အစေ့အဆန်တွေနှင့်ဟင်းခတ်အမွှေးအကြိုင်တွေကိုခွဲထုတ်ကာသိမ်းလိုက်ရင်း ရှန့်ယန်ပေဟာအင်္ကျီလက်ကိုလိပ်တင်ပြီး အစားအသောက်ပြင်ဆင်ရန်ဆန်ဆေးလိုက်သည်။ ကုချန်းဖန်းကသူ့ဘေးမှာကူညီလုပ်ကိုင်ပေးနေသည်။
အိမ်မှာရှိနေသောအသီးအရွက်တွေကိုတစ်ချက်ကြည့်လိုက်ရင်း ရှန့်ယန်ပေဟာဝက်အရိုးစွပ်ပြုတ်၊ မျှစ်မွှေကြော်နှင့်ဝက်သားဟင်းစသည့်သင့်တော်သောနေ့လည်စာအစားအသောက်စာရင်းတစ်ခုကိုအလျင်အမြန်စီစဉ်ခဲ့သည်။
ရှန့်ယန်ပေချက်ပြုတ်သောပုံစံကိုတွေ့ဖူးခဲ့ပြီးပေမယ့် အခုတော့ကုချန်းဖန်းဟာသူ့ရဲ့အကြည့်တွေကိုတောက်ပပုံပေါ်နေသောလူငယ်လေးပေါ်မှာအာရုံစိုက်မထားဘဲမနေနိုင်ခဲ့ပေ။
သူဟာကျွမ်းကျင်စွာဝက်ဗိုက်သားကိုဆေးကြောသန့်စင်ကာအတုံးသေးများအဖြစ်လှီးဖြတ်ပြီး ရေနွေးအိုးတည်ကာအသားကိုပြုတ်သည်။ ထို့နောက်ရေပြန်စစ်ကာအိုးထဲထည့်ပြီးလှိမ့်လိုက်သည်။
ဆီတွေဝေ့လာသည်ကိုမြင်ပြီးနောက်ရှန့်ယန်ပေဟာပြင်းသောအပူချိန်ပေါ်မှာနာနတ်ပွင့်အနည်းငယ်၊သစ်ကြမ်းပိုးခေါက်အချို့၊ ဂျင်းနှင့်ကြက်သွန်ဖြူတို့ကိုပစ်ထည့်လိုက်သည်။ ပြီးနောက်ရုတ်တရက်ပြင်းထန်သောရနံ့ဟာဟင်းအိုးမှမီးဖိုချောင်ထဲသို့ပျံ့လွင့်လာခဲ့သည်။
အရောင်တစ်ချို့အတွက်ပဲငံပြာရည်အနည်းငယ်ကိုအိုးထဲထည့်လိုက်ကာ ရှန့်ယန်ပေဟာဒီမနက်ကဝယ်ခဲ့သောဆန်အရက်ဝါးဘူးအသေးလေးတစ်ဘူးကိုထုတ်လိုက်ပြီး ညှီနံ့ပျောက်စေဖို့အနည်းငယ်ထည့်လိုက်သည်။ ဟင်းချက်ဖို့အတွက်အထူးထုတ်ထားသောဝိုင်မရှိသောကြောင့်သူဟာဆန်အရက်နှင့်သာပြုလုပ်နိုင်ရသည်။
သူဟာအိုးကိုအပူပေးကာဆီတစ်ချို့လောင်းထည့်လိုက်ပြီး နှပ်ထားသောဝက်ဗိုက်သားကိုထည့်ရင်းရွှေဝါရောင်သန်းလာသည်အထိမွှေကြော်လိုက်သည်။ ထို့နောက်၎င်းကိုခပ်လိုက်ကာပန်းကန်လုံးထဲသို့ထည့်လိုက်သည်။ ပြီးနောက်အိုးထဲကဝက်ဗိုက်သားမှကျန်ရှိနေသောအဆီတွေနှင့်သူဟာကြက်သွန်မြိတ်၊ဂျင်းနှင့်ကြက်သွန်ဖြူတို့ကိုထည့်ကာမွှေးရနံ့ပျံ့လွင့်လာသည်အထိကြော်လိုက်သည်။ ၎င်းနောက်သူဟာမျှစ်တွေနှင့်ဝက်ဗိုက်သားတွေကိုထည့်လိုက်သည်။
အင်္ကျီလက်များလိပ်တင်ထားသောမွန်မြတ်ပြီးကျက်သရေရှိသည့်လူငယ်ဟာအာရုံစိုက်နေသောအမူအရာရှိနေသည်။
ဆီလောင်းထည့်နေပုံ၊ကြော်ချက်နေပုံနှင့်ဟင်းခတ်အမွှေးအကြိုင်တွေကိုလျင်မြန်သောလှုပ်ရှားမှုဖြင့်ထည့်နေပုံတို့ဟာသူ့ကိုအတွေ့အကြုံရှိသောစာဖိုမှူးတစ်ယောက်ပုံပေါ်စေသည်။
အပူကသူ့မျက်နှာသို့လာဟပ်ရင်း ဖြူဖျော့နေသောမျက်နှာကိုနီမြန်းနေစေသည်။ ခန္ဓာကိုယ်တစ်ခုလုံးသက်ဝင်လှုပ်ရှားတောက်ပနေပုံထင်ရသည်။
ပျော့ညံ့ပြီးအားနည်းသောပညာသင်ကျောင်းသားတစ်ယောက်ကမမျှော်လင့်ဘဲဒီလိုသံယောင်းမကိုကိုင်ကာသူ့အတွက်ချက်ပြုတ်မယ်လို့ဘယ်သူကမျှော်လင့်နိုင်မှာလဲ?
"ဇနီး ကိုယ့်ကိုပန်းကန်ပြားအသေးလေးတစ်ခုပေးပါ" ရှန့်ယန်ပေဟာသူ့ရဲ့ခေါင်းမော့လိုက်ပြီး သူ့အကြည့်တွေဟာ သူ့ကိုလေးလေးနက်နက်စိုက်ကြည့်နေသောအကြည့်တွေနှင့်ဆုံသွားခဲ့သည်။
သူ့ရဲ့နှုတ်ခမ်းထောင့်ဟာကွေးသွားခဲ့ပြီးရှန့်ယန်ပေဟာသူ့ကိုမျက်နှာချင်းဆိုင်ဖို့ရှေ့သို့မှီလိုက်ရင်းပြောခဲ့သည် "မင်းဘာကိုကြည့်နေတာလဲ?"
ရှန့်ယန်ပေဟာမျက်ခုံးပင့်လိုက်ကာသူ့ရဲ့နှုတ်ခမ်းကိုညွှန်ပြလိုက်ပြီး ကုချန်းဖန်းရဲ့မျက်နှာဟာနီရဲသွားခဲ့သည်။ သူ့မှာရွေးချယ်စရာမရှိပေမယ့်ရှန်ယန်ပေကိုသူ့ရဲ့ပူလောင်သောအကြည့်တွေအောက်မှာလျင်လျင်မြန်မြန်နမ်းလိုက်သည်။
ဟင်းပန်းကန်သုံးခုကိုတစ်ခုပြီးတစ်ခုစားပွဲပေါ်မှာတင်လိုက်သည်။ ဝက်အရိုးစွပ်ပြုတ်ရဲ့ဟင်းရည်အရောင်ဟာကြည်လင်နေသည်။ ကြည်လင်နေသောဟင်းရည်ပေါ်မှာများစွာသောအနီရောင်ဂိုချီဘယ်ရီသီးများပေါလောပေါ်နေပြီး ၎င်းဟာလူတွေရဲ့အာသီသကိုဆွဲဆောင်နေသည်။ မျှစ်မွှေကြော်ဟာဝက်ဗိုက်သားနှင့်ရောနှောနေပြီးကြည့်လိုက်ရုံဖြင့်လူတွေကိုလတ်ဆတ်ပြီးကောင်းမွန်သည်ဟုခံစားရစေနိုင်သည်။ ဝက်သားဟင်းဟာလင်းလက်နေပြီးခမ်းနားသောလကဲ့သို့တောက်ပနေကာအနံ့ဟာလူတွေကိုသရေကျလာစေနိုင်ပြီးစားချင်လာအောင်ပြုလုပ်နေသည်။
"မင်းယောက်ျားရဲ့လက်ရာကိုစားကြည့်ပါအုံး" အဆီနှင့်အသားကိုအညီအမျှလှီးထားသောဝက်ဗိုက်သားတစ်တုံးကိုညှပ်၍ကုချန်းဖန်းရဲ့ပန်းကန်လုံးထဲသို့ထည့်ပေးကာရှန့်ယန်ပေကပြုံးပြလိုက်သည်။
ကုချန်းဖန်းဟာအသားကိုညှပ်လိုက်ရင်းသူ့ပါးစပ်ထဲသို့အလျင်အမြန်ထည့်လိုက်သည်။
အလွှာသုံးခုလုံးပေါင်းစပ်သွားခြင်းဟာကောင်းမွန်သွားပြီးစွဲမက်ဖွယ်ကောင်းသောရနံ့ဟာသူ့ရဲ့အနံ့ခံအာရုံများကိုဖြည့်လိုက်သည်။ ကုချန်းဖန်းဟာရုတ်တရပ်သူ့ရဲ့မျက်လုံးကိုဖွင့်လိုက်ပြီးစိတ်အားထက်သန်စွာပါးစပ်အပြည့်ထမင်းကိုစားလိုက်သည်။
ထမင်းရနံ့နှင့်အသားအနံ့ဟာရောယှက်၍သူ့လည်ချောင်းထဲဝင်ရောက်သွားခဲ့ပြီးဒီလိုအရသာရှိသောအစားအစာမျိုးဟာရိုးရှင်းစွာလူတွေကိုစားနေခြင်းမှမရပ်တန့်နိုင်အောင်ပြုလုပ်သည်။
"ဒါကအရသာရှိတယ်!" ကုချန်းဖန်းဟာလက်နှစ်ဖက်စလုံးနှင့်ပန်းကန်လုံးကိုကိုင်ထားရင်းသူ့မျက်လုံးဟာတောက်ပနေခဲ့သည်။
"ဒါဆိုဒါလေးစားကြည့်အုံး" ရှန့်ယန်ပေဟာမျှစ်တစ်ပိုင်းကိုညှပ်၍ပြောခဲ့ကာတိုက်ရိုက်ဘဲကုချန်းဖန်းရဲ့ပါးစပ်ထဲသို့ခွံကျွေးလိုက်သည်။
ကုချန်းဖန်းဟာခက်ခက်ခဲခဲတွန့်ဆုတ်စွာကိုက်ဝါးလိုက်သည်။ ထို့နောက်သူဟာချက်ခြင်းခေါင်းကိုညိတ်ပြီးပြောခဲ့သည် "ဒါကအရမ်းအရသာရှိတာဘဲ!" မျှစ်တွေဟာအသားအရည်တစ်ချို့ကိုစုပ်ယူခဲ့ပြီးကြွပ်ဆတ်ဆတ်နှင့်လတ်ဆတ်သောအရသာရှိသည်။ ၎င်းကအရမ်းအရသာရှိသောဟင်းတစ်ခွက်ပင်ဖြစ်သည်။
"ဒီစွပ်ပြုတ်ကိုတစ်ငုံလောက်သောက်ကြည့်လိုက်ပါလား" ရှန့်ယန်ပေဟာအအေးခံပြီးသားစွပ်ပြုတ်ကိုပေးလိုက်သည်။ ကုချန်းဖန်းရှန့်ယန်ပေပြောသည့်အတိုင်းစွပ်ပြုတ်ကိုတစ်ငုံသောက်ကြည့်လိုက်သည်။
ဤစွပ်ပြုတ်ဟာအရသာရှိသည်။ သူအရင်ကဘယ်တော့မှမစားခဲ့ဖူးသောအရသာမျိုဖြစ်သည်။ သူနောက်ထပ်တစ်ငုံထပ်သောက်ကြည့်ပြီးတာတောင်မှဒါဟာဘာအရသာလဲဆိုတာကိုသူမပြောနိုင်တုန်းဖြစ်သည်။
"ဘယ်လိုနေလဲ?" ရှန့်ယန်ပေဟာသူ့ရဲ့လက်နှင့်မေးကိုထောက်ထားရင်းထိုင်နေခဲ့ပြီးကုချန်းဖန်းကိုအပြုံးသေးသေးလေးဖြင့်ကြည့်နေသည်။ သူဟာကုချန်းဖန်းကိုမတူကွဲပြားသောအစားအစာတွေတွေ့ကြုံခံစားနိုင်စေရန်ပြုလုပ်ပေးနိုင်သည့်အတွက်သူ့ဘာသာသူပျော်နေခဲ့သည်။
"ကျွန်တော့်ရဲ့ညံ့ဖျင်းတဲ့ပါးစပ်ကဒါကိုမဖော််ပြနိုင်ပေမယ့်အားလုံးကအရသာရှိတယ်!" ကုချန်းဖန်းဟာအမှန်ကိုပြောခဲ့သည်။ ဒီလိုအရသာရှိသောဟင်းမျိုးကိုသူတစ်ခါမှမစားဖူးခဲ့ပေ။ ၎င်းကသူ့ကိုသူ့လျှာသူပြန်မျိုချချင်လောက်အောင်ပြုလုပ်နေသည်။
"ဒါဆိုဒီလိုအရည်အချင်းမျိုးနဲ့စားသောက်ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင်ရောမင်းဘယ်လိုထင်လဲ? စားသုံးသူကကိုယ့်ကိုအသိအမှတ်ပြုမယ်လို့ထင်လား ဟမ်?"
ကုချန်းဖန်းဟာမစဉ်းစားဘဲချက်ချင်းပြန်ဖြေခဲ့သည် "သူတို့သေချာပေါက်အသိအမှတ်ပြုမှာပေါ့ ဒီလိုအရသာရှိတဲ့အစားအစာကိုဘယ်လိုလုပ်…………" သူ့စကားရဲ့တစ်ဝက်တစ်ပျက်မှာဘဲကုချန်းဖန်းဟာစကားပြောနေခြင်းကိုရပ်တန့်လိုက်မိပြီး တောင့်ခဲသွားခဲ့သည်။
"ယောက်ျား ခင်များ……စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ချင်နေတာလား?"
ရှန့်ယန်ပေဟာခေါင်းညိတ်ရင်းပြောခဲ့သည် "ဦးလေးလီရှင်းပြပြီးပြီမလား? အစ်ကိုလိုင်ဖူစာဖိုမှူးလုပ်နေတဲ့စားသောက်ဆိုင်ကလက်ပြောင်းရတော့မယ် စားသောက်ဆိုင်ရဲ့တည်နေရာကအတော်ကလေးကောင်းတော့ကိုယ်ငွေချေလိုက်ချင်တယ်"
"ခင်များကXiucaiလူကြီးမင်းလေ ခင်များဘယ်လိုလုပ်စာဖိုမှူးတစ်ယောက်လုပ်မှာလဲ?" ကုချန်းဖန်းဟာတူကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းပြောခဲ့ပြီးနှလုံးသားတစ်ခုလုံးအပြစ်ရှိစိတ်နှင့်ပြည့်နှက်နေခဲ့သည်။ အသုံးမကျသောသူ့အတွက်သာမဟုတ်ခဲ့လျှင် ကြီးမြတ်Xiucaiလူကြီးမင်းဖြစ်သည့်သူ့ယောက်ျားကစာဖိုမှူးတစ်ယောက်ဖြစ်ချင်ခြင်းကိုဘယ်တော့မှတွေးမိမည်မဟုတ်ပေ။ 'ဂုဏ်သရေရှိအမျိုးသားဟာမီးဖိုချောင်နဲ့ဝေးဝေးမှာနေတယ်'လို့ပြောကြသလိုမျိုး ရှန့်ယန်ပေကဒီလိုအိုးမဲတွေနှင့်ပြည့်နေသောပူပြင်းရှုပ်ပွနေသည့်မီးဖိုချောင်မှာစာဖိုမှူးတစ်ယောက်လိုချက်ပြုတ်နေသည်ကိုလူတွေသာသိသွားခဲ့လျှင်…………...
"မင်းဘာကြောင့်လျှောက်တွေးနေတာလဲ?" ရှန့်ယန်ပေဟာကုချန်းဖန်းရဲ့လက်ထဲကတူအကျိုးကိုဖယ်လိုက်ပြီးသူ့ကိုအသစ်တစ်စုံပေးလိုက်သည်။ ထို့နောက်သူဟာဝက်သားဟင်းတစ်ဖက်ညှပ်လိုက်ပြီးသူ့ကိုပေးရင်းပြောခဲ့သည် "ကိုယ်ကစီးပွားရေးမှာကိုယ်တိုင်ဝင်ပါမှာမဟုတ်ဘူးဆိုတာသေချာတယ် ကိုယ်စာဖိုမှူးကိုဘဲဘယ်လိုချက်ရမလဲဆိုတာသင်ပေးမှာ ဒီလောက်ဘဲလေ"
ဤမင်းဆက်ဟာရှေးခေတ်တရုတ်ပြည်နှင့်ဆင်တူသည်။ ၎င်းကိုပညာသင်ကျောင်းသားများ၊ လယ်သမားများ၊ လက်မှုပညာသည်များနှင့်ကုန်သည်များစသည့် အခြေခံလူတန်းစားလေးမျိုးခွဲခြားထားသည်။ လူမှုအဖွဲ့အစည်းဟာကြီးမားကျယ်ပြန့်လာသောအနေနှင့်ကုန်သည်တွေရဲ့အဆင့်အတန်းဟာအများကြီးတိုးတက်ကောင်းမွန်လာခဲ့သော်လည်း ကျော်ကြားသောပညာသင်ကျောင်းသားတစ်ယောက်ကစီးပွားရေးလုပ်မည်ဆိုလျှင်သူတို့ဟာလှောင်ပြောင်ကဲ့ရဲ့ခံရလိမ့်မည်ဖြစ်သည်။ ထပ်ပေါင်းပြောရမည်ဆိုလျှင်သူကXiucaiဂုဏ်ပုဒ်နှင့်လူတစ်ယောက်ဖြစ်ပြီးထိုအရာကအလွန်အသုံးဝင်သည်။ Xiucaiတစ်ယောက်ဟာ အစိုးရအရာရှိတွေနှင့်တွေ့သောအခါ ဒူးထောက်စရာမလိုအပ်ပေ ပြီးတော့လယ်မြေမူ၈၀အခွန်ကင်းလွတ်ခွင့်နှင့် အဓမ္မလုပ်အားပေးခိုင်းစေခြင်းမှကင်းလွတ်ခွင့်တို့ရရှိသည်။ သူဟာဒီအဆင့်အတန်းနှင့်အထောက်အထားကိုစွန့်ပစ်လိုက်ရန်မရည်ရွယ်ခဲ့ပေ။
"ကိုယ်တို့ပိုက်ဆံတွေနည်းနေပြီးမလား? ကိုယ်ပိုက်ဆံရှာဖို့တစ်ခြားနည်းလမ်းမစဉ်းစားရသေးဘူး အခုချိန်မှာတော့ဒါဘဲလုပ်ကြရအောင်နော်" ရှန့်ယန်ပေညင်သာစွာကုချန်းဖန်းကိုရှင်းပြခဲ့သည်။
အစားအသောက်ဟာလူတွေရဲ့ဘုရားဘဲဖြစ်သည်။
(T/N-စားဝတ်နေရေးမှာတောင်အစားကအရင်လာတာလေအဲ့ဒါကိုပြောချင်တာပါ အစားကအရင်တခြားလိုတာတွေကနောက်မှ)
ဘယ်အချိန်ကာလဒါမှမဟုတ်ဘယ်ခေတ်ဘဲဖြစ်ဖြစ် အစားအသောက်လုပ်ငန်းဟာအမြတ်အစွန်းအရဆုံးနှင့်အကျိုးအမြတ်အရှိဆုံးလုပ်ငန်းဖြစ်သည်။ အရေးအကြီးဆုံးအချက်ကသူဟာဒီခေတ်ကအစားအသောက်သည်ဟင်းခတ်အမွှေးအကြိုင်တွေကင်းမဲ့နေကာဟင်းချက်သောနည်းလမ်းတွေဟာအတော်လေးရိုးရှင်းလွန်းသည်ကိုတွေ့ရှိခဲ့သည်။ ဟင်းအများစုကပြုတ်ခြင်းချက်ခြင်းဖြစ်ပြီးဆီကဈေးကြီးသောကြောင့်မွှေကြော်အနည်းငယ်သာရှိသည်။
တစ်ခြားနေရာတွေကလည်းဒီလိုမျိုးဘဲဆိုတာလားတော့သူမသိပေမယ့် ဒီဒေသတစ်ခုတည်းကသူ့ကိုအစားအသောက်လုပ်ငန်းလုပ်ကိုင်စေရန်ဆုံးဖြတ်စေဖို့လုံလောက်ပြီဖြစ်သည်။ ဒါဟာတကယ့်ကိုလက်လွှတ်မခံသင့်သောအခွင့်အရေးတစ်ခုဖြစ်သည်။
တိတ်ဆိတ်နေသေးသောကုချန်းဖန်းကိုကြည့်လိုက်ရင်းရှန့်ယန်ပေဟာနူးညံ့စွာပြောခဲ့သည် "ဒီကိစ္စမှာကိုယ်ကကိုယ်တိုင်ကိုယ်ကျပါဝင်မှာမဟုတ်ဘူး မင်းကိုဘဲအားကိုးရမှာ"
သူ့ခေါင်းထဲမှာသူ့ကိုသတိပေးနေသောအသံတစ်သံရှိနေသည် 'မင်းကကြမ်းကြုတ်တဲ့ခွန်အားမှလွဲ၍အသုံးမဝင်သောကောတစ်ယောက်မဟုတ်ဘူး သူ့ကိုခက်ခဲတဲ့ပြဿနာတွေကူဖြေရှင်းပေးဖို့နဲ့စိတ်ပူစရာတွေဖယ်ရှားပေးဖို့မင်းလေ့လာနိုင်တယ်! မင်းသူ့ကိုကူညီဖို့ပိုပြီးကြိုးစားနိုင်တယ်!'
"ခင်များကကျွန်တော့်လူဘဲ ကျွန်တော်ခင်များကိုမကူညီတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ကုချန်းဖန်းရဲ့အသံဟာအနည်းငယ်တုန်ခါနေခဲ့သည်။ သူ့ရဲ့လှုပ်ရှားနေသောနှလုံးသားကိုဖိနှိပ်ဖို့ကြိုးစားရင်းဖြည်းညင်းစွာပြောခဲ့သည် "ကျွန်တော်ခင်များကိုကူညီဖို့ဓားတောင်ကိုတက်ပြီးမီးပင်လယ်ထဲကိုတောင်ခုန်နိုင်တယ်"
ရှန့်ယန်ပေဟာရယ်ရမလားငိုရမလားမသိဖြစ်နေရင်းပြောခဲ့သည် "ဘာ'ဓားတောင်ကိုတက်ပြီးမီးပင်လယ်ထဲကိုခုန်နိုင်တယ်'? ကိုယ်သည်းမခံနိုင်တော့ဘူး!"
---------------------------------------------