no

Font
Theme

Chapter 7.1 - တခြားကုန်းတစ်ယောက်ရဲ့ သုက်ရည်ထဲကို အပေါက်ထဲ ထည့်ထားရင်း ဘတ်စကတ်ဘောပွဲ ကြည့်မယ်


မနက် ၇:၂၉ တွင် လုကျစ်ရွှမ်၏ မျက်လုံးတို့ အချိန်ကိုက် ပွင့်လာကာ အိပ်ရာပေါ်မှ သာသာလေး ဆင်း၍ မြည်တော့မည့် နှိုးစက်သံကို ပိတ်လိုက်သည်။


ထန်ထန်က စောင်အောက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်ကာ သူ၏ လှုပ်ရှားသံများက အိပ်စက်ခြင်းအပေါ် သက်ရောက်မသွားခဲ့ချေ။


ကိုယ်လက်ဆေးကြောကာ အဝတ်အစား လဲပြီးခါမှ လုကျစ်ရွှမ်က အိပ်ရာပေါ် ပြန်တက်လာပြီး ထန်ထန်ကို သာသာလေး ဆွဲထူလိုက်သည်။ အိပ်ပျော်နေဆဲ မျက်နှာနီနီလေးကို နမ်းရှိုက်ကာ ညင်သာစွာဖြင့် ပြောလိုက်သည်။


“ထန်ထန်လေး .. အိပ်ရာထရမဲ့အချိန် ရောက်ပြီ။ ဝက်ငပျင်းလေး။ ဒီနေ့ နီရှန်းယန်တို့ ဘတ်စကတ်ဘောအသင်းက ပြိုင်ပွဲရှိတယ်လေ။ မနေ့ကပြောတော့ကျ နီရှန်းယန်ကို အားပေးဖို့ စောစောထမှာဆို။”


“Hmm”


ထန်ထန်၏ သပ်သပ်ရပ်ရပ် ဖီးသင်နေကျ ဆံပင်နက်နက်လေးများမှာ ပွရှုပ်နေကာ မျက်လုံးမှိတ်ထားလျက်နှင့်ပင် ထိုအမျိုးသား၏ နွေးထွေးလှသော ရင်ခွင်ထဲသို့ တိုးဝင်ပြီး မျက်နှာသေးသေးလေးကို ရှုံ့မဲ့လျက် သူ့အား ဖက်ထားပေးရန် တောင်းဆိုလိုက်သည်။


“တအားကို ကြေးများတာပဲနော်။”


လုကျစ်ရွှမ်မှာ စိတ်ကို ထိန်းမထားနိုင်တော့ဘဲ လူကပ်ချင်နေသည့် ကောင်ငယ်လေး၏ အတိုင်းသား မြင်နေရသော လည်တိုင်ဖြူဖြူလေးများကို ငုံ့ကိုက်လိုက်မိတော့သည်။ သူက ထန်ထန်ကို ကလေးချီသလို ပွေ့ချီကာ ရေချိုးခန်းထဲသို့ သယ်လာလိုက်သည်။ စတော်ဘယ်ရီ အရသာ သွားတိုက်ဆေး ထည့်ပေးပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။


“ပါးစပ်ဟလိုက်ပါဦး ထန်ထန်လေး။”


အေးစက်စက် သွားတိုက်ဆေးနှင့် နှုတ်ခမ်းဖျား ထိတွေ့လာခါမှ လည်တိုင်တစ်လျှောက် နီရဲရဲအမှတ်များဖြင့် ပြည့်နှက်နေကာ ရင်ဘက်တစ်ခုလုံး ဟင်းလင်းပွင့်လျက် ပိုးသားညဝတ်အင်္ကျီကို လျော့ရိလျော့ရဲ ဝတ်ဆင်ထားသော ထန်ထန်မှာ ပြီးခဲ့သောည၏ ပြင်းထန်လှသော တိုက်ပွဲကို ပြန်သတိရမိသွားတော့သည်။ သူက အိပ်ချင်မူးတူးဖြင့် ပါးစပ်ကို ဖွင့်ပေးလိုက်သည်။


“အာ။”


မည်သူ့ကိုမှ ဂရုစိုက်မပေးဖူးသည့် လုကျစ်ရွှမ်သည် ပထမဆုံးအကြိမ် ဖြစ်သည့်တိုင် အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ပေသည်။ သူက ထန်ထန်၏ သွားများကို သေသေချာချာ တိုက်ပေးကာ ထန်ထန်ကလည်း အိပ်ငိုက်နေသည့်တိုင် သူ ခိုင်းသည့်အတိုင်း တသွေမတိမ်း လိုက်လုပ်ပေးခဲ့သည်။


အားလုံး ပြီးစီးသည့်အခါ သူက ထန်ထန်အား စတော်ဘယ်ရီအရသာ အနမ်းတစ်ပွင့် ဆုချရန်ပင် တောင်းဆိုလိုက်သေးသည်။ သို့သော် အိပ်ချင်စိတ်တို့ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည့် ထန်ထန်သည် နှလုံးသားမဲ့သော ကောင်ငယ်လေးအဖြစ်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားကာ သူ့ကို စူးစူးရဲရဲသာ စိုက်ကြည့်လာခဲ့သည်။


အကြောင်းပြချက်ကမူ ... ပြောပြရလျှင် ဇာတ်လမ်းရှည်နေပေလိမ့်မည်။


ထိုနေ့က သန့်စင်ခန်းထဲတွင် ထန်ထန်သည် ထိုလူဆိုးကောင် သုံးဦးနှင့် အတူတူ နေပါမည်ဟု ကတိပေးခဲ့မိသည်။ ထိုနေ့မှစ၍ ထန်ထန်၏ သနားစရာ တင်ပါးလေးမှာ တစ်ရက်လေးပင် အနားမယူခဲ့ရတော့ချေ။


ထိုယောကျ်ားသုံးဦးက ထန်ထန်နှင့် အတူအိပ်ရန် တိကျသော အချိန်ဇယားတစ်ခုပင် ဆွဲခဲ့ကြသေးသည်။ တနင်္လာနေ့တွင် ကျန်းချာ၊ အင်္ဂါနေ့တွင် လုကျစ်ရွှမ်၊ ဗုဒ္ဓဟူးနေ့တွင် နီရှန်းယန်၊ ကြာသပတေးနှင့် သောကြာနေ့များတွင် အားလုံးအတူတူ နေကြမည်ဖြစ်ကာ စနေတနင်္ဂနွေ ပိတ်ရက်များအတွက်မူ မဲနှိုက်ကြမည် ဖြစ်သည်။


ယမန်နေ့မှာ လုကျစ်ရွှမ်၏အလှည့် ဖြစ်သည်။ ထန်ထန်က မျက်ရည်များ ရစ်သိုင်းလျက် မနက်ဖြန်မနက်တွင် နီရှန်းယန်ကို သွားပြီး အားပေးချင်သည်ဟု တောင်းဆိုသည့်အခါ ထိုမြေခွေးကောင်က ခပ်ပြုံးပြုံးဖြင့် သဘောတူခဲ့သည်။ သို့သော် လက်တွေ့တွင်မူ သူက ထန်ထန်ကို အပေါက်သေးသေးလေး နီမြန်းယောင်ယမ်းလာသည်အထိ ညလုံးပေါက် စားသုံးကာ သူ့အရည်များကလည်း အခုအချိန်အထိ အပေါက်ထဲတွင် အပြည့်ဖြစ်နေဆဲပင်။


ထန်ထန်၏ လည်စည်းကို သေချာစည်းပေးပြီးနောက် လုကျစ်ရွှမ်က ကော်လံကို ပြန်ပြင်ပေးကာ အကြည့်ချင်း ဆုံလိုက်သည်။ အားလုံး အစီအစဉ်တကျ ဖြစ်ပြီးနောက်တွင် သူက ထန်ထန်၏ မေးစေ့ကို မော့စေကာ နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်ပြန်သည်။ ကျန်လက်တစ်ဖက်လည်း ထန်ထန်၏ ခါးတစ်လျှောက် ပွတ်သပ်ကာ ဘောင်းဘီအတွင်းမှတစ်ဆင့် တင်ပါးများထံ လျှောဝင်လိုက်သည်။


အထဲရှိ တင်ပါးအဆို့ကို လက်ဖြင့် အသာပုတ်ကာ ရယ်သံစွက်လျက် မေးလိုက်သည်။


“ဘေဘီလေး .. အထဲမှာ ထိန်းထားနိုင်တယ် မဟုတ်လား။”


သူ၏ လက်ချက်ကြောင့် တင်ပါးအဆို့မှာ အထဲသို့ ပိုပြီး နစ်ဝင်သွားကာ ထန်ထန်မှာလည်း တဆတ်ဆတ် တုန်ရီလျက် လုကျစ်ရွှမ်၏ ရင်ခွင်ထဲသို့ လဲကျသွားသည်။ အကြိမ်များစွာ အလုပ်ခံထားရသည့်အတွက် သူ့ခန္ဓာကိုယ်မှာ အလွန်အမင်း အထိမခံနိုင် ဖြစ်လာကာ ယောကျ်ားတို့၏ ရနံ့ကို ရလိုက်ရုံဖြင့်ပင် ဖင်ပေါက်လေးတစ်ခုလုံး စိုရွှဲလာတော့သည်။


“ငါ့ကို လာမရှုပ်နဲ့။”


ထန်ထန်က မျက်နှာတစ်ခုလုံး နီရဲလျက် လုကျစ်ရွှမ်၏ လက်ဖမိုးကို ငုံ့ကိုက်ရင်း ရန်လုပ်လိုက်သည်။


ကိုက်ခဲမှုမှာ မနာကျင်၊ အကောင်သေးသေးလေး ကိုက်ရုံမျှသာ ဖြစ်ပေသည်။ သို့သော် လုကျစ်ရွှမ်ကို ယားကျိကျိ ဖြစ်စေကာ လည်စေ့ကို အထက်အောက် ရွေ့လျားလျက် ထန်ထန်၏ လက်သေးသေးလေးကို သူ့ခွကြားသို့ နေရာချကာ ပွတ်သပ်စေလိုက်သည်။ သူ့လေသံမှာလည်း သိသိသာသာ ပြောင်းလဲသွားတော့၏။


“ထန်ထန်။”


မာတောင့်တောင့် လိင်တံထူထူကြီးက ဘောင်းဘီထဲမှပင် ထိုးထွက်လာတော့မည့်အလား ဖောင်းကြွလာသည်။ ထန်ထန်က မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ဘာစကားမှ ပြန်မပြောနိုင်တော့သော်ငြား လက်များကမူ အလိုလို လှုပ်ရှားမိသွားခဲ့ပေသည်။


လုကျစ်ရွှမ်က ရွှင်လန်းအားရမှု အပြည့်ဖြင့် ရေချိုးခန်းထဲမှ ထွက်သွားခဲ့သည်။ သနားစရာ ထန်ထန်လေးကမူ မျက်နှာတစ်ခုလုံး သုတ်ရည်များ စိုရွှဲလျက် ခြေထောက်များ တဆတ်ဆတ် တုန်ရီရင်း ကျန်နေခဲ့ရှာရသည်။


ကျန်းချာက ထမင်းစားပွဲတွင် ထိုင်ကာ ဖုန်းသုံးနေသည်။ ထန်ထန်တို့နှစ်ဦး အောက်ထပ်သို့ ဆင်းလာခါမှ ပူနွေးနွေး ပြင်ဆင်ထားသည့် မနက်စာကို စားပွဲပေါ် ပြင်ဆင်ကာ ထန်ထန်အနားသို့ တိုး၍ မနက်ခင်းအနမ်း ပေးလိုက်သည်။


“ရှန်းယန်ရော။”


လုကျစ်ရွှမ်က ပေါင်မုန့်မီးကင်တစ်ချပ်ကို ယူစားရင်း မေးလိုက်သည်။


ထန်ထန်က သမ်းဝေလျက်နှင့်ပင် ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။ ကျန်းချာကမူ သူ့ကို နမ်းရန် အစွမ်းကုန် ကြိုးစားနေဆဲပင်။ ဆံပင်များကို အသာဖွပေးရင်း မနက်ခင်းစောစော အိမ်မှ မထွက်သွားခင် ထန်ထန်ကို မတွေ့လိုက်ရသည့်အတွက် သုန်မှုန်နေသော နီရှန်းယန်၏ မျက်နှာကြီးကို ပြန်မြင်ယောင်သွားသည့်အတွက် ရုတ်တရက် ထရယ်လိုက်သည်။


“ဘတ်စကတ်ဘောအသင်းနဲ့ လုပ်စရာ ရှိသေးလို့ ဆိုလားပဲ။ ကျောင်းကို စောစောသွားနှင့်ပြီ။”


နီရှန်းယန်တစ်ယောက် မည်မျှ သုန်မှုန်နေလောက်ကြောင်း မြင်ယောင်မိသွားသည့် လုကျစ်ရွှမ်ကလည်း မက်မွန်ပွင့်ပုံမျက်ဝန်းများ ကွေးညွတ်သည်အထိ အားရပါးရ ပြုံးမိသွားသည်။


မနက်စာစားပြီးနောက် လုကျစ်ရွှမ်က ထန်ထန်ကို ကျောင်းသို့ လိုက်ပို့လိုက်သည်။ သူနှင့် ကျန်းချာတွင် အခြားလုပ်စရာကိစ္စများ ရှိနေသေးသည့်အတွက် ဘတ်စကတ်ဘောပွဲကို ထန်ထန် တစ်ဦးတည်းသာ သွားကြည့်ရပေလိမ့်မည်။


ဘတ်စကတ်ဘောပွဲ ကျင်းပသည့်နေရာသို့ ရောက်လျှင်ရောက်ချင်း ထန်ထန်မှာ နှုတ်ခမ်းစူမိသွားတော့သည်။


ကျောင်းပေါင်းစုံ ဘတ်စကတ်ဘောကွင်းနှင့် ကြက်တောင်ကွင်းတို့မှာ တစ်နေရာနှင့်တစ်နေရာ သိပ်မဝေးကြချေ။ သူ အချိန်အတော်ကြာ မမြင်ဖြစ်သည့် ချူလဲ့အန်းက အားကစားဘောင်းဘီအတိုနှင့် အင်္ကျီလက်ပြတ်ကို ဝတ်ကာ ကြက်တောင်ရိုက်တံကို လက်က ကိုင်လျက် နီရှန်းယန်ကို ရှက်ပြုံးလေးဖြင့် စကားပြောနေခဲ့သည်။


နီရှန်းယန်၏ မျက်နှာကမူ မည်းမှောင်နေကာ စကားပြောနေရင်းပင် ဘောလုံးပိုက်ကွန်ထဲသို့ အကြိမ်အနည်းငယ် လှမ်းပစ်နေလိုက်သေးသည်။


အရပ်ရှည်ရှည်၊ ကြွက်သားတောင့်တောင့်နှင့် ထိုကောင်လေးက နောက်ကျောတွင် မီးတောက်ပုံများ ရေးဆွဲထားသော အနက်ရောင်ဂျာစီတစ်ထည်ကို ဝတ်ထားသည်။


သူက အမြဲလိုလို စိတ်တိုနေတတ်ကာ ပူလောင်သည့် သဘောထားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ မိနစ်အနည်းငယ် သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ချွေးပေါက်များ တရစပ် စီးကျလာသည်မှာ ခပ်ညိုညို အသားအရေကို ပျားရည်တစ်လွှာ သုတ်လိမ်းထားသည့်အလားပင်။ လှုပ်ရှားလိုက်လေတိုင်း မို့တက်လာသည့် ကြွက်သားများကြောင့် သူ့ပုံစံမှာ မည်သူမှ ထိပ်တိုက်မတိုးရဲသည့် ပြိုင်ဘက်တစ်ဦးဟု သတ်မှတ်ချင်ဖွယ် ဖြစ်လာတော့သည်။


ဖြူဖွေးသွယ်လျသည့် ချူလဲ့အန်းက ဘေးနားတွင် ရပ်နေကာ သူ့အကြည့်တို့ကမူ နီရှန်းယန် တစ်ဦးတည်းထံသို့သာ ကပ်ငြိနေသည်။


တစ်ဦးက အရပ်ရှည်ပြီး ချောမောခန့်ညားကာ ကျန်တစ်ဦးက ဖြူဖွေးသွယ်လျပြီး မောက်မာဝင့်ကြွားဟန်တို့ အပြည့်ပင်။ ဖျတ်ခနဲ ကြည့်လိုက်လျှင်ပင် သူတို့နှစ်ဦးမှာ စုံတွဲများ ဖြစ်ကြသည်ဟု ထင်မိဖွယ်ရာပင်။ ထန်ထန်က သူတို့နှစ်ဦးကို စိုက်ကြည့်နေလိုက်ပြီးနောက် နီရှန်းယန်အတွက် သီးသန့် ယူလာသည့် အားဖြည့်အချိုရည်ဘူးကို မျက်နှာသေဖြင့် ဖွင့်ကာ တစ်စက်မှ မကျန်အောင် မော့သောက်လိုက်သည်။


နီရှန်းယန်က သူ့ဘေးတွင် ကပ်နေသည့် ကြက်ပေါက်လိုကောင်ကို စိတ်မရှည်လက်မရှည်ဖြင့် စကားတစ်ခွန်းနှစ်ခွန်း ပြန်ပြောရင်း နောက်လှည့်ကြည့်လိုက်သည့်အခါ ခပ်တည်တည်ဖြင့် ရပ်နေသည့် အရူးလေးကို တွေ့လိုက်ရသည်။


သုန်မှုန်နေသည့် သူ့မျက်နှာ ချက်ချင်း ဝင်းလက်သွားကာ ချွဲချွဲနွဲ့နွဲ့ လှမ်းခေါ်နေသော ချူလဲ့အန်းကို လျစ်လျူရှုပြီး ဘောလုံးကို ပိုက်လျက် အသည်းလေးထန်ထန်အနားသို့ ပြေးသွားလိုက်သည်။


အရပ်ရှည်ရှည် ကောင်လေးက သူ ချစ်ရသူအနားသို့ ဝုန်းခနဲ အပြေးလာကာ အနားသို့ ရောက်ကာမှ အမှုမထားလေဟန်ဖြင့် ချောင်းအသာဟန့်၍ ပြောလိုက်သည်။


“ရောက်လာရင်လည်း ထိုင်ခုံရှာပြီး ထိုင်နေပါ့လား။ ပွဲက စမှ မစသေးတာ။ ဒီနားမှာ ဘာမှ ကြည့်စရာ မရှိဘူး။”


ထန်ထန်က သူ့အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ချူလဲ့အန်း၏ မနာလိုမှုများဖြင့် ပြည့်နှက်နေသော အကြည့်တို့ကို တိုက်ရိုက် မြင်တွေ့လိုက်ရ၏။


တစ်ခဏမျှ တုံ့ဆိုင်းသွားကာ သူ့အား အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေသည့် ချူလဲ့အန်းအား ချိုမြိန်စွာ ပြုံးပြလိုက်သည်။


နီရှန်းယန်က သူ့အကြည့်တို့ သွားရာနောက်သို့ လိုက်ကြည့်လိုက်သည်။ သူက လေထုထဲ ပျံ့လွင့်နေသည့် မနာလိုအကြည့်များကို မမြင်ခဲ့၊ ထိုအစား ထန်ထန်နှင့် ချူလဲ့အန်းသည် သူ့ကို ရှေ့ထားရင်းပင် လူရှေ့သူရှေ့မရှောင် ကလူကျီစယ်နေကြသည်ဟု အထင်မှားသွားတော့သည်။


မျက်ခုံးကိုပင့်ကာ မျက်လုံးတို့ကို မှေးကျဉ်းလျက် ထန်ထန်၏ ပါးကို ဖျစ်ညှစ်ပြီး အရှေ့သို့ ဆွဲခေါ်လိုက်သည်။


?????


ပါးကို အဖျစ်ခံလိုက်ရသည့်အတွက် ထန်ထန်ကလည်း နှုတ်ခမ်းစူမိသွားသည်။ စိုစွတ်စ ပြုလာသည့် မျက်ဝန်းများနှင့်အတူ နီရှန်းယန်ကို နားမလည်နိုင်ဟန်ဖြင့် မော့ကြည့်လိုက်၏။


နီရှန်းယန်က သူ့မျက်နှာလေးကို လက်ဖဝါးအကြီးကြီးဖြင့် အုပ်ကိုင်ကာ ဘယ်ပြန်ညာပြန် လှုပ်ယမ်းရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။


“ဘေဘီ .. အဲဒီ့ ကြက်ပေါက်လိုကောင်ကို ဘာလို့ စိုက်ကြည့်နေတာလဲ။ ဟမ်.. သူ့မှာ ကိုယ့်လို အသားချောင်း အကြီးကြီး ရှိလို့လား။ သူ့ခန္ဓာကိုယ် သေးသေးလေးကဖြင့် နှစ်ချက်သုံးချက်လောက် ဆောင့်ပြီးရင် အားကုန်သွားမဲ့ဟာကို။ သူက မင်းကို ဝအောင် ကျွေးနိုင်ပါ့မလား။"


နီရှန်းယန်၏ တဲ့တိုးဆန်လှသော စကားလုံးရိုင်းရိုင်းများကြောင့် ထန်ထန်၏ မျက်နှာမှာ ချက်ချင်း နီရဲသွားတော့သည်။ သူက နီရှန်းယန်အား “နှာဘူးကောင်” “အားနေ အိပ်ရာပေါ်က အကြောင်းပဲ တွေးနေတဲ့ကောင်” ဟု မကြားတကြား ကျိန်ဆဲလိုက်သေးသည်။


နီရှန်းယန်က သူသာ နှာဘူးကျကျ မလုပ်ဆောင်ပါလျှင် ဘေဘီလေး သူ့ကို ပေးထားသည့် နာမည်ပြောင်နှင့် ထိုက်တန်လိမ့်မည် မဟုတ်ဟု အတွေးပေါက်သွား၏။ သူက ထန်ထန်၏ မျက်နှာသေးသေးလေးကို ဖျစ်ညှစ်ကာ အဝတ်လဲခန်းထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားတော့သည်။ ထန်ထန်ကို သူ့စိတ်ကြိုက် အကြမ်းပတမ်း နမ်းရှိုက်ကာ ပြိုင်ပွဲစတင်ရန် အချိန်ကျပြီဟု ကြေညာသံ ကြားကာမှ မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်တော့သည်။


....


အပြင်ဘက်တွင် ကစားပွဲ စတင်ကာ အော်ဟစ်အားပေးသံများကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ အဝတ်လဲခန်းတွင်မူ ထန်ထန်က မျက်လုံးများကအစ နီရဲလျက် ထိုတစ်ယောက် ကိုက်ခဲသွား၍ ယောင်ယမ်းစိုစွတ်နေသော နို့သီးဆူဆူလေးများကို ထိတွေ့နေလိုက်သည်။ သူ့စိတ်များ တည်ငြိမ်သွားခါမှ ပွဲကြည့်ရန် နေရာကြိုဦးထားသည့် ထိုင်ခုံသို့ ထွက်လာခဲ့ရတော့သည်။


နီရှန်းယန်က ယနေ့တွင်လည်း သူ့ထုံးစံအတိုင်းပင် ပွဲကို ကြမ်းကြမ်းတမ်းတမ်းနှင့် အထာကျမိမိုက်စွာ ကစားခဲ့သည်။ သုံးမှတ်တန် ဂိုးသွင်းချက်များကို ဆက်တိုက် ပစ်ထည့်အပြီးတွင် လူအုပ်ကြားမှ အားပေးသံက ပို၍ပင် ကျယ်လောင်လာတော့သည်။


ဘောလုံးကို ပစ်ပေးရင်း လူအုပ်အကြားသို့ လှမ်းကြည့်လိုက်သည့်အခါ သူ့ကို မျက်လုံးတောက်တောက်လေးများဖြင့် စိုက်ကြည့်နေသော ကောင်ငယ်လေးကို တွေ့လိုက်သည်။


ထန်ထန်က လက်တစ်ဖက်ထောက်ထားရင်း ပွဲကြည့်နေစဉ် တစ်စုံတစ်ယောက်က သူ့ပုခုံးကို အားဖြင့် ဝင်တိုက်လိုက်သည်။


ဟန်ချက်ပျက်သွား၍ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဇာတ်လိုက်ရှို့ ချူလဲ့အန်းက ခါးသီးနေသော မျက်နှာထားဖြင့် သူ့ဘေးတွင် ဒေါသတကြီး ရပ်နေသည်ကို တွေ့လိုက်ရသည်။


ဘာလဲဟ .. သူ့လို အားနည်းပါတယ်ဆိုတဲ့ကောင်ကတောင် ငါ့ကို လဲကျလောက်အောင် တွန်းနိုင်တိုက်နိုင်တယ်လား ...


ထန်ထန်က တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ထိုစဉ် ခွေးသားလေးက သူ့ကို ငုံ့ကြည့်ကာ အထင်သေးစွာဖြင့် မေးလိုက်သည်။


“မင်းနဲ့ နီရှန်းယန်က ဘာတွေလဲ။”


ကြည့် .. ကြည့် .. ကြည့် သူ့လေသံလည်း ကြည့်လိုက်ဦး ... မသိရင် သူကမှ နီရှန်းယန်နဲ့ တရားဝင် တွဲနေသလိုလို ...


ထန်ထန်က ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားကာ မျက်တောင်ကိုသာ တဖျပ်ဖျပ် ခတ်လိုက်သည်။ အပြင်ပန်း၌မူ သူက အင်္ကျီစကို တင်းတင်းဆုပ်ကာ တုံ့ဆိုင်းနေဟန်ဆောင်လိုက်၏။


ချူလဲ့အန်းက သူ့ခန့်မှန်းချက် မှန်သည်ဟု အထင်ရောက်သွားသည်။


ထန်ထန်ဆိုတဲ့ တစ်ယောက်က နီရှန်းယန်ရဲ့ချစ်သူ ဖြစ်လာနိုင်တဲ့အထိကို အရှက်မဲ့တာပဲ ...


သူ့ဘက်မှ စတင်ရန် အခွင့်အရေး မရသေးခင်မှာပင် အခြားသူတစ်ဦးဦးက သူ့လမ်းကြောင်းအား လာရောက် ပိတ်ဆို့လိမ့်မည်ဟု စိတ်ပင်မကူးခဲ့ဖူးချေ။။ သူ့မျက်လုံးထဲရှိ ရွံရှာမုန်းတီးမှုနှင့် မနာလိုမှုတို့က သိသိသာသာပင် လျှံထွက်လာတော့သည်။ ချူလဲ့အန်းက ဒေါသစိတ်များကို အတင်း ဖိနှိပ်ကာ ထန်ထန်အား သူ့ကိုယ်သူ သိက္ခာချမိစေမည့် လုပ်ရပ်များအား မလုပ်ရန် စိုးရိမ်တကြီး သတိပေးလိုက်သည်။ အကယ်၍ နီရှန်းယန်၏ ချစ်သူမှာ ထန်ထန်ဖြစ်ကြောင်း အခြားသူများသာ သိသွားပါလျှင် သူ့အား ရွံမုန်းကာ သူ့မိဘများက ကိုယ်ကျိုးအတွက် သားသမီးကို ရောင်းစားသည်ဟု အထင်မှားသွားကြလိမ့်မည်ဟုလည်း ပြောလိုက်သေးသည်။


ထန်ထန်က ကြောင်အသွား၏။ ပါးစပ်တစ်ခုလုံး ခြောက်သွေ့သွားလုမတတ် အဆက်မပြတ် ပြောနေပြီးနောက် ချူလဲ့အန်းက သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်လာသည်။ ထန်ထန်၏ ပါးစပ်မှ နီရှန်းယန်နှင့် လမ်းခွဲကာ လုံးဝဥဿုံ အဆက်အသွယ် ဖြတ်တောက်ပစ်မည်ဟု ပြောလာမည်ကို မျှော်လင့်နေဟန်ပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment