ထိုကြောင်နက်လေးဟာ အနည်းငယ် မဝံ့ရဲဟန်။ ကျီးကျီးနှင့် ဝမ့်ဝမ့် ပေါ်လာသည်နှင့် ကြောက်ပြီး ထွက်ပြေးသွားသည်။ သိုသော်လည်း သူ့ကိုတော့ ကြောက်ဟန်မပြပေ။ ခုနကတောင် သူ့ဆီ လျှောက်လာသေးသည်။ နောက်တစ်ခါ ဥယျာဉ်ထဲတွင် ထပ်တွေ့လျှင် ကြောင်လေး၏ခေါင်းကို ပွတ်သပ်ပေးလိုရလောက်သည်။
ရှန်ကျီးနန် စဉ်းစားရင်း လမ်းလျှောက်လာစဉ် အမှတ်တမဲ့ မော့ကြည့်မိပြီး မင်သက်သွားရ၏။ လေထဲလွင့်နေသောအရာကြီးကိုထိုးပြပြီး သိပ်မရေရာသောလေသံပေမဲ့ မျက်ဝန်းတိုထဲမှာတော့ ပျော်ရွှင်ကြည်နူးဟန်ထင်ဟပ်နေကာ "ဒါက ငါ တော်ဝင်မြိုတော်ဆီ စီးသွားရမယ့် လေသင်္ဘောလား။"
"ဟုတ်ပါတယ်။ အရှင်မင်းကြီးကိုယ်တိုင် အထူးပြင်ဆင်ပေးထားတဲ့ လေသင်္ဘောပါ အရှင်နန်။ အတွင်းပိုင်းကို အဆင့်အမြင့်ဆုံးစံနှုန်းတွေနဲ့ ပြင်ဆင်ထားပါတယ်။ အဆင်မပြေတာရှိရင်လည်း ပြန်ပြုပြင်လိုရပါတယ်။"
"ဟင့်အင်း အရမ်းအဆင်ပြေတယ်။"
ထိန်းချုပ်မထားနိုင်သော အပြုံးနှင့်အတူ ဟွားချန်းရွှမ်ကိုယ်တိုင် စီစဉ်ပေးထားသော လေသင်္ဘောကြီးပေါ် သူ စိတ်အားထက်သန်စွာ တက်လိုက်လေသည်။
သာမန်လေသင်္ဘောတစ်စင်းသည်ပင် အနည်းဆုံးတော့ သန်းဆယ်နှင့်ချီကုန်ကျ၏။ ထိပ်တန်းဖွဲစည်းမှုပုံစံသည် သန်းထောင်ပေါင်းများစွာ သိုမဟုတ် ထိုထက်ပို၍ကုန်ကျနိုင်သည်။ အရင်က ရှန်ကျီးနန်၏ မိသားစုသည် တော်ဝင်မြိုတော်တွင် အချမ်းသာဆုံး ဖြစ်ခဲ့သော်လည်း သူတို၌ သန်းတစ်ရာတန်ဖိုးရှိသော လေသင်္ဘောသာ ရှိခဲ့သည်။ လေသင်္ဘောတစ်စင်း၏ တန်ဖိုးသည် ရောင်းဈေးသာမက အတွင်းပိုင်းအပြင်အဆင်၊ လက်နက်တပ်ဆင်ခြင်းနှင့် နေ့စဉ်ထိန်းသိမ်းစရိတ် စသော တခြားသိသာသည့်ဈေးနှုန်းများလည်း ပါ၏။
စိတ်ဝင်စားစရာကောင်းစွာ ဖုန်းနျန်၏အိမ်တော်သည်လည်း သူ့အား ခရီးသွားရေးတွင် လေသင်္ဘောတစ်စင်း ထောက်ပံ့ပေးသည်။ ဒါပေမဲ့ ရိုးရိုးရှင်းရှင်းသာနှစ်သက်သော ဖုန်းနျန်တွင် စစ်လက်နက်တိုက်မှပေးသော သန်းဆယ်ချီတန်သည့် စစ်ရေးအဆင့် လေသင်္ဘောတစ်စင်းရှိသည်။
တကယ်ဆို စစ်သူကြီးအိမ်တော်မှ လေသင်္ဘောကို ရှန်ကျီးနန် မကြိုက်ပေ။ ဇိမ်ကျပြီး နူးညံ့သော လက်ရန်းတိုမပါရှိသည့်အပြင် အပူထိန်းချုပ်စနစ်လည်းမပါသဖြင့် ဆောင်းတွင်းဘက်စီးလျှင် ချမ်းတုန်လှ၏။
သူသည် ခံစားလွယ်ပြီး အအေးမကြိုက်သော အိုမီဂါဖြစ်၏။ အအေးမကြိုက်သည်ကို ဘာကြောင့် ခံစားလွယ်သည်ဟု ယူဆကြလဲ သူ နားမလည်ပေမဲ့ လေသင်္ဘောထဲ၌ အပူထိန်းချုပ်စနစ်တပ်ပေးဖို အကြံပြုသောအခါ ပြစ်တင်ဝေဖန်ခံခဲ့ရသည်။
ဒါဟာ ဖုန်းနျန် သူ့အားမကြိုက်ရသည့်အကြောင်းအရင်းထဲမှ တစ်ခုဖြစ်နိုင်သည်။ မိသားစု၏အလိုလိုက်ခံရပြီး ကြီးပြင်းခဲ့သော ရှန်ကျီးနန်သည် နေ့စဉ်ဘဝတွင်လည်း အကောင်းဆုံးအရာများကို ပို၍နှစ်သက်တတ်၏။ မိသားစု ချမ်းသာသောအခါ ပစ္စည်းကောင်းများသုံးသည်ကို ဘာကြောင့် ဖြုန်းတီးသည်ဟု ယူဆကြလဲ သူ နားမလည်ချေ။ ဈေးကြီးသော အရာများသုံးစွဲသည်ကို ဘာကြောင့် လက်ဖွာသည်ဟု တံဆိပ်တပ်ကြသနည်း။ မိမိကိုယ်တိုင်နှင့် ကိုက်ညီသည့်အမျိုးအစားအား ရွေးချယ်ခြင်းကို ဘာကြောင့် ထိလွယ်ရှလွယ်နှင့် ဟန်ဆောင်တတ်သည်ဟု ယူဆကြသနည်း။
ဖုန်းနျန် ကျေနပ်အောင် သူသဘောကျရသော အဖိုးတန် အဆင်တန်ဆာများအား လက်လွှတ်ခဲ့ရသည့်အချိန်များစွာကို သူ မှတ်မိသေးသည်။ လှပပြီး အနုစိတ်သော လက်လုပ် ၀တ်စုံများကဲ့သို - သူ့ကိုယ်သူ ချစ်ခြင်းမေတ္တာ၏ ရယ်စရာကောင်းသော သားကောင်အဖြစ် ရှန်ကျီးနန် တွေ့ရှိရသည်။
ပထမအိမ်ထောင်သက်နှစ်နှစ်တွင် ဖုန်းနျန်ကြည်ဖြူအောင် ရိုးရှင်းသောပုံစံကို သူ ကျင့်ယူခဲ့သည်။ ထိုနောက် နောက်သုံးနှစ်မှာမူ မိသားစုဒေဝါလီခံရမှုကြောင့် ထိုဈေးကြီး၍ လှပသောပစ္စည်းများကို မဝယ်နိုင်ခဲ့ချေ။
ထိပ်တန်းလေသင်္ဘောသည် အပူထိန်းချုပ်စနစ်သာမက ထပ်ဆောင်းလက်နက်တပ်ဆင်စနစ်တစ်ခုလည်း ပါရှိ၏။
အတွင်းပိုင်းအတွက်မူ အရာရာက ပြီးပြည့်စုံသည်ထက် ပိုလွန်းသည်။
"ဒီလေသင်္ဘောက ငါ့အတွက် သီးသန့်လား။" ရှန်ကျီးနန် မမေးဘဲ မနေနိုင်။ ထိုသိုမေးလို သူ့ကိုယ်သူ ကလေးဆန်သည်ဟု ခံစားရပေမဲ့ ဒါဟာ သန်းထောင်ပေါင်းများစွာတန်သည့် လေသင်္ဘောကြီး မဟုတ်ပါလား။ ဟွားချန်းရွှမ် တကယ်ပဲ သူ့ကို ပေးသည်လား။
"ဟုတ်ပါတယ် အရှင်နန်။" ပြောရင်း အစေခံက လေသင်္ဘော၏ အသေးစိတ်ကို ပြသသည်။ ပိုင်ရှင်နေရာ၌ ရှန်ကျီးနန်၏ရုပ်ပုံနှင့် နာမည်ကို ထင်ထင်ရှားရှား လုပ်ထားသည်။
ဤသိုဈေးကြီးသည့်လက်ဆောင်မျိုး ရရှိတော့ တုံပြန်မှုမရှိလျှင် မတော်ရာကျမည်။
အစေခံနှစ်ယောက် ဆုတ်သွားသော် လေသင်္ဘော၏ ကိုယ်ပိုင်နေရာတွင် ရှန်ကျီးနန် တစ်ယောက်လည်း ထိုင်လိုက်သည်။ လက်ကိုမြှောက်လိုက်တော့ လက်ကောက်ဝတ်တွင်ဆင်မြန်းထားသည့် လက်ပတ်လေး ပေါ်လာသည်။
ဟွားချန်းရွှမ်နှင့် အဆုံးစွန်ထိ အတွင်းကျကျရင်းရင်းနှီးနှီးနေဖူးသည်ဆိုစေကာမူ ဤဆန်းကြယ်သော ဂလက်ဆီဧကရာဇ်နှင့် မျက်နှာချင်းဆိုင်ရာမှာတော့ ရှန်ကျီးနန် စိတ်လှုပ်ရှားမိသေးသည်။
'စိတ်လျှော့ စိတ်အေးအေးထား'ဟု အသံတိတ်ရေရွတ်ရင်း သူ အသက်ဝဝရှူရှိက်ကာ ဟွားချန်းရွှမ်၏ ဆက်သွယ်မှု အသေးစိတ်ကို လက်ခံလိုက်သည်။ ဗီဒီယိုခေါ်ဆိုမှုနှင့် မက်ဆေ့ခ်ျပိုခြင်းကိုရွေးပါဆိုတော့ သူ ရှေ့ကဟာကိုသာ ပြတ်ပြတ်သားသား ရွေးလိုက်သည်။
[ရှန်ကျီးနန်: အရှင်မင်းကြီး အရှင်လက်ဆောင်ပေးတဲ့ လေသင်္ဘောကို လက်ခံရရှိပါတယ်။ အရှင့်ရဲ့သဘောထားကြီးတဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တကယ်ကို ကြိုက်မိပါတယ်။]
ထိုနောက် ဂလက်ဆီဧကရာဇ်တစ်ယောက်အနေဖြင့် နေ့တိုင်းအမှုကိစ္စပေါင်းများစွာကိုင်တွယ်နေရမှာပဲဟု သူ စဉ်းစားမိပြီး ဟွားချန်းရွှမ်ဆီမှ ပြန်စာကို မမျှော်လင့်တော့ပေ။
သိုသော် ဟွားချန်းရွှမ် အမည်နှင့် ဆက်သွယ်ရေးတောင်းဆိုမှု လင်းလက်လာသောအခါ သူ့ကိုယ်သူ စိတ်ရှုပ်ထွေးသွားသယောင် ရှန်ကျီးနန် ထင်မှတ်မိသည်။
'လက်ခံ' ခလုတ်ကို နှိပ်လိုက်သည်နှင့် ဟွားချန်းရွှမ်၏ ပြိုင်စံရှား ခံ့ညားထည်ဝါသော မျက်နှာက ရုပ်မြင်သံကြားဖန်သားပြင်မှာ ပေါ်ထွက်လာလေသည်။
ရှန်ကျီးနန်၏ ဟွားချန်းရွှမ်အပေါ် ယခင်သီးသန့်ကြည့်မြင်သုံးသပ်မှုများနှင့် မတူဘဲ ဗီဒီယိုထဲ၌ ဟွားချန်းရွှမ်သည် "ဂလက်ဆီဧကရာဇ်" ၏ ဝိသေသလက္ခဏာကို ပိုမိုသင့်လျော်စွာ သရုပ်ဖော်ထား၏။
ချောမောသော အမျိုးသားသည် ၎င်း၏ အဆင့်အတန်းကို ကိုယ်စားပြုသည့် ဆုတံဆိပ်များဖြင့် တန်ဆာဆင်ထားသော အနက်ရောင် စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ဟွားချန်းရွှမ်၏နောက်၌ ဂလက်ဆီအင်ပါယာ၏ ကျယ်ပြောသော မြေပုံရှိသည်။
အသက်နှစ်ဆယ်ကျော်အရွယ်တွင် ဤယောက်ျားသည် နဂါးငွေ့တန်းရှိ ဂြိုဟ်တိုင်းကို သိမ်းပိုက်ရန် ထောင်နှင့်ချီသော တပ်ဖွဲဝင်များအား ဦးဆောင်ခဲ့ကြောင်း ရှန်ကျီးနန် ချက်ချင်း သိလိုက်ရသည်။
ရှန်ကျီးနန်တစ်ယောက် သူ့ကိုယ်ဟန်အနေအထားကို ဖြောင့်ဖြောင့်မတ်မတ်ထားပြီး ဆရာ၏စစ်ဆေးမှုကို စောင့်နေသော မူလတန်းကျောင်းသားလေးကဲ့သို ဒူးပေါ် လက်လေးနှစ်ဖက် တင်ထားသည်။
ထိုအခါ တစ်ဖက်မှ အယ်ဖာကြီးခမျာ မနေနိုင်စွာ ခပ်ယေးယေးပြုံးမိသွား၏။
ဟွားချန်းရွှမ်၏ နှစ်သိမ့်သံက သူ့အိုမီဂါလေး၏ ပူပန်သောကကို ပြေပျောက်စေသည်။ "ကိုယ့်ရှေ့မှာ ဒီလောက် သမရိုးကျဆန်နေစရာ မလိုဘူး။ လေသင်္ဘောကို ကြိုက်ရဲ့လား"
"ဟုတ်ကဲ့ အရှင်မင်းကြီး" ဟု ရှန်ကျီးနန်တစ်ယောက် နှုတ်ကသာပြောနေပေမဲ့ ကျောကတော့ တောင့်တင်းနေသေး၏။
ဟွားချန်းရွှမ်က သံလိုက်ဓာတ်လိုညှိငင်ဖွယ်အသံတိမ်တိမ်ဖြင့် "ဟမ်" ။ သူ့လေသံထဲရှိ ဩဇာက ရှန်ကျီးနန်၏ ခါးကို အနည်းငယ် ပျော့ပျောင်းသွားစေသည်။
ခံစားချက်တိုထိန်းမနိုင်သိမ်းမရအခိုက်အတန့်တွင် ပျော့ပျောင်းနူးညံ့သောအသံများ ဖန်တီးတတ်သည့် ဧကရာဇ်မင်း၏ပုံရိပ်ကို ပြန်မြင်ယောင်ရင်း ရှန်ကျီးနန် အတွေးထဲ မျောနေလေသည်။
ထိုစဉ် "ကိုယ့်ရဲ့ဆင့်ပွားကဒ်ကို လွတ်လွတ်လပ်လပ်သုံးဖို မင်းကို ခွင့်ပြုထားတယ်။ ကြိုက်ရာဝယ်ပါ။" ဟူသော ဟွားချန်းရွှမ်၏စကားက သူ့အား လက်ရှိအချိန်ဆီ ပြန်ခေါ်လာပေး၏။
သည်အခါ ရှန်ကျီးနန်၏ ပါးစပ်က သူ့ဦးနှောက်ထက် ပိုမြန်နေပြီး "သုံးစွဲခွင့်အကန့်အသတ်ရောရှိလားဟင် အရှင်မင်းကြီး။"
မေးပြီးမှ ရှန်ကျီးနန် သူ့ပါးစပ်သူ ပြန်ရိုက်ချင်သွားသည်။ ထိုမေးခွန်းမျိုးမေးသည့်သူက- ရူးနေလိုပဲဖြစ်မည်။
ဟွားချန်းရွှမ်နှင့် သူ၏ဆက်ဆံရေးသည် မူလကတည်းက အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း၊ ထိုသိုသောမေးခွန်းကိုမေးခြင်းဖြင့် ဟွားချန်းရွှမ်ဟာ သူ့အား ပစ္စည်းမက်သော အိုမီဂါလေးအဖြစ် ထင်သွားမည်ကို ရှန်ကျီးနန် စိုးရိမ်မိသည်။
ဤမိုက်မဲသောမေးခွန်းကို မေးပြီးနောက် ဟွားချန်းရွှမ်သည် ရွံရှာဖွယ်အမူအရာဖြင့် သူ့အား မိဖုရားအဖြစ် တင်မြှောက်မည့် ဆုံးဖြတ်ချက်ကို နောင်တရနေမည်လားဟု တွေးကြောက်မိသည်။
မြိုတော်ကလူတွေပြောသလို သူဟာ တကယ်ပဲ သနားစရာ အဆင့်နိမ့်အိုမီဂါဖြစ်လာလေသလား။
ဟွားချန်းရွှမ်က အသာအယာပြုံးသည်။ တကယ်ပါ။ ခဏလေးဆိုရင်တောင် ဟွားချန်းရွှမ်ပြုံးလိုက်သည်ကို သူ ဖြတ်ခနဲမြင်လိုက်ရ၏။
ထိုအရာသည် သူ ထင်ထားသလို လှောင်ပြုံးမဟုတ်ဘဲ သူ၏မေးခွန်းထဲတွင် ရယ်စရာရှာတွေ့သည့် အပြုံးမျိုးဖြစ်သည်။
ဟွားချန်းရွှမ်: "အကန့်အသတ်မရှိဘူး။ မင်းသာဆန္ဒရှိရင် တော်ဝင်မြိုတော်တစ်ခုလုံးကိုလည်း ဝယ်လိုရတယ်။"
ရှန်ကျီးနန်၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သောအမူအရာတစ်ခု ပေါ်လွင်ထင်ရှားလာလေသည်။
ဟွားချန်းရွှမ်က သူသာမြင်ရသော ဆက်သွယ်ရေးစခရင်ကိုငေးကြည့်နေရင်း တစ်ဖန် မျက်နှာပေါ် အပြုံးလက်လက်တစ်ပွင့် ဖြတ်ပြေးသွားပြန်သည်။ "အစည်းအဝေးဆက်လိုက်ဦးမယ်။ သွားပြီးပျော်လာခဲ့။ ဒီညလာခဲ့မယ်။"
ဆက်သွယ်ရေးကိရိယာကို ပိတ်ပြီးနောက် ဟွားချန်းရွှမ်သည် သူ၏ပုံမှန်အေးစက်သောအမူအယာကိုပြန်ပြောင်းကာ အစည်းအဝေးခန်းထဲ ပြန်ဝင်လာခဲ့၏။ အနက်ရောင်လက်အိတ်ကို ၀တ်ထားသည့် လက်ချောင်းများက စားပွဲပေါ် အသာအယာခေါက်လျက် "ဆက်ပြောချေ။"
အစည်းအဝေးအတွင်း ခဏတာကြားကာလနားချိန်လေးသည် တက်ရောက်လာသူများကြားတွင် အံ့ဩခြင်းလှိင်းလုံးများကို လှုဆော်ပေးခဲ့၏။ မည်သူက ဧကရာဇ်မင်းဘက်မှ တစ်စုံတစ်ဦးအား သူ့ဆန္ဒအလျောက် ဆက်သွယ်ရန် အစည်းအဝေးကိုရပ်ရသည်အထိ နှောင့်ယှက်နိုင်သနည်း။
မည်သူက ဧကရာဇ်အား အလိုလိုက်ဟန်အပြုံးမျိုး ပြုံးအောင် နှိးဆွပေးလိုက်သနည်း။
ဂလက်ဆီအင်ပါယာရှိ အစွမ်းအထက်ဆုံး အယ်ဖာကြီးတစ်ယောက် သူ့အသည်းအသက်အိုမီဂါလေးကို တွေ့ရှိသွားလေပြီ။
တိုင်းပြည်ထူထောင်ချိန်ကနေ နှစ်တစ်ရာကျော်တိုင်သည်အထိ နောက်ဆုံးတော့ ဂလက်ဆီအင်ပါယာဟာ ၎င်း၏မိဖုရားအား ကြိုဆိုရပါတော့မည်။