ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၅)
"ကွာရှင်းမယ်?"
ဖေသုရဲ့မျက်ခုံးတွေက အနည်းငယ်ပင့်တက်သွားပြီး သူ့အသံက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟုတ်တယ်။အရှင်မင်းကြီးလည်း ကျွန်မက ကျန်းလော့ယွီ မဟုတ်ဘဲ စုန့်ယန်ယွိကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သိထားမှတော့ ကျွန်မကို အရှင့်ဘေးနားမှာ ထား,ထားစရာ မလိုတော့ဘူးလေ မဟုတ်ဘူးလား?"
ကျွန်မရဲ့ရင်ထဲမှာ မငြိမ်မသက် ဖြစ်နေပေမယ့် အပြင်ပန်းက တည်ငြိမ်မှုကို ထိန်းထားဖို့ ကြိုးစားခဲ့တယ်။
ဒိုင်ယာရီကို မြင်ခဲ့ရပြီး စုန့်ယန်ယွိအတွက် လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေကို ရင်းနှီးနေတဲ့ သူ့လက်ရေးနဲ့ ရေးထားတာ မြင်ခဲ့ပြီးမှတော့ ကျွန်မက အခြားဘာများ မေးနိုင်ဦးမှာလဲ?
သူ ကျွန်မကို ချစ်ခဲ့ရဲ့လားလို့ မေးရမှာလား? နည်းနည်းလေးတောင် ချစ်ခဲ့ရဲ့လား ဆိုပြီးတော့လေ?
ဒီနေ့ ကျွန်မရဲ့လည်ပင်းပေါ် ရောက်လာခဲ့တဲ့ ဓားက အဲ့ဒီမေးခွန်းကို ဖြေပြီးသွားပြီ။ဖေသုက ကျွန်မမှာ အခြားမေးစရာရှိသေးလားလို့ မေးခဲ့တာက ကျွန်မရဲ့နှလုံးသားကို ကြေကွဲစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုပဲ။
ဟုတ်တယ် ကျွန်မ ချစ်မိသွားခဲ့ပေမယ့် အဲ့ဒါကို မရယူနိုင်ခဲ့ဘူး။အဲ့လိုဆိုပေမယ့် ကျွန်မက ကျိုးကြောင်းမသင့်တဲ့ ဗီလိန်တစ်ယောက် မဖြစ်လာချင်ဘူး။
"ဧကရီဆိုတာ တိုင်းပြည်ရဲ့ မိခင်ပဲ။အကယ်၍ မင်းနဲ့ငါက မဆင်မခြင် ကွာရှင်းလိုက်ရင် အဲ့ဒါက အဓိပ္ပာယ်မရှိဘူးလို့ အမတ်တွေရော၊ပြည်သူတွေရော သတ်မှတ်ကြလိမ့်မယ်။ငါ့ကို မပြောနဲ့ အမတ်တွေက လုံးဝ သဘောတူမှာ မဟုတ်ဘူး"
ဖေသုက လျင်မြန်စွာပဲ တည်ငြိမ်မှု ပြန်ရသွားတယ်။
"ဒါ့အပြင် မင်းက ကွာရှင်းပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ?ကောလဟာလတွေက မင်းကို အလွတ်ပေးမယ်လို့ ထင်လို့လား?"
ဖေသုက သက်ပြင်းချလိုက်ပြီး သူက ကျွန်မရဲ့နာမည် လော့ယွီကို ခေါ်ဖို့လုပ်လိုက်ပေမယ့် တိတ်တိတ်လေး သူ့ဘာသာသူ ပြန်ပြင်လိုက်တယ်။
"ဧကရီ မင်းက အရမ်းနုံအလွန်းတယ်။ကွာရှင်းပြီးရင် ဘာဖြစ်မလဲဆိုတာ မင်း သိထားသင့်တယ်......ကျန်းမိသားစုက မင်းကို လက်ခံမှာ မဟုတ်ဘူး။မြို့တော်ထဲမှာ မင်း ဘယ်နေရာပဲ သွားပါစေ လူတွေက အတင်းအဖျင်း ပြောကြမှာပဲ။အကယ်၍ မင်း မြို့တော်ကနေ ထွက်သွားရင် ဧကရီဆိုတဲ့ ဂုဏ်ပုဒ် ဒါမှမဟုတ် ကျန်းမိသားစုရဲ့တရားဝင်သမီးဆိုတဲ့ ဂုဏ်ပုဒ် မရှိတော့တဲ့ မိန်းမတစ်ယောက်အနေနဲ့ မင်းမှာ သွားစရာ နေရာရှိမှာ မဟုတ်ဘူး"
ဖေသုက ဝုန်းဒိုင်းကြဲနေတဲ့ ကလေးတစ်ယောက်ကို ဆုံးမတဲ့ပုံစံဖြင့် ပြောနေသည်။သူက အချိန်အများစုမှာ သူနေတဲ့ပုံစံအတိုင်း တည်ငြိမ်အေးဆေးနေသည်။
သူက ဂရုမစိုက်ပေ၊အလျင်မလိုပေ၊ပြီးတော့ သေချာနေတယ်။
စကားတစ်လုံးချင်းဆီတိုင်းက အဓိပ္ပာယ်ရှိပြီး ခံစားချက်မပါပေ။
သူက ကျွန်မအတွက် ဘယ်တုန်းကမှ ခံစားချက်တွေ မရှိခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။
သူ့စကားတွေက အကြံပေးတဲ့ပုံပေါက်ပေမယ့် မျဉ်းများကြားတွင် အဲ့ဒါတွေအားလုံးက ခြိမ်းခြောက်နေတာပင်။
အမှန်ပဲ သူ့ကို ကွာရှင်းပြီးရင် ကျွန်မအတွက် ရှင်သန်ဖို့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ သူ့အတွက်ကရော? သူ့အတွက်လည်း အားနည်းချက်တွေ ရှိလာမှာ မဟုတ်ဘူးလား?
လူတွေရဲ့မျက်လုံးထဲမှာ ဖေသုနဲ့ကျွန်မက ငယ်ချစ်ဦးတွေ ဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ညီညွှတ်ကြတယ်။
မှူးမတ်တွေအတွက် ကျွန်မက မောင်းမဆောင်ကို အပြစ်ပြောစရာမရှိအောင် စီမံခန့်ခွဲနိုင်ပြီး ကျွန်မရဲ့ အပြုအမူ အနေအထိုင်တွေမှာ လုံးဝ အမှားအယွင်းမရှိတဲ့ အရည်အချင်းရှိပြီး သင့်တော်တဲ့ ဧကရီတစ်ပါးပင်။
အကယ်၍ ဧကရာဇ်နဲ့ဧကရီသာ ကွာရှင်းခဲ့ရင် ၎င်းက ထင်ကြေးများစွာကို နှိုးဆွပေးနိုင်မှာဖြစ်ပြီး အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ဖေသုရဲ့ ပုံရိပ်ဟာ ပြည်သူတွေကြားထဲမှာ ပျက်ဆီးသွားနိုင်သည်။
ပိုပြီးတော့ အရေးကြီးတာကတော့ ၎င်းက နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ တော်ဝင်ရုံးတော်နဲ့ မောင်းမဆောင်ရဲ့ကြားထဲက ဟန်ချက်ညီမှုကို ပြိုကွဲစေနိုင်သည်။
ဧကရီရာထူးလစ်ဟပ်နေသဖြင့် အမတ်တွေက သံသယမရှိအောင်ကိုဘဲ မောင်းမဆောင်ကို ကိုယ်လုပ်တော်များ ဖြည့်သွင်းဖို့ အခွင့်အရေးကို ရယူကြတော့မှာ ဖြစ်သည်။
ဖေသုက ထိန်းချုပ်ခံရတာကို မကြိုက်ဘဲ ကျွန်မက သူ့အတွက် အခြားမိန်းမတွေကို ရင်ဆိုင်ဖို့ ဒိုင်းကာတစ်ခု ဖြစ်တယ်။
"နန်းတော်ထဲမှာ မင်း ဇိမ်ကျကျနေရတယ်၊ပြီးတော့ ဗလာဖြစ်နေတဲ့ မောင်းမဆောင်နဲ့ ပြဿနာတွေ လျှို့ဝှက်ကြံစည်တာတွေကို မင်း စိတ်ပူဖို့ မလိုအပ်ဘူး။ငါ့မယ်တော်က အစောကြီးထဲက ကွယ်လွန်သွားတာကြောင့် မင်းအနေနဲ့ ကြောက်ရွံ့ရမယ့် ဧကရီမယ်တော်ကြီးဆိုတာလည်း မရှိဘူး။ရုံးတော်ကလည်း မင်းနဲ့ပတ်သက်ပြီး ဘာမှ မကျေနပ်တာ မရှိဘူး..........."
ဖေသုက ကျွန်မ တိတ်နေတာကို မြင်တော့ ဆက်ပြောလာတယ်
"ငါ မင်းကို အမြဲတမ်း ဆက်ဆံခဲ့တဲ့ပုံစံအတိုင်းပဲ ရှိနေမှာ"
သူက ကျွန်မရဲ့လက်ကို ဆုပ်ကိုင်ပြီး မရေတွက်နိုင်တဲ့ ရင်းနှီးတဲ့ညတွေလိုမျိုးပဲ သူ့လက်ချောင်းတွေနဲ့ကျွန်မလက်ချောင်းတွေကို ရောယှက်လိုက်တယ်။
၎င်းက နှစ်ဖက်လုံးက သဘောတူညီမှုမရှိတာကြောင့် အစုရှယ်ယာတွေ ထပ်ထည့်နေတဲ့ စေ့စပ်ညှိနှိုင်းတဲ့ပွဲလိုပဲ။
ကျွန်မရဲ့လက်ကို အမြန်ပြန်ရုတ်လိုက်တယ်။ကျွန်မ ဒိုင်ယာရီကို ပထမဆုံး မြင်တဲ့အချိန်တုန်းက ဖေသုရဲ့စကားတွေက အနည်းငယ်တော့ ရိုးသားစစ်မှန်မှု ရှိလိမ့်မယ်လို့ ကျွန်မ ယုံကြည်ခဲ့နိုင်တယ်။
ဒါပေမဲ့ အခုတော့ ကျွန်မရှေ့က ယောကျာ်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး။
ကျွန်မက ဖေသုကို တော်ဝင်မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုတွေကြောင့် လက်ထပ်ခဲ့တာ မဟုတ်သလို အာဏာအတွက် လက်ထပ်ခဲ့တာလည်း မဟုတ်ဘူး။ကျွန်မ သူ့ကို လက်ထပ်ခဲ့တာက စစ်မှန်တဲ့အချစ်နဲ့ တကယ်ချစ်ခဲ့တဲ့အတွက်ကြောင့်ပဲ။
ဇာတ်ကြောင်းက ရှောင်ယန်နဲ့စုန့်ယန်ယွိအပေါ်မှာသာ အာရုံစိုက်ထားတယ်။အထက်လူကြီးတွေက ဖေသုရဲ့စိတ်ခံစားချက်အပြောင်းအလဲလိုမျိုး ကိစ္စတွေအတွက် သူတို့ကိုယ်တိုင် ဂရုစိုက်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ကျွန်မ ဖေသုကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့မှာ ကျွန်မရဲ့အထက်လူကြီးက ကျွန်မကို အလေးအနက်ထားပြီး အကြံပေးခဲ့တယ်။
"ဖေသုကို လက်ထပ်တာက သူ့အာဏာကို အသုံးချပြီး ဇာတ်ကြောင်းကို ကူညီဖို့အတွက်ဆိုရင် မင်း မှန်တယ်။ ဒါပေမဲ့ မင်းက ဒီနေရာမှာ အမှန်တကယ် နေချင်တာဆိုရင်တော့ ဒီဆက်ဆံရေးကို မင်း ပြန်စဉ်းစားသင့်တယ်လို့ ငါ မျှော်လင့်တယ်"
"မစ်ရှင်ဆောင်ရွက်ကြတဲ့သူတော်တော်များများက မတတ်နိုင်ဘဲ ခံစားချက်တွေ တိုးလာကြတယ်။ဒါပေမဲ့ စိတ်အားထက်သန်မှုက သူတို့ကို မတူညီတဲ့ခေတ်က အယူဝါဒတွေကို လျစ်လျှူရှုသွားစေပြီး ဇာတ်ကောင်တွေရဲ့ မူရင်းသဘာဝကို လျစ်လျှူရှုမိတဲ့ဆီ ဦးတည်သွားနိုင်တယ်"
ဒီစကားတွေက ကျွန်မရဲ့နားထဲမှာ ပြန်ပြီး ပဲ့တင်ထပ်လာတယ်။ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ကျွန်မက ခေါင်းမာစွာနဲ့ ဇွတ်တိုးလုပ်ခဲ့တယ်။
"အဲ့လိုလား?....."
ကျွန်မရဲ့မျက်ရည်တွေကို ခက်ခက်ခဲခဲ ကြိုးစားပြီးတော့ ထိန်းထားရတယ်။
"ဒါပေမဲ့လေ အရှင်မင်းကြီး.......ဒီလောက်အများကြီး ပြောပြီးသွားတာတောင် အရှင်က ကျွန်မရဲ့နာမည်ကို မမေးရသေးဘူးနော်"