FUCK!ရှန့်ယန်ပေဟာနောက်တစ်ကြိမ်ရေတွက်ခဲ့သည်။မရှင်းလင်းနိုင်သောလင်းမိသားစုရဲ့အကြွေးတွေမှလွဲ၍တခြားသူတွေကဒီသုံးနှစ်တာအတွက်အားလုံးပေါင်းသူ့ကိုငွေ၁၅တေးငှားခတွေအကြွေးတင်နေခဲ့သည်။
၁၅တေး!!!!
စက္ကန့်ပိုင်းအတွင်းရှန့်ယန်ပေဟာသူ့ရဲ့ကလေးဘဝအချိန်တွေကိုပြန်တွေးနေခဲ့သည်။အဲ့ဒီအချိန်တွေတုန်းကအိမ်မှနေ့ရက်တွေဟာအရမ်းကိုခက်ခဲနေသည်။သူ့မှာအိတ်ဆောင်ငွေတောင်လုံးဝမရှိခဲ့ချေ။တစ်ချိန်ကအားလပ်ရက်အတွင်းမှာသူ့အမေကသူ့ကိုတစ်ယွမ်နှင့်ငါးကျင်းပေးခဲ့သည်။သူဟာပိုက်ဆံတွေအားလုံးကိုစုဆောင်းသိမ်းဆည်းခဲ့သည်ဒါပေမယ့်အတော်ကြာစုဆောင်းပြီးနောက်ပိုက်ဆံအားလုံးပေါင်းဟာဆယ်ယွမ်တောင်မရှိခဲ့ချေ။
ရလဒ်အနေနဲ့တစ်နေ့မှာတော့သူ့ရဲ့မကောင်းတဲ့အဖေကသူ့ရဲ့ပိုက်ဆံတွေကိုချေးတယ်လို့နာမည်တပ်ပြီးယူသွားခဲ့ကာဘယ်တော့မှပြန်မပေးတော့ပေ။အဲ့ဒီအချိန်မှာရှန့်ယန်ပေရဲ့ရင်ထဲမှာသူ့ရဲ့မကောင်းတဲ့အဖေကိုသေတဲ့အထိကြိမ်းမောင်းနေခဲ့သည်။
ပိုက်ဆံချေးတာကရွံ့စရာကောင်းဆုံးအရာဘဲ!!!
ထိုလူတွေကရှန့်ယန်ကိုအနိုင်ကျင့်ခဲ့ပြီးစာဆက်သင်စေဖို့အရူးလုပ်ခဲ့သည်။ရှန့်ယန်ကသူတို့တွေဆီရောက်မလာတာကိုကြည့်ခြင်းဖြင့်သူ့တိုတွေကအခွင့်ကောင်းယူပြီးငှားခတွေမပေးခဲ့ချေ။ဒါပေမယ်သူကတော့အဲ့ပိုက်ဆံကိုသေချာပေါက်ပြန်ယူရမည်။
ဒီအခန်းကိုကြွေပြားတွေအစိမ်းရင့်ရောင်အုတ်တွေနှင့်ရှန့်ယန်နိုင်ငံအဆင့်စာမေးပွဲအောင်ပြီးXiucaiတစ်ယောက်ဖြစ်လာတဲ့အချိန်မှာဆောက်ခဲ့ခြင်းဖြစ်သည်။အုတ်မြစ်တွေကိုကောင်းကောင်းချထားပြီးနံရံတွေကလည်းခိုင်ခံ့နေသည်။အိမ်ဆောက်ပြီးသွားတုန်းကရွာသားတွေကမနာလိုဖြစ်ခဲ့ကြသည်။ဘာကြောင့်လဲဆိုတော့အိမ်ကရှန့်ယန်ရဲ့ဇနီးသုံးရန်ပေးဖို့ဆောက်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်အိမ်အားအပိုအခန်းနှစ်ခန်းထည့်၍ဆောက်လုပ်ခဲ့သည်။၎င်းကိုတစ်နေ့နေ့မှာရှန့်ယန်ရဲ့ကလေးအသုံးပြုနိုင်လိမ့်မည်။
ဘယ်လိုကောင်းကောင်းဆောက်ထားပြီးဘယ်လောက်ဘဲကျယ်ဝန်းပါစေပြန်လည်ပြုပြင်ခြင်းမရှိလျှင်တစ်နှစ်ထက်တစ်နှစ်ပျက်ဆီးလာလိမ့်မည်ဖြစ်သည်။အခုဆိုခေါင်မိုးတောင်ယိုစိမ့်နေပြီဖြစ်သည်။
ရှန့်ယန်ပေဟာအခန်းကိုလှည့်ပတ်ကြည့်လိုက်သည်။ငှားခတွေကိုပြန်တောင်းပြီးနောက်သူပထမဆုံးလုပ်ရမှာကအိမ်ပြန်ပြင်ရမှာဖြစ်သည်။ထို့နောက်သူကနေ့စဉ်အသုံးအဆောင်တွေနှင့်ပရိဘောဂအချို့ကိုထပ်ထည့်ရလိမ့်မည်။အခုဒီအိမ်ကသူ့အိမ်ဖြစ်နေပြီးသူကဇနီးတစ်ယောက်ကိုလက်ထပ်ထားသောကြောင့်အိမ်ကိုစနစ်တကျနှင့်သန့်ရှင်းစေရန်ထိန်းသိမ်းရမည်ဖြစ်သည်။
"ယောက်.....ယောက်ျား စားဖို့အချိန်ရောက်ပြီ" ထိုလူဟာပါးစပ်ကိုအကြိမ်များစွာဖွင့်ပြီးနောက်ဆုံးမှာတော့သူ့ကိုနီရဲသောမျက်နှာနှင့်တိုးတိုးလေးခေါ်လိုက်သည်။
"ဟုတ်ပြီ ကိုယ်လာမယ်"ရှန့်ယန်ပေကပြန်ဖြေလိုက်ရင်းသူ့လက်ကိုဆေးကြောကာညစာစားပွဲဆီသို့လျှောက်လာခဲ့သည်။
သူ့အိမ်အခြေအနေအဆင်ပြေလာပြီးနောက်ရှန့်ယန်ပေဟာဒီလိုပေါ့ပါးသောအစားအစာတွေကိုမစားရတာကြာခဲ့ပြီးသူ့တူကိုဘယ်လိုရွှေ့ရမလဲတောင်မသိတော့ချေ။သူငယ်ငယ်တုန်းကဆာလောင်မှုကိုကြောက်ရွံ့တာကြောင့်ဖြစ်နိုင်တယ်အထူးသဖြင့်အသားအပေါ်သူ့ရဲ့အာသီသကပိုပြင်းထန်သည်။အစားအစာထဲမှာအသားမပါလျှင်သူဟာမပြည့်စုံသလိုခံစားရသည်ည်။ဒါပေမယ့်အခုချိန်မှာသူကအိုးအဖုံးကိုမ,မနိုင်လောက်အောင်ဆင်းရဲနေသောကြောင့်ဘယ်မှာအသားကိုရနိုင်မှာလဲ?ရှန့်ယန်ပေဟာအကူအညီမဲ့စွာယာဂုကိုစားဖို့ပန်းကန်လုံးကိုယူလိုက်ချိန်တွင်ပင်ထိုလူဟာထိုင်မနေသေးပေ။
"မင်းဘာလို့မထိုင်သေးတာလဲ?"ရှန့်ယန်ပေဟာထူးဆန်းစွာမေးခဲ့ပေမယ့်သူပြောလိုက်ပြီးပြီးချင်းဘဲမူလကိုယ်လုပ်ခဲ့သောကောင်းတဲ့အရာတစ်ခုကိုသတိရလိုက်ပြီးချက်ချင်းရှက်သွားခဲ့သည်။(T/N-ကောင်းတဲ့အရာဆိုတာရွဲ့ပြောတာပါ)မူလကိုယ်ကထိုလူကိုစားပွဲပေါ်မှာထိုင်စားဖို့ခွင့်မပြုခဲ့သောကြောင့်စားပွဲပေါ်မှာပန်ကန်လုံးတစ်လုံးနှင့်တူတစ်စုံသာထားရှိခြင်းဖြစ်သည်။
ထိုသို့ကြားပြီးနောက်ထိုလူဟာအံ့ဩမှုကြောင့်သူ့ဦးခေါင်းကိုမော့လိုက်ကာရှန်ယန်ပေရဲ့စိတ်အားထက်သန်သောမျက်လုံးများနှင့်ဆုံတွေ့ပြီးနောက်မျက်တောင်ကိုခတ်လိုက်ကာယောင်ဝါးဝါးပြောခဲ့သည်"ကျွန်တော် ကျွန်တော်စားပြီးပါပြီ"
စားပြီးပြီ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ရှန့်ယန်ပေစကားမပြောဘဲထိုလူကိုမျက်မှောင်ကြုတ်ရင်းကြည့်လိုက်သည်။
အခန်းဟာအပ်ကျသံတောင်မကြားရဘဲတိတ်ဆိတ်သွားပြီးလေထုကလည်းတင်းမာနေခဲ့သည်။
ထိုလူရဲ့နောက်ကျောဟာတောင့်တင်းသွားသောကြောင့်သူကမတ်မတ်ရပ်လိုက်ကာသူ့လက်တွေခြေထောက်တွေကတင်းမားမာနေပြီးသူ့နှလုံးသားကလည်းဂနာမငြိမ်ဖြစ်နေသည်။
ငါသခင့်ကိုစိတ်ဆိုးလုပ်မိပြီ ငါဘာလုပ်သင့်လဲ?
ရှန့်ယန်ပေဟာလေးနက်သောအသံဖြင့်"မင်းဘာမင်းဒီကိုလာမလားဒါမှမဟုတ်ကိုယ်မင်းဆီလာခဲ့ရမလား"ဟုပြောခဲ့သည်။
ထိုလူရဲ့မျက်နှာဟာရှက်ရွံ့မှုကြောင့်နီမြန်းလာရင်းရှန့်ယန်ပေဆီသို့သွားဖို့စိတ်ကိုပြင်ဆင်လိုက်သည်။ထို့နောက်သူ့ခါးကိုကွေးလိုက်ကာ...
ထိုလူကသူအမှားတစ်ခုလုပ်မိတာကိုသတိပြုမိပုံထင်ရှားစွာပေါ်နေသည်။သူ့ရဲ့လှုပ်ရှားမှုတွေကသတိကြီးစွာအလေးအနက်ဖြစ်နေသည်။သူဟာရှန့်ယန်ပေကိုတုပပြီးသူ့(ယန်ပေ)ရဲ့နှုတ်ခမ်းတွေကိုစုပ်လိုက်ပေမယ့်နောက်တစ်ဆင့်ထပ်တက်ဖို့တော့မလုပ်နိုင်ခဲ့ချေ။
ရှန့်ယန်ပေရဲ့အနမ်းဟာအလွန်နူးညံ့ပျော့ပျောင်းနေသည်။ထိုလူဟာစိတ်လှုပ်ရှားမှုကြောင့်နီရဲနေပြီးသူ့ရဲ့နှလုံးသားကလည်းရင်ဘတ်ထဲမှာဒရမ်လိုမျိုးခုန်ပေါက်နေတယ်လို့ခံစားနေရသည်ည်။
ရှန့်ယန်ပေဟာထိုလူရဲ့မျက်နှာကိုပွတ်လိုက်ပြီးသက်ပြင်းချရင်းပြောခဲ့သည်"မင်းကိုယ့်ကိုလိမ်လို့ကိုယ်စိတ်ဆိုးတာမဟုတ်ဘူး ကိုယ်စိတ်ဆိုးတာဘာလို့လဲဆိုမင်းကဝန်ထုပ်ဝန်ပိုးကိုကိုယ့်ဘာသာသယ်ထားပြီးကိုယ့်ကိုသိခွင့်မပေးခဲ့လို့ ကိုယ်တို့ကဇနီးမောင်နှံတွေလေ မင်းဒီလိုလုပ်လိုက်တော့ကိုယ့်ကိုအရမ်းဝမ်းနည်းစေတာပေါ့"
ရှန့်ယန်ပေဟာရပ်တန့်လိုက်ပြီးတည်တံ့သောအကြည့်များနှင့်"ကိုယ်ကယောက်ျားတစ်ယောက်အနေကိုယ့်ရဲ့တာဝန်ကိုဖြည့်ဆည်းမပေးခဲ့ပြီးတော့မင်းအတွက်လည်းမစဉ်းစားပေးနိုင်ခဲ့တာကြောင့်ကိုယ်သတိမပြုမိဘဲမင်းကိုစိုးရိမ်စေခဲ့မိတယ်"
သူဟာသူ့ဘာသာခံစားလိုက်ရပြီးကြောက်ရွံ့နေခဲ့သည်။
ထိုလူရဲ့နှလုံးသားဟာတုန်လှုပ်နေခဲ့ပြီးသူ့ရဲ့လည်ချောင်းထဲမှာတစ်ဆို့နေသကဲ့သို့ခံစားလိုက်ရစဉ်မျက်လုံးတွေဟာနီရဲလာခဲ့သည်။
ရှန့်ယန်ပေရဲ့စကားတွေကသူ့ရဲ့ညံ့ဖျင်းမှုကိုရှက်ရွံ့သွားစေသည်။ထိုလူဟာရှုံ့မဲ့စွာခေါင်းညိတ်ခဲ့သည်။
"အမှန်တော့လူတိုင်းကအမှားလုပ်ခဲ့တာဘဲ မှားနေရင်အမှန်ပြင်ဖို့အများကြီးမလိုပါဘူး"ရှန့်ယန်ပေဟာထိုလူရဲ့လက်ကိုဆွဲလိုက်ပြီးနွေးထွေးသောအသံဖြင့်ပြောခဲ့သည် "မင်းနဲ့ကိုယ်ကဇနီးမောင်နှံတွေ ကိုယ်တို့ကတစ်သားတည်းဘဲ အေးအတူပူအမျှနေကြမယ် ဟုတ်ပြီလား"
"ကောင်းပြီ" ထိုလူရဲ့မျက်လုံးတွေဟာနီရဲနေပြီးလေးလံစွာသဘောတူခဲ့သည်။
"ဒါဆိုအမြန်လာပြီးစားတော့ မင်းဗိုက်ဆာနေတာကိုမြင်ရမှာကိုယ်မုန်းတယ်"ရှန့်ယန်ပေဟာထရပ်ပြီးထိုလူကိုထိုင်ဖို့ဖိချလိုက်သည်။ထို့နောက်မီးဖိုချောင်ထဲကိုပန်းကန်လုံးတစ်လုံးယူဖို့လှည့်ထွက်သွားခဲ့သည်။
သူမီးဖိုချောင်ထဲရောက်လာပြီးတစ်ချက်ကြည့်လိုက်သောအခါအိမ်မှာဆန်တကယ်မရှိတော့ဘူးဆိုတာကိုတွေ့လိုက်ရသည်။ထိုလူချက်ပြုတ်ခဲ့သောယာဂုတစ်ပန်းကန်ကလူနှစ်ယောက်စားဖို့လုံးဝမလုံလောက်ချေ။ကံကောင်းစွာနဲ့ထောင့်နားမှာအာလူးအနည်းငယ်ရှိနေသည်။ရှန့်ယန်ပေဟာမီးဖိုပူနေတုန်းဖြစ်တာကိုအခွင့်ကောင်းယူပြီးအာလူးတွေကိုကင်ရန်မီးဖိုရဲ့အောက်ကိုပစ်ထည့်လိုက်သည်။ထို့နောက်ပန်းကန်လုံးထဲမှလက်ကျန်ယာဂုတွေကိုခပ်ပြီးထိုလူအတွက်ဂေါ်ဖီကြော်နှင့်မုန်လာဥတွေထဲထည့်လိုက်တာကြောင့်သူကျေနပ်သည်အထိစားနိုင်သည်။
အာလူးကိုယူလိုက်သည့်အခါအခွံကိုအလွယ်တကူနွှာလို့ရသည်အထိကင်လိုက်ရသည်။ပြာတွေကိုရှင်းလင်းစွာမှုတ်ထုတ်လိုက်ပြီးထပ်မံ၍အခွံကိုခွာလိုက်သည်။ကျန်ရှိတာတွေကတော့ရွှေအိုရောင်နှင့်ဆွဲဆောင်နေသောအာလူးချိုတွေဖြစ်သည်။
"မွှေးလိုက်တာ"ရှန့်ယန်ပေဟာကင်ထားသောအာလူးတွေကိုမစားခဲ့ရတာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ဒီအာလူးချိုတွေကဆောင်းရာသီမှာအသက်ရှင်နိုင်ပြီးတော့သကြားကိုတောင်ထုတ်လုပ်နိုင်သည်။ပါးစပ်အပြည့်အာလူးချိုတွေဟာမွှေးပျံ့ပြီးချိုမြိန်နေသည်။အရသာကလဲအရမ်းကောင်းပြီးပါးစပ်ထဲမှာတောင်အရည်တွေရွှဲသွားသည်။
အရမ်းအရသာရှိတာဘဲ!!
ဒါဟာသူငယ်ငယ်ကစားခဲ့တဲ့အရသာအတိုင်းဘဲဖြစ်သည်။ရှန့်ယန်ပေဟာသူ့ရဲ့ကလေးဘဝကိုပြန်မလွမ်းဆွတ်မိဘဲမနေနိုင်ခဲ့ချေ။
လူငယ်လေးဟာသန့်စင်ယဥ်ကျေးသောပညာသင်ကျောင်းသားတစ်ယောက်အနေနှင့်သူ့ရဲ့ပုံရိပ်ကိုဂရုမစိုက်ဘဲအာလူးချိုကိုကိုင်ကာမြိန်ရေရှက်ရေစားရင်းပေါ့ပေါ့ပါးပါးဆောင့်ကြောင့်ထိုင်နေခဲ့သည်။ထိုလူဟာသူ့ရဲ့ဂုဏ်သိက္ခာကိုသာအမြဲဂရုစိုက်နေတတ်သောသခင်နဲ့အခုရှန့်ယန်ပေကမတူဘူးဆိုတာခံစားလိုက်ရပြီးတော့အရင်ကထက်ပိုပြီးချစ်ဖို့ကောင်းနေသည်။
"ဘာလို့မစားတာလဲ ပူနေသေးလို့လား အဲ့ဒါဆိုဒါစားလေ"ရှန့်ယန်ပေဟာအတွေးတွေနဲ့ပျောက်ဆုံးနေသောထိုလူကိုကြည့်ပြီးသူအခွံနွှာထားသောအာလူးချိုကိုပေးခဲ့သည်။
"မြန်မြန်စားလိုက် အရမ်းအရသာရှိတာ"ရှန့်ယန်ပေဟာအာလူးချိုကိုချက်ချင်းထိုလူရဲ့ပါးစပ်ရှေ့သို့တွန်းပေးလိုက်သည်။
အာလူးချိုပေါ်ကသူကိုက်ထားသောနေရာကိုမြင်ပြီးထိုလူရဲ့မျက်နှာဟာနီမြန်းသွားခဲ့သည်။သူဟာအာလူးချိုရဲ့ရနံ့နှင့်အချိုဓာတ်ကသူ့နှလုံးသားထဲကိုပါချိုမြိန်သွားစေတယ်လို့သာခံစားလိုက်ရသည်။
------------------------------------------