no

Font
Theme

Chapter 8 - ချဉ်းကပ်မှု ကျရှုံးသွားပြီးနောက် အခန်းထဲမှ ဆွဲထုတ်ခံလိုက်ရသည့် ဇာတ်လိုက်ရှို့


ထိုရက်က ဘတ်စကတ်ဘောပွဲအပြီးတွင် ချူလဲ့အန်းသည် တွေးလေလေ ပိုပြီး ဒေါသထွက်လာမိတော့သည်။ သူက အိပ်ဆောင်သို့ ပြန်သွားကာ ဒေါသများအား ဖောက်ထုတ်လိုက်၏။ J မြို့ ကိုယ်ပိုင်အထက်တန်းကျောင်း၏ အဆောင်ခန်းများမှာ အလွန် အသံလုံသည့် သီးသန့်အခန်းများ ဖြစ်နေ၍သာ တော်သေးသည်။ သို့မဟုတ်ပါလျှင် ချူလဲ့အန်း၏ ဒေါသတကြီး ပစ္စည်းများအား ရိုက်ခွဲသံများကို တစ်ဆောင်လုံး ကြားနေရပေလိမ့်မည်။


တစ်ခန်းလုံး ခြေချစရာနေရာပင် မကျန်တော့အောင် မွစာကြဲသွားခါမှ ချူလဲ့အန်းသည် ဆိုဖာပေါ် ထိုင်ချကာ မောဟိုက်စွာဖြင့် အသက်ကို ရှူသွင်းလိုက်သည်။


ဆောက်တည်ရာမရစွာဖြင့် ဒေါသူပုန်ထပြီးနောက်တွင် အခန်းတစ်ခုလုံး သဲကန္တာရအလား တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် အကောင်းအတိုင်း ကျန်ခဲ့သော စားပွဲတင်ပန်းအိုးက စားပွဲထောင့်စွန်းမှတစ်ဆင့် တလိမ့်လိမ့် ပြုတ်ကျကာ အမျိုးမျိုးသော ပစ္စည်း အကွဲအစများဖြင့် ပြည့်နှက်နေသော ကြမ်းပေါ်သို့ ခွမ်းခနဲ ပြုတ်ကျသွားသည်။ နေရောင်ခြည်က လိုက်ကာစများကြားမှတစ်ဆင့် အခန်းထဲသို့ ဖြာကျလာသည်။ မျက်နှာပေါ်သို့ အချို့အဝက် ကျဆင်းလာသော နေရောင်ခြည်က ချူလဲ့အန်း၏ မိန်းမဆန်ဆန် မျက်နှာကို တစ်နည်းတစ်ဖုံ ကြောက်မက်ဖွယ် ဖြစ်စေခဲ့သည်။


ထန်ထန်က နီရှန်းယန်အား မည်သို့မည်ပုံ သွေးဆောင်နိုင်ခဲ့ကြောင်း ယခုအချိန်အထိ သူ သဘောမပေါက်သေးသော်ငြား ဤအခြေအနေအထိ ရောက်လာပြီ ဖြစ်သည့်အတွက် အခြားနည်းလမ်း မရှိတော့ချေ။ ကံကောင်းစွာဖြင့် ကျောင်းတွင် သခင်ငယ်လေးများ တစ်ဦးထက်မက ရှိနေပေရာ နီရှန်းယန်အား ဖယ်ထုတ်လိုက်ရသည့်တိုင် သူ့တွင် အခြား ရွေးချယ်စရာများ ရှိနေဆဲပင်။


တွေးရင်းတွေးရင်း ချူလဲ့အန်း၏ အမှောင်ဖုံးနေသော မနာလိုစိတ်များ အေးဆေးငြိမ်သက်သွားတော့သည်။ မျက်လုံးမှိတ်ကာ တစ်ခုခုကို ထိုင်စဉ်းစားနေပြီးနောက် ချက်ချင်း ပြက္ခဒိန်ကို လှန်ကြည့်ကာ မတ်တပ်ထရပ်လိုက်သည်။


အနီရောင်ဖြင့် ဝိုင်းထားသော အရေးကြီး ရက်စွဲကို ကြည်ကာ ချူလဲ့အန်းက ဘွဲ့မရခင် တစ်ကြိမ် ထပ်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။


ယနေ့မှာ ကျန်းချာ၏ မွေးနေ့ဖြစ်သည်။ အတန်းဖော်အားလုံးနီးပါးက လက်ဆောင်အသီးသီးယူကာ မွေးနေ့ပွဲသို့ တက်ရောက်လာကြသည်။ အများစုမှာ သူတို့၏ မိဘများနှင့်အတူ ရောက်လာကြခြင်း ဖြစ်သည်။ သို့သော် ဂုဏ်ဒြပ်အဆင့်အတန်းအရ ချိန်ညှိပါလျှင် သူတို့၏ မိဘများသည်ပင် ကျန်းမိသားစုမှ ကျင်းပသည့် ညစာစားပွဲများအား တက်ရောက်ရန် အဆင့်အတန်း မပြည့်မီပေ။


ဟိုတယ်ထဲတွင် မီးရောင်များဖြင့် ဖိတ်ဖိတ်တောက်ကာ လှပတင့်တယ်သည့် စန္ဒရားတစ်ခုကိုလည်း ခင်းကျင်းပြထားသည်။ လူကြီးပိုင်းများအတွက် စုဝေးပွဲကိုလည်း သီးသန့် ပြင်ဆင်ပေးထား၏။


လူကြီးပိုင်း စုဝေးပွဲ၏ နောက်တွင်မူ အထက်တန်းကျကျ ပြင်ဆင်ထားသည့် ရေကူးကန်တစ်ခု ရှိနေကာ မြူးကြွကြွ တေးသံများဖြင့် ဆူညံနေသည်မှာ ဆယ်ကျော်သက်အရွယ်များအတွက်မူ နတ်ဘုံနတ်နန်းတစ်ခုအလားပင် ဖြစ်သည်။


လူအများ၏ ချီးကျူးအားပေးသံကြောင့် ကြည်လင်နေသော ရေမျက်နှာပြင်ပင် လှုပ်ခါသွားသည်။ စားပွဲပေါ်၌ ရှန်ပိန်နှင့် အမျိုးမျိုးသော နာမည်ကြီး ယမကာများကို ခင်းကျင်းထားကာ ရေကူးဝတ်စုံ ဝတ်ထားသည့် ကောင်ချောလေးများနှင့် မိန်းမချောလေးများက ရေကန်ထဲတွင် တစ်ဦးနှင့်တစ်ဦး စနောက်ကျီစယ်နေကြသည်။ နာမည်ကြီး ဒီဂျေပေါက်စလေး၏ ခပ်မိုက်မိုက် ဖျော်ဖြေမှုကြောင့် လေထုတစ်ခုလုံး သက်ဝင်လှုပ်ရှားနေပေသည်။


မနေ့ညက သူ့အိမ်သို့ ပြန်သွားသော ထန်ထန်က ရေကူးဘောင်းဘီတစ်ထည်ကို ခပ်လျော့လျော့ ဝတ်ဆင်လျက် ပြန်လာခဲ့သည်။ ဟိုတယ်ထဲသို့ လက်ဆောင်ကို ကိုင်ကာ ဝင်လာစဉ်၌ ရင်ဘတ်ဗလာဖြင့် ဖြစ်နေရာ သူ ဝင်လာပြီး မကြာမီမှာပင် မွေးနေ့ရှင်က သုန်မှုန်နေသော မျက်နှာထားနှင့်အတူ ရေချိုးခန်းသုံးဝတ်ရုံတစ်ထည်ဖြင့် သူ့ကို လုံးထွေးရစ်ပတ်ပေးလိုက်တော့သည်။


ဆံပင်များ အနည်းငယ် စိုထိုင်းနေသည့်တိုင် ချောမောနေဆဲဖြစ်သော ကျန်းချာက ရေထဲမှ ထွက်လာကာ ထန်ထန်အား သူတို့သုံးဦး ထိုင်နေသည့် ဆိုဖာပေါ်သို့ ခေါ်သွားလိုက်သည်။ အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များကိုမူ လုံးဝဥဿုံ လျစ်လျူရှုထားသည်။


ဝိုင်နီရောင် ဆိုဖာပေါ်တွင် ပုံစံစရိုက် ကွဲပြားသည့်တိုင် တစ်မျိုးတစ်ဖုံစီ ချောမောနေကြသော အမျိုးသားနှစ်ဦးက အဝတ်ဗလာဖြင့် ထိုင်နေကြသည်။ ထူးကဲကောင်းမွန်သော မိသားစု နောက်ခံ၊ ချောမောလှပသည့် ရုပ်ရည်သွင်ပြင်၊ အပြည့်အဝ ထုတ်လွှင့်နိုင်နေပြီဖြစ်သည့် ယောကျ်ားဟော်မုန်းများနှင့်အတူ ချောမွေ့ကျစ်လျစ်သည့် ကြွက်သားစိုင်များက ထိုနေရာတွင် ရှိနေသမျှ ရှို့အားလုံးအား ရင်ခုန်စိတ်ကြွစေခဲ့သည်။


အားလုံးက အခြေအနေကို စောင့်ကြည့်အကဲခတ်နေကြကာ မည်သူကမှ အရင်ဆုံး စမ်းမကြည့်လိုကြပေ။ ကျောင်းရှိ ရှို့များသာမက အထက်တန်းလွှာ အသိုင်းအဝိုင်းထဲရှိ လိင်တူ ကြိုက်သူ ရှို့များအားလုံးပါမကျန် ထိုသခင်လေးသုံးဦး၏ အကြိုက်များမှာ မကြာခဏ ပြောင်းလဲလေ့ရှိကြောင်း ကြားဖူးထားကြပြီးဖြစ်သည်။ သူတို့၏ ပါတနာအဖြစ် လိုလိုလားလား လက်ခံကမ်းလှမ်းခဲ့ကြသော ရှို့များ မရေမတွက်နိုင်လောက်အောင် ရှိသော်ငြား တစ်ယောက်မှ မအောင်မြင်ခဲ့ကြရာ ကျန်သူများမှာလည်း စောင့်ကြည့်ရုံမှအပ ရှေ့ဆက်တိုးရန် မဝံ့ရဲကြတော့ချေ။


သို့သော် ထင်မထားစွာပင် သူတို့အားလုံး လက်လျှော့တော့မည်ဟု ဆုံးဖြတ်မည့်ဆဲဆဲပင် ခပ်ချောချော ကောင်လေးတစ်ယောက်အား ရင်ခွင်ထဲ ပိုက်လျက် ဆိုဖာဆီသို့ လျှောက်လာသော ကျန်းချာကို တွေ့လိုက်ကြသည်။ ထိုကောင်လေးဘက်မှ မည်သို့မှ မတုံ့ပြန်ရသေးခင်မှာပင် နီရှန်းယန်က သူ့ကို ပြင်းပြင်းရှရှ ဆွဲနမ်းလိုက်ပြန်၏။


ထိုမြင်ကွင်းကြောင့် မြေကြီးပေါ်သို့ ဝိုင်ဖန်ခွက် လွတ်ကျကာ ကွဲသွားသံများဖြင့် ဆူညံသွားတော့သည်။


ထန်ထန်၏ ကုပ်ပိုးကို ကျန်းချာ၏ လက်ဖဝါးကြီးများက အားရပါးရ ဆုပ်ကိုင်ထားရာ ဘက်ပေါင်းစုံမှ အံ့အားသင့်နေသော အကြည့်စူးစူးများကို လက်ခံရင်း ခြေထောက်နှစ်ဖက်လုံး လေထဲတွင် တွဲလွဲခိုလျက်ဖြင့် အနမ်းခံနေခဲ့ရသည်။ နီရှန်းယန်က သူ့ကို နမ်းလိုက်သည့်အခါ အံ့ဩတကြီး သက်ပြင်းရှိုက်သံနှင့် ချောင်းဟန့်သံများကိုပင် ဆက်တိုက် ကြားလိုက်ရသေးသည်။


နှုတ်ခမ်းထက်မှ ရင်းနှီးနေသော အထိအတွေ့ကြောင့် ထန်ထန်သည် နီရှန်းယန်ကို အလိုလိုပင် ပြန်နမ်းလိုက်မိကာ နမ်းနေရင်းမှာပင် စိတ်လွတ်လက်လွတ်ဖြင့် အတွေးပေါက်သွားပြန်၏။


ချောင်းဟန့်တာက ကူးတတ်မှန်း တစ်ခါမှကို မသိခဲ့ဖူးဘူး...


စူးခနဲ ခံစားလိုက်ရသည့် နာကျင်မှုကြောင့် အနမ်းခံနေရသော ထန်ထန်၏ အတွေးများက လူနှင့် ပြန်ကပ်သွားသည်။ နီရှန်းယန်၏ မျက်ဝန်းများထဲမှ အလိုမကျမှုနှင့် အပြစ်တင်ချင်ဟန်များကို မြင်လိုက်ရသည့်အတွက် ထိုယောကျ်ား၏ လျှာဖျား သူ့ခံတွင်း၏ ပိုမိုနက်ရှိုင်းသည့် နေရာအထိ တွန်းဝင်နိုင်ရန်အလို့ငှာ နှုတ်ခမ်းကိုသာ နာနာခံခံဖြင့် ဟပေးထားလိုက်သည်။ လျှာဖျားနုနုလေးခမျာ အစုပ်ခံနေရကာ နီရှန်းယန်တစ်ယောက် စိတ်တိုင်းကျသည်အထိ အသက်ရှူရပ်မတတ် အနမ်းခံလိုက်ရတော့သည်။


ထိုယောကျ်ားက မည်သည့်အချိန်တွင် ရပ်တန့်သင့်ကြောင်း သိနေ၍သာ တော်သေးသည်။ ထန်ထန်ထံမှ အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လျှာသုံးခြင်းအား ရပ်တန့်ကာ စိုစွတ်နူးညံ့သည့် အနမ်းသို့ ပြောင်းလဲပေးအပ်လိုက်သည်။


ထိုအခါမှ ထန်ထန်လည်း သက်သာရာရသွားပြီး နီရှန်းယန်၏ ပူပြင်းမာကျောသော ရင်အုပ်ကြီးပေါ် မှီကာ သာသာလေး အမောဖြေလိုက်သည်။ တံတွေးများကို မျိုချနေစဉ် မျက်လုံးထောင့်စွန်းမှတစ်ဆင့် အသီးဝိုင်ခွက်တစ်ခွက်ကို မြင်သွားသည်။


ထိုဝိုင်ခွက်ကို လှမ်းကြည့်နေစဉ် လုကျစ်ရွှမ်၏ ပြုံးယောင်သမ်းနေသော မက်မွန်ပွင့်ပုံ မျက်ဝန်းများနှင့် အကြည့်ချင်း ဆုံသွား၏။ ထိုသူက သူ့ကို မေးလိုက်သည်။


“ဒီနေ့ ငါတို့ရဲ့ ထန်ထန်လေးက အားချာအတွက် ဘာလက်ဆောင်တွေများ ယူလာလဲ။”


လက်ဆောင်အကြောင်း စကားစလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းချာသာမက နီရှန်းယန်ပါ စိတ်ဝင်တစား ဖြစ်သွားသည်။ ပေါက်စလေးက ထိုအကြောင်းနှင့် ပတ်သက်ပြီး သူတို့ကို တစ်ခွန်းတစ်လေပင် ပြောမထားရာ အဖိုးတန်အကောင်ပေါက်လေးက ပြင်ဆင်လာမည့် လက်ဆောင်အပေါ် သုံးယောက်စလုံး သိချင်စိတ် ပြင်းပြနေခဲ့ကြသည်။ နီရှန်းယန်နှင့် လုကျစ်ရွှမ်အတွက် လက်ဆောင် မပါလျှင်ပင် .. ပြင်ဆင်ထားသည့် လက်ဆောင်ကို မြင်ရရုံဖြင့် သူတို့အားလုံး စိတ်ကျေနပ်ကြပေလိမ့်မည်။


ထန်ထန်က နီရှန်းယန်၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ ဆိုဖာပေါ်ရှိ လက်ဆောင်ဘူးကို ယူလိုက်သည်။ ထို့နောက် ကျန်းချာအား ဖွင့်မပြခင် အရှက်သည်းစွာဖြင့် ရင်ဘတ်ထဲ ပိုက်ထားရင်း တုံ့ဆိုင်းနေခဲ့၏။


ကျန်းချာက မျက်လွှာချလျက် ထူးကဲသာလွန်ခြင်း မရှိသော လက်ဆောင်ထုပ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ထန်ထန်၏ စိတ်လှုပ်ရှားနေသော အကြည့်အောက်တွင် ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။


ဘူးထဲတွင် ဂျုံလုံးအရုပ်လေးခု ရှိနေခဲ့သည်။ အရုပ်လေးခုအား လုပ်ထားသည့် လက်ရာမှာ အလွန် အကြမ်းဆန်လှသော်ငြား ထိုအရုပ်လေးခုမှာ မည်သူမည်ဝါအား ရည်ညွှန်းကြောင်းကိုမူ ရှင်းရှင်းလင်းလင်း မြင်ရပေသည်။


ထန်ထန်၏ မျက်တောင်တို့ မသိမသာ လှုပ်ခတ်သွားသည်။ စိတ်လှုပ်ရှားစွာဖြင့် လက်ချောင်းတို့ကို လိမ်ချိုးလိုက်မိကာ ထိုအရုပ်များက ဤရက်ပိုင်းအတွင်း သူလုပ်ခဲ့သမျှ အရုပ်များအနက် ကြည့်အကောင်းဆုံး အရုပ်များဖြစ်ကြောင်းကိုလည်း မသဲမကွဲ ပြောလိုက်၏။


နီရှန်းယန်နှင့် လုကျစ်ရွှမ်တို့ကလည်း ထိုအရုပ်များကို လှမ်းကြည့်လိုက်ကာ တစ်ခဏချင်းပင် နှလုံးသားတစ်ခုလုံး တရွရွ ဖြစ်လာတော့သည်။


ကျန်းချာ၏ မျက်ဝန်းနက်နက်များထဲတွင် နွေးထွေးမှုတို့ လျှံထွက်လာကာ သူက ထန်ထန် အသေးစားလေးအား လက်ချောင်းဖြင့် တို့ကြည့်လိုက်သည်။. ထို့နောက် သူ့အား ကြယ်ရောင်သဖွယ် တဖိတ်ဖိတ်တောက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသော ထန်ထန်ကို မြတ်နိုးမှုအပြည့်ဖြင့် မော့ကြည့်လိုက်သည်။


သူက နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်သည်အထိ ပြုံးကာ လက်ဆောင်ဘူးအား အသေအချာ အဖုံးပိတ်ပြီး စားပွဲပေါ်သို့ တင်ကာ အလေးအနက် စိုက်ကြည့်လိုက်သည်။ ထို့နောက်တစ်ဖန် စားပွဲပေါ် တင်ခြင်းက သိပ်ပြီး မလုံခြုံဟု ခံစားမိဟန်ဖြင့် လက်ဆောင်ထုပ်ကို ယူကာ အပေါ်ထပ်သို့ ပြေးတက်သွားလိုက်သည်။


ထန်ထန်၏ လက်ဆောင်ဘူးအား လုံခြုံသည့်နေရာတွင် သိမ်းထားရန်ပင်။


ကျန်းချာက သူ့လက်ဆောင်အား မည်မျှ တန်ဖိုးထားကြောင်း တွေ့လိုက်ရသည့်အခါ ထန်ထန်ကလည်း သွားဖြူဖြူလေးများ ပေါ်လာသည်အထိ ဝမ်းသာအားရ ရယ်မိသွားခဲ့သည်။


သူတို့နှစ်ဦး ကလူကျီစယ်နေကြသည့် မြင်ကွင်းက လုကျစ်ရွှမ်နှင့် နီရှန်းယန်အား သံပုရာသီး အလုံးလိုက် ကိုက်ဝါးမိသည့်အလား ချဉ်စူးသွားစေခဲ့သည်။ သို့သော် သူတို့ တတ်နိုင်သည့်အရာဟူ၍လည်း မရှိ။ သုံးဦးလုံးမှာ တူညီသည့် မိသားစုနောက်ခံ ရှိကာ ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာသူများ ဖြစ်သည့်အတွက် တစ်ဦးက ကျန်နှစ်ဦးအား မည်သို့မှ ကျော်လွန်နိုင်မည် မဟုတ်ကြောင်း ကောင်းကောင်း သဘောပေါက်ထားပေသည်။


အကောင်ပေါက်လေး မရှိပါဘဲ သူတို့၏ နေ့ရက်များအား မဖြတ်သန်းနိုင်ဟု သဘောပေါက်သွားသည့် နေ့ကတည်းက ထိုကောင်လေးအား သူတို့တစ်ဦးချင်းစီ၏ အပိုင်အဖြစ် မောင်ပိုင်စီးထား၍ မရကြောင်းလည်း ကောင်းကောင်း နားလည်ထားပေသည်။။


သူတို့သုံးဦး၏ အချစ်ရေးခရီးလမ်းကို သတိမပြုမိပါသော .. ဘေးနားတွင် အသာရပ်ကာ အကဲခတ်နေခဲ့ကြသော ယောကျ်ားလေးနှင့် မိန်းကလေးများသည် နောက်ဆုံးတွင်တော့ စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်ကြတော့သည်။ သူတို့အားလုံးက သခင်လေးသုံးဦးနှင့် နီးစပ်ထိကပ်နိုင်သူ ပေါ်လာပြီဖြစ်ရာ ထိုသခင်လေးသုံးဦး၏ ပလေးဘွိုင်းကာလ ပြန်လည်စတင်လာပြီဟု ပြိုင်တူ ကောက်ချက်ချလိုက်ကြသည်။


အခြား မည်သည့်အကျိုးအမြတ်မှ မရလျှင်ပင် လိင်တံကြီးကြီး ထို့အပြင် အိပ်ရာပေါ်၌ နည်းစနစ် ကောင်းလှပါသည်ဟု ဤအသိုင်းအဝိုင်းတစ်ခုလုံး၏ ချီးကျူးခြင်းကို ခံထားရသူများနှင့် တစ်ညမျှ အိပ်လိုက်ရလျှင်ပင် အရှုံးမရှိနိုင်ဟု အားလုံးက တွေးထားကြသည်။


ကျန်းချာ၏ မွေးနေ့ပွဲအား ဂုဏ်ပြုသောအားဖြင့် ဝိုင်ခွက်များအား ခွက်ချင်းတိုက်လိုက်သည်။ နီရှန်းယန်နှင့် လုကျစ်ရွှမ်က သူတို့သူငယ်ချင်း၏ မွေးနေ့ပွဲကို မဖျက်ဆီးလိုသည့်အတွက် ကျန်သူများအား မျက်နှာသာပေးသည့်အနေဖြင့် ခွက်အနည်းငယ် သောက်ခဲ့ကြသည်။


ပျော်ရွှင်နေသော ထန်ထန်ကလည်း ပတ်ပတ်လည်ရှိ အမျိုးမျိုးသော ယောကျ်ားမိန်းမတို့၏ ပြင်းရှလှသော ရေမွှေးနံ့များကြောင့် ရုတ်တရက် နှာချေမိသွားသည်။ သူက နှာခေါင်းကို ပွတ်ကာ ကျန်နှစ်ဦး သူ့ကို လာတွေ့သည်အထိ မစောင့်တော့ဘဲ နီရှန်းယန်ကို သွားရှာလိုက်သည်။


ဓာတ်လှေကား၏ နံပါတ်များ တစ်ခုပြီးတစ်ခု မြင့်တက်သွားကာ “တင်” ဟူသော အသံနှင့်အတူ အဆုံးသတ်သွားသည်။


ထန်ထန်က သီချင်းညည်းရင်း ဓာတ်လှေကားထဲမှ ထွက်လာသည်။ သို့သော် အပြင်ဘက်သို့ ခြေတစ်လှမ်း မချရသေးခင်မှာပင် အရှေ့နားဆီမှ ယောကျာ်းတစ်ယောက်၏ ဒေါသတကြီး အော်ဟစ်သံတိုးတိုးကို ကြားလိုက်ရသည်။


“အခုချက်ချင်း ထွက်သွားစမ်း။”


ထိုအသံက ကျန်းချာ၏ အသံဖြစ်ကြောင်း မှတ်မိသွားကာ တုန်ရီနေသော ခြေထောက်များဖြင့် ထိုနေရာသို့ ချက်ချင်း ပြေးသွားမိလိုက်သည်။


အသက်မရှူစတမ်း ပြေးသွားကာ အထက်တန်းကျကျ ပြင်ဆင်ထားသည့် ဇိမ်ခံအိပ်ခန်းတစ်ခန်း၏ အရှေ့သို့ အရောက်တွင် ဖွင့်ထားသည့် တံခါးမှတစ်ဆင့် တစ်စုံတစ်ခု ဝှစ်ခနဲ လွှင့်ပစ်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ ထိုပစ္စည်းက တံခါးအပြင်ဘက် ကြမ်းပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွား၏။


လွှင့်ပစ်ခံလိုက်ရသည့် ပစ္စည်းက ကြမ်းပေါ်သို့ ပစ်ပေါက်ခံရကာ ထိုအထဲမှ ကျယ်လောင်စူးရှသည့် အော်သံတစ်ခုကိုပါ ကြားလိုက်ရသည်။


တစ်ကိုယ်လုံး နီမြန်းလျက် အဝတ်ဗလာဖြစ်နေသော ချူလဲ့အန်းက ပစ်ထုတ်ခံလိုက်ရသည့် စောင်လိပ်ထဲမှ ဆွဲဆောင်မှုအပြည့်ဖြင့် ထွက်လာခဲ့သည်။ ထန်ထန်ကလည်း သူ့ကို မျက်လုံး အပြူးသားဖြင့် ကြောင်ကြည့်နေခဲ့၏။


ထိုစဉ် ကျန်းချာကလည်း မျက်နှာတစ်ခုလုံး မည်းမှောင်လျက် အခန်းထဲမှ ထွက်လာသည်။ သူ့အား အကြောင်သား ငေးကြည့်နေသည့် ထန်ထန်ကို မြင်လိုက်ရသည့်အခါ ကျန်းချာမှာ ဒေါသပင် မထွက်အားတော့။ ထန်ထန်၏ အနားသို့ ကပျာကယာ ပြေးလွှာကာ သူ့လက်ကို လှမ်းဆွဲ၍ သာသာလေး ငုံ့နမ်းရင်း တီးတိုးပြောလိုက်သည်။


“ကိုယ် သူ့ကို မထိဘူးနော်။ အိပ်ရာပေါ် လှဲနေတာ မြင်လိုက်ကတည်းက တစ်ခါတည်း လွှင့်ပစ်လိုက်တာ။”


ထို့နောက် ထပ်ဖြည့်ပြောလိုက်ပြန်သည်။


“လွှင့်ပစ်တာကလည်း စောင်နဲ့ လုံးထွေးပြီး လွှင့်ပစ်တာနော်။ လုံးဝကို အသားချင်း မထိခဲ့ဘူး။”


ချူလဲ့အန်းမှာ ဆေးခတ်ခံထားရ၍ အသိစိတ် ပျောက်နေသည့်ဟန်ပင်။ ကျန်းချာက သူ့အား အကြည့်တစ်ချက်ပင် မစွန့်ကြဲ၊ ထိုအစား ထန်ထန်၏ လက်ကိုသာ နင့်နင့်သည်းသည်း နမ်းရှိုက်နေသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး မနာလိုစိတ်ဖြင့် တွန့်ရှုံ့သွားတော့သည်။


သူက စူးစူးရှရှ အော်ပြောလိုက်၏။


“ကျန်းချာ .. မင်း ရူးနေလား။ နေဦး။ မဟုတ်သေးဘူး။ မင်းတို့တွေအားလုံး သူ အရူးလုပ်တာ ခံနေရပြီ။ ထန်ထန်က နီရှန်းယန်ရဲ့ ရည်းစားကွ။ သူ့ပါးစပ်ကနေ သူကိုယ်တိုင် ထုတ်ပြောခဲ့တာ။ မယုံရင် သူနဲ့ နီရှန်းယန်ကို မင်းကိုယ်တိုင် မေးကြည့်။”


ကျန်းချာက မျက်မှောင်ကြုတ်ကာ သူ့အား အရူးတစ်ယောက်ကို ကြည့်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။


“သိသားပဲ။ ထန်ထန်က ငါတို့ရဲ့ တစ်ဦးတည်းသော ရတနာလေးလေ။”


ချူလဲ့အန်းက ကျန်းချာ၏ ဆိုလိုရင်းအား နားလည်အောင် မနည်း ကြိုးစားလိုက်ရကာ ပြန်တုံ့ပြန်ရန်ပင် စကားလုံးများ ပျောက်ရှသွားတော့သည်။ သူက အဝတ်ဗလာဖြင့်ပင် ကြမ်းပေါ် ထိုင်နေရင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။


“မဟုတ်ဘူး။ မယုံဘူး။ သူက ဘာလို့ မင်းတို့သုံးယောက်လုံးနဲ့ အတူတူ ရှိနိုင်ရတာလဲ။ ဒီလောက် အပျက်ဆန်တဲ့ကောင်ကို မင်းတို့တွေ မရွံကြဘူးလား။ ရူးနေကြပြီ .. မင်းတို့အားလုံး။”


ညီအစ်ကိုရေ .. မင်းရဲ့ မလိုတစ်မျိုး လိုတစ်မျိုးကြီးက နည်းနည်းတော့ မများလွန်းဘူးလား ...


ကျန်းချာ၏ လက်များဖြင့် ထွေးပွေ့ခံထားရသည့် ထန်ထန်မှာလည်း ပြောစရာစကားများ ပျောက်ရှသွားခဲ့တော့သည်။ သူက စိတ်ထဲမှ တိတ်တိတ်လေး တွေးလိုက်၏။


ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ကို ဖျက်ဆီးပြီးတော့တောင် မင်းက အေးအေးဆေးဆေး ဇိမ်ကျကျနဲ့ ဘဝကြီးကို ဖြတ်သန်းနိုင်သေးတာပဲလေ .. ငါ့ကိုကျမှ ဘာတွေ လာရွံပြနေတာလဲ ...


ကျန်းချာက သူ့အော်သံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားကာ အမှိုက်တစ်စကို မြင်နေရသည့်အလား စိုက်ကြည့်လိုက်သည်။ သူက ချူလဲ့အန်းအား လျစ်လျူရှု၍ ထန်ထန်၏ လက်ကို ကိုင်ထားကာ အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။


အခန်းတံခါးက ဝုန်းခနဲ ပွင့်သွားကာ အပြင်ဘက်ရှိ ဆူညံသံများကို အဆက်ဖြတ်လိုက်သည်။


ချူလဲ့အန်းက ကျန်းချာ၏ အခန်းထဲသို့ မလာမီ သူ့ကိုယ်သူ ဆေးခတ်ကာ အထူးတလည် ကြိုတင်ပြင်ဆင်လာခဲ့သည်။ ထို့ကြောင့် တစ်ခဏအကြာတွင် ဆေးအရှိန်ကြောင့် စိတ်ကြွကာ ကြမ်းပေါ် လူးလှိမ့်ရင်း ညဉ်းသံမျိုးစုံထွက်လျက် သူ့ကိုယ်သူ ပွတ်သပ်ကာ ဖြေလျှော့လိုက်တော့သည်။


ကံဆိုးစွာဖြင့် လူချမ်းသာသခင်လေးအားလုံးမှာ ရေကူးကန်ပါတီပွဲ ဆင်နွှဲနေကြကာ အိပ်ခန်းများ ရှိရာသို့ မည်သူမှ ပြန်မလာ။ အစောပိုင်းတွင် သူက ကျန်းချာနှင့် အိပ်နိုင်မည့် အခွင့်အရေး ပိုမို တိုးများစေရန်အတွက် စိတ်ကြွဆေးပါ သောက်ခဲ့မိသည်။ ရမ္မက်အပူငွေ့က သူ့တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားချိန်တွင် အခန်းအား သန့်ရှင်းရေး လုပ်နေသည့် ရွံစရာရုပ်ရည်ပိုင်ရှင် တံခါးစောင့်က သူ့အား လာခေါ်သွားသည်။


ညည်းသံများ တရစပ် ထုတ်လွှတ်ရုံမှအပ အသိစိတ် မကပ်တော့သည့်အတွက် ချူလဲ့အန်းသည် ထို နံစော်နေသည့် ယောက်ျားအား သူ့ကိုယ်ထဲသို့ ထိုးသွင်းခွင့် ပြုမိသွားတော့သည်။ ထိုယောကျ်ား၏ စိတ်ကြွနေသော ရယ်သံကို နားထောင်ရင်း သူ့ဘဝ ပြီးဆုံးသွားပြီဖြစ်ကြောင်းလည်း တွေးမိနေခဲ့တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment