no

Font
Theme

ကျေးလက်ကမိသားစုအများစုဟာညဘက်မှာဖျော်ဖြေရေးတွေမရှိတာကြောင့်စောစောအိပ်ရာဝင်ကြသည်။မော်ဒန်ခေတ်ရဲ့ကြွယ်ဝစွာအရောင်အသွေးစုံသောညဘက်ဘဝတွေကိုနေသားတကျဖြစ်နေခဲ့သောရှန့်ယန်ပေအနေနှင့်ဒီလိုနေ့စဉ်ဘဝကိုသည်းခံနိုင်ရန်မသေချာချေ။ဒါပေမယ့်အရာအားလုံးဟာရုတ်တရက်ဖြစ်လာခဲ့သည်။ဇနီးတစ်ယောက်ရလာတယ် ဒါကတော့မတူတော့ဘူးလေသိတယ်မလား။သူဟာကောင်းကင်ကိုကြည့်ရင်းအချိန်တွေအမြန်ကုန်သွားပြီးအိပ်ရာ‌ပေါ်တွင်သူ့ဇနီးနှင့်အတူလှဲနိုင်ရန်မြန်မြန်မှောင်သွားစေဖို့မျှော်လင့်နေခဲ့သည်။

(T/N-အရောင်အသွေးစုံသောညဘက်ဆိုတာကလပ်သွားတာပါတီတက်တာတို့ကိုပြောတာပါ)

ဒါပေမယ့်မအိပ်ခင်အရေးကြီးဆုံးလုပ်ရမှာကတော့ရေချိုးတာဘဲဖြစ်သည်။ရှန့်ယန်ပေဟာအလျင်အမြန်လဲဖို့အဝတ်တွေကိုရှာလိုက်သည်။

ရေချိုးတာကကောင်းသောအရာဖြစ်သည်။ရေချိုးကန်သာရှိရင်ပိုတောင်ကောင်းအုံးမည်။သူရေချိုးပြီးလျှင်သူ့ဇနီးကိုဖက်နိုင်ပြီ။တစ်ချိန်ထဲမှာဘဲဒီခန္ဓာကိုယ်ရဲ့ကျန်းမာရေးနှင့်သူ့ညီလေးကိုလဲသေသေချာချာစစ်ကြည့်နိုင်မည်။(T/N-အဟမ်း ဟိုဟာကိုပြောတာပါသိတယ်မလား)မော်ဒန်ခေတ်ကသူ့ရဲ့ခန္ဓာကိုယ်က‌တောင်သူ့ဇနီးလောက်အရပ်မရှည်သော်လည်းသူကပုံမှန်လေ့ကျင့်ခန်းတွေလုပ်တယ်လေ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာသန်မာမှုနှင့်ခံနိုင်ရည်အားကအလွန်ကောင်းသည်။

ရှန့်ယန်ပေကရေချိုးချင်တယ်လို့ကြားပြီးနောက်ထိုလူဟာအမြန်သွားပြီးရေနွေးအိုးတည်ခဲ့သည်။ရှန့်ယန်ပေဟာအပြင်းအထန်နေမကောင်းဖြစ်ပြီးသက်သာခါစဖြစ်သည်။ထို့ကြောင့်သူ့ကထပ်ပြီးအအေးခံလို့မရချေ။

အဖေရှန့်နှင့်အမေရှန့်အသက်ရှင်စဉ်အခါတုန်းကအိမ်နောက်ဖေးမှာရေတွင်းတူးခဲ့ပြီးထိုအနီးမှာလွယ်ကူစွာဆေးကြောသန့်စင်နိုင်ရန်သစ်သားတဲတစ်ခုကိုတည်ဆောက်ခဲ့သည်။အများအားဖြင့်မိသားစုထဲကလူတွေကထိုသစ်သားတဲကိုဆေးကြောသန့်စင်ဖို့အသုံးပြုကြလိမ့်မည်ဒါပေမယ့်မိသားစုရဲ့အကြီးဆုံးနှစ်ယောက်ကွယ်လွန်သွားသောအခါထိုသစ်သားတဲကမုန်တိုင်းတိုက်ခံရပြီးပျက်စီးသွားခဲ့သည်။မူလကိုယ်ကစိတ်ဓာတ်ကျပြီးဒီတိုင်းထားခဲ့သည်။ထိုလူဟာမိသားစုထဲဝင်ရောက်လက်ထပ်လိုက်ပြီးရက်အနည်းငယ်အကြာအတွင်းသူဟာမူလကိုယ်ကိုပြုစုရပြီးမိသားစုကိုထောက်ပံ့ဖို့နှင့်ငွေတွေပြန်ပေးဖို့အတွက်အလုပ်တွေလဲလုပ်ရသေးသည်။သူအလုပ်အရမ်းများနေသောကြောင့်တဲအိမ်ကိုပြန်ပြင်ရန်အချိန်မရှိခဲ့ချေ။

သာမန်မိသားစုမှာတော့ဒီလိုပြဿနာမျိုးမရှိချေ။ရှန့်မိသားစုကသာရေတွင်းတူးပြီးသစ်သားတဲဆောက်ဖို့ကောင်းမွန်အခြေ‌အနေရှိသည်။ထိုဆင်းရဲသောမိသားစုတွေကတိုက်ရိုက်ဘဲမြစ်ထဲမှာဆေးကြောကြသည်။သူတို့ရဲ့ခန္ဓာကိုယ်ကိုဆေးကြောပြီးနောက်သူ့တို့ရဲ့ညစ်ပတ်သောအဝတ်တွေကိုလည်းထိုမြစ်ထဲမှာဘဲလျှော်ဖွပ်ကြသည်။

ရှန့်ယန်ပေကတော့သူ့ရဲ့ငှက်ကိုပြပြီးတိရစ္ဆာန်လိုလျှောက်သွားရတာမျိုးကျင့်သားမရချေ။ထို့ကြောင့်သူဟာရေစည်ပိုင်းကိုအခန်းထဲသို့ထည့်ပြီးအသုံးပြုရန်စဉ်းစားလိုက်သည်။ထိုရေစည်ပိုင်းကိုအမေရှန့်ကအဖေရှန့်ကိုလက်ထပ်လိုက်တဲ့အချိန်ဝယ်ခဲ့ခြင်းဖြစ်သည်။ထိုဟာကတစ်မီတာအနက်ရှိပြီးအရမ်းကျယ်ကာထွားထွားကျိုင်းကျိုင်းယောက်ျားတစ်ယောက်ထိုင်ဖို့လုံလောက်အောင်ကြီးကာဒါတောင်မှနေရာလွတ်ကျန်နေသေးသည်။

ထိုလူဟာရေစည်ပိုင်းကိုသန့်ရှင်းရေးလုပ်နေပြီးရှန့်ယန်ပေအတွက်ရေပူကိုရေပုံးအပြည့်သယ်နေခြင်းကြောင့်အရမ်းအလုပ်များနေခဲ့သည်။ရှန့်ယန်ပေကတော့ဘေးမှာအကူအညီမဲ့စွာမတ်တပ်ရပ်ကြည့်နေခဲ့သည်။သူ့ရဲ့ဇနီးကိုသူကူညီချင်ပါသည်ဒါပေမယ့်ဒီခန္ဓာကိုယ်ကမင်းသားလေးလိုနှစ်ပေါင်းများစွာနေထိုင်နေခဲ့သည်။သူ့ပခုံးနှင့်လက်တွေကဘာကိုမှမသယ်နိုင်ချေ။ရေပုံးတစ်ပုံးကိုသယ်ဖို့ကအဝေးကြီးပင်ဖြစ်သည်။

သူရေပုံးတစ်ပုံးကိုသယ်ဖို့ကြိုးစားခဲ့ပေမယ့်သူမတ်တပ်မရပ်နိုင်ခင်မှာပင်ခလုတ်တိုက်မိပြီးအနီးကရွှံ့ထဲသို့လဲကျသွားခဲ့သည်။သူ့ဇနီးကသူ့ကိုဖမ်းပေးခဲ့ပြီးနောက်ထပ်ပြီးကိုယ့်ကိုယ်ကိုအရူးမလုပ်နိုင်တော့ချေ။

သူ့ရဲ့ဇနီးရှက်ပြီးမြန်မြန်ထွက်ပြေးသွားပုံလေးကအရမ်းချစ်စရာကောင်းတယ် သူတို့မန်ဒရင်းဘဲတွေလိုမျိုးရေတူတူချိုးလို့ရနိုင်တာဘဲ ဟီးဟီးဟီး! ရှန့်ယန်ပေဟာထိုသို့တွေးရင်းဆေးကြောနေခဲ့သည်။ဒါပေမယ့်ပြုတ်ထားသောကြက်လိုမျိုးဖြူစွတ်နေသောသူ့ခန္ဓာကိုယ်ကိုမြင်လိုက်သောအခါထိုအတွေးတွေအားလုံးပျောက်သွားခဲ့သည်။

ဒီခန္ဓာကိုယ်တစ်ခုလုံးကပျော့ပျောင်းနူးညံ့သောအသား‌အရေဖြစ်နေပြီးမိန်းမဆန်သောယောက်ျားတစ်ယောက်လိုဖြူဖွေးလုနီးပါးဖြစ်နေသည်။သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာသန်မာမှုကလည်းကင်းမဲ့နေတာကြောင့်ဘယ်လိုလုပ်လူကိုတက်အုပ်ဖို့ဖြစ်နိုင်မှာလဲ?

ရှန့်ယန်ပေဟာဆပ်ပြာခိုင်မြဲစွာကိုကိုင်ထားရင်းသူ့ခန္ဓာကိုယ်ကိုပွတ်တိုက်နေခဲ့သည်။သူဟာမနက်ဖြန်ကစပြီးသူ့ခန္ဓာကိုယ်ကိုလေ့ကျင့်မယ်လို့ဆုံးဖြတ်ခဲ့သည်။

ထိုလူဟာရေချိုးပြီးပြီးချင်းဖြစ်သောကြောင့်ရေနွေးငွေ့တွေအငွေ့ပျံခြင်းဖြင့်သူ့မျက်နှာကိုနီမြန်းနေစေသည်။သူ့ခန္ဓာကိုယ်ပေါ်ကအဝတ်တွေဟာကွတ်တိမကျနေပြီးတော့လည်ပင်းဟာဟိုက်နေကာဘာမှမကာထားခြင်းကြောင့်သူ့ရဲ့အားကောင်းပြီးသန်မာသောရင်ဘတ်ဟာပေါ်ထွက်နေသည်။ဆံပင်ကရေတွေဟာလည်းတစ်စက်စက်စီးကျနေတုန်းဖြစ်ပြီးသူ့ရဲ့လည်တိုင်တစ်လျှောက်စီးဆင်းသွားသည်။၎င်းဟာဆွဲဆောင်မှုရှိသောကြွက်သားတွေဆီလျှောကျသွားပြီးနောက်ဆုံးမှာတော့အင်္ကျီ‌ထဲဝင်ကာပျောက်ကွယ်သွားခဲ့သည်။

သူ့ရဲ့အကြည့်ကအလွန်အကျွံကိုရှင်း‌လင်းစွာရှေ့သို့ဆက်သွားနေခဲ့သည်။ထိုလူဟာရှက်ရွံ့နေခဲ့ပြီးတော့သူ့နားရွက်တွေဟာလည်း‌နီရဲလာခဲ့သည်။သူဟာတံခါးဝမှာရပ်လိုက်ပြီးအထဲကိုဝင်ဖို့ကအကြံကောင်းမဟုတ်ဘူးလို့တွေးလိုက်သည်။

"ထိုင်လေ"ရှန့်ယန်ပေဟာထိုလူကိုကိုင်လိုက်ရင်းအိပ်ရာဘေးမှာထိုင်ဖို့ဖိချလိုက်သည်။ရှန့်ယန်ပေမျက်နှာသုတ်ပဝါကိုင်ယူကာထိုလူရဲ့ဆံပင်ခြောက်အောင်သုတ်ပေးပြီးလှပသောရှုခင်းလေးမှာအကြည့်ရောက်သွားခဲ့သည်။

ထိုလူဟာမူလက"မနာဘူး"ဟုပြောချင်ခဲ့သော်လည်းရှန့်ယန်ပေကလိမ်တာမကြိုက်ဘူးလို့အရင်ကသူ့ကိုပြောခဲ့သည်။ထို့ကြောင့်ထိုလူဟာအနည်းငယ်ခေါင်းညိတ်လိုက်သည်။

"တောင်းပန်ပါတယ် ကိုယ်ညင်သာပါ့မယ်"ရှန့်ယန်ပေထိုအချိန်မှာတကယ်အတည်ကြီးဖြစ်နေခဲ့သည်။ထို့နောက်အချိန်အကြာကြီးမဖြစ်သေးခင်ရှန့်ယန်ပေဟာသူ့ရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်လိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ?ဘာကြောင့်မင်းခေါင်းအနောက်ဘက်မှာဒဏ်ရာတစ်ခုရှိနေရတာလဲ?"ထိုလူရဲ့‌ဦးခေါင်းအနောက်ဘက်ပေါ်မှာအနာဖေးတက်နေသောဒဏ်ရာတစ်ခုရှိနေသည်။ ၎င်းဟာအသစ်ဖြစ်ပုံထင်ရသည်။သူဟာထိုလူရဲ့ဒဏ်ရာပေါ်ကဆံပင်တစ်ချို့ကိုဖယ်ထုတ်လိုက်သည်။

"ဘယ်အချိန်ကမင်းဒီဒဏ်ရာရခဲ့တာလဲ?"

ထိုလူဟာတင်းကျပ်နေသောလေသံနှင့်ပြောခဲ့သည်"လွန်ခဲ့တဲ့လဝက်က…"

ရှန့်ယန်ပေရဲ့မျက်ခုံးဟာပင့်သွားခဲ့သည်။ထိုလူဟာသိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီးသူ့ရဲ့စွမ်းရည်ကမနိမ့်ဘူးလို့ထင်ရသည်။သူ့ခေါင်းအနောက်မှာထိခိုက်ဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ထို့နောက်ရှန့်ယန်ပေကတစ်စုံတစ်ခုကိုသတိပြုလိုက်မိသည်။သူဟာပြဿနာတစ်ခုကိုဖော်ထုတ်လိုက်မိပုံပေါ်သည်။

ရှန့်ယန်ပေဟာဒဏ်ရာကိုထပ်ကြည့်လိုက်ရင်းစိုးရိမ်မှုကိုခံစားလိုက်ရသည်။ထို့ကြောင့်မေးခဲ့သည်"အဲ့ဒါကနာနေတုန်းဘဲလား မနက်ဖြန်မနက်ကျရင်သမားတော်ကိုသွားပြကြည့်ရအောင် ဟုတ်ပြီလား?"

ထိုလူရဲ့နှလုံးသားဟာနွေးထွေးလာပြီးတော့ပြောခဲ့သည်"အဲ့ဒါကအရမ်းမနာတော့ပါဘူး"ထို့နောက်သူဟာခဏရပ်လိုက်ပြီးဆက်ပြောခဲ့သည်"လွန်ခဲ့တဲ့လဝက်ကကျွန်တော််ချောက်ကမ်းပါးပေါ်ကပြုတ်ကျခဲ့တယ် မတော်တဆခေါင်းထိသွားခဲ့ပြီးမေ့လဲသွားခဲ့တယ် အချိန်တော်တော်ကြာပြီးကျွန်တော်နိုးလာတော့ဘာမှမမှတ်မိတော့ဘူး"

FUCK!!!ဒါကဇာတ်လမ်းတွဲထဲကဇာတ်ဝင်ခန်းမဟုတ်ဘူးလား?ရှန့်ယန်ပေရဲ့မျက်လုံးဟာအံ့ဩမှုကြောင့်ပြူးကျယ်သွားခဲ့သည်။ထိုအချိန်မှာသူဟာသူ့ဇနီးနာမည်ကိုမသိသေးဘူးဆိုတာနားလည်သွားခဲ့ပြီးအမြန်မေးခဲ့သည်"မင်းနာမည်ဘာလဲနဲ့မင်းကိုဘယ်လိုခေါ်လဲဆိုတာကိုရောမှတ်မိသေးရဲ့လား?"

"ကုချန်းဖန်း ကျွန်တော့်နာမည်ကကုချန်းဖန်း"ထိုလူဟာသူ့ခေါင်းကိုငုံ့လိုက်ပြီးရှန့်ယန်ပေကိုမကြည့်ရဲခဲ့ချေ။

'ငါကထွားကျိုင်းတဲ့ကိုယ်လုံးကိုယ်ပေါက်ရှိပြီးကြမ်းတမ်းရုပ်ဆိုးကာဇစ်မြစ်မသိသောကောတစ်ယောက်သာဖြစ်တယ်'

---------------------------------------------

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment