ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၄)
ဖေသုက ကျွန်မကို နားမလည်တဲ့ အမူအရာနဲ့ကြည့်ပြီး သူ့မျက်လုံးတွေထဲမှာ သံသယတွေ ပျံ့နှံ့သွားတာကို ကျွန်မ မြင်လိုက်တယ်။
"အဲ့ဒီနေ့တုန်းက ကျွန်မရဲ့ရည်ရွယ်ချက်က တကယ်တော့ အရှင်နဲ့အတူတူပဲ။ယန်ယွိကို ကယ်ဖို့"
"ပင်လုံးကြိုင်ကို ကြိုက်တဲ့လူက ကျန်းလော့ယွီပဲ ဒါပေမဲ့ ကျွန်မက ကျန်းလော့ယွီအစစ် မဟုတ်ဘူး"
ဖေသုက မျက်မှောင်ကြုတ်သွားပေမယ့် စိတ်အေးလက်အေး လေသံဖြင့် ပြောလိုက်သည်။
"မင်း ဒီလိုပြောဖို့ မလိုပါဘူး။အကယ်၍ မင်းက ကျန်းလော့ယွီ မဟုတ်ဘူးဆိုရင် ဒါဆို ဘယ်သူလဲ?"
ကျွန်မက ချက်ချင်းပဲ သူက ကျွန်မ စိတ်ကောက်နေတယ်လို့သာ ထင်နေပြီး ကျွန်မရဲ့စကားတွေက စိတ်ဆိုးလို့ပြောနေတယ်ဟု ထင်နေတာကို ချက်ချင်း သဘောပေါက်သွားတယ်။
"ဒီနေ့ ကိုယ် တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတယ်........"
"အရှင်မင်းကြီး ကျွန်မ အဲ့ဒါကို ဆိုလိုတာ မဟုတ်ဘူး။ ကျန်းလော့ယွီက သေသွားတာ ကြာပြီ။ကျွန်မက အဲ့ဒီနေ့တုန်းက ယီဖျင်လော်မှာ တမင်တကာ ဆေးခတ်ထားတဲ့ခွက်ကို လဲခဲ့တာ"
ကျွန်မ သူ့ကို ဖြတ်ပြောလိုက်တယ်။
"အရှင်မင်းကြီးက အမြဲဉာဏ်ကောင်းတာပဲ။အဲ့ဒါဆိုရင် အရင်ဘဝတုန်းက အဲ့နေ့မှာ ကျွန်မက ယီဖျင်လော်မှာ မရှိနေခဲ့သလို နောက်ကွယ်ကလူလည်း မဟုတ်ဘူးဆိုတာ အရှင် သိပါတယ်"
"အရင်ဘဝတုန်းက ဒီအောက်တိုဘာလမှာ ရှောင်ယန်က စစ်တိုက်ထွက်ခဲ့ပြီး ရန်သူရဲ့ လုပ်ကြံတာကို ခံရပြီး သူ့ရဲ့တည်နေရာ ပျောက်သွားခဲ့တယ်။ယန်ယွိက အန္တရာယ်တွေကို လျစ်လျှူရှုပြီး မြို့တော်ကနေ ထွက်သွားခဲ့ပေမယ့် ယဲ့မြို့မှာ ပလိပ်ရောဂါကို ရင်ဆိုင်ခဲ့ရပြီး အရှင်လတ်လတ် မီးရှို့ခံရလုနီးပါး ဖြစ်ခဲ့တယ်။ကံကောင်းစွာနဲ့ အရှင်မင်းကြီးက သူ(မ)ကို သွားကယ်ခဲ့တယ်လေ"
ကျွန်မက ဖေသုနဲ့အကြည့်ချင်းဆုံ၍ ဖြည်းဖြည်းချင်း တစ်လုံးချင်းဆီ ပြောလိုက်တယ်။
"ကျွန်မပြောတာ မှန်ရဲ့လား အရှင်မင်းကြီး"
ကျွန်မရဲ့လက်ကောက်ဝတ်ပေါ်က ဖေသုရဲ့ဆုပ်ကိုင်ထားမှုဟာ တင်းကြပ်သွားတာကို ကျွန်မ သိသိသာသာ ခံစားမိတယ်။အဲ့ဒါက မနာပေမယ့်လည်း ကျွန်မ မျက်ရည်စီးကျလာခဲ့တယ်။
ဖေသုရဲ့မျက်လုံးတွေက အားလုံးပြောပြနေတယ်: သူက အခု ကျွန်မက ကျန်းလော့ယွီ မဟုတ်ဘူးဆိုတာ သိသွားပြီ။
အရင်ဘဝတုန်းက ဖေသုက စုန့်ယန်ယွိကို တိတ်တဆိတ် ရှာဖို့အတွက် မြို့တော်ကနေ ထွက်ခွာသွားခဲ့ပြီး သူ့တာဝန်တွေ အကုန်လုံးကို စွန့်ပစ်ကာ သူ့အသက်ကိုရင်းပြီး ယဲ့မြို့ကို သွားခဲ့တယ်။
ပြီးတော့ ဒါက ကျန်းလော့ယွီအစစ် ပြန်လည်မွေးဖွားလာခဲ့ရင်တောင် သိနိုင်မယ့်အရာ မဟုတ်ပေမယ့် ကျွန်မက သိနေခဲ့တယ်။
ကျွန်မ ဒီအပိုင်းကို ဖတ်တဲ့အချိန်တုန်းက မတတ်နိုင်ဘဲ ဖေသုအတွက် ငိုခဲ့ရတယ်။ဒါပေမဲ့ အဆုံးမှာတော့ အရာအားလုံး ပေးဆပ်ခဲ့ပေမယ့် သူ စုန့်ယန်ယွိရဲ့ နှလုံးသားကို မပိုင်ဆိုင်နိုင်ခဲ့ဘူး။
အရင်ဘဝတုန်းက ဖေသုရဲ့အချစ်က တစ်ဖက်သတ်ဖြစ်ပြီး အခုဘဝမှာတော့ ကျွန်မရဲ့အချစ်က တစ်ဖက်သတ်ပင်။
သူက အရင်တုန်းကအတိုင်း ချစ်ခင်သစ္စာရှိမြဲဖြစ်ပြီး ကျွန်မအပေါ်မှာ ထားရှိတဲ့ အယောင်ဆောင်ချစ်ခြင်းမေတ္တာသာ ပါဝင်လာခဲ့တယ်။
"အဲ့ဒါဆိုရင် မင်း ဘာလို့ ဒီနေ့ ရှောင်အိမ်တော်ကို သွားတာလဲ?"
ဖေသုက ကျွန်မကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေက သံသယတွေဖြင့် ပြည့်နှက်နေတုန်းပင်။
ကျွန်မ ရယ်မောလိုက်ပြီး မျက်ရည်တွေ စီးကျလာခဲ့တယ်။
သူက ကျွန်မကို မယုံကြည်သေးဘူး.......ကျွန်မက စုန့်ယန်ယွိကို ထိခိုက်အောင် လုပ်လိမ့်မယ်လို့ သူက ထင်နေတုန်းပဲ။
"ဓားမြှောင် ပြန်ပေးပြီး သူ(မ)ကို ရှောင်ယန်ရဲ့ ရန်သူလုပ်ကြံမှုအကြောင်း သတိပေးဖို့။ယန်ယွိရဲ့ အစေခံလည်း အဲ့နေရာမှာရှိတယ်။သူ(မ) ကျွန်မအတွက် သက်သေခံပေးနိုင်တယ်"
ကျွန်မရှေ့က ဖေသုရဲ့ပုံရိပ်ဟာ ဝါးလာခဲ့ပြီး အကြောင်းပြချက် တချို့ကြောင့် ကျွန်မနှလုံးသားက စူးအောင့်နာကျင်လာခဲ့တယ်။
နေ့တိုင်း မျက်နှာချင်းဆိုင် တွေ့နေရတဲ့ ခင်ပွန်းနဲ့ဇနီးသည် ကြားထဲမှာတောင် ယုံကြည်မှု လုံးဝမရှိဘူး ဖြစ်နေခဲ့တာပဲ။
ဖေသုက နားလည်ရခက်နေပုံဖြင့်
"မင်း ငါ့ဒိုင်ယာရီကို ဖတ်ခဲ့တယ်။မင်းမှာ ငါ့ကို မေးစရာ မရှိဘူးလား"
"ရှိတယ်" ကျွန်မရဲ့ မျက်ရည်တွေကို အတင်းသုတ်လိုက်ပြီး သူနဲ့ အကြည့်ချင်းဆုံအောင် ကြည့်လိုက်တယ်။
ဖေသုကို အရမ်းနားလည်တဲ့အတွက် ကျွန်မကိုယ်ကျွန်မ မုန်းတီးမိတယ်။ဒီအခိုက်အတန့်မှာ သူ ဘယ်လိုခံစားနေရလဲဆိုတာ အတိအကျ သိနေတယ်။
သူက တည်ငြိမ်နေပုံရပေမယ့် စောနတုန်းက သူ့သံသယတွေက ပျောက်ကွယ်သွားပြီ။ဒီအခိုက်အတန့်မှာ ဖေသုက သူ အရာအားလုံးကို မြင်နိုင်တဲ့ အမူအရာ ဖော်ပြထားတယ်။
ဒါပေမဲ့ ကျွန်မ စကားပြောလိုက်တဲ့ အချိန်မှာပဲ တည်ငြိမ်မှုက ထိတ်လန့်မှုနဲ့ အကူအညီမဲ့မှုအဖြစ် ပြောင်းလဲသွားတယ်။
"အရှင်မင်းကြီး ကျွန်မတို့ ကွာရှင်းလို့ရမလား?"