ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၁၄)
ရှန့်ကုန်းကွေ့တွင် လက်အောက်ငယ်သား အများကြီး မရှိပေ။ဒါကြောင့် ကျွန်မနဲ့စုန့်ယန်ယွိက အစောင့်တွေ တာဝန်အလှည့်အပြောင်းလုပ်တဲ့အချိန်ကို အခွင့်အရေးယူကာ ကျွန်မတို့ကို ထားထားတဲ့ အိမ်ငယ်လေးကနေ ထွက်ပြေးကြသည်။
မင်းသားကျောက်အိမ်တော်က နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတာဖြစ်ပြီး ထွက်ပေါက်လမ်းကို ကျွန်မတို့ နှစ်ယောက်လုံး မသိကြပေ။
ပေါ့ပါးတဲ့ခြေလှမ်းကွက်ကို ကျွမ်းကျင်တဲ့ စုန့်ယန်ယွိက ကျွန်မကို သယ်ပြီးတော့ အိမ်ရဲ့အပြင်အဆင်ကိုကြည့်ရန် အိမ်ခေါင်မိုးပေါ် တက်သွားသည်။
ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်လုံးက ဒဏ်ရာရထားကြပြီး အိမ်တော်ရဲ့ခေါင်မိုးချပ်တွေက လျော့ရဲနေသည်။ကျွန်မတို့ လှုပ်ရှားလိုက်တာနဲ့ ခေါင်မိုးချပ်တွေက ကျယ်လောင်တဲ့အသံဖြင့် အက်ကွဲသွားပြီး ကျွန်မတို့ ညနက်နက်မှာ ဖော်ထုတ်လိုက်သည်။
ကျွန်မတို့ ထိတ်လန့်တကြားနဲ့ ဖြစ်ကတတ်ဆန်း ထွက်ပြေးကြတော့တယ်။
ရှန့်ကုန်းကွေ့နဲ့ ယခင်မင်းဆက်က အခြားအကြွင်းအကျန်များက စုန့်ယန်ယွိလိုပဲ အရည်အချင်း ရှိကြသည်။ကျွန်မက သူမကို ကျွန်မဖိနပ်ထဲမှာ ဖွက်ထားတဲ့ မီးခိုးဗုံးကို ပေးလိုက်တယ်။
ကျွန်မက လက်နက်ဌာနကို အဲ့ဒါလုပ်ပေးဖို့ ဖေသုကို အကြံပြုခဲ့ပြီး ဒီနေ့ ကျွန်မရဲ့ အဝတ်အစားတွေထဲမှာ အဲ့ဒါကို ဖွက်ထားတာ ဖြစ်သည်။
ကံကောင်းစွာဖြင့် ရှန့်ကုန်းကွေ့က ကျွန်မရဲ့ ရှုပ်ထွေးတဲ့အပြင်ဝတ်ရုံကိုသာ လဲလှယ်ခဲ့ပြီး အတွင်းဝတ်ကို မထိပဲ ထားခဲ့သည်။
"ငါတို့ လူခွဲသွားသင့်တယ်။နင် လုံလောက်တဲ့ အကွာအဝေးကို ရောက်ပြီဆိုတာနဲ့ ဒါကို ဖောက်လိုက်။ရှောင်ယန်နဲ့ဖေသုက ငါတို့ကို ရှာနေလောက်တယ်။အဲ့ဒါကို မြင်ရင် ဖေသု သဘောပေါက်လိမ့်မယ်"
"နင်ကရော ဘယ်လိုလုပ်မလဲ"
စုန့်ယန်ယွိက ကျွန်မရဲ့အင်္ကျီလက်ကို ဆွဲထားတယ်။
"ငါ့ကိုကယ်ဖို့ နင် သူတို့ကို ပြန်ခေါ်လာတာကို ဒီနေရာမှာ စောင့်နေမယ်"
ကျွန်မက သူမရဲ့လက်ချောင်းတွေကို ဖယ်ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလိုက်တယ်။
ကျွန်မတို့ ခွဲခွာပြီးတဲ့နောက် မျှော်လင့်ထားခဲ့သလိုပဲ ရှန့်ကုန်းကွေ့က ကျွန်မကို စုန့်ယန်ယွိအဖြစ် အထင်မှားပြီး သူမရဲ့လူတွေအများစုကို ကျွန်မနောက် စေလွှတ်ခဲ့တယ်။
ပထမတော့ ကျွန်မ သူတို့ကို နှောင့်နှေးအောင် အချိန်ဆွဲထားနိုင်ခဲ့တယ်။
ဒါပေမဲ့ သွေးထွက်လွန်ပြီးတော့ အလွန်အကျွံ သွေးဆုံးရှုံးထားမှုကြောင့် ကျွန်မ တဖြည်းဖြည်း အားနည်းလာပြီး နှေးလာခဲ့တယ်။
အလင်းတန်းတစ်ခုက ကောင်းကင်မှာ ပေါက်ကွဲထွက်လာပြီး မှောင်မိုက်တဲ့ညမှာ တောက်ပတဲ့ မီးရှူးမီးပန်းများအဖြစ် ထွက်ပေါ်လာသည်။
ကျွန်မ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်........စုန့်ယန်ယွိက အခုဆို အန္တရာယ်ကင်းသွားပြီ။
ဒါပေမဲ့ ရှန့်ကုန်းကွေ့နဲ့သူမရဲ့လူတွေက ကျွန်မနောက်ကို မရပ်မနား လိုက်နေဆဲဖြစ်ပြီး ကုန်လွန်နေတဲ့အချိန်မှာ ကျွန်မရဲ့ ခွန်အားတွေက တဖြည်းဖြည်း ယုတ်လျော့လာတာကို ခံစားမိတယ်။
မြှားတွေ ကျွန်မဆီကို ပျံသန်းလာတဲ့အသံတွေကို ကြားပေမယ့်လည်း ကျွန်မ သူတို့ကိုကျောအောင် မပြေးနိုင်တော့ဘူး။
မြှားတစ်ချောင်း ကျွန်မရဲ့ရင်ဘတ်ကို စိုက်ဝင်သွားတဲ့ အချိန်မှာပဲ ကျွန်မကို သန်မာတဲ့လက်တစ်စုံက ဖမ်းယူလိုက်တာကို ခံစားမိပြီး နွေးထွေးတဲ့ရင်ခွင်ထဲကို လဲကျသွားခဲ့တယ်။
ရင်းနှီးပေမယ့် သိပ်မရင်းနှီးဘူး.........
ကျွန်မ မော့ကြည့်လိုက်ပြီး ဖေသုကို တွေ့လိုက်ရတယ်။
ကျွန်မ ဖေသု ငိုတာကို မြင်ခဲတယ်။သူ့ခံစားချက်တွေက အမြဲတမ်း တည်ငြိမ်တယ်။ဒါပေမဲ့ အခု မျက်ရည်တွေက သူ့မျက်လုံးတွေကနေ စီးကျနေပြီး ကျွန်မရဲ့လက်ဖမိုးပေါ်ကို ရွှဲနစ်နေစေခဲ့တယ်။
"အရှင်......မင်းကြီး"
ကျွန်မရဲ့လည်ချောင်းထဲကနေ သွေးတွေဆို့တက်လာလို့ အသံတိုးတိုးလေးနဲ့ မနည်းပြောလိုက်ရတယ်။
"ယန်ယွိ........သူ(မ).........အန္တရာယ်.........ကင်း....ရဲ့လား"
"သူ(မ)ဘေးကင်းတယ်။ မင်းရော အဆင်ပြေရဲ့လား?"
ကျွန်မက သွေးတွေကို မျိုချလိုက်ပြီး အားတင်းကာ ပြုံးလိုက်တယ်။
"ကျွန်မ......အရမ်း......ပင်ပန်းနေပြီ။ကျွန်မ...........အိပ်ချင်တယ်......."
ဖေသုရဲ့စစ်သည်တွေက ကျွန်မတို့ကို ကျော်ဖြတ်ကာ ရှန့်ကုန်းကွေ့နဲ့သူမရဲ့လူတွေကို တိုက်ခိုက်ကြသည်။ဓားသံတွေ ဆူညံနေတဲ့ကြားထဲမှာ သူ့မျက်လုံးတွေက ကျွန်မသွေးတွေနဲ့ ရဲရဲနီနေတာကို မြင်လိုက်ရတယ်။