no

Font
Theme

ဗဟိုကြယ်စုရှိ မာရှယ်၏စံအိမ်တွင် အသက်ကြီးကြီး အိမ်တော်ထိန်းကြီးက အိမ်ကြီးထဲသို့ အပြေးအလွှားဝင်လာခဲ့သည်။

"သခင်ကြီး၊ မဒမ် !"

ရေမွန်၏မိခင် ဒိုရစ်သည် သူ့ယောက်ျားကို လက်ဖက်ရည်တိုက်နေချိန် အိမ်တော်ထိန်း၏ စိတ်လှုပ်ရှားနေသည့်ပုံစံကို မြင်‌သောအခါ ဝမ်းနည်း‌နေသည့် မျက်နှာတွင် မျှော်လင့်ချက်တစ်စွန်းတစ်စ ပေါ်လာသည်။ "ဆိုင်ရယ် ကို ခေါ်လာပြီလား"

အိမ်တော်ထိန်း က ခဏတာဆိုင်းငံ့နေပြီး တိုးတိုးလေးပြောလိုက်၏။ "လူတစ်ယောက်ကအခုလေးတင် လာပြောသွားပါတယ်။  မစ္စစ် ဆိုင်ရယ် က ဗဟိုကြယ်စု ကို လာချင်တဲ့ပုံမပေါ်ဘူး” ဟု ပြောလိုက်သည်။


ဒိုရစ်က မျက်မှောင်ကြုတ်လို်က်ပြီး "ဘာကိုဆိုလိုတာလဲ"

" မစ္စစ် ဆိုင်ရယ်က ကျွန်တော်တို့က သူ့ကို မတန်မရာလို့ တွေးပြီး သူ့ကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။ အခု ရေမွန် မရှိတော့တဲ့အတွက် မာရှယ်အိမ်ကြီးကို လာချင်တဲ့ဆန္ဒမရှိပါဘူးတဲ့။ သူမက ဥဥပြီး သူမဘာသာ သားငယ်လေးကို ပြုစုစောင့်ရှောက်ချင်ပါတယ်တဲ့။"

"အဓိပ္ပါယ်မရှိလိုက်တာ၊ ဘယ်တုန်းက ငါတို့ သူ့ကို မုန်းခဲ့လို့လဲ။ အင်တာနက်မှာ ရေမွန် နဲ့ သူမရဲ့ဆက်ဆံရေးကို ပြတဲ့ ဗီဒီယိုတွေ သူမ မတင်ခဲ့ရင် သူမရှိနေမှန်းတောင် ငါတို့ မသိခဲ့ဘူးလေ။" ဒိုရစ် အနည်းငယ်စိတ်ဆိုးသွားရသည်။

ရိန်း က မျက်မှောင်ကြုတ်ကာ "ဆိုင်ရယ် က ဘာတွေထပ်ပြောသေးလဲ"  ဟုသာ မေးလိုက်တော့သည်။

အိမ်‌တော်ထိန်းကြီးက "မပြောလိုက်ပါဘူး၊ သူမက ကျွန်‌တော်တို့လူတွေနဲ့ ဗဟိုကြယ်စုကို မလိုက်ချင်ဘဲ အပြာရောင်ဂြိုလ်မှာပဲ နေချင်တယ်လို့ ပြောပြီး သူမကို ဖိအားမပေးဖို့ ပြောပါတယ်" ဟု ပြန်ဖြေလိုက်၏။

"သူ့(မ)ကို 'ဘာလုပ်နေလို့လဲ'?"


ဒိုရစ် က ပို၍စိတ်ဆိုးသွားပြီး ပြောလိုက်တော့သည်။ "ငါအစကတော့ သူမက ကောင်းတဲ့သူဆိုရင် စိတ်အေးလက်အေးနဲ့ ဥလေးကို မွေးခိုင်းပြီး မာရှယ်အိမ်ကြီးမှာပဲ နေချင်ရင် တရားဝင်အထောက်အထားတစ်ခု ပေးမယ်လို့ တွေးခဲ့တာ။ သူမက နောက်ထပ် orc တစ်ယောက်ကို ရှာချင်ရင်လည်း သူမကို ခန်းဝင်ပစ္စည်း ပေးမယ်။ ဒါပေမယ့် သူမ အခု ပြောနေတဲ့ပုံစံက ကျွန်မတို့က ဓားပြတွေလိုပဲ"

 

ထိုအချိန်တွင် စက်ရုပ်တစ်ရုပ်က လျှောထွက်လာပြီး သူ့ခေါင်းပေါ်ရှိ အလင်းမျက်နှာပြင်ကို လေထဲသို့  ဖြန့်ထုတ်လိုက်သည်။

ထိုအလင်းမျက်နှာပြင်ရှိ သုံးဖက်မြင်ပုံရိပ်က မာရှယ်စံအိမ်၏ တံခါးဝကို ပြသနေ၏။


မာရှယ်စံအိမ်၏တံခါးဝတွင် Orc သုံးယောက် ရပ်နေကြသည်။ မှုတ်ဆိတ်မွှေးနှင့်ဆံပင်များ ဖြူနေ‌သည့် အသက်ကြီးကြီး orc တစ်ယောက် ၊ သက်လတ်ပိုင်းအရွယ် orc ယောက်နှင့် ငယ်ရွယ်သည့် orc တစ်ယောက်တို့ ဖြစ်နေသည်။


သူတို့က ရေမွန်၏ အဘိုးဖြစ်သူ ၊ ဒုတိယဦးလေးနှင့် ဝမ်းကွဲညီအစ်ကို များ ဖြစ်သည်။

ဒိုရစ် က စဉ်းစားလိုက်ရင်း "သူတို့ ဘာလို့ဒီကိုရောက်နေရတာလဲ"  


ဘိုးဘေးက အသက်နှစ်ရာကျော်ပြီဖြစ်ပြီး အသက်အရမ်းကြီးနေပြီဖြစ်၍ လိုင်းရင်းဂြိုလ်မှာပဲ အေးဆေးနေထိုင်နေတာ ဖြစ်သည်။

လိုင်းရင်း ဂြိုလ်သည် ဝေးလံ‌သောဂြိုလ်တစ်ခုဖြစ်သော်လည်း ထိုနေရာမှာရှိသည့် အသီးအရွက်ပင်များ၏ ဧရိယာက ၃၀%  အထက်ရှိပြီး ပတ်ဝန်းကျင် အရမ်းကောင်းသည့်အတွက် အသက်ကြီးသူများ အနားယူဖို့ အရမ်းသင့်တော်‌လေသည်။


အသက်ကြီးသည့် orc တော်တော်များများက ထိုနေရာမှာပဲ သူတို့ဘဝ၏ နောက်ဆုံးအချိန်များကို ဖြတ်သန်းဖို့ ရွေးချယ်ကြသည်။

လိုင်းရင်း ဂြိုလ်၏ပတ်ဝန်းကျင်က အလွန်ကောင်းသော်လည်း ဗဟိုကြယ်စုနှင့် ဝေးလွန်းလှသည့်အတွက် အာကာသယာဉ်နှင့် သွားလျှင်တောင် တစ်ရက်လုံးခန့် ကြာနိုင်၏။


ဒိုရစ်က တွေးလိုက်မိသည်။ "ဘိုးဘေးက ရေမွန့် အကြောင်းကို သိသွားပြီး တစ်ညလုံး ဒီကိုလာခဲ့တာများလား"

ရိန်းကတော့ မကောင်းမြင်စိတ်ဖြင့် "ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်ဘူး" ဟုသာ ပြောလိုက်‌တော့၏။

ရိန်းသည်လည်း ငယ်ရွယ်ချိန်တုန်းက အရမ်းတော်သည့်သူတစ်‌ယောက်ဖြစ်ပြီး အင်ပါယာတစ်ခုလုံးရှိ ထိပ်ဆုံးဆယ်ယောက်ထဲတွင် ပါဝင်ခဲ့ပြီး မျိုးနွယ်စုထဲပင်တောင် သူ့လိုလူမရှိဘူး။


သေချာတာပေါ့၊ ရိန်း က မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာခဲ့သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က ရိန်း၏ စွမ်းအားများ ပျောက်ကွယ်သွားပြီး အသုံးမဝင်တော့သည့်အခါ ဘိုးဘေးက ရေမွန်၏ ဒုတိယဦးလေးကို မျိုးနွယ်စုခေါင်းဆောင် အဖြစ် ထောက်ခံလိုခဲ့သည်။


ထိုစဉ်က ရေမွန်၏ ဒုတိယဦးလေးသည် အဆင့်ခုနစ်၏ အစောပိုင်းအဆင့်တွင် ရှိနေပြီး ရေမွန်ကမူ အဆင့်ခုနစ်၏ အစောပိုင်းအဆင့်မှာပင် ရှိနေသေးသည်။

ရိန်းကတော့ သူ၏သား ရေမွန်သည် ငယ်စဉ်ကတည်းက အံ့ဖွယ်အရည်အချင်းရှိပြီး ငယ်ရွယ်သောအရွယ်တွင် အလားအလာကောင်းများ ရှိနေကာ အနာဂတ်၌ အကန့်အသတ်မဲ့ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။


သို့သော် ဘိုးဘေးကတော့ ရေမွန်သည် အသက်ငယ်ရွယ်ပြီး အတွေ့အကြုံ မလုံလောက်သေးဟု ယူဆကာ ရေမွန်၏ ဒုတိယဦးလေးကိုသာ မိသားစုခေါင်းဆောင် ဖြစ်စေလိုခဲ့သည်။


နှစ်ဖက်လုံးက အငြင်းပွားခဲ့ကြပြီး ရေမွန်သည် နောက်ဆုံး၌ သူ၏ ဒုတိယဦးလေးနှင့် ရန်ဖြစ်ခဲ့သည်။

ရေမွန်၏ ဒုတိယဦးလေးသည် အသက်တစ်ရာကျော်ပြီ ဖြစ်သော်လည်း အဆင့်ခုနစ်ကို ရောက်ရှိတာ အနှစ် ၃၀ ကျော်ပြီ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ဘဝကို ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းလာခဲ့သည်။


တစ်နေ့လုံး သူ၏စွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ တိုးတက်အောင် ကြိုးစားနေသော ရေမွန်ကို မည်သို့ယှဉ်နိုင်မည်နည်း။

သူတို့နှစ်ဦးစလုံးသည် အဆင့်ခုနစ် orc များ ဖြစ်သော်လည်း ရေမွန်၏ ဒုတိယဦးလေးသည် ရေမွန်ကို ရှုံးလုနီးပါး ဖြစ်ခဲ့သည်။


နောက်ဆုံးတွင် ရေမွန်၏ ဒုတိယဦးလေးသည် ရိုက်နှက်ခံလိုက်ရပြီး သူသည် ရေမွန်ကို မနိုင်သည့်အပြင် ရေမွန်က လှည့်စားအနိုင်ယူခဲ့သည်ဟု ပြောဆိုခဲ့သည်။

ငယ်ရွယ်ပြီး ခွန်အားထက်သန်သော ရေမွန်သည် ထိုသို့စွပ်စွဲ ပြောဆိုခံရသဖြင့် အလွန်ဒေါသထွက်ကာ ထိုနေရာတွင်ပင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်။


ရေမွန်၏ ဒုတိယဦးလေးသည် ထပ်မံရိုက်နှက်ခံရမည်ကို မလိုလားတော့သဖြင့် ဘိုးဘေးအိုကြီးထံ ဒေါသတကြီး တိုင်တန်း ပြောဆိုခဲ့သည်။

နောက်ပိုင်းတွင် သူတို့သည် တစ်ခါတစ်ရံ သတင်းတုများ ဖန်တီးကာ ရေမွန်ကို စွပ်စွဲပြောဆိုရန် ကောလာဟလများ ဖြန့်ခဲ့ကြသည်။

သို့သော် ရေမွန်၏ တိုးတက်မှုနှုန်းသည် မြှားတစ်စင်းပမာ မြန်ဆန်လွန်းပြီး ဆယ်နှစ်ကျော်အတွင်းမှာပင် အဆင့်ရှစ်ကို ရောက်ရှိသွားခဲ့သည်။


အဆင့်ရှစ်နှင့် အဆင့်ခုနစ်ကြားတွင် အဆင့်တစ်ဆင့်သာ ကွာဟသော်လည်း ထိုအဆင့်ကြားမှ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။

အဆင့်ကွာခြားမှု၏ ဖိအားသည် အလွန်ကြီးမားပြီး အဆင့်နိမ့်သော Orc များအတွက် မလှုပ်ရှာနိုင်အောင် ဖိအားပေးခံရနိုင်သည်။


သို့သော် ရေမွန်၏ ဒုတိယဦးလေးကတော့ အဆင့်ခုနစ်၏ အစောပိုင်းအဆင့်တွင်သာ ရှိနေဆဲ ဖြစ်ပြီး မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။

ရေမွန်ကို စွပ်စွဲပြောဆိုပြီး လှည့်စားခဲ့သော ကောလာဟလများကို မည်သူမျှ မယုံကြည်တော့သဖြင့် ရေမွန်၏ ဒုတိယဦးလေးနှင့် ကျန်သူများသည်လည်း တဖြည်းဖြည်း လက်လျှော့သွားခဲ့ကြသည်။


ယခုတွင် ရေမွန်၏ ဝမ်းနည်းဖွယ်ကောင်းသော ကျဆုံးမှုသတင်း ထွက်ပေါ်လာပြီး တစ်ရက်အကြာတွင် ရေမွန်၏ ဒုတိယဦးလေးသည် ဘိုးဘေးအိုကြီးကို အိမ်ပေါက်ဝသို့ တွန်းပို့ကာ ရောက်ရှိလာခဲ့သည်။

ဒိုရစ်၏ မျက်နှာသည် ညှိုးငယ်နေပြီး "မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ရန်ကိစ္စ ဖြစ်လာပြီ" ဟု ပြောဆိုလိုက်သည်။

"မဖြစ်နိုင်ဘူး" ဟု ရိန်းက ပြောလိုက်သည်။


မျိုးနွယ်စုခေါင်းဆောင်အသစ် ရွေးချယ်ဖို့ဆိုရင် ဒီကို သုံးယောက်တည်း မလာသင့်ဘူး။

မျိုးနွယ်စုတစ်ခုအတွက် ခေါင်းဆောင်အသစ် ရွေးချယ်တာက အရေးကြီးတဲ့ကိစ္စဖြစ်ပြီး မျိုးနွယ်တစ်ခုလုံးရှေ့မှာ ပြုလုပ်ရမှာဖြစ်ပြီး အားလုံးကလည်း မျက်မြင်သက်သေ ရှိရမည်။


ရိန်း က သွားတွေကို ကြိတ်ပြီး "ငါ့ရဲ့ ဘီးတပ်ကုလားထိုင်ကို ယူခဲ့" လို့ ပြောလိုက်တယ်။

အိမ်တော်ထိန်းက ဟုတ်လို့ ဖြေပြီးတာနဲ့ ရိန်း ရဲ့ ဘီးတပ်ကုလားထိုင်ကို အလျင်အမြန် ရွှေ့ပေးလိုက်တယ်။

ရိန်း က မြွေဆိုးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဘီးတပ်ကုလားထိုင်ပေါ်ကို တွားတက်သွားပြီး လူပုံစံကို ပြန်ပြောင်းလိုက်သည်။


ရိန်း ကတော့ သတ္တဝါပုံစံနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေမယ့် စကားမပြောနိုင်တဲ့အတွက် သူအပြင်ကို လူပုံစံနဲ့ ဘီးတပ်ကုလားထိုင်ပေါ်ကနေပဲ ထွက်လာသည်။


ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ ဝမ်းကွဲညီအစ်ကို ဖြစ်သူတို့က ဘိုးဘေးကို တစ်ဖက်တစ်ချက်စီ တွဲပြီး စက်ရုပ်ရဲ့ လမ်းပြမှုအောက်မှာ ဧည့်ခန်းထဲကို ဝင်လာကြသည်။


ဘိုးဘေးက အဓိကထိုင်ခုံမှာ ထိုင်ပြီး ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့  ဝမ်းကွဲညီအစ်ကိုဖြစ်သူတို့က ဘိုးဘေးရဲ့ ဘယ်ညာလက်နှစ်ဖက်က ဧည့်သည်ထိုင်ခုံတွေမှာ ထိုင်လိုက်ကြသည်။


ပူပူနွေးနွေး လက်ဖက်ရည်အိုးတစ်အိုး လာချပေးပြီးတဲ့နောက် စက်ရုပ်က အချိန်မရွေး အမှုထမ်းဖို့အတွက် အခန်းထောင့်တစ်နေရာမှာ တိတ်တိတ်လေး ရပ်နေသည်။


အိမ်တော်ထိန်းက ရိန်း ကို တွန်းပြီး ဒိုရစ်နဲ့ အတူထွက်လာသည်။

"ဘိုးဘေး ရောက်လာတာပဲ၊ ခရီးဝေးကနေတောင် လာခဲ့ရတယ်" လို့ ရိန်း က ဘီးတပ်ကုလားထိုင်ပေါ်ကနေ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မပါဘဲ ပြောလိုက်သည်။


ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ တခြားသူတွေက ရေမွန် ကို နေရာတိုင်းမှာ စွပ်စွဲပြောဆိုနေတဲ့အချိန်တုန်းက ဘိုးဘေးက ရေမွန် အတွက် တရားမျှတမှုကို ဘယ်တုန်းကမှ မပြောဆိုခဲ့ဘူးပေ။


ဒါကြောင့် ရိန်း ဟာ မျိုးနွယ်စုထဲမှာ သြဇာအာဏာကြီးမားတဲ့ ဒီဘိုးဘေးကို သိပ်ပြီး လေးစားမှုမရှိသလို ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ သားဖြစ်သူကိုလည်း မျက်စိထဲတွင်ပင် ထည့်မထားပေ။

ဘိုးဘေးရဲ့ မျက်လုံးထဲမှာ မကျေနပ်တဲ့ အရိပ်အယောင်တစ်ချက် ပေါ်လာပေမယ့် ဘာမှမပြောဘဲ သူ့ရဲ့ လက်ဖက်ရည်ခွက်ထဲကနေ တစ်ငုံသောက်လိုက်သည်။

ရေမွန် ရဲ့ ဒုတိယဦးလေးနဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်သူတို့က ဘီးတပ်ကုလားထိုင်ပေါ်မှာ လမ်းလျှောက်လို့မရတဲ့ ရိန်းရဲ့ ခြေထောက်တွေကို ကြည့်ပြီး သူတို့ရဲ့ မျက်လုံးထဲမှာ အောင်ပွဲခံတဲ့ အရိပ်အယောင်ကို မဖုံးကွယ်နိုင်ကြဘူး။


ရိန်း က သူတို့ကို လုံးဝမကြည့်ဘဲ "ဒီနေ့ ဘိုးဘေး ဒီကို ကြွလာတာ ဘာကိစ္စရှိလို့လဲ" လို့ မေးလိုက်သည်။

ဘိုးဘေးက မျက်ခွံတွေကို မ မြှင့်ဘဲ "ငါ ဘာကိစ္စနဲ့ ဒီကိုလာမယ်လို့ ထင်လဲ" လို့ ပြောလိုက်သည်။


ရုတ်တရက် "ဒုန်း" ဆိုတဲ့ အသံနဲ့အတူ ဘိုးဘေးက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။

"ရိန်း၊ မင်းနဲ့ ဒိုရစ် တို့က ငါတို့ မြွေနက်မျိုးနွယ်ရဲ့ သိက္ခာကို ဖျက်ဆီးပစ်လိုက်ကြပြီ"


"ဘိုးဘေး ဘာကိုပြောတာလဲ" လို့ ဒိုရစ် က "ရိန်း နဲ့ ကျွန်မ ဘာတွေလုပ်လို့ မြွေနက်မျိုးနွယ်ရဲ့ သိက္ခာကို ဖျက်ဆီးရမှာလဲ" လို့ ပြောလိုက်သည်။

 

ဘိုးဘေးက မာရှယ် ရဲ့ စံအိမ် ကို ရောက်လာတော့ ရေမွန် အကြောင်း တစ်ခွန်းမှ မပြောဘဲ စစချင်းမှာပဲ လင်မယားနှစ်ယောက်ကို စွပ်စွဲပြောဆိုပြီး အပြစ်တင်တဲ့အတွက် ဒိုရစ် ရဲ့ စကားလုံးကလည်း ကောင်းနိုင်မှာ မဟုတ်ပေ။


ရေမွန် ရဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်သူ ကားလ်က မနေနိုင်ဘဲ "အဒေါ် ဒိုရစ်၊ ဦးလေး ရိန်း၊ နှစ်ယောက်လုံး နည်းနည်းတော့ လွန်သွားပြီ။ ကြယ်တာရာကွန်ယက်ပေါ်မှာ ဘယ်လို ဆဲဆိုမှုတွေ ရှိနေလဲ။ ဒီတော့ ဘိုးဘေး ဒေါသထွက်တာ အံ့သြစရာ မဟုတ်ပါဘူး" လို့ ပြောလိုက်သည်။


ရိန်း က မျက်မှောင်ကြုတ်ပြီး "ငါတို့ ဘာလုပ်လိုက်လို့လဲ" လို့ မေးလိုက်သည်။

ကားလ် က အံ့သြတဲ့ပုံစံ ဟန်ဆောင်ပြီး "ဦးလေး ခုနစ်၊ မသိဘူးလား" လို့ ပြောလိုက်သည်။

သူက လက်ကောက်ဝတ်ထားတဲ့ သူ့ရဲ့ စမတ်နာရီကို နှိပ်လိုက်တော့ သုံးဖက်မြင် ရုပ်သံတစ်ခုက လေထဲမှာ ပေါ်လာသည်။


Chapter 12

ဗီဒီယိုထဲတွင် ဆိုင်ရယ်၏ လှပသည့်မျက်နှာလေး ပေါ်လာသော်လည်း ယခုတစ်ခါမှာတော့ ဆိုင်ရယ် ရဲ့ မျက်နှာလေးဟာ "အာဏာရှင်ကြီးတို့ရဲ့ ဖိနှိပ်မှုအောက်မှ ပုန်ကန်ရုန်းထွက်နေရသည့်" ခံနိုင်ရည်ရှိပြီး ယုံကြည်မှုရှိတဲ့ အမူအရာတွေနဲ့ ပြည့်နှက်နေသည်။

"အစကတည်းက ရိန်း လင်မယားက ကျွန်မရဲ့ နိမ့်ကျတဲ့ မျိုးရိုးကို မကြိုက်ကြပါဘူး။ အပြာရောင်ဂြိုလ်ဆီ ကိုလဲ နှင်ထုတ်ခဲ့ကြတယ်။ အခု ရေမွန် မရှိတော့သည့်အခါ ကျွန်မရဲ့ ကလေးကို လာလုနေကြပြီ။ သူတို့က ကလေးကိုသာ လိုချင်ကြပြီး ကျွန်မ အသက်ရှင်ရှင် သေသေ ဂရုမစိုက်ကြပါဘူး။ ဒီလို ရက်စက်မှုမျိုးကို အင်ပါယာကြီးမှာ မည်သို့လုပ် ခွင့်ပြုထားကြတာလဲ?"

ဗီဒီယိုရဲ့ နောက်ပိုင်းမှာ ဆိုင်ရယ် က သူမကိုယ်ဝန်ရှိနေပြီး အိမ်ပိုင်မရှိပဲ  ငှားရမ်း နေထိုင်နေရပြီး အနိမ့်ဆုံးအဆင့် စက်ရုပ်တွေကိုသာ အသုံးပြုနေရသည်ဟု ငိုပြီးပြောဆိုနေပြီး ရိန်း နဲ့ ဒိုရစ် က သူမရဲ့ ကလေးကို လုယူပြီး သူမကို သတ်ပစ်ဖို့ လာနေသည်ဟု စွပ်စွဲပြောဆိုနေသည်။

ကြယ်တာရာကွန်ယက်ပေါ်က ဒေါသထွက်နေတဲ့ လူတွေကလည်း ရိန်း နဲ့ ဒိုရစ် ကို အမျိုးမျိုး စွပ်စွဲပြောဆိုပြီး ဝေဖန်ပြစ်တင်နေကြသည်။

"မာရှယ် ရဲ့ မိဘတွေက လွန်လွန်းသည်။ မာရှယ်ရေမွန် မကြာသေးမီကမှ ကျဆုံးသွားခဲ့တယ်။ ဒါကို သူတို့က မာရှယ် ချစ်ရတဲ့ မိန်းကလေးကို ဒီလိုမျိုး ဆက်ဆံရက်သလား"

"ရိန်း နဲ့ ဒိုရစ် တို့ရဲ့ မာရှယ်ရေမွန် ကို ချစ်တဲ့ပုံစံက အားလုံးအတုအယောင်တွေလား။ သူတို့ရဲ့ သားရဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်ခွင့်ကို ဘယ်လိုလုပ် လိုက်ပြီး ထိန်းချုပ်နေရတာလဲ"

"မာရှယ်ရေမွန်က အရမ်း သနားစရာကောင်းတာပဲ၊ ဘယ်လိုလုပ် ဒီလိုမိဘတွေ ရှိနေရတာလဲ၊ မစ္စစ် ဆိုင်ရယ် က ပိုပြီးတော့တောင် သနားစရာကောင်းပါသေးတယ်"

"ရိန်း က အသုံးမကျတဲ့သူပဲ။ မာရှယ်ရေမွန် လို သားတစ်ယောက် မရှိလျှင် သူတို့က အားနည်းတဲ့ အမျိုးသမီးတစ်ယောက်ကို အနိုင်ကျင့်နေတဲ့သူတွေပဲ"

...

ကားလ် က ဤဗီဒီယိုကို ဖွင့်ပြပြီးသည့်နောက်မှာ ရိန်း နဲ့ ဒိုရစ် ကို ဝေဖန်ပြစ်တင်တဲ့ အင်တာနက်အသုံးပြုသူ တွေရဲ့ မှတ်ချက်တွေကို တမင်တကာ အောက်ကို ဆွဲချပြီး လေထဲမှာ ပြသလိုက်သည်။

ထို ဝေဖန်ပြစ်တင်တဲ့ စကားလုံးတွေဟာ လေထဲမှာ မရေမတွက်နိုင်အောင် များပြားလာပြီး သူတို့ရှေ့မှာ ပေါ်လာကြသည်။

ဒိုရစ် က ဒေါသတွေနဲ့ တုန်ရီနေသည်။ "ရိန်း နဲ့ ကျွန်မ ဘယ်တုန်းကမှ ဒီလိုမျိုး မလုပ်ခဲ့ဘူး။ ရေမွန် ကလည်း ဒီအမျိုးသမီးအကြောင်း ကျွန်မတို့ကို တစ်ခွန်းမှ မပြောပြခဲ့ဖူးဘူး။ သူမ ရှိနေတာတောင် ကျွန်မတို့ မသိခဲ့ဘူး"

ဆိုင်ရယ်လို့ခေါ်တဲ့ အမျိုးသမီးက ဘာမှကောင်းတဲ့သူမဟုတ်ဘူးပဲ။ သူမသားရဲ့ မျက်လုံးက ဘယ်လောက်တောင်ညံ့လိုက်လဲ၊ ဒီလိုအမျိုးသမီးမျိုးကိုမှ ဘယ်လိုလုပ်ချစ်မိသွားရတာလဲ!

ရေမွန်၏ ဒုတိယဦးလေးက အပြုံးတစ်ချက်နှင့် "မင်းတို့သား ရေမွန်က မင်းတို့သူ့အတွက် စေ့စပ်ထားပေးဖို့ အခြားတစ်ယောက်ကို ရှာနေတာ သူကို သိသွားပြီး မင်းတို့မသိအောင်လို့ အပြာရောင်ဂြိုလ်က အိမ်မှာ သူမနှင့်အတူ ပုန်းနေခဲ့တာပဲ" လို့ပြောလိုက်သည်။

ဒိုရစ်က အရင်က မြို့စားနော်လန်၏ သမီး ဟဲလာကို သူ့ချွေးမအဖြစ် သဘောကျခဲ့သော်လည်း သူမ ဒီအကြောင်းပြောတိုင်း ရေမွန်က အကြောင်းအရာတွေခေါင်းစဉ် ပြောင်းပြီး ရှောင်ဖယ်နေခဲ့သည်။ 

အခု ရေမွန်၏ ဒုတိယဦးလေးက ဒီလိုပြောလိုက်တော့ ရေမွန်ကို အပုပ်ချနေရုံသာမက သူတို့ကို မြို့စားနော်လန်၏ မိသားစုနှင့်ပါ ရန်တိုက်ခိုင်းနေသလိုပင်။


"ရေမွန်နှင့် ဟဲလာက ဘာမှမဆိုင်ဘူး။ ကျွန်မတို့ နှစ်ဖက်မိသားစုက စနောက်ပြီး ပြောဆိုခဲ့ကြတာ။ ဟဲလာက ဘယ်လိုလုပ် ရေမွန်၏ စေ့စပ်ထားသည့်သူ ဖြစ်သွားရမှာလဲ!"

"တော်ပြီ၊ ဆူညံမနေနဲ့!"

ဘိုးဘေးက စားပွဲကို လက်နှင့် ပုတ်လိုက်သည်။

"ဒိုရစ်၊ မင်းက ဟဲလာအကြောင်း ပြောရဲသေးတယ်၊ မင်း မြို့စားနော်လန်၏ မိသားစုက ငါတို့ကို မုန်းသွားစေချင်တာလား?!"

"ဒါပေမယ့် ကျွန်မတို့က အရင်က ဆိုင်ရယ်ရှိတာကိုတောင် မသိခဲ့ဘူး။ သူမက မဟုတ်တန်းတရားတွေကို ပြောပြီး ကျွန်မနှင့် ရိန်းကို စွပ်စွဲပြောဆိုနေတာ"

အဘိုးကြီးက အေးစက်စွာ နှာမှုတ်လိုက်ပြီး "အချက်အလက်တွေက ဘာဖြစ်ဖြစ် ငါတို့ဂရုမစိုက်ဘူး။ အခု ဆိုင်ရယ်လို့ခေါ်တဲ့ ဒီအမျိုးသမီးအကြောင်း ကြယ်တာရာကွန်ယက်ပေါ်က အင်တာနက်သုံးတဲ့သူ အများစုက သူမပြောတာမှန်တယ်လို့ ထင်နေကြတယ်။ 

သူတို့အားလုံးက သူမကို ထောက်ခံပြီး မင်းနှင့် ရိန်းကို ရှုတ်ချနေကြတယ်။ ဒီကိစ္စက ဆက်လက်ပြန့်နှံ့နေပြီး ငါတို့ မြွေကြီးမိသားစုရဲ့ ပုံရိပ်ကို ထိခိုက်မှု တော်တော်ရှိနေပြီ"

ရိန်းက နက်ရှိုင်းတဲ့အသံနှင့် "ဘိုးဘေး ဘယ်လိုဖြေရှင်းချင်လဲ" လို့ မေးလိုက်သည်။

ဒီနေ့ လာကြသည့်သူတွေက သူတို့ရဲ့ပြဿနာကို တကယ်ပဲ ဖြေရှင်းပေးချင်လို့ လာတာ မဟုတ်ဘူးဆိုတာ သူသိသည်။


ကျင်းဝူက ပရိယာယ်တစ်ချို့သုံးပြီး စက်ပစ္စည်းကို ဖျက်ဆီးလိုက်ပြီး "ကလေး" ပျောက်ဆုံးသွားတဲ့ ပြသနာကို ခေတ္တခဏ ရှောင်ရှားလိုက်နိုင်ခဲ့သည်။

အဲဒီအချိန်မှာပဲ အာကာသယာဉ်တစ်စင်းက ကောင်းကင်ကနေ ရုတ်တရက် ဆင်းသက်လာသည်။

အာကာသယာဉ် ဆင်းသက်လာတော့ အရပ်ပုပု သတ္တဝါတစ်ကောင်က ယာဉ်တံခါးပေါက်ကနေ ပြုံးရွှင်တဲ့မျက်နှာနှင့်  ထွက်လာသည်။ 

"ဗိုလ်မှူးကြီး ကော်ရေး၊ မနေ့က ကျွန်တော့်လက်ထောက်က မသိလို့ပါ။ ကျွန်တော် တစ်ညလုံးအချိန်ယူပြီး ဇိမ်ခံ ကိုယ်ပိုင်အာကာသယာဉ်တစ်စင်း ပြင်ဆင်ပေးထားပါတယ်"

ဒီသတ္တဝါက ကော်ရေးကို အရင်တုန်းက အရပ်သား အာကာသယာဉ် ငှားဖို့ ငြင်းဆိုခဲ့တဲ့ အုပ်ချုပ်သူ ကောင်စစ်ဝန်ပင်။

မာရှယ်ရေမွန်၏ အိမ်ထောင်ဖက်က မနေ့က  ဗျူရိုကို ကျန်းမာရေး စစ်ဆေးဖို့ သွားခဲ့သည်ဆိုတာ အုပ်ချုပ်သူသိသည်။  ဗျူရိုရဲ့ ညွှန်ကြားရေးမှူးက အဲဒီအချိန်မှာ အုပ်ချုပ်သူကို ဒီလိုကြီးကြီးမားမား ကိစ္စတစ်ခုကို အကြောင်းကြားခဲ့သည်။

ဒါပေမယ့် သူက အခု ဘာမှမပြောဘဲ မသိသလို ဟန်ဆောင်နေသည်။

ရေမွန် သေသွားပြီဆိုတော့ သူ့ကို နှစ်သိမ့်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါကြောင့် မနေ့က ရေမွန်၏ လက်အောက်ငယ်သား ကော်ရေးက သူ့ကို မေးတဲ့အခါ သူ့လက်ထောက်ကို ငြင်းဆိုဖို့ အချက်ပြခဲ့သည်။

ညနေပိုင်းမှာ သူ့ညီနဲ့ စကားပြောတဲ့အခါ ဒီအကြောင်းကို ပြောပြပြီး သူ့ညီကို ဘယ်လို ရာထူးတိုးဖို့ စခန်းကို သွားရမလဲဆိုတာ ပြောပြခဲ့သည်။

သူ့ညီက အခု စစ်တပ်မှာ ရှိနေပြီး ဗိုလ်မှူးတစ်ယောက် ဖြစ်နေပြီ။

ဒါပေမယ့် ဒီမနက် မကြာခင်မှာပဲ သူ့ညီက ရုတ်တရက် သတင်းစကားတစ်စောင် ပို့လိုက်ပြီး ဗိုလ်မှူးကြီး ကော်ရေး ကို ဇိမ်ခံ ကိုယ်ပိုင်အာကာသယာဉ်တစ်စင်း ချက်ချင်းပို့ပေးဖို့ ပြောလိုက်သည်။ 

ပြီးတော့ ကိုယ်တိုင်သွားပို့ရမည်၊ မဟုတ်ရင် နောင်တရလိမ့်မည်လို့ ပြောလိုက်သည်။

အုပ်ချုပ်သူ က အရမ်းအံ့သြသွားပြီး သူ့ညီကို ဘာဖြစ်တာလဲ မေးတော့မလို့ လုပ်နေတုန်းမှာပဲ သူ့ညီက အရမ်းစိုးရိမ်နေပုံနဲ့ ဆက်သွယ်မှုကို ဖြတ်လိုက်သည်။

သူ့ညီက အလုပ်လုပ်ရာမှာ အမြဲတမ်း သတိထားတတ်သည့်အတွက် ရုတ်တရက် ဒီလိုလုပ်မည်လို့ ဘယ်တော့မှ မထင်ထားခဲ့ပေ။ ပြသနာတစ်ခုခုများ ရှိနေတာလား?

သို့သော် ပြသနာ သုံးခု၊ ခုနစ်ခု၊ နှစ်ဆယ့်တစ်ခုရှိတာလား ဂရုမစိုက်တော့ဘဲ ပထမဆုံး ဇိမ်ခံ ကိုယ်ပိုင်အာကာသယာဉ်တစ်စင်းကို အရင်ပြင်ဆင်ပြီး လာခဲ့လိုက်သည်။

အုပ်ချုပ်သူတစ်ယောက်အနေနဲ့ သူက ဒီလိုအခြေအနေမျိုးမှာ မျက်နှာပြောင်တိုက်ပြီး ခါးကိုလည်းနိမ့်ချတတ်သည်။ အခုအချိန်မှာ သူ့မျက်နှာမှာ အပြုံးတွေနဲ့ ပြည့်နှက်နေသည်။ ဘာမှမဖြစ်ခဲ့သလိုပဲ။

ကော်ရေး နဲ့ တခြားသူတွေရဲ့ မျက်နှာတွေ မကောင်းတာကို သူတွေ့လိုက်ရပြီး လေထဲမှာ မီးလောင်ကျွမ်းနေသည့် အနံ့ကို ရလိုက်တော့ "ဗိုလ်မှူးကြီး ကော်ရေး၊ ဘာဖြစ်တာလဲ" လို့ နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"ကျွန်တော်လည်း မင်းကို ဘာဖြစ်တာလဲ မေးချင်သည်! မာရှယ် ရေမွန် ရဲ့ အိမ်ထောင်ဖက်က မနေ့က မင်းရဲ့  ဗျူရိုကို ဆေးစစ်ဖို့ သွားခဲ့တာ၊ ဒါပေမယ့် မင်းရဲ့ ဗျူရိုက ပေးတဲ့ ပစ္စည်းထဲမှာ အသေးစားဗုံးတစ်လုံး တပ်ဆင်ထားတယ်!"


အုပ်ချုပ်သူ က မြေပြင်ပေါ်က မီးလောင်ပျက်စီးနေသည့် ကိရိယာကို တွေ့လိုက်ရပြီး ဘာမှပြန်မပြောရဲဘူး။ "ဒီလိုကိစ္စမျိုး ဖြစ်ခဲ့လို့လား"

"မာရှယ် က အင်ပါယာအတွက် အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တယ်။ မင်းတို့ ထုံးကျောက်ကြယ်ကလူတွေက သတ္တိကောင်းလိုက်ကြတာ၊ မာရှယ် ရဲ့ အိမ်ထောင်ဖက်နဲ့ ကလေးတွေကို လုပ်ကြံရဲတယ်၊ မင်းတို့ ပုန်ကန်တော့မလို့လား!"

 

ဒီလို စွပ်စွဲချက်ကြီးနဲ့ဆိုတော့ အုပ်ချုပ်သူ ဘယ်လို ပြန်ဖြေရမှန်းမသိ ဖြစ်သွားပြီး "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဗိုလ်မှူးကြီး ကော်ရေး၊ ဒါက အထင်လွဲမှုတစ်ခု ဖြစ်ရမည်!" လို့ အလျင်အမြန် ငြင်းလိုက်သည်။

ကော်ရေး က ခက်ထန်သည့်အသံနဲ့ "ဒီကိစ္စကို မာရှယ် ကို ငါသေချာပြန် အသေအချာ အစီရင်ခံမယ်!"

မာရှယ်?

ဘယ် မာရှယ် လဲ?

ဗိုလ်မှူးကြီး ကော်ရေး က မာရှယ်ရေမွန် ရဲ့ ညာလက်ရုံး မဟုတ်ဘူးလား၊ သူက ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ တခြား မာရှယ် တစ်ယောက်ရဲ့ လက်အောက်ကို ရောက်သွားပြီလား?

ငယ်ငယ်ရွယ်ရွယ်နဲ့ ဗိုလ်မှူးကြီးရာထူး ရနိုင်တာ အံ့သြစရာမရှိပါဘူး။ ဒါက... သူ့ထက်တောင် ဖားတတ် သေးတာပဲ!

အုပ်ချုပ်သူ က မခံချင်စိတ်နဲ့ တွေးနေမိသည်။ ဒီဗိုလ်မှူးကြီး ကော်ရေး က သူ့ရဲ့ အရင်အထက်လူကြီးအပေါ် သစ္စာစောင့်သိမှုကို ပြနေတာလား။ ဘယ်သူ့ကို ပြချင်လို့လဲ။

ရုတ်တရက် သူတို့ခေါင်းပေါ်ကနေ အာကာသယာဉ်တစ်စင်းရဲ့ အသံ ထွက်ပေါ်လာသည်။ လူတိုင်း ခေါင်းမော့ကြည့်လိုက်တော့ စစ်ရေးလေယာဉ်တစ်စင်းက ခြံထဲကို ဆင်းသက်လာတာကို တွေ့လိုက်ရသည်။ 

လေယာဉ်တံခါးပွင့်သွားပြီး လက်နက်အပြည့်အစုံနဲ့ စစ်သားနှစ်ဖွဲ့က အပေါ်ကနေ ဆင်းလာသည်။ သူတို့အားလုံးရဲ့ မျက်နှာမှာ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေသည်။ 

အုပ်ချုပ်သူ က သေချာကြည့်လိုက်တော့ သူ့ညီလည်း ပါလာတာကို တွေ့လိုက်ရသည်။ သူ့ညီကို မေးခွန်းမေးတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ 

အုပ်ချုပ်သူ ရဲ့ ညီလည်း အုပ်ချုပ်သူ ကို တွေ့လိုက်ရပြီး သူ့အစ်ကိုရဲ့ အကြည့်ကို သိလိုက်ပေမယ့် ဘာမှ ပြန်မတုံ့ပြန်ရဲပေ။ မျက်နှာမှာ ဘာအမူအရာမှ မပြဘဲ မျက်လုံးကိုလည်း မလှုပ်ရဲပေ။

စစ်သားနှစ်ဖွဲ့က လေယာဉ်ပေါ်ကနေ စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် ပြေးဆင်းလာပြီး တန်းစီလိုက်ကြသည်။ သူတို့ရဲ့ခြေလှမ်းတွေနဲ့ ကိုင်ဆောင်လာတဲ့ လက်နက်တွေက တစ်ပြိုင်တည်း ထွက်ပေါ်လာတဲ့ အသံကြောင့် တစ်သားတည်းဖြစ်မှုကို ပြသနေသလိုပင်။ 

အဲဒီနောက် လေယာဉ်ရဲ့ တံခါးပေါက်ကနေ အနက်ရောင်စစ်ဝတ်စုံ၊ စစ်ဦးထုပ်နဲ့ ခါးပတ်တပ်ဆင်ထားတဲ့ အရာရှိတစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာသည်။ 

အဲဒီအရာရှိက အရပ်ရှည်ပြီး ကြံ့ခိုင်သည်။ သူ့ရဲ့ စစ်ဝတ်စုံအောက်ကနေ ထူးချွန်ထက်မြက်တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ အရေးပါမှု၊ စွမ်းရည် ကို မြင်တွေ့လိုက်ရသည်။

အရာရှိက ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်တဲ့အခါ ဦးထုပ်စွန်းအောက်ကနေ ခန့်ညားတည်ကြည်တဲ့ မျက်နှာ ပေါ်လာသည်။ 

သူ့ရဲ့ အေးစက်တဲ့ အကြည့်တစ်ချက်ကြောင့် မမြင်ရတဲ့ဖိအားတစ်ခု ကျရောက်လာပြီး အုပ်ချုပ်သူ ရဲ့ ခြေထောက်တွေက မခိုင်တော့ဘဲ အဲဒီနေရာမှာတင် ဒူးထောက်လဲကျသွားသည်။ 

မာရှယ် ရေ...ရေ..… ရေမွန်...!


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment