ဒုတိယရှန့်မိသားစုရဲ့ဇနီးဟာလှောင်ပြောင်ထေ့ငေါ့ရင်းပြောခဲ့သည် "ကျွန်တော်မေးပါအုံးမယ် အစ်မလီ ရှန့်ယန်ကရှန့်ယွီခိုင်ကိုတရားစွဲချင်တယ်ဆိုရင်တောင်ကျွန်တော့်မိသားစုနဲ့ဘာဆိုင်လို့လဲ"
"ငါပြောတာကိုနားထောင်လိုက်ရင်နင်နားလည်သွားလိမ့်မယ်"အဒေါ်လီကပြောပြီးနောက်မျက်လုံးပြူးများနှင့်သိချင်နေသောလက်ထပ်ပြီးသားအမျိုးသမီးများနှင့်ကောများကိုမေးခဲ့သည်။
"ရှန့်ယွီခိုင်ရဲ့အိမ်အနောက်ဘက်ကစပါးလယ်သုံးမူနဲ့ရွာထိပ်ကခြောက်သွေ့လယ်နှစ်မူကိုနင်တို့သိကြလား?"
"အဒေါ်လီ ပုံပြင်ပြောပြနေတာမို့လို့လား?မြန်မြန်ပြောပါတော့"ပန်းပွင့်စကတ်နှင့်လက်ထပ်ပြီးသားအမျိုးသမီးငယ်ဟာရွှတ်နောက်နောက်ပြောလိုက်သည်။
အဒေါ်လီဟာသူ(မ)ရဲ့ခါးကိုဂုဏ်ယူစွာမတ်လိုက်သည်။ထို့နောက်သူ(မ)ဟာအဓိပ္ပာယ်ပြည့်ဝသောအသံဖြင့်ပြောခဲ့သည် "အဲ့လယ်တွေကရှန့်ယန်မိသားစုကဟာတွေ ရှန့်ယွီခိုင် ရှန့်ယန်မိဘတွေဆီကလွန်ခဲ့တဲ့သုံးနှစ်ကငှားခဲ့တာတဲ့"
"ရှန့်ယန်မိသားစုဆီကငှားခဲ့တာ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ရှန့်ယွီခိုင်ရဲ့အကြီးဆုံးချွေးမမနေ့ကပြောတာတော့သူ(မ)ရဲ့ယောက္ခထီးကငွေစတေး၅၀ပေးပြီးဝယ်ခဲ့တာတဲ့" ပန်းပွင့်စကတ်နှင့်လက်ထပ်ပြီးသားအမျိုးသမီးငယ်ကမယုံကြည်နိုင်စွာပြောခဲ့သည်။
"ဒါကြောင့်ဘဲရှန့်ယန်ကရှန့်ယွီခိုင်ကိုသူ့လယ်မြေတွေကျူးကျော်သိမ်းယူထားလို့တရားစွဲချင်နေတာလေ"အဒေါ်လီဟာလျှို့ဝှက်ထားရမည့်အရေးကြီးသောကိစ္စကိုပြောနေသလိုမျိုးပန်းပွင့်စကတ်နှင့်လက်ထပ်ပြီးသားအမျိုးသမီးငယ်ကိုကြည့်ပြီးပြောခဲ့သည် "နင်လက်ထပ်ထားတာတစ်နှစ်တောင်မရှိသေးတော့အရင်ကရှန့်ယန်မိသားစုအရမ်းချမ်းသာတယ်ဆိုတာကိုမသိတာ ရှန့်ယန်မိသားစုမှာစပါးလယ်မူတစ်ဒါဇင်ထက်ပိုပြီးရှိခဲ့တယ် ကျောက်တဟူရဲ့လယ်အများစုကရှန့်ယန်မိသားစုဆီကဝယ်ခဲ့တာတွေ.."
"ရှန့်ယန်တကယ်ရှန့်ယွီခိုင်ကိုတရားစွဲရင်ရှန့်ယွီခိုင်ဘာဖြစ်မှာလဲ"တစ်ယောက်ကမေးခဲ့သည်။
"အနည်းဆုံးကအချက်နှစ်ဆယ်ကြိမ်ဒဏ်ပေးခံရပြီးအများဆုံးကထောင်ဒဏ်ချခံရမယ်" အဒေါ်လီဟာရှင်းရှင်းလင်းကျယ်ကျယ်လောင်လောင်ပြောခဲ့သည်။သူ(မ)ပြောပြီးနောက်ဒုတိယဦးလေးရှန့်မိသားစုရဲ့ဇနီးကိုကြည့်ပြီး"နင်တို့မိသားစုကလည်းရှန့်ယန်မိသားစုဆီကစိုက်ပျိုးဖို့လယ်ငှားခဲ့တယ်မလား ငှားခတွေပေးပြီးပြီလား?"
"အစ်မကိုပြောနေစရာမလိုတော့ဘူး ကျွန်တော်အိမ်ပြန်ပြီးအိမ်ချက်ရအုံးမယ်" သူပြောပြီးနောက်ဒုတိယဦးလေးရှန့်မိသားစုရဲ့ဇနီးဟာမလျှော်ရသေးသောအဝတ်တွေကိုကောက်ယူပြီးအမြန်ထွက်သွားခဲ့သည်။
သူဟာစိတ်လှုပ်ရှားစွာဘေးဘီမကြည့်ဘဲလမ်းအမြန်လျှောက်သောရလဒ်အနေနဲ့လက်ထပ်ပြီးသားအမျိုးသမီးငယ်လေးတစ်ယောက်ကိုဝင်တိုက်မိသွားသည်။
"အိုင်ယား ဘယ်သူလဲလမ်းသွားတာကြည့်မသွားဘူးလား?"
ထိုလက်ထပ်ပြီးသားအမျိုးသမီးငယ်ရဲ့မျက်နှာအားမမြင်နိုင်ဖြစ်နေခဲ့သည်။သို့သော်လှည့်လိုက်ပြီးနောက်သူ(မ)ဟာသေချာပေါက်ကိုရှန့်ယွီခိုင်မိသားစုရဲ့လက်ထပ်ပြီးခါစအကြီးဆုံးချွေးမအသစ်လေးဖြစ်နေခဲ့သည်။
အကြီးဆုံးချွေးမရဲ့မျက်နှာအမူအရာဟာနီရဲလိုက်ဖြူဖျော့လိုက်ဖြစ်လာခဲ့သည်။နောက်ဆုံးမှာတော့သူ(မ)သွားကိုကြိတ်လိုက်ပြီးခြေကိုဆောင့်နင်းကာအိမ်အမြန်ပြန်သွားခဲ့သည်။
ရှန့်ယွီခိုင်ကဒီကိစ္စမှာတကယ်မှားတဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူကတော့Xiucaiဂုဏ်ပုဒ်ရှိသောလူဖြစ်သည်။သူသာဒီကိစ္စကိုကြီးသွားအောင်လုပ်ချင်ရင်အကျိုးဆက်ကိုရင်ဆိုင်ရမည့်သူကရှန့်ယွီခိုင်ဖြစ်သည်။
"သူတို့အလိုအလျောက်ကျွန်တော်တို့အိမ်တံခါးဝ
ဆီငွေလာပို့လိမ့်မှာလား?"ကုချန်းဖန်းဟာပဟေဠိဖြစ်သွားခဲ့သည်။တကယ်လို့သူတို့ငွေပြန်ပေးချင်ရင်ငွေပြန်ပေးခဲ့ပြီးတာကြာနေပြီဖြစ်သည်။စောင့်နေစရာမလိုအပ်ပေ။
"အဲ့လိုမျိုးပါဘဲ"ရှန့်ယန်ပေဟာဝါးအညွန့်(မျှစ်)တွေကိုတူးပြီးမြေကြီးပေါ်ကသစ်ပုံဆီပစ်လိုက်ကာကုချန်းဖန်းရဲ့ပဟေဠိဖြစ်နေသောမျက်လုံးများကိုကြည့်ရင်းအပြုံးဖြင့်ရှင်းပြလိုက်သည်။
ရှန့်ယွီခိုင်ရဲ့မိသားစုကကုXiucai၏သမီးကိုအကြီးဆုံးချွေးမအဖြစ်ကြိုဆိုထားခါစဖြစ်သည်။ကုXiucaiသာသူ့ခမည်းခမက်ရဲ့ညစ်ပတ်ပြီးစိတ်သဘောထားသေးသိမ်သောအပြစ်တွေကိုသိခဲ့လျှင်သူသေချာပေါက်ပေါက်ကွဲမှာဖြစ်သည်။
အဖြစ်မှန်ကတော့ကုXiucaiမပေါက်ကွဲခင်သူ့သမီးကအရင်ပေါက်ကွဲခဲ့သည်။
"အရမ်းကောင်းတယ် ရှန့်ချန်းဝူ!ရှင့်မိသားစုကကျွန်မမိသားစုကိုသစ္စာဖောက်ပြီးလိမ်ရဲတယ်ပေါ့"ကုရှီဟာခေါင်းမှခြေမအထိဒေါသတွေကြောင့်တုန်လှုပ်နေခဲ့သည်။အဲ့ဒီအချိန်တုန်းကရှန့်ချန်းဝူရဲ့မိသားစုမှာလယ်မြေတွေအများကြီးရှိတာမြင်ခဲ့ပြီးဒုတိယသားကXiucaiတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်သာမရှိခဲ့လျှင်သူ(မ)ဒီမိသားစုထဲလက်ထပ်ဝင်လာမှာမဟုတ်ပေ။ဒီလယ်မြေတွေကတခြားလူရဲ့မိသားစုဆီကငှားထားခဲ့တယ်ဆိုတာဘယ်သူကသိမှာလဲ?
"ရှင့်မိသားစုမှာလယ်မြေတွေရှိလားမရှိဘူးလားဆိုတာကိုမရှင်းဘူးပေါ့ ရှင့်မိသားစုကလူတွေကိုအရူးလိုဆက်ဆံနေတာဘဲ ကျွန်မရှင့်ကိုအခုပြောလိုက်မယ် ရှန့်ချန်းဝူ ရှန့်ယန်သာတရားစွဲဖို့တကယ်ကောင်တီတရားသူကြီးဆီသွားခဲ့ရင်ရှင့်ညီရဲ့Xiucaiဖြစ်လာရမယ့်အိမ်မက်မပြောနဲ့စာမေးပွဲဝင်ဖြေဖို့တောင်သူစဉ်းစားလို့မရတော့ဘူး"ကုရှီဟာသူ(မ)ရဲ့ပစ္စည်းတွေထုပ်ပိုးပြီးချက်ချင်းမိဘတွေအိမ်ဆီပြန်သွားခဲ့သည်။
"ရုန်အာ မသွားပါနဲ့" ရှန့်ချန်းဝူဟာကုရှီကိုသူ(မ)ထွက်သွားခြင်းမှရပ်တန့်ရန်ခိုင်မြဲစွာဆွဲထားခဲ့ပေမယ့်ထိုအချိန်မှာကုရှီကဒေါသထွက်နေခဲ့တာဖြစ်သည်။သူ(မ)ဟာရုတ်တရပ်သူ့ရဲ့ခြေထောက်ကိုဆောင့်နင်းပေးလိုက်ရင်းနောက်ဆုံးစကားတစ်ခွန်းပြောခဲ့ကာဒေါသအပြည့်နှင့်လမ်းလျှောက်သွားခဲ့သည်။
"ဒီကိစ္စကိုကောင်းကောင်းမကိုင်တွယ်ရင်ရှင့်ကျွန်မကိုလာရှာစရာမလိုတော့ဘူး ဟမ့်"
"ရုန်အာ!"ရှန့်ချန်းဝူဟာဘယ်တော့မှပြန်လှည့်ခြင်းမရှိဘဲလမ်းလျှောက်သွားသောကုရှီကိုကြည့်နေခဲ့သည်။"အမှန်တကယ်ကိုချမ်းသာတဲ့သူကိုနှစ်သက်ပြီးဆင်းရဲတဲ့သူကိုအထင်အမြင်သေးတဲ့မိန်းမတစ်ယောက်ဘဲ! သူ(မ)ကိုယ်သူ(မ)ပညာသင်ကျောင်းသားရဲ့သမီးလို့ပြောနေပေမယ့်ဘယ်လိုတောင်ချမ်းသာကြွယ်ဝမှုနဲ့ပိုက်ဆံကိုအရမ်းဂရုစိုက်နေရတာလဲ.."
"ကုရှီဘယ်မှာလဲ သူ(မ)ကိုကြက်ဥစားဖို့ခေါ်လိုက်အုံး"ရှန့်ယွီခိုင်ရဲ့ဇနီးဝမ်ရှီဟာသကြားကြားညိုနှင့်ပေါင်းထားသောကြက်ဥကိုစားပွဲပေါ်သို့တင်လိုက်သည်။သူ(မ)ရဲ့သားစိတ်ဓာတ်ကျနေပုံနှင့်ခေါင်းငုံ့ထားပြီးမတ်တပ်ရပ်နေတာကိုမြင်သောအခါသူ(မ)မမေးဘဲမနေနိုင်ခဲ့ပေ။"ချန်းဝူ ကြက်ဥတွေကိုငါးရက်မှတစ်ကြိမ်စားဖို့မင်းမိန်းမကိုပြောပေးနိုင်မလား?သူ(မ)ကလယ်ထဲသွားဖို့ရောကျောင်းသွားဖို့ပါမလိုပေမယ့်အိမ်ကကြက်ဥတွေကိုသူ(မ)ဘဲစားနေခဲ့တာ ချန်းဝမ်ကခက်ခက်ခဲခဲစာသင်နေရပြီးတော့အမေကလည်းသူ့ကျန်းမာရေးအတွက်ဒီကြက်ဥတွေပေးချင်တယ်"Xiucaiအိုကြီးမိသားစုရဲ့သမီးဟာတကယ့်ကိုပျက်စီးနေသည်။သူ(မ)ရဲ့ချန်းဝမ်ကတစ်နေ့ကိုကြက်ဥတစ်လုံးဘဲစားပေမယ့်ဒီကုရှီကမမျှော်လင့်ဘဲကြက်ဥတစ်နေ့နှစ်လုံးတောင်စားသည်။တကယ့်ကိုလုပ်ရဲသည်။
"ချန်းဝမ်ကအရမ်းဝလာနေပြီ အမေဘာလုပ်နိုင်မှာလဲ?"ရှန့်ချန်းဝူရဲ့မျက်နှာသည်ပို၍ဆိုးရွားလာခဲ့သည်။ကလေးဘဝကတည်းကသူ့အမေကအမြဲတမ်းရှန့်ချန်းဝမ်ကိုဘဲအကုန်ပေးခဲ့သည်။အရသာရှိသောဘယ်အရာမဆိုရှန့်ချန်းဝမ်အတွက်ဖြစ်ခဲ့သည်။သိသိသာသာသူကတော့အလုပ်ကြိုးစားခဲ့ရပြီးမိသားစုကိုထောက်ပံ့ဖို့ပိုက်ဆံရှာခဲ့ရသည်ည်။ရှန့်ချန်းဝမ်ကအိမ်မှာဘဲထိုင်ပြီးဘာမှမလုပ်ဘဲစားဖို့စောင့်နေတာဘာအကြောင်းပြချက်ကြောင့်လဲ!
"ပညာသင်ရတာကဦးနှောက်သုံးရတယ်ပြီးတော့စားမေးပွဲကလည်းလာတော့မှာ ကျန်းမာရေးကိုစနစ်တကျမဖြည့်စွက်နိုင်ရင်မကောင်းဘူး"ဝမ်ရှီကရှန်းချန်းဝူကိုကြည့်ကာတိုက်တွန်းပြီးပြောခဲ့သည်။"မင်းမိန်းမကိုသူ(မ)အဖေနဲ့စကားပြောခိုင်းပြီးချန်းဝမ်ကိုတစ်ခုနှစ်ခုလောက်သင်ပေးခိုင်းလိုက်ပါလား ငါတို့မိသားစုအတွက်လဲအရမ်းအကျိုးရှိသလိုကုမိသားစုအတွက်လဲအကျိုးမယုတ်ပါဘူး"
"ဘာသင်ပေးတာလဲ?ကုXiucaiကကျွန်တော်တို့ကိုရန်မပြုတာဘဲကောင်းလှပြီ ကျွန်တော်တို့ကရှန့်ယန်မိသားစုရဲ့လယ်မြေတွေကိုစိုက်ပျိုးဖို့ငှားထားပြီးကျွန်တော်တို့ဟာတွေဆိုပြီးဟန်ဆောင်ထားတာကိုသူ(မ)အကုန်သိသွားပြီးသူ(မ)မိဘတွေအိမ်ကိုပြန်သွားခဲ့ပြီ ရှန့်ယန်ကလည်းအခုသူ့မြေတွေကိုကျူးကျော်သိမ်းပိုက်မှုအတွက်ကျွန်တော်တို့မိသားစုကိုတရားစွဲဖို့ကောင်တီတရားသူကြီးဆီသွားချင်နေတယ်"
ဝမ်ရှီရဲ့မျက်နှာဟာကြောက်ရွံ့မှုကြောင့်ဖြူဖျော့သွားခဲ့သည်"ဒါ....ဒါကိုငါတို့ဘယ်လိုဖြေရှင်းကြမလဲ"ထိုအချိန်တုန်းကအောင်သွယ်တော်ကသူတို့မိသားစုနှစ်စုဆီလာပြီးအောင်သွယ်ပေးသောအခါသူတို့မိသားစုကဆင်းရဲပြီးဘာမြေမှမရှိသောကြောင့်ကုမိသားစုကလျစ်လျှူရှုခဲ့သည်။တိုက်ဆိုင်စွာပင်သူတို့ကရှန့်ှန့်ယန်မိသားစုကလယ်မြေတွေကိုငှားရမ်းခဲ့ကြသည်။ထို့ကြောင့်သူတို့ကအောင်သွယ်တော်ကိုထိုလယ်မြေအမြောက်အများကသူ့တို့မိသားစုပိုင်တာလို့လိမ်ညာပြောဆိုခဲ့သည်။
"ရှန့်ယန်သာတကယ်သွားခဲ့ရင်ချန်းဝမ်စာမေးပွဲဖြေဖို့နဲ့ပတ်သက်ပြီးစဉ်းစားစရာမလိုတော့ဘူး"ဒီကိစ္စသာအပြင်ကိုပေါက်ကြားသွားခဲ့ရင်စာမေးပွဲဖြေနေစဉ်အတွင်းစာမေးပွဲစစ်ဆေးသူကရှန့်ချန်းဝမ်နှင့်ပတ်သက်၍အကြံအစည်တစ်ခုရှိမှာသေချာသည်။မလျော်ကန်သောအကျင့်ဆိုးအတွက်မေးခွန်းထုတ်ရန်မှာလဲမဖြစ်နိုင်တော့ချေ။
"အမြန်သွား သူ့ကိုသွားတား"ဝမ်ရှီဟာရုတ်တရပ်ထိတ်လန့်သွားပြီးကျယ်လောင်စွာပြောခဲ့သည် "မြန်မြန်!!မင်းအဖေကိုသွားရှာ!"
သူ့မိန်းမကထွက်သွားပြီးတော့သူ့အမေကလည်းသူ့ကိုလုံးဝဂရုမစိုက်ဘဲရှန့်ချန်းဝမ်ကိုသာထည့်စဉ်းစားပေးသည်။ရှန့်ချန်းဝူရဲ့နှလုံးသားထဲမှာဒေါသသာရှိတော့သည်။ဒါပေမယ့်ဒီပြဿနာကိုကောင်းကောင်းမကိုင်တွယ်နိုင်ရင်မိသားစုတစ်ခုလုံးအကျပ်အတည်းကိုခံစားရနိုင်သည်။မည်သည့်ပိုကောင်းသောရွေးချယ်မှမရှိသောကြောင့်သူဟာဆန္ဒရှိရှိမရှိရှိရှန့်ယွီခိုင်ကိုသွားရှာနေရဆဲဖြစ်သည်။
-------------------------------------------