သူ့ဆုံးဖြတ်ချက်ကြောင့် သူ၏အစ်ကိုနှင့် အစ်မတို့သည် အံ့ဩသော်လည်း နောက်ကနေ အားပေးကြ၏။ ထို့ထက် တော်ဝင်မြို့တော်တွင် ရှန်ကျီးနန် တစ်ယောက်တည်း ဘဝကို ဘယ်လိုနေထိုင်မလဲဟု သူတို့ ပိုလို့စိုးရိမ်သည်။ ရှန်ကျီးနန်ကတော့ သူ့ကိုကူညီနေသည့် လူတစ်ယောက်ရှိပြီး ထိုအယ်ဖာနှင့် လက်ထပ်ဖို့များကြောင်း ပြန်လည် နှစ်သိမ့်သည်။ သူနှင့် ဧကရာဇ်ကြားက ကိစ္စကိုတော့ ယခုနေ ဖုံးကွယ်ထားရမည်ဖြစ်ကာ ဆက်သွယ်ရေးကိရိယာမှ ပြောခြင်းသည် သိပ်တော့မကောင်းလှ။
ဗီဒီယိုနှင့်ဆက်သွယ်နေစဉ်အတွင်း ရှန်ကျီးနန် ရောက်နေသည့် တန်ဖိုးကြီးဝန်းကျင်ကို သူတို့တွေ မြင်ရသည်။ အခန်းမှာ ရှန်မိသားစု ဒေဝါလီမခံရခင်တုန်းကထက် ပိုလို့အဆပေါင်းများစွာ ခမ်းနားထည်ဝါလွန်း၏။ လက်ရှိ၌ ရှန်ကျီးနန်၏အခြေအနေနှင့်ပတ်သက်၍ သူတို့တွေ စိုးရိမ်စရာမရှိပေမဲ့ ရှန်ကျီးနန်ပြောသည့် အယ်ဖာအကြောင်းကိုတော့ သိချင်မိသည်။
မိသားစုကိုလွမ်းသည်ကတစ်ကြောင်း၊ သူစိမ်းအယ်ဖာက ရှန်ကျီးနန်အား လှည့်စားသွားမည်ကို စိုးရိမ်သည်က တစ်ကြောင်းဖြင့် အစ်ကိုနှင့် အစ်မတို့မှာ မြို့တော်ဆီပြန်ရန် လှေလက်မှတ်နှစ်စောင် အပြေးအလွှားဖြတ်ကြ၏။ သို့သော်လည်း ကြယ်တာယာခရီးသည် ရှည်လျားလွန်းရကား ပြန်ရောက်ဖို့ အနည်းဆုံး လဝက်လောက်တော့ကြာသည်။
မကြာသေးခင်နှစ်တွေက သူတို့မောင်နှမနှစ်ယောက်မှာ အကြွေးပြန်ဆပ်နိုင်ဖို့ ရပ်ဝေးကြယ်တွင် အလုပ်ကြမ်းလုပ်ခဲ့ကြရသည်။ ရှန်ကျီးနန်သည်မူ မြို့တော်ရှိ သူ့အဖေ၏ကျန်းမာရေးအတွက် တာဝန်ရှိပေမဲ့ ရပ်ဝေးဂလက်ဆီတွင် ပင်ပင်ပန်းပန်းလုပ်ကိုင်နေရသော သူ၏ အစ်ကိုနှင့် အစ်မထက်စာလျှင် ပင်ပန်းမှုက မပြောပလောက်ပေ။
မိသားစုဒေဝါလီခံသွားကတည်းက ခြေမချခဲ့ရသော ဈေးဝယ်စင်တာကြီးကို ရှန်ကျီးနန် မော့ကြည့်မိသည်။ အဝင်ဝတွင် ဇိမ်ခံ လေသင်္ဘောများစွာ တန်းစီလို့။ ခံ့ညားသည့်အယ်ဖာတို့က လှပသောအိုမီဂါများနှင့် အဖော်လိုက်လာကြသည်။ ကြွယ်ဝချမ်းသာသော အယ်ဖာများမှာ သူတို့၏ဇနီးတို့သုံးဖြုန်းကြသည်ကို ဂုဏ်ယူနေကြကာ အားလပ်ရက်ဈေးဝယ်ခရီးတွင် ၎င်းတို့၏အိုမီဂါများနှင့် အဖော်လိုက်လာရသည်အား ပျော်ရွှင်ကျေနပ်နေကြသည်။
ထိုသို့ချစ်ကြည်နူးနေကြသော အယ်ဖာ-အိုမီဂါ စုံတွဲများကို အကြည့်လွှဲလို့ ရှန်ကျီးနန်တစ်ယောက် ကျီးကျီး၊ ဝမ့်ဝမ့်တို့နှင့်အတူ အထဲ လျှောက်ဝင်လာသည်။ ပထမဆုံး နာရီရောင်းတန်း ဆီ သူ ဦးတည်၏။ သူ့အစ်ကို၊ အစ်မတို့သည် နာရီများစုဆောင်းရသည်ကိုကြိုက်တတ်ပြီး အခက်အခဲကြုံစဉ်အခါက ၎င်းတို့၏စုဆောင်းမှုများအား အကုန်ရောင်းချပစ်ခဲ့ရသည်။
မောင်နှမတွေ ရောင်းထားသည့် ပစ္စည်းများကို ပြန်ရှာဝယ်ဖို့ သူ ကြံရာမရသော်လည်း အရည်အသွေးကောင်းနာရီများကိုသာ ဝယ်ပြီး လက်ဆောင်ပေးလိုက်ပါက ဝမ်းသာသွားကြမည်ဟု သူ ယုံကြည်သည်။
"အရှင်နန် နေရာရှင်းပေးဖို့ လိုပါသေးလား။" နာရီဆိုင်ထဲဝင်ဝင်ချင်း ကြားလိုက်ရသည့် ကျီးကျီး၏စကားကြောင့် ရှန်ကျီးနန် လန့်သွားသည်။
"ဟင့်အင်း ဟင့်အင်း။ နာရီလေးနှစ်လုံးပဲ ဝယ်မှာ။ တခြားဝယ်သူတွေကို မနှောင့်ယှက်ပါနဲ့။" အထူးဝယ်ယူသူများအတွက် ဆိုင်တချို့ဟာ နေရာရှင်းပေးတတ်ကြောင်း ရှန်ကျီးနန် သိသည်။ သို့သော် ဒါဟာ တော်ဝင်မြိုတော်ရှိ ပထမတန်းဈေးဝယ်စင်တာဖြစ်၏။ ဤနေရာရှိ ဝယ်သူမှန်သမျှ အထက်တန်းပုဂ္ဂိုလ်များမဟုတ်လို့ မည်သူတွေဖြစ်ရမည်နည်း။
ကျီးကျီးနှင့် ဝမ့်ဝမ့်၏စွမ်းဆောင်ရည်ကို ရှန်ကျီးနန် မေးခွန်းထုတ်ရန်မလိုတော့။ နာရီဝယ်ရင်ပဲ လုံလောက်နေပြီး တခြားသူတွေကို ပထုတ်ဖို့မလိုဟု ထင်မိသည်။
ထူးဆန်းသည်မှာ ဆိုင်ထဲရောက်သည်နှင့် မည်သည့် အရောင်းဝန်ထမ်းကိုမျှ မတွေ့ရခြင်းပင်။
ဒါပေမဲ့လည်း သူ ဂရုမစိုက်။ ဝန်ထမ်းမရှိလည်း သူပျော်သည်။
စင်ပေါ်ရှိ နာရီများကို အာရုံစိုက် ငုံ့ကြည့်ရင်း ရှန်ကျီးနန် အထဲဆက်လျှောက်လေ၏။ ရုတ်တရက် သူ့ရှေ့မှ လူတစ်ယောက်၏ အော်သံကို ကြားလိုက်ရသည်။
"ဘာဖြစ်နေတာလဲ? ဘယ်သူ သူ့ကို ဝင်ခိုင်းလိုက်တာလဲ။ နေရာက ရှင်းနေရမှာ မဟုတ်လား။" ထိုစူးရှနေသည့်အသံက ရင်းနှီးသလိုပင်။
ရှန်ကျီးနန်လည်း မော့ကြည့်လိုက်လျှင် တစ်ဖက်လူနှင့် အကြည့်ချင်းဆုံသွား၏။ ထိုလူမှာ တစ်ခဏမျှ မင်သက်နေပြီးမှ နှာမှုတ်၍ "ဘယ်သူများလဲမှတ်တယ်။ ရှန်ကျီးနန် ဖြစ်နေတာကိုး။ မင်း တခြားအယ်ဖာနဲ့ပတ်သက်ပြီး စစ်သူကြီးအိမ်တော်က မောင်းထုတ်ခံရတယ်လို့ ကြားတယ်။ အခု ဘယ်လောက်ချမ်းသာတဲ့အယ်ဖာနဲ့ တွဲနေတာလဲ။ တစ်ယောက်တည်းလား။ မင်းရဲ့ အယ်ဖာကိုရော မတွေ့ပါလား။"
လကိုကြယ်တို့ခြံရံထားသလို ဆိုင်ဝန်ထမ်းများစွာ၏ ဝန်းရံခံထားရသော လူငယ်က ကတ္ထီပါထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်လို့ ရှန်ကျီးနန်အား လှောင်ပြုံးအပြည့်ဖြင့် အပေါ်၊ အောက် စုန်ဆန်ချည်ကြည့်သည်။
"ဖုန်းလုဟွား" ရှန်ကျီးနန်၏ မျက်ဝန်းတို့ထဲ စက်ဆုပ်ခြင်းအရိပ်အယောင် ဖြတ်ပြေးသွား၏။
အတိတ်က ဖုန်းမိသားစုနှင့် ရှန်မိသားစုတို့တွင် စီးပွားဖြစ် ဆက်ဆံရေးရှိခဲ့သည်။ ရှန်ကျီးနန်၏ ဖခင်သည် ဖုန်းအိမ်တော်အား ကူညီပေးခဲ့ဖူးကာ တစ်ချိန်က တစ်ဦးနှင့်တစ်ဦး ညီအစ်ကို ခေါ်ခဲ့ကြသည်။ နောက်ပိုင်း ရှန်အိမ်တော် ဒေဝါလီခံရသောအခါ ဖုန်းမိသားစုသည် အကူအညီပေးရန်မပြောနှင့် သူတို့အား ကန်ထုတ်၍ ရှန်အိမ်တော်၏ ခြံဝင်းကိုပါ ပိုင်းကန့်ပစ်လိုက်သည်။ သူတို့ကိုယ်သူတို့ ကျေးဇူးမသိတတ်သည့်လူယုတ်မာများဖြစ်ကြောင်း အစွမ်းကုန်ပြသနေလေ၏။
ငယ်ငယ်ကတည်းက ရှန်ကျီးနန်နှင့် ဖုန်းလုဟွားမတည့်ခဲ့ဘဲ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်လုံးကလည်း မြို့တော်ရှိ ထင်ရှားသောအိုမီဂါများဖြစ်နေသည်။ သို့သော် ဂုဏ်သရေပိုင်းနှင့်ဆိုင်လျှင်တော့ ရှန်ကျီးနန်က ပိုကျော်ကြားကာ ဖုန်းလုဟွားထက် ရှန်ကျီးနန်ဟာ သာ၍လှပသည့်အချက်အပြင် တခြားအကြောင်းမရှိချေ။
ငယ်စဉ်ကတည်းက ရှန်ကျီးနန်၏ လွှမ်းမိုးမှုကို သူ ခံရသည်။ ရှန်မိသားစု ဒေဝါလီခံရသည်က သူ့အတွက် ထိုမျှလောက်မဟုတ်ပေမဲ့ ဖုန်းနျန်၏လုပ်ရပ်ကြောင့် စစ်သူကြီးအိမ်တော်မှ ရှန်ကျီးနန် နှင်ထုတ်ခံရသည်နှင့် ရှန်ကျီးနန်ကိုကြွားရန် သူလည်း မာန်တက်သောအမူအရာကို ထုတ်ဖော်ပြသလေ၏။
ဂုဏ်ယူနေသော ဒေါင်းငှက်လိုမျိုး သူ ရှန်ကျီးနန်ကို ငုံ့ကြည့်သည်။ သို့သော် မကြာခင်ပဲ ရှန်ကျီးနန်၏ အဝတ်အစားတို့သည် အဖိုးအလွန်တန်ပြီး နောက်မှ အစေခံနှစ်ယောက်ပါ ပါလာသည်ကို တွေ့လိုက်ရသည်။
"မင်းနဲ့တွေ့တာ ကံဆိုးတာပဲ" ရှန်ကျီးနန်အတွက်မူ ဖုန်းမိသားစုကို မုန်းတီးလွန်းသဖြင့် ဘာမျှမဝယ်ချင်တော့ဘဲ လှည့်ထွက်ရန်ပြင်သည်။
ရှားရှားပါးပါး ရှန်ကျီးနန်နှင့် တွေ့ရခဲသော ဖုန်းလုဟွားသည် မည်သို့ ဒီအတိုင်း လွှတ်ပေးမည်နည်း။
ကပျာကယာထရပ်ပြီး ရှန်ကျီးနန်၏ နောက်ကနေ အော်လိုက်သည်။ "ဘာဖြစ်တာလဲ ရှန်ကျီးနန်။ မင်း ကြွက်လို အမြီးကုပ် ပြေးတော့မှာလား။""
ထိုအခါ ကျီးကျီးသည် စူးခနဲလှည့်ကြည့်၏။ သူမ၏ ဓားသွားလို အကြည့်ကြောင့် ဖုန်းလုဟွား တိခနဲ ငြိမ်ကျသွားသည်။
ဘီတာဖြစ်စေကာမူ သူမ၏အကြည့်တစ်ချက်က အဆိပ်ပြင်းမြွေတစ်ကောင် အကိုက်ခံရသလိုပင်။ ဖုန်းလုဟွားမှာ တုန်တက်ပြီး သူ့ရင်ထဲက အကြောက်တရားကြောင့် ရှန်ကျီးနန်အတွက် အချိန်အကြာကြီးကတည်းက စုထားသော မနာလိုဝန်တိုစိတ်ကို ချိုးနှိမ်လိုက်ရ၏။ ထိုစဉ် အပြင်မှ အယ်ဖာတစ်ယောက်လျှောက်ဝင်လာသည်ကို သူ မြင်မိသည်။ သည်အခါ သူ့မျက်လုံးတို့ တောက်ပ၍ ရဲဆေးတင်မိသလို ခံစားရကာ "အစ်ကိုရေ ဘယ်သူလဲ ကြည့်ပါဦး။ ရှန်ကျီးနန်လေ။"
နာမည်ဆိုးနှင့်ကျော်ကြားသော ပေါ်ကြော့အယ်ဖာအဖြစ် ဖုန်းမုန့်လုံသည် ဂုဏ်သိက္ခာမရှိ။ သူ့အကြောင်းများစွာကို နေ့နေ့ညညမကုန်အောင် အဆက်မပြတ်ပြောနိုင်သည်။
ဖုန်းလုဟွား၏ မူလရည်ရွယ်ချက်မှာ သူ၏အာဃာတအတွက် ထိုအယ်ဖာကို ရင်ဆိုင်ခိုင်းချင်ခြင်းပင်။ ကံမကောင်းစွာ သူ၏နှာဘူးအစ်ကိုက ရှန်ကျီးနန်ကိုလည်း မြင်လေလျှင် အမြီးတရမ်းရမ်းနှင့် လူရှေ့သို့ ပြေးပြီးလာကြိုသော ခွေးကြီးလို မျက်လုံးတို့ လက်လက်တောက်သွားသည်။
"ရှောင်နန်။ စစ်သူကြီးအိမ်တော်ကနေ ထွက်လာတယ်လို့ကြားတယ်။ မင်းကို လူလွှတ်ရှာခိုင်းပေမဲ့ မတွေ့ရဘူး။ ခုတလော အခြေအနေဘယ်လိုလဲ။ မင်းက တကယ်.... ပိုပိုပြီး လှလာတာပဲ " ဖုန်းမုန့်လုံက ရှန်ကျီးနန်၏ လမ်းကို ပိတ်ရပ်လိုက်သည်။
ဖုန်းလုဟွားမှာ စိတ်ဆိုးလွန်း၍ အော်ဟစ်တော့၏။ "သူ့ကို သင်ခန်းစာပေးလိုက်စမ်းပါ အစ်ကို!"
ထိုအခါ ဖုန်းမုန့်လုံသည် သူ့ညီအား စက်ဆုပ်ဟန်ကြည့်၍ "ရှောင်နန် သူ့ကို စိတ်ထဲမထားနဲ့ သိလား။ သူ မင်းကို အနိုင်ကျင်နေတာလား။ ပြန်ရောက်မှ သင်ခန်းစာ ကောင်းကောင်းပေးပစ်မယ်။"
"တဆိတ်လောက်။ လမ်းဖယ်ပေးပါ။ သွားမလို့" ထိုညီအစ်ကိုနှစ်ယောက်နှင့် ပြောဆိုချင်စိတ် သူ့မှာ ရှိမနေ။
သို့ပေမဲ့ ဖုန်းမုန့်လုံသည် လမ်းဖယ်ပေးချင်ဟန်မတူ။ ရှန်ကျီးနန်၏လက်ကို လှမ်းဆွဲရင်း "မင်းနဲ့ တွေ့ရခဲတယ်။ ကိုယ့်အိမ်မှာ ထမင်းလိုက်စားပါလား။"
"ရှန်ကျီးနန်?" ရုတ်တရက်ထွက်ပေါ်လာသောအသံသည် ရှန်ကျီးနန်ကို မကြောက်စေပေမဲ့ ဖုန်းမုန့်လုံမှာဖြင့် အငိုက်မိသွားရှာ၏။
ရှန်ကျီးနန်ကို ဆွဲထားသောလက်အား ချက်ချင်းပြန်ရုတ်၍ ရောက်လာသည့်လူသစ်ကို လှည့်ကြည့်ပြီး ကသိကအောက်ပြုံးပြကာ ဘေးဖယ်လိုက်ရသည်။
"တပ်မှူး ဖုန်း"
After returning to the Imperial Capital, Shen Zhinan's first stop was the most luxurious shopping mall in the center of the Imperial Capital.
A few days ago, he contacted his siblings who were far away from home and told them that he had divorced Feng Nian. Even his older brother and sister were very surprised by his choice. After all, Shen Zhi Nan had previously shown great affection for Feng Nian, but now he had suddenly divorced.
While comforting Shen Zhinan, his brother and sister also supported Shen Zhinan's decision as his relatives. They were more worried about how Shen Zhinan would manage life alone in the imperial capital after the divorce.
Shen Zhinan in turn comforted his brother and sister, telling them that someone had already helped him, and if there were no accidents, he would marry that alpha.
The matter between him and His Majesty the Emperor had not been made public yet, and Shen Zhi Nan did not dare speak of it lightly. Even if spoken, it would be difficult to explain clearly over the phone.
During the video call, the other party could see the luxurious surroundings Shen Zhinan was in. The extremely luxurious room is even more splendid than the Shen family's residence before they went bankrupt. His brother and sister didn't need to worry about Shen Zhinan's situation for the time being, but they were also full of curiosity and vigilance about the "alpha" mentioned by Shen Zhinan.
Torn by the longing for their family, and worried whether Shen Zhinan might be deceived in body and heart by a strange alpha, the elder brother and sister bought the fastest boat tickets back to the imperial capital overnight. But interstellar travel was a long way, and it would take half a month at the earliest for them to come back.
In the past few years, his brother and sister had been working hard in a distant star to earn money to pay off their debts. Although he was responsible for taking care of his sick father in the imperial capital, the pressure was actually much less compared to what his siblings endured in the distant galaxy.
Shen Zhinan looked up at the towering Imperial City Shopping Center. He had never stepped foot here since his family went bankrupt.
Countless luxurious aircraft lined up at the entrance of the Imperial City Shopping Center. Beautiful omegas were usually accompanied by handsome Alphas. Many rich and powerful Alphas were proud of their wives spending money, and they also enjoyed accompanying their omegas shopping during the holidays.
Shifting his gaze away from the many loving couples, Shen Zhi Nan walked into the shopping center with Zhi Zhi and Wen Wen.
He first headed to the watch area. His brother and sister used to like collecting watches. But later they had to sell all the watches they had collected when the family faced difficulties.
Shen Zhinan did not expect to find the collections that his brother and sister had sold before. However, if he could buy quality watches for them, he believed they would be delighted.
"Lord Nan, do I need to clear the place for you?" Shen Zhinan was frightened by Zhi Zhi's words just after entering the watch store.
"No, no, no, I'll just buy two watches. Don't disturb other customers." Shen Zhinan knew that many shops might clear space for distinguished customers. But this was the premier shopping mall in the imperial capital. Who were the visitors here, if not the capital's elites?
Shen Zhinan wasn't questioning Zhi Zhi and Wen Wen's capability. He just felt that buying a watch was enough and there was no need to kick others out.
It was just strange that he had been inside for a while now and hadn't seen any waitstaff in the store.
But he didn't care; he was happy without any staff.
Lowering his head and looking intently at the watches on the counter, Shen Zhinan continued moving inside. Suddenly, he heard someone shouting in front of him.
"What's going on? Who let him in? Wasn't the place supposed to be cleared?!" The sharp voice had a hint of familiarity.
When Shen Zhinan raised his head, he met the other person's eyes. The latter was stunned for a moment, and then sneered: "Who did I think it was? It turned out to be Shen Zhinan. I heard you got involved with another Alpha and were driven out of the general's mansion by the sealing general. Which wealthy Alpha have you taken up with now? Why are you alone? I haven't seen your Alpha."
Surrounded by all the shop assistants like stars holding the moon, the young man sat on the velvet seat with his legs crossed, sizing up Shen Zhinan with a look full of mockery.
"Feng Luhua?" Shen Zhinan's eyes showed a bit of disgust.
The Feng family and the Shen family had business dealings in the past. Shen Zhinan's father helped the Feng family, and the parents of the two families once called each other brothers. After the Shen family went bankrupt, not only did the Feng family fail to offer assistance, but they also kicked the Shen family while they were down, scheming to carve up the Shen family's estate. They played the role of the ungrateful wretch to the hilt.
Shen Zhinan and Feng Luhua never got along well since they were young, yet coincidentally, both were famous omegas in the capital city. However, when it comes to reputation, Shen Zhinan was definitely more renowned, and there was no other reason than the fact that Shen Zhinan was far more beautiful than Feng Luhua.
Ever since he was young, he has been overshadowed by Shen Zhinan. It was tough waiting for the Shen family to go bankrupt, but once Shen Zhinan was expelled from the general's residence due to Feng Nian's actions, Feng Luhua finally had the proud demeanor and capital to show off in front of Shen Zhinan.
He was like a proud peacock, looking down at Shen Zhinan. But he soon noticed that Shen Zhinan's clothes were of great value, and he even had two maids with him.
"It's really unlucky to meet you." Shen Zhinan hated the Feng family so much that he didn't want to buy anything anymore, so he turned to leave.
Feng Luhua, rarely encountering Shen Zhinan, couldn't let Shen Zhinan leave so easily.
He quickly stood up and shouted at Shen Zhinan's back: "What's wrong, Shen Zhinan? Are you going to run away like a rat with its tail tucked?"
Zhi Zhi turned around suddenly, and her cold eyes were like knives, immediately silencing Feng Luhua.
Despite being just a beta, why did getting one look from her feel like being bitten by a venomous snake? Feng Luhua shivered and overcame the long-standing jealousy he held for Shen Zhinan, suppressing the fear in his heart. Suddenly, he saw an alpha walking in from the outside. His eyes lit up, and he instantly felt emboldened: 'Brother, look who this is, it's Shen Zhinan!"
Feng Luhua's brother, Feng Menglong, a notorious playboy alpha, had a bad reputation regarding the scumbag alpha Yu Xi, and the tales of his reprehensible deeds could be told incessantly for days and nights on end.
Feng Luhua's original intention was to let his Alpha brother deal with his grievances. Unfortunately, when his perverted brother saw Shen Zhinan, the person's eyes widened in eagerness, like a dog wagging its tail as it instantly rushed forward to greet.
"Xiao Nan? I heard that you had left the General's Mansion. I sent people to look for you, but unfortunately I never found you. How are you doing lately? You are really... getting more and more beautiful and charming. "Feng Menglong blocked Shen Zhinan's way of leaving.
Feng Luhua was so angry that he shouted: "Brother! Help me teach him a lesson!"
Feng Menglong glanced at his omega brother in disgust: "Shut up! Don't make any noise!"
When he turned back to face Shen Zhinan, he showed another flattering smile: "Xiao Nan, don't bother with him. Is he bullying you? I will teach him a lesson when we get back."
"Excuse me, please make way. I need to leave now." Shen Zhinan was not in the mood to deal with these two brothers.
Feng Menglong had no intention of giving way. He reached out his hand to grab Shen Zhinan: "It's rare to see you. How about having a meal at my place?"
"Shen Zhinan?" The sudden voice did not frighten Shen Zhinan, but caught Feng Menglong off guard.
He almost immediately retracted his hand that was reaching out towards Shen Zhinan, then turned his head to look at the newcomer, smiled awkwardly, and tried to stand aside: "General Feng?"