no

Font
Theme

"ဒါကိုဒီလိုဘဲဖြစ်နိုင်မှာလား ဟင်?" ကုချန်းဖန်းဟာအနည်းငယ်တွန့်ဆုတ်နေခဲ့သည်။ သူဟာသူကိုယ်တိုင်ကကောင်းကောင်းမလုပ်နိုင်မည်ကိုကြောက်ရွံ့ပေမယ့် သူဟာchongxiအဖြစ်အသုံးပြုဖို့ဝယ်ခဲ့သောရုပ်ဆိုးဆိုးကောတစ်ယောက်ပင်ဖြစ်သည်။ ယောက်ျားကသူ့ကိုအိမ်သုံးငွေကဲ့သို့အရမ်းအရေးကြီးသောတစ်စုံတစ်ခုကိုထိန်းသိမ်းခွင့်ပြုခြင်းဟာသူ့အတွက်လုံလောက်ပြီဖြစ်သည်။ အခုတော့သူက စားသောက်ဆိုင်ကိုဖွင့်ဖို့သူ့နာမည်အောက်မှာတောင်စာရင်းသွင်းချင်နေသည်။ ဒါက………

"ဘာကြောင့်မဖြစ်နိုင်ရမှာလဲ?" ရှန့်ယန်ပေဟာသဘာဝကျသောလေသံဖြင့်ပြောခဲ့သည် "ကိုယ်တို့ကဇနီးမောင်နှံတွေ ကိုယ်ပိုင်တဲ့အရာတွေကမင်းဟာတွေဘဲ ဒါ့အပြင်တစ်ခြားသူတွေစုံစမ်းစစ်ဆေးကြရင်လည်းကြားကောင်းတယ်လေ"

"ဒါကကိုယ် ကိုယ့်ဇနီးကိုသူ့ဘာသာရပ်တည်နိုင်ဖို့ပေးတဲ့အရာဘဲ တစ်ခြားသူတွေက ကိုယ်ကအမြတ်ရဖို့ကြိုးစားနေတာမျိုးမဟုတ်ဘဲကိုယ့်ဇနီးကိုအရမ်းချစ်တာကြောင့်လို့ဘဲပြောကြလိမ့်မယ်"

"ဒီကိစ္စကိုဆုံးဖြတ်လိုက်ပြီ ကိုယ်တို့အစ်ကိုလိုင်ဖူကိုသွားရှာပြီးစကားပြောဖို့အချိန်တစ်ချို့ရှာရမယ်" ဒီစားသောက်ဆိုင်အခက်အခဲမရှိစတင်နိုင်မည် မစတင်နိုင်ဘူးဆိုသည်မှာယုံကြည်စိတ်ချရသောစာဖိုမှူးတစ်ယောက်အပေါ်မူတည်နေပါသည်။ သူဟာရှန့်လိုင်ဖူကိုသွားရှာဖို့ရည်ရွယ်ထားသည်။

မူလကိုယ်ရဲ့မှတ်ဉာဏ်ထဲမှာဒီရှန့်လိုင်ဖူကရိုးရှင်းပြီးရိုးသားသောသူဖြစ်သည်။ သူရိုးရှင်းပြီးရိုးသားသည်မှာဟုတ်လားမဟုတ်ဘူးလားဆိုတာကတော့ သူ(ယန်ပေ)လူကိုတွေ့သောအခါသိလိမ့်မည်ဖြစ်သည်။

စားသောက်ဆိုင်ဖွင့်ခြင်းနှင့်ပတ်သက်ပြီးသူတို့ရဲ့ဆွေးနွေးမှုပြီးဆုံးသွားပြီးနောက် ရှန့်ယန်ပေဟာရွာလူကြီးရဲ့အိမ်ကိုသွားပြီးဆွေးနွေးဖို့စီစဉ်ခဲ့သည်။ တစ်ခြားသူဆီကတစ်ခုခုကိုတောင်းဆိုသောအခါ လက်ဗလာနှင့်သွားဖို့မကောင်းချေ။ ဒီမနက်သူကောင်တီမြို့မှာမုန့်နည်းနည်းဝယ်ခဲ့သည်မှာအတော်ဘဲဖြစ်သွားသည်။ ရှန့်ယန်ပေနှင့်ကုချန်းဖန်းဟာသင့်တော်သောမုန့်တွေကိုထုပ်လိုက်ပြီး ရှန့်ယန်ပေတစ်ယောက်တည်းဆွေးနွေးဖို့ရွာလူကြီးအိမ်ကိုထွက်ခွာခဲ့သည်။ ရွာလူကြီး၏မိသားစုမှာမြေးနှစ်ယောက်ရှိသည်။ သူတို့ဟာသစ်ပင်တက်၊ငှက်ဥခိုးပြီးရေထဲမှငါးကိုဖမ်းသောအရွယ်ဖြစ်သည်။ သူတို့သိသည်ကသူတို့လုပ်ချင်တာလုပ်ဖို့ဘဲဖြစ်သည်။

ရှန့်ယန်ပေအိမ်ကိုလာလည်သည်အားမြင်ပြီး ရွာလူကြီးရှန့်သယ့်ကျုံးဟာအလွန်အမင်းအံ့ဩသွားခဲ့သည်။ သူဟာသူ့ဇနီးကိုချက်ချင်းလက်ဖက်ရည်ပြင်ခိုင်းခဲ့သည်။ သာမန်မိသားစုမှဆင်းရဲသောလူတွေဟာလက်ဖက်ရည်မသောက်ကြပေမယ့် ရွာလူကြီးတစ်ယောက်အနေနှင့်ရှန့်သယ့်ကျုံးရဲ့အိမ်မှာတည်ခင်းဧည့်ခံဖို့လက်ဖက်ရည်အစုံလိုက်ရှိပြီးလက်ဖက်ရည်အနုပညာတစ်ချို့လည်းရှိသည်။

လက်ဖက်ရည်အနုပညာ

ဒီခေတ်မှာလက်ဖက်ရွက်တွေကအရမ်းဈေးကြီးပြီးအဖိုးတန်သည်။တောင်သူလယ်သမားမိသားစုမှလူတွေက ၎င်းကိုလုံးဝမတတ်နိုင်သောကြောင့်ရွေးစရာမရှိဘဲလက်ဖက်ရည်မှုန့်သာဝယ်နိုင်ပြီးအဆင့်အတန်းမြင့်သောဧည့်သည်တွေကိုသာလက်ဖက်ရည်အမှုန့်ဖြင့်လုပ်ထားသောလက်ဖက်ရည်ကိုဧည့်ခံနိုင်သည်။

"မုန့်တစ်ချို့ကတန်ဖိုးနည်းနည်းဘဲရှိတာကလေးတွေကျေနပ်စေဖို့ပေးလိုက်ပါ" ရှန့်ယန်ပေဟာကြမ်းတမ်းသောလက်ဖက်ရည်ခွက်ကိုကောက်ကိုင်ကာပါးစပ်အပြည့်လက်ဖက်ရည်သောက်လိုက်ရင်းအနည်းငယ်ပြုံးပြီးပြောခဲ့သည်။ လက်ဖက်ရည်သည်ကြမ်းတမ်းခါးသက်သောအရသာရှိပေမယ့်ရှန့်ယန်ပေဟာအမူအရာပြောင်းလဲခြင်းမရှိဘဲမျိုချခဲ့သည်။

ရှန့်သယ့်ကျုံးဟာသူ့ဇနီးကိုအဓိပ္ပာယ်ရှိသောအကြည့်နှင့်ကြည့်လိုက်ပြီးနောက်ရှန့်လျှိုရှီဟာရှန့်ယန်ပေကိုကျေးဇူးတင်လိုက်ပြီးနောက်ဆုတ်လိုက်သည်။

"မင်းဒီကိုလာချင်ရင် လာသာလာခဲ့ နောက်တစ်ခါကျရင်ပိုက်ဆံသုံးဖို့မလိုဘူး" Xiucaiလူကြီးမင်းကသူ့ကိုမိတ်ဖွဲ့ရန်အစပြုနေသောကြောင့်ရှန့်သယ့်ကျုံးဟာစိတ်အခြေအနေကောင်းနေသည်။

ရှန့်ယန်ပေဟာပြုံးရင်းလက်ဖက်ရည်ခွက်ကိုချလိုက်သည်။ သူဟာပြောချင်သည်ကိုဒဲ့ပြောခဲ့သည် "ဒီနှစ်ကျွန်တော့်မိသားစုရဲ့လယ်မြေတွေကိုပြန်ယူပြီး ကျွန်တော်စပါးတစ်ချို့စိုက်ဖို့စီစဉ်ထားတယ် ဒါပေမယ့်ကျွန်တော်မှာအစေ့တွေမရှိတာကြောင့်အစေ့ဖောက်လို့မရဘူးဖြစ်နေတယ် ကျွန်တော်ရွာသားတွေဆီကအစေ့တစ်ချို့ဝယ်ဖို့စဉ်းစားနေတာ ဒါပေမယ့်ဘယ်မိသားစုဆီမှာအစေ့များများရှိလဲကျွန်တော်မသိဘူး" သူကလယ်အလုပ်လုပ်ခြင်းအတွက်ပြဿနာမရှိပေမယ့်မူလကိုယ်ကတော့ထိုအကြောင်းလုံးဝမသိပေ။ သူကဘယ်လိုစိုက်ပျိုးရမလဲဆိုသည်တောင်မသိချေ။

"ဒါဆို ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးကျုံး" ရှန့်ယန်ပေဟာဝမ်းမြောက်စွာပြောခဲ့သည်။

ရှန့်သယ့်ကျုံးဟာသူ့ရဲ့မျက်နှာပေါ်မှာဖော်ရွေသောအပြုံးနှင့်ပြောခဲ့သည် "ကျေးဇူးတင်အစကားပြောဖို့မလိုပါဘူး လူတိုင်းကဒီရွာထဲကမိသားစုဘဲလေ မင်းငါ့ကိုဦးလေးကျုံးလို့ခေါ်တော့ငါကဒီကိစ္စကိုဖြေရှင်းဖို့ဘယ်လိုလုပ်မကူညီဘဲနေနိုင်မှာလဲ"

ရှန့်ယန်ပေရဲ့မိသားစုရေးရာတွေကိုစဉ်းစားမိပြီး ရှန့်သယ့်ကျုံးဟာအနည်းငယ်စိုးရိမ်ခဲ့ရင်းပြောခဲ့သည် "မင်းမိသားစုရဲ့လယ်မြေတွေကိုအကုန်ပြန်ယူထားပေမယ့် အခုမင်းမိသားစုမှာမင်းတို့နှစ်ယောက်ဘဲရှိတာလေ မင်း‌လယ်မြေတွေကိုဘယ်လိုစီမံခန့်ခွဲကြမှာလဲ?"

လွန်ခဲ့‌သောနှစ်နှစ်အတွင်းအငတ်ဘေးသင့်ဒေသကို‌ရှောင်ရှားရန်မြောက်ဘက်သို့ထွက်ပြေးလာခဲ့သောမိသားစုအမြောက်အများရှိပြီးဒီရွာမှာအခြေချနေထိုင်နေကြသည်။ ထိုမိသားစုတွေဟာမြေဝယ်ဖို့ပိုက်ဆံမရှိဘဲ ယေဘုယျအားဖြင့်စိုက်ပျိုးဖို့လယ်မြေတစ်ချို့ကိုသာငှားရမ်းကြသည်။ သူတို့မှာဘာလယ်မြေမှမရှိလျှင် တစ်ခြားသူရဲ့လယ်မြေတွေပေါ်မှာယာယီအလုပ်လုပ်ရမည်ဖြစ်သည်။ အလုပ်များသောစိုက်ပျိုးရာသီအတွင်းမိသားစုထဲမှာယောက်ျားသားအင်အားမလုံလောက်သောအခါလယ်မြေများတွင်အလုပ်လုပ်ဖို့လယ်ယာသီးနှံများကိုင်တွယ်ရာတွင်ကျွမ်းကျင်သောထိုလူတွေကိုရှာရမည်ဖြစ်သည်။

"ဒါဆိုကောင်းပြီလေ" Xiucaiလူကြီးမင်းအလုပ်သမားရှာဖွေသည်ကိုကူညီခြင်းအားဖြင့်သူ့ကိုမျက်နှာသာအများအပြားပေးခဲ့ပြီဖြစ်သည်။ ထို့အပြင်သူကအစားအစာပါကျွေးအုံးမည်။

"ဦးလေးကျုံးဆီကလမ်းညွှန်မှု‌တောင်းခံကိစ္စတစ်ခုရှိသေးတယ် ကျွန်တော် ကျွန်တော့်မိသားစုကဇနီးသည်ကိုနိုင်ငံသားတစ်ယောက်ဖြစ်လာစေချင်တယ် သူ့ကိုနိုင်ငံသားဖြစ်လာဖို့စည်းမျဉ်းစည်းကမ်းအစဉ်အလာတွေနဲ့ပတ်သက်ပြီးကျွန်တော်မသိတာကြောင့်ပြောပြပေးနိုင်မလား?"

မူလကိုယ်ကသူ့ရဲ့ဇနီးကိုအိမ်မှာအစေခံလုပ်ဖို့ဝယ်ယူခဲ့သည်။ ရှန့်ယန်ဟာသူ့ကိုနိုင်ငံသားအဖြစ်စာရင်းသွင်းဖို့လုံးဝမစဉ်းစားခဲ့ပေ။ သူက စားသောက်ဆိုင်ကိုသူ့ဇနီးရဲ့နာမည်အောက်မှာစာရင်းသွင်းချင်သောကြောင့် သူပထမဆုံးလုပ်ရမည့်အရာက အစေခံတစ်ယောက်အဖြစ်မှတ်တမ်းတင်ထားသောသူ့ဇနီးရဲ့ကိစ္စကိုဖြေရှင်းရန်ဖြစ်သည်။ မူလကိုယ်ရဲ့မှတ်ဉာဏ်များထဲမှယနေ့ခေတ်ရဲ့အိမ်ထောင်စုစာရင်းစီမံခန့်ခွဲမှုဟာအတော်လေးတင်းကျပ်သည်ဆိုတာကိုသူသိခဲ့ရသည်။ အစေခံတစ်ဦးဟာသူ့အစေခံအဆင့်အတန်းကိုဖယ်ရှားပြီးသာမန်နိုင်ငံသားတစ်ဦးဖြစ်ချင်လျှင်၎င်းဟာလုံးဝမလွယ်ကူချေ။

ရှန့်ယန်ပေဟာသူတွေးသောနည်းလမ်းကိုနားလည်သည်။ သူ့ဇနီးဟာလူတွေရဲ့အလှအပစံနှုန်းနှင့်မကိုက်ညီဖြစ်ပြီး ကောရဲ့ကလေးရနိုင်စွမ်းကိုညွှန်ပြသောသူ့ရဲ့ကျူရှားရစ်ဟာတစ်ခြားကောတွေနှင့်နှိုင်းယဉ်လျှင်မတူကွဲပြားနေသည်။ သူ(ယန်ပေ)ကအလုပ်သမားတစ်ယောက်လိုချင်ပြီးသူ့ဇနီးကကိုယ်ဝန်မဆောင်နိုင်ခဲ့လျှင် သူကတစ်ခြားတစ်ယောက်နှင့်လက်ထပ်လိမ့်မည်မှာမလွဲမသွေပင်ဖြစ်သည်။ သတို့သမီးအသစ်ဝင်ရောက်လာသောအခါ သူကသခင်ဖြစ်ပြီးသူလုပ်ချင်တာလုပ်လို့ရသောကြောင့်အစေခံအဖြစ်ဝယ်ခဲ့သောသူ့ဇနီးကိုတစ်ခြားနေရာသို့ပို့နိုင်သည်။ ဒါကြောင့်ရွာလူကြီးကသူ့ဇနီးကိုအစေခံအဖြစ်မှခွဲထုတ်ခွင့်မပေးစေချင်ခြင်းဖြစ်သည်။

ဒါပေမယ့်သူဟာလှည့်စားတတ်သောသူတစ်ယောက်ဖြစ်သည်။ မူလကသူမှာအနာဂတ်ရှိမယ်လို့တောင်မထင်ထားခဲ့ပေ။ ရွာလူကြီးရဲ့စိတ်ထဲကစိုးရိမ်မှုကိုသူထည့်သွင်းစဉ်းစားမည်မဟုတ်ချေ။

"ဦးလေးကျုံး ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော့်ကိုပြောဖို့တွန့်ဆုတ်နေစရာမလိုပါဘူး"

ရှန့်သယ့်ကျုံးကသူ့ကိုပြောဖို့ကလွဲရွေးချယ်စရာမရှိတော့ချေ "အိမ်ထောင်စုစာရင်းကသုံးနှစ်တစ်ကြိမ်စာရင်းသွင်းရတယ် ရွာလူကြီးတိုင်းကအသစ်ဝင်လာတဲ့လူဦးရေကိုစာရင်းသွင်းဖို့လိုအပ်ပြီးရွာလူကြီးခေါင်းဆောင်ကိုတင်ပြရတယ် ရွာလူကြီးခေါင်းဆောင်ကစာရင်းပြုစုပြီးခရိုင်ကိုတင်ပြရတယ် ခရိုင်ကစီရင်စုအစိုးရဆီပြန်တင်ပြရပြီး စီရင်စုအစိုးရတိုင်းကအခွန်ဝန်ကြီးဌာနကိုတင်ပြလိမ့်မယ် အခွန်ဝန်ကြီးဌာနကလူဦးရေစာရင်းဇယားတွေကိုတွက်ချက်ပြီး စီရင်စုတိုင်းကသူတို့ရဲ့အခွန်တွေကိုပေးဆောင်ဖို့စစ်ဆေးလိမ့်မယ်"

"သူတို့ရဲ့အဆင့်အတန်းကိုပြောင်းလဲထားတဲ့အစေခံတွေကအရင်ကမပေးခဲ့တဲ့အခွန်တွေကိုပေးဆောင်ဖို့လိုပြီး သာမန်နိုင်ငံသားတစ်ယောက်ဖြစ်လာဖို့အိမ်ထောင်စုတစ်ခုရှာဖို့လည်းလိုအပ်တယ်"

ရှန့်ယန်ပေဟာရှင်းရှင်းလင်းလင်းနားလည်သွားသည်။ သူ့ဇနီးမှာအရင်ကစာရင်းသွင်းထားသောအိမ်ထောင်စုမရှိသောကြောင့်တစ်ခုရှာဖို့အရေးကြီးဆုံးဖြစ်သည်။

ပိုက်ဆံသည်ပြဿနာမဟုတ်သလို စာရင်းသွင်းရမည့်အိမ်ထောင်စုရှာဖွေခြင်းကလည်းပြဿနာမဟုတ်ပေ။

ပိုက်ဆံကနတ်ဆိုးကိုကြိတ်ဆုံလှည့်အောင်လုပ်နိုင်လိမ့်မည်။ ပိုက်ဆံနှင့်မဖြေရှင်းနိုင်သောပြဿနာဆိုတာမရှိချေ။

(T/N-ပိုက်ဆံကနတ်ဆိုးကိုကြိတ်ဆုံလှည့်အောင်လုပ်နိုင်လိမ့်မည်ဆိုတာပိုက်ဆံရှိရင်ဘာမဆိုလုပ်နိုင်တယ်လို့ပြောတာပါ)

"ဒါဆိုအဆင်ပြေသွားပြီ ငါကူညီပြီးသွားပေးမယ်"

"ဒုက္ခခံပေးလို့ကျေးဇူးတင်ပါတယ် ဦးလေးကျုံး" ရှန့်ယန်ပေဟာကျေးဇူးတင်စွာပြောခဲ့သည်။

"ဘာမှမဟုတ်ပါဘူး ဘယ်လိုဘဲဖြစ်ဖြစ်ငါသွားရမှာဘဲကို" ရှန့်သယ့်ကျုံးဟာပါးစပ်အပြည့်လက်ဖက်ရည်သောက်ခဲ့သည်။ သူ့ရှေ့ကယဉ်ကျေးပျူငှာပြီးနှိမ့်ချသောလူငယ်လေးကိုကြည့်ရင်းသူ့ပါးစပ်ထောင့်ကမြင့်တက်လာခဲ့သည်။ သူဟာအနည်းငယ်တွန့်ဆုတ်နေပေမယ့်မေးဖို့ပါးစပ်ကိုဖွင့်လိုက်တုန်းဖြစ်သည် "ဒါ… ရှန့်ယန်… အာ မင်းXiucaiဖြစ်နေတာနှစ်တော်တော်ကြာခဲ့ပြီ စာဆက်လေ့လာဖို့စဉ်းစားကြည့်သေးလား?"

"နောက်နှစ်ကအင်ပါယာစာမေးပွဲကျင်းပမယ့်နှစ်ဘဲ ဒီဆောင်းဦးစာမေးပွဲကိုသွားဖြေမှာလား?" ရှန့်သယ့်ကျုံးဟာနှလုံးသားထဲမှာမျှော်လင့်ချက်အပြည့်ဖြင့်မေးခဲ့သည်။

ဒီရွာအတွက်Xiucaiတစ်ယောက်ရှိဖို့ကအရမ်းခက်ခဲပေမယ့် တစ်ခြားရွာမှာJurenလူကြီးမင်းတောင်ရှိသည်။ လီကျားရွာကိုဘဲကြည့်လိုက်ပါ။ သူတို့မှာJurenတစ်ယောက်ရှိတယ်ဆိုတဲ့အချက်ကိုအားကိုးပြီးတစ်ခြားသူတွေကိုကြည့်သောအခါသူတို့ကသူတို့ရဲ့နှာခေါင်းတွေနဲ့ကြည့်သည်။ (T/N-ခေါင်းမော့ရင်‌ကော့ထားတာကိုပြောတာပါ) သူတို့ရဲ့အပြုအမူတွေကအလွန်မခံနိုင်လောက်အောင်မောက်မာသည်။

ရှန့်ယန်ပေအနည်းငယ်ကြောင်အသွားခဲ့သည်။ သူကဒီကိစ္စနှင့်ပတ်သက်ပြီးလုံးဝမ‌တွေးခဲ့ချေ။ သူဟာမျက်မှောင်ချလိုက်ရင်းပြောခဲ့သည် "ကျွန်တော့်မိဘတွေဆုံးပါးသွားတော့ကျွန်တော့်နှလုံးသားထဲမှာစိတ်အားထက်သန်မှုမရှိတော့ဘူး ကျွန်တော်…"

မူလကိုယ်ရဲ့မိဘတွေဟာရုတ်တရက်ကွယ်လွန်သွားခဲ့ပြီးသူကိုယ်တိုင်ကလည်းရုပ်ပိုင်းဆိုင်‌ရာနှင့်စိတ်ပိုင်းဆိုင်ရာဆုတ်ယုတ်ခြင်းကိုကြုံတွေ့ခဲ့ရသည်။ သူမှာဘယ်လိုလုပ်စာဆက်သင်ချင်စိတ်ရနိုင်မှာလဲ?

ရှန့်သယ့်ကျုံးဟာသူ့ပခုံးကိုပုတ်ပြီးနှစ်သိမ့်ပေးလိုက်သည် "ဒီလူတွေကသွားကြပြီလေ မင်းမှာထပ်ပြီးမိသားစုတစ်ခုရှိလာပြီ အိမ်မှာဂရုစိုက်ရမယ့်ဇနီးတစ်ယောက်လည်းရှိတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးကောင်းကောင်းတွေးကြည့်လိုက်ပါအုံး" သူတစ်စက္ကန့်လောက်ရပ်ခဲ့ပြီးနောက်ခိုင်မာသောအသံနှင့်ပြောခဲ့သည် "မင်းမှာအခက်အခဲတစ်စုံတစ်ရာရှိရင် ငါ့ကိုလာရှာဖို့တွန့်ဆုတ်မနေနဲ့ ဦးလေးကျုံးကဖြေရှင်းဖို့နည်းလမ်းကူစဉ်းစားပေးမယ်"

ရွာလူကြီးကတကယ်ကောင်းမွန်သောလူကြီးတစ်ယောက်ဖြစ်သည်။ မူလကိုယ်ကအလွန်နေမကောင်းဖြစ်ပြီးအချိန်တစ်ချို့အလုပ်မလုပ်နိုင်သောအခါ သူဟာပါးစပ်ကိုဖွင့်ကာ မူလကိုယ်အားခွင့်လွှတ်ပေးဖို့နှင့် ကြည့်ရှုစောင့်ရှောက်ပေးဖို့ရွာသားတွေကိုတောင်းဆိုခဲ့သည်။ သူဟာမူလကိုယ်ကိုchongxiအနေနှင့်ဇနီးသည်တစ်ယောက်လက်ထပ်ယူရန်အကြံဉာဏ်ပေးသောသူလည်းဖြစ်သည်။

ရွာလူကြီးအိမ်မှပြန်လာပြီးနောက် ရှန့်ယန်ပေရဲ့နှလုံးသားဟာသက်သာရာရသွားပြီး အများအပြားလန်းဆန်းနေသလိုခံစားခဲ့ရသည်။

စပါးစိုက်ပျိုးခြင်းမှလွဲ၍ခြောက်သွေ့‌လယ်ခြောက်မူလည်းရှိသည်။ ဂရုစိုက်ပျိုးထောင်ဖို့အချိန်အများကြီးမ‌လိုအပ်သောကြောင့် သူဟာအာလူးချို၊ မြေပဲ ဒါမှမဟုတ် ပြောင်းဖူးကဲ့သို့သောတစ်ခြားအရာတော်တော်များများကိုစိုက်ဖို့အစီီအစဉ်ချထားသည်။

ဒါ့အပြင်အိမ်ကလည်းပရိဘောဂအသစ်အတွက်နေရာလုပ်ဖို့ထပ်ပြီးသန့်ရှင်းရန်လိုအပ်သည်။ သူဟာအင်ပါယာစာမေးပွဲမှာပါဝင်ဖြေဆိုချင်လျှင် စာလေ့လာမှုကိုသေသေချာချာပြန်စီစဉ်ရန်လိုအပ်သောကြောင့်စာရေးလေ့ကျင့်ပြီးစာဖတ်ဖို့သူ့အတွက်အဆင့်သင့်လုပ်ထားရလိမ့်မည်။

လုပ်ရမည့်အရာတွေအများကြီးရှိသည်။

ရှန့်ယန်ပေဟာအိမ်ကိုအေးအေးဆေးဆေးလမ်းလျှောက်လာခဲ့သည်။ လမ်းမပေါ်မှာအဖေရှန့်နှင့်အမေရှန့်တို့နှင့်ခင်မင်ရင်းနှီးသောရွာသားတွေကိုအပြုံးသေးသေးနှင့်ခေါင်းတစ်ချက်ညိတ်ကာနှုတ်ဆက်ခဲ့သည်။ ဒါနှင့်ပတ်သက်ပြီးသူလုပ်နိုင်တာဘာမှမရှိချေ။ သူ့မိသားစုမှာအသက်အရွယ်ကြီးသူမရှိသောကြောင့်အနာဂတ်မှာသူတို့ကိုဂရုစိုက်ပေးဖို့ရွာသားတွေကိုမေးရလိမ့်မည်။

အိမ်သို့မရောက်ခင်သူဟာအဝေးမှ ပါးစပ်မှာမြက်ပင်ကိုက်ထားသောအရွယ်မရောက်တစ်ရောက်ကောင်လေးတစ်ယောက် သူ့အိမ်ခြံစည်းရိုးအပြင်ဘက်တွင်ထိုင်လိုက်ထလိုက်လုပ်နေသည်ကိုတွေ့ခဲ့သည်။

ကျိုးယု?

---------------------------------------------

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment