ရှန့်ယန်ပေရဲ့နှလုံးသားဟာသူ့ဇနီးရဲ့လက်ကိုဆွဲပြီးအိမ်ကိုအတူလမ်းလျှောက်ပြန်လာခြင်းကြောင့်ပီတိဖြစ်နေရသည်။
စဉ်းစားကြည့်မယ်ဆိုသူကအသက်နှစ်ဆယ်မတိုင်ခင်အထိအသက်ရှင်ပြီးကလေးတွေမသင့်တော်တဲ့အရာတော်တော်များများကိုနားလည်သည်။ဒါပေမယ့်ယောက်ျားတစ်ယောက်ရဲ့လက်ကိုတော့မကိုင်ခဲ့ဘူးချေ။ဒါ့အပြင်ဘယ်ယောက်ျားနဲ့မှလဲချစ်ခင်ရင်းနှီးတာတွေတစ်ခါမျှမရှိခဲ့ချေ။
ဒီတစ်ကြိမ်ကူးပြောင်းသွားတာနဲ့ယောက်ျားဆန်သောဇနီးတစ်ယောက်ချက်ချင်းပေးခံရမယ်လို့ဘယ်သူကထင်မှာလဲ?ပြီးတော့ဒီယောက်ျားဆန်တဲ့ဇနီးသည်ကကောင်းမွန်သောဖွဲ့စည်းတည်ဆောက်ပုံရှိရုံသာမကသူ့ရဲ့အပူချိန်ကတောင်ပိုပြီးတော့ကောင်းသေးတယ်!
ထိုလူဟာရောယှက်နေသောလက်တွေကိုကြည့်လိုက်ပြီးတော့မျက်နှာပေါ်မှာပျောက်သွားပြီဖြစ်သောအရင်ကအပူကိုပြန်ခံစားလိုက်ရသည်။
တံခါးဝကိုရောက်ခါနီးမှာပင်ရှန့်ယန်ပေဟာချိုမြိန်သောအသံတစ်သံကိုကြားလိုက်ရသည်"ကိုကိုရှန့်ယန် အိမ်မှာရှိလားဟင် ကိုကိုရှန့်ယန်"
"ကိုကိုရှန့်ယန်....သူ(မ)ငါ့ကိုခေါ်နေတာလား?" ရှန့်ယန်ပေဟာရင်တုန်သွားခဲ့သည်။
တံခါးဝမှာရပ်နေသောအမျိုးသမီးတစ်ယောက်ကိုမြင်လိုက်သောအခါထိုလူရဲ့ခြေလှမ်းတွေဟာနှေးကွေးသွားပြီးအမူအရာဟာလဲအနည်းငယ်ပြောင်းလဲသွားခဲ့သည်။
အကြိမ်အနည်းငယ်လောက်အော်ပြီးဘယ်သူမှအသိပေးတာမတွေ့သောအခါထိုအမျိုးသမီးသည်ဒေါသဖြင့်မြေကြီးပေါ်သို့ခြေဆောင့်လိုက်သည်။စကားလုံးအနည်းငယ်ရေရွတ်လိုက်နောက်မကြာြာမီပြန်ဖို့အတွက်လှည့်လိုက်သည်။လှည့်လိုက်ပြီးပြီးချင်းဘဲသူ(မ)ကရှန့်ယန်ပေကိုတွေ့ခဲ့ပြီးတော့သူ(မ)ရဲ့မျက်မှောင်ကြုတ်နေသည်ကိုအပြုံးတစ်ခုနှင့်ချက်ချင်းအစားထိုးလိုက်သည်။
"ကိုကိုရှန့်ယန်" သူ့ကိုခေါ်သောအသံဟာချစ်ခြင်းမေတ္တာတွေနှင့်နွေးထွေးနေပြီးထိုအမျိုးသမီးဟာရှန့်ယန်ပေဆီသို့အမြန်ြန်လျှောက်လာခဲ့သည်။သူ့ကိုစူးရဲသောမျက်လုံးများဖြင့်ကြည့်ရင်းညုတုတုပြောလိုက်သည် "ကိုကိုဘယ်တွေရောက်နေတာလဲ ကျွန်မကိုကို့ကိုအကြာကြီးခေါ်နေရတာကို"
ထိုမိန်းကလေးကလင်းဝမ်ယုဖြစ်သည်သူ(မ)ဟာဒီနှစ်ထဲမှာဆယ့်ခြောက်နှစ်ဖြစ်ပြီးရှန့်ကျားရွာရဲ့ပန်းကလေးဖြစ်သည်။သူ(မ)ဟာသဘာဝအရကြည့်ကောင်းသောအသွင်အပြင်ရှိသည်။သူ(မ)ဟာအပြစ်ကျူးလွန်ဖို့အတွက်သူ(မ)ရဲ့လှပသောမျက်နှာကိုအဆက်မပြတ်အားကိုးသည်။ဘယ်လိုဘဲဖြစ်ဖြစ်သူ(မ)ဟာအလိုလိုက်ခံထားရသောကလေးတစ်ယောက်လိုမျိုးဘယ်လိုချိုသာစွာပြုမူပြောဆိုရမလဲကိုသိသည်။ရွာကငယ်ရွယ်သောယောက်ျားလေးတွေအားလုံးဟာသူ(မ)ကိုချစ်ကြပြီးထိုငယ်ရွယ်သောလူငယ်လေးတွေထဲမှာရှန့်ယန်ကသေချာပေါက်ပါဝင်သည်။
ရှန့်ယန်ဟာငယ်ရွယ်စဥ်မှာပင်စာမေးပွဲအောင်မြင်ပြီးပညာသင်ကျောင်းသားဂုဏ်ပုဒ်ရကာXiuCaiတစ်ယောက်ဖြစ်လာခဲ့သည်။ဒီရွာရဲ့ဆယ်မိုင်ရွာရှစ်ရွာအတွင်းမှာသူတစ်ယောက်တည်းသာလျှင်ကျော်ကြားခဲ့သည်။များစွာသောလူတွေရဲ့ချီးကျူးမှုကြောင့်ရှန့်ယန်ဟာမိုက်မဲပြီးစိတ်ကြီးဝင်လာခဲ့သည်။သူသည်အင်ပါယာစာမေးပွဲမှာထိပ်ဆုံးအမှတ်တွေသေချာပေါက်ရလိမ့်မယ်လို့ထင်နေမိသည်။သူဟာရာထူးတစ်ခုနှင့်အစိုးရဝန်ထမ်းသေချာပေါက်ဖြစ်လာလိမ့်မယ်လို့အခိုင်အမာယုံကြည်နေခဲ့သည်။ဒါကြောင့်ရှန့်ယန်သည်အခုချိန်မှာငွေကြေးဆင်းရဲခြင်းအခြေအနေကသူများတွေထက်နိမ့်ကျစေမယ်လို့သဘာဝအလျောက်ဘဲမတွေးခဲ့ချေ။သူဟာထူးချွန်ထက်မြက်တဲ့သူဖြစ်တာကြောင့်တခြားသူတွေကသူ့ကိုချီးကျူးပြီးမြှောက်ပင့်ရမယ်လို့အလွန်ယုံကြည့်သည်။ထိုအချိန်တွင်လင်းဝမ်ယုလုပ်ခဲ့သောအရာကသူ့ရည်ရွယ်ချက်တွေနဲ့ကိုက်ညီနေခဲ့သည်။
ထိုနူးညံ့သိမ့်မွေ့ပြီးနှစ်လိုဖွယ်ကောင်းသောအမျိုးသမီးကသူရေးစပ်ခဲ့သောကဗျာတွေကိုနားထောင်တဲ့အချိန်တိုင်းသူ့ကိုအံ့ဩစရာကောင်းစွာကြည့်ပြီးသူ(မ)ပြောတဲ့မြတ်နိုးခြင်းနှင့်ကြည်ညိုလေးစားခြင်းဆိုတဲ့စကားလုံးတွေကသူ့နှလုံးသားကိုကျေနပ်စေသည်။သူဟာလင်းဝမ်ယုကတခြားသူတွေနဲ့ကွာခြားတယ်လို့လဲယုံကြည်သည်။သူပိုပြီးတွေးလေထိုအရာကအမှန်ဖြစ်လာတယ်လို့ပိုပြီးခံစားရလေဖြစ်သည်။ဒါကြောင့်သူဟာပိုပြီးတော့တောင်လင်းဝမ်ယုကိုနှစ်သက်လာသည်။
အခုတော့ရှန့်ယန်ကနေရှန့်ယန်ပေအဖြစ်သို့ပြောင်းသွားခဲ့ပြီ။သူ့(ရှန့်ယန်)ရဲ့အတွေးမျိုးသူ့(ယန်ပေ)မှာမရှိချေ။ရှန့်ယန်ပေဟာအနည်းငယ်ချောင်းဟမ့်လိုက်ရင်းမေးခဲ့သည်"မင်းဘာကြောင့်ငါကိုရှာဖို့လာတာလဲ?" သူဟာမိသားစုရှိသောယောက်ျားတစ်ယောက်ဖြစ်သည်။ဆန့်ကျင်ဘက်လိင်နှင့်ပတ်သက်မှုကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားလုပ်ထားသင့်သည်။
ရှန့်ယန်ပေရဲ့အေးစက်သောအပြုအမူကလင်းဝမ်ယုရဲ့မျက်ခုံးကိုအနည်းငယ်ရှုံတွသွားစေသည်။သူ(မ)ရဲ့နှလုံးသားဟာစိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ဒါပေမယ့်သူ(မ)သည်ဒီကိုလာရခြင်းရဲ့ရည်ရွယ်ချက်ကိုပြန်စဉ်းစားမိခြင်းကြောင့်သူ(မ)ရဲ့နှုတ်ခမ်းတွေကိုကိုက်လိုက်ရင်းမျက်လုံးရဲရဲများဖြင့်ပြောခဲ့သည်"ကိုကိုရှန့်ယန်နဲ့ဝမ်ယုကအခြေအနေတွေမတူတာကြောင့်ခွဲခြားခံရတယ် ဝမ်ယုကိုအပြစ်တင်နေတုန်းဘဲလားဟင်?"
နီရဲသောနှုတ်ခမ်းသား၊မျက်ရည်ကျနေသောမျက်လုံးများနှင့်သူ(မ)ဟာပြောခဲ့သည်"ဝမ်ယုက,ကတိမပေးချင်ခဲ့တာမဟုတ်ပါဘူး အဖေကသဘောမတူခဲ့လို့ပါ အာ.."
အလှလေးရဲ့မျက်ရည်တွေကသစ်တော်ပွင့်ပေါ်ကမိုးရေစက်တွေပုံပေါ်နေပြီးတော့အလွန်အမင်းကိုဆွဲဆောင်မှုရှိနေသည်။ဘယ်လိုဘဲဖြစ်ဖြစ်ရှန့်ယန်ပေဟာဒီအတုအယောင်ကိုမယုံဘဲသူ့ပါးစပ်ကိုဖွင့်ပြီးချက်ခြင်းပြောလိုက်သည်"ကောင်းပြီ မငိုနဲ့ ငါမင်းကိုအပြစ်မတင်ဘူး"
လင်းဝမ်ယုဟာစိတ်ဆိုးသွားရင်းပိုပြီးတောင်ငိုခဲ့သည်"ကိုကိုရှန့်ယန် ဝမ်ယုကိုစိတ်မဆိုးဘူးဆိုရင်လေ ဝမ်ယုကဒီမှာအကြာကြီးစောင့်နေရတာ တစ်နေရာထဲမှာမတ်တပ်ရပ်နေရလွန်းလို့ဝမ်ယုခြေထောက်တွေတောင်နာနေပြီ ကိုကိုရှန့်ယန်ကဝမ်ယုကိုရေတစ်ခွက်လောက်တိုက်ဖို့အိမ်ထဲမခေါ်တော့ဘူးလား ဝမ်ယုကိုကိုနဲ့ပြောစရာရှိသေးတယ်"
ရှန့်ယန်ပေအနည်းငယ်ဆွံ့အသွားခဲ့သည်။ဒီလင်းဝမ်ယုကဘယ်လိုရှက်ရကောင်းမှန်းမသိပုံထင်ရသည်။လက်မထပ်ရသေးသောမိန်းကလေးတစ်ယောက်ကသူ့ရဲ့ပါးစပ်ကနေယောက်ျားတစ်ယောက်ရဲ့အိမ်ထဲမှာထိုင်ဖို့မေးလိုက်တယ်လား?သံသယနှိုးဆော်တာတွေကိုဘယ်လိုရှောင်ရမလဲဆိုတာသူမမသိဘူးလား?
"လင်းမိန်းကလေး မင်းရေဆာရင်ငါကမင်းခွက်ထဲကိုရေလောင်းထည့်ပေးဖို့စိတ်မရှိပါဘူး ဒီအတွက်နဲ့တော့အိမ်ထဲဝင်စရာမလိုပါဘူး ပြောစရာရှိရင်ဒီမှာဘဲတစ်ခါထဲပြောလိုက်ပါ"ရှန့်ယန်ပေဟာကြင်နာမှုမရှိဘဲထိုလူရဲ့လက်ကိုဆွဲရင်းဂရုတစိုက်ကြည့်ကာပြောလိုက်သည်။(T/N-ဒီနားမှာရှုပ်နေမှာစိုးလို့ကြင်နာမှုမရှိပြောတာကမိန်းကလေးကို ဂရုတစိုက်ကြည့်လိုက်တာကသူဆွဲလိုက်တဲ့လက်ကိုနော်)
ထိုလူရဲ့မျက်နှာဟာလင်းဝမ်ယုကိုမြင်လိုက်ရတုန်းကတင်းမာခဲ့သည်ဒါပေမယ့်ရှန့်ယန်ပေရဲ့လင်းဝမ်ယုကိုငြင်းဆိုလိုက်တာကိုကြားပြီးနောက်သူ့အသားအရေဟာဖြည်းဖြည်းချင်းပြန်ကောင်းလာခဲ့ပြီးတော့ရှန့်ယန်ပေရဲ့လှုပ်ရှားမှုကိုနားလည်လိုက်သောအခါသူ့ရဲ့မျက်နှာတစ်ဖန်နီရဲလာပြန်သည်။
လင်းဝမ်ယုရဲ့မျက်လုံးတွေဟာအံ့ဩမှုကြောင့်ပြူးကျယ်လာခဲ့သည်။ရှန့်ယန်ဟာအမြဲတမ်းသူ(မ)ဘာဘဲမေးမေးခွင့်ပြုခဲ့တယ် အခုကလွဲပြီးတော့ပေါ့!
"ကိုကိုရှန့်ယန် ဝမ်ယုကိုခွင့်လွှတ်ပေးဖို့ဝမ်ယုဘာလုပ်ပေးရမလဲဟင်" လင်းဝမ်ယုဟာရှန့်ယန်ပေကိုချဥ်းကပ်သွားပြီးသူ(မ)ရဲ့လက်တွေနှင့်သူ့လက်မောင်းကိုဖမ်းဆုပ်လိုက်သည်။သူ(မ)အတိတ်မှာလုပ်ခဲ့ဖူးသလိုညစ်ပတ်စွာပြုမူဖို့ရည်ရွယ်သည်။
လင်းဝမ်ယုကိုရှောင်ရှားရန်ရှန့်ယန်ပေဟာသတိကြီးစွာအနောက်ကိုတွန့်သွားပြီးပြောခဲ့သည်"လင်းမိန်းကလေး ကိုယ့်ကိုကိုယ်လေးစားမှုရှိပါ"
"ကိုကိုရှန့်ယန်"လင်းဝမ်ယုဟာဖြူဖျော့သွားခဲ့ပြီးရှန့်ယန်ပေကိုကြည့်ရင်းနှုတ်ခမ်းတွေကိုသနားစရာကောင်းစွာကိုက်လိုက်သည်။သူ(မ)ရဲ့စိတ်ထဲမှာတော့ရှန့်ယန်ပေကိုဆူပူကြိမ်းမောင်းနေပြီးခွေးသွေးတွေနဲ့ပက်နေသည်။
"ဒီရှန့်ကလင်းမိန်းကလေးအထင်လွဲစေမယ့်အရာတစ်ခုခုကိုလုပ်ခဲ့တယ်ဆိုရင်ဒီရှန့်ကကူညီပေးမှာပါ"ရှန့်ယန်ပေဟာယဉ်းကျေးစွာလေးလေးနက်နက်ဦးညွှတ်လိုက်ပြီးတော့ဆက်ပြောသည်"ပစ္စုပ္ပန်မှာဒီရှန့်ကမိသားစုရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်နေပါပြီ မိန်းကလေးကိုအိမ်ထဲဝင်ဖို့ဖိတ်ခေါ်တာကမသင့်လျော်တဲ့အပြုအမူပါ မိန်းကလေးစိတ်ထဲမထားပါနဲ့"
လူသုံးယောက်ဟာရှန့်ယန်ပေရဲ့အိမ်ရှေ့မှာမတ်တပ်ရပ်ရင်းစကားပြောနေကြသည်။ထပ်ပြောရရင်သူတို့ထဲမှာရွာကပန်းလေးပါနေသည်။ဒါကြောင့်လူတွေအချိန်အတော်အကြာကတည်းကသတိပြုမိနေသည်။ဒီအကြောင်းပြချက်ကြောင့်ရှန့်ယန်ပေဟာအနာဂတ်မှာရှန့်ယန်နှင့်လင်းဝမ်ယုရဲ့အကြောင်းတွေပြောတာကိုရှောင်ရှားဖို့ရည်ရွယ်ချက်ရှိရှိတမင်တကာအရာအားလုံးကိုရှင်းအောင်ပြောနေတာဖြစ်သည်။
လင်းဝမ်ယုဟာစကားတွေကြောင့်ငုတ်တုတ်မေ့နေခဲ့ပြီးတစ်ခုခုကမူမှန်တော့ဘူးဆိုတာကိုနားလည်သွားခဲ့သည် ။
ရှန့်ယန်ကဘာကြောင့်ပြောင်းလဲသွားရတာလဲ?သူ(မ)ဟာသူ(မ)ရှေ့ကအမျိုးသားကိုမကြည့်ဘဲမနေနိုင်ခဲ့ချေ။သန့်ရှင်းပြီးချောမောသောပညာသင်ကျောင်းသားရဲ့အသွင်အပြင်ဟာတူညီနေသော်လည်းသူ(မ)ကိုကြည့်သောသူ့ရဲ့မျက်လုံးတွေကမတူကွဲပြားခြားနားနေသည်။
လင်းဝမ်ယုဟာထိုလူရဲ့လက်တွေပေါ်မှာရှိသောရှန့်ယန်ပေရဲ့လက်ဆီသို့အကြည့်ရောက်သွားပြီးသူ(မ)ရဲ့အကြည့်တွေကအနည်းငယ်မီးတောက်နေခဲ့သည်။
သူ(မ)သည်ရှန့်ယန်ကသူ(မ)ကိုဇနီးအဖြစ်လက်ထပ်ယူရန်တောင်းဆိုချက်ကိုအရင်င်ကငြင်းဆန်ခဲ့တာဟာသူ့ရဲ့ကိုယ့်ကိုယ်ကိုလေးစားမှုကိုထိခိုက်စေသောကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဆုံးဖြတ်ခဲ့သည်။ဒီအကြောင်းပြချက်ကြောင့်ရှန်ယန်ဟာအေးစက်ပြီးသူ(မ)နဲ့အကွာအဝေးခြားနေတာဖြစ်နိုင်သည်။
သူ(မ)ရဲ့မျက်လုံးဟာထိုလူရဲ့ကြမ်းတမ်းအေးစက်ပြီးတင်းမာနေသောမျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးသူ(မ)ရဲ့စိတ်ထဲကထင်မြင်ချက်ဟာပိုပြီးတောင်သေချာလာစေခဲ့သည်။
ရှန့်ယန်ကသူ့ကိုယ်ကိုမြင့်မြင့်တွေးထားတဲ့လူမျိုးဘဲ ဒီလိုလူမျိုးရဲ့မျက်လုံးထဲမှာရုပ်ဆိုးတဲ့သူကိုဘယ်လိုလို့နေရာရှိမှာလဲ သူ(မ)ဟာသူကသူ(မ)ကိုစိတ်ဆိုးနေတာသေချာတယ်လို့ဆုံးဖြတ်ခဲ့သည်။
ဒီလိုတွေးပြီးတော့ရှန့်ယန်ရဲ့စကားတွေကလင်းဝမ်ယုရဲ့စိတ်ထဲကိုမရောက်တော့ချေ။
သူ(မ)ဟာဝမ်းနည်းသောမျက်လုံးတွေနဲ့ရှန့်ယန်ပေကိုကြည့်လိုက်ရင်းစိတ်ဆိုးစွာပြောလိုက်သည်"ကိုကိုရှန့်ယန် ဝမ်ယုကိုအထဲဖိတ်ဖို့ဆန္ဒမရှိရင်လဲထားလိုက်ပါတော့ ပြီးတော့ဝမ်ယုကကိုကိုနဲ့ပြောစရာစကားကလဲရှိမရှိမသေချာတော့ပါဘူး"
စိုစွတ်နေသောဗာဒံစေ့မျက်လုံးများနှင့်ရှန့်ယန်ပေကိုကြည့်နေသည်။ထိုလှပသောအသွင်အပြင်လူတစ်ယောက်ရဲ့နှလုံးသားကိုနှိုးဆွနိုင်သည်။မူလရှန့်ယန်သာရှိနေမယ်ဆိုလျှင်အလှလေးကိုနှစ်သိမ့်ဖို့ချက်ချင်းရှေ့ထွက်လာမှာဖြစ်သည်။သို့သော်ဒီလူကရှန့်ယန်ပေဖြစ်နေသည်။
ဘယ်လိုလုပ်ဒီအမျိုးသမီးကသူ(မ)ကြားလိုက်တာကိုနားမလည်ရတာလဲ?အိမ်ထောင်ရှိအမျိုးသားရဲ့အငယ်အနှောင်းဖြစ်ဖို့သူမကိုယ်သူမတွန်းအားပေးချင်နေရတာလဲ?ရှန့်ယန်ပေဟာမျက်ရိုးကိုဖိရင်းလင်းဝမ်ယုရဲ့သဘောထားအကြောင်းစဉ်းစားလိုက်ပြီးသူ့ရဲ့ခေါင်းကိုအောက်ငုံ့ထားသောလူကိုလှည့်ပြီးကြည့်လိုက်သည်။
သူကထိုလူရဲ့လက်ကိုပွတ်လိုက်ပြီးအပြုံးနဲ့ပြောခဲ့သည် "သူ(မ)နဲ့စကားပြောပြီးရင်ကိုယ်ချက်ချင်းပြန်လာခဲ့မယ်နော် ဟုတ်ပြီလား" မျက်လုံးတွေအများကြီးကသူတို့ကိုကြည့်နေတာကြောင့်သူသည်လင်းဝမ်ယုရဲ့အစီအစဉ်တွေကိုမကြောက်ချေ။
ထိုလူဟာအလွန်အံ့အားသင့်သွားရင်း "ချက်ချင်း သခင်ကကျွန်တော့်ကိုအသိပေးနေတာလား!" ထိုလူဟာသူ့ရဲ့ခေါင်းကိုမော့ပြီးရှန့်ယန်ပေကိုကြည့်လိုက်သည်။ဒါပေမယ့်သူ့အဖြေကိုစောင့်နေရင့်သူ့ကိုကြည့်နေနှင့်ပြီးသောရှန့်ယန်ပေကိုတွေ့လိုက်ရသည်။သူဟာဗလာကျင်းသောအကြည့်နှင့်ခေါင်းညိတ်ခဲ့သည်။
ထိုလူရဲ့တုံ့ပြန်ချက်ကိုမြင်ပြီးရှန့်ယန်ပေသည်သူ့အိမ်ခြံစည်းရိုးဘေးကိုနှစ်လှမ်းလောက်လျှောက်သွားခဲ့သည်။သူကလင်းဝမ်ယုအားဆန်ကျင်ဘက်အခြမ်းတွင်ရပ်ရန်ညွှန်ပြလိုက်သည်။လင်းဝမ်ယုကမျက်လုံးနှင့်တခြားသူတွေသူ(မ)ဘာပြောလဲမကြားနိုင်တာသေချာအောင်အကွာအဝေးကိုအတည်ပြုလိုက်ပြီးအဲ့ဒီနေရာကိုလျှောက်သွားလိုက်သည်။
"မင်းမှာပြောစရာရှိရင်ဒီနေရာမှာဘဲပြော" ရှန့်ယန်ပေရဲ့လေသံဟာသိပ်မကောင်းတော့ချေ။လောင်ဇီရဲ့ဇနီးနဲ့ခန်းကုတင်မှာအပူထုတ်ဖို့လောင်ဇီအိမ်အမြန်ြန်ပြန်ရမယ် ပြောစရာရှိတာထုတ်ပြောလိုက်ပါတော့
"ကိုကိုရှန့်ယန် ကိုကိုဝမ်ယုကိုစိတ်မဆိုးရဘူးနော် ဟုတ်ပြီလား" လင်းဝမ်ယုဟာညုတုတုလေသံနဲ့ပြောလိုက်သည် "ဝမ်ယုမှားမှန်းဝမ်ယုသိပါပြီ"
ရှန့်ယန်ရဲ့အသားအရေကအခုတော်တော်လေးကောင်းနေပြီ။ဒါကchongxiကအလုပ်ဖြစ်သွားတာမျိုးဖြစ်နိုင်သည်။ရှန့်ယန်ကမကြာခင်သေတော့မယ့်လူတစ်ယောက်ပုံလဲမပေါက်တော့ဘူးဒါကြောင့်သူ(မ)ကောင်းတဲ့စကားတွေပြောပြီးသူ့ကိုချော့ရမယ်။
(T/N-chongxiဆိုတာရှေးခတ်တရုတ်လူမျိုးတွေရဲ့ယုံကြည်မှုတဲ့အဲ့ဒါကဘာလဲဆိုပြင်းပြင်းထန်ထန်ဖျားနာနေတဲ့သူကိုလက်ထပ်ပေးလိုက်ရင်နေပြန်ကောင်းနိုင်တယ်တဲ့ကံဆိုးနေတာကနေလက်ထပ်ပွဲလုပ်လိုက်တော့အညံ့တွေပျောက်သွားသလိုပေါ့)
"......."လောင်ဇီကမင်းနဲ့စကားပြောနေတာလေ မင်းကလောင်ဇီနဲ့အလိုလိုက်ခံထားရတဲ့ကလေးလိုမျိုးဘာလို့သရုပ်ဆောင်ချင်နေရတာလဲ? ရှန့်ယန်ပေရဲ့မျက်နှာဟာနစ်မြှုပ်သွားခဲ့သည်။
အမျိုးသားရဲ့မျက်နှာကိုမခန့်မှန်းနိုင်စွာကြည့်ပြီးသူဟာဒေါသထွက်နေတုန်းဘဲလို့လင်းဝမ်ယုကထင်ခဲ့သည်။သူမဟာစကားပြောဖို့တွန့်ဆုတ်နေခဲ့သည်ဒါပေမယ့်ထုတ်ပြောဖို့ဆုံးဖြတ်ခဲ့သည် "ဝမ်ယုကရှင့်ရဲ့နှလုံးသားထဲမှာရှိပြီးဝမ်ယုကိုတကယ်လက်ထပ်ချင်ရင် အဲ့ဒါကမဖြစ်နိုင်တာတော့မဟုတ်ပါဘူး.."
"ရှင်စာမေးပွဲအောင်ပြီးJurenဖြစ်လာတာနဲ့အဖေကကျွန်မတို့ကိုလက်ထပ်ပေးဖို့သေချာပေါက်သဘောတူမှာပါ" ရှန့်ယန်ရဲ့မိသားစုကအခုချိန်မှာဆင်းရဲနေရင်တောင်မှသူJurenဖြစ်သွားတာနဲ့အခြေအနေတွေကမတူတော့ဘူး အဲ့ဒီအချိန်မှာမှရှန့်ယန်ကသူ(မ)ကိုဇနီးအဖြစ်လက်ထပ်ချင်ရင်တော့သဘောတူလိုက်ဖို့ကဖြစ်နိုင်သည်။
ရှန့်ယန်ပေဟာစိတ်ထဲမှာသူ့မျက်လုံးကိုလှိမ့်လိုက်ရင်းအေးစက်စွာ"လင်းမိန်းကလေးဘာမှပြောစရာမရှိရင်ပြန်လိုက်ပါတော့"
လို့ပြောပြီးနောက်သူဟာလှည့်၍အဝေးကိုလျှောက်သွားခဲ့သည်။
လင်းဝမ်ယုဟာသူ(မ)ရဲ့မျက်နှာပေါ်ကရှက်ရွံ့မှုကိုချက်ချင်းဖယ်ရှားလိုက်ပြီးရပ်တန့်စေရန်ရှန့်ယန်ပေရဲ့လက်မောင်းကိုအလျင်အမြန်ဆွဲလိုက်ရင်းခေါ်လိုက်သည်"ကိုကိုရှန့်ယန်!!"
ရှန့်ယန်ပေဟာမဲမှောင်သောမျက်နှာဖြင့်သူ့လက်မောင်းကိုပြန်ဆွဲထုတ်လိုက်သည်"ယောက်ျားနဲ့မိန်းမကမထိတွေ့သင့်ဘူး မင်းငါ့လက်မောင်းဒီလိုဆွဲလိုက်ရင်အတင်းအဖျင်းတွေထွက်လာလိမ့်မယ်"
ဝတ်ရုံအောက်ကလက်ကိုတင်းကြပ်စွာလက်သီးဆုပ်လိုက်သည်။လင်းဝမ်ယုဟာအသက်ပြင်းပြင်းရှူလိုက်ပြီးသူ့ရင်ထဲကဒေါသတွေကိုမျိုချဖို့ကြိုးစားခဲ့သည်။သူ(မ)ဟာစကားပြောသောအခါပျော့ပြောင်းသောအသံဖြစ်အောင်တော်တော်ကြိုးစားယူခဲ့ရသည်"ကိုကိုရှန့်ယန် ကျွန်မပြောတာကိုနားထောင်ပါအုံး"
"ပြော"ရှန့်ယန်ပေရဲ့အသံဟာသူ့စိတ်အခြေအနေမကောင်းတာကိုပြနေသည်။သူဟာသူ့ရဲ့ခေါင်းကိုလှည့်လိုက်ပြီးသူ့ဇနီးရှိရာဆီသို့ကြည့်လိုက်သည်။သူ့ကိုအာရုံစူးစိုက်ပြီးတည်ငြိမ်စွာကြည့်နေသောထိုလူကိုသာတွေ့လိုက်ရသည်။သူတို့ရဲ့မျက်လုံးတွေကတစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်နေကြပြီးရှန့်ယန်ပေဟာသူ့မျက်ခုံးတွေကိုပင့်ပြလိုက်သည်။ထိုလူဟာနားရွက်ဖျားကနီလာပြီးရှက်ရွံ့မှုကြောင့်ချက်ချင်းအဝေးသို့အကြည့်လွှဲလိုက်သည်။
"မနှစ်ကအထွက်နှုန်းကမကောင်းခဲ့ဘူး ကျွန်မရဲ့ဖေဖေကလည်းထပ်ပြီးဖျားနေပြန်ပြီ သူ့မှာနေ့တိုင်းဆေးတွေအများကြီးသောက်နေရတယ်ပြီးတော့ပိုက်ဆံအများကြီးလဲကုန်ကျနေတယ် အဲ့ဒါကြောင့်အိမ်မှာအရမ်းခက်ခဲနေရတယ်"လင်းဝမ်ယုဟာဝမ်းနည်းစွာပြောခဲ့သည်"ကိုကိုရှန့်ယန် သိပါတယ် ငှားခတွေကိုနောက်ကျမှပေးလို့ရမလား"
(T/N-ကိုယ်ကအဖေနဲ့ဖေဖေဆိုပြီးသုံးလိုက်တယ်etransကတော့fatherနဲ့dadဆိုပြီးသုံးထားတယ် fatherအဖေကကောအဖေပါdadဖေဖေကျတော့ယောက်ျားအဖေပါ)
ရှန်ယန်ပေဟာမူလကိုယ်ရဲ့မှတ်ဉာဏ်တွေအလျင်အမြန်စစ်ဆေးလိုက်သည်။မူလကိုယ်ကသူ့ကိုသေလုနီးပါးဒေါပွသွားစေသည်။
လင်းဝမ်ယုရဲ့မိသားစုကရှန့်မိသားစုရဲ့နောက်မှရှန့်ကျားရွာကိုပြောင်းရွေ့လာခဲ့သည်။သူ့တိုမှာထွန်ယက်စိုက်ပျိုးရန်မြေနှင့်လယ်တွေမရှိတာကြောင့်အနည်းငယ်ငှားလိုက်မယ်လို့သူတို့ကတွေးခဲ့သည်။ထိုအချိန်တွင်ရှန့်ယန်ရဲ့မိဘတွေကအသက်ရှင်နေတုန်းဘဲဖြစ်သည်။ရှန့်ယန်ရဲ့မိဘတွေဟာမချမ်းသာတော့သော်လည်းသူတို့မှာမြေတွေအများကြီးရှိသည်။
အဖေရှန့်နှင့်အမေရှန့်တို့ရဲ့အသက်ဟာလယ်ကွင်းထဲမှာအလုပ်မလုပ်နိုင်တော့သောအရွယ်ဖြစ်သည်။ရှန့်ယန်ကလဲလယ်ကွင်းထဲမှာဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာကိုလုံးဝမသိသောပညာသင်ကျောင်းသားဖြစ်သည်။ထို့ကြောင့်လယ်မြေအားလုံးကိုတစ်ခြားသူတွေဆီကိုငှားရမ်းခဲ့သည်။လင်းမိသားစုကတံခါးဝသို့ရောက်လာပြီးလယ်နှစ်ကွက်ရန်ငှားရန်ဈေးကိုဆွေးနွေးခဲ့ကြသည်။
အစမှာတော့လင်းမိသားစုကငှားခတွေကိုပချိန်ကိုက်ပေးခဲ့ပါသည်။ဒါပေမယ့်အဖေရှန့်နှင့်အမေရှန့်တို့ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ငှားခတွေကိုအဆက်မပြတ်ရွေ့ဆိုင်းလာခဲ့သည်။ရှန့်ယန်ကလဲသူတို့မပေးရင်ငှားခအားလုံးပေးဖို့ကိုမတိုက်တွန်းခဲ့ချေ။သူတို့ဟာလင်းဝမ်ယုကျက်သရေရှိပြီးလှပသောအမျိုးသမီးတစ်ယောက်ဖြစ်လာမည်ကိုစောင့်ဆိုင်းရင်းသူတို့ရဲ့သမီးကိုရှန့်ယန်ဆီသို့ချိုမြိန်သောစကားတွေပြောခိုင်းပြီးပေးချေရမည့်ငွေကိုတစ်ခါပြီးတစ်ခါရွေ့ဆိုင်းနိုင်ခဲ့သည်။
လင်းဝမ်ယုသည်ယောက်ျားတစ်ယောက်ကိုနှစ်သက်စေရန်သူ(မ)ကိုယ်သူ(မ)ကိုယ်ရည်သွေးခြင်းမှာထူးချွန်ပြီးရှန့်ယန်ကိုချော့မော့နိုင်သောကြောင့်ငှားခမှာမေ့လျော့ခြင်းခံခဲ့ရသည်။
ရှန့်ယန်ဟာဆင်းရဲမွဲတေပြီးစိတ်ပျက်လက်ပျက်ဖြစ်လာပြီးနောက်လင်းမိသားစုဆီမှာသူ့ကိုပေးရမည့်ငှားခတွေကျန်နေသေးတာကိုသတိရလိုက်သည်။သူဟာမျက်နှာထူထူဖြင့်အိမ်သို့ငှားခတောင်းရမ်းရန်သွားခဲ့သည်ဒါပေမယ့်လင်းဝမ်ယုအဖေရဲ့'ကြေးနီကာထားသောပညာသင်ကျောင်းသား'ဟုကျိန်ဆဲတာကိုကြုံလိုက်ရသည်ည်။
(T/N-etransကပြောထားတာတော့ရှန့်ယန်ကပိုက်ဆံချမ်းသာတယ်ဘာကြောင့်သူတို့အိမ်ကိုပိုက်ဆံလာတောင်းတာလဲလို့ကျိန်ဆဲတာတဲ့)
ရှန့်ယန်ဟာမျက်နှာမပြရဲလောက်အောင်ရှက်သွားခဲ့သည်ဒါပေမယ့်ဘယ်ပိုက်ဆံကိုမှမရခဲ့ချေ။ဒါဆိုသူကအေးခဲပြီးဆာလောင်နေရမှာလား?သူဟာအရှက်တကွဲဖြစ်သွားခဲ့ပြီးဒေါသတကြီးသူတို့ငှားခမပေးရင်လယ်တွေပြန်သိမ်းပြီးတော့သဘောမတူရင်ရွာလူကြီးဆီတရားမျှတမှုရှာဖို့သွားမယ်လို့ပြောခဲ့သည်။
ရှန့်ယန်ဟာရှန့်ကျားရွာရဲ့Xiucaiတစ်ယောက်ဖြစ်နေစဉ်မှာလင်းမိသားစုကအပြင်လူတွေဖြစ်သည်။ဒါအပြင်ရှန့်ယန်ကိုစာမေးပွဲအောင်ပြီးJurenတစ်ယောက်ဖြစ်လာဖို့လဲမျှော်လင့်ထားကြသည်။ရွာလူကြီးတရားမျှတမှုသွားရှာဖို့ကလင်းမိသားစုမတတ်နိုင်သောအရာဖြစ်သည်။လင်းမိသားစုကငှားခတွေပေးဖို့သာသဘောတူနိုင်ခဲ့သည်။သူတို့ဟာငှားခတွေကိုအပြည့်မပေးနိုင်ခဲ့ချေအရစ်ကျနှင့်သာပေးနိုင်ခဲ့သည်။
ဒီငှားခတွေကိုလင်းဝမ်ယုကလာပေးခြင်းဖြစ်သည်ဒါပေမယ့်ငွေပမာဏကအမြဲတမ်းမမှန်ကန်ခဲ့ချေ။ဘယ်လိုဘဲဖြစ်ဖြစ်လင်းဝမ်ယုကညုုတုတုလုပ်ပြလိုက်တာနဲ့ရှန့်ယန်ကကြည့်မနေနိုင်ဘဲနှလုံးသားပျော့ပျောင်းသွားခဲ့သည်။ဒါဟာဘာကြောင့်လဲဆိုတော့လင်းဝမ်ယုရဲ့အကြောင်းပြချက်တွေကလုံးဝကိုယုံကြည်စရာကောင်းနေလို့ဖြစ်သည်။
သူတို့ကမွေးကြိုင်သောပေါင်ဒါတွေကိုလဲအသုံးပြုကြသည်။
အလှလေးဟာသူ့ရဲ့နှုတ်ခမ်းကိုကိုက်ရင်းမျက်ခမ်းစပ်တွေနီရဲလာပြီးမျက်ရည်ကျလာသည်။ဝမ်းနည်းနေသောအကြည့်နှင်းသနားစရာကောင်းသောပုံရိပ်ဟာရှန့်ယန်ကိုသူ(မ)အားအကန့်အသတ်မရှိကြင်နာသနားစေသည်။သူဟာအလျင်အမြန်သူ(မ)ကိုနှစ်သိမ့်လိုက်ရင်းပြောခဲ့သည်"မငိုပါနဲ့တော့ ဟုတ်ပြီလား ကိုကိုမင်းအတွက်ဝယ်ပေးမယ်နော်"
သူ(မ)မျှော်လင့်ထားသောအဖြေကိုကြားလိုက်တာနဲ့လင်းဝမ်ယုကချက်ချင်းသူ(မ)မျက်ရည်တွေကိုသုတ်လိုက်ရင်းအပြုံးဖြင့်ကျွမ်းကျင်စွာပြောခဲ့သည်"ကိုကိုရှန့်ယန်ကဝမ်ယုကိုတကယ်ချစ်တာကိုသိပြီးသား"ရှန့်ယန်ရဲ့ပိုက်ဆံတွေကိုသူ(မ)ဟာခေါင်းစည်းဝယ်ဖို့သုံးခဲ့ပြီးရှန့်ယန်တောင်မှသူ(မ)အတွက်ချန်ထားပေးရသည်။
အလှလေးဟာလှပသောပန်းတွေနဲ့လိုက်ဖက်သည်။အလှလေးကအပြုံးလေးတစ်ခုပေးလိုက်သောအခါရှန့်ယန်ရဲ့ဝိညာဉ်ကလွင့်မျောနေသလိုခံစားခဲ့ရသည်။သုံးလိုက်သောပိုက်ဆံတွေကရော?ရိုးရှင်းစွာအလှလေးအတွက်ပန်းဝယ်ဖို့ဖြစ်သည်။
ငှားခမပေးရအောင်နေ့တစ်ဝက်လောက်အချိန်ဖြုန်းနေခဲ့တာလား?ရှန့်ယန်ပေရဲ့မျက်လုံးဟာလင်းဝမ်ယုဝတ်ဆင်ထားသောအဝတ်အစားတွေဆီရောက်သွားပြီးသူရဲ့နှလုံးသားဟာလှောင်ပြောင်မှုတွေနဲ့ပြည့်နှက်သွားခဲ့သည်။ဝမ်ရာချီပေးရသောနူးညံတဲ့ပိုးထည်ကိုထိုအမျိုးသမီးဝတ်နေရချိန်မှာသူ့ဇနီးကတော့အဖာအပေါက်တွေနဲ့တိုနေသောအဝတ်အစားတွေကိုဝတ်ထားရသည်။၎င်းဟာနွေရာသီအတွက်အသစ်ထုတ်လုပ်ထားပုံပေါ်သည်။သူတို့အိမ်မှာပိုက်ဆံမရှိဘူးလို့ပြောနေတုန်းလား? အရူးဘဲယုံမယ် ဟုတ်ပြီလား?
ရှန့်ယန်ပေပိုကြည့်လေလေပိုပြီးပြောစရာစကားမရှိလေဖြစ်သည်။လင်းမိသားစုကရှန့်ယန်ရဲ့မိသားစုမှလယ်ငှားထားသောတစ်ခုတည်းသောမိသားစုမဟုတ်ချေ။ဒါပေမယ့်ရှန့်ယန်ရဲ့မိဘတွေမတော်တဆဆုံးပါးသွားပြီးနောက်ဘယ်ယ်သူမှလယ်ငှားခတွေလာမပေးတော့ချေပြီးတော့ရှန့်ယန်ကလည်းမိသားစုကလယ်ငှားထားသောကိစ္စတွေတစ်ခုမှမသိချေ။
Xiucaiတစ်ယောက်ဖြစ်သောကြောင့်ရှန့်ယန်ဟာအပြင်လောကကြောင်းဘာတစ်ခုမျှသတိမပြုမိချေ။အဖေရှန့်နှင့်အမေရှန့်ဟာလည်းဘဲအိမ်ကကိစ္စတွေကိုသူ့အားစိတ်မပူစေခဲ့ပေ။သူတို့တွေဟာသူ့အားအစာကိုပါးစပ်ဖွင့်လိုက်ရုံဖြင့်စားနိုင်ပြီးအဝတ်ကိုလက်ဆန့်လိုက်ရုံဖြင့်ဝတ်နိုင်သည်အထိသခင်ငယ်လေးလိုအလိုလိုက်ကာပညာကိုစိတ်အေးချမ်းစွာသင်ကြားစေခဲ့သည်။
ဝမ်းနည်းစရာသတင်းကြားလိုက်ရသောအခါရှန့်ယန်ဟာအေးခဲသွားရင်းအိပ်မက်မက်နေပြီးကောင်းကင်ကြီးပြိုကျသွားသလိုခံစားခဲ့ရသည်။
သူသည်ဘဝရဲ့လိုအပ်ချက်တွေကိုမသိခဲ့ချေ။သူဟာသူ့မိသားစုရဲ့အရေးကိစ္စတွေကိုတောင်မသိချေ။ပုံမှန်အားဖြင့်အမေရှန့်ဟာမိသားစုရဲ့ဝင်ငွေကိုသိမ်းရသည်။ထိုကြောင့်သူ့အမေပိုက်ဆံတွေအားလုံးကိုဘယ်နေရာမှာဖွက်ခဲ့လဲ?
သူဟာပိုက်ဆံတွေကိုရှာဖွေဖို့ကြိုးစားခဲ့ပြီးတော့တစ်ကြိမ်တွေ့ရှိလိုက်သည်။ကံကောင်းစွာနဲ့ဘဲသူဟာကျိုးပဲ့နေသောတေးအနည်းငယ်ကိုတွေ့ရှိခဲ့သည်။ဒါပေမယ့်သူ့မိဘတွေရဲ့ဈာပနပွဲကိုကိုင်တွယ်စီစဉ်ပြီးနောက်မှာတော့အများကြီးမကျန်တော့ချေ။
သူ့မိသားစုမြေငှားထားတာတွေနဲ့ပတ်သက်ပြီးလည်းမရှင်းလင်းနိုင်ခဲ့ပေ။သူဟာဘယ်သူကဘယ်မြေကိုငှားထားလဲဆိုတာကိုမသိတဲ့အပြင်မြေငှားရမ်းခကဘယ်လောက်လဲဆိုတာတောင်မသိချေ။ဘာကြောင့်လဲဆိုတော့သူဟာအမြဲြဲတမ်းအပြင်လောကနဲ့ဝေးကွာနေလို့ဖြစ်သည်။ရှန့်ယန်ဟာတခြားသူတွေကိုမြေငှားခပေးရန်သွားမေးဖို့ယုံကြည်ချက်မရှိခဲ့ပြီးတော့ပညာသင်ကျောင်းသားတစ်ယောက်အနေနှင့်သူ့ရဲ့မျက်နှာကိုအဆုံးရှုံးမခံသင့်ဘူးလို့တွေးခဲ့သည်။သူ့ဟာသူ့ကိုယ်သူဘာထောက်ပံ့မှုမှမလုပ်ခဲ့ချေ။ထို့ကြောင့်ဒီရက်တွေမှာသူဟာဆင်းရဲပြီးရင်းဆင်းရဲလာခဲ့သည်။
"လင်းမိန်းကလေး ငှားခကအချိန်နောက်ကျနေလို့မရတော့ဘူး အတိတ်မှာတုန်းကဒီရှန့်ကတစ်ကိုယ်တည်းသမားဖြစ်တယ် ယောက်ျားတစ်ယောက်စားဖို့လုံလောက်ရင်တစ်မိသားစုလုံးဗိုက်ဆာနေမှာမဟုတ်ဘူး အခုတော့ဒီရှန့်ကဇနီးတစ်ယောက်ရှိနေပြီးတော့ဒီရှန့်ရဲ့ဇနီးအဆာခံခွင့်မပြုနိုင်ဘူး"ရှန့်ယန်ပေဟာလင်းဝမ်ယုရဲ့ထိတ်လန့်တုန်လှုပ်နေသောအမူအရာကိုကြည့်ရင်းတဲ့တိုးပြင်းပြင်းထန်ထန်ပြောလိုက်သည်။
သူအနည်းငယ်စဉ်းစားလိုက်ပြီးထပ်ပြောခဲ့သည်"အဲ့ဒါကိုမေ့လိုက်ပါတော့ ဒီရှန့်ကမင်းကိုအိမ်ကိုပြန်ပြောစေချင်တယ် ဒီရှန့်ကငှားခကိုမလိုချင်တော့ဘဲမြေကိုသာပြန်လိုချင်တယ်လို့"
ဒီအကြွေးကရိုးရိုးရှင်းရှင်းမရှင်းလင်းနိုင်သောကြောင့်လင်းဝမ်ယုနှင့်မူလကိုယ်ကနီးကပ်နေတာဖြစ်သည်။အခုနွေဦးပွဲတော်မတိုင်လတစ်ဝက်ဘဲလိုတော့သောကြောင့်တစ်ခါထဲမြေကိုပြန်ယူလိုက်တာပိုကောင်းသည်။မျိုးစေ့အသစ်တွေကိုကြဲပြီးမိုးမရွာခင်စပါးပျိုးပင်တွေအညှောင့်ပေါက်လာဖို့ကိုစောင့်ရမည်။
လင်းဝမ်ယုကနောက်တစ်ကြိမ်ထိတ်လန့်သွားခဲ့ပြီးရှန့်ယန်ရဲ့ပါးစပ်ကထိုစကားတွေထွက်လာတာကိုမယုံကြည်နိုင်ခဲ့ချေ။
ရှန့်ယန်ပေသူ(မ)အားကြာကြာအာရုံမစိုက်ခဲ့ချေ။ထိုလူရဲ့မျက်လုံးတွေကိုကြည့်လိုက်ရင်းအိမ်တံခါးဆီရောက်ဖို့ဦးဆောင်ခေါ်သွားကာ"ဇနီး ကိုယ်ဗိုက်ဆာနေပြီး ချက်ပြုတ်ပြီးစားသောက်ဖို့အိမ်ပြန်ကြရအောင်"
ထိုလူဟာရှန့်ယန်ပေကိုဘဲတစ်ချိန်လုံးအာရုံစိုက်ထားတာကြောင့်သူပြောတာကြားလိုက်ရသောအခါချက်ချင်းနောက်ကလိုက်လာခဲ့သည်။
လင်းဝမ်ယုဟာရှန့်ယန်ပေရဲ့ထိုလူကိုစကားပြောနေတာကိုကြည့်နေခဲ့ပြီးသူမရဲ့မျက်နှာဟာဖြူလိုက်နီလိုက်ဖြစ်လာခဲ့သည်။
ရှန့်ယန်ကနေမကောင်းပြီးရှုပ်ထွေးနေတာလား?သူကမမျှော်လင့်ထားစွာမြေကိုပြန်လိုချင်နေတာလား?သူ(မ)အိမ်ပြန်ရောက်ရင်ဘယ်လိုရှင်းပြရမှာလဲ?ဤအရာကသူ(မ)ကိုသေလောက်အောင်ဒေါသထွက်စေသည်။
------------------------------------