no

Font
Theme

ရှန့်ယွီခိုင်ရဲ့ပြဿနာပြီးသွားပြီးနောက်လင်းမိသားစုမှလွဲ၍ကျန်ရှိနေသောမူလကိုယ်မိသားစုရဲ့လယ်တွေကိုငှားထားသည့်လူတွေဟာဆက်တိုက်ဆိုသလိုအကြွေးတွေကိုလာပေးခဲ့သည်။

ရှန့်ယန်ပေဟာပိုက်ဆံကိုရေတွက်ခဲ့ပြီးအားလုံးပေါင်းငွေစ၁၅တေးနှင့်ဝမ်၃၀၀ရှိပုံပေါ်သည်။ရှန့်ယန်ပေဟာစိတ်သက်သာရာရစွာသက်ပြင်းအနည်းငယ်ချလိုက်သည်။ငွေစ၁၅တေးကသိပ်အများကြီးတော့မဟုတ်ပေ။သူဟာအိမ်အတွက်ပစ္စည်းတွေအများကြီးဝယ်ဖို့လိုအပ်သည်။သူဟာအစားအစာ၊အဝတ်အစားနှင့်နေ့စဉ်အသုံးစရိတ်အတွက်ငွေပမာတစ်စိတ်တစ်ပိုင်းကိုအသုံးပြုရန်လိုအပ်နေဆဲဖြစ်သည်။သူ့ဇနီးမှာသေသေချာချာဂရုစိုက်ရမည့်ဒဏ်ရာတစ်ခုရှိနေပြီးဒီခန္ဓာကိုယ်ကအမြဲတမ်းကျန်းမာရေးချို့တဲ့နေသောကြောင့်သူပြန်ကျန်းမာလာစေရန်လိုအပ်သည်။

ပိုက်ဆံကိစ္စကလူငယ်လေးကိုတုန်လှုပ်စေခဲ့သည်။သူဟာငယ်ငယ်တုန်းကဆင်းရဲသောခံစားချက်ကိုတွေ့ကြုံဖူးပြီးဖြစ်၍ယခုနောက်ထပ်တစ်ကြိမ်ထပ်မံကြုံတွေ့မလိုတော့ပေ။ယခုအခါတွင်သူ့လက်ထဲမှာစီးပွားရေးတစ်ခုစတင်ရန်အရင်းအနှီးရှိနေပေမယ့်သူဟာငွေရှာဖို့အစီီအစဉ်ကိုအကောင်အထည်ဖော်ရန်စဉ်းစားနေရဆဲဖြစ်သည်။

"ဒီငွေတွေကိုသိမ်းထားဖို့ကကိုယ့်အတွက်မသင့်လျော်ဘူး မင်းသိမ်းထားလိုက်ရင်ပိုကောင်းမယ်"ကုချန်းဖန်းဟာရှန့်ယန်ပေခုနလေးတင်မှပေးထားသောအဝတ်ဖြင့်ပြုလုပ်ထားသည့်အိတ်ကိုကိုင်ထားခဲ့သည်။

"ဘာကြောင့်မသင့်တော််ရတာလဲ?"ကုချန်းဖန်းဟာသူ့ရဲ့မျက်ခုံးကိုပင့်လိုက်ရင်းမျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော်....."ကုချန်းဖန်းဟာလျှာကိုကိုက်လိုက်သည်။ငါကchongxiရည်ရွယ်ချက်အတွက်ခင်များဝယ်ခဲ့တဲ့အရာမျှသာဖြစ်တယ်။ဘယ်သူကဝယ်ခဲ့သောရုပ်ဆိုးဆိုးကောကိုမိသားစုရဲ့ပိုက်ဆံထိန်းသိမ်းဖို့ခွင့်ပြုပေးမှာလဲ?

"ဒီဟာကမိသားစုပိုက်ဆံဖြစ်ပြီးတော့မင်းကကိုယ့်ဇနီးလေ မင်းကိုမှမပေးရင်ကိုယ့်ဘယ်သူ့ကိုပေးသင့်ရမှာလဲ?"ရှန့်ယန်ပေကသူ့ရဲ့လက်ကိုပွတ်လိုက်သည်။"‌ဟုတ်ပြီ မင်းဒီငွေတွေကိုသေသေချာချာသိမ်းထားနော် ဆန်နဲ့အသီးအရွက်တစ်ချို့ဝယ်ဖို့သုံးလိုက်ပါအုံး ကိုယ်တော့ငါးနဲ့ယုန်ကိုအရင်သွားကိုင်တွယ်လိုက်အုံးမယ် ဒီယုန်ကိုမင်းချက်လိုက်‌စေချင်လားစွပ်ပြုတ်လုပ်‌စေချင်လား?"

သူဟာမူလကိုယ်ကချက်ပြုတ်ရတာကိုမကြိုက်ဘူးဆိုတာပြန်သတိရသွားပြီး'ယောက်ျားတစ်ယောက်ဟာမီးဖိုချောင်နဲ့ဝေးဝေးမှာနေရမယ်'ဟူသောသင်ကြားချက်ကိုတောင်လိုက်နာခဲ့သည်။သူဟာမီးဖိုချောင်အနီးသို့ချဉ်းကပ်သွားတာတောင်မဖြစ်နိုင်ပေ။ရှန့်ယန်ပေဟာသူ့ရဲ့လက်ညိုးကိုမြှောက်လိုက်ပြီး'ရှူး'ဟူသောအသံတစ်ခုပေးလိုက်သည်။ရှန့်ယန်ပေဟာသူ့အသံကိုနိမ့်လိုက်ကာကုချန်းဖန်းးရဲ့နားရွက်ဆီသို့လျှို့ဝှက်စွာကပ်ပြောလိုက်သည် "ကိုယ်ကချက်ပြုတ်ရတာကြိုက်တယ် ကိုယ့်မိဘတွေအသက်ရှင်နေတုန်းဘဲဆိုရင်ကိုယ်ချက်ပြုတ်ဖို့မီးဖိုချောင်ကိုလျှို့လျှို့ဝှက်ဝှက်သွားနေလိမ့်မယ်"

ရှန့်ယန်ပေဟာသူ့ရဲ့စိတ်ထဲမှာတောင်းပန်လိုက်ပေမယ့်အရှက်မဲ့စွာပြောနေဆဲဖြစ်သည် "ဒါကလျှို့ဝှက်ချက်တစ်ခုဘဲ အခုမင်းကဒါကိုသိတဲ့တစ်ဦးတည်းသောသူဖြစ်တယ်"

Xiucaiတစ်ယောက်ဟာမမျှော်လင့်ဘဲချက်ပြုတ်ရတာကိုတကယ်ကြိုက်ပြီးတော့ချက်ပြုတ်ဖို့မီးဖိုချောင်ကိုတောင်လျှို့ဝှက်စွာသွားတာလား?ဒီသတင်းသာအပြင်ကိုပြန့်သွားခဲ့ရင်သူကတခြားပညာသင်ကျောင်းသားတွေရဲ့လှောင်ပြောင်ခြင်းကိုခံရမှာသေချာသည်။

ဒါပေမယ့်ရှန့်ယန်ပေဟာသူ့ကိုပွင့်ပွင့်လင်းလင်းပြောခဲ့ပြီးသူ့အတွက်ချက်ပြုတ်ပေးလိမ့်မည်!ကုချန်းဖန်းရဲ့စိတ်အခြေအနေကချွင်းချက်မရှိလှုပ်ခါနေပြီးသူ့နှလုံးသားဟာ'ဘန်း ဘန်း'ဟုခုန်နေကာသူ့ရင်ဘတ်ကိုအပြင်းအထန်ထိမိနေရင်းသူဟာအမြန်ပြောခဲ့သည် "ကျွန်တော်သေချာပေါက်ဒီလျှို့ဝှက်ချက်ကိုထိန်းသိမ်းထားပေးပါ့မယ်"

သူ့ရဲ့စိတ်အားထက်သန်ပြီးလေးနက်သောအမူအရာကိုတွေ့သောအခါရှန့်ယန်ပေဟာရွှင်မြူးလာခဲ့သည်။သူကသူ့နှုတ်ခမ်းအားကုချန်းဖန်းးရဲ့မျက်နှာကိုဖိကပ်ပြီးအနမ်းတစ်ခုပေးလိုက်ရင်းစိတ်လှုပ်ရှားစွာပြောခဲ့သည် "ကိုယ်ဟင်းချက်နေပေမယ့်မင်းလာကူရအုံးမယ်နော်"

ငါးဗိုက်သားကိုစားနေသောကုချန်းဖန်းရဲ့မျက်နှာဟာအနည်းငယ်နီရဲသွားခဲ့ရင်းသူဟာခေါင်းယမ်းလိုက်သည်။အိမ်မှာရှိသောပရိဘောဂတွေဟာအနည်းငယ်ဟောင်းနေပေမယ့်အသုံးပြုလို့ရနေဆဲဖြစ်သည်။အခုချိန်မှာသူတို့ကသိပ်အဆင်မပြေသေးသောကြောင့်ငွေစုထားပြီးစီးပွားရေးလုပ်သင့်သည်။

"ငွေနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့ ငွေရှာခြင်းရဲ့အဓိကအချက်ကသုံးဖို့လေ မင်းကအိမ်တံခါးကိုဝင်လာ‌ပြီးတော့မင်းအပေါ်ကိုအမှားမလုပ်မိချင်ဘူး" ရှန့်ယန်ပေဟာအရသာခံဖို့ယုန်သားကိုပါးစပ်အပြည့်စားလိုက်ပြီးသူ့ရဲ့မျက်ခုံးတွေဟာပင့်တက်သွားခဲ့သည်။ဟင်းခေတ်အမွှေးအကြိုင်အနေနှင့်အိမ်မှာဆားနည်းနည်းရှိတာမှလွဲ၍တခြားဘယ်အရာမှမရှိပေ။သူ့ရဲ့ဟင်းချက်စွမ်းရည်ကဘယ်လောက်ဘဲကောင်းနေပါစေချက်ထားသောအသားအရသာကဘာနှင့်တူလဲဆိုတာကိုစကားလုံးအနည်းငယ်နှင့်ရှင်းပြဖို့ခက်ခဲနေဆဲဖြစ်သည်။

ယုန်သားကိုခက်ခက်ခဲခဲမျိုချလိုက်ပြီးနောက်ရှန့်ယန်ပေဟာနောက်ဆုံးလုပ်ရမှာကိုဆုံးဖြတ်ခဲ့သည် "ဒါဘဲ မနက်ဖြန်အာရုံတက်မှာ ကိုယ့်တို့ကြည့်ကြည့်ဖို့နဲ့လိုအပ်တာတွေဝယ်ဖို့မြို့ကိုသွားကြမယ်"ဘာဟင်းခတ်အမွှေးအကြိုင်မှမရှိဘဲနဲ့တော့သူဟာတစ်နေ့လေးတောင်မနေနိုင်ပေ။သူဟာမော်ဒန်ခေတ်မှာအများအားဖြင့်သုံးခဲ့သောဟင်းခတ်အမွှေးအကြိုင်တွေကိုရှာဖို့မြို့ကိုသွားရလိမ့်မည်။

"ကောင်းပြီ" ကုချန်းဖန်းဟာပြန်ဖြေလိုက်ပြီးသူစားနေသောအားလူးချိုရဲ့ချိုမြိန်မှုဟာသူ့နှလုံးသားထဲတည့်တည့်ရောက်သွားသလိုခံစားနေရသည်။

သူတို့အစားအစာတွေကိုစားပြီးနောက်ပန်းကန်လုံးနှင့်တူတွေကိုသပ်သပ်ရပ်ရပ်စနစ်တကျထားလိုက်ပြီးနှစ်ယောက်စလုံးကငွေစကိုယူကာအိမ်မှထွက်ရန်ပြင်ဆင်ခဲ့သည်။

"ကျိုးယု?မင်းဒီမှာဘာလုပ်နေတာလဲ?"သူတို့အိမ်ကထွက်လိုက်လိုက်ချင်းရှန့်ယန်ပေဟာကောင်ငယ်လေးတစ်ယောက်ခေါင်းအောက်ငုံ့ထားကာသူ့တိုအိမ်ရှေ့ကမြေကြီးပေါ်မှာသစ်ကိုင်းတစ်ခုနှင့်ရေးခြစ်ပြီးထိုင်နေ‌သည်ကိုတွေ့လိုက်ရသည်။

ကုချန်းဖန်းဟာအနည်းငယ်အံ့ဩသွားခဲ့သည်။သူဟာ‌ကျိုးယုကသူ့ကိုလာရှာသည်ကိုမမျှော်လင့်ထားပုံပေါ်သည်။

ကျိုးယုဟာမတ်တပ်ရပ်ခဲ့ပြီးခေါင်းကုတ်ကာမေးလိုက်သည် "ခင်များအပြင်သွားကြမလို့လား?"

"ငါတို့လက်သမားကိုသွားရှာပြီးပရိဘောဂအချို့မှာမလို့"ရှန့်ယန်ပေဟာအနည်းငယ်ပြုံး၍ပြောလိုက်သည်။

ကျိုးယုဟာအနည်းငယ်အံ့ဩသွားခဲ့ပြီးမရှင်းမလင်းပြောခဲ့သည် "ရှန့်Xiucai ခင်များမိသားစုကတကယ်ထူးဆန်းတာဘဲ တခြားမိသားစုတွေကဇနီးမယူခင်ပရိဘောဂတွေပြုလုပ်တာဒါမှမဟုတ်ဝယ်တာလုပ်ကြပေမယ့်ခင်များမိသားစုကတော့ပြောင်းပြန်လုပ်နေကြတယ် ဇနီးကတံခါးကဝင်လာခဲ့ပြီးမှခင်များကပရိဘောဂဝယ်ခဲ့တယ်"

ဒီလိုပြောနေတာကဒီကလေးသူနှင့်ပတ်သက်ပြီးသဘောထားတစ်ခုခုများရှိနေတာလား?ရှန့်ယန်ပေဟာနူးနူးညံ့ညံ့ပြုံးရင်းပြောခဲ့သည် "ငါတို့အိမ်ထောင်ရေးကနည်းနည်းအလျင်စလိုဖြစ်သွားတာကြောင့်အမှာလုပ်ဖို့အချိန်မရှိခဲ့တာ"

မူလကိုယ်ရဲ့မိသားစုနှင့်ပတ်သက်သောအခြေအနေဟာရွာထဲမှာအမြဲတမ်းလူသိများသည်။ရွာသားတစ်ယောက်အနေနှင့်ကလေးတစ်ယောက်အတွက်ဒီကိစ္စတွေကိုမသိဖို့မဖြစ်နိုင်ပေ။အခုဒီလိုပြောနေတာကဒီကလေးကသူ့ဇနီးကိုယ်စားမကျေမနပ်ဖြစ်နေတာများဖြစ်နိုင်မလား?

သူအစားအစာတွေပြင်ဆင်နေတုန်းကရှန့်ယန်ပေဟာကုချန်းဖန်းအားကျိုးယုနှင့်ရင်းနှီးလားမရင်းနှီးဘူးလားမေးခဲ့ပြီးသူ(ချန်းဖန်း)ဟာသူ(ကျိုးယု)နှင့်မရင်းနှီးဘူးလို့သာသူ့ဇနီးကပြောခဲ့သည်။သို့သော်သူဟာထင်းခုတ်ဖို့တောင်ပေါ်တက်သွားသောအခါခြေချော်ပြီးချောက်ကမ်းပါး‌ပေါ်ကပြုတ်ကျတော့မည့်ကျိုးယုကိုတွေ့ပြီးကယ်တင်ခဲ့တယ်လို့လည်းပြောခဲ့သည်။

ရှန့်ယန်ပေရဲ့မျက်ခုံးတွေဟာအနည်းငယ်ပင့်တင်ခံလိုက်ရသည်။ဒါဆိုသူ့(ကျိုးယု)အသက်ကိုကယ်တင်ခဲ့တဲ့အတွက်သူ့(ချန်းဖန်း)ကိုပြန်ပေးဆပ်ဖို့လား?ဒါပေမယ့်ဒါတင်မကသေးပုံပေါ်တယ်

ကျိုးယုဟာမျှော်လင့်ချက်တွေပြည့်နှက်နေသောမျက်လုံးများနှင့်သူ့ကိုကြည့်ရင်းပြောခဲ့သည် "ကျွန်တော်ခင်များကိုကျွန်တော့်ဆရာအဖြစ်ရိုသေလေးစားလို့ရနိုင်မလား"

ကုချန်းဖန်းကပဟေဠိဖြစ်နေစဉ်ရှန့်ယန်ပေဟာလန့်သွားခဲ့သည်။

"ဖြစ်နိုင်မလား"ကျိုးယုရဲ့အသံအနည်းငယ်ပို၍ပျော့ပျောင်းလာခဲ့သည်။"ကျွန်တော့်ကိုအဆင်မြင့်တာတွေသင်ပေးစရာမလိုပါဘူး လက်သီးနဲ့ခြေထောက်တွေကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင်ဘဲသင်ပေးပါလား ဒါမှကျွန်တော်အမဲလိုက်ဖို့တောင်ပေါ်တက်နိုင်မှာ"

ရှန့်ယန်ပေဟာသူ့မျက်ခုံးတွေကိုကျုံ့လိုက်ရင်းသူ့ရှေ့ကကောင်လေးကိုကြည့်လိုက်သည်။ကောင်လေးဟာအသားမဲမဲပိန်ပိန်ပါးပါးဖြစ်နေပေမယ့်ဆင်းရဲခြင်းကိုအရှုံးမပေးဘဲသူ့မျက်လုံးတွေကတောင်ကြည်လင်ပြီးရဲစွမ်းသတ္တိအပြည့်ဖြစ်နေသည်။

ကုချန်းဖန်းဟာသူ့ခေါင်းကိုလှည့်၍ရှန့်ယန်ပေကိုကြည့်လိုက်သည်။ကျိုးယုရဲ့တောင်းဆိုချက်ကိုဘယ်လိုပြန်ဖြေရမလဲဆိုတာသူမသိ‌ချေ။သူဟာသိုင်းပညာရှင်တစ်ယောက်ဖြစ်ပေမယ့်တစ်ခါမှတပည့်လက်မခံဖူးရုံသာမကတပည့်နှင့်ပတ်သက်ပြီးတောင်မတွေးဖူးခဲ့ပေ။ဒါ့အပြင်သူဟာကောတစ်ယောက်ဖြစ်သည်။

ကုချန်းဖန်းကသူ့ကိုကယ်တင်လိုက်သောအခါထိုအချိန်မှာသူဟာသူ့ရဲ့တပည့်ဖြစ်လာပြီးသူ့ကိုဆရာတစ်ယောက်အဖြစ်ဆည်းကပ်ချင်သောရည်ရွယ်ချက်ရှိလာသည်။သို့သော်သူ့ကျေးဇူးရှင်ကိုchongxiသတို့သမီးတစ်ယောက်အနေနှင့်အသုံးပြုဖို့ဆင်းရဲသောရှန့်ယန်Xiucaiကဝယ်ခဲ့သောကြောင့်သူ့အတွေးတွေကိုရပ်ထားခဲ့ရသည်။ဒီမနက်ခင်းတွင်ရှန့်ယန်ပေရဲ့အပြုအမူနှင့်သဘောထားကိုမြင်ခဲ့သောအခါမှထပ်မံ၍သူဟာနှလုံးသားထဲတွင်မျှော်လင့်ချက်များရှိလာသလိုခံစားခဲ့ရသည်။

ကုချန်းဖန်းကသူ့ကိုတပည့်အဖြစ်လက်ခံဖို့ဆန္ဒရှိမယ်ဆိုရင်သူကကျွမ်းကျင်သိုင်းပညာရှင်ဖြစ်လာဖို့မလုပ်ဆောင်နိုင်ရင်တောင်မှသူသေလောက်အောင်ငတ်မွတ်နေမှာတော့မဟုတ်ပေ။

ကောင်ငယ်လေးရဲ့ပုံရိပ်သူတို့မြင်ကွင်းထဲကပျောက်ကွယ်သွားသောအခါရှန့်ယန်ပေကကုချန်းဖန်းဘက်လှည့်၍ပြုံးကာပြောလိုက်သည် "ကိုယ့်ဇနီးကအရမ်းအံ့ဩစရာကောင်းတာဘဲ သူ့ရဲ့ဆရာအနေနဲ့ဆည်းကပ်ဖို့လာတဲ့တစ်ယောက်ယောက်ရှိနေတယ်"

ကုချန်းဖန်းဟာသူ့နှလုံးသားထဲမှာစိတ်သက်သာရာရမှုနှင့်သက်ပြင်းချလိုက်သည်။တစ်ဖက်လူကငယ်ရွယ်သေးသော်လည်းအဆုံးမှာတော့သူဟာယောက်ျားတစ်ယောက်ဖြစ်သည်။သူ့မျက်နှာလူကြားထဲမှာပြပြီးတခြားအမျိုးသားနှင့်တောင်နီးနီးကပ်ကပ်လမ်းလျှောက်သောကောတစ်ယောက်အနေနှင့်…ကံကောင်းစွာပင်ရှန့်ယန်ပေကမကျေမနပ်မဖြစ်ခဲ့ပေ။

ညနေဘက်မှာတော့သူ့တို့နှစ်ယောက်ဟာကျိုးနေသောကုတင်ပေါ်တွင်လှဲနေရဆဲဖြစ်သည်။ဒါနှင့်ပတ်သက်၍သူတို့ဘာမှမလုပ်နိုင်ခဲ့ချေ။ကုတင်ကိုဝယ်ပြီးနောက်အိမ်ပြန်သယ်သွားနိုင်ပြီးအမြန်အသုံးပြုနိုင်ရန်တိုက်ရိုက်ဆွဲ၍တပ်ဆင်နိုင်သောမော်ဒန်ခေတ်ကကုတင်လိုမဟုတ်ပေ။သူတို့မြန်မြန်လုပ်ရင်တောင်မှကုတင်ကောင်းကောင်းတစ်လုံးလုပ်ဖို့အများဆုံးခုနှစ်ညမှရှစ်ညပတ်လည်လောက်အချိန်ယူရတယ်လို့လက်သမားဆရာလီကပြောခဲ့သည်။သူတို့နှစ်ယောက်ဟာလက်ခံဖို့လွဲလို့တခြားရွေးစရာမရှိခဲ့ချေ။

"ကျိုးယုကမင်းကိုသူ့ဆရာအနေနဲ့ဆည်းကပ်ချင်နေတာကိုမင်းဘယ်လိုတွေးထားလဲ?" အဆုံးမဲ့သောညတွေမှာသူတို့လုပ်နိုင်သောစိတ်ဝင်စားစရာအရာဘာမှမရှိပေ။ရှန့်ယန်ပေဟာသူ့ဇနီးဘေးမှာသာလှဲနေနိုင်ပြီးတော့ကြံ့ခိုင်သန်မာသောကြွက်သားတွေကိုထိနေစဉ်အတင်းပြောနေကာသူ့ရဲ့ပျင်းရိမှုကိုပြေပျောက်စေရန်အသားယူနေသည်။

သူထိတွေ့နေခြင်းကကုချန်းဖန်းကိုခေါင်းမှခြေဖျားထိပူလောင်စေပြီးတော့ရှင်းရှင်းလင်းလင်းစကားပြောဖို့အခက်တွေ့စေသည် "ကျွန်..ကျွန်တော်ကကောတစ်ယောက်လေ… ဘယ် …ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…တခြားလူတွေရဲ့ဆရာဖြစ်ဖို့က…အ"

"ကောတစ်ယောက်ဖြစ်နေတာဘာမှားလို့လဲ?ဘာကြောင့်ဒါကိုလုပ်လို့မရရမှာလဲ?"ရှန့်ယန်ပေဟာဘေးကိုလှည့်လိုက်ပြီးသူ့ဇနီးကိုသူ့အောက်ဖိထားလိုက်သည်။

ကုချန်းဖန်းရဲ့မျက်နှာဟာတော်တော့်ကိုနီရဲနေစဉ်သူ့ရဲ့ကြေးရောင်အသားအရေဟာလည်းနီရဲနေသည်။သူဟာရှန့်ယန်ပေကိုတည့်တည့်တောင်မကြည့်ရဲပေ။

"တစ်ခြားလူတွေလှောင်ပြောင်ကြလိမ့်မယ် ကောဆရာကိုဆည်းကပ်တဲ့တပည့်တွေကနှိမ့်ချခံနေရစဉ်အဲ့ဒီရိုးသားပြီး‌ဖြောင့်မတ်တဲ့ကောဆရာကလည်းလူတွေရဲ့တံတွေး‌ထွေးပြီးကဲ့ရဲ့ခြင်းကိုခံရလိမ့်မယ်"

ကောဆိုတာပုံမှန်မဟု‌တ်သောတည်ရှိမှုဖြစ်သည်။သူတို့ပုံစံကအမျိုးသမီးတွေလိုမနူးညံ့ဘဲသူတို့ရဲ့သန်မာမှုကလည်းအမျိုးသားတွေနှင့်နှိုင်းယှဉ်လို့မရပေ။သူတို့ကကလေးတွေကိုမွေးထုတ်ပေးနိုင်သော်လည်းသူတို့ရဲ့ကိုယ်ဝန်ဟာအမျိုးသမီးတွေနှင့်ယှဉ်ရင်အရမ်းအန္တရာယ်များသည်။ဒါ‌တင်မကသေးဘဲကောတွေဟာသူတို့မွေးထားသောကလေးတွေကိုမိန်းမတွေလိုမျိုးနို့တိုက်လို့မရချေ။

ရှန့်ယန်ပေရဲ့မျက်ခုံးဟာရှုပ်ထွေးမှုကြောင့်ကျုံ့သွားခဲ့ရင်းဒီသဘောတရားကိုသူတကယ်နားမလည်နိုင်ပေ။ဆရာတစ်ယောက်အဖြစ်တစ်စုံတစ်ယောက်ကိုဆည်းကပ်ခြင်းရဲ့ရည်ရွယ်ချက်ဟာကျွမ်းကျင်မှုဒါမှမဟုတ်ပညာတစ်ခုခုကိုသင်ယူဖို့ဖြစ်တယ် ဒါအကုန်ဘဲလေ ဘာကြောင့်ယောက်ျားဖြစ်တာမိန်းမဖြစ်တာနဲ့သက်ဆိုင်နေရတာလဲ?

"မင်းပြောတဲ့စကားအရဆိုမင်းကကောတစ်ယောက်ဖြစ်ပြီးမမျှော်လင့်ဘဲတစ်စုံ‌တစ်ယောက်ကမင်းကိုသိုင်းပညာသင်ပေးဖို့လက်ခံခဲ့တယ် ဒါဆိုမင်းကိုသင်ပေးတဲ့ပုဂ္ဂိုလ်ကလည်းတခြားလူတွေရဲ့လှောင်ပြောင်တာကိုခံရမှာလား?"

ကုချန်းဖန်းဟာထိုစကားတွေကြောင့်ငုတ်တုတ်မေ့နေပေမယ့်ရှန့်ယန်ပေကဆက်ပြောခဲ့သည် "ဒါမဲ့မင်းကလည်းသင်ကြားခဲ့တယ်မလား?ဒါတင်မကသေးဘဲမင်းကကောင်းကောင်းသင်ယူနိုင်ခဲ့ပြီးတော့သိုင်းပညာမှာအရမ်းတော်တယ်လေ ဟုတ်တယ်မလား?" သူ့ဇနီးကအရာအားလုံးကောင်းပေမယ့်သူဟာအလွန်အမင်းကိုကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းသည်။

"ဒါဆို ဒါကတခြားသူတွေပြောတဲ့အရာတွေ၊သူတို့ရဲ့သဘောထားတွေနဲ့လုပ်စရာဘာမှမရှိဘူး အရေးအကြီးဆုံးအရာကမင်းဘာကိုယုံကြည်လဲနဲ့မင်းဘာလုပ်ချင်တာလဲဘဲ"သူဟာရှေးရိုးစွဲတာကိုဆန့်ကျင်ဖို့ဘာမှမပြောနိုင်သော်လည်းဒီရှေးရိုးစွဲမလိုမုန်းထားမှုမျိုးကိုတော့သူဟာအမှန်တကယ်မုန်းပါသည်။

သူ့ဇနီးအလွန်အမင်းကိုကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းပြီးတော့၎င်းဟာတစ်ဝက်ကဒီအန္တရယ်ဖြစ်စေသောမလိုမုန်းထားမှုကြောင့်ဖြစ်တယ်ဆိုတာကိုခန့်မှန်းနိုင်ပါသည်။သူဟာသူ့ဇနီးကိုထိုရှေးရိုးဆန်မှုတွေကိုဖယ်ထုတ်နိုင်ဖို့နှင့်ဘဝမှာမှန်ကန်သောအမြင်ကိုထူထောင်နိုင်ဖို့ကူညီရမည်။

ကုချန်းဖန်းဟာအသံတိတ်နေရင်းထိုကိစ္စနှင့်ပတ်သက်ပြီးလေးလေးနက်နက်တွေးနေခဲ့သည်။

ရှန့်ယန်ပေဟာသူ့ကိုဦးနှောက်ဆေးဖို့ဆက်လက်ပြောခဲ့သည် "ကမ္ဘာကြီးကအလွန်အကျွံအရပ်ရှည်ပြီးကြံ့ခိုင်သန်မာတဲ့ကောကိုမကြိုက်ပေမယ့်ကိုယ်ကတော့ကြိုက်တယ် တစ်ခြားလူတွေကချိုမြိန်နူးညံ့ပြီးချစ်စရာကောင်းတဲ့ကောကိုကြိုက်ကြပေမယ့်ကိုယ်ကြိုက်တာကတော့မင်းဘဲ"

"တစ်ခြားလူတွေရဲ့သဘောထားကကိုယ့်အပေါ်မှာဘာလွှမ်းမိုးမှုမှမရှိဘူး ဘာလို့လဲဆိုမင်းကိုကြိုက်တဲ့ကိုယ့်နှလုံးသားကပြတ်သားခိုင်မာလို့ဘဲ"ရှန့်ယန်ပေဟာသူ့မျက်လုံးတွေထဲကိုစိုက်ကြည့်ပြီးဖြည်းဖြည်းချင်းပြောလိုက်သည်။

မူလကတော့သူဟာကုချန်းဖန်းကိုတပည့်လက်မခံစေချင်ခဲ့ပေ။သို့သော်သူ့ဇနီးကကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့လိုအပ်နေပြီးဒါဟာအခွင့်ကောင်းတစ်ခုဖြစ်သည်။

---------------------------------------------

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment