no

Font
Theme

Chapter 5 - ဝံပုလွေဆိုးကြီး၏ ထူးဆန်းသောစိတ်ရူးပေါက်ခြင်း


J မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။ တိမ်မည်းများက ကောင်းကင်ကြီးကို အုပ်မိုးထားကာ မိုးစက်တို့က အပြင်းအထန်သွန်းလောင်းနေပြီး လမ်းမများထက်၌ မီးပွိိုင့်များ ပိတ်နေ၏။


ကောင်းကင်ယံထက်မှ ဒေါသကြီးနေသောတိမ်မည်းများက လူများကို ပို၍စိတ်ပျက်စေသည်။


တီ-တီ။


စိတ်မရှည်သောကားသမားများသည် ဟွန်းတီးနေကြရင်းဖြင့် ကျိန်ဆဲနေကြ၏။ ပဲစေ့အရွယ်မိုးရေစက်တို့က ကားပြတင်းပေါက်ကို လာစင်ကာ နေရာတိုင်း၌ ရေစက်များရှိနေသည်။


မနက် (၈) နာရီခွဲတွင် ဖုန်းဘတ္ထရီနည်းနေကြောင်း အချက်ပေးသံက အဆက်မပြတ်ထွက်ပေါ်လာကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။


မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အိပ်ခန်းထဲတွင်မူ ဖိနှိပ်ခံထားရသော ရာသီဥတုမျိုး ရှိနေသည်။ မနက်စောစောနိုးသင့်သောသူက စောင်ထဲတွင် ကွေးနေ၏။ လူငယ်လေးသည် မျက်လုံးကို တင်းတင်းစေ့ကာ မှိတ်ထားသည်။


ပါးနှစ်ဖက်က ထူးခြားစွာဖြင့် နီရဲနေကာ အသာမျက်မှောင်ကြုတ်ထားခဲ့သည်။ နှုတ်ခမ်းပါးတို့က ခြောက်ကပ်နေပြီး မလွတ်မြောက်နိုင်သောအိပ်မက်ဆိုးထဲတွင် ပိတ်မိနေသကဲ့သို့ ရှိုက်ငိုကာ တစ်ခုခုကို တိတ်တဆိတ် တောင်းပန်နေဟန်ရှိသည်။


ထိုအချိန်တွင် တစ်ယောက်ယောက်က တံခါးခေါက်လာသော်လည်း အထဲမှ ပြန်ထူးသံကို မကြားရပေ။ စိုးရိမ်တကြီးတံခါးခေါက်သံက ပိုကျယ်လာကာ အထဲမှတံခါးဖွင့်သံမကြားခင်အထိ ပွက်လောရိုက်နေ၏။


''ထန်ထန်။''


ယောက်ျားတစ်ယောက် အထဲဝင်လာပြီး သိမ်မွေ့သောလေသံဖြင့် သူ၏နာမည်ကို ခေါ်လိုက်သည်။ ထိုသူ၏ခန္ဓာကိုယ်ပေါ်မှ ထင်ရှူးနံ့မျိုးကို ရနေသည်။


ထန်ထန်၏ဘေးမှနေရာသည် ထိုသူဝင်ထိုင်လိုက်သောကြောင့် အနည်းငယ်နစ်ဝင်သွား၏။ မိန်းမောနေသော ထန်ထန်၏နဖူးပြင်ကို လက်ဖဝါးကြီးက လာစမ်းသည်။


''ဘာလို့ အဲ့လောက်ပူနေရတာလဲ။ ဆရာဝန်ကိုဖုန်းခေါ်ပြီး လာခဲ့ဖို့ပြောလိုက်။''


ထိုသူ၏မျက်နှာအမူအရာက ပြောင်းသွားကာ မျက်မှောင်ကြုတ်၍ အသံတိုးတိုးဖြင့် တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်သည်။


''ကောင်းပါပြီ ဆရာ။ ဒါပေမဲ့...''


အစေခံက ခေတ္တမျှတွန့်ဆုတ်နေကာ


''မစ္စတာထန်နျန်က အကဖျော်ဖြပွဲစတော့မှာလို့ ဖုန်းဆက်ပြီး ပြောထားပါတယ်။''


အပြင်မှ မိုးခြိမ်းသံများက ထန်ထန့်ကို ခြေထောက်ကျိုးသောနှစ်ဆီသို့ ပြန်ရောက်သွားအောင် လုပ်ပေးလိုက်သကဲ့သို့ပင်။


ခြေထောက်နှစ်ဖက် အကြောသေသွားပြီးနောက်တွင် အကအဖွဲ့က သူ၏နေရာ၌ ထန်နျန်ကို အစားထိုး၍ လေ့ကျင့်စေခဲ့သည်။ အစကတော့ သူငယ်ချင်းများက လာလည်ကြပြီး မိမိပြန်အလာကိုစောင့်၍ အတူတူဖျော်ဖြေကြမည်ဖြစ်ကြောင်း အားပေးစကားပြောကြသည်။ မိဘများကလည်း မိမိကို အားပေးနှစ်သိမ့်ပြီး စင်ပေါ်သို့ တက်နိုင်အောင် ကူညီပေးမည်ဟု ကတိပေးခဲ့ကြသည်။


တစ်နှစ်တာကုန်ဆုံးသွားပြီးနောက် မိသားစုစီးပွားရေးက အစ်ကိုဖြစ်သူ၏ အကလေ့ကျင့်စရိတ်နှင့် ဆေးကုသစရိတ်နှစ်ခုလုံးကို မကာမိတော့ပေ။ တစ်ညတာမျှ စဉ်းစားဆုံးဖြတ်ပြီးနောက်တွင် မိဘများက ထန်ထန်၏ ဆေးကုသခြင်းကို လက်လျှော့လိုက်ကြကာ ကျောင်းထွက်စေပြီး အိမ်တွင်သာ နေစေခဲ့သည်။


အချိန်သည် လျင်မြန်စွာကုန်ဆုံးသွားကာ အတူတူကမည်ဟုပြောထားသောသူငယ်ချင်းများ၏စကားဝိုင်းသည်လည်း ထန်နျန်ဆီသို့ ကူးပြောင်းသွားသည်။


ထန်နျန်သည် ထူးချွန်ကာ လူကောင်းတစ်ယောက်ဖြစ်ပြီး ဆရာများထံမှ ချီးကျူးခံရသည်။


တဖြည်းဖြည်းဖြင့် ခြေထောက်နှစ်ဖက်အကြောသေသွားကာ မိသားစုကိုသာအားကိုး၍ နေရသော ထန်နျန်၏ညီငယ်ဆီသို့ မည်သူတစ်ဦးကမှ ထပ်မံရောက်မလာကြတော့ပေ။


ထန်ထန်သည် ဝှီးချဲလ်ပေါ်တွင်သာ ထိုင်နိုင်သည်။ ဧည့်ခန်းထဲမှ မိဘများက အစ်ကိုဖြစ်သူကို ချီးကျူးနေသည်နှင့် အစ်ကိုဖြစ်သူ၏ညသိမ်မွေ့သောအသံကိုသာ နားထောင်နေရပြီး သူကမူ အိပ်ရာထက်တွင် လဲလျောင်းနေရသည်။


အိမ်၌လည်း မိဘများက အပြစ်ရှိစိတ်ကြောင့် ထန်ထန်ကို ထူးဆန်းစွာဖြင့် ရှောင်လာကြကာ ထန်ထန်မှာ တံခါးအက်ကြားမှ ကြမ်းပြင်ပေါ်သို့ လင်းနေသည့် အဝါရောင်မီးဖျဖျလေးကိုသာ ငေးကြည့်နေရပြီး ယခင်က တောက်ပခဲ့သောမျက်လုံးများက ဒေါသဖြင့် တောက်လောင်နေခဲ့သည်။


အားလုံးက အစ်ကိုဖြစ်သူကို ရွေးချယ်ခဲ့ကြသည်။


မည်သူမှ မိမိကို မချစ်ကြပေ။


မည်သူတစ်ဦးတစ်ယောက်ကမှ...


''ငါမင်းကို ဆရာဝန်သွားခေါ်လို့ပြောနေတယ်လေ။''


ထိုသူ၏ မနှစ်မြို့သောလေသံက ထန်ထန့်ကို အိပ်မက်ဆိုးမှ ဆွဲခေါ်လိုက်သည်။


အစေခံက ထိုအခါမှ ဖုန်းခေါ်ရန် အောက်ထပ်သို့ ပြေးဆင်းသွားသည်။


ချီယွိသည် စိတ်တိုနေသောမျက်နှာဖြင့် မျက်မှောင်ကြုတ်ထားပြီး အစေခံကို မောင်းထုတ်လိုက်သည်။ အားအင်ဖျော့တော့နေသော ထန်ထန်ကို ဂရုတစိုက်ဖက်ထားလိုက်ကာ ရင်ခွင်ထဲ ထွေးပွေ့၍ ကျောကို ဖွဖွလေး ပုတ်ပေးလိုက်သည်။ သိမ်မွေ့သောအသံဖြင့် နှစ်သိမ့်ပေးလိုက်၏။


''မကြောက်နဲ့ မကြောက်နဲ့။''


ထိုသူ၏ အားကောင်းပြီး တည်ငြိမ်သောပွေ့ဖက်မှုအောက်တွင် နက်ရှိုင်းပြီးဆွဲဆောင်မှုရှိလှသော တီးတိုးသံကို နားထောင်မိကာ ထန်ထန်တစ်ယောက် မျက်ရည်ဝိုင်းလာတော့သည်။ အချို့သောအကြောင်းများကြောင့် အကြောလိုက်သွားစဉ်ကတည်းက ဆုပ်ကိုင်ထားသောအမုန်းတရားများ ပြန်ပေါ်လာကာ နှစ်တာချီနာကျင်မှုတို့ကို မျက်ရည်များအဖြစ် ထိုသူ၏ရင်ဘတ်ပေါ်သို့ လွှတ်ချလိုက်မိသည်။


ထန်ထန်က စွန့်ပစ်ခံတိရစ္ဆာန်လေးကဲ့သို့ ငိုကြွေးနေသည်ကို မြင်သောအခါ ချီယွိ ရုတ်တရက် ပျာယာခတ်သွားရသည်။ ကောင်လေး၏ဆံပင်ကို အသာအယာသပ်ပေးလိုက်ကာ နဖူးကိုနမ်းလိုက်သည်။ အက်ကွဲသောလေသံက စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေ၏။


''ဘာဖြစ်လို့လဲ။ ဘာလို့ ငိုနေတာလဲ။''


သို့သော်လည်း မည်မျှပင် နှစ်သိမ့်စေကာမူ ထန်ထန်သည် မျက်လုံးပိတ်၍ ရှိုက်ကြီးတငင်ငိုနေဆဲဖြစ်ကာ နှစ်ပေါင်းများစွာစုထားသောအငြှိုးတို့ကို လွှတ်ထုတ်နေသည့်နှယ်။


တဖြည်းဖြည်းဖြင့် ကောင်လေးက ငိုရသည်မှာ ပင်ပန်းသွားသောကြောင့် ရှိုက်ရင်းဖြင့်ပင် အိပ်ပျော်သွားသည်။


ချီယွိက သက်ပြင်းချလိုက်ပြီး ထန်ထန်၏မျက်လုံးထောင့်မှ မျက်ရည်စများကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ဂရုတစိုက်ဖြင့် ခန္ဓာကိုယ်ကို ပြောင်း၍ သက်တောင့်သက်အနေအထားရအောင် လုပ်ပေးကာ ထန်ထန်ကို ရင်ခွင်ထဲတွင် ထွေးပွေ့ပြီးအိပ်စက်လိုက်သည်။


အပြင်တွင်မူ မိုးသည်းနေဆဲဖြစ်သော်လည်း အခန်းတွင်း၌ နွေးထွေးနေလေ၏။


ထန်ထန် နိုးလာသောအခါ ချီယွိက မျက်လုံးမှိတ်လျက်သားဖြင့် မိမိကို ရင်ခွင်ထဲတွင် ထွေးပွေ့၍ အိပ်မောကျနေသည်ကို မြင်လိုက်ရသည်။ ခံ့ညားသောသူသည် ခန္ဓာကိုယ်လိမ်သည့်အနေအထားမျိုးဖြင့် အိပ်မောကျနေကာ ချောမောသောမျက်နှာလေးက ပုံမှန်ထက်အေးစက်နေပြီး ကလေးငယ်တစ်ယောက်ကဲ့သို့ တိတ်ဆိတ်နေသည်။


အဖျားကျသွားကာ ချွေးအနည်းငယ် ပြန်လာသောကြောင့် ထန်ထန်သည် အကြည့်ကိုဖယ်၍ စိတ်မရှည်စွာဖြင့် လှုပ်ရှားလိုက်သည်။ နိုးလာသည်ကို သတိမထားမိသကဲ့သို့ ထိုသူက မိမိကို ပို၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ စောင်အနောက်မှနေ၍ ကျောကို အသာပုတ်ပေးပြီး အသံတိုးတိုးဖြင့် ချော့မြူလာသည်။


''အဆင်ပြေသွားပြီ။ ကိုယ်ရှိတယ်။''


ထန်ထန်သည် ရင်ခွင်ထဲတွင် လဲလျောင်းနေရင်းဖြင့် ထိုသူ၏နှလုံးခုန်သံကို နားထောင်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများက ဖောင်းကားနေပြီး မျက်ရည်စအချို့ စီးဆင်းလာသည်။ ခေါင်းလှည့်ကာ မျက်ရည်သုတ်လိုက်ရင်း မိမိဘာသာ တွေးနေမိသည်။


'ငါက တကယ်ကို အသုံးမကျတာပဲ။'


ထန်ထန် ထပ်လှုပ်လိုက်သောအခါတွင် ချီယွိ နိုးသွားခဲ့သည်။ မျက်တောင်များက အနည်းငယ်တုန်ခါသွားကာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။


ထန်ထန်၏ခန္ဓာကိုယ်က တောင့်တင်းသွားကာ ဂရုတစိုက်ဖြင့် အဝေးသို့ ဖယ်သွားခဲ့သည်။


အပြင်တွင် မှောင်နေပြီဖြစ်ကာ အခန်းထဲတွင် မီးရောင်လေးသာ ထွန်းထားသည်။ ချီယွိက မျက်မှောင်ကြုတ်၍ ထန်ထန်၏ နှာခေါင်းထိပ်လေးကို ညှစ်ပစ်လိုက်သည်။ ထန်ထန်က ကြောက်လန့်တကြားပုန်းနေသည်ကို တွေ့သောကြောင့် အနားသို့ ပို၍တိုးသွားကာ နဖူးကို ခေါင်းဖြင့်ထိကပ်လိုက်သည်။ အဖျားကျသွားသည်မှာ သေချာသွားသောအခါမှ အက်ကွဲသောလေသံဖြင့် မေးလိုက်၏။


''ဘာတွေပုန်းနေတာလဲ။''


"....."


ထန်ထန်က ဘာမှမပြောဘဲ လက်ချောင်းလေးများကိုသာ ဆော့ကစား၍ ကြည့်နေခဲ့သည်။


ချီယွိတစ်ယောက် အသာသက်ပြင်းချလိုက်ပြီး စောင်အောက်မှ ဖုန်းကိုကောက်ယူကာ နာရီကြည့်လိုက်သည်။ ထို့နောက်တွင် ထန်ထန်၏ဆံပင်လေးကို အသာဖွကာ မေးလိုက်၏။


''ဗိုက်ဆာနေပြီလား။''


ထန်ထန်၏ခန္ဓာကိုယ်က သေးသေးလေးဖြစ်သည်။ တစ်ကိုယ်လုံး စောင်ထဲတွင် မြုပ်နေပြီး သေးငယ်သော မျက်နှာဖောင်းဖောင်းလေးကိုသာ ဖော်ထားသည်။ ထိုကောင်လေးက အသာခေါင်းညိတ်ပြ၍ ဖွခံထားရသည့်ဆံပင်ကို ပြန်သပ်လိုက်၏။


ချီယွိတစ်ယောက် ထိုပုံစံလေးအား ချစ်စရာကောင်းလှသည်ဟု ထင်မိကာ စောင်ကိုမ၍ ထထွက်သွားလိုက်သည်။ နေ့လယ်စာစီစဉ်ရန် အောက်ထပ်သို့ ဆင်းသွားခြင်းပင်။


ထိုသူထွက်သွားပြီးနောက် ထန်ထန်သည် သူ့လက်ဖမိုး၌ အကြောဆေးချိတ်ထားသည်ကို တွေ့လိုက်သည်။ အဖြူရောင်အပ်ကို ကြည့်ကာ စိတ်ထဲတွင် စဉ်းစားနေမိ၏။ သူသည် အိပ်ရေးမက်သူမဟုတ်သောကြောင့် တစ်ယောက်ယောက်က ကြည့်နေလျှင်၊ ဆေးပုလင်းချိတ်ရလျှင် အိပ်မပျော်တတ်ပေ။


စဉ်းစားရင်းဖြင့် မြင်ကွင်းတစ်ခုက ထန်ထန်၏စိတ်ထဲတွင် ဖျက်ခနဲပေါ်လာသည်။ ချီယွိသည် ဂရုတစိုက်ဖြင့် သူ့လက်ကိုကိုင်ကာ ဆေးပုလင်းချိတ်ပေးပြီး အခြားလက်တစ်ဖက်က မိမိ၏နောက်ကျောကို ဖွဖွလေးပုတ်ပေးပြီး သိမ်မွေ့သောအသံဖြင့် နှစ်သိမ့်ပေးနေခဲ့သည်။


ထန်ထန်၏ပါးများက ရုတ်တရက် ပူလောင်လာသည်။ ထို့နောက် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်၏။ အပြင်ဘက်တွင် မိုးက တိတ်သွားပြီဖြစ်သော်လည်း ကောင်းကင်ကြီးက မှောင်မည်းနေဆဲဖြစ်ကာ နေရောင်မရှိပေ။


ထိုသို့သောရာသီဥတုမျိုးကို ထန်ထန်အကြောက်ဆုံးဖြစ်သည်။ အေးစက်မှုနှင့်စိုထိုင်းမှုက မသန်သောခြေထောက်များကို ပို၍ကိုက်ခဲစေသည်။ ထန်ထန်သည် နာကျင်မှုဒဏ်ကို မိုးလင်းမှမိုးချုပ်ထိ သတိလစ်သွားမတတ် သည်းခံခဲ့ရသည်။


ထိုသို့သောနေ့ရက်များကို နှစ်ပေါင်းများစွာတိုင်အောင် သည်းခံခဲ့ရသည်။ သို့သော် ယနေ့တွင်မူ ခြေထောက်မှနာကျင်မှုက သက်သာသွားကာ ထင်းရှုးသားကဲ့သို့သောအနံ့က သူ့ကို နွေးထွေးသွားစေသည်။ ထန်ထန် တွေဝေစွာဖြင့် စောင်ကိုကြည့်လိုက်ပြီး စဉ်းစားနေမိကာ မသေချာမရေရာဖြစ်နေခဲ့သည်။


အခန်းအပြင်တွင် ချီယွိက လင်ပန်းတစ်ချပ်ကို ကိုင်၍ အပေါ်သို့ တက်လာသည်။ တံခါးဆီသို့ မရောက်ခင်တွင် ထန်နျန်က တားလိုက်သည်။


သူက ဖျော့တော့နေသောမျက်နှာဖြင့် လင်ပန်းကိုင်လာသူကို ကြည့်နေခဲ့ပြီး တွန့်ဆုတ်စွာ မေးလိုက်သည်။


''မစ္စတာချီ၊ ဒါက ဘာလဲ။''


ဖျော်ဖြေပွဲပြီးနောက် နေ့ခင်းအစောပိုင်းတွင် ထန်နျန်က ထန်ထန်၏အခန်းဆီသို့ သွားခဲ့သည်။ သို့သော် ထိုအချိန်တွင် သနားစရာကောင်လေးသည် တံခါးအပြင်ဘက်မှ အစ်ကိုဖြစ်သူ၏အသံကို ကြားလိုက်ရသောကြောင့် လန့်ဖျပ်သွားကာ တစ်ကိုယ်လုံးတုန်ယင်နေပြီး နောက်ဆုံးမျှော်လင့်ချက်ကဲ့သို့ ချီယွိ၏ အဝတ်အစားများကို ဆုပ်ကိုင်ထားခဲ့သည်။ ထိုအပြုအမူက ချီယွိနှလုံးသားကို အရည်ပျော်သွားစေ၏။


ထို့ကြောင့်ပင် ချီယွိက လူလွှတ်ကာ ထန်နျန်ကို တံခါးအပြင်သို့ မောင်းထုတ်လိုက်သည်။ ကစားနေသည်မှာ လုံလောက်ပြီဖြစ်ကာ ထပ်မံ၍ ဟန်ဆောင်မနေချင်တော့ပေ။


ချီယွိက မျက်ခုံးတစ်ဖက်ပင့်၍ သာမန်ကာလျှံကာ ပြောလိုက်သည်။


''ပြောရရင် မင်းညီလေးက ငါ့အကြိုက်နဲ့ ပိုကိုက်နေတယ်။ အဲ့ဒါကြောင့် အရင်အတိုင်း ရှူးဂါးဒယ်ဒီဒိတ်လုပ်မဲ့စာချုပ်ကို ဆက်လုပ်ကြမယ်။ ဒါပေမဲ့ လူပြောင်းပြီး စာချုပ်ချုပ်မယ်။''


ပြောပြီးသောအခါတွင် ထိုသူက အဖြေကိုပင် မစောင့်ဘဲ တောင့်တင်းနေသောထန်နျန်၏ ဘေးနားမှဖြတ်၍ အခန်းထဲသို့ ပြန်ဝင်သွားသည်။ သူ၏ အဖိုးတန်ကောင်လေးက ဗိုက်ဆာနေပြီလေ။


ထန်နျန် တွေးနေမိသည်ကမူ ... အဘယ့်ကြောင့် ထိုကောင်ဖြစ်နေရသနည်း။


ထန်နျန်တစ်ယောက် ထိုနေရာတွင် ခေတ္တမျှ ကြောင်နေမိကာ ညီငယ်ဖြစ်သူက မိမိကို နောက်ထပ်တစ်ဖန် ကျော်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ရင်ဘတ်ထဲတွင် မောဟိုက်လာကာ မျက်ဝန်းများကလည်း ကြောက်စရာကောင်းသောအမုန်းတရားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။


သူသည် ထိုအသုံးမကျသောအမှိုက်ကို အဘယ့်ကြောင့် မယှဉ်နိုင်ရသနည်း။ အရာအားလုံးကို ထိုအမှိုက်ဖြင့် အဘယ့်ကြောင့် ယှဉ်ပြိုင်နေရသနည်း။


ထန်နျန်တစ်ယောက် အံကြိတ်ထားမိရင်း မျက်နှာတစ်ခုလုံးမှ ညင်သာမှုတို့က ပျောက်ပြယ်သွားသည်။


အခန်းထဲတွင်မူ ထန်ထန်က အိပ်ရာထက်တွင် ထိုင်နေကာ ထိုသူကျွေးသောအစားအသောက်များကို ရှက်ရှက်ဖြင့် စားနေပြီး ဟမ်းစတားလေးတစ်ကောင်နှယ် ဝါးနေခဲ့သည်။


ချီယွိက ထန်ထန်ကို ခွံ့ကျွေးရင်းဖြင့် ရယ်လိုက်မိ၏။ ချစ်သူလေးသည် မည်သည့်ရှုထောင့်ကကြည့်ကြည့် ဆွဲဆောင်မှုရှိလှကာ မျက်တောင်ရှည်တို့က ယပ်တောင်လေးကဲ့သို့ တဖျပ်ဖျပ်ခတ်နေပြီး အူယားစရာကောင်းလှသည်။


ထန်ထန်တစ်ယောက်ကမူ ငတ်ပြတ်နေရှာသည်။ ရှက်ပင်မရှက်နိုင်တော့ဘဲ ပန်းကန်လုံးထဲမှ ဝဥစွပ်ပြုတ်ကို ဌက်ကလေးတစ်ကောင်နှယ် သောက်နေကာ ဗိုက်ထဲတွင် နေသာထိုင်သာရှိသွားသောအခါမှ ရပ်သွားခဲ့သည်။


ချီယွိက ပန်းကန်လုံးကိုချ၍ ထန်ထန်၏နှုတ်ခမ်းလေးကို လက်သုတ်ပဝါဖြင့် သုတ်ပေးလိုက်ပြီး ထန်ထန်၏နှုတ်ခမ်းထက်တွင် စိုစွတ်သောအနမ်းတစ်ခု ခြွေချလိုက်သည်။


အခန်းထဲတွင် မိုးရေစက်ကျသံများကို ကြားနေရကာ ထန်ထန်က မျက်လုံးမှိတ်ထားခဲ့သည်။ သေးငယ်သောလက်လေးဖြင့် ချီယွိ၏အင်္ကျီစကို ချေမွမတတ် ဆုပ်ကိုင်ထား၏။


ခေတ္တမျှကြာပြီးနောက်တွင် ချီယွိသည် အသက်ရှူမဝဖြစ်နေသော ထန်ထန်ကို လွှတ်ပေးလိုက်ပြီး ရှက်နေသောကောင်လေးကိုကြည့်ကာ ရုတ်တရက် ကျီစားချင်လာမိသည်။ မိမိနှင့်လိင်ဆက်ဆံစဉ်က ကောင်လေး၏ပုံစံကို တွေးမိသည့်အခါတိုင်း လွန်စွာဆွဲဆောင်မှုရှိသည်ဟု ထင်မိ၏။


ချီယွိသည် ထန်နျန်ကို ပြောခဲ့သည်နှင့်ပက်သက်ပြီး နှုတ်ဆိတ်နေကာ ထန်နျန်က မိမိကို သူ၏ရည်းစားဟု ပြောထားသောအလိမ်အညာအား ကောင်လေးကို ပြောမပြသေးပေ။ ထန်ထန်၏ နှင်းဆီပွင့်လိုမျက်နှာလေးကို ဂရုတစိုက်ကြည့်၍ နွေးထွေးစွာ ပြောလိုက်သည်။


''ဘေဘီလေး မင်းအပေါက်က မင်းအစ်ကိုဟာထက် ပိုကောင်းတယ်လို့ ကိုယ်ထင်တယ်။ စိုပြီးကျပ်နေတာပဲ။ ကိုယ်နဲ့တွဲကြမယ်ဆိုရင်ရော ဘယ်လိုလဲ။''


ထန်ထန်၏ရင်တွင်းမှမီးတောက်သည် ရုတ်တရက် ငြိမ်းသွားကာ မိမိရှေ့မှချောမောသောယောက်ျားကို ဖျော့တော့သောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် အစ်ကိုဖြစ်သူ၏ ရည်းစားဆိုသောအကြောင်းကို အမှတ်ရသွားပြန်သည်။


''မစ္စတာချီ ကျွန်တော် ... ကျွန်တော်မလုပ်နိုင်ဘူး။''


ထန်ထန်က အိပ်ရာခင်းကို ဆုပ်လိုက်မိပြီး မျက်ရည်လေးဝိုင်းလာသော်လည်း ထိုသူက တားဆီးသောအမူအရာမျိုး လုပ်ပြလာသည်။


ချီယွိက တားသည့်ဟန်လုပ်ပြပြီး ပြုံးလိုက်ကာ သူ့လက်ချောင်းတို့ဖြင့် ထန်ထန်၏ နက်မှောင်သောဆံပင်ကို ဖွလိုက်သည်။ ထို့နောက်တွင် နူးညံ့စွာ ပြောလိုက်၏။


''ကိုယ်နဲ့ပဲအတူနေပါ ဘေဘီလေး။ မင်းသာ ကိုယ့်အပိုင်ဖြစ်ရင် မင်းအစ်ကိုမသိအောင် လျှို့ဝှက်ချက်အဖြစ် ထိန်းထားပေးမယ်။ ပြီးတော့ ...''


ခေတ္တရပ်ပြီး လေသံတိုးတိုးဖြင့် ဆက်ပြောလာသည်။


''မင်းခြေထောက်ကို ကုပေးဖို့ အတော်ဆုံးဆရာဝန်ကို ရှာပေးမယ်။''


လက်ချောင်းများကြားမှ ပျော့ပျောင်းသည့်ဆံကေသာကို လွှတ်ပေးလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ကောင်လေးကို ပြုံး၍ကြည့်လိုက်သည်။ ထန်ထန်၏အဖြေကို တိတ်ဆိတ်စွာ စောင့်နေခြင်းဖြစ်သည်။


ထန်ထန်သည် မတ်တတ်ရပ်ချင်သည်။ စင်ပေါ်သို့လည်း ပြန်တက်ချင်သည်။


ထန်ထန်က ဘာမှမပြောပေ။ မျက်လွှာချ၍ အောက်မှအိပ်ရာခင်းကိုသာ စိုက်ကြည့်နေခဲ့သည်။ ဝမ်းနည်းသောအကြည့်တို့က အိပ်ရာခင်းကိုဖြတ်ကျော်၍ မသန်မစွမ်းဖြစ်နေသောခြေထောက်များကို မြင်ရဟန်တူသည်။


သို့သော် စိတ်ထဲတွင်မူ ကျယ်လောင်စွာဖြင့် ပျော်ရွှင်မြူးတူးနေပြီဖြစ်သည်။ ဆုရသရုပ်ဆောင်လေးသည် အပျော်လွန်နေပေ၏။ ဒုတိယဇာတ်လိုက်ကုန်း ပေါ်လာချိန်တန်ပြီဖြစ်ကာ ချီယွိသည်လည်း လိင်ဆက်ဆံရသည်ကို အရသာတွေ့နေပေသည်။ သူသည်လည်း အစ်ကိုဖြစ်သူ၏ရည်းစားဖြင့် ကျူးလွန်ရခြင်းကို သဘောတွေ့နေမိ၏။


''ကျွန်တော် ... ကျွန်တော် ကတိပေးပါတယ်။''


ထန်ထန်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။


ချီယွိက ပြုံး၍ ကိုယ်ကိုကိုင်းကာ ထန်ထန်၏နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး သူ့အသံက စိတ်လှုပ်ရှားခြင်းတို့ဖြင့် ရောထွေးနေသည်။


''ကောင်းပြီ ဘေဘီလေး။ မနက်ဖြန်ကျရင် ကိုယ်မင်းကို ဆေးရုံလိုက်ပြပေးမယ်။ ပြီးတော့ ကိုယ် H မြို့ကို တစ်ပတ်လောက် အလုပ်ကိစ္စခရီးထွက်ရမှာ။ နေ့တိုင်း ကိုယ့်ကို ဗီဒီယိုကောလ်ခေါ်ဖို့ မမေ့နဲ့နော်။ ကိုယ်ပြန်လာတဲ့အခါကျရင် မင်းအစ်ကိုနောက်ကွယ်မှာ မသိအောင် ဖြစ်ကြတာပေါ့။ ဟုတ်ပြီလား။''


ထန်ထန်က ခေတ္တမျှတိတ်ဆိတ်နေပြီးနောက်တွင် ခေါင်းညိတ်ပြလိုက်လေ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment