ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၁၅) ဇာတ်သိမ်းပိုင်း
ကျွန်မရဲ့မျက်လုံးတွေ နောက်တစ်ကြိမ် ပြန်ပွင့်လာတဲ့အချိန် ကျွန်မက ဓာတ်ခွဲခန်းထဲမှာ ရှိနေတယ်။
အပေါ်ကနေ စိတ်ချရတဲ့ အသံတစ်ခုက
"ကျွမ်းချင် မင်းရဲ့မစ်ရှင် ပြီးမြောက်အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ဆုကြေးငွေကို မင်းရဲ့အကောင့်ထဲမှာ စာရင်းသွင်းပြီးသွားပြီ။ဒီနေ့ကနေစပြီး မင်း တရားဝင်အနားယူနိုင်ပြီ"
လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကျွန်မကို စာအုပ်တစ်အုပ် ပေးလာခဲ့တယ်။ခေါင်းစဉ်က အတူတူပဲဆိုပေမယ့် ၎င်းက ခွေးသွေးဝတ္ထုကနေ ချိုမြိန်တဲ့ရင်ခုန်စရာဇာတ်လမ်းအဖြစ် ပြောင်းလဲသွားပြီ။
စာအုပ်ထဲမှာ ကျွန်မ ရှောင်ယန်နဲ့စုန့်ယန်ယွိအတွက် ဇာတ်သိမ်းကို မြင်ခဲ့တယ်။သူတို့က နောက်ထပ် ကလေးတစ်ယောက်ရသွားပြီး သမီးလေးဖြစ်ကာ ရှောင်နျန့်ချင်*လို့ အမည်ပေးခဲ့တယ်။
(Nian Qing(念晴) 'ကျွမ်းချင်ကို လွမ်းဆွတ်သတိရခြင်း' ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး MCရဲ့ နာမည်အစစ်က ကျွမ်းချင် ဖြစ်ပါတယ်)
နှစ်တိုင်း အဲ့ဒီနေ့မှာ သူတို့က ကျန့်အာနဲ့နျန့်ချင်ကို ခေါ်ပြီးတော့ ကျွန်မဆီ လာကြတယ်။
စကားမစပ် စာအုပ်ထဲမှာ ရှောင်ယန်နဲ့ကျန်းဟွိုက်ကျီးတို့ အတူတူ ပူးပေါင်းပြီး ကျွန်မကို နန်းချပေးဖို့နဲ့ တော်ဝင်သင်္ချိုင်းမှာ မြှုပ်နှံခွင့်မရအောင် ဖေသုဆီ လျှောက်ထားခဲ့တယ်လို့ ဖော်ပြထားတယ်။
ယန်ယွိက ဒါဟာ ကျွန်မလိုချင်ခဲ့တဲ့ နားခိုရာနေရာလို့ ပြောခဲ့တယ်။
သူမက ကျွန်မကို အမြဲတမ်း အသိဆုံးပဲ။
စာအုပ်ရဲ့နောက်ဆုံးအပိုင်းက ဖေသုရဲ့နိဂုံးအကြောင်း ဖြစ်ပေမယ့် ကျွန်မ အဲ့ဒါကို မဖတ်ပဲ စာအုပ်ကို ပိတ်ချလိုက်တယ်။
"အဲ့ဒါကို မဖတ်တော့ဘူးလား?"
ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က မေးလာတယ်။
ကျွန်မက ခေါင်းရမ်းလိုက်ပြီး "ဟင့်အင်း။အခု အဲ့ဒါက ငါနဲ့ ဘာမှမဆိုင်တော့ဘူး"
အဲ့ဒါက ဖေသု အချစ်သစ်တွေ့သွားတဲ့အကြောင်း ဒါမှမဟုတ် ကျွန်မကို တစ်သက်လုံး ဝမ်းနည်းပူဆွေးရင်း ကျန်ရှိတဲ့ဘဝကို ကုန်ဆုံးသွားတဲ့အကြောင်း အသေးစိတ်ဖော်ပြထားတာတွေ ဖြစ်နိုင်တယ်။ဒါပေမဲ့ အဲ့ဒါတွေ ဘယ်တစ်ခုကမှ အရေးမပါတော့ဘူး။
ကျွန်မ စုန့်ယန်ယွိကို အဆုံးမှာ ပြောခဲ့သလိုပဲ ကျွန်မ ဖေသုနဲ့ပတ်သက်ပြီး ဂရုမစိုက်တော့ဘူး။ကျွန်မ ဂရုစိုက်တာက သူမပဲ။သူမက ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ပြီး ကျွန်မရဲ့ ကူးပြောင်းလာခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကို အတူတူ ဖြတ်သန်းခဲ့တဲ့သူ ဖြစ်ဝာယ်။
ဒီကမ္ဘာမှာ ကျွန်မ စိုးရိမ်မှုကင်းတဲ့ ဘဝကို ရရှိပြီးတော့ ဆုကြေးငွေတွေနဲ့ ဂုဏ်ရှိရှိ အနားယူနိုင်ခဲ့တယ်။ကျွန်မက ဘာလို့ မစ်ရှင်က အခန်းတစ်ခန်းက ကျွန်မရဲ့အေးချမ်းနေတဲ့စိတ်ကို ထိခိုက်ခွင့်ပြုရမှာလဲ?
အဲ့ဒီကမ္ဘာက အရာအားလုံးက ကျွန်မအတွက် ပြီးဆုံးသွားပြီ။ဒါပေမဲ့ ဒီကမ္ဘာမှာ ကျွန်မဘဝကတော့ ခရီးရှည်ကြီး ကျန်နေသေးတယ်။
အတိတ်မှာ နစ်မြောမနေဘဲ ရှေ့ဆက်ပြီး လှုပ်ရှားတာက ပိုကောင်းတယ်။
(ပင်မဇာတ်လမ်း ဇာတ်သိမ်းပါပြီ)