နောက်နေ့မှာတော့ရှန့်ယန်ပေဟာအိပ်ရာမှထဖို့ကြိုးစားနေစဉ်အချိန်အနည်းငယ်ကြာကြောင်အအဖြစ်နေခဲ့သည်။အိပ်ရာမှကျိုးကြေသံထွက်ပေါ်လာသောအခါမှသူ့ရဲ့သတိကိုပြန်ကပ်လိုက်ပြီးစိတ်အားထက်သန်လာခဲ့သည်။
အိပ်ရာရဲ့တစ်ဖက်ခြမ်းပေါ်ကအပူချိန်ကတော့အေးနေပြီဖြစ်သည်။ဒီအဓိပ္ပာယ်ကကုချန်းဖန်းကအိပ်ရာကထသွားပြီးတာအချိန်အတော်အကြာကဖြစ်သည်။
သူ့ရဲ့ဇနီးကအတော်ကိုလုံ့လရှိပြီးအလုပ်ကြိုးစားတာဘဲဒါပေမယ့်ဒါကကောင်းတဲ့အရာမဟုတ်ဘူး။သူမနက်ခင်းအနမ်းလေးလိုချင်နေတုန်းဘဲလေ!
ရှန့်ယန်ပေဟာသက်ပြင်းချလိုက်ရင်းထဖို့ဆုံးဖြတ်ခဲ့ကာအဝတ်ဝတ်၊မျက်နှာသစ်ပြီးပလုတ်ကျင်းလိုက်သည်။
တံခါးဟာတွန်းဖွင့်ခြင်းခံရပြီးကုချန်းဖန်းကမနက်စာသယ်ရင်းဝင်လာကာပြောခဲ့သည်"နိုးပြီလား? ကျွန်တော်ငါးစွပ်ပြုတ်တစ်ချို့လုပ်လာတယ် အမြန်လာပြီးစားတော့"
"ငါးစွပ်ပြုတ်"မနေ့ညကသူဟာယာဂုတစ်ပန်းကန်နှင့်အာလူးချိုအနည်းငယ်ကိုစားခဲ့ပြီးပေမယ့်အဲ့ဒါတွေကအစာခြေသွားခဲ့ပြီးဖြစ်ပြီးတော့သူအခုအရမ်းဗိုက်ဆာနေပြီဖြစ်သည်။သို့သော်လည်းရှန့်ယန်ပေဟာမျက်မှောင်ကြုတ်လိုက်ရင်းပြောခဲ့သည်"မြစ်ကမနက်စောစောဆိုအရမ်းအေးတယ် အနာဂတ်မှာဒီလိုမနက်ပိုင်းအစောကြီးငါးဖမ်းဖို့မလုပ်ပါနဲ့"
ကုချန်းဖန်းဟာဘာကြောင့်လဲဆိုတာနားမလည်ပေမယ့်ရှန့်ယန်ပေအိမ်ကအမြန်ထွက်ချင်နေခဲ့တာကိုမြင်ပြီးသူ(ချန်းဖန်း)ဟာသူ့(ယန်ပေ)ရဲ့ပခုံးပေါ်သို့အပေါ်ဝတ်ရုံကိုတင်ပေးလိုက်သည်။
ထိုရှန့်ယွီခိုင်ကမူလကိုယ်အဖေဘက်ကအဖိုးရဲ့ဝမ်းကွဲ၏ဒုတိယမြောက်သားဖြစ်သည်။သူဟာအလွန်တွန့်တိုတတ်ခြင်းကြောင့်ကျော်ကြားသည်။အရင်တုန်းကရှန့်ယွီခိုင်ဟာဆွေမျိုးတော်စပ်တယ်ဆိုသောအကြောင်းပြချက်ကိုသုံးပြီးငှားခတွေကိုအချိန်မှန်ပေးပါမယ်လို့ငိုယိုကာကတိပေးခဲ့သည်။ထို့ကြောင့်အဖေရှန့်ဟာသူ့ကိုစပါးလယ်သုံးမူနှင့်ခြောက်သွေ့လယ်နှစ်မူကိုငှားရမ်းပေးခဲ့သည်။
ဒါပေမယ့်ရှန့်ယန်ပေကမူလကိုယ်မဟုတ်ပေ။သူကသူများကိုရိုက်ချရတာသဘောကျသည်။သူများကိုအခွင့်ကောင်းယူရတာကြိုက်သောထိုကြက်ဖကြီးရှန့်ကိုပြင်းပြင်းထန်ထန်မလုပ်လျှင်အမှန်တကယ်ပြင်းထန်မှုကိုသူသိမှာမဟုတ်ချေ။
"ရှန့်ယန် နေကောင်းသွားပြီလား?"သူအပြင်ထွက်လိုက်သောအခါအသက်ကြီးသောအဒေါ်တစ်ယောက်နှင့်ဆုံတွေ့ခဲ့သည်။ထိုအဒေါ်သည်အရပ်အလွန်ပုပြီးတော့ဖော်ရွေသောအမူအရာနှင့်ဝဝကစ်ကစ်ဖြစ်နေသည်။သူ(မ)ဟာရှန့်ယန်ပေကိုအပေါ်အောက်ကြည့်လိုက်ပြီးသူ(မ)ရဲ့အကြည့်တွေဟာလည်းသူ့(ယန်ပေ)နောက်မှာရှိနေသောအရပ်ရှည်သန်မာသည့်ကုချန်းဖန်းဆီရောက်သွားသည်။ထိုအကြည့်တွေဟာတစ်ခုခုကိုသိချင်သောအကြည့်တွေဖြစ်သည်။
အဒေါ်လီဟာထို'အဒေါ်လီ'ဆိုတာကိုကြားပြီးနောက်အံ့အားသင့်သွားခဲ့သည်။သူ(မ)ဟာရှန့်ယန်ပေကိုသံသယဖြစ်စွာမကြည့်ဘဲမနေနိုင်ခဲ့ချေ။ရှန့်မိသားစုမှထိုလူငယ်လေးဟာအသက်ငယ်ငယ်နှင်Xiucaiဖြစ်လာပြီးနောက်သာမန်အချိန်တွေမှာသူ့ထက်အသက်ကြီးသူတွေကိုအဖက်မလုပ်ခဲ့ချေ။သူတို့တွေ့သောအခါမှာလည်းသူတို့ကိုဘယ်တော့မှမနှုတ်ဆက်ခဲ့ပေ။ဒီနေ့ဘယ်လိုမထင်မှတ်တာတွေဖြစ်ပျက်နေတာလဲ?
လူတစ်ယောက်ကမင်္ဂလာဦးညကိုဖြတ်သန်းပြီးသွားရင်ဉာဏ်အလင်းပွင့်သွားတယ်ဆိုတာဖြစ်နိုင်မလား?အဒေါ်လီဟာသူရဲ့နှလုံးသားထဲမှာရေရွတ်လိုက်သည်။ဒါပေမယ့်သူကဒီရုပ်ဆိုးသောကောကိုလုံးဝသဘောမကျဘူးလို့ပြောခဲ့ပြီးတော့ပိုပြီးသေချာစေတာကသူ(ရှန့်ယန်)ကသူ့(ချန်းဖန်း)ကိုဇနီးတစ်ယောက်လိုလုံးဝမဆက်ဆံခဲ့ပေ။သူကသူ့ကိုအစေခံတစ်ယောက်လိုတောင်အမိန့်ပေးခဲ့သည်။အခုတော့ထိုဇနီးမောင်နှံကိုကြည့်လိုက်သောအခါသူတို့အတူလမ်းလျှောက်လာပုံကသူတို့ဆီမှာနက်ရှိုင်းသောချစ်ခြင်းမရှိပုံမပေါ်ပေ။
ရှန့်ယန်ပေဟာအကူအညီမဲ့စွာသာပြုံးနိုင်ပြီးအဒေါ်လီဟာလည်းသူ(မ)ခန့်မှန်းတာမှန်တယ်လို့ထင်သွားခဲ့သည်။ထို့ကြောင့်သူ(မ)ဟာရွှင်မြူးစွာပြောခဲ့သည်"ရှန့်ယန် မင်းမိသားစုရဲ့ဦးလေးယွီခိုင်ကနွားတစ်ကောင်ရောင်းခဲ့ပြီးပိုက်ဆံရှိနေပေမယ့် ငါမင်းကိုအကြံပေးလိုက်မယ်မင်းသူ့ကိုသွားမရှာတာပိုကောင်းတယ်"
"မင်းဦးလေးယွီခိုင်ကမင်းကိုပိုက်ဆံချေးမယ့်ပုံမပေါ်ဘူး။မင်းရဲ့ဒုတိယဦးလေးရှန့်ကိုသွားရှာလိုက်တာကပိုကောင်းမယ်။သူ့ရဲ့သားချန်းဝူကလွန်ခဲ့တဲ့နှစ်ရက်ကတောဝက်တစ်ကောင်ကိုအမဲလိုက်ခဲ့ပြီးသားသတ်သမားဆီရောင်းလိုက်တယ်။ဒါကြောင့်သူတို့မှာပိုက်ဆံတွေအများကြီးရှိနေတယ်"
ရှန့်ယန်ပေရဲ့မျက်ခုံးတွေဟာပင့်သွားခဲ့သည်။တိုက်ဆိုင်လိုက်တာ!ဒီရှန့်မိသားစုရဲ့ဒုတိယဦးလေးကလည်းမူလကိုယ်မိသားစုဆီကလယ်တွေငှားခဲ့တာဘဲ။
"ရှန့်ယန် မင်းကလက်ထပ်ပြီးအခြေကျနေပြီ မင်းအလုပ်တစ်ခုလုပ်သင့်တယ်"သူ(မ)ဟာသေသေချာချာမေးခဲ့သည်"ဒီချေးထားတဲ့ပိုက်ဆံကမင်းပြန်ပေးရမှာလေ မင်းမှာဂရုစိုက်ရမယ့်ဇနီးလဲရှိသေးတယ်လေ မဟုတ်ဘူးလား?"
"ကျွန်တော်ဦးလေးယွီခိုင်ဆီသွားတာကပိုက်ဆံချေးဖို့မဟုတ်ပါဘူးပြန်ဆပ်ခိုင်းဖို့ပါ"ရှန့်ယန်ပေဟာမျက်မှောင်ကြုတ်ရင်းပြောခဲ့သည်"ကျွန်တော့်မိဘတွေအသက်ရှင်နေတုန်းကဦးလေးယွီခိုင်ကစပါးလယ်သုံးမူနဲ့ခြောက်သွေ့လယ်နှစ်မူကိုစိုက်ပျိုးဖို့ကျွန်တော့်မိသားစုဆီကငှားသွားခဲ့တယ် ပထမနှစ်မှာငှားခပေးတာကလွဲပြီးဦးလေးယွီခိုင်ကလွန်ခဲ့တဲ့နှစ်နှစ်ကငှားခတွေကိုမပေးခဲ့ဘူး"
အဒေါ်လီဟာရှက်ရွံ့စွာပြုံးခဲ့ပြီးရှန့်ယန်ပေရဲ့စကားကိုပြန်မဖြေခဲ့ပေ။ဒီရှန့်ယွီခိုင်ကလူတွေနှင့်တွေ့တဲ့အခါသူကလွန်ခဲ့တဲ့နှစ်နှစ်ကစပါးလယ်သုံးမူနှင့်ခြောက်သွေ့လယ်နှစ်မူကိုဝယ်ခဲ့တယ်လို့ပြောခဲ့တယ်။ရှန့်မိသားစုမှဘယ်သူကမျှသူတို့ကိုငှားခပေးဖို့မတိုက်တွန်းခဲ့တာကြောင့်လူတိုင်းကသူဟာတကယ်လယ်တွေကိုဝယ်ခဲ့တယ်လိုထင်ခဲ့သည်။အခုရှန့်ယွီခိုင်ရဲ့သားရှန့်ချန်းဝူကကုXiucaiရဲ့သမီးနှင့်လက်ထပ်ပြီးဖြစ်သည်။သူ့ရဲ့ဒုတိယသားရှန့်ချန်ဝမ်ကလည်းXiucaiတစ်ယောက်ဖြစ်လာနိုင်တယ်လို့ပြောလို့ရသည်။ဒါကြောင့်ဘယ်သူကမှသူတို့နှင့်မသက်ဆိုင်ရင်သူ့(ရှန့်ယွီခိုင်)ကိုအပြစ်မပြုမိချင်ကြပေ။
(T/N-ဒုတိယဦးလေးသားလဲချန်းဝူပါဘဲနာမည်တူတာပါ)
"သူကငှားခတွေမပေးခဲ့တာအတော်ကိုကြာနေပြီ ကျွန်တော်ကြောက်တာကဦးလေးရှန့်ယွီခိုင်ကအဲ့ဒါတွေဟာကျွန်တော့်မိသားစုရဲ့မြေတွေဆိုတာကိုမေ့သွားမှာဘဲ" ရှန့်ယန်ပေဟာနက်နဲသောအသံဖြင့်ပြောခဲ့သည် "သူမေ့သွားခဲ့ရင်တောင်အဲ့ဒါကကိုင်တွယ်ဖို့လွယ်ကူပါသေးတယ် သူ့မှာတခြားအတွေးရှိနေခဲ့ရင်……"
အဒေါ်လီဟာထိတ်လန့်သွားပြီးမေးခဲ့သည် "သူငှားခမပေးရင်မင်း ဘာလုပ်ဖို့အစီအစဉ်ရှိလဲ?"
"ကျွန်တော်တိုင်ကြားစာရေးပြီးသွားပြီ သူကျွန်တော့်ကိုမပေးရင်တိုက်ရိုက်ဘဲကောင်တီတရားသူကြီးကိုတင်ပြဖို့သွားတွေ့လိုက်မယ် ကောင်တီတရားသူကြီးလူကြီးမင်းလျှိုကပြည်သူတွေကိုသားသမီးလိုချစ်တယ် သူကျွန်တော့်အတွက်သေချာပေါက်ဆုံးဖြတ်ပေးမှာ" ရှန့်ယန်ပေဟာခိုင်မာစွာပြောပြီးနောက်ကုချန်းဖန်းကိုဆွဲခေါ်သွားခဲ့သည်။
မယုံနိုင်စရာဘဲ!!ဒီရှန့်ယွီခိုင်တရားစွဲခံရတော့မယ်!အဒေါ်လီဟာအမြန်ပြန်လှည့်ပြီးမြစ်ဆိပ်ကိုလမ်းလျောက်သွားခဲ့သည်။
"ကြီးတာလားအစ်မလီ ဘယ်ကိစ္စအကြီးကြီးဖြစ်ခဲ့တာလား?ဘယ်မိသားစုရဲ့ကြက်ကဥဥဖို့လယ်ထဲပြေးသွားတာလဲပြီးတော့ဘယ်မိသားစုရဲ့ခွေးကကြက်နောက်လိုက်တာလဲ?"အဒေါ်လီရဲ့အသက်အရွယ်နှင့်တူညီလောက်မည့်ကောကသူ(မ)ကိုမနှစ်မြို့သောမျက်လုံးများဖြင့်ကြည့်၍ရယ်ခဲ့သည်။
"ဒုတိယရှန့်မိသားစု ဒီကိစ္စကမင်းတို့မိသားစုနဲ့ပတ်သက်နေတယ်နော်"အဒေါ်လီဟာသူ(မ)ရဲ့မျက်ခုံးတွေကိုပင့်လိုက်ပြီးသူ(မ)ရဲ့စကားတွေကတခြားသူရဲ့ကံဆိုးမှုကိုအနည်းငယ်ပျော်ရွှင်နေဟန်ပေါ်သည်။
"အစ်မလီ တစ်ခုခုပြောစရာရှိရင်ပြောလိုက်ပါ ရှုပ်ထွေးအောင်လုပ်မနေနဲ့ ကျွန်တော့်မိသားစုမှာဘာဖြစ်ခဲ့လို့လဲ?"ဒီကောရဲ့သဘောထားဟာဆိုးရွားနေပြီးအဒေါ်လီရဲ့စကားတွေကြောင့်ဒေါသထွက်နေသည်။
"တကယ်? သူ ကောတစ်ယောက်ကယောက်ျားတွေနဲ့သွားပြီးပစ္စည်းတွေရွှေ့နေတယ်ပေါ့?"ငယ်ရွယ်သောလက်ထပ်ပြီးသားအမျိုးသမီးရဲ့မျက်လုံးဟာပြူးကျယ်သွားခဲ့သည် "ပြီးတော့ ရှန့်Xiucaiကခွင့်ပြုပေးတာလား?"
"ဒါတော့……ကျွန်တော်မသိဘူး"အပြာရောင်အင်္ကျီနှင့်ကောကသူလျှော်ထားပြီးသောအဝတ်တွေကိုသစ်သားခြင်းတောင်းထဲထည့်ပြီးသက်ပြင်းချကာပြောခဲ့သည် "သူ့ကိုတော့အပြစ်တင်လို့မရဘူး တကယ်လို့ရှန့်မိသားစုကသာအရင်တုန်းန်းကအခြေအနေအတိုင်းရှိနေသေးရင်ဘာလို့ကောတစ်ယောက်ကိုအိမ်ကိုထောက်ပံ့ခိုင်းဖို့လိုမှာလဲ"
"ဟေးဟေး ငါပြောချင်တာရှန့်ယန်နဲ့သူ့မိသားစုကကောအကြောင်းမဟုတ်ဘူး"ခေါင်းစဉ်ကမူလနဲ့ကွဲထွက်သွားတာကိုမြင်ပြီးနောက်အဒေါ်လီဟာအလျင်အမြန်ပြောခဲ့သည်"ငါပြောချင်တာက ရှန့်ယန်ကရှန့်ယွီခိုင်ကိုတရားဆွဲဖို့ကောင်တီတရားသူကြီးဆီသွားတယ်လို့"
"ဒါက…ဘယ်လိုဖြစ်နိုင်မှာလဲ?" လူတိုင်းဟာအံ့ဩထိတ်လန့်သွားခဲ့သည်။
---------------------------------------------