ကြင်နာတတ်တဲ့ ဒုတိယဇာတ်လိုက် ပြန်လည်မွေးဖွားလာပြီးနောက်
အပိုင်း(၁၃)
ခြေသံတွေ အဝေးရောက်သွားတဲ့အသံကို ကြားပြီးတော့မှ ကျွန်မ နောက်ဆုံးတော့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တယ်။
ရှန့်ကုန်းကွေ့က ဘာမှမပြောပေမယ့်လည်း သူမက နန်းတော်ထဲက အချက်အလက်များစွာကို သိထားပြီး ကျွန်မရဲ့စကားတွေက သူမကို သွေးဆောင်နိုင်တယ်။
အိမ်က ပျက်စီးနေပြီဖြစ်ပြီး ကျွန်မက ပရိဘောဂအကျိုးတွေကို အသုံးပြုကာ ကျွန်မလက်ကကြိုးကို ဖြည်ဖို့ ကြိုးစားတယ်။
ကြမ်းတမ်းတဲ့လျှော်ကြိုးက ကျွန်မရဲ့လက်ကောက်ဝတ်ကို ဖြတ်သွားပြီး သွေးထွက်ကာ ဒဏ်ရာဖြစ်စေပေမယ့် ကျွန်မ အဲ့ဒါကို မစိုးရိမ်ဘူး။
ကျွန်မ စုန့်ယန်ယွိကို ကယ်ရမယ်။
ကျွန်မ လွတ်သွားတာနဲ့ ကျွန်မက စုန့်ယန်ယွိကို အမြန်ကြိုးဖြည်ပေးလိုက်တယ်။
"လော့ယွီ ငါ့ကို ယုံပါ။ငါ ဘယ်တုန်းကမှ......."
"နင် ဘယ်တုန်းကမှ ဖေသုအတွက် ခံစားချက်တွေ မရှိခဲ့ဘူး။ ငါ သိတယ်"
အဲ့ဒါက အမြဲတမ်း ဖေသုရဲ့တစ်ဖက်သတ်အချစ်သာ ဖြစ်နေခဲ့ပြီး ကျွန်မ အဲ့ဒါကို ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်။
ကျွန်မက စုန့်ယန်ယွိရဲ့ အံ့အားသင့်နေတဲ့အကြည့်ကို ကြည့်ပြီး ပြောလိုက်တယ်။
"ငါ စောနတုန်းက ပြောလိုက်တာက နင့်ကို ကယ်ဖို့ပဲ။ဖေသုရဲ့စိတ်ထဲမှာ ဘယ်သူရှိနေလဲဆိုတာကို ငါ ဂရုမစိုက်ဘူး"
စုန့်ယန်ယွိက ကျွန်မရဲ့စကားတွေကို ကြားတော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး
"အဲ့ဒါကောင်းတယ်။ညကျရင် သူတို့တွေ ပင်ပန်းပြီး သတိမရှိတဲ့အချိန်ကျ ငါတို့ ထွက်ပြေးကြမယ်"
ကျွန်မ ခေါင်းညိတ်လိုက်တယ်။
"အဲ့ဒါမတိုင်ခင် ငါနဲ့ အဝတ်ချင်းလဲလိုက်"
ကျွန်မက စတင်ပြီးတော့ အဝတ်ချွတ်လိုက်တယ်။
စုန့်ယန်ယွိက ကျွန်မရဲ့အစီအစဉ်ကို သဘောပေါက်သွားပုံရပြီး အပြင်းအထန် ခေါင်းရမ်းတော့တယ်။
"လော့ယွီ ငါတို့အတူတူထွက်သွားသင့်တယ်။နင် စီစဉ်နေတာက အရမ်းအန္တရာယ်များလွန်းတယ်!"
"နင်က ရှန့်ကုန်းကွေ့ကို ရှောင်ယန်နဲ့ဖေသုက ငါနဲ့ပတ်သက်ပြီး ဂရုအစိုက်ဆုံးဆိုတာ ယုံကြည်အောင်လုပ်ပြီး ငါ့အဝတ်တွေဝတ်ပြီး သူတို့ရဲ့အာရုံကိုပြောင်းအောင် လုပ်နေတာ။နင် ဒါကို လုပ်တာက အသတ်ခံရနိုင်တယ်!"
သူမက ကျွန်မရဲ့လက်ကို ဆွဲယူဖို့ ကြိုးစားပေမယ့် ဒဏ်ရာတွေကို စိုးရိမ်တာကြောင့် လက်ပြန်ရုပ်သွားတယ်။
"အဲ့ဒါက ငါတို့နှစ်ယောက်လုံး သေတာထက် ပိုကောင်းတယ်။နင် အရင် ထွက်သွားပြီးတော့ ဖေသုကို ငါ့ဆီ လာကယ်ခိုင်းလိုက်။အဲ့နည်းနဲ့ဆိုရင် ငါတို့နှစ်ယောက်လုံး အသက်ရှင်ပြီ"
"လော့ယွီ ဖေသုက နင်နဲ့ပတ်သက်ပြီး ဂရုစိုက်ပါတယ်။နင် ငါ့အတွက် ဒီလောက်အထိ လုပ်ပေးဖို့ မလိုဘူး"
စုန့်ယန်ယွိက ငြင်းဆန်နေသည်။
"ယန်ယွိ" ကျွန်မက သူမရဲ့လက်ကို ယူလိုက်ပြီး
"ငါ နင့်ကို ပြောပြီးပြီလေ။ဖေသုရဲ့ ခံစားချက်တွေက ငါ့အတွက် အရေးမပါဘူး။ငါက နင့်ကို ဂရုစိုက်တယ်။ငါ ဒီနေရာကို ရောက်လာတာ နင့်ကို ကယ်ဖို့ပဲ။နင် အသက်ဆယ့်နှစ်နှစ်တုန်းက ရေထဲပြုတ်ကျတဲ့အချိန်ကို မှတ်မိသေးလား?တစ်ယောက်ယောက်က နင့်ကို ကယ်ပြီးတော့ အရှက်မကွဲအောင် ကူညီခဲ့တယ်လေ။ပြီးတော့ အမွှေးအိတ်.......အဲ့ထဲမှာ မြွေတွေ၊အင်းဆက်တွေကို တွန်းလှန်နိုင်တဲ့ ဆေးဘက်ဝင်အပင်တွေပါတာ တိုက်ဆိုင်တာလို့ နင် ထင်နေတာလား?ပြီးတော့ နင်နဲ့ရှောင်ယန် နှင်းတောင်တွေထဲမှာ လမ်းပျောက်သွားတဲ့နှစ်တုန်းက စစ်သည်တွေက နင်တို့ရဲ့ ပြုတ်ကျကျန်နေခဲ့တဲ့ ပစ္စည်းတွေကနေ နင်တို့ကို ရှာတွေ့ခဲ့တယ်လေ။အဲ့ဒါက အမှန်တကယ်ပဲ ကံကောင်းတာလို့ နင် ယုံလား?"
ကျွန်မက စုန့်ယန်ယွိကို ဒီနှစ်တွေတစ်လျှောက်လုံး သူမအတွက် ကျွန်မလုပ်ပေးခဲ့တဲ့အရာတွေကို ပြောပြလိုက်တယ်။အဲ့ဒါကို နားထောင်ပြီးတဲ့နောက် သူမက အချိန်တော်ကြာတဲ့အထိ ထိတ်လန့်အံ့ဩမှုကနေ မသက်သာပေ။
"တစ်လျှောက်လုံး နင် ဖြစ်နေခဲ့တာလား"
"ဟုတ်တယ် အဲ့ဒါငါပဲ။ကျန်းလော့ယွီအစစ်က သေသွားတာ ကြာပြီ။ငါက နင့်ကို ကယ်ဖို့အတွက် ဒီနေရာကို အထူးသီးသန့်ရောက်လာတာ။အကယ်၍ နင် သေသွားခဲ့ရင် ငါ လုပ်ပေးခဲ့တဲ့ အရာအားလုံးက အလကားဖြစ်သွားလိမ့်မယ်"
"ဒါပေမဲ့ ငါက နင် ဒီအတိုင်း သေသွားမှာကို ကြည့်မနေနိုင်ဘူးလေ။နင်က ငါ့အတွက် အများကြီး လုပ်ပေးခဲ့တယ်။ဒီတစ်ခေါက်က ငါ့အလှည့်ဖြစ်လို့ မရဘူးလား"
စုန့်ယန်ယွိက သူမခေါင်းကို ရမ်းလိုက်ပြီး မျက်ရည်တွေဟာ သူမမျက်နှာထက်တွင် စီးကျလာသည်။
"အရူးမလေး တကယ်လို့ ငါ သေသွားရင် ငါလာခဲ့တဲ့နေရာကို ပြန်သွားရမှာ။နင် အသက်ရှင်နေသရွေ့ ငါ အိမ်ပြန်နိုင်တယ်"
ကျွန်မက သူမရဲ့မျက်ရည်တွေကို ညင်သာစွာ သုတ်ပေးလိုက်တယ်။
"တကယ်လား?"
"တကယ်။ငါက ဒီကမ္ဘာမှာ နင့်နဲ့ရှောင်ယန်က ကျန့်အာကို ညီအစ်ကိုမောင်နှမ ဘယ်လောက်အထိ ပေးနိုင်လဲဆိုတာတောင် မြင်နိုင်တယ်"
"လော့ယွီ....မဟုတ်ဘူး.....ငါက နင့်ကို အခု ဘယ်လိုခေါ်သင့်လဲ"
"ငါ့နာမည်က ကျွမ်းချင်"
ဖေသု ကျွန်မကို မေးတဲ့အချိန်နဲ့မတူဘဲ ကျွန်မက စုန့်ယန်ယွိကို ကျွန်မရဲ့နာမည်အစစ်အမှန်ကို စိတ်အားထက်သန်စွာ ပြောပြလိုက်တယ်။
ဒီကမ္ဘာမှာ ကျန်းဟွိုက်ကျီး ကျွန်မကို ကာကွယ်ပေးခဲ့တာက ကျွန်မက ကျန်းလော့ယွီရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့ပြီး ကျန်းမိသားစုရဲ့သွေးကို သယ်ဆောင်ထားလို့ပဲ။
ဖေသု ကျွန်မကို လက်ထပ်ခဲ့တာကလည်း ကျွန်မက အရင်ဘဝက ယုတ်မာတဲ့ ကျန်းလော့ယွီလို့ သူ ယုံကြည်ခဲ့လို့ပဲ။
စုန့်ယန်ယွိ တစ်ယောက်တည်းကသာလျှင် ကျွန်မက အစစ်အမှန် ဘယ်သူလဲဆိုတာ ဂရုစိုက်ခဲ့တယ်။
"ကျွမ်းချင် ကျေးဇူးတင်ပါတယ်"
စုန့်ယန်ယွိက ကျွန်မကို ဖက်လိုက်တယ်။
"ကောင်းပြီ အဝတ်အစားတွေ လဲပြီး နင့်ကို ဒီနေရာကနေ ထုတ်ပေးရအောင်။မဟုတ်ရင် အနာဂတ်ကျရင် ဖက်စရာမရှိ ဖြစ်လိမ့်မယ်"