no

Font
Theme

"သခင် ကျွန်တော်သွားချက်တော့မယ် ခဏစောင့်အုံး ခင်များမကြာခင်စားရမှာပါ" ထိုလူဟာပြောရင်းမီးဖိုချောင်သို့ချက်ချင်းသွားခဲ့သည်။

"နေပါအုံး" ရှန့်ယန်ပေဟာ‌ရုတ်တရက်ပြောလိုက်သည်။ထိုလူရဲ့ခြေလှမ်းတွေဟာအနည်းငယ်ရပ်တန့်သွားရင်းရှန့်ယန်ပေကိုကြည့်ဖို့လှည့်လာသည်။

"မင်းဒီကိုလာပါအုံး"

ထိုလူဟာမဝံ့မရဲလျှောက်လာခဲ့သည်။ရှန့်ယန်ပေဟာအေးစက်နေသောမျက်နှာဖြင့်သူ့ကိုမေးခဲ့သည်"မင်းဘာအမှားလုပ်မိလဲဆိုတာသိလား?"

ထိုလူရဲ့တည်ငြိမ်ပြီးနက်မှောင်သောမျက်လုံးတွေကအနည်းငယ်ပြူးကျယ်သွားသည်။သူရဲ့ခန္ဓာကိုယ်ကျအေးခဲသွားပြီးနောက်အနည်းငယ်စဉ်းစားလိုက်ပြီးသူရဲ့ခေါင်းကိုလှည့်ကာရှုံးနိမ့်နေသောအသံဖြင့်ပြောလိုက်သည်"ကျေးဇူးပြုပြီးအခြေအနေကိုရှင်းလင်းဖို့သခင့်ကိုမေးပါရစေ"

ရှန့်ယန်ပေဟာသူ့ပါးစပ်ကိုဖွင့်ပြီးမသေမျိုးအမူအရာနှင့်ပြောလိုက်သည် "မင်းကိုယ့်ကိုနမ်းရင်ကိုယ်ပြောပြမယ်"

ထိုလူဟာရှန့်ယန်ပေကိုစိုက်ကြည့်လိုက်ရင်းသူ့ရဲ့မျက်နှာဟာအနီရင့်ရောင်ပြောင်းလာသည်။ရှန့်ယန်ပေပုံကလည်းလုံးဝအတည်ကြီးဖြစ်နေသည်။သူ့အမှားကအတိအကျသေချာနေပုံပေါ်သည်။ထိုလူဟာမဝံ့မရဲဖြစ်သွားသည်။

သူဟာရှက်စရာကောင်းသောအပြုအမူကိုလုပ်ရန်ရည်ရွယ်ရင်းသူ့ရဲ့အားကိုစုဆောင်းလိုက်ကာရှန့်ယန်ပေရဲ့ပြေပြစ်နေသောပါးပြင်ကိုနမ်းလိုက်သည်။

ရှန့်ယန်ပေဟာပေါ့ပါးသောအနမ်းကိုမကျေနပ်ခဲ့ချေ။သူဟာသူ့လက်နဲ့နောက်ပါးတစ်ထက်ကိုထောက်ပြရင်း"အလေးအနက်လုပ်ပါ"

ထိုလူရဲ့မျက်လုံးတွေဟာမှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီးရှန့်ယန်ပေကိုလုံးဝမကြည့်ရဲတော့ချေ။သူ့လက်သီးကိုတင်းတင်းဆုပ်ရင်းတံ့တွေးကိုမျိုချကာရှက်နေသောမျက်နှာဖြင့်အောက်ကိုအကြိမ်အနည်းငယ်စိုက်ကြည့်ပြီးရှန့်ယန်ပေကိုအနမ်းတစ်ခုပေးလိုက်သည်။

ထို့နောက်ရှန့်ယန်ပေကပြုံးရင်းပြောလိုက်သည်"အနာဂတ်မှာမင်းအမှားလုပ်ရင်ကိုယ်ဒီနေရာကိုအပြစ်မှာနော်"ရှန့်ယန်ပေဟာထိုလူကိုအဓိပ္ပာယ်ပြည့်ဝစွာကြည့်ရင်းထိုသို့ပြောပြီးနောက်သူ့(ထိုလူ)ရဲ့နှုတ်ခမ်းကိုလျက်လိုက်သည်။

ထိုလူရဲ့နားတွေဟာရဲသွားပေမယ့်ရှန့်ယန်ပေကိုအခိုင်အမာမေးနေတုန်းဘဲဖြစ်သည်"ကျွန်တော်ဘယ်နေရာမှာအမှားလုပ်ခဲ့တာလဲ?ကျေးဇူးပြုပြီးအခြေအနေကိုရှင်းလင်းဖို့သခင့်ကိုမေးပါရစေ"သူဟာမမျှော်လင့်ဘဲအမှားလုပ်ခဲ့ပြီးတော့ရှန့်ယန်ပေကိုဒေါသထွက်စေကာမပျော်မရွှင်ဖြစ်စေခဲ့သည်။

ရှန့်ယန်ပေရဲ့မျက်လုံးဟာလင်းလက်သွားပြီးဉာဏ်နီဉာဏ်နက်ဖြင့်ပြောလိုက်သည် "အမှားထပ်လုပ်နေပြန်ပြီ.."

ထိုလူဟာကြောင်အသွားခဲ့ပြီးနောက်ဆုံးမှာတော့သူလုပ်ခဲ့သောအမှားကိုနားလည်သွားခဲ့သည်။ရှန့်ယန်ပေဟာသူ့မေးစေ့ကိုမော့ပြလိုက်ပြီးထိုလူရဲ့မျက်လုံးတွေဟာရှန့်ယန်ပေရဲ့အနီရင့်ရောင်နှုတ်ခမ်းတွေပေါ်သို့ရောက်သွားခဲ့သည်။သူ့ရဲ့မျက်နှာဟာသည်းည်းမခံနိုင်လောက်အောင်ပူတက်လာရင်းသူ့လည်ချောင်းတွေဟာတင်းကြပ်လာပြီးသူ့နှလုံးသားကလည်းရင်ဘတ်ထဲမှာအရိုင်းဆန်စွာခုန်ပေါက်နေခဲ့သည်။

"အမှားတစ်ခုလုပ်တဲ့အခါအပြစ်ပေးခံရလိမ့်မယ်"ဟု ရှန့်ယန်ပေဟာတိုက်တွန်းခဲ့သည်။

ထိုလူဟာအသက်ကိုပြင်းပြင်းရှူလိုက်ပြီးသူနှုတ်ခမ်းတွေကိုရှန့်ယန်ပေရဲ့နှုတ်ခမ်ပေါ်ဆီသို့နေရာချရန်ဖြေးဖြေးချင်းလှုပ်ရှားလိုက်သည်။သို့သော်နှုတ်ခမ်းနှစ်ခုမထိတွေ့ခင်မှာပင်ရှန့်ယန်ပေဟာသူ့ရဲ့လက်တွေကိုဆန့်ထုတ်ကာထိုလူရဲ့လည်ပင်းကိုတိုကရိုက်ိုက်ဖက်လိုက်ပြီးသူ့ကိုခပ်ကြမ်းကြမ်းနမ်းခဲ့သည်။

ထိုလူရဲ့မျက်လုံးတွေဟာပြူးကျယ်သွားရင်းသူ့ရဲ့ခန္ဓာကိုယ်ကလဲသတိလက်လွတ်တုန်လှုပ်သွားခဲ့သည်။

သူဟာအရွယ်‌ ရာက်လာသောအခါဘယ်တစ်ယောက်နဲ့မှရင်းရင်းနှီးနှီးမထိတွေ့ခဲ့ဖူးချေ။

နှစ်နှစ်ဆယ်လောက်တစ်ကိုယ်တည်းခွေးတစ်ယောက်ဖြစ်ခဲ့သောကြောင့်အခုတော့သူဟာထိုလူနှင့်လူးလှိမ့်ရန်‌မျှော်လင့်နေပြီးသူ့ကိုကျေနပ်စေဖို့မတူညီသောကိုယ်ခံပညာနည်းလမ်း၁၈မျိုးလောက်သုံးချင်နေသည်။

သနားစရာဘဲ သူ့မှာဘာခွန်အားမျှမရှိချေ။သူဟာကြက်ပေါက်လေးတစ်ကောင်လိုအားနည်းစွာမွေးဖွားလာခဲ့ခြင်းကြောင့်ထိုလူကို‌ပွေ့ဖက်ပြီးပေါ့ပေါ့ပါးပါးသာနမ်းနိုင်သည်။ထိုလူကတောင့်တင်းနေရင်တောင်မှသူလုပ်နိုင်တာဒါအကုန်ပါဘဲ။

အရူးတစ်ယောက်လိုအာရုံပျံ့လွင့်နေတာကိုဖယ်ထုတ်လိုက်ပြီးနောက်ရှန့်ယန်ပေဟာသူ့ရဲ့နှုတ်ခမ်းတွေကိုလျက်လိုက်ပြီးအထူးသဖြင့်မောဟိုက်လာတာကိုခံစားခဲ့ရသည်။သူ့မျက်လုံးကိုမှိတ်လိုက်ပြီးနောက်ရှန့်ယန်ပေသည်ငါးတစ်ကောင်ကိုခိုးယူခြင်းမှာအောင်မြင်သွားသောကြောင်တစ်ကောင်နဲ့ဆင်တူစွာကြည့်ရင်းပြောခဲ့သည် "မင်းကိုယ့်ကိုနမ်းချင်ရင်မင်းအမှားနှစ်ခုလောက်ထပ်လုပ်လိုက်လဲကိုယ်စိတ်မရှိပါဘူး"

"ကျွန်တော်.. ကျွန်တော်အစားအစာပြင်ဆင်ဖို့သွားရတော့မယ်" ထိုလူရဲ့တစ်ကိုယ်လုံးဟာပူတက်လာပြီးစိတ်လှုပ်ရှားမှုကြောင့်ထူပူလာခဲ့သည်။သူဟာအလျင်အမြန်ဘဲမီးဖိုချောင်ကိုသွားဖို့လှည့်ထွက်လာခဲ့သည်။

ထိုလူရဲ့နှလုံးသားဟာပြင်းပြင်းထန်ထန်ခုန်နေပြီးရင်ဘတ်ထဲမှခုန်ထွက်လာတော့မယ်လို့တောင်ခံစားခဲ့ရသည်။ထိုလူဟာဒီခံစားချက်ကအမှန်တကယ်လားဆိုတာမသေချာသောကြောင့်သူ့ရဲ့နှုတ်ခမ်းကိုထိကြည့်လိုက်ခဲ့သည်။

ခဏကြာပြီးနောက် သခင့်ရဲ့နှုတ်ခမ်းတွေကသူ့ဟာတွေနဲ့အုပ်နေသည်။အဲ့ဒီနှုတ်ခမ်းတွေကမထင်ထားလောက်အောင်နူးညံနေပြီးသူ့ကိုမခံနိုင်သောအားဖြင့်တင်းကြပ်စွာရစ်ပတ်ထားခဲ့သည်။

သခင်ကငါ့ကိုကြိုက်တဲ့ပုံဘဲ သူမကြိုက်ဘူးလား?မဟုတ်ရင်ဘယ်လိုလုပ်သူနဲ့ရင်းရင်းနှီးနှီးထိတွေ့နေမှာလဲ?ဒါအပြင်သူက‌ရွာရဲ့အလှဆုံးအမျိုးသမီးကိုတောင်မှငြင်းပယ်ခဲ့တယ်

ထိုလူဟာချက်ပြုတ်ရန်မီးမွှေးနေစဉ်သူ့ရဲ့အတွေးရိုင်းများနှင့်သူ့ကိုယ်သူကျေနပ်နေခဲ့သည်။သူဟာရေအနည်းငယ်ကိုဆန်ဆေးဖို့ခပ်လိုက်ရင်းရေစဉ့်အိုးထဲကရေပေါ်မှာသူ့ရဲ့ပုံရိပ်ပေါ်လာခဲ့ပြီးတော့သူဟာသူ့ရဲ့ပုံသဏ္ဌာန်ကိုအနီးကပ်မကြည့်ဘဲမနေနိုင်ခဲ့ချေ။

သူရဲ့ပုံပန်းသွင်ပြင်ဟာကြမ်းတမ်းပြီးတော့အနည်းဆုံးလှပပြီးနူးညံ့တာတောင်မဖြစ်နေပေ။သူ့မျက်နှာအသွင်အပြင်ကလည်းဘဲအေးစက်ပြီးတောင့်တင်းနေသည်။မှိန်နေသောကျူရှားရစ်သာသူရဲ့မျက်ခုံးနှစ်ခုကြားထဲမှာရှိမနေလျှင်သူဟာတစ်ကယ့်ကိုယောက်ျားတစ်ယောက်နဲ့တူညီနေမှာဖြစ်သည်။သာမာန်ယောက်ျားတစ်ယောက်ထက်ပိုပြီးကိုယ်လုံးကိုယ်ပေါက်ကြီးတယ်ဆိုတာနှင့်အရပ်ပိုရှည်နေတယ်ဆိုတာကပြောနေစရာတောင်မလိုအပ်ပေ။

သခင်ကဒီလိုသူ့ကိုတကယ်ကြိုက်တာလား?ငါကရုပ်ဆိုးပြီးတော့နှစ်သက်ဖွယ်မကောင်းဘူး။ပါးစပ်ကနေချိုသာစွာဘယ်လိုပြောရမလဲဆိုတာလဲငါမသိဘူး။

ထိုလူဟာရေခပ်နေစဉ်အတွင်းမှာဘဲရှုံးနိမ့်သွားသလိုခံစားခဲ့ရသည်။မကျေနပ်မှုနှင့်သူ့ရဲ့ပုံရိပ်ယောင်ကိုရိုက်ချလိုက်သည်။

ရှန့်ယန်ပေဟာလဲမူလကမီးဖိုချောင်ထဲဝင်ချင်ခဲ့သည်။ဒါပေမယ့်မူလကိုယ်ကလုံးဝကိုမချက်ပြုတ်နိုင်ချေပြီးတော့ထိုလူကသာလွန်ခဲ့တဲ့ရက်တွေကချက်ပြုတ်နေခဲ့တာဖြစ်သည်။ထိုလူချက်ပြုတ်သောအစားအစာတွေနှင့်ပတ်သက်ပြီးပြောရရင်လုံးဝကိုမကောင်းပေ။အစားအစာတွေကစားသုံးနိုင်တယ်ဆိုရုံလောက်သာဖြစ်သည်။အရသာရှိတယ်ဆိုတဲ့စကားလုံးကိုလုံးဝကိုမသုံးနိုင်ချေ။

ဘယ်လိုဖြစ်ဖြစ်ရှန့်ယန်ပေကတော့မတူချေ။သူကလေးအရွယ်တုန်းကကျေးလက်ကဆင်းရဲသောအိမ်မှာနေထိုင်‌‌နေရတုန်းဖြစ်သည်။သူဟာဉာဏ်ကောင်းပြီးတော့သူ့ရဲ့အမေကိုသူ(မ)ကိုယ်သူ(မ)မောပန်းစေရင်းအလုပ်အလွန်အကျွံလုပ်တာမျိုးကိုမလိုချင်ခဲ့ချေ။သူဟာသူ့(မ)ကိုထောက်ပံ့ရန်သူ့အမေနဲ့ငြင်းခုန်ခဲ့ပြီးဆိုးဆိုးရွားရွားနှောင့်ယှက်ခဲ့သည်။အထူးသဖြင့်သူ(မ)အလုပ်ကြိုးစားပြီးမောပန်းရင်းအိမ်ပြန်လာသောအခါသူဟာသူ(မ)ပါးစပ်အပြည့်စားဖို့ပူနွေးသောထမင်းတွေဟင်းတွေကိုလိုချင်ခဲ့သည်။ထို့ကြောင့်သူငယ်ငယ်ကတည်းကပြင်ပအကူအညီမပါဘဲသူ့ရဲ့အချက်အပြုတ်ကျွမ်းကျင်မှုကိုလေ့ကျင့်နေခဲ့သည်။

သဘာဝအားဖြင့်သူဟာသူချက်ပြုတ်သောအစားအစာတွေမြည်းကြည့်စေချင်ခဲ့သည်။ဘယ်လိုဖြစ်ဖြစ်လက်ရှိမှာတော့အရင်ကိုင်တွယ်ဖို့အရေးကြီးတာတစ်ခုရှိနေသေးသည်။အဲ့ဒါကမြေငှားရမ်းခြင်းအတွက်စာချုပ်တွေရှာဖို့ကြိုးစားရမှာဖြစ်သည်။အိမ်ထောင်စုရဲ့အရေးကိစ္စတွေနဲ့ငွေစာရင်းတွေအားလုံးကိုမူလကိုယ်ရဲ့အမေကစီမံခဲ့သည်။ဒီIOUတွေကိုသေချာပေါက်မူလကိုယ်ရဲ့အမေကစုဆောင်းပြီးသိမ်းဆည်းထားခဲ့သည်။မူလကိုကစည်ပိုင်းတွေသေတ္တာတွေမှာတွေ့ဖို့အထပ်ထပ်အခါခါကြိုးစား‌ရှာဖွေခဲ့သော်လည်းမမျှော်လင့်ဘဲမတွေ့ရှိခဲ့ချေ။ဒါဆိုအဲ့ဒါတွေကိုဘယ်နေရာတွေမှာဖွက်ထားတာဖြစ်နိုင်မလဲ?

(T/N-IOUဆိုတာ‌ မြေငှားထားတယ်ဆိုလဲမြေငှားတဲ့သူနဲ့‌မြေပိုင်ရှင်နှစ်ဦးနှစ်ဖက်လိုချင်တာတွေထည့်ရေးပြီးလက်‌‌ဗွေနှိပ်ထားတဲ့စာချုပ်ကိုပြောတာပါ)

ရှန့်ယန်ပေရဲ့မျက်လုံးတွေကအခန်းထဲကိုသာမန်ကာလျှံကာကြည့်လိုက်ရင်း‌မြေပြင်ပေါ်ကအစိမ်းရင့်ရောင်အုတ်ခဲတွေနှင့်ခိုင်ခံ့သောနံရံ၌ရပ်တန့်သွားသည်။

ရှေးခေတ်ကလူတွေကဖုံးကွယ်ချင်တဲ့အရာတွေကိုနံရံထဲမှာနှင့်မြေကြီးထဲမှာမြှုပ်ရတာကြိုက်တယ်လို့ထင်ရသည်။နောက်မျိုးဆက်တွေကဒီလိုသတင်းမျိုးကိုမကြာခဏဖတ်ရပြီးကြည့်ရတယ်မလား?ဒီလိုနဲ့လူတစ်ယောက်ဟာအဆောက်အဦးတွေဖြိုချရင်းနံရံအတွင်းထဲကရွှေတွေကိုယူနိုင်ခဲ့သည်။

ရှန့်ယန်ပေဟာမူလကိုယ်ရဲ့အဖေနှင့်အမေနေထိုင်သောအခန်းရဲ့နံရံကိုဆုတ်ဖြဲဖျက်ဆီးလိုက်ရင်းမြေကြီးပေါ်ကအုတ်ခဲတွေကိုလှန်လိုက်ကာရလဒ်အနေနဲ့ထင်ထားတဲ့အတိုင်းနောက်ဆုံးတော့သူရှာတွေ့လိုက်သည်။

အဲ့ဒီမှာအိပ်ရာဘေးဘက်ကိုရွှေ့နိုင်သောနံရံပေါ်ကအုတ်အပိုင်းအစတစ်ခုရှိနေပြီးအတွင်းမှာပစ္စည်းတွေကိုဖွက်ထား၍ရသောနေရာတစ်ခုရှိနေသည်။ရှန့်ယန်ပေဟာထို‌နေရာတွင်လယ်မြေအငှားစာချုပ်တွေနှင့်အတူငွေစာရင်းငါးရာတေးကိုတွေ့ခဲ့သည်။သူဟာအုတ်ခဲတွေကိုလှန်ကြည့်ရင်းနဲ့မှသေးငယ်သောရှေးခေတ်ပုံစံသေတ္တာလေးတစ်ခုကိုလဲတူးယူမိခဲ့သည်။

သေးငယ်သောသေတ္တာပေါ်မှာသော့ခလောက်အသေးလေးရှိနေပြီးတော့ရှန့်ယန်ပေမှာသော့မရှိချေ။ထို့ကြောင့်သူဟာအုတ်ခဲအပိုင်းအစအသေးတစ်ခုယူပြီးဖွင့်ဖို့တိုက်ရိုက်ဘဲထုခွဲချလိုက်သည်။

သေတ္တာကိုဖွင့်လိုက်ပြီးပြီးချင်းဘဲရှန့်ယန်ပေရဲ့မျက်ခုံးတွေဟာအံ့သြမှုကြောင့်အပေါ်ကိုခုန်တက်သွားခဲ့သည်။မမျှော်လင့်ထားစွာသေတ္တာထဲမှာမူလကိုယ်အမေရဲ့အဆင်တန်ဆာလက်ဝတ်ရတနာတွေပါဝင်နေသည်။‌သေတ္တာထဲတွင်အနီရောင်အထည်စတစ်ခုရှိပြီးထိုအပေါ်မှာရွှေဆံထိုးတစ်ခု၊ရွှေလက်ကောက်တစ်စုံ၊ငွေလက်ကောက်တစ်ခုနှင့်နားကပ်အစုံအနည်းငယ်ရှိနေသည်။

မူလကိုယ်မိဘတွေရဲ့လက်ထဲမှာဒီပစ္စည်းတွေရှိမယ်လို့ဘယ်သူကခန့်မှန်းနိုင်မှာလဲ?ရှန့်ယန်ပေဟာသူ့နှလုံးသားအတွင်းထဲမှာထိုအကြောင်းစဉ်းစားမိပြီးသဘောကျသွားသည်။တစ်ချိန်ထဲမှာပင်သူဟာအရင်ကရှန့်မိသားစုချမ်းသာခဲ့ပုံကိုအကြမ်းဖျင်း‌မှန်းဆနိုင်ခဲ့သည်။

ဒီလက်ဝတ်ရတနာတွေကမူလကိုယ်လက်ထပ်သောအခါမူလကိုယ်ရဲ့ဇနီးကိုပေးဖို့သိမ်းထားတာဖြစ်နိုင်သည်။ထပ်တွေးမနေတော့ဘဲရှန့်ယန်ပေဟာသေတ္တာကိုမြေကြီးအောက်မှာမြှုပ်လိုက်ပြီးတော့ထိုIOUတွေရဲ့စာရွက်အမြောက်အမြားကိုလှန်လိုက်သည်။

"တကယ်ကိုချီးကျူးစရာဘဲ မိသားစုထဲမှာလယ်မြေတွေအများကြီးရှိတာကြောင့်ဘဝကိုပေါ့ပေါ့ပါးပါးတောင်ဖြတ်သန်းနိုင်တယ်" ရှန်ယန်ပေရဲ့ပါးစပ်ထောင့်ဟာတွန့်ကွေးသွားခဲ့ပြီးဘာပြောရမလဲ‌တောင်ရိုးရှင်းစွာမသိတော့ပေ။

ဆင်ပိန်ကမြင်းထက်တော့သာတယ်။ရှန့်မိသားစုကအဆင်မပြေမှုတွေခံစားပြီးနောက်လျှို့ဝှက်‌ငွေနှင့်လက်ဝတ်ရတနာတွေကိုဖယ်ထုတ်လိုက်ရင်တောင်လယ်မြေတွေအများကြီးကျန်နေသေးသည်။ငွေနှင့်လက်ဝတ်ရတနာတွေကမရွေ့လျားနိုင်ဘူး။ထို့ကြောင့်ရှန့်ယန်ရဲ့မိဘတွေကလယ်မြေအချို့ကိုရောင်းချခဲ့သည်။ဒါပေမယ့်လယ်မြေတွေကမိသားစုရဲ့အရင်းမြစ်ဖြစ်သည်။ရှန့်ယန်ကပညာကိုဆက်လေ့လာရင်းနောက်များမှာလက်ထပ်ရလိမ့်မည်ပြီးတော့မိသားစုထဲကလူဦးရေကတိုးတက်လိမ့်မည်။ထို့ကြောင့်ရှန့်ယန်မိဘတွေကသူ့အတွက်စပါးလယ်ရှစ်မူနှင့်ခြောက်သွေ့လယ်ခြောက်မူချန်ထားပေးခဲ့သည်။

ရှန့်မိသားစုရဲ့စပါးလယ်တွေကပထမတန်းစားစပါးလယ်တွေဖြစ်ပြီးတည်နေရာကလည်းအရမ်းကောင်းသည်။လယ်တစ်မူရဲ့ငှားခကတစ်နှစ်ကိုဝမ်၆၅၀ဖြစ်ပြီးလယ်ရှစ်မူရဲ့ငှားခကတစ်နှစ်ကိုဝမ်၅၂၀၀ဖြစ်သည်။ခြောက်သွေ့လယ်ရဲ့ငှားခကတော့စပါးလယ်ထက်အတော်လေးကိုဈေးပေါသည်။ခြောက်သွေ့လယ်ရဲ့ငှားခကတစ်နှစ်မှာတစ်မူကိုဝမ်နှစ်ရာသာကျသင့်ပြီးခြောက်မူအတွက်တော့တစ်နှစ်မှာဝမ်၁၂၀၀သာကျသင့်သည်။ငှားခတွေအကုန်ပေါင်းလိုက်လျှင်တစ်နှစ်မှာဝမ်၆၄၀၀လောက်ရှိပြီးအဲ့ဒါကငွေစ၆‌တေးထက်ပိုတာနဲ့ညီမျှသည်။

မိသားစုအများစုရဲ့တစ်နှစ်ဝင်ငွေကငွေစနှစ်တေးဒါမှမဟုတ်သုံးတေးဖြစ်သည်။ဒါကြောင့်ရှန့်ယန်ဆီမှာတစ်နှစ်ကိုနှစ်တေးဒါမှမဟုတ်သုံးတေးလောက်ရှိသင့်သည်။တကယ်တမ်းတော့သူ့လက်ထဲမှာတစ်တေးတောင်မှမရှိချေ။

ရှန့်ယန်ပေဟာအံကြိတ်လိုက်မိသည်။မူလကိုယ်ရဲ့မိဘတွေကထွက်ခွာသွားခဲ့ပြီးမြေများကိုမကြာသေးမီကငှားရမ်းခဲ့သည်။ဒီသုံးနှစ်အတွင်းမှာမူလကိုယ်ကအရေထူထူဖြင့်လင်းမိသားစုဆီကငှားခသွားတောင်းသောအခါလင်းမိသားစုကအနည်းငယ်ပေးချေသည်မှလွဲ၍ကျန်မိသားစုသုံးစုကငှားခတွေကိုလုံးဝမပေးခဲ့ချေ။

---------------------------------------------

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment