no

Font
Theme

ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်

အပိုင်း(၁၂)

ကျွန်မရဲ့မျက်လုံးတွေ နောက်တစ်ကြိမ် ပွင့်လာတဲ့အချိန် ကျွန်မက ပျက်စီးယိုယွင်းနေတဲ့ အိမ်ထဲမှာ ရောက်ရှိနေပြီး ကျွန်မရဲ့ ဘေးမှာ သတိလစ်နေဆဲဖြစ်တဲ့ စုန့်ယန်ယွိလည်း ရှိနေတယ်။

ကျွန်မရဲ့ ပါးစပ်ကို အဝတ်ကြမ်းတစ်ထည်နဲ့ ဆို့ထားတာ‌ကြောင့် ပါးစပ်ထောင့်တွေက နာကျင်နေပြီး ကျွန်မရဲ့လက်နဲ့ခြေထောက်တွေကို လျှော်ကြိုးဖြင့် ချည်နှောင်ထား၏။

ကျွန်မရဲ့ အဝတ်အစားများက အလဲခံထားရပြီးတော့ ကျွန်မရဲ့ မူလဝတ်စုံက ကျွန်မကို ပို့ဆောင်ရန် အလွန်ခက်ခဲတာကြောင့် ဖြစ်နိုင်တယ်။

ကျွန်မက ပတ်ဝန်းကျင်ကို အသုံးချပြီး ကြိုးတွေကို ဘယ်လိုဖြည်ရမလဲဆိုတာ အကဲဖြတ်နေစဉ်မှာပဲ တံခါးပွင့်လာတယ်။

ရှန့်ကုန်းကွေ့နဲ့ မရင်းနှီးတဲ့အ‌စေခံကောင်မလေး ဝင်လာကြပေမယ့် အခု နှစ်ယောက်လုံးက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။

စုန့်ယန်ယွိက သတိမရသေးတာကို မြင်တော့ ရှန့်ကုန်းကွေ့က အစေခံမိန်းကလေးကို အချက်ပြလိုက်သည်။

ချက်ချင်းပဲ ရေအေးတစ်ပုံးက စုန့်ယန်ယွိရဲ့မျက်နှာပေါ်ကို ပက်ဖြန်းလာခဲ့သည်။

ဒါက ဆောင်းရာသီရဲ့ ‌သေလောက်အောင် ချမ်းတဲ့အချိန်ဖြစ်ပြီး ကျွန်မအပေါ် ရေနည်းနည်းလေး စင်တာတောင် ထိန်းမရနိုင်အောင် ခိုက်ခိုက်တုန်သွားတယ်။

စုန့်ယန်ယွိက သူတို့နှစ်ယောက်ကို ဒေါသတကြီးကြည့်ပြီး ဒေါသတကြီး ဗလုံးဗထွေးအသံများသာ ပြုလုပ်နိုင်သည်။

ရှန့်ကုန်းကွေ့က ကျွန်မတို့ပါးစပ်တွေက အဝတ်တွေကို ဖယ်ရှားပေးလိုက်တယ်။

"ဒီနေရာက စွန့်ပစ်ခံထားရတာ နှစ်တွေအများကြီး ကြာနေပြီ။နေရာထိုင်ခင်းက အရမ်းညံ့ဖျင်းတယ်။ဧကရီနဲ့ စစ်သူကြီးရဲ့မိန်းမ နားလည်ပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"

"ဒါက မြို့တော်တောင်ဘက်မှာရှိတဲ့ မင်းသားကျောက်စံအိမ်တော်ပဲ။ရှန့်ကုန်းကွေ့က ငါတို့ကို ဒီနေရာခေါ်လာပြီးတော့ နေရာထိုင်ခင်းက ညံ့ဖျင်းတယ်ဆိုပြီး ဘယ်လိုလုပ် ပြောနိုင်တာလဲ"

စာအုပ်မပြီးဆုံးခင်တွင် စုန့်ယန်ယွိကို အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေက ပြန်ပေးဆွဲပြီး ဆွေးမြေ့ပျက်စီးနေတဲ့ မင်းသားကျောက်အိမ်တော်မှာ ချုပ်နှောင်ခဲ့တယ်ဆိုတာကို ကျွန်မ သတိရသွားတယ်။

မင်းသားကျောက်, ရှဲ့ချောင်က အရင်မင်းဆက်ရဲ့ ဘုရင်တစ်ပါးဖြစ်ပြီး တိုင်းပြည် ဖျက်ဆီးခံရပြီးတဲ့နောက် ဒီနေရာမှာပဲ ပိတ်လှောင်ခြင်းခံထားခဲ့ရသူ ဖြစ်သည်။

သူ့ရဲ့ကံကြမ္မာကို လက်မခံနိုင်တာကြောင့် သူ့တိုင်းပြည်ကို ပြန်လည်တည်ထောင်ရန် လျှို့ဝှက်စွာဖြင့် အင်အားတပ်များ စုစည်းခဲ့သည်။အကြံအစည် ပေါ်ပေါက်သွားတဲ့အခါ သူက အဝေးထွက်ပြေးသွားခဲ့၏။

ကျန့်အန်း နှစ်ဆယ့်ငါးနှစ်တွင် ဖေသုနဲ့ရှောင်ယန်က တပ်တွေဦးဆောင်ပြီးတော့ မင်းသားကျောက်ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို ချေမှုန်းခဲ့သည်။

မူလဇာတ်ကြောင်းထဲတွင် ဖေသုက မသွားခဲ့ဘဲ ရှောင်ယန်တစ်ဦးတည်း တပ်တွေဦးဆောင်ကာ ထွက်သွားတာ ဖြစ်သည်။အကြွင်းအကျန်တွေရဲ့ခေါင်းဆောင် ရှဲ့ရွှမ်းက မသေခဲ့ပေ။နောက်ပိုင်းမှာတော့ သူက ရှောင်ယန်ကို ကလဲ့စားချေရန်အတွက် စုန့်ယန်ယွိနဲ့ ရှောင်ယန်ရဲ့ကိုယ်လုပ်တော်ဖြစ်လာစေဖို့ အတင်းကြိုးစားနေတဲ့ ကျန်း‌လော့ယွီတို့ကို ပြန်ပေးဆွဲပြီး ရှောင်ယန်ကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည်။

ရှဲ့ရွှမ်းက စုန့်ယန်ယွိနှင့်ကျန်းလော့ယွီကို မင်းသားကျောက်အိမ်တော်ဆီ ခေါ်ဆောင်သွားပြီး ရှောင်ယန်ကို သူတို့နှစ်ယောက်ကြားထဲ ဖိအားပေး ရွေးချယ်စေခဲ့သည်။

ထိုအချိန်တုန်းက ကျန်းလော့ယွီက ကျန်းဟွိုက်ကျီးကို အသုံးပြုပြီး ရှောင်ယန်ကို ဖိအားပေးခဲ့ကာ စုန့်ယန်ယွိကို အသက်အန္တရာယ်ရှိ‌စေခဲ့သည်။

ဒီဘဝမှာတော့ ဖေသုက အနာဂတ်ကို သိထားတာကြောင့် ရှဲ့မျိုးနွယ်စုရဲ့ ပုန်းအောင်းနေတဲ့နေရာကို မီးရှို့ပစ်ပြီး အသက်ရှင်ကျန်ရစ်သူ မချန်ထားပေ။

ဖေသုက ဒီကိစ္စအတွက် အမတ်တွေဆီကနေ အပြစ်တင်ဝေဖန်ခံခဲ့ရပေမယ့် ယခင်ဧကရာဇ်က အကြွင်းအကျန်တွေ ဖယ်ရှားခြင်းကို ခွင့်ပြုခဲ့တာကြောင့် ဖေသုက တာဝန်ယူရခြင်း မရှိခဲ့ပေ။

ရှန့်ကုန်းကွေ့ရဲ့ အမူအရာကို ကြည့်ပြီးတော့ ကျွန်မပြောတာမှန်တယ်ဆိုတာ သိလိုက်တယ်။

အကယ်၍ ရှဲ့မျိုးနွယ်စုရဲ့ ပုန်းခိုတဲ့နေရာက အသတ်ခံရပြီးတော့ မီးလောင်ပြာကျသွားပြီဆိုရင် ရှန့်ကုန်းကွေ့နဲ့ အမည်မသိရတဲ့အစေခံက ရှဲ့မျိုးနွယ်စုကနေ နန်းတော်ထဲမှာ ထည့်ထားတဲ့ သူလျှိုတွေပဲ ဖြစ်ရမယ်!

စာအုပ်က ရှဲ့ရွှမ်းနဲ့သူ့လက်အောက်ငယ်သားတွေက စုန့်ယန်ယွိနဲ့ကျန်းလော့ယွီကို ပြန်ပေးဆွဲသွားခဲ့တယ်လို့သာ ဖော်ပြထားပြီး အသေးစိတ်အချက်အလက် ပြောပြထားခြင်းမရှိချေ။

ရှန့်ကုန်းကွေ့နဲ့အခြားလူများက အဲ့ဒီအချိန်တုန်းက အဖွဲ့ထဲမှာ ပါဝင်လောက်တယ်။

ဒီဘဝမှာ ရှဲ့ရွှမ်းက သေသွားပြီ ဖြစ်တာကြောင့် ရှန့်ကုန်းကွေ့က သူ့ရဲ့လက်စားချေတဲ့အကြံအစည်ကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။

"အမှန်ပဲ ဧကရီအရှင်မဆီကနေ ဘာမှဖုံးကွယ်ထားလို့ မရနိုင်ဘူး"

"ရှဲ့မျိုးနွယ်စုကို ချေမှုန်းတာက ဧကရီနဲ့ ဘာမှမဆိုင်ဘူး။နင် သူ(မ)ကို ဒီထဲ ‌ဆွဲမထည့်နဲ့။ဧကရီက တိုင်းပြည်ရဲ့မိခင်ပဲ။နင် သူ(မ)ကို ထိခိုက်အောင်လုပ်ရင် ဧကရာဇ်က နင့်ကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေလား?" စုန့်ယန်ယွိက ပြောလိုက်တယ်။

"ဟားဟားဟား......"

ရှန့်ကုန်းကွေ့က စုန့်ယန်ယွိကို ပါးရိုက်လိုက်သည်။

"အရမ်းနားငြီးတာပဲ"

"အကယ်၍ ဖေသုကသာ သူ(မ)နဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူးဆိုရင် ငါက ဘာလို့ ဒီလိုမျိုး အကွာအဝေးအထိသွားပြီး သူ(မ)ကို ဒီနေရာခေါ်လာမှာလဲ"

ရှန့်ကုန်းကွေ့က စုန့်ယန်ယွိရဲ့ မေးစေ့ကို ဆွဲဆောင့်လိုက်၏။

"ငါ့ကို ပြောကြည့်စမ်းပါ။အကယ်၍ ငါက သူတို့ကို တစ်ယောက်ပဲ အသက်ရှင်ဖို့ ရွေးခိုင်းမယ်ဆိုရင် သူတို့ ဘယ်သူ့ကို ရွေးမလဲ?"

"တစ်ယောက်က ဧကရီ၊အခြားတစ်ယောက်က စစ်သူကြီးရဲ့မိန်းမ။ဖေသုနဲ့ရှောင်ယန်က နင်တို့ရဲ့အသက်အတွက် တစ်ယောက်နဲ့တစ်ယာက် ဆန့်ကျင်တိုက်ခိုက်ကြလိမ့်မယ်လို့ ထင်လား?"

စုန့်ယန်ယွိနဲ့ကျွန်မက ကြောက်ရွံ့နေတဲ့အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ၎င်းက ရှန့်ကုန်းကွေ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ဆိုတာ သဘောပေါက်သွား၏။

"ဒါပေမဲ့ နင့်ရဲ့အစီအစဉ်က ပြစ်ချက်ရှိနေတယ်"

ကျွန်မက ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

"ရှောင်ယန်ရော ဖေသုရောက ငါ့ကို ချစ်ကြတာ မဟုတ်ဘူး။အဲ့ဒါ‌ကြောင့် သူတို့နှစ်ယောက်လုံးက ငါသေဖို့ပဲ ရွေးကြလိမ့်မယ်။"

"လော့ယွီ နင် ဘာတွေပြောနေတာလဲ" စုန့်ယန်ယွိက နားမလည်ပေ။

"စုန့်ယန်ယွိ သရုပ်ဆောင်နေတာ ရပ်လိုက်တော့။အဲ့နေ့တုန်းက ဖေသုက ငါ့လည်ပင်းပေါ်မှာ ဓားထောက်တာ နင် မြင်ခဲ့တာပဲ။အဲ့ဒါက ဘာလို့လဲဆိုတော့ ငါက သူ နင့်ကို အမြဲတမ်းချစ်နေခဲ့တာကို သိသွားပြီး နင့်ကို ထိခိုက်အောင်လုပ်မှာ စိုးရိမ်လို့ပဲ။"

ကျွန်မက ပြောပြီးတော့ ကျွန်မရဲ့ခေါင်းကိုစောင်းကာ လည်ပင်းပေါ်က ခပ်ဖျော့ဖျော့ပဲ ကျန်တော့တဲ့ အမာရွတ်ကို ပြလိုက်တယ်။

"လော့ယွီ..........."

စုန့်ယန်ယွိရဲ့မျက်ခုံးတွေ တွန့်ချိုးသွားပြီး စကားအနည်းငယ်ဖြင့် သူမရဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ရစ်ဝဲလာခဲ့သည်။

"နင် သိလား။ငါ ဘာကို အမုန်းဆုံးလဲဆိုတော့ နင့်ရဲ့ အဲ့ဒီ ဖြူစင်ပြီးအပြစ်ကင်းတဲ့ပုံစံပဲ။အဲ့ဒါက ငါ့ကို ရွံ့စေတယ်"

ကျွန်မက အေးစက်စွာနဲ့ သူမကို ထေ့ငေါ့ပြောလိုက်တယ်။

"နင် သတ်မှရမယ်ဆိုရင် စုန့်ယန်ယွိကို သတ်ပြီးတော့ ငါ့ကို လွှတ်ပေး။ငါ နင့်အ‌ကြောင်း တစ်ခွန်းမှ ပြောမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ နင့်လိုပဲ ဖေသု နာကျင်ခံစားရတာကို ငါ မြင်ချင်တယ်။သူ အချစ်ရဆုံးလူ အသတ်ခံရတာကို သူ့ကို ကြည့်စေချင်တယ်။"

စုန့်ယန်ယွိရဲ့ မျက်ရည်တွေကို လျစ်လျှူရှုထားပြီး ကျွန်မက ရှန့်ကုန်းကွေ့ကို ပြောလိုက်တယ်။

ရှန့်ကုန်းကွေ့က မတုံ့ပြန်ခဲ့ဘဲ ကျွန်မတို့ကို ပြန်ပြီးတော့ ပါးစပ်အဝတ်စဆို့ထားရန် အ‌စေခံကို အချက်ပြကာ ထွက်သွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment