no

Font
Theme

ယောက်ျား .....သူ..... ငါ့ကိုတကယ်ကြိုက်တယ်!

ဒီအကြောင်းဘဲစိတ်ထဲမှာရှိသောကုချန်းဖန်းကိုမူးဝေသွားသည်အထိရှန့်ယန်ပေဟာထိတွေ့နေခဲ့သည်။ထိုသို့ထိတွေ့ခြင်းသည်ရှန့်ယန်ပေကိုယ်တိုင်ကိုမရပ်နိုင်ဖြစ်လာစေသောကြောင့်သူဟာသူ့ဇနီးရဲ့သန်မာသောခန္ဓာကိုယ်ကိုပွေ့ဖက်၍အိပ်လိုက်တော့သည်။

သူတို့ဟာအာရုဏ်တက်သည်အထိအိပ်ခဲ့ကြသည်။

သူ့ရဲ့ခန္ဓာကိုယ်အကြောဆန့်လိုက်ရင်းရှန့်ယန်ပေဟာတံခါးဖွင့်လိုက်ပြီးခြံဝင်းထဲမှာသစ်ခုတ်နေသောကုချန်းဖန်းကိုလှမ်းကြည့်လိုက်သည်။

ထိုလူဟာသူ့လက်ထဲကပုဆိန်ကိုလွှဲခုတ်သောနေရာမှာအာရုံစိုက်နေခဲ့သည်။သူ့ရဲ့သန်မာသောကြွက်သားတွေကပုဆိန်ကိုလွှဲခုတ်နေသောအချိန်တွင်အနည်းငယ်ဖောင်းကားလာပြီးသစ်သားဟာဒေါင်လိုက်ချက်ချင်းကွဲထွက်သွားသည်။သူ(ယန်ပေ)ဟာမြေပြင်ပေါ်သို့ကြည့်လိုက်သောအခါခုတ်ထားသောထင်းပုံတွေဟာသပ်သပ်ရပ်ရပ်ဖြစ်နေတာကိုတွေ့ခဲ့သည်။

မနက်စောစောမှာသူ့ကိုဒီလိုချိုမြိန်သောမြင်ကွင်းမျိုးမြင်ခွင့်ပြုတယ်!!

ရှန့်ယန်ပေသည်ထိုလူရဲ့လည်တိုင်ကချွေးဟာပျားရည်ရောင်အသားအရေမှတစ်ဆင့်ကြမ်းတမ်းသောအဝတ်တွေကြားထဲကွယ်ပျောက်သွားသည်အထိတိုင်အောင်တစ်ဝက်ပေါ်နေသောရင်ဘတ်ကြွက်သားတွေပေါ်စီးဆင်းနေတာကိုစူးရှသောမျက်လုံးများနှင့်ကြည့်နေခဲ့သည်။

ရှန့်ယန်ပေဟာအမှတ်တမဲ့သူ့ရဲ့နှုတ်ခမ်းကိုသပ်လိုက်မိပြီးသူ့ရဲ့မျက်လုံးထဲမှာလည်းမီးပွားတွေရှိနေခဲ့သည်။

ထိုအကြည့်တွေကအရမ်းပူလောင်ပြင်းပြနေပြီးတော့ကုချန်းဖန်းအတွက်ခံစားမိဖို့မခက်ခဲချေ။သူဟာခေါင်းလှည့်လိုက်သောအခါသူတို့ရဲ့အကြည့်တွေဆုံသွားပြီးရှန့်ယန်ပေရဲ့မဖုံးကွယ်ထားသောအကြည့်တွေကိုမြင်လိုက်ရသည်။သူ(ချန်းဖန်း)ဟာသူ့မျက်နှာပူလောင်နေတယ်လို့ခံစားလိုက်ရသည်။

မနေ့ညကရှန့်ယန်ပေဟာသူတို့မနက်ကျကောင်တီမြို့ကိုသွားကြမယ်လို့ပြောခဲ့သည်။ထို့ကြောင့်မနက်စောစောထ၍ရေသယ်ခဲ့ပြီးထင်းအချို့ခုတ်နေခဲ့တာဖြစ်သည်။

ထို့နောက်ရှန့်ယန်ပေကအမှန်တကယ်တစ်ချက်ကိုက်လိုက်ပြီးသူ့နှုတ်ခမ်းကိုကုချန်းဖန်းရဲ့နှုတ်ခမ်းတွေပေါ်တံဆိပ်ခတ်လိုက်သည်။ကုချန်းဖန်းရဲ့နီရဲနေပြီးသောမျက်နှာဟာပို၍ပင်နီရဲလာခဲ့သည်။သူဟာပဟေဠိ‌ဖြစ်နေသောအသံဖြင့်မေးလိုက်သည် "ကျွန်တော်ဘာအမှားလုပ်ခဲ့မိလို့လဲ…ဟင်?"

ရှန့်ယန်ပေရဲ့နှုတ်ခမ်းတွေပေါ်ကမရေမ‌ရာသောအပြုံးတွေနှင့်သူပေးသောအဓိပ္ပာယ်ပြည့်‌ဝသည့်အကြည့်တွေဟာသူဘာကိုဆိုလိုတယ်ဆိုတာကုချန်းဖန်းနားလည်သွားစေဖို့လုံလောက်ခဲ့ပြီးသူ့မျက်နှာဟာပေါက်ကွဲလုနီးပါးနီရဲလာခဲ့သည်။သူဟာပူလောင်ပြီးစိတ်လှုပ်ရှားမှုကိုခံစားရနေ‌စဉ်ပြောလိုက်သည် "ကျွန်…ကျွန်တော်အရင်သွားဆေးကြောပြီးအင်္ကျီလဲလိုက်မယ်" ထို့နောက်ထွက်ပြေးသွားခဲ့သည်။

................

ကောင်တီမြို့ကရှန့်ကျားရွာမှသိပ်မဝေးပေ။သို့ရာတွင်ရှန့်ယန်ပေရဲ့ခန္ဓာကိုယ်ကအားနည်းနေဆဲဖြစ်သောကြောင့်ရှည်လျားသောလမ်းမှာလမ်းလျှောက်ရန်မဖြစ်နိုင်သေးချေ။သူတို့နှစ်ယောက်ဟာဦးလေးရှန့်ဆိုသောရွာသားတစ်ဦးပိုင်ဆိုင်သည့်နွားလှည်းပေါ်မှာထိုင်လိုက်ရသည်။

ဒီနေ့ရှန့်ယန်ပေနှင့်ကုချန်းဖန်းတို့နှစ်ယောက်လုံးဟာကောင်တီမြို့သို့သွားရန်နွားလှည်းငှားခဲ့ကြသည်။နှစ်ယောက်စလုံးဟာနွားလှည်းနောက်တွင်ပခုံးချင်းယှဉ်ထိုင်နေခဲ့ကြသည်။သူတို့ရဲ့ခြေထောက်တွေကိုအောက်သို့ချထားရင်းနွားလှည်းသွားနေစဉ်တစ်လျှောက်သူတို့ရဲ့ခန္ဓာကိုယ်ကပါအတူယိမ်းယိုင်နေခဲ့သည်။

အမှန်မှာနွားလှည်းစီးရသည်ကဘာမှမမှားပေ။လမ်းမပေါ်တွင်လတ်ဆတ်သန့်ရှင်းသောလေထုရှိနေသည်။နေရောင်ခြည်ကနွေးထွေးနေပြီးတော့လေပြေလေညင်းလေးကတိုက်ခတ်နေသည်။သူ့ရဲ့ချစ်စရာကောင်းပြီးခံ့ညားသော‌ဇနီးလေးကလည်းရှိနေသည်။

ကုချန်းဖန်းရဲ့နောက်ကျောသည်သူထိုင်နေသောအချိန်တွင်တစ်ဖြောင့်တည်းဖြစ်နေသည်။လူငယ်လေးရဲ့အနည်းငယ်အေးသောလက်ချောင်ထိပ်တွေနဲ့အရေပြားချင်းထိတွေ့နေချိန်တွင်သူ့ရဲ့ပျားရည်ရောင်အသားအရေဟာအနည်းငယ်နီနေပြီးသူ့နှလုံးသားထဲကိုလည်းအပူတွေပို့နေခဲ့သည်။အေးမြသောလက်တွေကသူ့နှလုံးသားကိုသက်သာအောင်မလုပ်ပေးနိုင်ချေ။အဲ့ဒီအစားအနည်းငယ်အေးမြခြင်းကသူ့ကိုပိုပိုပြီးစိတ်လှုပ်ရှားလာစေသည်။

ကုချန်းဖန်းရဲ့နှလုံးသားဟာလှုပ်ခတ်နေရင်းရှန့်ယန်ပေကိုတိတ်ဆိတ်ကြည့်လိုက်မိသည်။ရှန့်ယန်ပေကသူ့ကိုကြည့်နေခဲ့တာကိုတော့သူမျှော်လင့်မထားခဲ့ချေ။

မီးစလေးတစ်ခုဟာရှန့်ယန်ပေရဲ့မျက်လုံးထဲတွင်ပေါက်ကွဲသွားခဲ့ပြီးသူ(ယန်ပေ)သည်သူ့(ချန်းဖန်း)ရဲ့လက်ကိုဆွဲလိုက်လိုက်ချင်းထိုလူဟာအမှတ်တမဲ့သူ့ပေါ်ကိုလဲကျသွားခဲ့သည်။

ကုချန်းဖန်းဟာရှက်ရွံ့သွားခဲ့ပြီးဘေးဘီကိုလှည့်ကြည့်လိုက်မိသည်။ဤလယ်ကွင်းပြင်ကြီးမှာသူတို့ရဲ့နွားလှည်းနှင့်လှည်းမောင်းရင်းဆေးလိပ်သောက်နေသောဦိးလေးရှန့်သာရှိတယ်ဆိုတာကိုသူတွေ့လိုက်ရသည်။စိတ်ထဲတွင်သူဟာသက်သာရာရစွာသက်ပြင်းချလိုက်မိပြီးတစ်ချိန်ထဲမှာသူ့နှလုံးသားထဲတွင်မဖော်ပြနိုင်‌လောက်အောင်ချိုမြိန်လာခဲ့သည်။

နွားလှည်းကိုတလှုပ်လှုပ်စီးလာရင်းတစ်ရှီချန်တစ်ဝက်လောက်ကြာသောအချိန်နောက်ဆုံးမှာတော့သူတို့ဟာကောင်တီမြို့သို့ရောက်ရှိလာခဲ့ကြသည်။ထိုအချိန်မှာနေမင်းကြီးကထွက်ပေါ်နေပြီးဖြစ်၍ကောင်တီမြို့မှာဈေးသည်တွေနှင့်စည်ကားနေသည်။

မြို့အနီးတစ်ဝိုက်ကကျေးလက်မှရွာသူရွာသားတွေသည်သူတို့ရဲ့ကုန်ပစ္စည်းများနှင့်ကောက်ပဲသီးနှံများကိုရောင်းချရန်လမ်းဘေးမှာအပြေးအလွှားစုရုံးခင်းကျင်းနေကြသည်။ထိုအရာသည်သူငယ်စဉ်တုန်းကဈေးသို့သွားခဲ့သောအချိန်နှင့်အတူတူဘဲဖြစ်သည်။၎င်းဟာအတော်ကလေးကိုစိတ်ဝင်စားစရာကောင်းနေသည်။

ရှန့်ယန်ပေဟာကုချန်းဖန်းရဲ့အတွေးတွေကိုသတိမပြုမိခဲ့ပေ။သူကလမ်းပေါ်မှာဟင်းခတ်‌အမွှေးအကြိုင်တွေရောင်းသောဆိုင်ကိုရှာဖို့ကြိုးစားနေသည်။သို့သော်ဒီလိုသေးငယ်သောကောင်တီမြို့တွင်ထိုကဲ့သို့ဆိုင်များလုံးဝမရှိချေ။ဒါတင်မကသေးဘဲဤနေရာတွင်ဟင်းခတ်အမွှေးအကြိုင်များအလွန်ကိုနည်းပါးပြီးအမျိုးအစားအနည်းငယ်သာရှိသည်။

လူအများစုကအများအားဖြင့်ကြက်သွန်မြိတ်၊ဂျင်း၊ကြက်သွန်ဖြူ၊ဆားတို့ကိုအသုံးပြုကြသည်။သူတို့ဟာအရသာကိုပို၍ကောင်းမွန်စေချင်လျှင်ပဲငံပြာရည်၊သကြားနှင့်ရှာလကာရည်တို့ကိုအသုံးပြုလိမ့်မည်ဖြစ်သည်။

မမျှော်လင့်ဘဲမော်ဒန်ခေတ်မှာအသုံးပြုသောငရုတ်သီး၊ဇီယာ၊နာနတ်ပွင့်စသောဟင်းခတ်အမွှေးအကြိုင်တွေတောင်မှမရှိပေ။

ရှန့်ယန်ပေဟာတစ်ခဏလောက်အနည်းငယ်မပျော်မရွှင်ဖြစ်သွားခဲ့သည်။သူဟာစပ်သောအစားအစာတွေကိုအရမ်းကြိုက်ပေမယ့်ဒီကမ္ဘာမှာငရုတ်သီးကမရှိပေ။သူတစ်ဘဝလုံးစပ်သောအစားအစာတွေမစားနိုင်တော့တာဖြစ်နိုင်မလား?

"ယောက်ျား… ယောက်ျား!"

"ဘာဖြစ်လို့လဲ?" ရှန့်ယန်ပေဟာအသိစိတ်ပြန်ကပ်သွားခဲ့ပြီးကုချန်းဖန်းရဲ့စိုးရိမ်နေသောမျက်လုံးတွေကိုကြည့်လိုက်သည်။သူ့ရဲ့စိတ်ဓာတ်ကျနေသောအမူအရာကိုပြန်ပြင်လိုက်ပြီးပြုံးလိုက်ကာမေးလိုက်သည်။

ရှန့်ယန်ပေဟာသူ့ခေါင်းကိုမော့ကာဘေးဘီကိုရှာကြည့်လိုက်ပြီးလမ်းထောင့်တွင်သားသတ်သမားရဲ့ဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့သည်။သူ့မျက်လုံးတွေဟာရုတ်တရပ်တောက်ပလာပြီးကုချန်းဖန်းကိုဆွဲကာဝက်သားဆိုင်သို့လမ်းလျှောက်သွားခဲ့သည်။

သူအသားမစားခဲ့ရတာရက်‌အတော်ကိုကြာနေပြီ!ဒါ့အပြင်ဘယ်လိုလုပ်သူ့ရဲ့ကျန်းမာသန်စွမ်းတဲ့ဇနီးသည်ကနေ့တိုင်းသူနဲ့လိုက်ပြီးဂေါ်ဖီထုပ်နဲ့အာလူးချို‌တွေဘဲစားနေနိုင်မှာလဲ ဟမ်?သူဗိုက်ဆာပြီးပိန်သွားခဲ့ရင်ဘယ်လိုလုပ်မလဲ?

လူငယ်‌ရဲ့တက်ကြွပြီးပေါ့ပါးသောအသံကိုကြားလိုက်လိုက်ချင်းဘဲသားသတ်သမားဟာသူ့ရဲ့ခေါင်းကိုမော့လိုက်ပြီးပြုံးနေသောမျက်လုံးတစ်စုံကိုတွေ့သောအခါအနည်းငယ်အံ့အားသင့်သွားခဲ့သည်။ထို့နောက်သူဟာတည့်တည့်ကြည့်ရင်းမေးခဲ့သည် "ဘာ?"

သားသတ်သမားဟာကျွမ်းကျင်စွာဓားနှင့်အသားကိုခုတ်ဖြတ်လိုက်သည်။ရှန့်ယန်ပေရဲ့ပညာတတ်အသွင်အပြင်နှင့်ပိန်သွယ်သောခြေလက်များကိုကြည့်ကာသားသတ်သမားဟာသူ့ရဲ့လက်ကြီးကိုဝှေ့ယမ်းရင်းပြောခဲ့သည် "ဒီမှာမင်းရဲ့အသားသုံးကတ်တီ ၄၈ဝမ်ကျတယ်"

ဝက်ဗိုက်သားတစ်ကတ်တီက၁၆ဝမ်ပေါ့? ရှန့်ယန်ပေဟာဘေးဘက်မှာပုံထားသောဝက်အရိုးကြီးများကိုတွေ့လိုက်သောကြောင့်မေးခဲ့သည် "ခင်များဒီအရိုးတွေရောရောင်းမှာလား?"

သာမန်လူတွေကအများအားဖြင့်အသားကိုစားဖို့ဝယ်ကြသည်။အရိုးတွေမှာကအသားနည်းပြီးတော့အလေးချိန်လည်းစီးသည်။၎င်းကိုတစ်မိသားစုလုံးအတွက်ဝယ်မယ်ဆိုလျှင်လုံးဝကိုမလောက်ငှနိုင်ပေ။ထို့ကြောင့်လူတော်တော်များများကအရိုးတွေကိုမဝယ်ယူကြသောကြောင့်အရိုးတွေကအသားထက်ဈေးပေါနေရခြင်းဖြစ်သည်။

အသားကအရသာရှိပေမယ့်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုထောက်ပံ့ဖို့ဆိုလျှင်အရိုးစွပ်ပြုတ်ကိုသောက်ဖို့လိုအပ်နေသေးသည်။ရှန့်ယန်ပေဟာအရိုးနှစ်ခုကိုရွေးလိုက်ပြီးပျော်ရွှင်စွာငွေပေးချေလိုက်သည်။

ကုချန်းဖန်းဟာဝက်သားကိုသယ်ဖို့လက်ဆန့်ထုတ်လိုက်ပေမယ့်ရှန့်ယန်ပေကသူ့ကိုခွင့်မပြုခဲ့ပေ။

ကုချန်းဖန်းကသူ(ယန်ပေ)ပင်ပန်းမှာကြောက်လို့သူတို့ဝယ်ခဲ့သမျှကိုသယ်ခွင့်မပြုခဲ့ပေမယ့်ရှန့်ယန်ပေကသူ့ရဲ့ဒဏ်ရာရနေသောဇနီးကိုစိုးရိမ်နေခဲ့ပြီးသူ့(ချန်းဖန်း)ကိုနာကျင်စေဖို့ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ?

ဒါကိုတွေးမိပြီးရှန့်ယန်ပေရဲ့ခြေလှမ်းတွေဟာရုတ်တရပ်ရပ်တန့်သွားခဲ့သည်။

---------------------------------------------

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
YoonYoonYoon

5 months ago

စာတွေက ကျန်ခဲ့တာတွေရှိနေတာလားဟင် ၊ တချို့စာတွေ စကားတွေက အချိတ်အဆက်မရှိဘူး ၊ ပြတ်တောင်း ပြတ်တောင်း တွေလည်း အများကြီးပဲ ။