(T/N-kang bed ဆိုတာအရင်ကတရုတ်လူမျိုးတွေသုံးခဲ့တဲ့အနွေးကုတင်ပါသူကကျောက်ကုတင်ပုံစံမျိုးကိုမှဆောင်းရာသီအေးရင်အပူပေးလို့ရပါတယ်)
ရှန့်ယန်ပေဟာသူ့ရဲ့မေးစေ့ကိုပွတ်ကာမျက်မှောင်ကြုတ်ရင်းစဉ်းစားနေခဲ့သည်။
ဒါကိုအတိတ်မေ့ခြင်းလို့ပြောကြပါစို့။မင်းဟာမင်းရဲ့နာမည်ကိုမှတ်မိနေတုန်းဘဲဆိုလျှင်ဒါဟာရွေးချယ်သတိမေ့ခြင်းနဲ့တူနေသည်။ရွေးချယ်သတိမေ့ခြင်းဆိုတာကကိုယ်တိုင်နှင့်ပတ်သက်သောမမှတ်မိချင် သောအချက်အလက်တစ်ချို့ဒါမှမဟုတ်လူတစ်ချို့ကိုရွေးချယ်မေ့လျော့သွားခြင်းဖြစ်သည်။
၎င်းဟာသူ့ဇနီးမှာပြင်းထန်သောကိစ္စတစ်ခုရှိပြီးအဲ့ဒါဟာသူ့ကိုနက်နက်ရှိုင်းရှိုင်းနာကျင်စေတာဖြစ်နိုင်သည်။ပြီးတော့သူမေ့နေတယ်ဆိုရင်လည်းမေ့ပါစေ သူကတော့သူ့ဇနီးနှင့်အတူပျော်ရွှင်နေပါလိမ့်မယ်။
ရှန့်ယန်ပေဟာအချိန်ခဏအကြာစကားမပြောခဲ့ချေ။ထိုလူရဲ့နှလုံးသားဟာတဖြည်းဖြည်းအေးစက်လာခဲ့သည်။သူ့ဒူးကလက်သီးတွေကိုမသိစိတ်ကတင်းးကြပ်စွာဆုပ်ထားမိနေသည်။
ယောက်ျား နောက်ဆုံးတော့ သူဒါကိုစိုးရိမ်နေတုန်းလား
"ကုချန်းဖန်း ချန်းဖန်း ဇနီး မင်းရဲ့နာမည်ကတကယ့်ကိုနားထောင်လို့ကောင်းတာဘဲ" သူ့ရဲ့ခေါင်းထိပ်ကနေရှန့်ယန်ပေရဲ့အသံကိုကြားနိုင်ခဲ့ပြီးထိုလူဟာသူ့ရဲ့ခေါင်းကိုရုတ်တရက်မော့လိုက်မိသည်။အချိန်ခဏအတွင်းမှာသူ့ရဲ့အကြည့်တွေကရှန့်ယန်ပေရဲ့တောက်ပသောမျက်လုံးတွေနှင့်ထိတွေ့သွားသည်။
"စိတ်ရှိတယ်?"ရှန့်ယန်ပေဟာအနည်းငယ်အကူအညီမဲ့သွားပြီးပြောခဲ့သည်"သေချာပေါက်စိတ်ရှိတာပေါ့ ကိုယ့်ဇနီးကအရမ်းကိုအံ့ဩစရာကောင်းတယ် ဒါမဲ့ကိုယ် ဒီယောက်ျားကတော့ဆိုးဆိုးရွားရွားကိုအသုံးမကျဘူး"
"ယောက်ျား"ထိုလူရဲ့နှလုံးသားလှိုက်ဖိုလာပြီးတော့မျက်ခမ်းစပ်ဟာလည်းတစ်ဖြည်းဖြည်းနီရဲလာခဲ့သည်။
ရုတ်တရက်တစ်စုံတစ်ခုကိုသတိရသွားပုံပေါ်သောရှန့်ယန်ဟာသူ့ရဲ့မျက်နှာကိုလျှော့ချရင်းပြောခဲ့သည်"မင်းလူကုန်ကူးသမားတွေနဲ့တွေ့ခဲ့ပြီးရောင်းစားဖို့အဖမ်းခံခဲ့ရတယ် အဲ့ဒီအချိန်တုန်းက မင်းပြင်းထန်တဲ့ဝေဒနာကိုခံစားနေရတာဖြစ်ရမယ် ဟုတ်တယ်မလား?"
"မင်းဒဏ်ရာတွေသက်သာလာပြီလား?"
ထိုလူဟာထိတ်လန့်သွားခဲ့ပြီးအကြည့်တွေကိုတိမ်းရှောင်နေခဲ့သည်။
ရှန့်ယန်ပေရဲ့ဒေါသဟာဖွင့်ထုတ်ဖို့အတွက်နေရာမရှိဖြစ်နေခဲ့သည်"ဒဏ်ရာတွေမပျောက်သေးတဲ့အချိန်မှာမင်းဒီလိုလေးလံတာတွေကိုရွှေ့နေတာလား?"
အခုလေးတင်ထိုလူဟာလေးလံသောရေပုံးတွေကိုတစ်ယောက်ထဲသယ်နေခဲ့သည်။ထပ်ပြောရမယ်ဆိုဒီဟာမတိုင်ခင်ကပိုက်ဆံရှာဖို့အတွက်ကူလီတစ်ယောက်အနေနှင့်လည်းလုပ်နေခဲ့သည်။
"……"ဒါကတကယ်တိုးတက်လာတာဘဲ သူ့ကိုကောင်းတဲ့အရာတစ်ခုသင်ပေးခဲ့တယ်လို့ယူဆလို့ရမလား? ရှန့်ယန်ပေဟာပြင်းထန်စွာပြောခဲ့သည်"မင်းရဲ့ဒဏ်ရာတွေပြန်မကောင်းမချင်းလေးလံတဲ့အလုပ်တွေနောက်ထပ်လုပ်ခွင့်ပြုမှာမဟုတ်ဘူး"
ထိုလူဟာသက်သာရာရစွာသက်ပြင်းတစ်ချက်ချလိုက်ပြီးနီရဲနေသောမျက်နှာနှင့်ခေါင်းညိတ်ခဲ့သည်။
"နောက်ကျနေပြီ အိပ်ရာထဲသွားကြရအောင်"ရှန့်ယန်ပေဟာစောင်ကိုမ,ရင်းအထဲကိုဝင်လာဖို့ခေါ်ကာအိပ်ရာပေါ်မှာလှဲချလိုက်သည်။
ထိုလူရဲ့စိုစွတ်နေသောအရေပြားကိုထိတွေ့မိခြင်းနှင့်ထိုလူဆီမှထုတ်လွှတ်နေသောဆပ်ပြာရဲ့မွှေးရနံဖျော့ဖျော့ကိုအနံ့ခဲလိုက်ခြင်းဖြင့်ရှန့်ယန်ပေဟာသူ့ရဲ့ဘောင်းဘီထဲမှာပုရွက်ဆိတ်တွေရှိနေသလိုစတင်ခံစားလိုက်ရသည်။
(T/N-ထိန်းချုပ်မရအောင်ယားကျိကျိဖြစ်နေတာကိုပြောတာပါ)
ဒါဟာသူ့ဇနီးဖြစ်တယ် သူ့တို့နှစ်ယောက်ဟာတူညီသောအိပ်ရာထဲမှာအတူတူလှဲနေကြတာဖြစ်တယ် သူတို့တစ်ခုခုမလုပ်ခဲ့ရင်အရမ်းမသင့်တော်သလိုပုံပေါ်နေမလား?
ဘယ်လိုဘဲဖြစ်ဖြစ်သူကဒီနေ့ဘဲကူးပြောင်းလာတာဖြစ်သည်။သူကိစ္စတွေအများကြီးမသိသေးသလိုသူ့ဇနီးနဲ့လဲအများကြီးမရင်းနှီးသေးချေ။သူ့ဇနီးကလဲရှက်နေသေးသည်။တစ်ခုခုလုပ်ဖို့အဆင်ပြေတာလားမပြေတာလားဒါမှမဟုတ်လုပ်လိုက်ရင်သားရဲဆန်သွားမလား?
ရှန့်ယန်ပေဟာသူ့ရဲ့နားရွက်ကိုထိုလူရဲ့ရင်ဘတ်ပေါ်တင်ထားလိုက်ရင်းရယ်မောကာပြောခဲ့သည်"ဇနီးလေး မင်းနှလုံးခုန်တာအရမ်းမြန်နေတယ်"
ထိုစကားကိုကြားပြီးထိုလူရဲ့နှလုံးဟာပိုပိုပြီးအခုန်မြန်လာခဲ့သည်။
ဒုတ် ဒုတ်……(နှလုံးခုန်သံ)
၎င်းဟာသူ့ရင်ဘတ်ထဲကခုန်ထွက်ချင်နေသလိုဖြစ်နေသည်။
"ယောက်... ယောက်ျား ခင်များခန္ဓာကိုယ်ကအားနည်းနေတုန်းဘဲ ခင်... ခင်များမလုပ်သင့်ဘူး"ထိုလူဟာထစ်ငေါ့စွာရှန့်ယန်ပေကိုအကြောင်းပြချက်ပေးဖို့ကြိုးစားခဲ့ပေမယ့်သူ့ခန္ဓာကိုယ်ပေါ်ကရှန့်ယန်ပေရဲ့လက်တွေကိုပိတ်ဆို့ဖို့တော့သူဘာမှမလုပ်ခဲ့ချေ။
သူဟာအရမ်းရုပ်ဆိုးသည်။ထိုအရာကသူ့ယောက်ျားနှင့်သူ့ကြားချစ်ခင်ရင်းနှီးမှုအစပြုဖို့အတွက်အနှောင့်အယှက်တစ်ခုဖြစ်သည်။သူ့ရဲ့ခန္ဓာကိုယ်ကသူ့ယောက်ျားရဲ့ချစ်ခင်မှုကိုရမယ်ဆိုလျှင်ဒါဟာကံဆိုးတာတွေထဲကကံကောင်းမှုတစ်ခုဖြစ်သည်။
"ဒါအဆင်ပြေပါတယ် ကိုယ်ကထိရုံဘဲထိမှာပါ"ရှန့်ယန်ပေသူ့ရဲ့နှုတ်ခမ်းကိုလျက်လိုက်ပြီးနောက်ထပ်သူ့နှလုံးသားရှိနေသောရင်ဘတ်ကကြွက်သားတစ်လျှောက်ကိုထိကိုင်နေခဲ့သောကြောင့်ထိုလူဟာအသက်ကိုပြင်းပြင်းရှူလိုက်မိသည်။
ထိုလူရဲ့အရေပြားဟာနွေးထွေးနေပြီးသူစိတ်ကူးထားတာထက်ချော့မွေ့ကာနူးညံ့နေသည်။
သူ့လက်ဖဝါးအောက်ကခန္ဓာကိုယ်ဟာအနည်းငယ်တုန်လှုပ်နေတာကိုခံစားမိပြီးတော့ရှန့်ယန်ပေဟာသူ့ရဲ့ခေါင်းကိုထိုလူအားကြည့်ရန်မော့လိုက်သည်။ထိုလူရဲ့ဆံပင်တွေဟာခေါင်းအုံးပေါ်မှာပြန့်ကျဲနေပြီးသူဟာခေါင်းစောင်းရင်းမျက်လုံးတွေကိုတင်းတင်းပိတ်ထားကာရှက်နေသောအမူအရာဖြစ်နေသည်။
ဖျော့တော့သောအလင်းရောင်ကထိုကြမ်းတမ်းပေမယ့်ခံ့ညားသောမျက်နှာပေါ်ကိုဖြန့်ကျက်ထားသည်။ထိုအရာကကျက်သရေရှိမှုများထဲမှတစ်ခုဖြစ်ပြီးထိုလူရဲ့အဆက်မပြတ်လှုပ်နေသောလည်စေ့ကတောင်မှအလွန်အမင်းသေလောက်အောင်ဆွဲဆောင်မှုရှိနေခဲ့သည်။
ရှန့်ယန်ပေဟာတံတွေးမျိုချလိုက်ရင်းသူ့ရဲ့မျက်နှာဟာထူးဆန်းနေကာထိုလူရဲ့လည်စေ့ပေါ်ဖိကပ်ပြီးစုပ်လိုက်လျက်လိုက်အသက်ရှူလိုက်လုပ်နေခဲ့သည်။
'ကလစ်'ဆိုသောအသံနှင့်အတူထိုလူနှင့်ရှန့်ယန်ပေဟာထိတ်လန့်သွားခဲ့သည်။
ထိုလူရဲ့မျက်နှာဟာမီးခိုးထွက်လုနီးပါးနီရဲလာခဲ့သည်။သူဟာအေးခဲနေပြီးလုံးဝကိုမလှုပ်ုပ်ရဲခဲ့ချေ။
ဒီလိုအချိန်မှာမှမမျှော်လင့်ဘဲငါ့ရဲ့စောက်ကျိုးနည်းကုတင်ကကျိုးသွားတာလား?ရှန့်ယန်ပေဟာအံကြိတ်လိုက်ရင်းနှလုံးသားထဲမှာတော့တုနှိုင်းမရလောက်အောင်ဝမ်းနည်းပူဆွေးနေခဲ့သည်။
သူမှာသာပိုက်ဆံရှိလာရင်ချက်ချင်းဘဲခိုင်ခံ့ပြီးကြာရှည်ခံသောကုတင်အကြီးကြီးကိုသွားဝယ်ပစ်အုံးမယ်။
သူလှုပ်ရှားလိုက်လိုက်ချင်းဘဲသစ်သားကုတင်ဟာကျိုးကြေသွားပြီးဆူညံသံထွက်လာခဲ့သည်။ရှန့်ယန်ပေရဲ့စိတ်ခံစားချက်မကောင်းဖြစ်သွားပြီးသူ့ရဲ့ခေါင်းငုံ့ကာထိုလူနမ်းရင်းအကူအညီမဲ့စွာပြောခဲ့သည်"ကောင်းပြီ ကိုယ်မင်းနဲ့ဘာမှမလုပ်တော့ဘူး အိပ်ကြရအောင်"
သူကြည့်သာကြည့်နိုင်ပြီးမစားနိုင်ချေ။ထိုအရာဟာသူ့အတွက်သည်းခံဖို့ခက်ခဲနေတုန်းဖြစ်သည်။ဒါ့အပြင်မနက်ဖြန်မှာလုပ်ဖို့အရေးကြီးသောအရာတစ်ခုရှိသေးသည်။လောလောဆယ်တော့ဒီတိုင်းဘဲထားလိုက်ကြပါစို့။အနာဂတ်ကရှည်လျားပါသည်။ရှန့်ယန်ပေဟာသူ့ကိုယ်ကိုစိတ်သက်သာရာရစေလိုက်ပြီးထိုလူကိုသူ့လက်မောင်းထဲတွင်ဖက်ကာလှဲချလိုက်သည်။
ရှန့်ယန်ပေရဲ့အသက်ရှူသံမှန်မှန်၊တိတ်ဆိတ်သွားသောအသံတွေကသူအိပ်ပျော်သွားတာကိုဖော်ပြနေခြင်းကြောင့်ထိုလူရဲ့တင်းမာနေသောကြွက်သားနှင့်အာရုံကြောတွေကိုလျှော့ရဲသွားစေပြီးသက်တောင့်သက်သာဖြစ်သွားစေသည်။သူဟာခေါင်းကိုလှည့်ပြီးသူ့ရင်ဘတ်ပေါ်မှာလှဲနေသောလူငယ်လေးအိပ်ပျော်နေပုံကိုကြည့်ကာသူ့စိတ်ခံစားချက်တွေတိုးတက်သွားခဲ့သည်။
သူ့မှတ်ဉာဏ်တွေပျောက်ဆုံးပြီးနောက်သူ့နာမည်တစ်ခုကလွဲ၍တခြားဘယ်အရာကိုမှလုံးဝမမှတ်မိခဲ့ချေ။သူဘယ်နေရာကလာခဲ့ပြီးဘယ်နေရာကိုသွားရမလဲဆိုတာလဲမသိခဲ့ချေ။သူလုပ်နိုင်သောအရာဘယ်အရာဆိုတာတောင်သူမသိခဲ့ဘူး။
လူကုန်ကူးသမားတွေရဲ့လက်ထဲရောက်သွားသောထိုရက်တွေတုန်းကသူ့ရဲ့နှလုံးသားဟာဆုံးရှုံးသွားခဲ့ရသည်။သူဟာချစ်ခြင်းမခံရဘဲမွေးလာတယ်လို့လဲခံစားခဲ့ရသည်ည်။
ဒါပေမယ်အခုတော့သူ့မှာယောက်ျားနှင့်အိမ်တစ်လုံးရှိနေပြီ။
သူ့ယောက်ျားကသူ့ကိုလျစ်လျူရှုခြင်းရှောင်ရှားခြင်းလဲမရှိချေ။သူ့ကိုမြတ်နိုးစွာချစ်ခင်ခဲ့ပြီးသူ့အတွက်စိတ်ဆင်းရဲခဲ့သည်။ ပိုကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအတူတူနေထိုင်သွားချင်မိသည်။
သူ့ရင်ခွင်ထဲမှာရောက်နေသောရှန့်ယန်ပေအားတင်းကျပ်စွာဖက်လိုက်ကာသူ့ရဲ့နှလုံးသားဟာအရင်ကတစ်ခါမှမကြုံဖူးခဲ့သောငြိမ်သက်အေးချမ်းခြင်းကိုခံစားလိုက်ရသည်။အချိန်အကြာကြီးရွက်လွှင့်ကာလွှင့်မျောနေခဲ့သောသင်္ဘောတစ်စင်းကဲ့သို့နောက်ဆုံးမှာတော့ဆိုက်ကပ်ဖို့ဆိပ်ကမ်းတစ်ခုကိုတွေ့ခဲ့ပြီဖြစ်သည်။
-----------------------------------------