no

Font
Theme

Chapter 1 - စပွန်ဆာဝတ္ထုထဲမှ မသန်စွမ်းညီငယ်လေး


အမြှောက်စာဇာတ်ရုပ်အစားထိုးခြင်း : ထန်ထန်


ထန်ထန်သည် အစတွင် ပျော်ရွှင်သာယာသောမိသားစုလေး ရှိခဲ့သည်။ မချမ်းသာသော်လည်း လိုအပ်သည့်အရာတိုင်း ရခဲ့သည်။ ထန်ထန်တွင် ချစ်စရာကောင်းသောမိဘနှစ်ပါးနှင့် သိမ်မွေ့သောအစ်ကိုဖြစ်သူရှိသည်။ ထန်ထန်သည် သူ၏အကကျွမ်းကျင်မှုကြောင့်လည်း နာမည်ကြီးပေသည်။ သို့သော် တစ်နေ့တွင် သူ၏အိပ်မက်သည် တစ်စစီကျိုးကြေမွသွားရှာသည်။ အစ်ကိုကြီးက ကျောင်းလှေကားမှ ထန်ထန်ကို တွန်းချခဲ့သောကြောင့်ပင်။ မြေကြီးတွင် သွေးများစွန်းထင်းနေကာ အစ်ကိုဖြစ်သူ၏မျက်နှာက ရက်စက်သောရည်ရွယ်ချက်ဖြင့် လှောင်ရယ်လိုက်သည်ကို တွေ့လိုက်ရသည်။


ထန်ထန်တစ်ယောက် ခြေထောက်ကျိုးသွားခဲ့ကာ အစ်ကိုဖြစ်သူက ဘေးတွင် အသည်းအသန်ငိုကြွေးနေပြီး ထန်ထန်ကို အချိန်မီမဖမ်းလိုက်နိုင်သောကြောင့် လှေကားမှ ပြုတ်ကျသွားခြင်းဖြစ်သည်ဟု မိမိဘာသာ အပြစ်တင်ပြောဆိုနေသည်။


မိဘများက အစ်ကိုဖြစ်သူကို နှစ်သိမ့်ပေးကာ သူ၏အမှားမဟုတ်ကြောင်း၊ မတော်မဆဖြစ်ယုံသက်သက်သာဖြစ်ကြောင်း ပြောဆိုကြသည်။ သို့သော်လည်း အမှန်မဟုတ်ရှာပေ။ အစ်ကိုဖြစ်သူက လုပ်လိုက်ခြင်းသာ။ လှေကားတွင်လည်း စောင့်ကြည့်ကင်မရာမရှိပေ။ အစ်ကိုဖြစ်သူကလည်း ပုံမှန်အားဖြင့် ကောင်းမွန်စွာပြုမူဆက်ဆံတတ်သူဖြစ်၏။ ထန်ထန်တစ်ယောက် ပါးစပ်ဟရန် ပြင်ခဲ့သော်လည်း အဆုံးတွင်မူ ဘာမှမပြောခဲ့ပေ။


သူသည် မည်သည့်အခါမှ ထပ်မံမကနိုင်ရှာတော့ပေ။


ထန်ထန်သည် ဆေးရုံအခန်းတစ်ခန်းတွင် နိုးလာကာ မြင်မိသမျှအရာမှာ အဖြူရောင်မျက်နှာကြက်နှင့် နှာခေါင်းထဲသို့ တိုးဝင်လာသော ဆေးနံ့သာ ဖြစ်၏။ စောင်ပါးလေးကို မလိုက်ပြီး ကြွက်သားများ အားအင်ချည့်နဲ့နေသည့်ခြေထောက်ကို ထိကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။


ထန်ထန် ခြေထောက်ကျိုးပြီး ပထမနှစ်ဝက်တွင် မိဘများက ဈေးကြီးသောဆေးကုသစရိတ်ကို ထောက်ပံ့ပေးနိုင်ကြဆဲဖြစ်၏။ သို့သော် အစ်ကိုဖြစ်သူက အကကျောင်းတွင် သူ၏နေရာကို ဝင်ယူလိုက်သောကြောင့် မိသားစုသည် ငွေကြေးပိုင်းကျပ်တည်းမှုကို ကြာရှည်စွာ ဒုက္ခမခံရတော့ပေ။ မိဘများမဆုံးပါးခင် လေးနှစ်တွင် ထန်ထန်၏ဆေးကုသခြင်းကို ရပ်တန့်လိုက်ကြပြီး ၎င်းဘာသာပင် မူလကိုယ်ကို ကိုယ့်အားကိုယ်ကိုးစေကာ ရလဒ်အနေဖြင့် ထန်ထန်သည် ပို၍အထီးကျန်ကာ တိတ်ဆိတ်လာခဲ့သည်။


မိဘများက အရက်မူး၍ကားမောင်းသည့်ယာဉ်မတော်မဆမှုကြောင့် ကွယ်လွန်သွားကြသည်မှာ တစ်လခန့်ကြာသောအခါတွင် ညီအစ်ကိုနှစ်ဦးရှင်းရမည့် အရှုပ်ထုပ်များသာ ကျန်ခဲ့ကာ ကိစ္စများ ဆိုးဝါးနေစဉ်အခါတွင် ဇာတ်လိုက်ရှို့ပုန်းခိုနေသည်မှာလည်း ကြာမြင့်ပြီဖြစ်သည်။ ထိုမျှသာမက ခြေထောက်တစ်ချောင်းပင် မရွေ့နိုင်သော အသုံးမကျသည့်ညီဖြစ်သူကို အကြွေးရှင်များ၏အာရုံကို ဆွဲဆောင်နိုင်ရန်အတွက် တွန်းပို့ခဲ့သည်။ အကြွေးရှင်များနှင့် ငြင်းခုံနေစဉ်အတွင်းတွင် ထန်ထန်သည် ခေါင်းကို အရိုက်ခံခဲ့ရသည်။ ထို့နောက်တွင်မူ ထန်ထန်သည် အစ်ကိုဖြစ်သူက စီစဉ်ပေးထားသော ဇိမ်ခံလူနာခန်းတွင် ပြန်နိုးလာခဲ့၏။


ထန်ထန်တစ်ယောက် ဇာတ်လိုက်ရှို့က အမှန်ပင် အကြင်နာကင်းမဲ့သည်ဟု တွေးမိကာ မိမိဘာသာ သက်ပြင်းချနေစဉ်တွင် တံခါးပွင့်လာသည်။


တံခါးကို ချောင်းကြည့်လိုက်သောအခါတွင် ရုပ်ရည်ကြည့်ကောင်းသည့်ယောင်္ကျားတစ်ယောက်သည် အထဲသို့ ဝင်လာ၏။ ဝတ္ထုထဲမှ ဇာတ်လိုက်ရှို့သည် ဆွဲဆောင်မှုရှိကာ အချိန်ကြာမြင့်စွာ အကလေ့ကျင့်ထားရသောကြောင့် ပိန်ပါးပေသည်။ ပုံပန်းသွင်ပြင်က သိမ်မွေ့လှကာ အစက စိတ်မရှည်ဟန်ပေါက်သည့် မျက်ဝန်းနက်တို့သည် ထန်ထန်၏ခြေထောက်ပိန်ပိန်လေးကို မြင်လိုက်ရသောအခါတွင် ချက်ချင်းပင် ရွှင်ပြသောအသွင်ကို ဆောင်သွားသည်။


ထန်နျန်တစ်ယောက် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သောညီဖြစ်သူကိုကြည့်ကာ စကားတစ်ခွန်းမှမပြောခဲ့ပေ။


ရိုးသားစွာဆိုရလျှင် ထန်နျန်သည် ငယ်စဉ်ကတည်းက မိမိထက်သာသောညီဖြစ်သူကို ကောင်းစွာစောင့်ရှောက်ထားသည်မှာ ကြာပြီဖြစ်သည်။


ဆေးရုံကုတင်ထက်မှ ကောင်လေးသည် ပို၍ပိန်သည်ထက်ပိန်လာကာ ကြောက်နေသောမျက်ဝန်းအကြည့်တို့ရှိပြီး ဖျော့တော့သောအသားရေကလည်း နေမမြင်ရသောသွေးစုပ်ဖုတ်ကောင်ကဲ့သို့ပင် ဖြစ်၏။ ထန်နျန် ဝင်လာစဉ်ကတည်းက ခေါင်းကိုငုံံ့ထားပြီး လက်ချောင်းလေးများကိုသာ ကစားနေခဲ့သည်။ ကြောက်တတ်ကာ အားနည်းဟန်ပေါ်သောညီငယ်၏ပုံစံသည် မည်သည့်အချိန်ကတည်းက စတင်ခဲ့ပါသနည်း။


ခြေထောက်ကျိုးသွားကာ အကကျောင်းသို့ဝင်ရမည့်အခွင့်အရေးကို လုယူခံလိုက်ရစဉ်ကတည်းကဟုဆိုလျှင် မှန်ပေမည်။ ထို့နောက်တွင် မိဘများက ကုသမှုကို လက်လျော့လိုက်ပြီဖြစ်ကြောင်း နောက်ကွယ်တွင် ပြောသည်ကို ကြားခဲ့ရသည်။ တစ်ချိန်က အားလုံးကချစ်ကြသည့် အချစ်ခံရသည့်ကြယ်ပွင့်လေးသည် တောက်ပမှုတို့ ဆုံးရှုံးခဲ့ရသည်။


ထန်နျန်ကမူ ဘဝင်ခိုက်နေသော်လည်း မလိုအပ်လျှင် ညီငယ်ဖြစ်သူကို လာမတွေ့ချင်ပေ။ လေထုသည် ခေတ္တမျှ တိတ်ဆိတ်နေကာ ထန်ထန်ကတော့ ရှေ့မှကုလားထိုင်တွင်ထိုင်နေသည့်သူ စကားပြောသောအခါတွင် လက်ချောင်းလေးများကို ကစားနေဆဲဖြစ်၏။


ထန်နျန်က ဟန်ဆောင်ပြုံးလိုက်ကာ အသံက သိမ်မွ့ညင်သာသော်လည်း ဂုဏ်ယူဝံ့ကြွားမှု၏အရိပ်အယောင်က ပါနေသည်။


''ပြောရရင် လွန်ခဲ့တဲ့ရက်ပိုင်းကပဲ အစ်ကို ကောင်လေးရသွားတာ။ သူက အစ်ကိုတို့မိဘတွေ တင်နေတဲ့အကြွေးတွေလည်း ဆပ်ပေးတယ်။ မင်းရဲ့ဆေးကုသစရိတ်ကိုတောင် ပေးသွားသေးတယ်။ နောက်ကျရင် ယဉ်ကျေးမှုအရ မင်းကို လာတွေ့လိမ့်မယ်။ သူ့စကားကို ကောင်းကောင်းနာခံ။ ဟုတ်ပြီလား။''


ထန်ထန်၏ ကစားနေသောလက်ချောင်းလေးများက ရပ်တန့်သွားကာ မျက်တောင်ရှည်ကိုချထားပြီး နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် စိတ်ထဲတွင်မူ တွေးနေမိ၏။


''တောက်။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်တဲ့ဇာတ်လိုက်လဲ။ ငါ့ခြေထောက်ကို ကျိုးအောင်လုပ်ပြီး ကောင်လေးကို ရှုးဂါးဒယ်ဒီအဖြစ် အဆင့်မြင့်ချင်နေသေးတယ်လား။''


သို့သော်လည်း ပြိုင်စံရှားဇာတ်ညွှန်းပင် ဖြစ်လေ၏။


ထိုလောကကြီးက မည်သို့အဆုံးသတ်မည်နည်း။ အကြွေးဆပ်ကာ အသုံးမကျသောညီဖြစ်သူကို စောင့်ရှောက်ရန်အတွက် သိမ်မွေ့သာရိုးသား၊ အပြစ်ကင်းသောယုန်ဖြူလေးက တွန့်ဆုတ်စွာဖြင့် မိမိဘာသာ ဝံပုလွေဆိုးကြီးဆီသို့ ရောင်းစားခဲ့သည်။


မူလဇာတ်လမ်းတွင် ထန်နျန်၏ဇာတ်ရုပ်သည် စိတ်ကူးဉာဏ်ကောင်းကာ အလုပ်ကြိုးစားတတ်သောကောင်လေးဖြစ်ပြီး ထန်ထန်ကမူ အသုံးမကျသည့်ညီငယ်ဖြစ်သူ ပင်။ မိဘများဆုံးပါးပြီးနောက်တွင် ထန်နျန်သည် H မြို့၏ နာမည်ကြီးဘားတစ်ခုတွင် အဖျော်ယမကာအရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး သောက်စရာရောင်းနေစဉ်အတွင်းတွင် တစ်ယောက်ယောက်က အနိုင်ကျင့်၍ ဇာတ်လိုက်ကုန်း (gong) ၏အခန်းထဲသို့ အတင်းထည့်ပေးခဲ့သောကြောင့် ရှုးဂါးဒယ်ဒီမှ အချစ်စစ်သို့ ဇာတ်လမ်းမျိုး စတင်ခဲ့သည်။


အမှန်တွင် အချစ်စစ်သို့ လျှောက်လှမ်းရာလမ်း၌ အမြဲလိုလို ဆူးညောင့်ခလုတ်များ ရှိတတ်သည်။ အခွင့်အရေးရသောအခါတွင် ထန်နျန်သည် သိမ်မွေ့သောဆရာဝန်တစ်ယောက်နှင့် တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအဖြစ်သို့ ဦးတည်သွားစေသည်။


ထန်ထန်၏ နာခံသောခေါင်းညိတ်ပြမှုကို မြင်ရသောအခါတွင် ထန်နျန်တစ်ယောက် စိတ်ကျေနပ်သွား၏။ ထန်ထန်၏ခေါင်းကို ခွေးလေးတစ်ကောင်ကဲ့သို့ ပုတ်လိုက်ပြီးနောက် အပြုံးက ရုတ်တရက် အေးခဲသွားသည်။ ထို့နောက် ထန်ထန်၏ဆံပင်ကိုဆွဲကာ အပေါ်သို့ မော့ကြည့်စေ၏။


''ဟင်''


ထန်ထန်မှာ ဦးရေပြားနာသွားကာ မော့ကြည့်ရန် ဖိအားပေးခံလိုက်ရသောကြောင့် ထန်နျန်၏ ဒေါသကြီးသောအကြည့်ဖြင့် အကြည့်ချင်းဆုံသွားသည်။ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလာကာ မည်သည့်အချိန်တွင်မဆို လဲပြိုရန် အဆင်သင့်ဖြစ်နေဟန်ပေါက်သည်။


ထန်နျန်၏အကြည့်တို့က လှပသောမျက်နှာလေးထက်မှ လွှဲသွားကာ အပြုံးက ပျောက်ကွယ်သွားသည်။ လက်ကို လွှတ်ပေးလိုက်ပြီး အသီးပန်းကန်ထဲမှ ပန်းသီးတစ်လုံးယူ၍ ဖြည်းဖြည်းချင်း အခွံခွာပေးသည်။


''ထန်ထန်တောင် အရွယ်ရောက်လာပြီပဲ။''


အသံက သိမ်မွေ့သော်လည်း ထိုစကားဆုံးသောအခါတွင်မူ ထန်ထန်တစ်ယောက် ဆံပင်ပင် ထောင်သွားရှာသည်။


ပန်းသီးကို အပိုင်းပိုင်းစိတ်ကာ ထန်ထန်ရှေ့တွင် ချပေးလိုက်ပြီး စားရန် ညွှန်ပြလိုက်၏။


ထိုအချိန်တွင် ထန်ထန်တစ်ယောက် စုန်းမမိထွေးဖြင့် စကားပြောနေရသော စနိုးဝှိုက်ကဲ့သို့ပင် မိမိဘာသာ ခံစားနေမိသည်။


ထိုခန္ဓာကိုယ်သည် ပန်းသီးနှင့် ဓာတ်မတည့်ပေ။ စားလျှင် တစ်ကိုယ်လုံးယားယံလာပေမည်။ ပြင်းထန်လျှင် ခန္ဓာကိုယ်ကိုပင် ရှော့ရသွားစေနိုင်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အစ်ကိုဖြစ်သူထန်နျန်က ထိုအကြောင်းကို သတိမမူမိပေ။ ထန်ထန်သည် ဒေါသကိုချိုးနှိမ်ပြီး ထန်နျန်၏အကြည့်အောက်တွင် တုန်ယင်နေသောလက်ဖြင့် ပန်းသီးစိတ်အချို့ကိုစားကာ ၎င်းကပြရမည့်ဇာတ်ရုပ်အတိုင်းသာ လုပ်နေလိုက်သည်။


ထန်နျန်က အချိန်ကိုကြည့်၍ ချီယွိနှင့် ချိန်းထားချိန်ရောက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အိမ်သို့မရောက်ဖြစ်သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး အမြဲခေါင်းငုံ့ထားတတ်သောညီငယ်ဖြစ်သူကိုကြည့်ကာ ညီငယ်ဖြစ်သူက မည်မျှဆွဲဆောင်မှုရှိလှကြောင်း သတိထားမိသွားသည်။


ပြင်းထန်သောမနာလိုခြင်းက ခံစားချက်များ ဖုံးကွယ်ထားသည်ကို ရပ်တန့်သွားစေသည်။ အဆိပ်ပြင်းသောဓားတစ်လက်ကဲ့သို့ စူးရှလှသည့်အကြည့်က ထန်ထန်၏မျက်နှာကို လိုက်လံစစ်ဆေးနေသည်။ ဖုန်းခေါ်ရန် ဆေးရုံခန်းထဲမှ ထွက်မသွားခင်တွင် ထန်ထန်တစ်ယောက် ပန်းသီးကိုမျိုချသည်အထိ စောင့်နေခဲ့သည်။


တံခါးကိုမပိတ်ခင်တွင် ထန်နျန်၏အကြည့်တို့က မခံမရပ်နိုင်အောင်ယား၍ ကုတ်နေရသောလူငယ်လေးကို ကြည့်လိုက်သည်။ ယနေ့တွင် မိမိပြန်သွားပြီးနောက်၌ သူ၏မျက်နှာကို မည်သို့မတော်မဆဖျက်ဆီးရမည်ကို တွေးနေမိသည်။


ထွက်သွားပြီးနောက်တွင် ထန်ထန်သည် လှုပ်ရှားနေသည်မှ ရပ်သွားပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


''စနစ်၊ မျက်နှာပေါ်က အနီစက်တွေနဲ့ ခြေထောက်က ကြွက်သားသေနေတာကို ကုသပေးပါ''


(ကောင်းပါပြီ။ အဲ့ဒါအပြင် သင်က ယခင်ကမ္ဘာမှာ ပန်းတိုင်အားလုံးကို ပြီးမြောက်သွားတာမို့ စနစ်က ဆိုင်တစ်ဆိုင်ပွင့်သွားပြီး beginner တစ်ယောက်ရဲ့ လက်ဆောင်သေတ္တာကို ဆုအဖြစ် ချီးမြှင့်ထားပါတယ်။)


(beginner တစ်ယောက်ရဲ့ လက်ဆောင်သေတ္တာ - သာမန်ဟုထင်ရသည့်သေတ္တာငယ်တစ်လုံး။ သင်ရတဲ့အရာက သင့်ရဲ့ကံကောင်းမှုအပေါ်မှာ မူတည်ပါတယ်~ )


စနစ်က ပြော၍ပြီးသွားသောအခါတွင် မျက်နှာပေါ်မှ အနီရောင်အရာများလည်း ပျောက်ကွယ်သွားသည်။ ထန်ထန်တစ်ယောက် အနည်းငယ်မျှ စပ်စုချင်မိသည်။ သေတ္တာကိုမဖွင့်ခင်တွင် ခြေထောက်များ ပြန်ကောင်းသွားသည်ကို သေချာစေရန် ငုံ့ကြည့်လိုက်မိသည်။


(ဒင်းဒေါင်- ၁၀၀% လှုံ့ဆော်နိုင်စွမ်းရှိတဲ့ (သန့်ရှင်း၊ ပေါ့ပါးပြီး ဖြားယောင်းသွေးဆောင်လိုတဲ့ရည်ရွယ်ချက် အရိပ်အယောင်ရှိခြင်း၊ ကြိုက်နှစ်သက်ရာခန္ဓာရနံ့ကို ရွေးချယ်နိုင်ခြင်း) ခန္ဓာကိုယ်ကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။ သန္ဓေအောင်ဆေးလုံးကို ရရှိတဲ့အတွက်လည်း ဂုဏ်ပြုပါတယ် (လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ အဲ့ဆေးလုံးက ယောက်ျားတွေကိုတောင် ကိုယ်ဝန်ရအောင်လုပ်လို့ရတယ်) )


ထန်ထန်တစ်ယောက် သန္ဓအောင်ဆေးလုံးအကြောင်းကိုကြားပြီး မရယ်နိုင်ခင်မှာပင် တံခါးပွင့်လာခဲ့သည်။


ယနေ့တွင် နေသာနေကာ ချီယွိက တံခါးကို ဖွင့်လိုက်သည်နှင့် သူ၏ရှေ့၌ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ကောင်လေးတစ်ယောက်သည် ဆေးရုံခုတင်ပေါ်ထိုင်နေကာ ဆိုဒ်ကြီးနေသောဆေးရုံအဝတ်အစားများကို ဝတ်ထားသည်။ ထိုကောင်လေးသည် လွန်စွာနာခံတတ်ပုံပေါ်ကာ မျက်တောင်ရှည်တို့က စောင်ပါးအောက်မှ ခြေထောက်ကို ငုံ့ကြည့်နေသည်။ ရွှေရောင်နေရောင်ခြည်တန်းက သူ၏အပေါ်သို့ ကျရောက်နေပြီး သိမ်မွေ့နူးညံံ့လှသည့်ကောက်ကြောင်းကို အနားသတ်ပေးထားသည်။


နေကိုမမြင်ရသည်မှာ တော်တော်ကြာပြီဖြစ်သည့်ပုံပင်။ အသားအရေမှာ ဖြူဖျော့ကာ ထိုးဖောက်မြင်ရမတတ်။ ဆိုဒ်ကြီးနေသောဆေးရုံအဝတ်အစားကပင် လည်ညှပ်ရိုးတစ်ဝိုက်မှ ချစ်စိတ်ပြင်းပြသည့် လိင်ဆက်ဆံခြင်းပြီးနောက်တွင် ထင်ကျန်ခဲ့သည့်အရာများနှင့်ဆင်တူသော ဖြူဖွေးဖွေးအသားအရေပေါ်မှ အနီရောင်အမှတ်များကို ဖုံးအုပ်မထားနိုင်ပေ။


ရိုးသားမှုနှင့် ရမ္မက်ပြင်းထန်ခြင်း၊ သန့်စင်ခြင်းနှင့်တဏှာ အားလုံးသည် ထိုအချိန်တွင် အတူတကွ ရောယှက်သွားကြသည်။


ချီယွိ၏မျက်လုံးတို့က တံခါးဖွင့်ဖွင့်ချင်းတွင် မြင်လိုက်ရသည့် အိပ်ရာထက်မှ ကောင်လေးကို ငေးကြည့်ရင်းဖြင့် မည်းမှောင်သွားသည်။ ထိုအခိုက် ကောင်လေးက ခေါင်းမော့လာကာ နာခံတတ်သောမျက်ဝန်းများက ချီယွီနှင့် အကြည့်ချင်းဆုံသွားသည်။


တံခါးတွင်ရပ်နေသော ထိုယောင်္ကျားသည် နှာတံမြင့်မြင့်ဖြင့် ချောမောသောပုံပန်းသွင်ပြင်ရှိပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသည်။ ရှည်လျားသောခန္ဓာကိုယ်က အရိုင်းဆန်သည့်အငွေ့အသက်ကို ဖော်ပြနေပြီး ရင်ဆိုင်ရခက်သည့်ကျားသစ်တစ်ကောင်နှင့် တူပေသည်။


အကြည့်ချင်းဆုံသောအခိုက်အတန့်တွင် ထန်ထန်သည် ထိုသူ၏ မိမိအပေါ် သရဲမရဲစီးမတတ် စိတ်ဝင်စားနေမှုကို ခံစားမိသည်။ ထို့ကြောင့် ပုခုံးတို့သည်ပင် တုန်ယင်သွားကာ နောက်ကျောပင် တွန့်သွားမိ၏။


''ဘာလို့အထဲမဝင်တာလဲ မစ္စတာချီ။''


ထန်နျန်သည် ထိုသူ၏နောက်တွင် ရပ်နေရင်းမှ သိမ်မွေ့စွာဖြင့် မေးလိုက်သည်။ သူသည် ချီယွိထက် အတော်လေးအရပ်ပုသောကြောင့် မြင်ကွင်းမှ လုံးဝပိတ်ဆို့နေသည်။ ထန်ထန်၏ ဓာတ်မတည့်၍ နီရဲနေသောမျက်နှာကြောင့် ချီယွိလန့်သွားသည်ဟု ထင်လိုက်မိသည်။ ထိုကိစ္စနှင့်ပက်သက်၍ ဘဝင်ခိုက်သွားကာ ညီငယ်ဖြစ်သူနှင့်ပက်သက်ပြီး ရှင်းပြရန် ပြင်လိုက်စဉ်တွင်ပင် ရှေ့မှသူက ရုတ်တရက် ဖယ်သွားသည်။


ပိတ်ပင်တားဆီးခြင်းမရှိသောအခါတွင် အိပ်ရာထက်မှ ညီငယ်ဖြစ်သူ၏ အနီစက်တစ်စက်ပင်မရှိသော လှပချောမွေ့သည့်မျက်နှာကို မြင်လိုက်ရသည်။ ထန်နျန်၏အမူအရာက အေးခဲသွားသည်။ ချီယွိက အိပ်ရာဘေးသို့ လျှောက်သွားကာ အကြည့်တို့က အနည်းငယ်မျှ မည်းမှောင်နေ၏။ သူ တံခါးတွင်ရှိစဉ်က အနံ့ခပ်သင်းသင်းရခဲ့ကာ အနီးကပ်သွားသောအခါမှ ထိုကောင်လေး၏ အနံ့ဖြစ်ကြောင်းကို သဘောပေါက်သွားသည်။


မည်သည့်အနံ့မျိုးဖြစ်သည်ကို ရှင်းပြရန် ခက်ခဲသော်လည်း တောင်ထိပ်မှ ဖြူစင်သောနှင်းပွင့်လေးနှင့်ဆင်ကာ အေးစက်၍ လတ်ဆတ်သစ်လွင်ပြီး အာရုံကြောထဲတွင်ပင် အနည်းငယ်မျှစွဲလမ်းမိသွား၏။


ချီယွိတစ်ယောက် ထန်နျန်ကို ရှုးဂါးဘေဘီအဖြစ် ထားရန်အတွက် စဉ်းစားမိသည်မှာ ထန်နျန်၏ သန့်ရှင်းသောစိတ်ထားကို နှစ်သက်သောကြောင့်ပင်။ ဒီနေ့ သူ ပျင်းနေသောကြောင့် ရှုဂါးဘေဘီလေး သူ့အပေါ် အကောင်းမြင်လာစေရန် ဆေးရုံမှညီငယ်ဖြစ်သူထံ လာလည်ခြင်းဖြစ်သည်။ သို့သော်လည်း ထန်ထန်ဆိုသောကလေးက အစ်ကိုဖြစ်သူထက် ပို၍နှစ်သက်စရာကောင်းနေလိမ့်မည်ဟု မည်သူထင်မည်နည်း။


''လည်ပင်းပေါ်က အမှတ်တွေက ဘယ်လိုရလာတာလဲ။''


ချီယွိက မျက်လွှာချကာ ထန်ထန်၏ နူးညံ့သောလည်ပင်းပေါ်မှ အကြည့်တို့ကို လွှဲဖယ်၍ လက်နှစ်ဖက်စာပင်မရှိသော သေးသွယ်သည့်ခါးကိုကြည့်၍ မေးလိုက်သည်။


ဆွဲဆောင်မှုရှိလှသောထိုသူ၏ အသံက ထန်ထန်၏တစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်။ ခေတ္တမျှကြာပြီးနောက်တွင် တီးတိုးစွာဖြင့် ဖြေလိုက်သည်။


''ပန်းသီးနဲ့ ဓာတ်မတည့်တာပါ။''


ချီယွိသည် အောက်ဆီဂျင်ဆတိုးနေပြီဖြစ်သော(ပုပ်စပြုနေပြီဖြစ်သော)ပန်းသီးကိုကြည့်ကာ တစ်ခုခုကို နားလည်သွားဟန်ဖြင့် ထန်နျန်ကို ကြည့်လိုက်သည်။


ထိုသူက မေးလိုက်သောအခါတွင် ထန်နျန်တစ်ယောက် အတော်လေးမျက်နှာပျက်သွားသော်လည်း အသက်ပြင်းပြင်းရှုကာ သိမ်မွေ့စွာဖြင့် နှစ်သိမ့်လိုက်၏။


''အစ်ကို တောင်းပန်ပါတယ် ထန်ထန်။ မင်းပန်းသီးစားလို့မရဘူးဆိုတာကို အစ်ကို မေ့သွားတာ။''


ထန်ထန်က တစ်ခွန်းမှပြန်မပြောဘဲ နာခံစွာဖြင့် ခေါင်းခါပြလိုက်သည်။


မူလဇာတ်ညွှန်းတွင် ညီလေးဖြစ်သူသည် ဓာတ်မတည့်ခြင်းဖြစ်ကာ စကားပင် မပြောနိုင်ရှာပေ။ ချီယွိထွက်သွားပြီး ဒုတိယမြောက်နေ့တွင် ဇာတ်လိုက်ရှို့သည် သူ၏မျက်နှာကို ဖျက်ဆီးမည့် မတော်မဆမှုတစ်ခုကို ဖန်တီးမည်ပင်။


ခေတ္တမျှတိတ်ဆိတ်နေပြီးနောက်တွင် ဆယ်လိုကဲ့သို့ စည်းချက်ညီလှသည့် ချီယွိ၏အသံက အခန်းထဲတွင် ထွက်ပေါ်လာသည်။


''မင်းညီလေးရဲ့နဖူးက ဒဏ်ရာက သက်သာနေပြီဆိုမှတော့ ဘာလို့ အိမ်ကို ပြန်မခေါ်ရတာလဲ။ သူက ငယ်လွန်းပြီး ကူရာကယ်ရာမဲ့နေတာ။ ဆေးရုံမှာ ဘယ်သူမှ သူ့ကို စောင့်ရှောက်နိုင်မှာမဟုတ်ဘူး။''


''မဖြစ်ဘူး။''


ထန်နျန်တစ်ယောက် မျက်နှာပျက်သွားကာ အကြောက်အကန် ငြင်းဆန်ချင်မိသော်လည်း ထိုသို့ပြောလျှင်ပြောပြီးချင်းတွင်းပင် မိမိ၏အမှားကို သတိပြုမိသွားပြီး စိတ်ငြိမ်အောင် လုပ်လိုက်ရသည်။ ထို့နောက်တွင် သိမ်မွေ့သောလေသံဖြင့် ပြောလိုက်၏။


''ကျွန်တော်ဆိုလိုတာက ခင်ဗျားကို ဒုက္ခပေးလွန်းနေမိပါပြီ မစ္စတာချီ။ ခင်ဗျားက ကျွန်တော့်အကြွေးတွေကိုလည်း ဆပ်ပေးပြီး ထန်ထန်ရဲ့ ဆေးကုသစရိတ်ကိုလည်း ပေးထားပြီးပြီ။ အဲ့ဒါနဲ့ကို လုံလောက်တာထက် ပိုနေပါပြီ။''


အသံက နူးညံ့သိမ်မွေ့နေကာ ချီယွိလုပ်ပေးခဲ့သည်က လုံလောက်သည်ထက်ပင် ပိုနေကြောင်း ညွှန်းဆိုနေသည်။ ထန်ထန်အတွက် နေစရာကို မစီစဉ်ပေးလျှင်ပင် ကတိတည်ထားသည့်အတိုင်း သူ့အား ဆက်၍အသုံးတော်ခံရဦးမည်ဖြစ်သည်။


ချီယွိက အံ့ဩမှု၊ သံသယတို့ဖြင့် ကြည့်ကာ


''မင်းစိတ်အပူဆုံးက မင်းရဲ့ညီလေးမဟုတ်ဘူးလား။ မဟုတ်မှ...''


ထိုသူက အန္တရာယ်အငွေ့အသက်တို့ကို ထုတ်လွှတ်ရင်း မျက်မှောင်ကြုတ်လိုက်ကာ


''မင်းငါ့ကို ညာခဲ့တာလား။''


ထန်နျန်တစ်ယောက် နှလုံးခုန်မတတ်ဖြစ်သွားသော်လည်း စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အသာပြုံးလိုက်လေ၏။


''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ထန်ထန်က ခြေထောက်ကြောင့် ဒုက္ခများနေရတာလေ။ ခင်ဗျားကို ဒေါသထွက်စေမဲ့တစ်ခုခုမျိုး လုပ်မိမှာကို စိုးတာပါ။''


ထိုအမျိုးသား၏ ဝိုးတဝါးဖြင့် စုံစမ်းသည့်အကြည့်အောက်တွင် ထန်နျန် ပြုံးနေမိသော်လည်း အံကို တင်းတင်းကြိတ်ထားမိသည်။


သူ နောင်တရပေသည်။ ထန်ထန်သည် အကြွေးရှင်များကြောင့် ဒဏ်ရာရသွားကာ ဆေးရုံသို့ပို့ခဲ့ရသည်။ အစပိုင်းတွင် ထန်နျန်သည် ညီဖြစ်သူကို မစောင့်ရှောက်ချင်ပေ။ သို့သော်လည်း ချီယွိဘက်မှ မိမိကို မြင့်မြင့်မားမားစဉ်းစားစေရန်အတွက် ညီဖြစ်သူကို ဆင်ခြေအဖြစ်အသုံးချကာ ရွေးချယ်စရာမရှိသကဲ့သို့ ချီယွိ၏ ရှုးဂါးဘေဘီလုပ်ရန် သဘောတူခဲ့သည်။


လွန်ခဲ့သောရက်ပိုင်းများက ချီယွိကို တမင်သက်သက်ကျီစယ်ကာ လိင်ဆက်ဆံခြင်း မပြုခဲ့ပေ။ ထန်ထန်ကို ဂရုစိုက်ပေးသော အကြီးတစ်ယောက်ကဲ့သို့ပြုမူပြီး ထိုသူက သနားလာစေရန် မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း စဉ်းစားထားသည်ထက် ပိုသွားပြီး ချီယွိက ထန်ထန်ကို သနားသွားပြီး ချီအိမ်သို့ ခေါ်လာစေချင်မည်ဟု မည်သူထင်မည်နည်း။


ချီယွိက အကြည့်ကို ရုပ်သိမ်းလိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။


''ငါကတော့ ကလေးတစ်ယောက်လိုမျိုး လုပ်နေမှာမဟုတ်ဘူး။ မင်းသူ့ကို ထပ်ပြီးစိတ်မပူရအောင် သူနဲ့အနီးကပ်နေသင့်တယ်။''


ထို့နောက် ခေါင်းကိုအသာစောင်း၍ သူ့လက်ထောက်ကို ကြည့်ကာ ပြောလိုက်သည်။


''ကုမ္ပဏီက အသစ်ထုတ်ထားတဲ့ AI ဝှီးချဲလ်တွေ ယူလာခဲ့။''


လက်ထောက်က ခေါင်းညိတ်ပြပြီး ဖုန်းခေါ်ရန် အပြင်သို့ ထွက်သွား၏။


ထန်ထန်ကတော့ အိပ်ရာထက်တွင် ထိုင်ကာ သတိထားနေပြီး အစ်ကိုဖြစ်သူကို လွှမ်းမိုးနိုင်သည့် ထိုသူကို ချောင်းကြည့်နေမိသည်။ သို့သော်လည်း ကြည့်မိသည်နှင့်တစ်ပြိုင်နက် ထိုသူ၏ မည်းမှောင်သောမျက်ဝန်းနက်ထံတွင် မိသွားခဲ့သည်။


လန့်သွား၍ အမွှေးထောင်သွားသော ကြောင်လေးတစ်ကောင်ကဲ့သို့ပင် လျင်မြန်စွာဖြင့် ခေါင်းငုံ့လိုက်ကာ ထပ်၍မကြည့်ရဲတော့ပေ။


ထန်နျန်ကမူ အားလုံးကို နောင်တရနေမိကာ ၎င်းတို့နောက်တွင် မတ်တတ်ရပ်ရင်း ဖြစ်လာမည်များကို စိတ်ပူနေမိပြီး မသေချာမရေရာ ဖြစ်နေလေသည်။


ချီယွိကတော့ မိမိရှေ့တွင် ပျာယာခတ်သွားသောကောင်လေးကို ကြည့်ကာ ဟက်ခနဲရယ်လိုက်မိသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment