no

Font
Theme

ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်

အပိုင်း(၁)

မနက်ခင်း ရုံးတော်ညီလာခံ မစတင်ခင်မှာ ကျွန်မ နောက်ကနေ ဓားကိုင်ထားတဲ့ ယောကျာ်းက ကျွန်မကို ရင်ခွင်ထဲမှာ ပွေ့ဖက်ပြီး ကျွန်မရဲ့ နှုတ်ခမ်းတွေကို အသာလေး နမ်းရှိုက်ခဲ့တယ်။

ဒါပေမဲ့ အခု အေးစက်တဲ့ ဓားသွားက ကျွန်မကို ဖိနှိပ်ထားပြီး ခွန်အားတွေက တိုးလာတယ်။ကျွန်မရဲ့ အသားထဲ လှီးဝင်နေတာကိုတောင် ခံစားမိပြီး ပူနွေးတဲ့သွေးတွေက ကျွန်မရဲ့ လည်ပင်းကနေ စီးကျလာခဲ့ပြီး ကျွန်မရဲ့အင်္ကျီကော်လာထဲကို စိမ့်ဝင်သွားတယ်။

အဲ့ဒါတွေ အားလုံးက ကျွန်မ ဖေသုရဲ့ ပြန်လည်မွေးဖွားလာတဲ့အကြောင်း ဒိုင်ယာရီကို ဖတ်မိသွားပြီး သူ ကျွန်မအတွက် လုပ်ခဲ့တဲ့ အရာအားလုံးက သရုပ်ဆောင်မှုတစ်ခုပဲဆိုတာ သိသွားတာကြောင့်ပဲ။

သူက ကျွန်မရဲ့အချစ်က အမုန်းအဖြစ် ပြောင်းလဲသွားပြီး စုန့်ယန်ယွီ ကို ထိခိုက်အောင်လုပ်မှာ ကြောက်ရွံ့နေခဲ့တာ။

အရင်ဘဝတုန်းက ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ဇာတ်လိုက်အ‌ပေါ်မှာထားတဲ့ တစ်ဖက်သတ်အချစ်ကြောင့် စုန့်ယန်ယွိကို ထပ်တလဲလဲ ထိခိုက်အောင် လုပ်ခဲ့တယ်။

ကျွန်မ လှည့်လိုက်တော့မယ့် အချိန်မှာပဲ ကျွန်မရဲ့ လည်ပင်းက နာကျင်မှုက ကျွန်မရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေ ရစ်ဝဲလာ‌စေခဲ့တယ်။ကျွန်မရဲ့ ဝိုးတိုးဝါးတား အမြင်ကနေတစ်ဆင့် စုန့်ယန်ယွိရဲ့ အသံကို ကြားလိုက်ရတယ်။

"အရှင်မင်းကြီး အရှင် ဘာလုပ်နေတာလဲ?လော့ယွီ...ဧကရီက ဒီနေ့ ကျွန်မနဲ့ စကားပြောဖို့အတွက်ပဲ ရောက်လာတာပါ။ပြီးတော့ သူ(မ)က ပြင်ထားတဲ့ ဓားမြှောင်ကိုလည်း ကျွန်မကို ပြန်ပေးချင်လို့ ရောက်လာတာ"

စုန့်ယန်ယွိက ဖေသုရဲ့ ဓားကို အဝေးတွန်းထုတ်လိုက်ပြီး လက်ကိုင်ပုဝါတစ်ထည်ကို အလောတကြီး ထုတ်ကာ ကျွန်မလည်ပင်းပေါ်က ဒဏ်ရာကို ဖိပေးလာခဲ့တယ်။

စုန့်ယန်ယွိကို မထိခိုက်‌စေချင်တဲ့ ဖေသုက သူ့ဓားကို အမြန်ရုတ်လိုက်တယ်။

"လော့ယွီ အဲ့ဒါ နာနေလား"

ကျွန်မက ခေါင်းရမ်းပြလိုက်ပြီး ဓားမြှောင်ကို သူမဆီ ပေးလိုက်တယ်။

"ဓားမြှောင်က........."

ဖေသုက ကျွန်မရဲ့လက်ထဲက ဓားမြှောင်ကို ကြည့်ပြီး သူ့မျက်လုံးထဲက အေးစက်မှုအများစုဟာ လွင့်စင်သွားတယ်။

"ဒီဓားမြှောင်က နဂိုတုန်းက ရှောင်ယန် ကျွန်မကို ပေးထားတာ။အဲ့ဒါက နောက်ရက်ကျတော့ ကျန့်အာကြောင့် ထိခိုက်သွားတယ်လေ။နန်းတော်ပွဲတုန်းက ကျွန်မက အဲ့ဒီအကြောင်းကို ဧကရီကို ပြောပြလိုက်တော့ သူ(မ)က နန်းတွင်းလက်မှုပညာဌာနမှာ လွယ်လွယ်ကူကူ ပြုပြင်နိုင်တဲ့ လက်သမားဆရာတွေ အများကြီးရှိတယ်လို့ ပြောခဲ့တယ်။အဲ့ဒါကြောင့် သူ(မ)က ကျွန်မကို ကူညီပြီးတော့ ဒီဓားမြှောင်ကို ရှန့်ကုန်းကွေ့*ဆီ ပေးခဲ့တာ"

(ရှေးခေတ်က တရုတ်နိုင်ငံရှိ အမျိုးသမီးအရာရှိများအတွက် တရားဝင်ဘွဲ့နာမည်တစ်ခု ဖြစ်ပါတယ်)

စုန့်ယန်ယွိက ပြောရင်းဖြင့် သူမက ပိုပြီး စိတ်လှုပ်ရှားလာသည်။

"ဒါပေမဲ့ အရှင်မင်းကြီး အရှင်ကတော့ ဇာတ်ကြောင်းတစ်ခုလုံးကို မသိဘဲနဲ့ အရှင့်ဓားကို ဆွဲထုတ်လာတယ်။အရှင်က ဧကရီကို ဘယ်လိုထင်နေတာလဲ?"

စုန့်ယန်ယွိရဲ့စကားတွေက ဖေသုနဲ့ကျွန်မကြားမှာ မိုးခြိမ်းသံလိုမျိုး ကျရောက်လာတယ်။

သူ ချစ်ရတဲ့လူရှေ့မှာမလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဖေသုက တိတ်နေပြီးတော့ သူမရဲ့ အကြည့်ကိုတောင် တမင်တကာ ရှောင်နေခဲ့တယ်။

ဖေသုက ကျွန်မကို ဘယ်လိုထင်လဲ?

စုန့်ယန်ယွိရဲ့ဘေးနားက အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လား? ရှောင်ယန်ကို အပြင်းအထန် ကပ်တွယ်နေတဲ့ ကောက်ကျစ်တဲ့ မိန်းမလား? ဒါမှမဟုတ် ရှက်ရွံ့မှုနဲ့ဒေါသကြောင့် လူသတ်ဖို့ ကြိုးစားတဲ့ တရားခံလား?

ကျွန်မက ဘယ်လိုပဲဖြစ်ဖြစ် သူ့ဇနီးအဖြစ် လုံးဝ စဉ်းစားခံရခြင်း မရှိခဲ့ဘူး။

"ကိုယ်......"

"ငါက အခုတလော အိပ်မက်ဆိုးတွေ မက်နေပြီး နိုးလာတဲ့အချိန်ကျရင် တချို့လူတွေကို ထိခိုက်အောင် လုပ်မိနေတာ။အရှင်မင်းကြီးက ငါ တစ်ယောက်ယောက်ကို ထပ်ပြီးတော့ ထိခိုက်အောင်လုပ်မှာ စိုးရိမ်လို့ အရေးပေါ် လုပ်လိုက်တာပါ။ ငါ အဆင်ပြေပါတယ်"

ကျွန်မက စုန့်ယန်ယွိကို လွှတ်ပေးဖို့အတွက် အမူအရာပြလိုက်ပြီး သူမ စိတ်ချ‌ရအောင် ပြုံးပြလိုက်တယ်။

ကျွန်မ ဒါကို ပြောလိုက်ပေမယ့်လည်း ကျွန်မရဲ့နှလုံးသားက အေးခဲနေတဲ့ ချောက်ထဲကို ထိုးကျနေပြီ။

အကယ်၍ ဒိုင်ယာရီကို စောစောက မြင်လိုက်ရရင် ဖေသုက ကျွန်မတို့ရဲ့ နေ့စဉ်ထိတွေ့ဆက်ဆံမှုတွေ‌ကြောင့် ကျွန်မကို ချစ်လာလိမ့်မယ်လို့ မျှော်လင့်ချက်ဆုပ်ကိုင်ထားနိုင်ပေမယ့် အခု ကျွန်မ စိတ်ပျက်အားငယ်တာကလွဲပြီး ဘာမှမကျန်တော့ဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment