ဒဏ်ရာတစ်ခုရှိလျှင်သမားတော်ဆီသွားကိုသွားရမည်။ကုချန်းဖန်းကသူအဆင်ပြေတယ်လို့ဘယ်နှစ်ကြိမ်ဘဲပြောနေခဲ့ပါစေရှန့်ယန်ပေကတော့သူ့ကိုဆေးခန်းသို့ခေါ်သွားနေဆဲဖြစ်သည်။
ကောင်တီမြို့ကဆေးခန်းသည်မော်ဒန်ခေတ်ကဆေးခန်းငယ်လေးလောက်တောင်မကြီးပေမယ့်ဆေးဖက်ဝင်အပင်များ၏အနံ့သည်ဆေးခန်းအတွင်းတွင်ထွက်ပေါ်နေဆဲဖြစ်သည်။ဆေးဖက်ဝင်အပင်များရှိသောဗီဒိုဟာနံရံနှစ်ဖက်မှာရှိနေသည်။
မုတ်ဆိတ်ဖြူနေသောအသက်ကြီးကြီးလူတစ်ယောက်ဟာထိုင်ခုံနောက်မှာထိုင်နေရင်းမျက်နှာဖျော့တော့နေသောအမျိုးသမီးကြီးရဲ့သွေးကြောကိုစမ်းသပ်ပေးနေခဲ့သည်။သူ(မ)ရဲ့ဘေးမှာထိုင်နေသောမဲနယ်ရောင်ဖဲသားဝတ်စုံနှင့်သက်လတ်ပိုင်းအရွယ်လူဟာစိတ်လှုပ်ရှားနေရင်းမေးခဲ့သည် "သမားတော်လီ ကျွန်တော့်အမေဘာဖြစ်တာလဲ?"
သမားတော်လီဟာသူ့ရဲ့မုတ်ဆိတ်ဖြူကိုပွတ်လိုက်ရင်းပြောခဲ့သည် "အစာအိမ်အအေးမိခြင်းဟာဗိုက်နာစေနိုင်တယ် သူ(မ)ကိုအချိန်အတိုင်းအတာတစ်ခုအတွင်းသေသေချာချာပြန်ဂရုစိုက်ဖို့လိုအပ်တယ်"
(T/N-အစာအိမ်အအေးမိခြင်းဆိုတာအအေးစာတွေအစားများတာကိုပြောတာပါအအေးစာတွေစားရင်ဗိုက်အောင့်တယ်လေ)
သက်လတ်ပိုင်းအရွယ်လူဟာစိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီးပြောခဲ့သည် "ဒါဆိုသမားတော်လီကျေးဇူးပြုပြီးဆေးညွှန်းပေးပါ!"
သမားတော်လီဟာသက်လတ်ပိုင်းရွယ်လူကိုတစ်ချက်ကြည့်၍ပြောခဲ့သည် "အစာအိမ်အအေးမိတာကြောင့်အစားအသောက်ကိုအထူးဂရုစိုက်သင့်တယ် သူ(မ)မချက်ပြုတ်ရသေးတဲ့အစားအစာဒါမှမဟုတ်အအေးစာတွေမစားနိုင်ဘူး ငါငရုတ်ကောင်းဖြူအချို့ပေးလိုက်မယ် အသားချက်ရင်နည်းနည်းထည့်လိုက်တာနဲ့လုံလောက်ပြီ"
ရှန့်ယန်ပေဟာကောင်တာဆီသို့လျှောက်သွားပြီးသမားတော်လီရဲ့တပည့်အံဆွဲကိုဆွဲထုတ်ရင်းမတ်ပဲထက်သေးသောအဝါရောင်ဖျော့ဖျော့ဆေးလုံးတွေအားချိန်တွယ်နေကာစက္ကူနှင့်ဂရုတစိုက်ထုပ်ပိုးနေသည်ကိုကြည့်နေခဲ့သည်။
"ချက်ပြုတ်တဲ့အချိန်တိုင်းလေးခုငါးခုလောက်ထည့်ရင်လုံလောက်ပါပြီ" သမားတော်လီရဲ့တပည့်ဟာအထုပ်ကိုကိုင်ရင်းပြောခဲ့သည် "ဝမ်၂၀၀ကျသင့်ပါတယ်"
သမားတော်လီရဲ့တပည့်ဟာပြုံးရင်းပြောခဲ့သည် "ဒီငရုတ်ကောင်းဖြူကရှားပါးမျိုးစိတ်ဖြစ်ပြီးမြို့တော်ဟူကလာတာ အများကြီးလဲမပေါက်နိုင်တာကြောင့်ပိုရှားလေသူ့ရဲ့တန်ဖိုးကလည်းပိုကြီးလေဖြစ်တာပေါ့"
"သမားတော် ကျွန်တော့်အစာအိမ်ကလည်းသိပ်ကောင်းပုံမပေါ်ဘူး ခင်များငရုတ်ကောင်းဖြူအချို့ကျွန်တော့်ကိုမစားခိုင်းဘူးလား?"
သမားတော်လီရဲ့မျက်ခုံးတွေဟာအနည်းငယ်ကျုံ့သွားရင်းပြောခဲ့သည် "ဆေးကိုဘယ်လိုလုပ်သိမ်းကျုံးပြီးစားလို့ရမှာလဲ?မင်းရဲ့ခန္ဓာကိုယ်မှာကျန်းမာရေးကဆိုးဝါးနေပြီးပြန်သက်သာလာဖို့အချိန်တော့လိုအပ်တယ် ဒါပေမယ့်လည်းမင်းကအားနည်းနေတုန်းဘဲ ပိုပြီးကျန်းမာလာဖို့ဆိုလမ်းများများလျှောက်ပြီးလေ့ကျင့်ခန်းလုပ်သင့်တယ် ငါမင်းကိုမင်းရဲ့အစာအိမ်နွေးထွေးလာစေဖို့နဲ့သရက်ရွက်သန်မာလာစေဖို့ဆေးတစ်ချို့ပေးလိုက်မယ်"
မထင်မှတ်ဘဲသမားတော်လီကသူ့ကိုစပါးနှင့်အနည်းငယ်တူသောအဝါရောင်ဆေးကိုပေးလာခဲ့ပေမယ့်စပါးနှင့်နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင်ထိုဆေးဟာသိသိသာသာကိုပြားပြီးရှည်မျောမျောဖြစ်နေပြီးအနံ့ကထူးခြားနေသည်။စစ်တမ်းတွေအရဆိုလျှင်ဤဆေးဟာလူ့ခန္ဓာကိုယ်ထဲက အအေးဓာတ်ကိုလျော့ကျစေပြီးလေကိုဖယ်ရှားပေးနိုင်သည်။ဒါ့အပြင်၎င်းကအစာအိမ်ကိုနွေးထွေးစေနိုင်ခြင်း၊သရက်ရွက်ကိုသန်မာစေနိုင်ခြင်း၊ဆီးသွားခြင်းအတွက်ကောင်းမွန်စေနိုင်ခြင်းနှင့်ဖောရောင်မှုကိုဖယ်ရှားပေးနိုင်ခြင်းဂုဏ်သတ္တိများရှိပေသည်။၎င်းဆေး၏အမည်ကဇီရာစေ့ဖြစ်ပြီးတောင်အကျော်အပြင်ဘက်မှလာခြင်းဖြစ်သည်။
သမားတော်လီရဲ့တပည့်ဟာရှန့်ယန်ပေကိုဆေးဘယ်လိုသောက်ရမလဲရှင်းပြခဲ့ပြီးနောက်သူဟာအပြုံးနှင့်ပြောခဲ့သည် "ဒါကဝမ်၅၀ကျသင့်ပါတယ်"
ပိုက်ဆံယူ၍ပေးချေလိုက်ပြီးသောအခါရှန့်ယန်ပေဟာလန်းဆန်းသွားသလိုခံစားခဲ့ရသည်။သမားတော်လီကလူနာတစ်ယောက်နှင့်ဆွေးနွေးနေပြီးသူ့ကိုအာရုံမစိုက်သည်ကိုမြင်သောကြောင့်သူဟာသမားတော်လီရဲ့တပည့်အားတစ်ခြားမျိုးစိတ်တွေအကြောင်းမေးခဲ့သည် "ငရုတ်ကောင်းဖြူနဲ့ဇီရာစေ့ထက်ပိုပြီးအနံ့ပြင်းတဲ့တစ်ခြားဆေးဖက်ဝင်ဆေးတွေရှိသေးလား? နာနတ်ပွင့်၊စမုန်စေ့၊အထုံငရုတ်ကောင်းစေ့ဒါမှမဟုတ်ကရဝေးရွက်တို့လိုမျိုးလေ?"
နာနတ်ပွင့်
စမုန်စေ့
အထုံငရုတ်ကောင်းစေ့
ကရဝေးရွက်
သမားတော်လီရဲ့တပည့်ဟာရှန့်ယန်ပေရဲ့ပြင်းပြသောအကြည့်တွေကိုခံနိုင်ရည်မရှိပေ။အခြားရွေးစရာမရှိသောကြောင့်သူဟာသူ့(ယန်ပေ)ရဲ့ဆန္ဒအတိုင်းဆေးဖက်ဝင်ဆေးတွေကိုတစ်ခုချင်းခွဲ၍ထုပ်ပိုးကာပေးလိုက်သည်။
ဆေးဖက်ဝင်ဆေးအားလုံးပေါင်းကိုမှငွေစ၂တေးသာကျသင့်သောကြောင့်ရှန့်ယန်ပေဟာငွေပေးချေနေစဉ်စိတ်ဒုက္ခရောက်မနေခဲ့ပေ။သမားတော်လီရဲ့တပည့်ဟာအနည်းငယ်မရေမရာဖြစ်နေပေမယ့်သေသေချာချာသူ့ကိုသတိပေးလိုက်တုန်းဖြစ်သည် "ဒီဆေးတွေကအစာအိမ်နဲ့သရက်ရွက်သန်မာဖို့အတွက်ကောင်းပေမယ့်လည်းခန္ဓာကိုယ်မှာယင်ဓာတ်ချို့တဲ့မှုကြောင့်အပူလွန်ကဲနေတဲ့သူတွေလုံးဝစားလို့မရဘူး ဒါ့အပြင်ဒီဆေးတွေကတူညီတဲ့အာနိသင်တွေရှိတာကြောင့်အတူတွဲမစားသင့်ဘူး"
"ကျေးဇူးတင်ပါတယ်သမားတော်လေး ကျွန်တော်မှတ်သားထားပါ့မယ်" ရှန့်ယန်ပေကဆေးထုပ်ကြီးကိုသယ်ခဲ့ရင်းကုချန်းဖန်းကိုဆွဲကာဆေးခန်းမှပျော်ရွှင်စွာထွက်လာခဲ့သည်။
စမုန်နက်တွေ၊ဇီရာစေ့၊အထုံငရုတ်ကောင်းစေ့၊ကရဝေးရွက်၊သစ်ကြမ်းပိုးခေါက်………ငရုတ်သီးသာမရှိသေးတာဖြစ်သည်။
သစ်ကြမ်းပိုးခေါက်
"ဝမ်တန်သွားစားကြရအောင်!" ဟုရှန့်ယန်ပေကစိတ်အခြေအနေကောင်းစွာပြောခဲ့သည်။တစ်မနက်ခင်းလုံးလမ်းလျှောက်ဈေးဝယ်ထွက်ပြီးနောက်အပြင်မထွက်ခင်ကစားခဲ့သောစွပ်ပြုတ်အားလုံးဟာအစာကြေနေပြီးဖြစ်သည်။
"သူဌေး ကျွန်တော့်ကိုဝမ်တန်နှစ်ပန်းကန်ပေးပါ" ရှန့်ယန်ပေဟာဝမ်တန်ဆိုင်ထဲမှခုံတန်းရှည်ရဲ့ထိပ်မှာထိုင်လိုက်သည်။အချိန်ခဏကြာပြီးနောက်သူဟာဝမ်တန်ရဲ့အနံ့ကိုအဝေးမှရလိုက်ပြီးရုတ်တရက်သရေကျလာစေသည်။
သူဟာတစ်ခုကို(တူနှင့်)ညှပ်လိုက်ပြီးတစ်ကိုက်ကိုက်ကြည့်လိုက်သည်။အရသာကသိပ်မဆိုးပေ။အပြင်အခွံကပါးပြီးအသားကအများကြီးပါသည်။ပါဝင်ပစ္စည်းတွေကတော်တော်လေးလုံလောက်သည်။ဝမ်တန်ကိုတို့ဖို့ငရုတ်ဆီပန်းကန်အသေးတစ်ခုသာရှိမယ်ဆိုလျှင်၎င်းကပိုကောင်းသွားမှာဖြစ်သည်။
ရှန့်ယန်ပေဟာသူ့စိတ်ထဲမှာသက်ပြင်းချလိုက်မိသည်။သူဟာဝမ်တန်ကိုချက်ဖို့ထင်းမီးသုံးနေဆဲဖြစ်သောဈေးသည်ရဲ့ဆိုင်မှာမစားခဲ့ရတာနှစ်အတော်ကြာခဲ့ပြီဖြစ်သည်။၎င်းဟာအရသာပေါင်းထည့်ည့်ရန်ကြက်ပေါင်းရည်နှင့်MSG(အချိုမှုန့်)တွေအများအပြားထပ်ထည့်သောမော်ဒန်ခေတ်ကဆိုင်တွေနှင့်မတူပေ။ဤဝမ်တန်ဟာပါးပါးလှီးထားသောဝက်သားကိုအသုံးပြု၍အစာသွပ်ထားသောကြောင့်အရမ်းအရသာရှိနေသည်။
"ကိုယ်ဒါကိုစားရတာကြိုက်တယ် နောက်ကျရင်မင်းအတွက်ချက်ပေးမယ်နော်" ရှန့်ယန်ပေဟာအနည်းငယ်ပြုံးလိုက်ရင်းကုချန်းဖန်းရဲ့ပါးစပ်ထောင့်မှာရှိသောစွပ်ပြုတ်အစက်တွေကိုသုတ်ပေးရန်သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်သည်။ သူ့မှာပိုက်ဆံအများကြီးရှိမနေပါသော်လည်းသူ့ဇနီးသည်ကိုထောက်ပံ့နိုင်တုန်းဖြစ်သည်။အထူးသဖြင့်သူဟင်းခတ်အမွှေးအကြိုင်အများကြီးနှင့်အသားတွေဝယ်ခဲ့သောကြောင့်သူတို့အိမ်ပြန်ရောက်သောအခါသူ့ရဲ့ကျွမ်းကျင်မှုပြသရန်မစောင့်နိုင်တော့ပေ။
သူတို့ဟာဆက်လက်ဈေးဝယ်နေကြပြီးရှန့်ယန်ပေဟာနောက်ဆုံးတော့အထည်ဆိုင်ကိုတွေ့လိုက်သည်။သူဟာနည်းနည်းတောင်တုန့်ဆိုင်းနေခြင်းမရှိဘဲဝင်သွားခဲ့သည်။သူ့ဇနီးကသူ့(ချန်းဖန်း)ရဲ့ဟောင်းနေသောအဝတ်တွေကိုဝတ်နေရပြီး၎င်းကသူ့နှင့်အတော်ကိုတိုနေသည်။ထိုကြောင့်သူဟာသူ့ဇနီးအတွက်ကွက်တိကျသောအဝတ်များများဝယ်ယူရမည်။အထည်ဆိုင်လေးကအထည်စတွေကိုသာရောင်းပြီးချုပ်ပြီးသားအထည်တွေမရောင်းတာတော့သနားစရာဘဲဖြစ်သည်။
ရှန့်ယန်ပေဟာအနည်းငယ်အကူအညီမဲ့မှုကိုခံစားလိုက်ရသည်။ဤနှစ်အဝတ်တွေကိုတစ်စုံပြီးတစ်စုံချုပ်ရမည်ဖြစ်သည်။သူဟာကြက်သီးတပ်သည်ကိုချုပ်နိုင်ပေမယ့်အဝတ်တစ်ခုလုံးကိုတော့မချုပ်နိုင်ပေ။သူဟာအထည်စအချို့ကိုဝယ်ယူပြီးရွာထဲကအဒေါ်တစ်ချို့အားသူ့ကိုကူညီပေးဖို့သာမေးနိုင်သည်။
"ကျွန်တော့်ဇနီးအတွက်အထည်တွေချုပ်ဖို့အထည်စတစ်ချို့ဝယ်ချင်တယ်" ဟုရှန့်ယန်ပေကပြန်ဖြေခဲ့သည်။
ဆိုင်အကူကပန်းရောင်ပိုးထည်စကိုအမြန်ထုတ်လိုက်ရင်းပြောခဲ့သည် "ဒီပိုးထည်ကအခုမှကျွန်တော်တို့ဆိုင်ကိုရောက်တာလေ ဒါကအမျိုးသမီးငယ်တွေကြားထဲမှာရေပန်းစားခဲ့ပြီးဇနီးသည်ကကြိုက်မှာသေချာပါတယ်"
ရှန့်ယန်ပေဟာခေါင်းခါလိုက်ရင်းပြောခဲ့သည် "တစ်ခြားရိုးရိုးရှင်းရှင်းနဲ့အရောင်မတောက်တာရှာပေးပါ ကျွန်တော့်ဇနီးကအမျိုးသမီးမဟုတ်ဘူး" ဤထူးခြားသောပန်းပွင့်အထည်စကအမျိုးသမီးအဝတ်တွေပြုလုပ်ရာမှာသာသင့်တော်သည်။
ဆိုင်အကူဟာနားလည်သွားခဲ့ပြီးရှန့်ယန်ပေကြည့်ဖို့ရိုးရှင်းသောပုံစံနှင့်ရိုးရှင်းပေမယ့်ကျက်သရေရှိသောနောက်ထပ်အထည်အလိပ်တစ်ခုကိုထုတ်ပြရင်းပြောခဲ့သည် "ဒီအထည်ဆိုရင်ရောဘယ်လိုလဲ? ကောတော်တော်များများကဒီလိုအရောင်မျိုးကိုသဘောကျကြပြီးအဝတ်ဖြစ်ဖြစ်စကတ်ဖြစ်ဖြစ်တော်တော်လေးကိုကြည့်ကောင်းတယ်"
ရှန့်ယန်ပေဟာအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ရွာမှကောအများစုကဒီလိုပန်းပွင့်ပုံစံအထည်တွေကိုဝတ်ဆင်ကြသည်။ဒါပေမယ့်ဒီလိုပုံစံအထည်တွေကိုကုချန်းဖန်းအားဝတ်ဖို့ပေးလိုက်လျှင်…………
ရှန့်ယန်ပေဟာကုချန်းဖန်းကပန်းပွင့်ပုံစကတ်ဝတ်ဆင်ထားသည့်မြင်ကွင်းကိုစိတ်ကူးယဉ်ကြည့်ပြီးနောက်သူ့အရေပြားပေါ်မှာကြက်သီးထသွားခဲ့သည်။
သူ့ဇနီးကယောက်ျားပီသသောအမျိုးသားတစ်ယောက်ဖြစ်သည်။သူကမိန်းမဆန်သောသူမဟုတ်ပေ။ကုချန်းဖန်းးကကောတစ်ယောက်ဖြစ်ပြီးကလေးမွေးဖွားနိုင်ပါသော်လည်းအခုထိသူကတော့သူ့ကိုယောက်ျားတစ်ယောက်အဖြစ်နှင့်ဘဲမှတ်ယူထားသည်။
"မလိုအပ်ပါဘူး ကျွန်တော့်ကိုငယ်ငယ်ရွယ်ရွယ်အမျိုးသားတစ်ယောက်အတွက်ရိုးရှင်းပြီးသက်တောင့်သက်သာရှိတဲ့ချည်သားသာပေးပါ"
ပိုးထည်ကချည်သားထက်ပိုပြီးအနည်းငယ်ဈေးကြီးသည်။၎င်းကချွေးမစုပ်နိုင်ဘဲလေဝင်လေထွက်လဲမကောင်းပေ။သူ(ချန်းဖန်း)ဟာလယ်ကွင်းထဲမှာအလုပ်လုပ်ရမည်ဖြစ်သောကြောင့်ချည်သားကောင်းကောင်းဝယ်ယူခြင်းဟာလုံလောက်ပြီဖြစ်သည်။
ဆိုင်အကူမှာရှန့်ယန်ပေအတွက်ရိုးရှင်းသောအရောင်ချည်သားကောင်းကောင်းတွေကိုထုတ်ပေးဖို့ကလွဲအခြားရွေးစရာမရှိတော့ပေ။ရှန့်ယန်ပေဟာအထည်စတစ်စကိုိုယူ၍ကုချန်းဖန်းးပေါ်ကပ်လိုက်ရင်းပြောခဲ့သည် "ဒီမိုးပြာရောင်နဲ့နက်ပြာရောင်ကမင်းနဲ့အလိုက်ဆုံးဘဲ ကိုယ်ဒီအထည်နှစ်စယူလိုက်မယ်"
"ဒီလောက်ကောင်းတဲ့ချည်ထည်တွေဝယ်စရာမလိုပါဘူး ထူတဲ့လျှော်ထည်တစ်လိပ်လောက်ဝယ်လိုက်ရင်ဘဲကျွန်တော်အတွက်သုံးဖို့အဝတ်နှစ်ထည်လောက်လုပ်လို့ရနေပါပြီ" ကုချန်းဖန်းဟာအရမ်းတွေးမနေဘဲငြင်းဆန်ခဲ့သည်။သူ့ရဲ့အရေပြားကထူပြီးအသားကသန်မာသည်။အရေပြားနဲ့ဆိုးဆိုးဝါးဝါးပွတ်တိုက်မိမည်ကိုသူမကြောက်ပေ။ထို့အပြင်ဒီနေ့သူတို့ဟာပစ္စည်းတွေအများကြီးဝယ်ယူခဲ့ပြီးပိုက်ဆံတော်တော်များများကုန်သွားခဲ့သည်။
ဒါ....ဒါက သခင်လေးရဲ့ဇနီး
ထို့နောက်သူဟာသေသေချာချာကြည့်ခဲ့ပြီးကုချန်းဖန်းရဲ့နဖူးပေါ်ကမှိန်ဖျော့နေသောကျူရှားရစ်ကိုသတိပြုလိုက်မိသည်။
မြင်းတစ်ကောင်ကဲ့သို့အရပ်ရှည်ကာကြမ်းတမ်းသောမျက်နှာနှင့်မှိန်ဖျော့နေသောကျူရှားရစ်ရှိသည့်ကောတစ်ယောက်…………
ချည်ထည်သုံးစနှင့်လျှော်ထည်နှစ်စဟာငွေစ၃တေးသာကျသင့်သည်။ဒီပိုက်ဆံကကောင်းကောင်းသုံးလိုက်တာဘဲဖြစ်သည်။ရှန့်ယန်ပေဟာသူ့စိတ်ထဲမှာငွေရှာရန်ဘာလုပ်ရမည်ဟူသောအစီအစဉ်ရှိနေဆဲဖြစ်ပေမယ့်သူဝယ်သင့်သောအရာများကိုဝယ်ယူရန်လိုအပ်နေသေးပြီးနှမြောမနေသင့်ပေ။
သူဟာလက်ထပ်ပြီးခါစဖြစ်ပြီးသူတို့အိမ်အတွက်သူဝယ်ဖို့လိုအပ်တာတွေအများကြီးဖြစ်သည်။သူဟာသူ့ဇနီးကိုမှားယွင်းတယ်လို့ခံစားရအောင်မလုပ်သင့်ပေ။
ရှန့်ယန်ပေနှင့်ကုချန်းဖန်းမြို့အဝင်ဂိတ်ကိုရောက်သောအခါဦးလေးရှန့်နှင့်တွေ့ဆုံခဲ့ပြီးလူနှစ်ဦးရဲ့လက်ထဲမှာအထုပ်ကြီးတွေပြည့်နေသည်ကိုဦးလေးရှန့်တွေ့ခဲ့ရသည်။သူ့မျက်ခုံးတွေဟာတုန်ခါသွားခဲ့ရင်းမေးခဲ့သည် "မင်းတို့တွေအများကြီးဝယ်ခဲ့ကြတယ် မင်းတို့ပိုက်ဆံတွေအများကြီးသုံးလိုက်ကြတာလား?"
ရှန့်ယန်ပေဟာဦးလေးရှန့်ကသူပိုက်ဆံတွေအားရူးရူးမိုက်မိုက်သုံးလိုက်မိမှာကိုကြောက်နေကြောင်းသိခဲ့သည်။သူဟာရှက်ရွံ့မှုကိုခံစားလိုက်ရရင်းပြုံးပြုံးလေးပြောခဲ့သည် "ကျွန်တော်ပိုက်ဆံနည်းနည်းဘဲသုံးခဲ့တာပါ ပြီးတော့အသုံးလိုတာတွေဘဲဝယ်ခဲ့တာလေ"
အစေ့အဆန်တွေ၊အထည်စတွေ၊ဟင်းခတ်အမွှေးအကြိုင်တွေ၊နေ့စဉ်သုံးပစ္စည်းတွေ၊ကြက်ပေါက်ဘဲပေါက်တွေ၊အစေ့တွေ………၎င်းတို့တစ်ခုချင်းစီကသူ့အမြင်အရတော့မရှိမဖြစ်လိုအပ်သောအရာတွေဖြစ်ပုံပေါ်သည်။
ဦးလေးရှန့်ဟာသူတို့ကိုနောက်ထပ်ထပ်ပြီးဘာမှမပြောတော့ဘဲပစ္စည်းတွေနွားလှည်းပေါ်တင်နိုင်ရန်သာကူညီခဲ့သည်။
---------------------------------------------