"ရှန့်ယန်!!!"
လူနှစ်ယောက်အိမ်တံခါးဝကိုမရောက်သေးခင်မှာဘဲအကွာအဝေးတစ်ခုမှပြင်းပြင်းထန်ထန်အော်သံကိုကြားလိုက်ရသည်ည်။ထို့နောက်လူတစ်ယောက်ရဲ့ပုံသဏ္ဌာန်တစ်ခုကအရှိန်နှင့်ပြေးလာနေတာကိုတွေ့လိုက်ရသည်။
"ရှန့်ယန် ငါ့တူလေး ဦးလေးကမင်းကိုလိုက်ရှာနေတာကြာပြီ မင်းဘယ်တွေရောက်နေတာလဲ?"စကားပြောနေသောတစ်ယောက်ဟာအသက်လေးဆယ်အရွယ်ယောက်ျားတစ်ယောက်ဖြစ်သည်။သူဟာအလွန်အမင်းချွေးထွက်နေပြီးတော့သူ့ရဲ့မျက်နှာမှာစိုးရိမ်မှုအရိပ်အယောင်တွေရှိနေခဲ့သည်။
"ဦးလေးယွီခိုင်ဘဲ"ရှန့်ယန်ပေဟာသူ့ပခုံးပေါ်ကမရှိသောဖုန်မှုန့်တွေကိုခါလိုက်ရင်းဘာမှမသိသောအသံဖြင့်ပြောလိုက်သည် "ကျွန်တော့်အိမ်ကအိုးခွက်တွေကိုသုံးလို့မရတော့ဘူးလေ ဒါကြောင့်ကျွန်တော့်မှာရွေးချယ်စရာမရှိဘဲအသီးအရွက်တွေသွားတူးနေရတာ"
(T/N-အိမ်ကအိုးခွက်တွေသုံးလို့မရတော့ဘူးဆိုတာစားစရာမရှိတော့တာကိုပြောတာကိုပြောတာပါ)
ရှန့်ယွီခိုင်ဟာရှန့်ယန်ပေသယ်လာသောခြင်းတောင်းကိုကြည့်လိုက်သည်။အသီးအရွက်ရိုင်းအပုံလိုက်ဟာခြင်းတောင်းပြည့်လုနီးပါးဖြစ်နေသည်။ရှန့်ယွီခိုင်ဟာလှောင်ပြုံးပြုံးလိုက်သည်။
ဒါပေမယ့်ရှန့်ယန်ပေပြောသောနောက်စကားတွေကြောင့်သူဟာကြာကြာမပြုံးနိုင်ခဲ့တော့ချေ။
"ကျွန်တော်ဗိုက်ပြည့်အောင်စားပြီးရင်ကောင်တီတရားသူကြီးဆီသွားဖို့ခွန်အားရှိလာနိုင်တယ်"
ရှန့်ယွီခိုင်ရဲ့အပြုံးဟာအေးခဲသွားပြီးစကားပြောနေစဉ်သူ့နဖူးကချွေးကိုသုတ်လိုက်သည် "ဒါ ဦးလေးကအသက်ကြီးလွန်းနေတာကြောင့်တော်တော်များများသတိမရဖြစ်နေခဲ့တယ် မနေ့ကမှဦးလေးမပေးရသေးတဲ့ငှားခတွေရှိသေးတယ်ဆိုတာသတိရလိုက်တယ် ဒါကြောင့်အချိန်မဆွဲဘဲမနက်မိုးလင်းတာနဲ့ပိုက်ဆံကိုင်ပြီးလာခဲ့တာ ဒါမဲ့မင်းကအိမ်မှာမရှိဘူးလို့ဘယ်သူကထင်မှာလဲ ဦးလေးမင်းကိုစောင့်နေရတာတစ်ရှီချန်(နှစ်နာရီ)လောက်ရှိနေပြီ"
ရှန့်ယန်ပေဟာစကားမပြောဘဲမဲ့ပြုံးသာပြုံးကာရှန့်ယွီခိုင်ကိုကြည့်နေခဲ့သည်။
ရှန့်ယန်ပေရဲ့ပုံစံကိုမြင်သောအခါရှန့်ယွီခိုင်ကစိတ်လှုပ်ရှားနေပြီးကြောက်လန့်နေခဲ့သည်။သူဟာသူ့ရဲ့တံတွေးကိုမျိုချလိုက်ပြီးသူ့ရင်ဘတ်ထဲမှတစ်စုံတစ်ခုကိုဆွဲလိုက်သည်။သူဆွဲထုတ်လိုက်သောအရာဟာအထည်ဖြင့်ပြုလုပ်ထားသည့်အိတ်အသေးလေးတစ်လုံးဖြစ်သည်။
ရှန့်ယန်ဟာကောက်တီတရားသူကြီးထံသွားလိုက်မှာကိုကြောက်သောကြောင့်သူဟာသူ့သားအကြီးဆုံးကိုရှန့်ယန်သွားနေခြင်းမှရပ်တန့်ရန်လုပ်ဆောင်ခိုင်းခဲ့သည်။သူကတော့အိမ်အမြန်ြန်ပြန်ပြီးငှားခတွေတွက်ချက်ကာအနားယူခြင်းမရှိဘဲအပြေးအလွှားလာခဲ့သည်။ရှန့်ယန်ဟာအိမ်မှာတကယ်မရှိဘူးလို့တော့ဘယ်သူကတွေးမိမှာလဲ?
သူတကယ်ကောင်တီတရားသူကြီးဆီသွားတာများဖြစ်နိုင်မလား?
ထိုဖြစ်နိုင်ချေကိုစဉ်းစားမိပြီးနောက်သူ့နှလုံးသားဟာအေးခဲသွားခဲ့သည်။သူဟာရှန့်ယန်ရဲ့တံခါးရှေ့တွင်ဂနာမငြိမ်ဖြစ်နေပြီးကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းနှင့်နာကြည်းခြင်းတွေနှင့်အတူရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လုပ်နေခဲ့သည်။
သူတို့မိသားစုကောင်းကောင်းနေရတာကိုသူမမြင်ချင်တာကြောင့်ရှန့်ယန်ကပြဿနာလုပ်နေခဲ့တာလား?
သူတို့မိသားစုကပညာသင်ကျောင်းသားရဲ့သမီးကိုလက်ထပ်နိုင်ပြီးသူကိုယ်တိုင်ကျရုပ်ဆိုးတဲ့လူကိုလက်ထပ်လိုက်ရတာကိုမနာလိုနေခြင်းကြောင့်များဖြစ်မလား?
သူ(ရှန့်ယန်)ကသူ့မိသားစုရဲ့ချန်းဝမ်စာမေးပွဲဝင်ဖြေပြီးXiucaiတစ်ယောက်ဖြစ်လာမှာကိုခွင့်မပြုနိုင်သောကြောင့်များဖြစ်နိုင်မလား?
မသင်္ကာစရာတွေအများကြီးသူ့ခေါင်းထဲမှာပေါ်လာပေမယ့်ရှန့်ယန်အိမ်ပြန်လာတာကိုမြင်ပြီးနောက်ထိုအကြောင်းထပ်မတွေးရဲတော့ပေ။
သူ့ရှေ့ကလူငယ်လေးဟာအရင်ကလိုကြည်လင်သန့်ရှင်းသောအသားအရေရှိသောပညာသင်ကျောင်းသားနှင့်တူညီနေဆဲဖြစ်ပေမယ့်ခံ့ညားထည်ဝါမှုနှင့်မြင့်မြတ်မှုကတော့ပုံမှန်နှင့်လုံးလုံးကွာခြားသည်။ရက်အနည်းလောက်မတွေ့လိုက်တာနှင့်လူတစ်ကိုယ်လုံးပြောင်းလဲသွားပုံထင်ရသည်ည်။ထိုမဲ့ပြုံးဟာသူ့နှလုံးသားကိုတုန်လှုပ်သွားစေပြီးကြောက်ရွံ့မှုကိုခံစားရစေသည်။
ရှန့်ယန်ပေဟာအထည်ဖြင့်ပြုလုပ်ထားသောအိတ်ကိုကြည့်လိုက်သည်။ထိုထဲမှာတော့ငွေစခုနစ်ကြိုးနှင့်ငါးဆယ်ဝမ်တို့ရှိပြီးတစ်ခုလေးတောင်မပိုပေ။သူဟာအိတ်ကိုပိတ်လိုက်ပြီးကုချန်းဖန်းကိုပေးခဲ့သည်။ကုချန်းဖန်းဟာထိုအိတ်ကိုစိုက်ကြည့်နေပြီးရှန့်ယွီခိုင်ကလည်းအံ့ဩသွားခဲ့သည်။
(T/N-ငွေစတစ်ကြိုးကို၁၀၀၀ဝမ်=တစ်တေး)
"ဦီးလေးကကျွန်တော့်အရေးပေါ်အခက်အခဲကိုဖြေရှင်းနိုင်ဖို့ကူညီပေးခဲ့တာဘဲ"ရှန့်ယန်ပေဟာပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ရှန့်ယွီခိုင်ဟာပေါ့ပါးစွာရယ်မောလိုက်ပြီးသူ့နှလုံးသားထဲမှာတစ်ခုခုကြောင့်စိတ်သက်သာရာရသွားသည်။
ရှန့်ယန်ပေဟာဒီစကားလုံးများကိုပြောလိုက်ပြီးရှန့်ယွီခိုင်ရဲ့နှလုံးသားဟာထပ်မံတုန်လှုပ်သွားခဲ့သည်။
"အစကဦးလေးနှင့်ကျွန်တော့်အဖေသုံးနှစ်စာချုပ်မှာလက်မှတ်ထိုးခဲ့ကြတယ် အခုလေးနှစ်တောင်ရှိနေပြီ ကျွန်တော်ဒီလယ်မြေတွေကိုထပ်ပြီးမငှားနိုင်တော့ဘူး" ရှန့်ယန်ပေဟာသေသေချာချာခိုင်ခိုင်မာမာပြောခဲ့သည်။
ရှန့်ယွီခိုင်ဟာလန့်သွားခဲ့ပြီးသူ့ရဲ့မျက်နှာဟာဖြူဖျော့လာကာပြောခဲ့သည်။"ဒီမြေတွေကိုမငှားနိုင်တော့ဘူး?ဘာကြောင့်ရုတ်တရပ်ဒီမြေတွေကိုမငှားချင်တော့ရတာလဲ?မင်းဒီမြေတွေကိုင့ါဆီမငှားတော့ရင်ငါတို့ဘယ်လိုအသက်ရှင်ရတော့မှာလဲ?"
မနက်စောစောကကောလဟာလတွေကြားပြီးသောရွာသားတွေဟာရှန့်ယန်ပေအိမ်ပြန်လာတာကိုမြင်သောအခါပြဿနာကိုလူတော်တော်များများကလာကြည့်ဖို့ထိုနေရာကိုရောက်နေကြပြီးဆူညံသံများစိတ်လှုပ်ရှားသံများနှင့်စည်ကားနေကြသည်။သူတို့တွေဟာရှန့်ယွီခိုင်ပြောတာကိုကြားသောအခါတစ်ချို့လူတွေကရှန့်ယန်ပေဟာအကြင်နာတရားနှင့်ရိုးသားမှုမရှိဘူးလို့ပြောကြသည်။
ရှန့်ယန်ပေဟာမမျှော်လင့်ထားသောအကြည့်ဖြင့်ထိုအငယ်ဆုံးလေးကိုတစ်ချက်လိုက်သည်။သူဟာထိုကလေးဘယ်သူလဲဆိုတာကိုသိသွားပုံပေါ်သည်။ထိုသူဟာရွာထဲကအဖွားယုရဲ့မွေးစားမြေးဖြစ်ပြီးသူ့ကိုကျိုးယုလို့ခေါ်ပုံပေါ်သည်။
မူလကိုယ်ကထိုကလေးနှင့်လမ်းမှာတွေ့ရင်တောင်ကျော်သွားပြီးတစ်ခါမှလည်းစကားမပြောဖူးခဲ့ပေ။ဒါဆိုဘာကြောင့်ထိုကလေးကသူ့ကိုကူညီရတာလဲ?
စက္ကန့်အနည်းငယ်ကြာပြီးနောက်ရှန့်ယန်ပေဟာအရာအားလုံးကိုနားလည်သွားသည်။အငယ်ဆုံးကောင်လေးဟာကုချန်းဖန်းကိုပြုံးပြခဲ့ပြီးသူဟာသူ့ဇနီးနှင့်ရင်နှီးပုံပေါ်သည်။
ရှန့်ယန်ပေရဲ့မျက်ခုံးတွေဟာပင့်တက်သွားခဲ့သည်။ဘယ်အချိန်တည်းကသူ့ဇနီးနှင့်ကျိုးယုကသိကျွမ်းနေခဲ့တာလဲ?
ရှန့်ယန်ပေဟာကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့အရင်ကထင်ခဲ့မိသောရွာသားတွေဟာထိုစကားတွေကြောင့်စဉ်းစားခဲ့ကြပြီးတစ်စုံတစ်ယောက်ကသဘောတူကာပြောခဲ့သည် "ဟုတ်တယ် ရှန့်ယွီခိုင် အခုရှန့်ယန်ကဇနီးတစ်ယောက်ရှိနေပြီးတော့နောင်တစ်ချိန်ရောက်လာရင်သူတို့ကကလေးတစ်ယောက်ကိုလည်းပြုစုပျိုးထောင်ရအုံးမယ် မင်းလယ်မြေတွေကိုသူ့ဆီပြန်ပေးရမယ်"
"ငါ့မိသားစုတစ်ခုထဲကဘဲသူ့လယ်တွေငှားထားတာမဟုတ်ဘူး ဘာကြောင့်ငါ့လယ်တွေကိုဘဲသူကပြန်လိုချင်နေရတာလဲ?"ရှန့်ယွီခိုင်ရဲ့မျက်နှာဟာအရမ်းဒေါသထွက်နေပြီးသူ့လည်ပင်းထူထူဟာအနီရောင်ပြောင်းနေသည်။
သူဟာငှားခအတွက်ခုနစ်တေးကျော်ကိုတစ်ခါထဲပေးခဲ့ရပြီးသူ့နှလုံးသားဟာသေနိုင်လောက်အောင်အလွန်နာကျင်နေခဲ့ရသည်။အခုသူ(ရှန့်ယန်)ဟာသူ့(ရှန့်ယန်)ကိုလယ်မြေတွေပြန်ပေးစေချင်နေတုန်းဖြစ်ကာဒါကသူ့(ရှန့်ယွီခိုင်)ရဲ့ဘဝကိုတောင်းဆိုနေတာမဟုတ်ဘူးလား?
"အရင်တုန်းကအဲ့ဒီလယ်မြေတွေကိုကျွန်တော့်မိဘတွေကငှားခဲ့ပေမယ့်အခုငှားထားတာပြီးသွားပြီဖြစ်တာကြောင့်ကျွန်တော်အဲ့လယ်မြေတွေကိုပြန်ယူရလိမ့်မယ် ကျွန်တော်ပြန်ယူမှာဦးလေးယွီခိုင်ရဲ့လယ်မြေတွေဘဲမဟုတ်ပါဘူး"ရှန့်ယန်ပေဟာရှန့်ယွီခိုင်ကိုသံသယဖြစ်စရာမရှိစွာကြည့်နေရင်းရှင်းရှင်းလင်းလင်းကျယ်ကျယ်လောင်လောင်ပြောခဲ့သည် "အခုကျွန်တော့မိသားစုကဆန်စေ့တစ်စေ့တောင်မှအိမ်မှာမရှိဘူး ဒါကြောင့်ကျွန်တော်လယ်ထဲသွားပြီးအလုပ်လုပ်ရမယ် ဦးလေးယွီခိုင်အကြီးတစ်ယောက်အနေနဲ့ဦးလေးရဲ့တူလေးအတွက်နားလည်မှုတစ်ချို့ဘာကြောင့်မပြတာလဲ?"
ရှန့်ယွီခိုင်ကအလွန်အမင်းကိုဒေါသထွက်သွားခဲ့ပြီးသူကအပြုံးနှင့်ပြောလိုက်သည် "မင်းကလင်းမိသားစုကလယ်တွေကိုရောပြန်ယူမှာလား?လင်းဝမ်ယုက'ကောကော'လို့နှစ်ခါလောက်ခေါ်လိုက်တာနဲ့မင်းငှားခတောင်မလိုချင်တော့မှာငါကြောက်တယ်"
ဒီရှန့်Xiucaiကမြင့်မြတ်ခံ့ညားပုံပေါ်သည်။အသားမဲမဲလယ်သမားတွေပြည့်နှက်နေသောလူအုပ်ကြီးထဲတွင်သူ့ပုံစံကကြက်အုပ်ထဲကကြိုးကြာတစ်ကောင်ပုံပေါ်လွင်နေသည်။အများအားဖြင့်သူဟာမင်ထဲမှာနစ်မြှုပ်နေသောXiucaiတစ်ယောက်ဖြစ်လာသောအချက်အပေါ်မူတည်ပြီးအတုအယောင်ပုံစံတောင်မထားချေ။ဒါကြောင့်ရွာထဲကလှပသောမိန်းကလေးတွေအားလုံးဟာသူ့ကိုအလွန်ကောင်းစွာဆက်ဆံကြသည်။တစ်ချိန်လုံးသူတို့ကိုမနာလိုလိုဖြစ်ပြီးသေလောက်သော'ကောကော ကောကော'လို့ခေါ်သောလူတွေအမြဲရှိနေခဲ့သည်။
ကုချန်းဖန်းဟာစိုးရိမ်စွာရှန့်ယန်ပေကိုကြည့်လိုက်ပေမယ့်ရှန့်ယန်ပေရဲ့မျက်နှာဟာဘာပြောင်းလဲမှုမှမရှိဘဲသူကပြောလိုက်သည် "ဦးလေးယွီခိုင် တစ်ခုခုကိုနားလည်မှုလွဲနေတာလား?အဲ့အချိန်တုန်းကယောက်ျားလေးကအိမ်ထောင်မပြုရသေးသလိုမိန်းကလေးကလည်းလက်ထပ်မဝင်ရသေးဘူး ဒီတူလေးကလူငယ်တွေရဲ့အချစ်ကိုသဘောကျပြီးတော့မလွှဲမရှောင်သာဆန့်ကျင်ဘက်လိင်အပေါ်ကာကွယ်ပေးချင်သောခံစားချက်ရှိတာကြောင့်လင်းမိန်းကလေးကိုဂရုစိုက်ခဲ့တာပါ"
"လင်းမိန်းကလေးအတွက်ကတော့ကျွန်တော်ကဇနီးတစ်ယောက်ရှိလာပြီးမိသားစုရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်နေပြီ သဘာဝအားဖြင့်ကျွန်တော်ကသူမနဲ့အကွာအဝေးတစ်ခုခြားထားသင့်တယ် မိန်းမပျိုလေးရဲ့ဂုဏ်သိက္ခာကိုမထိခိုက်စေဖို့လူတိုင်းကအရင်တုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြောနေတာရပ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်"
"ဟုတ်ပြီလေဒါပေမယ့်Qingmingပွဲတော်မတိုင်ခင်ပြန်ပေးရမယ်"
"ဟမ့်!"ရှန့်ယွီခိုင်ကထေ့ငေါ့လိုက်ရင်းရှန့်ယန်ပေကိုပြင်းထန်စွာစိုက်ကြည့်လိုက်သည်။ထို့နောက်သူဟာလှည့်၍ဒေါသနှင့်ထွက်သွားခဲ့သည်။သူမြင်ချင်ပါသေးတယ်ဒီကလေးကလင်းမိသားစုဆီကမြေကိုဘယ်လိုပြန်ယူမလဲဆိုတာ!
ရှန့်ယွီခိုင်ပြန်သွားသောအခါလူစုကြီးဟာကွဲထွက်သွားဖို့ရည်ရွယ်လိုက်ပေမယ့်ရှန့်ယန်ပေသူတို့ကိုခေါ်ခဲ့ပြီးရပ်ခိုင်းခဲ့သည်။
"ရွာသူရွာသားတွေ ခဏလောက်နေပါအုံး"
လူတိုင်းဟာရှုပ်ထွေးမှုဖြင့်လှည့်ကြည့်လာသည်။ရှန့်ယန်ပေဟာလူတိုင်းကိုဦးညွှတ်၍ရိုးသားစွာပြောခဲ့သည် "ရွာသူရွာသားတွေခင်ဗျ အရင်တုန်းကရှန့်ယန်ဟာငယ်ရွယ်ပြီးအသိဉာဏ်မရှိကာဘာမှလည်းများများစားစားမသိခဲ့ဘူး ရှန့်ယန်အမှားလုပ်ခဲ့မိတာတစ်ခုခုများရှိခဲ့ရင်ရွာသူရွာသားတွေအနေနဲ့ကျေးဇူးပြု၍ရှန့်ယန်ကိုခွင့်လွှတ်ပေးဖို့မေးချင်ပါတယ်"
ရှန့်ယန်ရဲ့နှိမ့်ချသောအမူအရာဟာအားလုံးကိုငုတ်တုတ်မေ့သွားစေပြီးထိုအချိန်မှာဘယ်သူမှပြန်မဖြေခဲ့ကြပေ။
ရွာလူကြီးရှန့်သယ့်ကျုံးကအဝေးမှဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။မကြာသေးမီအချိန်ကရွာသားတစ်ဦးဟာပြေးလာခဲ့ပြီးရှန့်ယန်ပြန်လာကြောင်းကိုအကြောင်းကြားခဲ့သည်။သူဟာနှစ်ဦးနှစ်ဖက်သဘောထားကွဲလွဲပြီးရန်ဖြစ်ကြမည်ကိုကြောက်သောကြောင့်ဒီကိစ္စကိုကိုင်တွယ်ဖို့အချိန်ဆွဲခြင်းမရှိဘဲအမြန်လာခဲ့ရသည်။ရှန့်ယန်ပေရဲ့စကားတွေကိုအခုကြားသောအခါမှသူဟာစိတ်သက်သာရာရစွာသက်ပြင်းချနိုင်ခဲ့သည်။
"လက်ထပ်ပြီးရင်အသက်မွေးဝမ်းကြောင်းပြုပါဆိုတဲ့ဆိုရိုးအတိုင်းကျွန်တော်ကအခုလက်ထပ်ပြီးသွားပြီ ကျွန်တော်ရဲ့နေ့ရက်တွေကိုဖြတ်သန်းဖို့အရင်ကလိုဗရုတ်သုတ်ခမနေထိုင်နိုင်တော့ဘူး" ရှန့်ယန်ပေဟာပြုံးရင်းထပ်ပေါင်းပြောခဲ့သည် "နောက်ပိုင်းမှာကျွန်တော်ကရွာသူရွာသားတွေကိုဒုက္ခပေးမိသလိုဖြစ်သွားနိုင်ပြီးရွာသူရွာသားတွေကလည်းကျွန်တော့်ကိုပိုပြီးဂရုစိုက်ပေးဖို့မျှော်လင့်မိပါတယ်"
"ရွာထဲကလူတိုင်းကကိုယ့်လူမျိုးတွေဘဲဖြစ်တယ် ဒီလိုဘဲဖြစ်သင့်တာပေါ့"ရှန့်သယ့်ကျုံးဟာအလွန်ပီတိဖြစ်သွားခဲ့သည်။ဒီရွာကတစ်ဦးတည်းသောXiucaiတစ်ယောက်ဖြစ်သည့်သူဟာနှိမ့်ချပြီးသူ့ကိုယ်သူတိုးတက်လာစေရန်ဆန္ဒရှိသည်။ရှန့်ယန်သာတကယ်သုံးသပ်ပြီးတစ်နေ့နေ့သူ့ရဲ့ရွယ်တူတွေကြားထင်ရှားလာမယ်ဆိုရင်သူတို့ရဲ့ရှန့်ကျားရွာအတွက်အကျိုးကျေးဇူးတွေအများကြီးယူလာတာဖြစ်သည်။
ရွာသူရွာသားတွေဖြည်းဖြည်းချင်းကွဲထွက်သွားတာကိုမြင်ပြီးနောက်ရှန့်ယန်ပေဟာပြုံးကာပိုက်ဆံကိုကိုင်ရင်းကြောင်အအဖြစ်နေသောကုချန်းဖန်းကိုပြောလိုက်သည်"ဟုတ်ပြီ ဇနီး! ချက်ပြုတ်စားသောက်ဖို့အိမ်ပြန်ကြရအောင်"
----------------------------------------