no

Font
Theme

အိမ်အပြန်လမ်းတွင်ဦးလေးရှန့်ဟာအရင်ကလိုစိတ်အေးလက်အေးရှိနေပုံမပေါ်ချေ။ယင်းအစားသူ့ရဲ့မျက်ခုံးတွေကိုမျက်မှောင်ကြုတ်ထားပုံရပြီးကြာပွတ်ကိုဝှေ့ယမ်းကာနွားလှည်းမောင်းနေရင်းတိတ်ဆိတ်နေခဲ့သည်။ရှန့်ယန်ပေဟာမမေးဘဲမနေနိုင်ခဲ့ပေ "ဦးလေး ဘာလို့အရမ်းစိုးရိမ်နေပြီးစိတ်နှလုံးမသာရာပုံပေါက်နေရတာလဲ?"

ဦးလေးရှန့်ဟာသက်ပြင်းချလိုက်ရင်းပြောခဲ့သည် "မင်းအစ်ကိုလိုင်ဖူ အလုပ်လုပ်တဲ့စားသောက်ဆိုင်က ကောင်းကောင်းမလည်ပတ်နိုင်ဘဲအမြတ်များများမရဘူး ဆိုင်ပိုင်ရှင်ရဲ့အဖေကလည်းတော်တော့်ကိုနေမကောင်းဖြစ်နေတယ် ဆိုင်ပိုင်ရှင်ကဆိုင်ကိုလွှဲပြောင်းပြီးအိမ်ပြန်ဆေးကုပေးချင်တယ် မင်းအစ်ကိုလိုင်ဖူကစားသောက်ဆိုင်ရဲ့စာဖိုမှူးမဖြစ်နိုင်တော့ဘူး ဟင်း.….…"

အခုခေတ်မှာ နေထိုင်စားသောက်ဖို့အတွက်အလုပ်တစ်ခုရှာရန်ကမခက်ခဲပေ။ပြဿနာကဝါသနာပါသောအလုပ်ကိုရှာဖွေခြင်းဖြစ်သည်။ သူတို့မိသားစုရဲ့လိုင်ဖူကဟင်းချက်ခြင်းကိုသာစိတ်ဝင်စားသည်။ စာဖိုမှူးတစ်ယောက်အနေနှင့်အလုပ်တစ်ခုရှာရန်ကအထူးသဖြင့်ကောင်တီမြို့တွင်မလွယ်ကူချေ။ ဒီမှာကစားသောက်ဆိုင်နည်းနည်းသာရှိပြီး ၎င်းတို့ကစာဖိုမှူးလိုအပ်နေပုံလည်းမပေါ်ပေ။

ရှန့်ယန်ပေဟာသူ့ရဲ့မျက်ခုံးကိုပင့်လိုက်ကာမေးခဲ့သည် "ဘာကြောင့်ရုတ်တရက်ကြီးလဲ?"

"ဒီစားသောက်ဆိုင်ကရောင်းမထွက်ဘူးဆိုရင်တောင်မှ အနှေးနဲ့အမြန်ပိတ်သွားလိမ့်မယ်" ရှန့်ယန်ပေရဲ့အကြည့်ထဲတွင်ပဟေဠိအချို့ကိုတွေ့ပြီးနောက် ဦးလေးရှန့်ဟာကိစ္စအစမှအဆုံးကိုရှင်းပြခဲ့သည်။

အစကပြောရမယ်ဆိုလျှင် စားသောက်ဆိုင်ပိုင်ရှင်ကနှမြောတွန့်တိုတတ်သောလူစားမျိုးဖြစ်သည်။ ပထမစားသောက်ဆိုင်စဖွင့်သောအခါ ပိုက်ဆံကုန်သွားမည်ကို‌ကြောက်ရွံ့‌သောကြောင့်သူကဆိုင်အတွင်းအလှဆင်သည်ကိုမလုပ်ခဲ့ချေ။ သူကစားပွဲထိုးနှစ်ယောက်ကိုသာအလုပ်ခန့်ခဲ့ပြီးမီးဖိုချောင်အတွက်ကတော့အဒေါ်တစ်ယောက်၊ ရှန့်လိုင်ဖူနှင့်သူ့တပည့်သုံးယောက်သာဖြစ်သည်။

ဒီလိုသူဌေးမျိုးကသဘာဝကျကျဘဲကောင်းမွန်သောပါဝင်ပစ္စည်းတွေဝယ်ဖို့ငွေများများသုံးမည်မဟုတ်ပေ။ သူကဦးလေးရှန့်ရဲ့နေ့စဉ်ပို့သောအသီးအရွက်တန်ဖိုးကိုလျှော့ချနေဆဲဖြစ်သည်။ ဒါ့အပြင်ဒီပိုင်ရှင်ကအလုပ်သမားတွေအပေါ်ဆက်ဆံမှုကလုံးဝကိုရက်စက်ဆိုးရွားသည်။ သူဟာအလုပ်သမားတွေကိုအလွယ်တကူရိုက်နှက်ကြိမ်းမောင်းခြင်းရောသူတို့ရဲ့လစာကိုနှုတ်ယူခြင်းများပါပြုလုပ်သည်။ အလုပ်သမားအားလုံးဟာဆိုင်ပိုင်ရှင်ကိုနက်နက်ရှိုင်းရှိုင်းနာကြည်းကြသည်။ လူတွေကစည်းစည်းလုံးလုံးမရှိသလိုလုပ်ငန်းလည်ပတ်ဖို့ပိုက်ဆံလည်းမသုံးချင်ကြချေ။ သဘာဝအတိုင်းဘဲဒီလိုဆိုင်မျိုးကကြာကြာမဖွင့်နိုင်တော့ပေ။

"နေ့တိုင်း ငါကသူ့ဆိုင်ကိုလတ်လတ်ဆတ်ဆတ်အသီးအရွက်တွေသွားပို့ပေးပေမယ့်သူကဇီဇာကြောင်နေပြီးငါတို့အသီးအရွက်တွေကိုနှိမ့်ချနေသေးတယ် သူကငါ့မိသားစုရဲ့အသီးအရွက်တွေကမကောင်းဘူးလို့ပြောသေးတယ် ပြီးတော့သူကဈေးနှိမ်ပြီးဝယ်ချင်ပြန်တယ်"

အစိမ်းရောင်အသီးအရွက်တွေကိုသူတို့ဘာသာသူတို့စိုက်ပျိုးထားသောကြောင့်ပိုက်ဆံတန်ဖိုးအများကြီးမရှိပေ။ ဒါပေမယ့် သူ့သားကလည်းစားသောက်ဆိုင်ရဲ့စားဖိုမှူးဖြစ်ပြီးဦးလေးရှန့်ကနေ့တိုင်းပစ္စည်းတွေသွားပို့ပေးခဲ့သည်။

ရွာသားတွေကမနာလိုဖြစ်ကြပြီးသူ့သားအလုပ်ကောင်းကောင်းရခြင်းနှင့်မိသားစုရဲ့ငွေရေးကြေးရေးအားကူညီနိုင်သည်ကိုသဘောကျနေကြသည်။ တကယ်တမ်းတော့ ပစ္စည်းများများပို့ပြီးနောက်အမြတ်မရတဲ့အပြင်သူ့သားပါအလုပ်ဆုံးရှုံးရတော့မည်ဖြစ်သည်။ ဦးလေးရှန့်ဟာစိတ်ဓာတ်ကျမှုကိုမခံစားရဘဲမနေနိုင်ခဲ့ပေ။

"စည်းလုံးမှုကချမ်းသာစေတယ်လို့ပြောကြတယ် ဒီပိုင်ရှင်ကတကယ့်ကိုအကြင်နာတရားမရှိတာဘဲ" ရှန့်ယန်ပေဟာဦးလေးရှန့်ရဲ့စကားတွေနှင့်အတူလိုက်ပြောပေးရင်းပေါ့ပေါးပါးပါးမေးခဲ့သည် "ဒါကအလျင်စလိုကြီးဘဲ စားသောက်ဆိုင်ကမကြာခင်ပိတ်ရတော့မှာ ဘယ်သူကဆိုင်ကိုလွှဲပြောင်းယူပြီးဈေးမြင့်မြင့်ပေးမှာလဲ?"

"ဒါကသဘာဝပါဘဲ လွန်ခဲ့တဲ့နှစ်ရက်ကတစ်ယောက်ယောက်ကလာပြီးဈေးမေးခဲ့တယ်လေ ဒါပေမယ့်ဈေးနှုန်းကလက်မခံနိုင်စရာဖြစ်လို့ညှိနှိုင်းတာအဆင်မပြေဘူးလို့ကြားတာဘဲ"

ရွာသို့ပြန်ရောက်သောအခါ ရှန့်ယန်ပေဟာဦးလေးရှန့်ကိုကျေးဇူးတင်ခဲ့ကာကုချန်းဖန်းနှင့်ဒီနေ့ဝယ်လာသောပစ္စည်းအားလုံးကိုသယ်ရင်းအိမ်ပြန်လာခဲ့သည်။

..............

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment