[T/N :
နံပါတ် ၁ စွမ်းအင် အဝါ
နံပါတ် ၂ စွမ်းအင် အစိမ်း
နံပါတ် ၃ စွမ်းအင် အပြာ
နံပါတ် ၄ စွမ်းအင် အနီ
နံပါတ် ၅ စွမ်းအင် မီးခိုး]
Orc အင်ပါယာမှ Orc များသည် အသက်ငါးနှစ် အရွယ်မှစ၍ စွမ်းအင်အရည်များ ထိုးသွင်း ခြင်းဖြင့် သူတို့၏ စွမ်းရည်ကို မြှင့်တင်နိုင်ကြသည်။
စွမ်းအင်အရည်ကို ပထမဆုံးအကြိမ်အသုံးမပြုခင်တွင် အစိုးရပိုင် ဗျူရိုသုံးခုသို့ သွားရောက် မိမိ၏စွမ်းအင် ဆိုင်ရာ ဂုဏ်သတ္တိများကို စမ်းသပ်ရမည်ဖြစ်သည်။ သို့မှသာ မည်သည့်စွမ်းအင်အမျိုးအစားကို အသုံးပြုရမည် ကို သိရှိနိုင်မည် ဖြစ်သည်။
ထိုသို့မဟုတ်ပါက မှားယွင်းသော စွမ်းအင်အမျိုးအစားကို အသုံးပြုမိပါက ခန္ဓာကိုယ်ကို ပြန်လည်ကုသ၍ မရအောင် ထိခိုက်စေနိုင် ပြီး အခြေအနေ ဆိုးရွားလျှင် နေရာတွင်ပင် သေဆုံးသွားနိုင်သည်။
ထို့ကြောင့် Orc များသည် စွမ်းအင်အရည်ကို အသုံးပြုရာတွင် လွန်စွာသတိထားကြသည်။
ရေမွန်သည် ရုတ်တရက်ချက်ချင်းပင် စွမ်းအင်အရည် ထိုးဆေးတစ် ချောင်းကို ထုတ်ယူလိုက်ပြီး ကျင်းဝူအား "ဒါဘာအရောင်လဲ" ဟု မေးလိုက်သည်။
"အနီရောင်"
သူ့လက်မ ဖြင့် ထိုးဆေးကိုဖွင့်လိုက်ပြီး " မင်း ဒီအရည် ရဲ့ စွမ်းအင်ကိုစုပ်ယူနိုင်လား" ဟု ပြောလိုက်သည်။
ကျင်းဝူသည် ထိုးဆေးထဲမှ မီးစွမ်းအင်ပြင်းပြင်းထန်ထန် ထွက်လာသည်ကို ခံစားမိသော်လည်း သစ်သားစွမ်းအင် နှင့် ရေစွမ်းအင်ကိုသာ စုပ်ယူနိုင်ပြီး မီးစွမ်းအင်ကို မစုပ်ယူနိုင်ပေ။
သို့သော်လည်း တိုက်ခိုက်ရန်အတွက် မီးစွမ်းအင်ကို စုစည်းနိုင်သည်။
ဥပမာအားဖြင့်၊ သူအရင်က အသုံးပြုခဲ့သော မိုးကြိုးလျှပ်စီးသည်လည်း လေထဲရှိ ရွှေဒြပ်စင်များကို စုဆောင်းခြင်းဖြင့် ဖွဲ့စည်းထားခြင်း ပင်ဖြစ်သည်။
ဒီမီးဒြပ်စင် အတွက်ဆိုရင်တော့ မစုပ်ယူပဲ စွမ်းအင်စုစည်းရန်အတွက် ကျင်းဝူက သူ့လက်ကို ဆန့်ထုတ်ကာ စွမ်းအင်အရည် ပုလင်းအဝတွင် ဝိုင်းပတ်လိုက်သည်။
ရုတ်တရက် ဘတ်စ်ကက် ဘောလုံးအရွယ်အစားလောက်ရှိသော မီးလုံးကြီးတစ်လုံးသည် သူလက်ဖဝါးမှ ပေါ်ထွက်လာပြီး မီးလျှံများ တလူလူဖြင့် ကခုန်နေသည်။
ရေမွန်သည် မီးလုံးက ကျင်းဝူကို ထိခိုက်သွားမည်ကို စိုးရိမ်သွားပြီး ကျင်းဝူအား မြေပြင်ပေါ်သို့ တွန်းချလိုက်မိ သည်။
ထိုလုပ်ရပ်ကြောင့် မီးလုံးကြီးကိုလည်း ပစ်ထုတ်လိုက်သကဲ့သို ဖြစ်သွားတော့သည်။
နဂိုကတည်းက သေးငယ်သောအခန်းထဲတွင် ထိုသို့သော ပစ်ထုတ်လိုက်သောအခါ မီလုံးသည် ရေမွန်၏ကုတင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကုတင်ပေါ်ရှိ အိပ်ယာခင်းများမှ "ဒုန်း" ဟူသော အသံနှင့်အတူ မီးလျှံများဖြင့် ပြင်းထန်စွာ စတင် လောင်ကျွမ်းတော့သည်။
ထို့နောက်တွင် သတိပေးခေါင်းလောင်းသံ ပြင်းပြင်းထန်ထန် ထွက် ပေါ်လာသည်။
ရေမွန်သည် ချက်ချင်းထရပ်လိုက်ပြီး ကျင်းဝူအား ကောက်ပွေ့ကာ တံခါးကို ဆွဲဖွင့်လိုက်သည်။
ဗဟိုထိန်းချုပ်ခန်းမှ အသံကြား၍ အပြေးအလွှားရောက်လာသော ကော်ရေးသည် သူ၏ မာရှယ်သည် သူ၏လက်တွဲဖော်ကို ပွေ့ချီလျက် အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ?
ရေမွန်သည် သူ၏ ခက်ထန်သောအကြည့်များဖြင့် ကြည့်လိုက်ပြီး "မြန်မြန်မီးငြိမ်းလိုက်" ဟု ပြောလိုက်သည်။
ကော်ရေးသည် တံခါးရှိ ခလုတ်တစ်ခုကို ချက်ချင်းနှိပ်လိုက်သောအခါ အခန်း၏အပေါ်ဘက်မှ အဖြူရောင် မီးသတ်ပေးသောအမှုန့်များ ကျလာကာ အခန်းကို အမှုန့်များဖြင့် ပက်ဖျန်းလိုက်သည်။
မီးလောင်ကျွမ်းမှု နယ်ပယ်သည် မကျယ်ပြန့်သဖြင့် နှစ်မိနစ်အတွင်း မီးငြိမ်း သွားသည်။
မာရှယ်သည် တံခါးဝတွင် သူ၏လက်တွဲဖော်ကို ပွေ့ချီ လျက် ရပ်နေဆဲဖြစ်သည်။
ကော်ရေးသည် အခန်းအတွင်းသို့ ကြည့်လိုက်ပြီး ရေမွန် ကိုကြည့် ကာ "မာရှယ်၊ မဒမ် ကို "ကိုယ်ဝန်ဆောင်အခန်း" ဆီသွားပြီး အနားယူဖို့ ပို့လိုက်ပါလား" ဟု မေးလိုက်သည်။
မာရှယ်နဲ့ သူ့လက်တွဲဖော်က အခန်းထဲမှာ ဘာတွေလုပ်ခဲ့လို့ ဒီလောက် ကြီးတဲ့မီး က ထလောင် ရတာလဲ။
ကော်ရေးသည် မာရှယ်နှင့် သူ၏လက်တွဲဖော်၏ အဝတ်အစားများကို ကြည့်လိုက်သည်။ အိုကေ၊ နှစ်ယောက်လုံး ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် ဝတ်စားထားတယ်။
သူတို့ ထုံးကျောက်ဂြိုလ်မှ မထွက်ခွာမီတွင် ဒေါက်တာနရှီဇါဝါသည် သူ့ကိုဆွဲခေါ်ကာ ကျင်းဝူ သည် မကြာသေးမီကပင် ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း ပြောပြပြီး မာရှယ်နှင့် ကျင်းဝူတို့အား အခန်းတစ်ခန်းတည်းတွင် မအိပ်စေရန် သတိပေးခိုင်းထားခဲ့သည်။
ကော်ရေးက သတိပေး စကားပြော လိုက်သည်နှင့် ထိုနှစ်ယောက်မှာ သူတို့၏အပြုအမူနှင့် ပတ်ဝန်းကျင် အခြေအနေ ကို သတိထားမိ သွားတော့သည်။
ထိုအခါမှ ကျင်းဝူ အနည်းငယ် ရှက်ရွံ့သွားသည်။ ရေမွန်၏ရင်ခွင်ထဲမှ အလျင်အမြန် ဆင်းလိုက်ပြီး မင်းသမီးလေးလို အချီခံရသည့် အပေါ် အနေရခက်နေသည်။
ရေမွန်ကတော့ သူ့မျက်နှာတွင် မည်သည့်အမူအရာမှ ပြောင်းလဲခြင်းမရှိပဲ ရှုပ်ပွနေသော အခန်းထဲသို့ တည့်တည့်ဝင်သွားကာ စွမ်းအင်အရည်ပါသော သေတ္တာကို ထုတ်ယူလိုက်ပြီး ကျင်းဝူအား "မင်းရဲ့အခန်းကို သွားရအောင်" ဟု ပြောလိုက် သည်။
"အိုကေ"
ကျင်းဝူသည်လည်း သူစုစည်းလိုက်သော စွမ်းအင်အရည်မှ မီးလုံးကြီး ရုတ်တရက် ဖြစ်ပေါ် လာခြင်းကို အံ့အားသင့် နေခဲ့သည်။
ယခင်က သူသည် လေထဲတွင်ရှိသော မီးဒြပ်စင်ကို အသုံးပြု၍ အကောင်းဆုံး ပြုလုပ်နိုင်သော မီးလုံးမှာ ကြက်ဥတစ်လုံးစာ အရွယ်သာ ပြုလုပ်နိုင်ခဲ့သည်။
ငါးမီလီလီတာခန့်ရှိသော စွမ်းအင်အရည်တွင် စွမ်းအင်များစွာ ပါဝင် နေတာ ဖြစ်နိုင် ပြီး ဤအချက်ကို သူသတိမပြုပဲ လိုက်တာ ဖြစ်သည်။
ကော်ရေးသည် သူ့ကို အဖက်မလုပ်ပဲ ထွက်ခွာသွားသော လူနှစ်ယောက်၏ ကျောပြင်ကို ကြည့်နေပြီး မျက်တောင်ခတ်ကာ ကြောင်အမ်းအမ်းဖြင့် ကျန်နေခဲ့သည်၊ ဒါဆို သူက ကိုယ်ပျောက်လူသား လား? (╥﹏╥)
သူသည် မီးငြိမ်းသတ်ဖို့ ကူညီပေး ခဲ့ပါသော်လည်း လျစ်လျူရှု့ခြင်းသာ ခံခဲ့ရသည်။ သို့ရာတွင် မာရှယ်က သူ့၏လက်တွဲဖော်ကိုသာ ပွေ့ချီထားပြီး သူ့၏လက်တွဲဖော်ကို ခဏ အောက်ချကာ မီးသတ်ခလုတ်ကို သွား နှိပ်ရန် စိတ်ပင် မကူးခဲ့ပါချေ။
ရေမွန်နှင့် ကျင်းဝူတို့သည် "ကိုယ်ဝန်ဆောင်အခန်း" သို့ ပြန်ရောက်လာကြသည်။
ရေမွန်သည် စွမ်းအင်အရည်ပါသော သေတ္တာကို စားပွဲပေါ်တင်လိုက်ပြီး ရုတ်တရက် မီးလောင်မှုအကြောင်း မေးမြန်းလိုက်သည်။
"အနီရောင်စွမ်းအင်က မီးစွမ်းအင်ပါ။ ကျွန်တော် မစုပ်ယူနိုင်ဘူး။ စုပ်ယူရင် စိတ်ဖောက်ပြန်ပြီး ရူးသွပ် သွားလိမ့်မယ်၊ ဒါပေမယ့် တိုက်ခိုက်ဖို့လိုမျိုး အသုံးချဖို့တော့ စုစည်းနိုင်ပါတယ်။" ဟု ကျင်းဝူက သေချာ ရှင်းပြပေးသည်။
ရေမွန်က ခေါင်းညိတ်လိုက်သည်၊ ကျင်းဝူ၏စွမ်းရည်များသည် သူ့အတွက် အလွန်ပင် ထူးခြား ဆန်းကြယ် နေသည်။ ကျင်းဝူပြောပြသော အကြောင်းအရာများအနက် အချို့သော အချက်အလက်များကို သေသေချာချာ နားမလည်ခြင်းကြောင့် အသေးစိတ် မေးခွန်းများ မမေးနိုင်ခဲ့ပါချေ။
ကျင်းဝူ ပြောစကားအရဆိုလျှင် သူသည် ဆန့်ကျင်ဘက် စွမ်းအားများကို စုပ်ယူလိုက်သောအခါတွင် ရူးသွပ်သွား လိမ့်မည် ဖြစ်သည်။ ထိုရူးသွပ်မှုက ဒီကမ္ဘာ၏ အခေါ်အဝေါ် ဖြစ်သော စွမ်းအား ပေါက်ကွဲမှု ဖြစ်စဥ်နှင့် ဆင်တူ နေသည်။ ထို့ပြင် ထိုဖြစ်စဥ် နှစ်ဦးစလုံးသည် အန္တရာယ်များရှိပြီး အသက်သေသည်အထိ ဒုက္ခပေးနိုင်ကြသည်။
ရေမွန်သည် မျက်ခုံးများ ရှုံ့လိုက်ကာ အဘယ်ကြောင့် နံပါတ် ၄ စွမ်းအင်အရည်တွင် နံပါတ် ၃ စွမ်းအင်အရည်ကို ရောနှော ထားရသလဲ? ထို့အပြင် ဤနံပါတ် ၃ စွမ်းအင်အရည်ကို နံပါတ် ၄ စွမ်းအား အရည်ပုလင်းဖြင့် ပင်ထည့်ထားရသလဲ? စသည့် အကြောင်းအရာများကို ဆက်စပ် စဥ်းစားနေသည်။
ထို့နောက် သူ၏စွမ်းအင်ပေါက်ကွဲမှုကို ရုတ်တရက် သတိရသွားသည်။
Orc များသည် စွမ်းအင်ထိုးဆေးများကို လိုအပ်သောအချိန်တွင် အသုံးပြုနိုင်ရန်အတွက် မိမိတို့၏ ခန္ဓာကိုယ် ပေါ်တွင် အနည်းငယ် ဆောင်ထားကာ အမြဲ သယ်ဆောင်သွားလေ့ရှိသည်။
အထူးသဖြင့် စစ်ဖြစ်နေစဉ်အတွင်း စစ်သားများသည် စွမ်းအားကို အလျင်အမြန် အသုံးပြုကြသောကြောင့် စစ်သားတိုင်း၏ မက်ချာ တွင် စွမ်းအင်ထိုးဆေးများ အပြည့်ထည့်ထား သော သေတ္တာတစ်ကို တပ်ဆင်ထားပြီး အာကာသယာဉ်ပေါ်တွင်လည်း အထူး ကြပ်မတ်စောင့်ရှောက် ထားသော စွမ်းအင်အရည် ဂိုဒေါင်တစ်ခုလည်း ရှိသည်။
ဤအာကာသယာဉ်သည် ထုံးကျောက်ဂြိုလ်၏ အုပ်ချုပ်သူ ဘရုစ် မှ ပေးအပ်ထားသော ကိုယ်ပိုင် ဇိမ်ခံအာကာသယာဉ်တစ်စင်း ဖြစ်သော်လည်း လမ်းခရီးတွင် မတော်တဆမှုများ မဖြစ်ပွားစေရန် ထုံးကျောက်ဂြိုလ် စစ်စခန်းမှ အရေးပေါ်အခြေအနေများအတွက် အမျိုးအစား အမျိုးမျိုးသော စွမ်းအင်အရည် ၂၀ သေတ္တာကိုလည်း ခွဲဝေပေးခဲ့သည်။
သို့သော ယခု ရေမွန် ယူလာသော အထူးစွမ်းအင်အရည်များသည် ကော်ရေး၏ စစ်တပ်အာကာသယာဉ်မှ ယခုအာကာသယာဉ် ပေါ်သို့ မပြောင်းရွှေ့မီကတည်းက ကျန်ရှိနေသော စွမ်းအင်အရည်များ ဖြစ်သည်။
ရေမွန်သည် သူ၏ စွမ်းအားပျက်စီးမှု မတိုင်မီနှင့် ပျက်စီးပြီးနောက် အသေးစိတ်အချက်အလက်များကို ဂရုတစိုက် ပြန်လည် စဉ်းစားခဲ့သည်။ ဇာဂ့်ဘုရင်မကို သူဖမ်းမိသောအခါ သူ၏မက်ချာရှိ စွမ်းအင်လက်နက်များသည် ကုန်ဆုံးသွားပြီဖြစ်သည်။
သို့သော် သူ၏ယခင်ကြိုးစားအားထုတ်မှု အားလုံးကို အလဟဿ အဖြစ်ခံ၍ မရပါ။ ဇာဂ့်လူမျိုးသည် Orc အင်ပါယာကို ရာစုနှစ် များစွာ နှောင့်ယှက်ခဲ့ပြီး ဤတစ်ကြိမ်တွင် ဇာဂ့်ဘုရင်မကို လွတ်မြောက်ခွင့် လုံးဝပေး ၍မဖြစ်ပေ။
သူ ဘာမှမစဉ်းစားဘဲ ဇာဂ့်ဘုရင်မနှင့် လက်တန်းတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် စွမ်းအင်အရည် ဆယ်ဆကို ထိုးသွင်းခဲ့သည်။
စွမ်းအင် ထိုးသွင်းမှု ပြီးဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်သည် ရုတ်တရက် ရှုပ်ထွေးသွားပြီး သူ၏ကြွက်သားများနှင့် သွေးကြောများကို ပြင်းထန်စွာ ထိခိုက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲ တော့မည့်အလား ခံစားလိုက်ရသည်။
ဆယ်စက္ကန့်အတွင်းမှာပင် သူ၏စွမ်းအင်အရင်းအမြစ်သည် ပျက်စီးသွားခဲ့သည်။
စွမ်းအင်အရင်းအမြစ် ပျက်စီးသွားပြီး အလွန်ပြင်းထန်သော စွမ်းအားပေါက်ကွဲမှုကို ထုတ်လွှတ်ခဲ့သည်။
ပေါက်ကွဲမှုသည် သူ၏မက်ချာကို ပျက်စီးစေရုံသာမက ဇာဂ့်ဘုရင်မကိုပါ အမှုန့်များ အဖြစ်ပြောင်းလဲ သွားစေ ခဲ့သည်။
သူသည်လည်း အပျိုစင်တောအုပ်ထဲသို့ ပြုတ်ကျသွား ပြီးနောက် လူသတ်သမားတစ်ဦး၏ လိုက်လံခြင်းကိုပါ ခံခဲ့ရသည်။
ရေမွန်သည် သူ၏ စွမ်းအား ပျက်စီးမှုသည် မတော်တဆမှုတစ်ခု မဟုတ်ဘဲ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပိုမိုသေချာလာခဲ့သည်။
သူသည် ယခင်က သေချာမသိခဲ့သော်လည်း သူ၏ စွမ်းအားပျက်စီးမှုကို မည်သို့ဖြစ်ပေါ်စေခဲ့သည်ကို ယခုအခါ သိရှိသွားပြီဖြစ်သည်။ တစ်စုံတစ်ယောက်က သူ၏ စွမ်းအင်အရည်များကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အလွန်လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခုဖြစ် သည်။
ရေမွန်သည် သေတ္တာထဲမှ စွမ်းအင်အရည် ဆယ်သေတ္တာကျော်ကို ထုတ်ယူလိုက်ပြီး ကျင်းဝူအား "ဒီထဲမှာ အခြားအရောင်တွေ ရောနှော နေသေးလား။ ကြည့်ပေးပါ" ဟု ပြောလိုက်သည်။
နှစ်ယောက်သား သေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ကြသည်။ ထိုသေတ္တာများတွင် တစ်သေတ္တာလျှင် ထိုးဆေးအလုံး သုံးဆယ်ပါ ဝင်ပြီး ၎င်းတို့အနက် လေးခုတွင် အပြာရောင် စွမ်းအင်အရည် ပါဝင် သည်။
ကျင်းဝူက အပြာရောင် စွမ်းအင်အရည် အကုန်လုံးကို ထုတ်ယူလိုက်သည်။
ရေမွန်၏မျက်နှာသည် အလွန်အမင်း တင်းမာသွားသည်။
ဤစွမ်းအင်အရည်များကို စစ်မြေပြင်တွင် အသုံးပြုရန် သူ့အတွက် အထူးပြင်ဆင် ပေးထားခြင်းဖြစ်သည်။ သို့သော် "နံပါတ် ၃ စွမ်းအင်အရည်" များစွာကို ရောနှောထည့်သွင်းထားသည်ကို တွေ့ရှိရသည်။
နောက်ကွယ်ရှိ လူသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး သူ့ကို တစ်ကြိမ်တည်းဖြင့် အပြီးတိုင် သတ်ပစ်ရန် ကြိုးစားနေပုံရသည်။
ကျင်းဝူသည် ရေမွန်၏မျက်နှာကို ကြည့်ပြီး အကြောင်းအရာကို ချက်ချင်းနားလည်သွားသည်။
သူက "တောအုပ်ထဲမှာ မင်းကို ငါကုသပေးနေတုန်းက မင်းရဲ့သွေး ကြောတွေထဲမှာ ရေစွမ်းအင်တွေ ရှိနေတာကို ငါတွေ့ခဲ့တယ်၊ အဲဒါက ဒီအပြာရောင်စွမ်းအင်ပဲ။ မင်းက မြွေတစ်ကောင်ဖြစ်ပြီး စွမ်းအင်ငါးမျိုးထဲမှာ မင်းရဲ့စွမ်းအင်က မီးကို ကိုယ်စားပြုတယ်။ မီးနဲ့ရေက သဟဇာတ မဖြစ်ဘူး၊ အဲဒါကြောင့် မင်းရှုပ်ထွေးသွားတာ။ အိုး၊ ဒီလိုအဆင့် ကိုရောက်သွားရင် မင်းရဲ့အခြေအနေကို စွမ်းအားပျက်စီးမှုလို့ ခေါ်တယ်" ဟု ပြောသည်။
ရေမွန်ခေါင်းညိတ်လိုက်သည်။ ကျင်းဝူပြောသော "သူ့ရဲ့စွမ်းအင်က မီးကို ကိုယ်စားပြုတယ်" ဆိုတာကို သူနားမလည်သော်လည်း ပြောလို သည့်အဓိပ္ပာယ်ကို ခန့်မှန်းနားလည်သည်။
၎င်းမှာ သူနှင့် သဟဇာတ မဖြစ်သော စွမ်းအင်ကို သူထိုးသွင်းခဲ့ခြင်း ဖြစ်သည်။ စွမ်းအင်နှစ်ခုသည် သဟဇာတမဖြစ်ဘဲ အချင်းချင်း တိုက်ခိုက်သော ကြောင့် စွမ်းအားပျက်စီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သူ၏ အထူးစွမ်းအင်အရည်ကို အမြဲဂရုစိုက် ပေးရသူမှာ လူတစ်ဦးတည်းသာရှိပြီး ထိုသူမှာ ဂျက်ကာ ဖြစ်သည်။