ဗဟိုကြယ်စုရှိ မာရှယ်၏စံအိမ်တွင် အသက်ကြီးကြီး အိမ်တော်ထိန်းကြီးက အိမ်ကြီးထဲသို့ အပြေးအလွှားဝင်လာခဲ့သည်။
"သခင်ကြီး၊ မဒမ် !"
ရေမွန်၏မိခင် ဒိုရစ်သည် သူ့ယောက်ျားကို လက်ဖက်ရည်တိုက်နေချိန် အိမ်တော်ထိန်း၏ စိတ်လှုပ်ရှားနေသည့်ပုံစံကို မြင်သောအခါ ဝမ်းနည်းနေသည့် မျက်နှာတွင် မျှော်လင့်ချက်တစ်စွန်းတစ်စ ပေါ်လာသည်။ "ဆိုင်ရယ် ကို ခေါ်လာပြီလား"
အိမ်တော်ထိန်း က ခဏတာဆိုင်းငံ့နေပြီး တိုးတိုးလေးပြောလိုက်၏။ "လူတစ်ယောက်ကအခုလေးတင် လာပြောသွားပါတယ်။ မစ္စစ် ဆိုင်ရယ် က ဗဟိုကြယ်စု ကို လာချင်တဲ့ပုံမပေါ်ဘူး” ဟု ပြောလိုက်သည်။
ဒိုရစ်က မျက်မှောင်ကြုတ်လို်က်ပြီး "ဘာကိုဆိုလိုတာလဲ"
" မစ္စစ် ဆိုင်ရယ်က ကျွန်တော်တို့က သူ့ကို မတန်မရာလို့ တွေးပြီး သူ့ကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။ အခု ရေမွန် မရှိတော့တဲ့အတွက် မာရှယ်အိမ်ကြီးကို လာချင်တဲ့ဆန္ဒမရှိပါဘူးတဲ့။ သူမက ဥဥပြီး သူမဘာသာ သားငယ်လေးကို ပြုစုစောင့်ရှောက်ချင်ပါတယ်တဲ့။"
"အဓိပ္ပါယ်မရှိလိုက်တာ၊ ဘယ်တုန်းက ငါတို့ သူ့ကို မုန်းခဲ့လို့လဲ။ အင်တာနက်မှာ ရေမွန် နဲ့ သူမရဲ့ဆက်ဆံရေးကို ပြတဲ့ ဗီဒီယိုတွေ သူမ မတင်ခဲ့ရင် သူမရှိနေမှန်းတောင် ငါတို့ မသိခဲ့ဘူးလေ။" ဒိုရစ် အနည်းငယ်စိတ်ဆိုးသွားရသည်။
ရိန်း က မျက်မှောင်ကြုတ်ကာ "ဆိုင်ရယ် က ဘာတွေထပ်ပြောသေးလဲ" ဟုသာ မေးလိုက်တော့သည်။
အိမ်တော်ထိန်းကြီးက "မပြောလိုက်ပါဘူး၊ သူမက ကျွန်တော်တို့လူတွေနဲ့ ဗဟိုကြယ်စုကို မလိုက်ချင်ဘဲ အပြာရောင်ဂြိုလ်မှာပဲ နေချင်တယ်လို့ ပြောပြီး သူမကို ဖိအားမပေးဖို့ ပြောပါတယ်" ဟု ပြန်ဖြေလိုက်၏။
"သူ့(မ)ကို 'ဘာလုပ်နေလို့လဲ'?"
ဒိုရစ် က ပို၍စိတ်ဆိုးသွားပြီး ပြောလိုက်တော့သည်။ "ငါအစကတော့ သူမက ကောင်းတဲ့သူဆိုရင် စိတ်အေးလက်အေးနဲ့ ဥလေးကို မွေးခိုင်းပြီး မာရှယ်အိမ်ကြီးမှာပဲ နေချင်ရင် တရားဝင်အထောက်အထားတစ်ခု ပေးမယ်လို့ တွေးခဲ့တာ။ သူမက နောက်ထပ် orc တစ်ယောက်ကို ရှာချင်ရင်လည်း သူမကို ခန်းဝင်ပစ္စည်း ပေးမယ်။ ဒါပေမယ့် သူမ အခု ပြောနေတဲ့ပုံစံက ကျွန်မတို့က ဓားပြတွေလိုပဲ"
ထိုအချိန်တွင် စက်ရုပ်တစ်ရုပ်က လျှောထွက်လာပြီး သူ့ခေါင်းပေါ်ရှိ အလင်းမျက်နှာပြင်ကို လေထဲသို့ ဖြန့်ထုတ်လိုက်သည်။
ထိုအလင်းမျက်နှာပြင်ရှိ သုံးဖက်မြင်ပုံရိပ်က မာရှယ်စံအိမ်၏ တံခါးဝကို ပြသနေ၏။
မာရှယ်စံအိမ်၏တံခါးဝတွင် Orc သုံးယောက် ရပ်နေကြသည်။ မှုတ်ဆိတ်မွှေးနှင့်ဆံပင်များ ဖြူနေသည့် အသက်ကြီးကြီး orc တစ်ယောက် ၊ သက်လတ်ပိုင်းအရွယ် orc ယောက်နှင့် ငယ်ရွယ်သည့် orc တစ်ယောက်တို့ ဖြစ်နေသည်။
သူတို့က ရေမွန်၏ အဘိုးဖြစ်သူ ၊ ဒုတိယဦးလေးနှင့် ဝမ်းကွဲညီအစ်ကို များ ဖြစ်သည်။
ဒိုရစ် က စဉ်းစားလိုက်ရင်း "သူတို့ ဘာလို့ဒီကိုရောက်နေရတာလဲ"
ဘိုးဘေးက အသက်နှစ်ရာကျော်ပြီဖြစ်ပြီး အသက်အရမ်းကြီးနေပြီဖြစ်၍ လိုင်းရင်းဂြိုလ်မှာပဲ အေးဆေးနေထိုင်နေတာ ဖြစ်သည်။
လိုင်းရင်း ဂြိုလ်သည် ဝေးလံသောဂြိုလ်တစ်ခုဖြစ်သော်လည်း ထိုနေရာမှာရှိသည့် အသီးအရွက်ပင်များ၏ ဧရိယာက ၃၀% အထက်ရှိပြီး ပတ်ဝန်းကျင် အရမ်းကောင်းသည့်အတွက် အသက်ကြီးသူများ အနားယူဖို့ အရမ်းသင့်တော်လေသည်။
အသက်ကြီးသည့် orc တော်တော်များများက ထိုနေရာမှာပဲ သူတို့ဘဝ၏ နောက်ဆုံးအချိန်များကို ဖြတ်သန်းဖို့ ရွေးချယ်ကြသည်။
လိုင်းရင်း ဂြိုလ်၏ပတ်ဝန်းကျင်က အလွန်ကောင်းသော်လည်း ဗဟိုကြယ်စုနှင့် ဝေးလွန်းလှသည့်အတွက် အာကာသယာဉ်နှင့် သွားလျှင်တောင် တစ်ရက်လုံးခန့် ကြာနိုင်၏။
ဒိုရစ်က တွေးလိုက်မိသည်။ "ဘိုးဘေးက ရေမွန့် အကြောင်းကို သိသွားပြီး တစ်ညလုံး ဒီကိုလာခဲ့တာများလား"
ရိန်းကတော့ မကောင်းမြင်စိတ်ဖြင့် "ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်ဘူး" ဟုသာ ပြောလိုက်တော့၏။
ရိန်းသည်လည်း ငယ်ရွယ်ချိန်တုန်းက အရမ်းတော်သည့်သူတစ်ယောက်ဖြစ်ပြီး အင်ပါယာတစ်ခုလုံးရှိ ထိပ်ဆုံးဆယ်ယောက်ထဲတွင် ပါဝင်ခဲ့ပြီး မျိုးနွယ်စုထဲပင်တောင် သူ့လိုလူမရှိဘူး။
သေချာတာပေါ့၊ ရိန်း က မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာခဲ့သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်က ရိန်း၏ စွမ်းအားများ ပျောက်ကွယ်သွားပြီး အသုံးမဝင်တော့သည့်အခါ ဘိုးဘေးက ရေမွန်၏ ဒုတိယဦးလေးကို မျိုးနွယ်စုခေါင်းဆောင် အဖြစ် ထောက်ခံလိုခဲ့သည်။
ထိုစဉ်က ရေမွန်၏ ဒုတိယဦးလေးသည် အဆင့်ခုနစ်၏ အစောပိုင်းအဆင့်တွင် ရှိနေပြီး ရေမွန်ကမူ အဆင့်ခုနစ်၏ အစောပိုင်းအဆင့်မှာပင် ရှိနေသေးသည်။
ရိန်းကတော့ သူ၏သား ရေမွန်သည် ငယ်စဉ်ကတည်းက အံ့ဖွယ်အရည်အချင်းရှိပြီး ငယ်ရွယ်သောအရွယ်တွင် အလားအလာကောင်းများ ရှိနေကာ အနာဂတ်၌ အကန့်အသတ်မဲ့ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော် ဘိုးဘေးကတော့ ရေမွန်သည် အသက်ငယ်ရွယ်ပြီး အတွေ့အကြုံ မလုံလောက်သေးဟု ယူဆကာ ရေမွန်၏ ဒုတိယဦးလေးကိုသာ မိသားစုခေါင်းဆောင် ဖြစ်စေလိုခဲ့သည်။
နှစ်ဖက်လုံးက အငြင်းပွားခဲ့ကြပြီး ရေမွန်သည် နောက်ဆုံး၌ သူ၏ ဒုတိယဦးလေးနှင့် ရန်ဖြစ်ခဲ့သည်။
ရေမွန်၏ ဒုတိယဦးလေးသည် အသက်တစ်ရာကျော်ပြီ ဖြစ်သော်လည်း အဆင့်ခုနစ်ကို ရောက်ရှိတာ အနှစ် ၃၀ ကျော်ပြီ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ဘဝကို ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းလာခဲ့သည်။
တစ်နေ့လုံး သူ၏စွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ တိုးတက်အောင် ကြိုးစားနေသော ရေမွန်ကို မည်သို့ယှဉ်နိုင်မည်နည်း။
သူတို့နှစ်ဦးစလုံးသည် အဆင့်ခုနစ် orc များ ဖြစ်သော်လည်း ရေမွန်၏ ဒုတိယဦးလေးသည် ရေမွန်ကို ရှုံးလုနီးပါး ဖြစ်ခဲ့သည်။
နောက်ဆုံးတွင် ရေမွန်၏ ဒုတိယဦးလေးသည် ရိုက်နှက်ခံလိုက်ရပြီး သူသည် ရေမွန်ကို မနိုင်သည့်အပြင် ရေမွန်က လှည့်စားအနိုင်ယူခဲ့သည်ဟု ပြောဆိုခဲ့သည်။
ငယ်ရွယ်ပြီး ခွန်အားထက်သန်သော ရေမွန်သည် ထိုသို့စွပ်စွဲ ပြောဆိုခံရသဖြင့် အလွန်ဒေါသထွက်ကာ ထိုနေရာတွင်ပင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်။
ရေမွန်၏ ဒုတိယဦးလေးသည် ထပ်မံရိုက်နှက်ခံရမည်ကို မလိုလားတော့သဖြင့် ဘိုးဘေးအိုကြီးထံ ဒေါသတကြီး တိုင်တန်း ပြောဆိုခဲ့သည်။
နောက်ပိုင်းတွင် သူတို့သည် တစ်ခါတစ်ရံ သတင်းတုများ ဖန်တီးကာ ရေမွန်ကို စွပ်စွဲပြောဆိုရန် ကောလာဟလများ ဖြန့်ခဲ့ကြသည်။
သို့သော် ရေမွန်၏ တိုးတက်မှုနှုန်းသည် မြှားတစ်စင်းပမာ မြန်ဆန်လွန်းပြီး ဆယ်နှစ်ကျော်အတွင်းမှာပင် အဆင့်ရှစ်ကို ရောက်ရှိသွားခဲ့သည်။
အဆင့်ရှစ်နှင့် အဆင့်ခုနစ်ကြားတွင် အဆင့်တစ်ဆင့်သာ ကွာဟသော်လည်း ထိုအဆင့်ကြားမှ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။
အဆင့်ကွာခြားမှု၏ ဖိအားသည် အလွန်ကြီးမားပြီး အဆင့်နိမ့်သော Orc များအတွက် မလှုပ်ရှာနိုင်အောင် ဖိအားပေးခံရနိုင်သည်။
သို့သော် ရေမွန်၏ ဒုတိယဦးလေးကတော့ အဆင့်ခုနစ်၏ အစောပိုင်းအဆင့်တွင်သာ ရှိနေဆဲ ဖြစ်ပြီး မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။
ရေမွန်ကို စွပ်စွဲပြောဆိုပြီး လှည့်စားခဲ့သော ကောလာဟလများကို မည်သူမျှ မယုံကြည်တော့သဖြင့် ရေမွန်၏ ဒုတိယဦးလေးနှင့် ကျန်သူများသည်လည်း တဖြည်းဖြည်း လက်လျှော့သွားခဲ့ကြသည်။
ယခုတွင် ရေမွန်၏ ဝမ်းနည်းဖွယ်ကောင်းသော ကျဆုံးမှုသတင်း ထွက်ပေါ်လာပြီး တစ်ရက်အကြာတွင် ရေမွန်၏ ဒုတိယဦးလေးသည် ဘိုးဘေးအိုကြီးကို အိမ်ပေါက်ဝသို့ တွန်းပို့ကာ ရောက်ရှိလာခဲ့သည်။
ဒိုရစ်၏ မျက်နှာသည် ညှိုးငယ်နေပြီး "မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ရန်ကိစ္စ ဖြစ်လာပြီ" ဟု ပြောဆိုလိုက်သည်။
"မဖြစ်နိုင်ဘူး" ဟု ရိန်းက ပြောလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်အသစ် ရွေးချယ်ဖို့ဆိုရင် ဒီကို သုံးယောက်တည်း မလာသင့်ဘူး။
မျိုးနွယ်စုတစ်ခုအတွက် ခေါင်းဆောင်အသစ် ရွေးချယ်တာက အရေးကြီးတဲ့ကိစ္စဖြစ်ပြီး မျိုးနွယ်တစ်ခုလုံးရှေ့မှာ ပြုလုပ်ရမှာဖြစ်ပြီး အားလုံးကလည်း မျက်မြင်သက်သေ ရှိရမည်။
ရိန်း က သွားတွေကို ကြိတ်ပြီး "ငါ့ရဲ့ ဘီးတပ်ကုလားထိုင်ကို ယူခဲ့" လို့ ပြောလိုက်တယ်။
အိမ်တော်ထိန်းက ဟုတ်လို့ ဖြေပြီးတာနဲ့ ရိန်း ရဲ့ ဘီးတပ်ကုလားထိုင်ကို အလျင်အမြန် ရွှေ့ပေးလိုက်တယ်။
ရိန်း က မြွေဆိုးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဘီးတပ်ကုလားထိုင်ပေါ်ကို တွားတက်သွားပြီး လူပုံစံကို ပြန်ပြောင်းလိုက်သည်။
ရိန်း ကတော့ သတ္တဝါပုံစံနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေမယ့် စကားမပြောနိုင်တဲ့အတွက် သူအပြင်ကို လူပုံစံနဲ့ ဘီးတပ်ကုလားထိုင်ပေါ်ကနေပဲ ထွက်လာသည်။
ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ ဝမ်းကွဲညီအစ်ကို ဖြစ်သူတို့က ဘိုးဘေးကို တစ်ဖက်တစ်ချက်စီ တွဲပြီး စက်ရုပ်ရဲ့ လမ်းပြမှုအောက်မှာ ဧည့်ခန်းထဲကို ဝင်လာကြသည်။
ဘိုးဘေးက အဓိကထိုင်ခုံမှာ ထိုင်ပြီး ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်သူတို့က ဘိုးဘေးရဲ့ ဘယ်ညာလက်နှစ်ဖက်က ဧည့်သည်ထိုင်ခုံတွေမှာ ထိုင်လိုက်ကြသည်။
ပူပူနွေးနွေး လက်ဖက်ရည်အိုးတစ်အိုး လာချပေးပြီးတဲ့နောက် စက်ရုပ်က အချိန်မရွေး အမှုထမ်းဖို့အတွက် အခန်းထောင့်တစ်နေရာမှာ တိတ်တိတ်လေး ရပ်နေသည်။
အိမ်တော်ထိန်းက ရိန်း ကို တွန်းပြီး ဒိုရစ်နဲ့ အတူထွက်လာသည်။
"ဘိုးဘေး ရောက်လာတာပဲ၊ ခရီးဝေးကနေတောင် လာခဲ့ရတယ်" လို့ ရိန်း က ဘီးတပ်ကုလားထိုင်ပေါ်ကနေ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မပါဘဲ ပြောလိုက်သည်။
ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ တခြားသူတွေက ရေမွန် ကို နေရာတိုင်းမှာ စွပ်စွဲပြောဆိုနေတဲ့အချိန်တုန်းက ဘိုးဘေးက ရေမွန် အတွက် တရားမျှတမှုကို ဘယ်တုန်းကမှ မပြောဆိုခဲ့ဘူးပေ။
ဒါကြောင့် ရိန်း ဟာ မျိုးနွယ်စုထဲမှာ သြဇာအာဏာကြီးမားတဲ့ ဒီဘိုးဘေးကို သိပ်ပြီး လေးစားမှုမရှိသလို ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ သားဖြစ်သူကိုလည်း မျက်စိထဲတွင်ပင် ထည့်မထားပေ။
ဘိုးဘေးရဲ့ မျက်လုံးထဲမှာ မကျေနပ်တဲ့ အရိပ်အယောင်တစ်ချက် ပေါ်လာပေမယ့် ဘာမှမပြောဘဲ သူ့ရဲ့ လက်ဖက်ရည်ခွက်ထဲကနေ တစ်ငုံသောက်လိုက်သည်။
ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်သူတို့က ဘီးတပ်ကုလားထိုင်ပေါ်မှာ လမ်းလျှောက်လို့မရတဲ့ ရိန်းရဲ့ ခြေထောက်တွေကို ကြည့်ပြီး သူတို့ရဲ့ မျက်လုံးထဲမှာ အောင်ပွဲခံတဲ့ အရိပ်အယောင်ကို မဖုံးကွယ်နိုင်ကြဘူး။
ရိန်း က သူတို့ကို လုံးဝမကြည့်ဘဲ "ဒီနေ့ ဘိုးဘေး ဒီကို ကြွလာတာ ဘာကိစ္စရှိလို့လဲ" လို့ မေးလိုက်သည်။
ဘိုးဘေးက မျက်ခွံတွေကို မ မြှင့်ဘဲ "ငါ ဘာကိစ္စနဲ့ ဒီကိုလာမယ်လို့ ထင်လဲ" လို့ ပြောလိုက်သည်။
ရုတ်တရက် "ဒုန်း" ဆိုတဲ့ အသံနဲ့အတူ ဘိုးဘေးက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။
"ရိန်း၊ မင်းနဲ့ ဒိုရစ် တို့က ငါတို့ မြွေနက်မျိုးနွယ်ရဲ့ သိက္ခာကို ဖျက်ဆီးပစ်လိုက်ကြပြီ"
"ဘိုးဘေး ဘာကိုပြောတာလဲ" လို့ ဒိုရစ် က "ရိန်း နဲ့ ကျွန်မ ဘာတွေလုပ်လို့ မြွေနက်မျိုးနွယ်ရဲ့ သိက္ခာကို ဖျက်ဆီးရမှာလဲ" လို့ ပြောလိုက်သည်။
ဘိုးဘေးက မာရှယ် ရဲ့ စံအိမ် ကို ရောက်လာတော့ ရေမွန် အကြောင်း တစ်ခွန်းမှ မပြောဘဲ စစချင်းမှာပဲ လင်မယားနှစ်ယောက်ကို စွပ်စွဲပြောဆိုပြီး အပြစ်တင်တဲ့အတွက် ဒိုရစ် ရဲ့ စကားလုံးကလည်း ကောင်းနိုင်မှာ မဟုတ်ပေ။
ရေမွန် ရဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်သူ ကားလ်က မနေနိုင်ဘဲ "အဒေါ် ဒိုရစ်၊ ဦးလေး ရိန်း၊ နှစ်ယောက်လုံး နည်းနည်းတော့ လွန်သွားပြီ။ ကြယ်တာရာကွန်ယက်ပေါ်မှာ ဘယ်လို ဆဲဆိုမှုတွေ ရှိနေလဲ။ ဒီတော့ ဘိုးဘေး ဒေါသထွက်တာ အံ့သြစရာ မဟုတ်ပါဘူး" လို့ ပြောလိုက်သည်။
ရိန်း က မျက်မှောင်ကြုတ်ပြီး "ငါတို့ ဘာလုပ်လိုက်လို့လဲ" လို့ မေးလိုက်သည်။
ကားလ် က အံ့သြတဲ့ပုံစံ ဟန်ဆောင်ပြီး "ဦးလေး ခုနစ်၊ မသိဘူးလား" လို့ ပြောလိုက်သည်။
သူက လက်ကောက်ဝတ်ထားတဲ့ သူ့ရဲ့ စမတ်နာရီကို နှိပ်လိုက်တော့ သုံးဖက်မြင် ရုပ်သံတစ်ခုက လေထဲမှာ ပေါ်လာသည်။