည် တစ်ကိုယ်တည်းသောတောက်ဓမ္မကို ရည်ရွယ်ခဲ့ပြီး တရားမျှတမှုကို ထိန်းသိမ်းခဲ့သည်။ သူ၏ဆန္ဒမှာ ခိုင်မာပြီး လက်ရှိ သန့်စင်မှုကမ္ဘာ၏ အကြီးမြတ်ဆုံး ပါရမီရှင်အဖြစ် သူသည် ဘဝတစ်လျှောက်လုံး ကြယ်များကဲ့သို့ တောက်ပလာပြီး ထိုကမ္ဘာတစ်ဝှမ်းလုံးမှ လေးစားအားကျခြင်းကို ခံရသည်။


သို့သော် ဤပြည့်စုံပြီး ပြစ်ချဖွယ်မရှိသော ဖြစ်တည်မှုသည် နတ်ဆိုးဘုရင်မှ အတင်းအကျပ်ခေါ်ဆောင်သွားခြင်းခံရခဲ့သည်။ သူ၏ဂုဏ်သိက္ခာကို ချိုးဖျက်ရန် ကြိုးစားကာ သူ့ကို ဖုန်မှုန့်နှင့် ရွှံ့ညွန်တောထဲသို့ ဆွဲချရန် ကြိုးစားခဲ့သည်။


ဤဝတ္ထုသည် စကားလုံးပေါင်း သိန်းချီစီးဆင်းနေသော စကားလုံးများဖြစ်သော်လည်း အရေးကြီးသော စာကြောင်းများမှာ အမှန်တကယ်တွင် များပြားလှသည်မဟုတ်ပေ။ အများစုမှာ မတူညီသော ပုံစံနှင့် ဟန်များဖြင့် အိပ်ရာထဲတွင် ဖြစ်ပျက်နေသော ဖြစ်ရပ်များကို ဖော်ပြထားပြီး ဂုဏ်သိက္ခာရှိသော ပါရမီရှင်တစ်ဦး၏ နှိပ်စက်ညှဉ်းပန်းမှုကို ရှင်သန်ထင်ရှားစွာ ဖော်ပြထားကာ လူတစ်ဦး၏မျက်နှာကို နီရဲစေသော ပုံစံဟန်များဖြင့် ရေးသားထားသည်။


ဖန်းလီသည် ဝတ္ထုများစွာဖတ်ထားပါက ဤကဲ့သို့သော အဓိပ္ပါယ်မရှိသည့် R-rated ဝတ္ထုသည် တကယ်တော့ ထူးဆန်းသည်မဟုတ်ကြောင်း သိရှိပြီးဖြစ်မည်။


နတ်ဆိုးဘုရင်သည် ရှေးခေတ်က အာဏာရှင်ဆန်ဆန် CEO တစ်ဦးသာဖြစ်သော်လည်း ရှီဟောင်သည် အတင်းအကျပ်နှိပ်စက်ခံရသည့် သာမန်ဇာတ်ကောင်မဟုတ်ပေ။


ဒုက္ခခံစားရသည့်အခါ သူသည် ငိုကြွေးခြင်းမရှိ။ အခြားသူများ၏ချစ်ခြင်းမေတ္တာကို ရင်ဆိုင်ရသည့်အခါ သူသည် ပြုံးခြင်းမရှိ၊ လက်ခံခြင်းမရှိပေ။


သူ၏နှလုံးသားထဲတွင် တစ်ခုတည်းသော ဆုံးဖြတ်ချက်မှာ မကောင်းမှုကို ဖယ်ရှားပြီး တရားမျှတမှုကို ကာကွယ်ရန်ဖြစ်သည်။


သူ၏တောက်ဓမ္မဗဟိုချက်သည် ထိုးဖောက်ဖျက်စီး၍မရပေ။


မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အရာကမျှ သူ့ကို အနည်းငယ်မျှတောင် မတုန်လှုပ်စေနိုင်ပေ။


နောက်ဆုံးတွင် ရှီဟောင်သည် နတ်ဆိုးဘုရင်ကို ကိုယ်တိုင်သတ်ပစ်လိုက်သည်။ နတ်ဆိုးဘုရင်သေဆုံးပြီးနောက် အသူရာတောင်ကြောသည် သခင်မဲ့ဖြစ်သွားပြီး ထောင်ပေါင်းများစွာသောအမတမဟာမိတ်၏ တိုက်ခိုက်မှုအောက်တွင် သူတို့၏အသေအပျောက်များသည် ကြီးမားလာခဲ့သည်။ ကျန်ရှိနေသော နတ်ဆိုးတို့သည် ထွက်ပြေးသွားကြကာ အချို့သည် လက်နက်ချခဲ့ကြသည်။ ကမ္ဘာကြီးသည် ငြိမ်းချမ်းမှုကို ပြန်လည်ရရှိခဲ့သည်။


ဤအဆုံးသတ်ကို ဖတ်ရှုရတာ ကျေနပ်စရာကောင်းသည်ဟု အနည်းဆုံးယူဆနိုင်သည်။


ပျော်ရွှင်ဖွယ်ကောင်းသော အဆုံးသတ်တစ်ခုအတွက် ရှီဟောင်ကို နတ်ဆိုးဘုရင်ထံ လက်နက်ချခိုင်းခြင်းမဟုတ်ပေ။


စာရေးဆရာသည် အလှပဆုံးသောအရာကို ယူပြီး အပိုင်းဖြတ်ကာ အခြားသူများကို ပြသရန် စိတ်ဝင်စားမှုတစ်မျိုးတော့ရှိနေပေမည်။ သို့သော် အစကနေအဆုံးထိ မပြောင်းလဲသောအရာတစ်ခုမှာ ရှီဟောင်၏ ဇာတ်ကောင် စနစ်သည် ဘယ်တော့မှ ပြိုလဲခြင်းမရှိပေ။ နတ်ဆိုးဘုရင်ကို ဘယ်တော့မှ ချစ်ကြိုက်ခြင်းမရှိသော ရှီဟောင်သည် ထိုအချိန်က ရှီဟောင်ပင်ဖြစ်သည်။


သူသည် အေးစက်ပြီး ခံစားချက်ကင်းမဲ့သူ၊  ခိုင်မာပြီး မတုန်မလှုပ်သူ၊ ချစ်ခြင်းမေတ္တာကို ဘယ်တော့မှ စိတ်မဝင်စားသော တောက်ဓမ္မလိုက်စားသူဖြစ်သည်။


ထိုသို့သော နှိပ်စက်ညှဉ်းပန်းမှုမျိုးကို ကြုံတွေ့ပြီးနောက်တွင်ပင် သူသည် အနည်းငယ်မျှ မတုန်လှုပ်ဘဲ သူ့ကိုယ်သူသာ သစ္စာရှိစွာ နေထိုင်ခဲ့သည်။ ဖန်းလီသည် သူ၏နှလုံးသားထဲတွင် အနည်းငယ်မျှ ချီးကျူးဂုဏ်ပြုမိသည်။


မည်သို့ပင်ဖြစ်စေ ဇာတ်ညွှန်းကို ဖတ်ရှုခြင်းသည် ကောင်းမွန်သော်လည်း သူ့ကို တကယ်လုပ်ဆောင်ခိုင်းခြင်းမှာ လုံးဝမဖြစ်နိုင်သည့်အရာပေ။


လက်ရှိတွင် သူသည် အခြားဇာတ်ကောင်တစ်ဦးမဟုတ်ဘဲ ရှီဟောင်ကို နှိပ်စက်ညှဉ်းပန်းခဲ့သော အကြီးမားဆုံးလူဆိုးကြီး၊ နတ်ဆိုးဘုရင်ပင်ဖြစ်သည်။ သူသည် အလောင်းစုံမပါဘဲ သေဆုံးသွားခြင်းကို ချန်ထားခဲ့ပြီး သူ၏ပြာများကိုပင် လွှင့်ပစ်ခံခဲ့ရသည်။ ဤကဲ့သို့သော ဇာတ်ကောင်၏ ဆွဲဆောင်မှုသည် မည်သည့်နေရာတွင် ရှိနေသည်ကို မြင်ရဖို့ ခက်ခဲလှသည်။


ဖန်းလီသည် အေးဆေးတည်ငြိမ်စွာဖြင့် ပြောသည်။ “ငါဖတ်ပြီးပြီ။ အခြား ပိုကောင်းတဲ့လူကို မင်းရှာသင့်တယ်။”


စနစ်သည် ဖန်းလီသည် ဤသို့ ပြောမည်ကို မှန်းဆထားပြီးဖြစ်သည်။ ဤအချိန်တွင် သူပြင်ဆင်ထားသော စကားလုံးများသည် နောက်ဆုံးတွင် အသုံးဝင်လာခဲ့သည်။


【 စနစ်: အရှင်သည် မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ပြီး ဇာတ်ညွှန်းကို ပြီးဆုံးအောင်လုပ်နိုင်ပါက ကျွန်ုပ်သည် ဤကမ္ဘာတွင် ခန္ဓာကိုယ်အသစ်တစ်ခုကို ရှာဖွေရန် ကူညီပေးနိုင်သည်။ အရှင်သည် လွတ်လပ်သော ကိုယ်ပိုင်ခန္ဓာတစ်ခုကို ရရှိနိုင်ပြီး ဤကမ္ဘာတွင် ဆက်လက်နေထိုင်နိုင်မည်ဖြစ်သည်။ 】


ဖန်းလီသည် မျက်ခုံးများကို ပင့်တင်လိုက်ပြီး ရယ်မောလိုက်ကာ အသက်ရှင်ခြင်း သို့မဟုတ် မရှင်ခြင်းကိစ္စနှင့် ပတ်သက်၍ ဂရုမစိုက်ပေ။ သူသည် ဖြည်းဖြည်းချင်းပြောသည်၊ “မင်းမှားနေပြီ၊ ငါကတော့ သရုပ်မဆောင်နိုင်ဘူး။”


【 စနစ်: …… 】


【 စနစ်သည် ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင် ခက်ခဲစွာ လက်လျှော့လိုက်သည်။ …… အရှင်သည် စာညွှန်းကို အက္ခရာစဉ်အတိုင်း လိုက်နာရန် မလိုအပ်ပါ။ အကြမ်းဖျင်းအားဖြင့် တူညီပြီး အဆုံးသတ်ကို ချောမွေ့စွာ ရောက်ရှိနိုင်ပါက လုံလောက်ပါသည်။ အဆုံးသတ်သည် စာအုပ်နှင့် တူညီနေသရွေ့ အရှင်သည် ဤကမ္ဘာတွင် ဆက်လက်နေထိုင်နိုင်ပြီး သရုပ်ဆောင်စရာလဲ အများကြီး မလိုအပ်ပါ။ ဤသည်မှာ တကယ်ကို ကောင်းမွန်သော သဘောတူညီချက်တစ်ခုပင်မဟုတ်လား… 】


ဖန်းလီသည် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။ “ငါက အသက်ရှင်ချင်တဲ့ပုံ တကယ်ပေါက်နေတာလား။”


စနစ်သည် ဆွံ့အသွားမိသည်။ ၎င်းသည် ဤကဲ့သို့သော မဖြစ်နိုင်သည့် အရှင်မျိုးကို ရှားရှားပါးပါး တွေ့ရသည်။ ပုံမှန်အားဖြင့် အသက်ရှင်ရန် အခွင့်အရေးတစ်ခုကို ကတိပေးလိုက်သည်နှင့် အရှင်အများစုသည် သဘောတူကြသည်။ ဤကဲ့သို့သော ဦးစားပေးဆက်ဆံမှုမျိုးကို မဆိုထားနှင့်။ သို့သော် ဖန်းလီသည် မလှုပ်မယှက်ဖြစ်နေဆဲ…… အသက်ရှင်လိုစိတ် အနည်းငယ်မျှမရှိပေ။


တကယ်တော့၊ စနစ်သည် အရှင်ကို ပြောင်းလဲလိုသည်။


သို့သော် အရှင်သခင်များကို လွယ်လွယ်ကူကူ လဲလှယ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် သေဆုံးပြီးခါစဖြစ်ပြီး ဇာတ်ကောင်နှင့် လိုက်ဖက်သော ဝိညာဉ်ရှိသည့် လူတစ်ဦးကို ရှာဖွေရန် တကယ်တော့ ခက်ခဲလှသည်။


【 စနစ်သည် တဖြေးဖြေး စိတ်ပျက်အားငယ်လာသည်။ သို့သော် အကယ်၍ အရှင်သည် ဤမစ်ရှင်ကို မလုပ်ဆောင်ပါက ကျန်ရှိနေသော ဇာတ်လမ်းသည် ဖြစ်ပျက်လာမည်မဟုတ်ပေ…… 】


ဖန်းလီသည် အနည်းငယ်ပြုံးရယ်လိုက်သည်။ “ဒါကောင်းတယ်မဟုတ်လား။”


ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို စာအုပ်ထဲတွင် ဖတ်ရှုခြင်းသည် တစ်မျိုးဖြစ်သော်လည်း အကယ်၍ သူသည် အသက်ရှင်နေသော အသက်ရှူနေသော လူတစ်ဦးဖြစ်ပါက မဖြစ်ပျက်ခြင်းက ပိုကောင်းပေမည်။


【 စနစ်သည် လေးကန်စွာပြောသည်။ “သို့သော် လက်ရှိအချိန်တွင် ဇာတ်လမ်းအစပိုင်းသာရှိသေးသည်။ ဤကမ္ဘာသည် အခုမှဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ပြီး လုံးဝမတည်ငြိမ်သေးပါ။ အကယ်၍ ကျန်ရှိနေသော ဇာတ်လမ်းများ မဖြစ်ပျက်ပါက အရာရာသည် ရှုပ်ထွေးပြီး မှားယွင်းသွားကာ ပုံမှန်လည်ပတ်နိုင်မည်မဟုတ်ပေ။ ဤကမ္ဘာသည် လျင်မြန်စွာ ပြိုလဲသွားမည်ဖြစ်ပြီး အရာအားလုံးသည် ဗလာနယ်သို့ ပြန်လည်ရောက်ရှိသွား‌လိမ့်မည်……” 】


ဖန်းလီ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ၏မျက်လုံးများသည် အနည်းငယ်တွေဝေသွားပြီး ရုတ်တရက်စကားစပြောလိုက်သည်၊ “ဒါပေမဲ့၊ လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။”


【 စနစ်: ……? 】


ဖန်းလီသည် ပြေပြစ်စွာပြောသည်။ “ငါက မစ်ရှင်ကို အပြည့်အဝပြီးမြောက်အောင်လုပ်နိုင်မယ်လို့ ကတိမပေးနိုင်ပေမဲ့…။”


အကယ်၍ ဖန်းလီသည် အစကတည်းက ဤစကားကိုပြောခဲ့ပါက စနစ်သည် သေချာငြင်းဆိုခဲ့မည်ဖြစ်ပြီး သူ့ကိုစည်းရုံးရန် ကြိုးစားခဲ့မည်မှာ သေချာသော်လည်း လက်ရှိအချိန်တွင် သေမင်း၏တံခါးကို ဖြတ်ကျော်ပြီးနောက် သူသည် ပျော်ရွှင်မှုကို ခံစားနေရပြီး ဖန်းလီနှင့် ဆက်လက်အခြေအတင်ငြင်းခုံရန် မဝံ့မရဲဖြစ်နေသည်။


【 စနစ်: ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ! 】 မင်းစိတ်ကြိုက်လုပ်ပါ၊ အဆိုးဆုံးအခြေအနေမှာတော့ အားလုံးပျက်သုဉ်းသွားလိမ့်မယ်!

ဟေး၊ စနစ်သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကိစ္စကို ကျော်လွှားပြီးနောက်၊ သူ၏စိုးရိမ်ပူပန်မှုအားလုံး ရုတ်တရက်ပျောက်ကွယ်သွားသည်ကို တွေ့ရှိခဲ့သည်။ သူသည် ဖန်းလီဆီမှမြန်ဆန်လွယ်ကူစွာ ပြောင်းလဲခံလိုက်ရပြီလား…… ? စနစ်နားမလည်သည့် အချက်တစ်ခုသာရှိသည်။


【 စနစ်: အရှင် ဘာကြောင့် ရုတ်တရက် စိတ်ပြောင်းသွားရသလဲ? 】


ဖန်းလီသည် စားပွဲပေါ်ရှိ ရွှေဝိုင်ခွက်ကို ကောက်ယူကာ ညင်သာစွာပွတ်သပ်လိုက်သည်။ ခွက်ပေါ်ရှိ ပန်းပုရုပ်များသည် ရုပ်ကြွထင်ရှားနေပြီး လက်ထဲတွင် လေးလံကာ အေးမြမှုသည် လက်ဝါးထဲသို့ စိမ့်ဝင်လာသည်။ သူသည် ပျော့ပျောင်းထူထဲသော ကော်ဇောပေါ်သို့ ခြေချကာ အပြင်ဘက်မှ အဆက်မပြတ်ကြားနေရသော ဆူညံသံများကို နားထောင်နေသည်။


‘တကယ့်ကို လက်တွေ့ကျသော ကမ္ဘာတစ်ခု။’ ဤသို့ပျောက်ကွယ်သွားရန် နည်းနည်းတော့ စိတ်မကောင်းဖွယ်ရာဖြစ်သည်။


“ကြိုးစားကြည့်ဖို့ ရုတ်တရက်စဉ်းစားမိလိုက်လို့‌လေ။ နောက်ပြီး၊ ငါ့ဘက်ကလဲ အရှုံးမရှိဘူးလေ……” ဖန်းလီသည် ပြုံးရယ်လိုက်သည်။


【 စနစ်တွင် သံသယအချို့ရှိသည်။ တကယ်လား? 】


“ဘာလဲ? မဖြစ်နိုင်ဘူးလေ……” ဖန်းလီသည် မျက်ခုံးပင့်ကာ စကားဆက်ပြောသည်။  “မင်းတကယ်ထင်ခဲ့တာလား၊ ငါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်ဆိုတာ? ငါအသက်ရှင်ရတာ ငြီးငွေ့နေတယ်လို့လား?”


【 စနစ်: …… 】


ဒါက မင်းပြောခဲ့တာပဲမဟုတ်လား?!


စနစ်သည် အရှင်၏ အေးဆေးတည်ငြိမ်ပြီး ဂရုမစိုက်ဟန်ကို ကြည့်ရင်း…… သူသည် အရှင်သည် ရုတ်တရက်စိတ်ကူးတစ်ခုကြောင့် ပြောင်းလဲသွားသည်ဟု ယုံကြည်နေဆဲဖြစ်သည်။ နောက်ဆုံးတွင် အရှင်ကိုယ်တိုင်က မစ်ရှင်ကို ပြီးမြောက်အောင်မြင်မည်ဟု ကတိမပေးနိုင်ကြောင်း ပြောခဲ့သည်။


မည်သို့ပင်ဖြစ်စေ သူကြိုးစားလိုသည့် ဆန္ဒရှိခြင်းသည် အစပျိုးမှုကောင်းတစ်ခုဖြစ်သည်! စနစ်သည် အနည်းငယ်စိတ်လှုပ်ရှားမိသွားသည်။


ဖန်းလီသည် ပြေပြစ်စွာပြောသည်။ “ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ငါ ရန်ဆွေးရဲ့  မှတ်ဉာဏ်တွေကို လိုချင်တယ်။”


စနစ်သည် ချက်ချင်းသံသယဝင်လာသည်။

【စနစ်: အရှင့်တွင် မူရင်းဇာတ်ညွှန်းရှိပြီးဖြစ်သည်၊ အတိတ်နှင့် အနာဂတ်ကို သိပြီးသားဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ မျက်လုံးဖြင့် ကြည့်ရှုခြင်းပင်။ အရှင့်အတွက် သူ၏မှတ်ဉာဏ်များ လိုအပ်နေသေးတာလား? 】


“ငါက သူ့မှတ်ဉာဏ်တွေမရှိဘဲ ဒီလိုဇာတ်ကောင်မျိုးကို သရုပ်ဆောင်နိုင်တယ်လို့ မင်းထင်နေတာလား?” ဖန်းလီက ပြောသည်။ “မင်း အဲလိုထင်နေတာဆိုရင်တော့ မင်းငါ့ကို အများကြီးမျှော်လင့်ထားမိတာပဲ။”


【 စနစ်သည် မြန်မြန်ပြောသည်။ အကယ်၍ အရှင်အမှန်တကယ်လိုအပ်ပါက ကျွန်ုပ်မှတ်ဉာဏ်များကို ပေးနိုင်ပါသည်။ 】 စနစ်သည် ဖော်ပြချက်တစ်ခုကို ချန်လှပ်ထားသည်……။ စိတ်ဓာတ်မခိုင်မာသူများအတွက် ခန္ဓာကိုယ်၏ မူရင်းအရှင်၏ မှတ်ဉာဏ်များကို လက်ခံခြင်းသည် သူ့ကိုယ်ပိုင်မှတ်ဉာဏ်များနှင့် ပဋိပက္ခဖြစ်စေနိုင်ပြီး အသိအမှတ်ပြုမှုချို့ယွင်းစေနိုင်သည်။ သို့သော် ဤသည်မှာ ဖြစ်နိုင်ခြေသာရှိပြီး ဘာမှသက်ရောက်မှုမရှိသည့် ဖြစ်နိုင်ခြေလည်းရှိသည်။


ဖန်းလီသည် နောက်ဆုံးတွင် မစ်ရှင်ကို လက်ခံရန် သဘောတူခဲ့သည်။ စနစ်သည် မတော်တဆမှုတစ်ခုကို မလိုလားသောကြောင့် သတိပေးချက်ကို လိမ်လည်ဖုံးကွယ်ထားခဲ့သည်။


ဖန်းလီက ပြောသည်၊ “ငါလုပ်နိုင်တယ်။”

【 စနစ်: “ကောင်းပြီ။” 】

စနစ်၏ အသံနှင့်အတူ ဖန်းလီသည် ခေါင်းထဲတွင် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူ့မျက်လုံးရှေ့မှ အရာအားလုံးသည် အဖြူရောင်သို့ မှေးမှိန်သွားပြီ၊ သူ၏မြင်ကွင်းသည် ဗလာဖြစ်သွားသည်……။ ခဏကြာပြီးနောက်၊ သူ၏မျက်လုံးများသည် ပြန်လည်စူးစိုက်လာခဲ့သည်။ ဘာမှမပြောင်းလဲသွားသကဲ့သို့ထင်ရသော်လည်း စိတ်ထဲတွင် အရာအသစ်များဖြင့် ပြည့်နှက်နေသည်။


ဤမှတ်ဉာဏ်များသည် သူ့ထဲသို့ သွန်းလောင်းခံရသည့်အလား မဟုတ်ဘဲ စိတ်ထဲတွင် သိမ်းဆည်းထားသော အချက်အလက်များနှင့်တူသည်။

သူစိတ်ကူးပုံဖော်လိုက်သည်နှင့် လိုအပ်သောမှတ်ဉာဏ်ကို ဖတ်ရှုနိုင်သည်။ သူ့ကိုယ်ပိုင်မှတ်ဉာဏ်များနှင့်တူသည်။


အမှန်တကယ်တော့ အတော်လေးအဆင်ပြေပြီး…… သူမျှော်လင့်ထားသည်ထက် ပိုကောင်းမွန်သည်။


နတ်ဆိုးဘုရင် ရန်ဆွေးသည် နက်နဲသိမ်မွေ့ပြီး စွမ်းအားကြီးမားသူဖြစ်ကာ သူ၏အတိတ်ကို မည်သူမျှမသိရှိ။ လွန်ခဲ့သောငါးနှစ်က သူသည် ကပ်ဘေးကြိုတင်ဟောကိန်းတစ်ခုကဲ့သို့ ကောင်းကင်ကိုစိုးမိုးလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် အကြောက်တရားများကို လှုံ့ဆော်ခဲ့သည်။ ဤကဲ့သို့သော သွေးအေးသည့်လူဆိုးကြီးသည် ပုံမှန်မဟုတ်သော မှတ်ဉာဏ်များကို ပိုင်ဆိုင်မည်မှာ သေချာပြီး ၎င်းတို့သည် အစွန်းရောက်သည့်အထိ ထိုးဖောက်ဝင်ရောက်နိုင်သည်။


ရန်ဆွေးသည် နှစ်ပေါင်းရာချီ အသက်ရှင်နေသည့် ရှေးဟောင်းမကောင်းဆိုးဝါးဖြစ်ခဲ့ပါက ဖန်းလီ၏မှတ်ဉာဏ်များသည် သမုဒ္ဒရာထဲမှ ရေစက်တစ်စက်မျှသာဖြစ်ကာ ချက်ချင်းပင် နစ်မြုပ်သွားနိုင်ပြီး သူ့ကိုယ်သူအသိစိတ်ဆုံးရှုံးသွားနိုင်သည်။ ဖန်းလီ၏မှတ်ဉာဏ်များဖြင့် နတ်ဆိုးဘုရင်တစ်ဦးဖြစ်လာနိုင်သည်။


ဖန်းလီသည် ဤအရာအားလုံးကို နားလည်ပြီး စနစ်သည်လည်း သိမှန်းသိသော်လည်း သူ့စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့သည့်အတွက် တမင်တကာ ဖုံးကွယ်ထားကြောင်း ယုံကြည်သည်။ သို့သော် ဤအရာသည် ဖန်းလီ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲစေရန် မလုံလောက်ပါ။ သူသည် တစ်စုံတစ်ရာလုပ်ဆောင်ရန် ဆုံးဖြတ်ပြီးပါက ပြင်ဆင်မှုမရှိဘဲ မဝင်ရောက်ပါ။ စွန့်စားမှုနှင့် အခွင့်အလမ်းသည် အမြဲလက်တွဲလျက်ရှိသည်။ မူရင်းစာအုပ်သည် ရန်ဆွေးနှင့်ရှီဟောင်တို့၏ ရောင်စုံအိပ်ရာပိုင်းဆိုင်ရာ အဖြစ်အပျက်များကို အဓိကထားရေးသားထားသော်လည်း ဤသည်မှာ အဆင့်မြင့်သော ကိုယ်ခံပညာကမ္ဘာ၏ အလွန်အန္တရာယ်များသည့် ကမ္ဘာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ရန်ဆွေး၏မှတ်ဉာဏ်များမရှိပါက သူ့အတွက် လမ်းတစ်ချက် လှမ်းရန်ပင် ခက်ခဲမည်ဖြစ်ပြီး ထိုတံခါးကို ကျော်လွန်၍ အသက်ရှင်ရန်ပင် မဖြစ်နိုင်ပါ။


ကံကောင်းထောက်မစွာ ရန်ဆွေး၏မှတ်ဉာဏ်များသည် ရှည်လျားလွန်းခြင်းမရှိဘဲ နှစ်နှစ်ဆယ်ကျော်ခန့်သာရှိပြီး Fang Li ၏မှတ်ဉာဏ်များနှင့် ဆင်တူသည်။ ထို့အပြင် ဤမှတ်ဉာဏ်များကို သူ့အတွင်းသို့ သွန်းလောင်းထည့်ခြင်းမဟုတ်ဘဲ သူ၏အသိစိတ်ထဲတွင် သိမ်းဆည်းထားကာ လိုအပ်သလို အသုံးပြုနိုင်သည်။ သူသည် ရန်ဆွေး၏အတိတ်ထဲသို့ နစ်မြုပ်မသွားစေရန် သတိထားနိုင်ပါက ထိုအရာတို့သည် သူ့အပေါ် များစွာအကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ။


【 စနစ်က စမ်းသပ်မေးသည်။ အရှင်? 】


ဖန်းလီပြုံးရယ်လိုက်သည်၊ “ဘာပြောချင်တာလဲ?”


စနစ်သည် ဖန်းလီကို နီးကပ်စွာလေ့လာပြီး အစောပိုင်းကနှင့် ပြောင်းလဲမှုများမရှိကြောင်း၊  သွေဖယ်မှုလက္ခဏာများမရှိကြောင်း တွေ့ရှိရသည်။ လတ်တလောစိုးရိမ်ပူပန်မှုများကို လျှော့ချလိုက်ပြီး၊ အပြစ်ရှိသည်ဟုခံစားရမှုလည်း အနည်းငယ်လျော့သွားသည်။ ဤမှတ်ဉာဏ်များသည် အရှင်အပေါ် ဘာမှသက်ရောက်မှုမရှိကြောင်း ထင်ရှားသည်။ ဖန်းလီသည် သေချာစဉ်းစားနေခဲ့သည်။

【 စနစ်က သတိပေးသည်။ သင်သည် ရှီဟောင်ကို သွားရောက်တွေ့ဆုံရန် ပြင်ဆင်သင့်ပါသည်။ 】


ရန်ဆွေး၏မှတ်ဉာဏ်များကို ဇာတ်ညွှန်းနှင့်ဆက်စပ်ပြီးနောက် ဖန်းလီသည် တိုတိုတုတ်တုတ်စဉ်းစားကာ အခြေအနေကို လျင်မြန်စွာနားလည်သွားသည်။


တိမ်လွှာနှင်းမှုန်ဂိုဏ်းသည် တိုက်ခိုက်မှုတွင် အားလုံးကိုစွန့်လွှတ်လက်နက်ချခဲ့သော်လည်း နောက်ဆုတ်ခွာမှုများကို အတင်းအကျပ်ခံခဲ့ရသည်။ ပိုမိုများပြားလာသော အသေအပျောက်များကို ရှောင်ရှားရန် သူတို့သည် ဂိုဏ်း၏ကြီးမားသော ကာကွယ်ရေးစနစ်ကို အသက်သွင်းခဲ့ပြီး ဂိုဏ်းသားအားလုံးသည် စနစ်အတွင်းမှ ဆုတ်ခွာသွားကြသည်။


နတ်ဆိုးဘုရင် ရန်ဆွေးသည် နတ်ဆိုးများအုပ်စုကို ဦးဆောင်ကာ တိမ်လွှာနှင်းမှုန်ကို ဝန်းရံထားသည်။ ယွီယီကျွင်း ရှီဟောင်ကို သူ၏ကစားစရာအဖြစ် ဆက်သရန် သဘောတူပါက တိမ်လွှာနှင်းမှုန်ကို အသက်ရှင်ခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။


ထိုနေ့ရက်များအတွင်း နတ်ဆိုးတို့သည် အနားယူခြင်းမရှိဘဲ အဖွဲ့များခွဲကာ ကြီးမားသောကာကွယ်ရေးစနစ်ကို အလှည့်ကျတိုက်ခိုက်ခဲ့သည်။ ဇာတ်ညွှန်းအရ တိမ်လွှာနှင်းမှုန်ဝန်းရံခံရပြီး လေးဆယ့်ကိုးရက်ပြည့်သောအခါ ဂိုဏ်းသည် အညံ့ခံရန် အလွန်နီးကပ်နေစဉ် ရှီဟောင် ပေါ်ထွက်လာမည်ဖြစ်သည်။


ယနေ့မှာ လေးဆယ့်ကိုးရက်မြောက်နေ့ပင်ဖြစ်သည်။


တကယ်တော့ တိမ်လွှာနှင်းမှုန်သည် အားနည်းသည်မဟုတ်ပါ။ သန့်စင်မှုကမ္ဘာ၏ ပထမဆုံးသော ကြီးမားသည့်ဂိုဏ်းကြီးငါးခုအနက် တစ်ခုဖြစ်ပြီး နှစ်ပေါင်းတစ်သောင်းသမိုင်းရှိသည့် တိမ်လွှာနှင်းမှုန်သည် အမှန်တကယ်တွင် အလွန်တရာသြဇာကြီးမားသည်။ သို့သော် မည်မျှပင် အင်အားကြီးပါစေ သူတို့သည် ဂိုဏ်းတစ်ခုတည်းသာဖြစ်ပြီး နတ်ဆိုးဂိုဏ်းပေါင်းရာချီနှင့် ယှဉ်ပြိုင်ရန် အင်အားမရှိပေ။


တစ်ပင်တည်းသောသစ်ပင်သည် မုန်တိုင်းကို ခံနိုင်ရည်ရှိရန် ခက်ခဲသည်။ အကယ်၍ တရားမျှတသောဂိုဏ်းများသည် နတ်ဆိုးအုပ်စုကို ခုခံရန် စုစည်းနိုင်ခဲ့ပါက ဤကဲ့သို့သော ကြီးမားသည့်ဒုက္ခမျိုးကို အဘယ်ကြောင့်ကြုံတွေ့ရမည်နည်း။


သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ သေခြင်းတရားကို မကြောက်ရွံ့သူ နည်းပါးလှသည်။


လေးဆယ့်ကိုးရက်လုံးလုံး။ မည်သည့်ဂိုဏ်းကမျှ ကူညီရန် မရောက်ရှိဘဲ တိမ်လွှာနှုင်းမှုန်ကို တစ်ဂိုဏ်းတည်း ပျက်သုဉ်းရန် ချန်ထားခဲ့သည်။


လူ့သဘာဝသည် အားနည်းသည်။ ဤမျှပင်ဖြစ်သည်


ဖန်းလီသည် အလွန်ပင် သိမ်မွေ့သော နှာသံပါးပါးတစ်ချက် ရှိုက်လိုက်သည်။ သူသည် ကုလားထိုင်ပေါ်မှ ထလာကာ မည်းနက်သောအရုပ်များခြယ်ထားသည့် အနက်ရောင်ဝတ်ရုံကို ကြမ်းပြင်ပေါ်သို့ တွဲလောင်းချကာ ဝတ်ဆင်ထားသည်။


စနစ်၏အသံက ဖန်းလီအား မေးခွန်းထုတ်လိုက်သည်။ 【စနစ်: ??? 】 အရှင်၊ ရှီဟောင်ကို သွားတွေ့မှာမဟုတ်ဘူးလား။


သို့သော် ထိုအချိန်တွင် ဖန်းလီသည် လက်ဖြင့်အသာခေါ်ကာ ကြမ်းပြင်ပေါ်ရှိဖန်ခွက်ကို ပြန်လည်ကောက်ယူပြီး ဇိမ်ကျစွာ ပြန်ထိုင်လိုက်သည်ကိုသာ စနစ်မြင်၏။


“ရှီဟောင်ပေါ်လာပြီဆိုရင် တစ်စုံတစ်ယောက်က ငါ့ထံကို အစီရင်ခံလာမှာပဲ။ ငါကိုယ်တိုင် သွားစောင့်နေဖို့လိုမှာလား။” ဖန်းလီ၏အမူအရာသည် ပျော့ပျောင်းလှသည်။ သူသည် နှုတ်ခမ်းတွင်း ပြုံးရယ်လိုက်ပြီး “နောက်တော့... အခု ဒီကျေးကျွန်မှာ ပိုပြီးရေးပါတဲ့ အရာရှိနေပြီ” ဟု ပြောလိုက်သည်။


သူ၏ပြောဆိုမှုအရ ရှီဟောင်ကို ရယူမည်ဟုဆိုသော်လည်း အမှန်တွင် ရှီဟောင်လာမလာသည် အဓိကမဟုတ်ပါ။ ရန်ဆွေးသည် မကောင်းဆိုးဝါးတပ်ဖွဲ့ကို ဦးဆောင်ကာ တိမ်လွှာနှင်းမှုန်ကို ဝိုင်းရံရခြင်း၏ ရည်ရွယ်ချက်မှာ ရှီဟောင်မဟုတ်၊ တရားမျှတသော သိကြားမှုကျောင်းများကို ရှက်အရသွားစေရန်သာဖြစ်သည်။ သက်တမ်းအရင့်ဆုံး ဂုဏ်သိက္ခာအမြင့်ဆုံးသော တိမ်လွှာနှင်းမှုန်သည် ဤ‌လောကတွင် ဩဇာအရှိဆုံးဖြစ်ပြီး သူ၏ဓားကို စမ်းသပ်ရန် အကောင်းဆုံးသော ပစ်မှတ်ပင်ဖြစ်သည်။ အကယ်၍ သူတို့သည် ရှီဟောင်ကို အပ်နှံရမည်ဆိုပါက ဤကမ္ဘာတစ်ခုလုံးအား ရိုက်နှက်ချလိုက်ခြင်းပင်ဖြစ်မည်။ ဤအချိန်တွင် ဤနေရာ၌ဖြစ်ပျက်နေသမျှသည် စောင့်ကြည့်ခံနေရသည်။


ထိုသို့သော အခွင့်ကို အသုံးချ၍ ရှီဟောင်ကို ဖမ်းဆီးခြင်းမှာ ပို၍အကျိုးရှိသည်ဖြစ်သည်။ မူရင်းဇာတ်လမ်းတွင် ဇာတ်ကောင်သည် ဤအရာကို ဂရုပြုခဲ့ခြင်းမရှိသလို ဖန်းလီသည်လည်း ပို၍ပင် လျစ်လျူရှုသည်။


စနစ်မှာ ဇဝေဇဝါဖြစ်နေသည်။ ဇာတ်ညွှန်းအတိုင်း လိုက်နာခြင်းသည် အရေးအကြီးဆုံးမဟုတ်လော။ ထိုထက်ပို၍အရေးပါသောအရာ ရှိနိုင်သလော။


ထိုအချိန်တွင် တံခါးဝရှိ အနက်ရောင်သင်္ကေတသည် တောက်ပလာသည်။


ဖန်းလီသည် လက်ဝါးဖြင့် လှုပ်လိုက်သည်နှင့် တံခါးသည် ဖွင့်သွားသည်။


အစေခံတစ်ဦး၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါလာသူမှာ ဦးညွှတ်ရိုသေစွာဖြင့် ဝင်ရောက်လာသည်။


ထိုသူ၏ ရှည်လျားသော အနက်ရောင်ဆံပင်ကို နောက်ကျောတွင် စည်းနှောင်ထားပြီး ချစ်စဖွယ်သော မျက်နှာပေါ်တွင် တောက်ပသော အနီရောင်မျက်ဝန်းများဖြင့် ကြည့်ရှုနေသည်။ သူသည် အလွန်ရှည်သော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်အကြေးခွံများဖြင့် ပြုလုပ်ထားသော ကြာပွတ်ကို ခါးတွင်ရစ်ပတ်ထားသည်။ သူသည် ရိုသေစွာဦးချကာ အသံကြမ်းကြမ်းဖြင့် ပြောသည်၊ “အရှင်၊ ယနေ့မှာ နှစ်လဆန်းကိုးရက်မြောက်နေ့ရှိပါပြီ။ တိမ်လွှာနှင်းမှုန်ရဲ့ ကာကွယ်ရေးစနစ်ကြီး ပြိုလဲတော့မှာပါအရှင်။ ကျွန်ုပ်တို့ စတင်တိုက်ခိုက်သင့်ပါသလား။”


ဤသူမှာ မကောင်းဆိုးဝါးဘုရင် ရန်ဆွေး၏ ယုံကြည်ရဆုံး လက်ရုံးဖြစ်သော ညာဘက်တော်ပါးအမတ်ကြီး ဝူယီမေ့ ဖြစ်ပြီး မူရင်းဇာတ်လမ်းတွင် ရှီဟောင်အား အများဆုံးဒုက္ခပေးခဲ့သော ကလိမ်ကကျစ်စိတ်ထား၊ ကြမ်းကြုတ်သော မကောင်းဆိုးဝါးလည်းဖြစ်သည်။ ရှီဟောင်ကံဆိုးခြင်းသည် ဝူယီမေ့မပါဘဲ မဖြစ်နိုင်ပါ။


ဇာတ်လမ်းတွင် ဝူယီမေ့ကဲ့သို့သော ဇာတ်ကောင်မျိုးသည် မပါမဖြစ်လိုအပ်သည်။ ဖန်းလီ စိတ်တွင်မှတ်ချက်ချလိုက်သည်။


ဖန်းလီသည် အာရုံစိုက်မှုကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်နှာပြင်ကို အေးစက်စွာကြည့်ကာ စကားပြန်မပြောဘဲ စပျစ်ရည်ကို ဖန်ခွက်ထဲသို့ လောင်းထည့်သည်။ ကြည်လင်သောစပျစ်အရည်သည် အနံ့မွှေးပျံ့လျက်... ဝူယီမေ့၏မေးခွန်းကို ဖြေရန်ထက် အခန်းထောင့်တွင် ဦးငုံ့နေသော အစေခံအား ကြည့်ကာ ပြုံးရယ်လိုက်သည်။ “ကျေးကျွန် ဤမျှကာလကြာ သစ္စာစောင့်သိခဲ့ပြီ။ ဤစပျစ်ရည်ကို ဆုချပါမည်။”


အနက်ရောင်ဝတ်စုံအစေခံသည် ရုတ်တရက် မျက်နှာမော့လာကာ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ချက် လျှပ်တပြက်။ ထို့နောက် သူ၏မျက်နှာပေါ်ရှိ အပေါက်များမှ သွေးများ စီးကျလာပြီး အသက်မဲ့သော ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ သဲ့သဲ့လဲကျသွားလေသည်။


ဝူယီမေ့သည် အံ့အားသင့်သွားပြီးနောက် ချက်ချင်းနားလည်လိုက်ကာ ကျေးကျွန်အလောင်းကို ကြည့်ရှုလျက် လေးနက်သောအသံဖြင့် ပြောသည်၊ “အရှင့်ကို အဆိပ်ခတ်ရဲတယ်ဆိုတာ... သူအသက်ရှင်နေတုန်း စစ်ဆေးဖို့ မေ့လျောနေခဲ့မိတာပါ။ ဒီလူကို စမ်းသပ်ပြီး နောက်ကွယ်က လုပ်ကြံသူကို သိနိုင်မှာပါ။” 


‘စိတ်ဝိဉာဉ်အရှင်မင်းကြီး၏ ပစ္စည်းတစ်ခုဖြစ်တဲ့ စိတ်ဝိညာဥ်စုဆောင်းတာဝါ အတွင်းရှိ အရာအားလုံးသည် သူ၏ဩဇာလွှမ်းမိုးမှုအောက်တွင်ရှိသည်။ အရှင်မလုပ်ဘဲနေလျှင် ဤကျေးကျွန်သည် ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး လွတ်မြောက်နိုင်မည်မဟုတ်ပါ။ ဝိဉာဉ်ကို စုပ်ထုတ်သည့်တိုင် နောက်ကွယ်က လူကို ဖော်ထုတ်နိုင်သည်။ သို့သော်... အရှင်က ဤသို့သေဆုံးမှုကို ကြည့်နေရုံသာ...” 


ဖန်းလီက ခွက်ကို ဖြည်းညင်းစွာချပြီး ဝူယီမေ့ကို ပြုံးပြကာ “စိတ်မပူနဲ့။ ငါသိပြီးသား။” 


သူသည် ဝိဉာဉ်စုပ်ယူခြင်း သို့မဟုတ် ညှင်းပန်းမှုကို မနှစ်သက်ပါ။ လက်ထောက်ကာ ခဏအကြာစဉ်းစားသည်။ ဤကျေးကျွန်သည် သစ္စာဖောက်ပြီး အဆိပ်ခတ်သူဖြစ်သည့်အတွက် သေခြင်းသည် တရားမျှတမှုပင်ဖြစ်သည်။ ဝူယီမေ့လက်ထဲသို့ ရောက်လျှင် သေခြင်းထက် ပိုခံရမည်။ 


【စနစ်:ဒါဘာဖြစ်တာလဲ?! မျှော်လင့်မထားတဲ့အရာပဲ...】 


【ဖန်းလီ:ရန်ဆွေးသေရခြင်း အကြောင်းကို မင်းစဉ်းစားဖူးလား။】 


【စနစ်:...】 


【ဖန်းလီ: ဇာတ်ညွှန်းအတိုင်း လိုက်နာဖို့ဆို ငါအသက်ရှင်နေရမယ်။】 


ဖန်းလီသည် စားပွဲပေါ်တွင် လက်ချောင်းလေးများဖြင့် သံစဉ်တီးခတ်နေသည်။ ဇာတ်ညွှန်းတစ်ခုလုံးကို ဖတ်ထားသူအနေဖြင့် နောက်ကွယ်က လူကို သိပြီးသားဖြစ်သည်။ ထို့ပြင် လက်ရှိအချိန်တွင် အားနည်းနေသော သူသည် အားနည်းမှုကို မပြသရန် လိုအပ်သည်။ ကျေးကျွန်ကို အသက်ရှင်အောင် မထားဘဲ သူ၏ရန်သူကို သတိပေးခဲ့သည်။ 


ဝူယီမေ့က ဒူးထောက်ကာ သစ္စာခံသည်။ “ကျွန်ုပ် သစ္စာမဖောက်ပါအရှင်။” 


ဖန်းလီက ပြုံးပြီး ဖြေလိုက်သည်။ “ငါ ယုံတယ်။” 


အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအချိန်တွင် အသူရာတောင်ကြောတွင် သူနှင့်အတူ သေမင်းကို ရင်ဆိုင်ခဲ့သူမှာ ဝူယီမေ့ပင် ဖြစ်သောကြောင့်ဖြစ်သည်။ 


End Chapter 1


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment