no

Font
Theme

ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်

အပိုင်း(၈)

အမှန်တော့ ကျန့်အန်းရဲ့ နှစ်ဆယ့်ငါးနှစ်မြောက် နိုဝင်ဘာလ(၅)ရက်မှာ ကျွန်မ လိုက်ဖမ်းခံနေရတဲ့ ဖေသုနဲ့ တွေ့ဆုံခဲ့တယ်။သူက သူ့ရဲ့မျက်လုံးထဲက အဆိပ်ကြောင့် ယာယီမျက်စိကန်းနေခဲ့တယ်

ဒါပေမဲ့ အဲ့ဒီနေ့တုန်းက ကျွန်မက ဖေသုကို ရှာဖို့အတွက် တောင်ပေါ်ကို သွားခဲ့တာ မဟုတ်ဘူး။ဇာတ်လမ်းထဲက ဇာတ်ဆောင်တွေနဲ့ပတ်သက်တဲ့ ဇာတ်ကြောင်းလွဲမှားမှုတစ်ခု ဖြစ်သွားတယ်လို့ အသိပေးချက်ရခဲ့တယ်။

အဲ့ဒီအချိန်တုန်းက ကျွန်မက ဇာတ်ဆောင်တွေအပေါ်မှာပဲ အာရုံစိုက်ထားခဲ့တာကြောင့် ဖေသုရဲ့ အလျင်အမြန် ထွက်ပေါ်လာမှုက မူမမှန်တာကို သတိမပြုမိခဲ့ဘူး။

မူရင်းဇာတ်ကြောင်းထဲမှာ အရင်အိမ်ရှေ့စံမင်းသားရဲ့ ဖေသုအပေါ် လုပ်ကြံမှုက ကျန့်အန်း နှစ်ဆယ့်ငါးနှစ်မြောက်မှာ မဖြစ်ခဲ့သလို နှင်းတောင်ထဲမှာလည်း မဖြစ်ခဲ့ဘူး။

အဲ့ဒီနေ့တုန်းက ကျွန်မရဲ့မစ်ရှင်က စုန့်ယန်ယွိနဲ့ရှောင်ယန်ကို နှင်းတောထဲကနေ ထွက်နိုင်အောင် ကူညီဖို့ပဲ။မဟုတ်ရင် ဇာတ်လမ်းက နှစ်ယောက်လုံးသေသွားတဲ့ အဆုံးသတ် ဖြစ်သွားနိုင်တယ်။

ကျွန်မက စစ်သည်တွေရဲ့ချီတက်လှည့်လည်တဲ့ လမ်းတစ်လျှောက်မှာ အမှတ်အသားတွေ ချန်ထားခဲ့ပြီး သူတို့ကို စုန့်ယန်ယွိနဲ့ရှောင်ယန်ဆီသို့ လျှို့ဝှက်လမ်းညွှန်ပေးခဲ့တယ်။

အဲ့ဒီနောက် ကျွန်မက တောင်အောက်ဆင်းဖို့ နောက်ထပ်လမ်းတစ်လမ်းကို ရွေးချယ်ခဲ့တယ်။ကျွန်မရဲ့ရောက်ရှိနေခြင်းက ရှင်းမပြနိုင်တာကြောင့် ကျွန်မ သူတို့ကိုရှောင်ဖို့ အကောင်းဆုံးလုပ်ခဲ့တယ်။

ကျွန်မတစ်ယောက်တည်းဆိုရင် အန္တရာယ်ကင်းကင်းနဲ့ ဆင်းသွားနိုင်ခဲ့ပေမယ့် ယီဖျင်လော်မှာ ကျွန်မကို ကယ်တင်ခဲ့ပြီး ကျွန်မအတွက် ရောက်လာတယ်လို့ ယုံကြည်အောင် လှည့်စားခဲ့တဲ့ ဖေသုနဲ့ ဆုံခဲ့တယ်။

‌သွေးတွေထွက်နေတဲ့ဖေသုကို တွဲထားပြီးတော့ ထွက်သွားရတာက မလွယ်ကူခဲ့ဘူး။ရှေ့မှာက နှင်းတွေကျနေပြီး နောက်မှာက လိုက်ဖမ်းနေသူတွေ ရှိနေခဲ့တယ်။

သူက ကျွန်မထက်ပိုပြီးအများကြီး အရပ်ရှည်တာကြောင့် သူ့ကို တွဲထားရင်းနဲ့ တောင်အောက်ဆင်းတဲ့အခါ ခြေလှမ်းတစ်ခုချင်းဆီတိုင်းက နှင်းတွေထဲကို နက်နက်ရှိုင်းရှိုင်း ဖိနင်းရတယ်။

နှင်းတွေက ကျွန်မရဲ့ဒူးခေါင်းတွေအထိ ရောက်ရှိပြီးတော့ အေးစက်မှုက အရိုးထဲအထိ ဖောက်ဝင်သွားခဲ့ပြီး ကျွန်မအစ်ကိုပြောတဲ့ ရောဂါဟောင်းက ဆောင်းရာသီတိုင်း ပြန်ဖြစ်နေစေခဲ့တယ်။

ဖေသုကတော့ အဆိပ်ကြောင့် အဖျားကြီးပြီး တစ်ချိန်လုံး သတိလစ်နေခဲ့တယ်။

အဲ့ဒီအချိန်တုန်းက ကျွန်မ စိတ်အေးသွားခဲ့တယ်။အထက်တန်းလွှာမိန်းမပျိုတစ်ဦးအနေနဲ့ မြို့တော်နဲ့ဝေးတဲ့နေရာမှာ ကျွန်မရှိနေတာကို ဖေသုကို ရှင်းပြဖို့ ခက်ခဲလိမ့်မယ်။

ဒါ့အပြင် ကျွန်မက ဖေသုကို ကျွန်မနဲ့ပတ်သက်ပြီး သံသယတွေ မရှိစေချင်ခဲ့ဘူး။

အခုချိန်မှာတော့ ဒီအကြောင်းကို သူ့ကိုပြောပြတာက အနာဟောင်းကို ဆွလိုက်တာနဲ့ အတူတူပဲ။

ကျန်းဟွိုက်ကျီးက ကျွန်မ ဖေသုကို ကယ်ခဲ့တဲ့အကြောင်း ဘယ်လိုရှာတွေ့သွားတာလဲဆိုတာ ကျွန်မ မသိဘူး။ကျွန်မ ဖေသုကို အရင်ကထက်ပိုစောပြီးတော့ ချစ်မိသွားတာကို သူ သတိထားမိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

"ညီမရဲ့ခြေထောက်ရောဂါဟောင်းက နှင်းထဲမှာ အကြာကြီး ကစားခဲ့လို့ပါ။အဲ့ဒီတုန်းက အစ်ကိုဆူတာမခံရအောင် လိမ်ခဲ့တာ။အစ်ကိုတော် ကျေးဇူးပြုပြီး ပြဿနာထပ်မရှာပါနဲ့တော့"

ကျွန်မက ကျန်းဟွိုက်ကျီးကို အမြန်ဆွဲခေါ်သွားပြီး ကျွန်မတို့ ထွက်သွားတဲ့အချိန်မှာ ဖေသုကို အရိုအသေပြုဖို့ မမေ့ခဲ့ဘူး။

"ကျွန်မရဲ့အစ်ကိုတော်က ကျွန်မကို စိုးရိမ်တဲ့အတွက်ကြောင့် စိတ်လိုက်မာန်ပါ လုပ်ခဲ့တာပါ။ကျေးဇူးပြုပြီးတော့ အရှင်မင်းကြီး သူ့ကို အပြစ်မတင်ပါနဲ့။အကယ်၍ အပြစ်ပေးဖို့ လိုအပ်တယ်ဆိုရင် အဲ့ဒါ ကျွန်မကို ပေးလိုက်ပါ"

ကျွန်မ အလျင်စလို ပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ ဖေသုရဲ့မျက်မှောင်ကြုတ်ထားတာကို တွေ့လိုက်ရတယ်။အဲ့ဒါက စိတ်ရှုပ်တာပဲဖြစ်ဖြစ် ရွံရှာတာပဲဖြစ်ဖြစ် ကျွန်မကတော့ ဘာမှခန့်မှန်းဖို့ ဂရုမစိုက်တော့ဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment