ရှန့်ယန်ပေပြန်လာသည်ကိုမြင်ပြီး ကျိုးယုဟာ ချက်ချင်းသူ့ပါးစပ်ထဲကမြက်ကိုထွေးထုတ်လိုက်ပြီး ရှန့်ယန်ပေကိုနှုတ်ဆက်ဖို့မတ်တပ်ထရပ်လိုက်သည် " ရှန့်Xiucai "
ရှန့်ယန်ဟာ ပေါ့ပေါ့ပါးပါးခေါင်းတစ်ချက်ညိတ်တုံ့ပြန်ကာ ပြောခဲ့သည် "မင်းစောင့်နေရတာကြာသွားပြီလား? ဘာကြောင့်အိမ်ထဲဝင်ပြီးမထိုင်တာလဲ?"
"ကျွန်တော်အကြာကြီးမစောင့်ခဲ့ရပါဘူး ကျွန်တော်ကဖြတ်သွားရုံပါ" ကျိုးယုဟာသူ့ခေါင်းကိုကုတ်နေခဲ့သည်။ သူ့ရဲ့ခံစားချက်ကအနည်းငယ်ရှုပ်ထွေးနေသည်။ "အဲ့ဒါ……လွန်ခဲ့တဲ့နှစ်ရက်ကကျွန်တော်ပြောခဲ့တဲ့ကိစ္စလေ ခင်များဇနီး…"
"သူကအထဲမှာ မင်းအထဲသွားပြီးသူ့ကိုပြောကြည့်" ရှန့်ယန်ပေဟာခြံစည်းရိုးတံခါးကိုဖွင့်ပြီး အရင်လျှောက်လာခဲ့သည်။
ကုချန်းဖန်းဟာအထဲမှာမဟုတ်ဘဲအိမ်နောက်ဖေးတွင်ဖြစ်ပြီး အိပ်ရာခင်းအခြောက်ခံဖို့လှန်းနေခြင်းဖြစ်သည်။ ရှန့်ယန်ပေပြန်လာသည်ကိုမြင်ပြီး သူဟာအလျင်အမြန်လေထဲမှာခြောက်သွေ့စေဖို့အိပ်ရာခင်းကို ကြိုးပေါ်ထားပြီး ရှန့်ယန်ပေကိုနှုတ်ဆက်လိုက်သည် "ခင်များပြန်လာပြီလား? လုပ်ရမှာတွေပြီးသွားပြီလား?"
"အမ် ကိုယ်ရွာလူကြီးနဲ့ဆွေးနွေးတာပြီးသွားပြီ" ရှန့်ယန်ပေဟာသူ့ဆီကိုလျှောက်လာပြီး အိပ်ရာခင်းလှန်းနေသည်ကိုကူညီပေးလိုက်သည်။
(T/N-etransကစောင်ကိုquilt,အိပ်ရာခင်းကိုbeddingဆိုပြီးအသုံးအနှုန်းခွဲထားပေမယ့်အတူတူဘဲမှတ်ပေးပါ ဘာလို့ဆိုသူတို့ကရှေးခေတ်ဆိုတော့အထည်ကအရမ်းပေါမှာမဟုတ်တော့အိပ်ရာခင်းကသက်သက်စောင်ကသက်သက်မဟုတ်လောက်ဘူး အိပ်ပြီးရင်စောင်ကိုမခေါက်ဘဲအိပ်ရာပေါ်ကိုခင်းထားတာအ့လိုပုံစံမျိုးဘဲထင်တယ်)
" မင်းဒီကိစ္စကိုသေသေချာချာတွေးကြည့်ပြီးပြီလား? " ရှန့်ယန်ပေဟာညင်သာစွာပြောလိုက်သည်။
ကုချန်းဖန်းဟာအမိုးအောက်ရပ်နေသောချာတိတ်လေးကိုတစ်ချက်ကြည့်လိုက်ပြီးသူ့ခေါင်းကိုတစ်ကြိမ်ညိတ်လိုက်သည်။ ရှန့်ယန်ပေနှင့်သူ ဒီကိစ္စကိုအရင်နေ့ကပြောခဲ့ပြီးနောက် သူသေသေချာချာစဉ်းစားကြည့်ခဲ့သည်။
(T/N-ဒီမှာအားကိုးဆိုတာမိဘဘက်ကအိမ်ကိုပြောချင်တာပါ အိမ်ထောင်ကျပြီးယောက်ျားအနိုင်ကျင့်ခံရရင်မိဘအိမ်ပြန်လာပြီးအကူအညီတောင်းတာမျိုးကိုပြောချင်တာပါ)
သူ့ယောက်ျားကဘယ်လိုလုပ်သူ့ကိုနှိမ့်ချမှာလဲ ဟမ်? ယောက်ျားကသူ့အတွက်တပည့်တစ်ယောက်လက်ခံစေချင်ရင် သူဒီတပည့်ကိုလက်ခံလိုက်မယ်
သူဟာကျိုးယုရဲ့ဘဝကိုတစ်ကြိမ်ကယ်တင်ခဲ့ပြီး အဆုံးမှာသူဟာလူကောင်းတစ်ယောက်ဖြစ်သည်။ သူ(ကျိုးယု)အကူအညီလိုအပ်သောအချိန်ကျလာသောအခါကျိုးယုနှင့်သူ့ရဲ့ ဆရာတပည့်ဆက်ဆံရေးကိုဖော်ပြပြီး သူ့ကိုပံ့ပိုးနိုင်မည်ဖြစ်သည်။
"မင်းရဲ့ဆရာအဖြစ်သူ့ကိုတကယ်ရိုသေလေးစားချင်တာလား?" ရှန့်ယန်ပေရဲ့မျက်နှာဟာလေးလေးနက်နက်ဖြစ်နေပုံပေါ်ပြီး သူဆက်ပြောခဲ့သည် " တစ်ရက်အတွက်ဆရာကတစ်သက်တာဖခင်ဘဲ မင်းရဲ့ဆရာကိုအလေးအနက်ထားဖို့လိုပြီး သူ့ရဲ့ညွှန်ကြားချက်တွေကိုစိတ်ရင်းမှန်နဲ့နားထောင်၊ မင်းဆရာကိုမနာခံဘဲမင်းမနေရဘူး "
(T/N-တစ်ရက်အတွက်ဆရာကတစ်သက်တာဖခင်ဆိုတာကဆရာကိုမိဘလိုသဘောထားပြီးရိုသေရမယ်ပြောတာပါ)
" ကျိုးယု ဆရာရဲ့ညွှန်ကြားချက်တွေကိုမြေဝယ်မကျနားထောင်ပါ့မယ်" ကျိုးယုဟာအလျင်အမြန်ပြန်ဖြေခဲ့သည်။
ရှန့်ယန်ပေခေါင်းညိတ်ခဲ့ကာ ကုချန်းဖန်းကိုကြည့်ဖို့သူ့မျက်လုံးကိုမော့ခဲ့ပြီး ထိုမှသာကုချန်းဖန်းဟာသူ့ပါးစပ်ကိုဖွင့်လိုက်သည် " သိုင်းပညာလေ့ကျင့်ခြင်းရဲ့ရည်ရွယ်ချက်ကခန္ဓာကိုယ်သန်မာစေဖို့ဘဲ မင်းရဲ့ခွန်အားကိုအားကိုးပြီးအားနည်းတဲ့သူတွေကိုအနိုင်မကျင့်ရဘူး လျှို့ဝှက်(နောက်ကွယ်က)မတိုက်ခိုက်ရဘူး ပြီးတော့ပြဿနာမရှာရဘူး ဒါတွေအားလုံးကိုမင်းလုပ်နိုင်လား?"
ဒါကိုကြားပြီးကျိုးယုရဲ့မျက်လုံးတွေဟာနီရဲလာခဲသည်။ 'ပလုတ်'ဆိုတဲ့အသံနှင့်မြေပြင်ပေါ်မှာဒူးထောက်ချလိုက်ကာ 'ဘန်း ဘန်း'ဆိုတဲ့အသံနှင့်မြေပြင်ပေါ်မှာသုံးကြိမ်ခေါင်းဦးတိုက်လိုက်ပြီးနောက် သူဟာပြောခဲ့သည် " ဆရာ(Shifu) ဒီနေ့ကစပြီးကျိုးယုကဆရာ့ရဲ့တံခါးမှာအရိုအသေပေးပြီး သူ့သင်ကြားပြသမှုအောက်ဘဲရှိနေတော့မှာပါ ကျိုးယုက ဆရာ့ရဲ့သင်ကြားမှုတွေကိုမြေဝယ်မကျနားထောင်ပြီး ဆရာရဲ့လမ်းညွှန်မှုတွေကိုတစ်ဝက်လောက်တောင်မနာခံဘဲမနေပါဘူး "
" ကောင်းပြီ ထတော့! " ဦးတိုက်ခြင်းကြောင့်ကျိုးယုရဲ့နဖူးနီရဲလာသည်ကိုမြင်ပြီး ကုချန်းဖန်းဟာသူ့ကိုအလျင်အမြန်ထူမခဲ့သည်။
တပည့်တစ်ဦးလက်ခံသောအခါ လက်သမားဆရာထံမှ ကြမ်းတမ်းသောတောင်းဆိုမှုအခြေအနေတွေကိုစဉ်းစားမိပြီး ကျိုးယုဟာမနေနိုင်ဘဲအနည်းငယ်မလွယ်ကူသလိုခံစားရသည်။ တစ်ခြားသူတွေကတပည့်ဖြစ်လာသောအခါ သူတို့ဟာ ရိုသေလေးစားမှုကိုပြဖို့ယဉ်ကျေးမှုတစ်ခုအနေနှင့်သူတို့ရဲ့ဆရာဆီလက်ဆောင်တွေပေးလိမ့်မည်ဖြစ်သည်။ ဒါပေမယ့်သူ့မှာဘာမှမရှိချေ။ ဆရာကသူ့ကိုစိတ်ရင်းမမှန်ဘူးလို့များထင်လိမ့်မလား?
" ဆ…ဆရာ ကျွန်တော်အပြင်ထွက်တဲ့အခါအရမ်းအလျင်လိုနေခဲ့လို့ ဘာလက်ဆောင်မှကျွန်တော်နဲ့မယူလာခဲ့မိဘူး ကျွန်တော်နောက်တစ်ခါကျရင်သေချာပေါက်ယူလာခဲ့ပါ့မယ် "
ကုချန်းဖန်းဟာအနည်းငယ်မျက်ခုံးကျုံ့သွားရင်း ပြောခဲ့သည် " ငါမင်းကိုတပည့်အဖြစ်လက်ခံတာကမင်းရဲ့စိတ်ရင်းမှန်တယ်ဆိုတာမြင်ခဲ့လို့ မင်းရဲ့လက်ဆောင်တွေလိုချင်လို့မဟုတ်ဘူး "
ကျိုးယုရဲ့မျက်နှာဟာအရှက်ရမှုကြောင့်နီမြန်းသွားခဲ့ပြီး ရှက်ရွံ့စွာပြောခဲ့သည် " ဟုတ်ကဲ့ တပည့်ကသူ့အမှားသူသိပါပြီ "
" ချန်းဖန်းကမင်းကိုတပည့်အဖြစ်လက်ခံလိုက်ပေမယ့် မင်းနဲ့ငါကလွဲရင် သူသိုင်းပညာတတ်တယ်ဆိုတာသိတဲ့တတိယလူကိုငါမလိုချင်ဘူး " လူတိုင်းကသာမန်လူတွေဖြစ်သည်။ ရုတ်တရက် သိုင်းပညာရှင်တစ်ယောက်အဖြစ်ဖော်ပြခံလိုက်ရပါက ပြဿနာအမြောက်အများယူဆောင်လာလိမ့်မည်မှာသိသာထင်ရှားသည်။ သူဘယ်တော့မှတစ်ခြားသူတွေကုချန်းဖန်းကိုကြည့်ပြီး မျောက်တစ်ကောင်အနေနှင့်မှတ်ယူမည်ကိုခွင့်ပြုမှာမဟုတ်ပေ။ သူကကုချန်းဖန်းအန္တရာယ်နှင့်တွေ့မှာကိုမလိုချင်ပေ။
လူငယ်လေးရဲ့အေးစက်နေသောအသံဟာလူနှစ်ဦးရဲ့နားထဲရောက်သွားပြီး ကုချန်းဖန်းနှင့်ကျိုးယုတို့နှစ်ယောက်စလုံးထိတ်လန့်သွားခဲ့သည်။
ကုချန်းဖန်းဟာ တစ်ဖက်လူရဲ့သတိပေးချက်တွေပါသောမျက်လုံးနက်တွေကိုကြည့်ခဲ့ပြီး သူ့နှလုံးသားအောက်ခြေမှလောင်ကျွမ်းနေသလိုခံစားခဲ့ရသည်။
ရှန့်ယန်ပေဟာXiucaiတစ်ဦး၊ အရွယ်မရောက်တရောက်ကောင်လေးတစ်ယောက်ကို အစေခံအဖြစ်လုပ်ဆောင်ဖို့လက်ခံထားခြင်းဟာ ပုံမှန်ဘဲဖြစ်သည်။
" ဟုတ်ကဲ့ " ကျိုးယုဟာအလွန်ပျော်ရွှင်သွားခဲ့သည်။ Xiucaiတစ်ဦး၏အစေခံကောင်လေးတစ်ယောက်ဖြစ်ခြင်းဟာ အလွန်အမင်းဂုဏ်ရှိသောအရာဖြစ်သည်။ လူအများကအားကျကြလိမ့်မည်။ ဤသို့ပွင့်ပွင့်လင်းလင်းလူသိသောဆက်ဆံရေးကြောင့် သူ့အတွက်ကိစ္စတွေကိုပြုလုပ်ရသည်မှာပိုလွယ်သွားမည်ဖြစ်သည်။
တပည့်လက်ခံခြင်းကိစ္စပြီးဆုံးသွားပြီးနောက် ကုချန်းဖန်းရဲ့အနေအထားဟာ ဆရာတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး သူဟာအသစ်လက်ခံထားသောတပည့်လေးကိုသင်ကြားပြသပေးခဲ့သည်။
" မင်း သိုင်းပညာကိုလေ့ကျင့်တဲ့အခါမှာ နေ့ချင်းညချင်းရလဒ်တွေရနိုင်မှာမဟုတ်ဘူး အထူးသဖြင့်မင်းစလေ့ကျင့်တဲ့အချိန်ကမငယ်တော့တာကြောင့် မင်းတစ်ခြားလူတွေထက်ပိုပြီးအားစိုက်ထုတ်ရမယ် "
" ဒါဆို အခြေခံနဲ့စတင်ပြီး မြင်းထိုင်လေ့ကျင့်မယ် " ကုချန်းဖန်းဟာ ကျိုးယုကိုမြင်းထိုင်နည်းအားသရုပ်ပြခဲ့သည် " မင်းခြေထောက်တွေကိုတစ်ဖက်နဲ့တစ်ဖက်အပြိုင်ထားပြီး ပခုံးကိုကျယ်ကျယ်ထား မင်းရင်ဘတ်နှင့်နောက်ကျောနဲ့ထိုင်ချလိုက် မင်းခြေသလုံးတွေကိုဖြောင့်ဖြောင့်ထားပြီးတော့ မင်းပေါင်ကိုမြေပြင်နဲ့အပြိုင်ထားရမယ် "
အချိန်ကြာသွားပြီးတော့ ကျိုးယုရဲ့နဖူးကိုတဖြည်းဖြည်းချွေးများနှင့်ဖုံးလွှမ်းလာခဲ့သည်။ သူ့ခြေထောက်နှစ်ဖက်စလုံးက မထိန်းချုပ်နိုင်လောက်အောင်တုန်ခါလာခဲ့ပေမယ့် သူဟာ သူ့သွားတွေကိုကြိတ်ထားခဲ့ပြီး ဘာစကားတစ်လုံးမှမပြောဘဲ၎င်း(မြင်းထိုင်ပုံစံ)ကိုထိန်းထားခဲ့သည်။
ဟင်းပွဲတွေက(နေ့လည်က) နေ့လည်စာအတွက်ပြုလုပ်ထားခဲ့သည်။ ဒါပေမယ့် သူတို့နှင့်အတူကျိုးယုကလည်းစားမည်ဆိုလျှင် သူဟင်းပွဲနောက်ထပ်နှစ်မျိုးထပ်ထည့်ရမည်ဖြစ်သည်။
အမ်! အရသာရှိအောင်တစ်ခုလုပ်ရမည်။ ၎င်းဟာတပည့်တစ်ယောက်လက်ခံလိုက်ခြင်းအတွက်သူ့ဇနီးကိုဂုဏ်ပြုဖို့ဖြစ်သည်။ ရှန့်ယန်ပေဟာငါးအမြှီးကိုကိုင်လိုက်ပြီး သွက်သွက်လက်လက်ငါးကိုတုံးလိုက်သည်။ အခုသူဟာကြက်ပေါက်နှင့်ဘဲပေါက်တို့ကိုမွေးမြူထားသောကြောင့် သူဟာအထူးအနေနှင့် အူနှင့်အတွင်းကလီစာတွေကိုအစာအဖြစ်အသုံးပြုဖို့ချန်ထားသည်။
စိတ်မကောင်းစွာနဲ့ဘဲ ရှန့်ယန်ပေဟာကိုင်ထားပြီးသောငါးကိုဆားရည်ထဲတွင်စိမ်လိုက်ပြီး ချက်ဖို့ပြင်ဆင်ခဲ့သည်။ သူဟာလှည့်လိုက်ပြီး အာလူးနှစ်လုံးကိုအခွံနွှာဖို့ကိုင်လိုက်သည်။ သူဟာချိုပြီးချဉ်သောအာလူးခြစ်ပြုလုပ်ရန်စီစဉ်ထားခဲ့သည်။
ဟင်းတွေအဆင်သင့်ဖြစ်သောအခါ စားဖို့အချိန်ရောက်လုနီးပါးဖြစ်နေသည်။
ငါးအူနှင့်အတွင်းကလီစာတွေကိုသယ်ဆောင်ပြီး သူဟာအိမ်နောက်ဖေးကိုလမ်းလျှောက်သွားခဲ့သည်။ ရှန့်ယန်ပေဟာကုချန်းဖန်းကိုတွေ့ခဲ့ပြီး ပြောခဲ့သည် " လုံလောက်ပြီ ဒီနေ့ပထမဆုံးနေ့ဘဲရှိသေးတယ် အရမ်းခက်ခက်ခဲခဲကြီးတွေမလေ့ကျင့်ပါနဲ့ ညစာစားဖို့အချိန်ရောက်နေပြီ "
" ကောင်းပါပြီ ဆရာ " ကျိုးယုဟာပြန်ဖြေပြီးနောက် ချက်ချင်းဒူးထောက်ကျသွားခဲ့သည်။ သူဟာချွေးတွေရွှဲနစ်နေပြီး သူ့ခြေထောက်တွေကအပ်တွေပေါ်မှာရှိနေသလိုဖြစ်နေသည်။ ၎င်းတို့ကနာကျင်လွန်းသောကြောင့် သူမထနိုင်ခဲ့ပေ။
အတွင်းကလီစာတွေကိုကြက်လှောင်အိမ်ထဲပစ်ထည့်ပြီးနောက် ကြက်ပေါက်တွေ၊ဘဲပေါက်တွေအားလုံးချက်ချင်းဆူညံစွာစုပြုံလာခဲ့ကာ ကလီစာတွေကိုအဝေးကိုယူသွားဖို့အလုအယက်တိုးလာကြသည်။ သူတို့စိတ်အားထက်သန်စွာစားနေကြသည်ကိုမြင်ပြီး ငုံ့ကြည့်နေသောရှန့်ယန်ပေဟာ သူ့ရဲ့ပါးစပ်ထောင့်အပေါ်သို့ ကွေးတက်သွားသည်ကိုခံစားခဲ့ရသည်။ သူဟာ မနက်ဖြန်ကျရင်မြစ်သို့သွားကာ မြစ်ခရုတစ်ချို့တူးလာပြီးအိမ်ပြန်ယူလာမည်ဟု ဆုံးဖြတ်ခဲ့သည်။
မတ်တပ်ရပ်လိုက်ပြီး သူဟာရေတွင်းဆီသို့သွားကာ သူ့လက်တွေကိုဆေးကြောဖို့ရေတစ်ချို့ဆွဲခဲ့သည်။ ရှန့်ယန်ပေဟာ သက်သာနေပြီဖြစ်သောကျိုးယုကိုကြည့်ကာပြောခဲ့သည် " ကျိုးယု အိမ်မပြန်ခင်အစာစားဖို့နေအုံး "
ကျိုးယုရဲ့မျက်လုံးတွေဟာအံ့အားသင့်မှုကြောင့်ပြူးကျယ်သွားခဲ့ပြီး စကားထစ်သွားခဲ့သည် " ကျွန် ....ကျွန်တော်....စား.....စားဖို့...နေရမယ်? "
" မင်းမှာပြဿနာရှိလို့လား? " ရှန့်ယန်ပေဟာပြုံးနေခဲ့သည်။ ၎င်းဟာနွေးထွေး၊ကြင်နာပြီးအန္တရာယ်ကင်းပုံပေါ်သည်။
" မဟုတ်.....မဟုတ်ပါဘူး " ကျိုးယုဟာ ကျေးဇူးကြောင့်လွှမ်းမိုးခံလိုက်ရပြီးချွေးအေးတွေထွက်လာကာ သူ့လက်နဲ့ခြေထောက်တွေကိုဘယ်မှာထားရမလဲတောင်မသိတော့ချေ။
ကုချန်းဖန်းဟာအနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့ပေမယ့်ဘာမှတော့မပြောခဲ့ချေ။ ရှန့်ယန်ပေသူဆီသို့လျှောက်သွားခဲ့ပြီး သူ့ကိုအိမ်ထဲညင်သာစွာတွန်းကာ ပြောခဲ့သည် " ကိုယ်ဟင်းနှစ်ပွဲထပ်ချက်ထားတယ် ကိုယ်တို့စားသောက်ပွဲလုပ်ပြီး အရက်နည်းနည်းသောက်ရအောင်နော် ဟုတ်ပြီလား? ဒီနေ့မင်းတပည့်တစ်ယောက်လက်ခံခဲ့တယ်လေ အဲ့ဒါကကျင်းပရမယ့်အကြောင်းအရင်းဘဲ "
ထိုအရာကိုကြားပြီးနောက် ကုချန်းဖန်းရဲ့မျက်မှောင်ဟာ တစ်ဖြည်းဖြည်းပြေလျော့လာခဲ့သည်။ သူ့ရဲ့မျက်ဝန်းနက်တွေကရှန့်ယန်ပေကိုတစ်ချက်ကြည့်ခဲ့ရင်း သူ့ရဲ့ခေါင်းကိုညင်သာစွာညိတ်ကာ ပြောခဲ့သည် " ကောင်းပြီ "
---------------------------------------------