no

Font
Theme

ဟွားချန်းရွှမ်ဟာ နှစ်တစ်ရာကျော်တိုင်အောင် လူပျိုဖြစ်ခဲ့ပြီး သူနှင့်တွေ့ပြီးနောက်မှာမှ အသားစားသည်မှာ တကယ်ဖြစ်နိုင်ပါ့မည်လော။

ခါးကိုအသာထောက်မရင်း ရှန်ကျီးနန် အိပ်ရာထသောအချိန်မှာ နောက်တစ်နေ့မနက်ရောက်နေပြီဖြစ်သည်။

သူ့ဘေးတွင် မည်သူမျှရှိမနေ။ အခန်းနှင့် အိပ်ရာတို့သည် သန့်ရှင်းလို့။ သူ၏ကိုယ်ခန္ဓာလည်း စေးကပ်ကပ် မသက်မသာဖြစ်ခြင်းမျိုးမရှိဘဲ သန့်ရှင်းနေသည်။

ဟွားချန်းရွှမ် ဘယ်အချိန်ထွက်သွားလဲ ရှန်ကျီးနန် မမှတ်မိသလို သူ့အား ဘယ်သူသန့်ရှင်းပေးမှန်းလည်း မသိချေ။ မနေ့က သူ ဘယ်အချိန်မှာ သတိလစ်သွားမှန်းပင် မမှတ်မိပေ။

အနည်းဆုံးတော့ အပေါ်ယံကြည့်ပါက ဟွားချန်းရွှမ်သည် နှင်းခဲလို အေးစက်သောမျက်နှာနှင့် အထက်ဆီးဆန်ပုံပေါ်၏။ အမြင့်ဆုံးနေရာမှာ ဘုရားသခင်ကဲ့သို့အဆင့်မျိုးနှင့် ထိုလူသည် ကိလေသာများသော သာမန်လူတို့နှင့် တူသည်ဟု ထင်ရစရာမရှိ။

ရှန်ကျီးနန်နှင့် ဟွားချန်းရွှမ်ကြားရှိ အတွေ့အကြုံနှစ်ခုကိုမူတည်ပြီး အကဲဖြတ်ရလျှင် ဟွားချန်းရွှမ်သည် အလွန်ရမ္မက်ကြီးသော ယောက်ျားတစ်ယောက်ဖြစ်၏။ အိုမီဂါ၏ခန္ဓာကိုယ်သည် ထိုအရာကိုအလိုလိုခံနိုင်ရည်ရှိပြီးသားဆိုလျှင်တောင် ဟွားချန်းရွှမ်နှင့် အတူရှိချိန်တိုင်း ရှန်ကျီးနန် အတော်လေး စိန်ခေါ်မှုများသည်။

ဟွားချန်းရွှမ်၏ ခံစားမှုကောင်းနေသော ပုံရိပ်က သူ့စိတ်ထဲ ဖြတ်ခနဲ ပေါ်လာသည်။ စောင်ကို အသာဆွဲဆုပ်မိပြီး မျက်နှာတစ်ခုလုံးထူပူကာ နဖူးကို လက်သီးဆုပ်နှင့် အသာထုရင်း

တော်တော့ တော်တော့ ထပ်မတွေးနဲ့။

ထို့နောက် အဝတ်အစားဝတ်ရန် အိပ်ရာပေါ် အားပြုထောက်ရင်း ယိုင်တိုင်တိုင်ဖြင့်ထနေတုန်းမှာပင် အိမ်တော်ထိန်း၏အသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ "ကျီးကျီးက ဆက်သွယ်ခွင့်တောင်းခံပါတယ်။"

"ဆက်သွယ်လိုက်ပါ" ဟု ရှန်ကျီးနန်က အဝတ်ဝတ်ရင်းဆိုသည်။

ဟုတ်သားပေ။ ဟွားချန်းရွှမ်သည် မနေ့က သူ့အတွက် အစေခံနှစ်ယောက် စီစဉ်ပေးခဲ့၏။

တီခနဲအသံနှင့်အတူ ကျီးကျီး၏အသံသည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထွက်ပေါ်လာသည်။ "အဝတ်လျှော်ပြီး လဲပေးဖို့ လိုပါသေးလား မိဖုရား"

သည်တော့ သူ၏ရင်ဘတ်နှင့် လည်ပင်းတို့ပေါ်ရှိ အ၎င်အမှတ်ရာတို့ကို ငုံ့ကြည့်ပြီး ရှက်ကိုးရှက်ကန်းနှင့် "မလိုဘူး။ ကိုယ်တိုင်လုပ်လိုက်ပါ့မယ်။"

'မိဖုရား'ဟု အခေါ်ခံရခြင်းက အတော်လေး စိမ်းသက်လှသည်။

အဝတ်အစားတို့လဲပြီးသော် မှန်ရှေ့ရပ်၍ မှန်ကြည့်သည်။ ဟွားချန်းရွှမ်က သူ့အား မိဖုရားတင်မြှောက်ပါမည်ဟု အထပ်ထပ်ကတိပေးထားသော်ငြား သူ မိဖုရားဖြစ်မလာခင် ဘာမျှမပြောင်းလဲဟု မည်သူက အာမခံနိုင်ပါ့မည်နည်း။

သူသည် လွန်ခဲ့သော ငါးနှစ်ကလို တုံးအ မောက်မာသော သခင်လေး မဟုတ်တော့ပေ။

"တော်ဝင်မြို့တော်ကို သွားလည်ချင်တယ်။" ရှန်ကျီးနန် ထွက်လာသောအခါ အစေခံနှစ်ယောက်က အပြင်တွင် အသင့် ရပ်စောင့်နေကြသည်။

ကျီးကျီးက အရိုအသေပေးပြီး "လေသင်္ဘော ပြင်ဆင်ပေးထားပါ့မယ် မိဖုရား။တစ်ဆိတ်လောက် စောင့်ပါ။"

ရှန်ကျီးနန်က ခဏ စဉ်းစားပြီးသော် "ဟိုရောက်ရင် ကျွန်တော့်ကို မိဖုရားလို့မခေါ်ပါနဲ့။ ကျွန်တော့်အကြောင်းကို ထုတ်မပြချင်ဘူး။ ...အရှင်နန်လို့ပဲ ခေါ်ပါ။'

သူ့မိသားစု နာမည်ကိုလည်း မသုံးချင်ပေ။

အစေခံနှစ်ယောက်က "သိပါပြီ အရှင်နန်" ဟု စကားပြန်ကြ၏။

"ဥယျာဉ်ထဲ လျှောက်ကြည့်လိုက်ဉီးမယ်။ အဖော်လိုက်ခဲ့စရာမလိုဘူး။ လေသင်္ဘောအသင့်ဖြစ်ရင်သာ အသိပေးပါ။"

ထို့နောက် ရှန်ကျီးနန် ဥယျာဉ်ထဲသို့ တစ်ယောက်တည်း ဆင်းလာသည်။

ဒီရောက်ကတည်းက သူ နေရာနှစ်ခုတည်းသာ ရောက်ဖူးသည်။ တစ်ခုသည် ဟွားချန်းရွှမ်၏ အိပ်ဆောင်ဖြစ်ကာ သူ့နေရာနှင့် ကပ်လျက်ဖြစ်ပြီး ကျန်တစ်နေရာကတော့ သူကိုယ်တိုင်၏ အိပ်ခန်းပင်ဖြစ်သည်။

ထို့ပြင်လည်း ဒါဟာ တော်ဝင်နန်းတော်။ သူ့ကိုယ်ပိုင် အိပ်ခန်းတစ်ခုတည်းကတောင် ဖုန်းနျန်၏ စစ်သူကြီးအိမ်တော်ထက် ပို၍ ကြီးမားကျယ်ပြန့်၏။ ဘေးပတ်ပတ်လည်မှ ဥယျာဉ်များဖြင့် ခြံရံထားကာ တိုက်ဆိုင်သည်လား, သို့မဟုတ် ဟွားချန်းရွှမ်၏ တမင်စီစဉ်မှုလားမသိ။ ဥယျာဉ်ထဲရှိ ပန်းပင်အများစုဟာ နှင်းဆီဖြူများဖြစ်နေသည်။

မစူးရှဘဲ နူးညံ့သည့် နံနက်ခင်းနေရောင်က နန်းတော်အထက်ရှိအလင်းအကာအရံကို ထိုးဖောက်ကျဆင်းလာသည်။

ဝတ်ရုံဖြူကိုမ,လို့ လျှောက်လမ်းရှိ သစ်သားခုံတန်းလေးပေါ် သူထိုင်လိုက်သည်နှင့် အာရုံက ရေကန်ဘေးရှိ နှင်းဆီဖြူတို့အား အသာအယာ အနံ့ခံနေသော ကြောင်နက်လေးဆီ ရောက်သွားသည်။

"လက်စသတ်တော့ ဒီမှာ အကောင်လေးတွေမွေးလို့ရတာပဲ။' ရှန်ကျီးနန်၏မျက်ဝန်းတို့ တဖျတ်ဖျတ်တောက်သွားသည်။ စစ်သူကြီးအိမ်တော်မှာတုန်းက သူ၏ဘဝဟာ ငြီးငွေ့ဖွယ် ဗလာသက်သက်ဖြစ်ခဲ့၏။

အဖော်လေးပင်မရှိ‌သည့် နေ့ရက်များဟာ ခက်ခဲပြီး ကြောင်လေး၊ ခွေးလေး တစ်ကောင်ကောင်လောက်မွေးဖို့ သူ တောင်းဆိုခဲ့ဖူးသည်။

သို့သော် သူ၏တောင်းဆိုချက်ကို တိရစ္ဆာန်မချစ်တတ်သည့် ဖုန်းနျန်က ပယ်ချခဲ့သည်။

တစ်ခါက စစ်သူကြီးအိမ်တော်တွင်လည်း သူ့အား အမြီးလေးနန့်ပြသည့် ဟက်စကီးခွေးလေးအားတွေ့ဖူးသည်ကို သူ ထင်ထင်ရှားရှား သတိရသေးသည်။ သူနှင့် ထိုခွေးလေးသည် စစ်သူကြီးအိမ်တော်နောက်ဘက်က ခြံဝန်းထဲ၌ တစ်နေ့ခင်း ကုန်ဆုံးခဲ့ကြ၏။ ထိုခွေးလေးအား သူမွေးချင်ခဲ့သည်။

ဒါပေမဲ့ ဖုန်းနျန်က သဘောမတူခဲ့ပေ။ ထိုအချိန်ကတည်းကနေ အမြီးတနန့်နန့်လေးခွေးလေးကိုလည်း သူ မတွေ့ရတော့ပေ။

အတိတ်ကို ပြန်စဉ်းစားလိုက်တိုင်း မနေနိုင်ဘဲ ဝမ်းနည်းညှိုးငယ်မိသည်။ ရှန်ကျီးနန်က အတတ်နိုင်ဆုံး ခြေသံလုံနိုင်သမျှလုံအောင် ကြောင်နက်လေးဆီ ချဉ်းကပ်သွားသည်။ သို့သော် ကြောင်နက်လေးဟာ သူ့အား အလျင်အမြန် သတိပြုမိပြီး မျက်လုံးနက်တောက်တောက်လေးများနှင့် လှည့်ကြည့်၏။

သူနှင့် တိရိစ္ဆာန်လေးများမှာ ဆက်နွယ်မှုရှိကြောင်း ရှန်ကျီးနန် တွေ့ရသည်။ ကြောင်နက်လေးသည် သူ၏ထွက်ပေါ်လာမှုကြောင့် အံ့သြသော်လည်း ကြောက်မသွားကြောင်း သူ ခံစားမိသည်။

ရှန်ကျီးနန် ဆောင့်ကြောင့်ထိုင်၍ နူးညံ့သောအသံဖြင့် "မကြောက်နဲ့။ ငါ မင်းကို ဘာမှမလုပ်ဘူး။ မင်းရဲ့ သခင်‌ရော ကြောင်လေး။"

ကြောင်နက်လေးက အမြီးယမ်း၍သာ သူ့အား အသံမပြုဘဲ ကြည့်လို့။ မျက်လုံးနက်နက်လေးတစ်စုံက မီးသင့်ကျောက်လို ပြောင်လက်နေလေသည်။

သူ ပြုံးလိုက်ကာ "မင်းကိုတွေ့တော့ ငါ ခံစားချက်ကောင်းလာတယ်။"

"ဒီမှာ သူငယ်ချင်းမရှိလို့။ ဘယ်သူ့ကိုမှလည်း မသိဘူး။ ပျင်းစရာကြီး။ တို့တွေ သူငယ်ချင်းလုပ်ရင် ကောင်းမယ်နော်။" ရှန်ကျီးနန်က သူငယ်ချင်းကို စကားပြောနေသလို ပြောသည်။

"ဟင်း အဲဒီအောက်မှာတုန်းကလည်း သူငယ်ချင်းမရှိခဲ့ပါဘူး။ ငါ့မိသားစု ချမ်းသာတုန်းကတော့ လူတိုင်းက ငါနဲ့ မိတ်ဖွဲ့ချင်ကြတယ်။ နောက်ပိုင်း ငါ့မှာ ပိုက်ဆံမရှိတော့ဘဲ အရင်ခင်ပွန်းကလည်း ငါ့ကို မနှစ်သက်ဘူး။ သူလျစ်လျူရှုသလို ကျန်တဲ့လူတွေကလည်း ငါ့နဲ့ သူငယ်ချင်းမလုပ်ချင်တော့ဘဲ ဖယ်ခွာသွားကြတယ်။"

ပြီး သူ အသာနှာမှုတ်သည်။ "ဟမ့် သူတို့က ငါ့ကို သူငယ်ချင်းမလုပ်ရင် ငါကလည်း သူတို့ကို သူငယ်ချင်းပြန်မလုပ်ရုံပေါ့။ အဲဒီလိုလူမျိုးတွေက ငါ့နောက်မှာရှိတဲ့ အကျိုးအမြတ်နဲ့ အာဏာကိုပဲ တပ်မက်တာလို့ အစ်ကိုနဲ့ အစ်မက ပြောဖူးတယ်။ အိုး ငါ့အလှကို ငမ်းငမ်းတက်လိုချင်တဲ့လူတောင်ရှိသေးတယ်။"

"အဲဒီလိုလူတွေက သူငယ်ချင်းအစစ်မဟုတ်ဘူး။ သူတို့ကို ဆုံးရှုံးရလို့ ငါ ဝမ်းမနည်းဘူး။ " ခေါင်းငုံ့၍ မြေပေါ်တွင် စက်ဝိုင်းများ ရေးခြစ်နေသော ရှန်ကျီးနန်၏အသံထဲ စိတ်အားငယ်မှုအပြည့်။ "လူတွေရဲ့ စိတ်က ရှုပ်ထွေးတယ်။ ဘာကြောင့် မရိုးသားနိုင်ကြတာလဲ။ ဘဝက ပင်ပန်းလိုက်တာ။"

သူ့မျက်လုံးတို့ ချက်ချင်း နီရဲလာသည်။ ရှန်ကျီးနန် နှာရည်ရှုံ့သွင်းလိုက်ကာ ခပ်ဟဟရယ်ရင်းပင် "ဒါပေမဲ့ အခု ငါက အင်အားကြီးတဲ့လူ။ မကြာခင်မှာ ဧကရာဇ်ရဲ့ ကြင်ယာတော် ဖြစ်တော့မှာ။ မင်းကြီးက ငါ့ကို မချစ်ပေမဲ့ ကာကွယ်ပေးနိုင်တယ်။ ကြီးမြတ်တဲ့ အာဏာနဲ့ ကျက်သရေပေးနိုင်တယ်။ ဒါလည်း ကောင်းတာပါပဲ။"

"ဘာပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ် ငါ ထပ်ပြီး အချစ်ရူးတစ်ယောက် မဖြစ်ချင်တော့ဘူး။" ဟု ရှန်ကျီးနန်သည် ကြောင်နက်လေးအား အပြုံးမမည်သော အပြုံးဖြင့် ပြောပြသည်။

ကြောင်နက်လေးမှာ ခဏတန့်သွားကာ လက်သည်းလေးထုတ်ဟန်ပြပြီးမှ ပန်းခင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။

အစေခံနှစ်ယောက် ကျီးကျီးနှင့် ဝမ့်ဝမ့်တို့လည်း ခဏနေတော့ ရောက်လာကြကာ "လေသင်္ဘော အဆင်သင့်ဖြစ်ပါပြီ အရှင်နန်။"

*** 

Could it really be that Hua Qianshuang had been a virgin for over a hundred years and only recently started eating meat after meeting him?

When Shen Zhinan sat up from the bed, supporting his waist, it was already morning the next day.

There was no one next to him. The room and bed were all clean. So was his body, without any sticky discomfort.

Shen Zhinan didn't remember when Hua Qianshuang left, nor did he know who cleaned up afterwards. Yesterday he couldn't even remember when he lost consciousness and passed out.

Hua Qianshuang had a face cold as frost and seemed unapproachable, at least outwardly. That man, holding a high position and with an almost divine aura, did not seem like an ordinary person with worldly desires.

But just judging from the two experiences between Shen Zhinan and Hua Qianshuang, Hua Qianshuang was an extremely lustful guy no matter how one looked at it. Even though the omega's body was naturally adapted to withstand it, Shen Zhinan found it extremely difficult every time he was with Hua Qianshuang.

A picture of Hua Qianshuang's emotional face appeared in Shen Zhinan's mind. He pulled the blanket up a bit, feeling waves of heat on his face, and gently tapped his forehead with a clenched fist.

Stop it, stop it, don't think about it anymore.

Leaning on the edge of the bed, as he shakily stood up to get dressed, the voice of the smart housekeeper echoed in the room: 'Zhi Zhi is requesting contact.'

"Connect." Shen Zhinan said while putting on his clothes.

Right, Hua Qianshuang arranged two maids for him yesterday.

After a beeping sound, Zhizhi's voice sounded on the communicator: "Your Grace, do you need us to wash and change your clothes?"

Shen Zhinan looked down at the spots on his chest and neck, blushing slightly: "No need, I can do it myself."

Calling him 'Your Grace the Queen' with every other word felt really peculiar.

He changed his clothes and sat in front of the mirror, looking at his reflection. Hua Qianshuang had indeed promised multiple times to crown him as the empress, but before he actually became the queen of the empire, who could guarantee that nothing would change?

In five years' time, he was no longer the naive and ignorant young master who knew nothing.

"I want to go to the Imperial Capital." When Shen Zhinan went out, two maids were already standing outside waiting.

Zhizhi bent down and saluted: "Your Grace the Queen, an aircraft has been arranged for you. Please wait a moment."

Shen Zhinan thought for a while: "Please don't call me Your Grace the Queen when we get down there. I don't want to reveal my identity. You... just call me Lord Nan."

He also didn't want to use his family name.

Two maids replied: "Yes, Lord Nan."

"I want to take a stroll in the garden. You don't have to accompany me. Just let me know when the aircraft is ready."

Shen Zhinan came to the garden alone.

The palace was like a separate city, magnificent and luxurious.

Shen Zhinan had only been to two places during his days here. One was Hua Qianshuang's bedroom, which is next door to him, and another place, his own sleeping quarters.

After all, it was an imperial palace. Even his own bedroom alone was much more luxurious than Feng Nian's General Mansion. Gardens surrounded it on all sides, and it was uncertain whether it was by coincidence or Hua Qianshuang's deliberate arrangement, but the most abundant flowers in the garden were white roses.

The morning sunlight fell through the light shield above the palace, gentle and not dazzling.

He sat down on a wooden chair on the garden path, dragging a white robe, and his attention was drawn to a small black cat that was gently sniffing the white roses by the pond.

"It turns out that small animals can be raised here." Shen Zhinan's eyes suddenly lit up. His life in the General's Mansion was really boring and empty.

The days without company were especially tough, and he had once applied to adopt a kitten or a puppy.

However, he was ruthlessly rejected by Feng Nian, who didn't like small animals.

Yet, Shen Zhinan clearly remembered that he had once seen a small dog at the General's Mansion, a tiny husky, which would wag its tail like crazy upon seeing him.

He and the little husky spent a wonderful afternoon in the yard behind the General's residence. He wanted to raise that puppy.

But Feng Nian didn't even agree to this small request. From then on, he never saw that cute little husky that wagged its tail crazily at him again.

Whenever he thought about the past, he couldn't help but feel a little sad and resentful. Shen Zhinan tiptoed slowly towards the little black cat, trying his best to be silent. Yet, the little black cat quickly noticed him; with a swift movement, it turned its head and gazed at him with its shiny black eyes.

Shen Zhinan discovered that he had some connection with animals. He sensed that the little black cat was surprised by his appearance, but not overly frightened.

Squatting down, Shen Zhinan said in a soft voice: "Don't be afraid, I won't hurt you. Kitty, do you have a master here?"

The little black cat just looked at him, silent, its tail swaying, and its eyes shining like obsidian.

"Can I touch you?"

The little black cat seemed stunned for a moment, stepped on the cat's paw and took a step back.

Shen Zhinan was a little downcast: "Okay, okay, I'm just saying. If you don't like it, I won't touch you, I just..."

"I just feel a bit lonely."

Shen Zhinan simply sat down on the ground, supporting his chin with one hand and making eye contact with the little black cat.

He raised the corners of his lips: "But when I saw you, my mood instantly improved."

"I don't have any friends here. I don't know anyone. It's so boring. It would be great if we could be friends." Shen Zhinan talked to the little black cat as if having a conversation with a friend.

"Sigh, but I actually didn't have many friends when I was down there. When my family was rich, everyone liked to be friends with me. Later, my family ran out of money, and my previous husband didn’t like me either. He neglected me, and everyone followed suit, no longer wanting to be friends with me."

Shen Zhinan snorted softly: "Humph, if they don't treat me as a friend, I don't want friends like them either. My brother and sister told me that these people only befriended me for the interests and power behind me. Oh, there's the one who covets my beauty."

"Anyway, those people are not real friends. I am not sad at all to lose them!" Shen Zhinan lowered his head, drawing circles on the ground, his voice filled with disappointment. "People's hearts are so complicated. Why can't everyone be simple? Life is really tiring."

His eyes suddenly reddened. Shen Zhinan sniffled, and with a chuckle said: "But now I am powerful and influential, soon to become the emperor's wife. Although he doesn't love me, he can protect me, and can grant me supreme power and glory. That's pretty good too!"

"Anyway... Anyway, I don't want to be a love brain anymore." Shen Zhinan smiled at the little black cat, a smile that seemed almost like a cry.

The little black cat hesitated and wanted to stretch out a paw, but suddenly it swooped into the flowers and disappeared.

Two maids, Zhi Zhi and Wen Wen, came over after a while: "Lord Nan, the aircraft is ready."

(Announcement: Hello, We are pleased to inform you that all our arrangements are complete, and we have now established a schedule for upcoming novel releases. We will update the novel three times a week, specifically on Thursdays, Fridays, and Saturdays. To stay informed of these updates, please join us on our Discord channel where notifications will be promptly provided.

We would also like to share some important information regarding our website. In our commitment to maintaining an ad-free reading experience, we have introduced a coin system starting from Chapter 21. This system is pivotal for our continued motivation and to cover the website's maintenance costs. We trust you understand the need for this implementation. Instructions on how to purchase coins are available in the FAQ section.

In addition, to ensure that our stories remain accessible to all, chapters that are locked on our main site will be released on a complementary site seven days later, completely free of charge but with advertisements. This offers our readers the flexibility to choose between an ad-free experience on our main site or access to free content with ads on our secondary site.

We appreciate you taking the time to read this notice. Happy reading, and we hope you continue to embark on this wonderful journey with our stories.

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (3)
Channie

1 year ago

တစ်ပတ်ကိုဘယ်နှစ်ပိုင်းတင်တာလဲရှင့်

TutuKyaw

1 year ago

coin်ပြီးပြီလေယဝ

Clara

1 year ago

Obrigada pela tradução