ရှန့်ယွီခိုင်ရဲ့အိမ်သည်မငြိမ်မသက်နှင့်ကမောက်ကမဖြစ်နေသည်။ထိုအချိန်ရှန့်ယန်ပေရဲ့ဘက်မှာတော့သူဟာလက်ခုပ်တီးလိုက်ရင်း(ရွံ့နှင့်အညစ်အကြေးတွေဖယ်ထုတ်ရန်)ပြောခဲ့သည် "ကောင်းပြီ ဒါတွေကစားမကုန်နိုင်လောက်အောင်အရမ်းများနေပြီ" သူတို့တွေဟာအသစ်ထွက်လာသောဝါးညွန့်(မျှစ်)တွေဖြစ်ပြီးအလွန်နူးညံ့နေသည်။ဤအကောင်းဆုံးအချိန်ကိုရယူရန်သူတို့အတွက်အချိန်ကောင်းဖြစ်သည်။ယခုအချိန်သည်နွေဦးရာသီဝါးညွန့်(မျှစ်)တွေခူးယူရန်အချိန်အတိအကျဖြစ်သည်။
ကုချန်းဖန်းကပေါက်ပြားကိုချရင်းဝါးညွန့်(မျှစ်)တွေကိုခြင်းတောင်းထဲထည့်ကာထိုခြင်းတောင်းကောက်ယူရန်အဆင်သင့်ဖြစ်နေသည်။
"အဲ့ဒီခြင်းတောင်းကိုယ့်ကိုပေးလေ"သူကဝါးညွန့်(မျှစ်)တွေကိုတူးဖို့ခွန်အားမရှိရင်တောင်မှခြင်းတောင်းကိုတော့သယ်နိုင်ပါသေးသည်။အရင်င်ကရှန့်ယန်ပေရဲ့အပြင်းအထန်နေမကောင်းဖြစ်ခြင်းနှင့်ကျန်းမာရေးအခြေအနေကြောင့်ကုချန်းဖန်းဟာရှန့်ယန်ပေခြင်းတောင်းအားမသယ်နိုင်မှာကိုစိုးရိမ်နေခဲ့သည်။
ရှန့်ယန်ပေဟာသူတိတ်ဆိတ်နေတာကိုမြင်ခဲ့တာကြောင့်ခြင်းတောင်းကိုတိုက်ရိုက်သယ်လိုက်ပြီးကျောနောက်မှာထားလိုက်သည်။ခဏအကြာသူ့ရဲ့ခန္ဓာကိုယ်ကနစ်မြုပ်လုနီးပါးဖြစ်သွားသည်။နှစ်လှမ်းလောက်လှမ်းရင်းအလေးချိန်ကိုသင့်လျော်အောင်ထိန်းပြီးနောက်ရှန့်ယန်ပေဟာကုချန်းဖန်းကိုအပြုံးနှင့်လှည့်ကြည့်လိုက်ရင်းပြောခဲ့သည် "ကောင်းပြီ သွားကြစို့"
ကုချန်းဖန်းဟာခြင်းတောင်းကိုစိုးရိမ်စွာကြည့်နေပေမယ့်ရှန့်ယန်ပေရဲ့ခြေလှမ်းတိုင်းဟာတည်ငြိမ်နေတာကိုတွေ့ပြီးနောက်သူ့ရဲ့နှလုံးသားထဲမှာစိတ်ချပြီးစိတ်သက်သာရာရသွားသည်။
အိမ်မှာလဲမနက်စောစောကဖမ်းထားသောငါးများကျန်နေသေးသည်။အရသာရှိသောငါးကြင်းနှင့်လတ်ဆတ်သောမျှစ်ကိုစွပ်ပြုတ်လုပ်လို့ရသည်။အသားရှိလျှင်လည်းအသားအချို့နှင့်လတ်လတ်ဆတ်ဆတ်မျှစ်ကိုမွှေကြော်နိုင်သည်။ရှန့်ယန်ပေဟာသူ့ရဲ့နှုတ်ခမ်းကိုသပ်လိုက်မိသည်။သူညကအသားမစားနိုင်ခဲ့သောကြောင့်အသားရဲ့အရသာကိုသတိရနေမိသည်။
ရုတ်တရပ်မီးခိုးရောင်ပုံသဏ္ဌာန်တစ်ခုကသူတို့ကြောင့်ထွက်ပြေးသွားသည်။
ကုချန်းဖန်းဟာလမ်းလျှောက်သွားပြီးယုန်နှင့်ပေါက်ပြားကိုကောက်ယူလာခဲ့သည်။သူ့ရဲ့မျက်နှာပေါ်မှာတစ်ဖြည်းဖြည်းချင်းအပြုံးတွေပေါ်လာခဲ့သည်။
ဒီယုန်ကအတော်ကလေးဝပြီးတော့ယောက်ျားရဲ့ခန္ဓာကိုယ်ကိုဖြည့်စွက်ပေးဖို့လုံလောက်တယ်။
ကုချန်းဖန်းဟာယုန်ကိုသယ်ရင်းလမ်းလျှောက်လာသောအခါမှသာရှန့်ယန်ပေရဲ့အသိကပြန်ဝင်လာခဲ့သည်။ယုန်ရဲ့အ ပေါ်ကသွေးတွေကိုကြည့်ရင်းရှန့်ယန်ပေရဲ့စိတ်ဟာအနည်းငယ်ရှုပ်ထွေးလာခဲ့သည်။သူ့ဇနီးရဲ့အသွင်အပြင်နှင့်တခြားသူကိုတိုက်ခိုက်ရန်ပျံသန်းနေသောပန်းပွင့်နှင့်ခူးထားသောသစ်ရွက်တွေကိုအသုံးပြုသည့်ကျွမ်းကျင်သိုင်းပညာရှင်များနှင့်ပတ်သက်၍သူကြည့်ခဲ့သောရုပ်ရှင်နှင့်ဇာတ်လမ်းတွဲတို့ကအလွန်အမင်းကွာခြားနေပါသည်။သူ့ပတ်လည်မှာတော့ပညာရှင်များရဲ့လေထုနည်းနည်းတောင်မရှိခဲ့ချေ။
ရှန့်ယန်ပေဟာသေနေသောယုန်ကိုဗလာကျင်းစွာစိုက်ကြည့်နေတာကိုမြင်သောအခါကုချန်းဖန်းသည်အနည်းငယ်တင်းမာပြီးစိတ်လှုပ်ရှားနေပုံပေါ်လာသည်။အခုလေးတင်သူဟာအရမ်းကြမ်းတမ်းရက်စက်သွားခဲ့တယ် သူ့ယောက်ျားကသူအရမ်းကြမ်းတမ်းလို့သူ့ကိုဥပေက္ခာများပြုလိုက်မလား?
ဒါမှမဟုတ် ယောက်ျားကယုန်ကိုမွေးမြူချင်နေတာများလား?ဒါပေမယ့်...
ကုချန်းဖန်းဟာသူ့ရဲ့ခေါင်းကိုငုံ့လိုက်ပြီးယုန်ကိုကြည့်ကာ၎င်းရဲ့ခေါင်းကိုလှုပ်လိုက်သည်။၎င်းဟာလုံးဝကိုသေဆုံးနေပြီဖြစ်သည်။
ကုချန်းဖန်းဟာပေါက်ပြားကိုကိုင်ထားရင်းရှုံတွစွာပြောခဲ့သည် "ဒီမီးခိုးရောင်ယုန်ကမနှစ်သက်စရာမှိုင်းမှိုင်းဖြစ်နေတယ် ယုန်ဖြူလိုမျိုးလဲကြည့်မကောင်းဘူး နောက်တစ်ခါကျရင်ခင်များမွေးဖို့ယုန်ဖြူတစ်ကောင်ကျွန်တော်ဖမ်းပေးမယ်"
ယုန်မွေးခြင်း?ရှန့်ယန်ပေရဲ့မျက်ခုံးတွေဟာပင့်တက်သွားခဲ့သည်။ယုန်တွေရဲ့မွေးဖွားနှုန်းကမြင့်ပြီး၎င်းတို့ကိုမွေးမြူတာမှာလဲငွေအကုန်အကျနည်းကာအစာကျွေးဖို့လဲလွယ်ကူသည်။ဒါ့အပြင်၎င်းတို့ရဲ့အသားဟာချက်ရင်ဘဲဖြစ်ဖြစ်စွပ်ပြုတ်လုပ်ရင်ဘဲဖြစ်ဖြစ်အတော်စားကောင်းသည်။၎င်းတို့ကိုပိုပြီးမွေးမြူလိုက်ရင်ပိုက်ဆံအတွက်ရောင်းလို့ရနိုင်သည်။ထိုသို့တွေးပြီးနောက်သူဟာပြုံးလိုက်ရင်းပြောခဲ့သည် "ကောင်းပြီ ကိုယ်ယုန်အမတစ်ကောင်နဲ့အထီးတစ်ကောင်လိုချင်တယ် သူ့တို့ကယုန်ပေါက်နည်းနည်းကိုလွယ်လွယ်မွေးပေးနိုင်တယ်"
မမျှော်လင့်ဘဲယုန်တစ်ကောင်ကိုရရှိပြီးနောက်နေ့လည်စာအဖြစ်သတ်မှတ်လိုက်ကြသည်။
ငါးကြင်းနှင့်မျှစ်စွပ်ပြုတ်၊ချက်ထားသောယုန်သားနှင့်တရုတ်ဂေါ်ဖီထုပ်ဟာလုံလောက်သွားပြီဖြစ်သည်။ရှန့်ယန်ပေဟာနေ့လည်စာအတွက်ဟင်းအမယ်တွေကိုသူ့စိတ်ထဲမှာအစီအစဉ်ချနေခဲ့သည်။ထို့နောက်သူဟာကုချန်းဖန်းးကိုဆွဲခေါ်၍လယ်ကွင်းတွေဆီလမ်းလျှောက်သွားခဲ့သည်။မူလကိုယ်ရဲ့လက်နှစ်ဖက်နှင့်ခြေထောက်နှစ်ချောင်းဟာပုံမှန်ကောက်ပဲသီးနှံငါးမျိုး(ပြောင်းဆန်၊ပဲပုပ်၊နှမ်း၊မုယောစပါး၊ဆန်)ကိုမခွဲခြားနိုင်ဘဲအိမ်မှာဘယ်ဟင်းသီးဟင်းရွက်ကိုမှမစိုက်ပျိုးနိုင်ပေ။
ပုံမှန်အချိန်များတွင်သူစားခဲ့သောကြည့်မကောင်းသည့်ဟင်းသီးဟင်းရွက်အားလုံးဟာအဖေရှန့်နှင့်အမေရှန့်ကြောင့်ရွာသားတွေမှလာပို့ခဲ့ခြင်းဖြစ်သည်။အခုတော့ဟင်းသီးဟင်းရွက်တစ်ခုလေးတောင်မှအိမ်မှာမရှိတော့ချေ။ဒီလယ်ကွင်းတစ်လျှောက်တွင်ဟင်းသီးဟင်းရွက်ရိုင်းများအမြောက်အများပေါက်ရောက်နေသည်။ထို့ကြောင့်သူတို့ဟာအသီးအရွက်တစ်ချို့ကိုခူး၍အိမ်ပြန်သွားခဲ့သည်။
ကုချန်းဖန်းဟာမည်သည့်အသီးအရွက်ရိုင်းတွေကိုမှမမှတ်မိချေ။ရှန့်ယန်ပေဟာသူ့ကိုမှတ်မိစေရန်တစ်ခုပြီးတစ်ခုကြင်နာစွာသင်ကြားပေးခဲ့သည်။"မုန်လာဥဖြူရဲ့အရွက်လိုမျိုးခပ်ဆင်ဆင်တူတဲ့ဒီအပင်ကို'shepherd's purse'လို့ခေါ်တယ် အရွက်ကထူကာဘဲဥပုံဖြစ်နေပြီးအဝါရောင်ပန်းပွင့်အသေးလေးတွေပါတဲ့အပင်ကို"မျက်ထောင့်ပင်"လို့ခေါ်တယ် ပန်းပွင့်ပုံပေါ်တဲ့ဒီအစင်းကြောင်းအရှည်ကြီးက...."
ဒါကshepherd's purseပါမြန်မာလိုနာမည်မတွေ့လို့ဒီတိုင်းဘာသာပြန်လိုက်ပါတယ်
မျက်ထောင့်ပင်ပါ
ကုချန်းဖန်းဟာကြောင်တက်တက်နားထောင်နေမိသည်။သူ့နှလုံးသားထဲမှာအထူးတလည်စိတ်အားထက်သန်စွာရှင်းပြနေသောလူငယ်လေးဟာအရမ်းကြည့်ကောင်းတယ်လို့ခံစားနေခဲ့သည်။
"မင်းရှင်းရှင်းလင်းလင်းနားလည်ရဲ့လား?"ရှန့်ယန်ပေဟာခေါင်းကိုမော့ကာသူ့ဇနီးကိုကြည့်လိုက်သည်။သူဟာသူ့ကိုကြောင်အအကြည့်နေသောသူ့ရဲ့ဇနီးကိုမြင်လိုက်ပြီးတော့သူ(ယန်ပေ)ဟာသူ့(ချန်းဖန်း)ရဲ့ခေါင်းထဲမှာဘာအကြောင်းအရာတွေရှိနေမလဲမသိတော့ပေ။ကုချန်းဖန်းဟာစိတ်လွတ်နေခြင်းမှအာရုံပြန်ရလာပြီးနောက်သူ့ရဲ့အကြည့်တွေကိုအမြန်အဝေးကိုလွှဲလိုက်သည်။သူ့ရဲ့ကြမ်းတမ်းသောမျက်နှာဟာအနည်းငယ်နီရဲနေခဲ့သည်။
ကုချန်းဖန်းရဲ့အကြည့်တွေကဘေးပတ်လည်ကိုလွှဲနေခဲ့ပြီးတော့သူဟာ'ဘာမှမတွေးဘူး'လို့ပြောချင်နေခဲ့သည်။ထိုအချိန်မှာသူလိမ်ရင်အပြစ်ပေးခံရမှာကိုပြန်တွေးမိသွားသောကြောင့်ထိုစကားလုံးတွေကိုပြန်မျိုချလိုက်ရသည်။
"မပြောချင်ဘူးလား?"ရှန့်ယန်ပေဟာရက်စက်စွာပြုံးလိုက်သည် "မင်းတကယ်မပြောပြချင်တာလား?"
ကုချန်းဖန်းဟာသူ့ရဲ့ခေါင်းကိုခါလိုက်သည်။ရှန့်ယန်ပေရဲ့အပြုံးဟာပို၍ကျောချမ်းစရာကောင်းလာပြီးသူပြောခဲ့သည် "မင်းဘာမှမပြောရင်ကိုယ်မင်းကိုနမ်းမယ်"
ကုချန်းဖန်းအံ့သြသွားခဲ့ပြီးရှန့်ယန်ပေဟာသူ့မျက်နှာကိုကိုင်လိုက်ရင်းသူ့နှုတ်ခမ်းတွေပေါ်အနမ်းပေးလိုက်သည်။
ကုချန်းပေဟာအသိဝင်လာပြီးရုတ်တရက်ထိတ်လန့်စွာထခုန်မိသွားပေမယ့်မတ်မတ်ရပ်နိုင်ခြင်းမရှိဘဲမြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။သူဟာဘေးဘီကိုအမြန်လှည့်ပတ်ကြည့်လိုက်ရင်းဘယ်သူမှမရှိသောအခါမှစိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
ရှန့်ယန်ပေဟာမျက်ရည်ထွက်လောက်အောင်ရယ်မောနေသည်။သူဟာသူ့လက်ကိုဆန့်လိုက်ရင်းသူ့ကိုမတ်တပ်ထလို့ရအောင်ဆွဲထူလိုက်ကာပြောလိုက်သည်။ "မင်းဘာကြောင့်အရမ်းထိတ်လန့်သွားရတာလဲ?မင်းကကိုယ့်ဇနီးလေ ဘာလို့သူများတွေတွေ့မှာကြောက်နေရတာလဲ?"
ကုချန်းဖန်းရဲ့မျက်နှာဟာနီရဲလာခဲ့ပြီသူကပြောခဲ့သည် "ဒီ……ဒီကိစ္စကို။ ဘယ်လိုလုပ်တခြားသူကိုမြင်ခွင့်ပြုရမှာလဲ"သူ့စိတ်ထဲကအမြင်အရယောက်ျားနှင့်ဇနီးရဲ့ချစ်ခင်ရင်နှီးသောကိစ္စတွေကမီးပိတ်လိုက်ပြီးပိတ်ထားသောတံခါးနောက်မှာသာဖြစ်သင့်သည်။
ရှန့်ယန်ပေဟာအဓိပ္ပာယ်ပြည့်ဝစွာပြုံးလိုက်ပြီးပြောခဲ့သည် "မင်းဆိုလိုချင်တာကဘယ်သူမှမမြင်ရင်ကိုယ်တို့လုပ်လို့ရတာလား?"
"မဟုတ်…မဟုတ်ဘူး"ကုချန်းဖန်းကအမြန်ဖြည့်ပြောလိုက်သည် "ကျွန်တော်တို့တစ်ခုခုလုပ်ချင်ရင်အိမ်ပြန်ရမယ် အဲ့ဒါကအပြင်မှာမဖြစ်သင့်ဘူး"
"အို…ကိုယ်နားလည်ပြီ"ရှန့်ယန်ပေဟာ'ရုတ်တရပ်တစ်ခုခုကိုနားလည်လိုက်ခြင်း'ပုံဖြင့်ပြောခဲ့သည် "ကိုယ်တို့အိမ်မှာတံခါးကိုပိတ်ရမယ်"
ရှန့်ယန်ပေဟာနီးနီးကပ်ကပ်ရွှေ့လာခဲ့ရင်းအပြုံးနှင့်သူ့ရဲ့နားနားကပ်ကာမေးခဲ့သည် "အိမ်ပြန်ပြီးတံခါးပိတ်ထားရင်ကိုယ်လုပ်ချင်တာဘာပဲဖြစ်ဖြစ်ခွင့်ပြုနိုင်မှာလား?"
"မင်းဘာမှမပြောရင်မင်းတိတ်တဆိတ်သဘောတူတယ်လို့ကိုယ်သတ်မှတ်လိုက်မယ်" ရှန့်ယန်ပေဟာရယ်မောလိုက်သည်။သူ့ဇနီးရဲ့ရှက်ရွံ့နေပုံကတကယ့်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့နောက်ထပ်ထပ်လှည့်စားချင်အောင်လုပ်နေသည်။
ကုချန်းဖန်းဟာပေါက်ပြားကိုယူလိုက်ရင်းတိတ်တ်ဆိတ်လိုက်သွားခဲ့သည်။သူ့ရဲ့ပါးစပ်ကရှန့်ယန်ပေနှင့်ပတ်သက်ပြီးဘာ်အရာကိုမှထုတ်မပြောနိုင်ခဲ့ချေ။ဒါပေမယ့်ရှန့်ယန်ပေဟာဇနီးမောင်နှံကြားကကိစ္စတွေကိုသူနှင့်တကယ်လုပ်ချင်ခဲ့ရင်သူကနည်းနည်းလေးတောင်မှငြင်းပယ်မှာမဟုတ်ပေ။သူ…သူကတောင်စောင့်မျှော်နေခဲ့ရတာဖြစ်သည်။
ထိုသို့တွေးပြီးနောက်ကုချန်းဖန်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကစိတ်မရှည်ဖြစ်လာခဲ့သည်။သူ့ရဲ့စိတ်ကမနေ့ညနေကရှန့်ယန်ပေသူ့ကိုလုပ်ခဲ့တာနှင့်ပတ်သက်ပြီးမစဉ်းစားဉ်းစားဘဲမနေနိုင်ခဲ့ပေ။ထိုလက်တွေဟာမှော်စွမ်းအားတွေရှိတယ်လို့ထင်ရသည်။ထိလိုက်သောနေရာကသေးငယ်သောလျှပ်စီးကြောင်းတွေဟာခန္ဓာကိုယ်တစ်ခုလုံးကိုဖြတ်သန်းသွားခဲ့သည်။သူ့အောက်က'အဲ့နေရာ'ကတောင်တုန့်ပြန်လာခဲ့သည်။
ကုချန်းဖန်းဟာရှက်ရွံ့သွားခဲ့ပြီးနောက်ထပ်ထိုအကြောင်းနှင့်ပတ်သက်ပြီးမတွေးရဲတော့ပေ။
--------------------------------------------