Ch-1: ကူးပြောင်းလာခဲ့တယ်။
“နင်ဘာလို့အပြစ်ကင်းစင်သလို လုပ်နေသလဲ?နင် ငါ့ကိုအရင်တွန်းတာ ရှင်းနေတာကို!”
နားရွက်နားတွင် စူးစူးရှရှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ယင်ထောင် က နာကျင်နေသော ခေါင်းနောက်ကျောကို ပွတ်သပ်လိုက်သည်။ မျက်လုံးဖွင့်လိုက်သောအခါတွင် ထူးထူးခြားခြား စိတ်ထားရှိသော လှပသော ဆံပင်ရှည်ရှည် မိန်းကလေးကို လှမ်းမြင်လိုက်ရသည်။
“ယင်ထောင်၊နင့်အလုပ်သင်ရဲစခန်းကိုမသွားဘူးလား?နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ဘာလို့ ဒီလောက်တောင် ဆိုးရွားနေသေးတာလဲ!”ဆံပင်ရှည်မိန်းကလေး၏ လေသံမှာ ဖော်ရွေမှုမရှိပဲ ရွံရှာဖွယ်အရိပ်အယောင်များ သူမ၏မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။
“ဘေဘီ၊ခေါင်းဒဏ်ရာက အရမ်းအန္တရာယ်များတယ် မသိဘူးလား?”ယင်ထောင်သည် အခြေအနေကို နားမလည်သော်လည်း ပရော်ဖက်ရှင်နယ် မှုခင်းဆရာဝန်တစ်ဦးအနေဖြင့် ဆေးပညာဗဟုသုတအချို့ကို မတက်နိုင်ပဲဖြန့်ဝေလိုက်သည်။ “ဦးနှောက်ဒဏ်ရာက ပြင်းထန်ပြီး သွေးယိုစီးရင် တုန်လှုပ်ချောက်ချားတာ ဒါမှမဟုတ် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။"
ဆံပင်ရှည်မိန်းကလေး၏ အမူအရာမှာ စိတ်မသက်မသာ ဖြစ်နေသည်။ယင်ထောင်၏ တုံ့ပြန်မှုကြောင့် သူမ သိသိသာသာ အံ့အားသင့်သွားသည်။ လေထုသည် အနည်းငယ် အဆင်မပြေဖြစ်လာသော်လည်း တင်းမာသော အမျိုးသမီးအသံကြောင့် ရုတ်တရက် ဤလေထုမှာကျိုးပျက်သွားသည်။
"ပါးစပ်ပိတ်ထား! မင်းရဲ့ပညာရပ်ဆိုင်ရာ ဗန်းစကားတွေကို နင့်ရဲ့ ရင်ခွဲစစ်ဆေးမှုဓာတ်ခွဲခန်းမှာ ထားခဲ့!"
သပ်သပ်ရပ်ရပ်၀တ်စားဆင်ယင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ယင်ထောင်ဆီကို ခြေလှမ်းအနည်းငယ်လှမ်းပြီး ညစ်ညမ်းသူကို ကြည့်နေသကဲ့သို့အကြည့်မျိုးဖြင့် မျက်မှောင်ကြုံ့ကာပြောသည်။ “နင်နင်းက ခမ်းနားတဲ့ စင်မြင့်ပေါ်မှာ ကပြဖို့ ရည်ရွယ်ပြီး ဒဏ်ရာရသွားတာ၊နင့်လို လူသေတွေနဲ့နေ့တိုင်းဆက်ဆံတာနဲ့မတူတဲ့ အရမ်းကိုအရေးကြီးတဲ့ကိစ္စဟဲ့!"
ယင်ထောင် အနည်းငယ် အံ့ဩသွားသည်။ အမျိုးသမီးက သူမက မှုခင်းဆရာဝန်တစ်ယောက်လို့ ပြောတာ မှန်တယ်၊သို့ပေမဲ့ ထိုစကားတွေနဲ့ဘာလို့ ဒီလောက်ရင်းနှီးနေတာလဲ?
ယင်ထောင်သည် အရှေ့ကလူနှစ်ယောက်ကို သေချာကြည့်မိသည်။အသက် ၂၀ကျော်ကွာဟချက်နှင့်သူတို့၏တူညီမှုကိုကြည့်ရသလောက် သားအမိတွေဖြစ်လောက်သည်။ပတ်ဝန်းကျင်က အိမ်ကြီးတစ်လုံး၏ဧည့်ခန်းတွင်ဖြစ်သည်။ထိုသားအမိ၏ဆန့်ကျင်ဘက်မြင်ကွင်းကိုကြည့်လိုက်ရာ …သေစမ်း၊မနေ့ညက ဖတ်ခဲ့တဲ့ မယ်လိုဒရမ်မက်တစ်နိုဗယ်မြင်ကွင်းနဲ့ဘာကြောင့်တူနေရတာလဲ!
သူမ၏ လုပ်ဖော်ကိုင်ဖက်များ၏ အဆက်မပြတ် အကြံပြုချက်ကြောင့် ယင်ထောင်သည် “နီဗာနာပြန်လည်မွေးဖွားခြင်း’ ဟူသော မယ်လိုဒရမ်မက်တစ်နိုဗယ်တစ်ပုဒ်ကိုဖတ်ရူခဲ့သည်။
ဝတ္ထု၏ ဇာတ်လိုက်မင်းသမီး ယင်နင်းသည် သွယ်လျပြေပြစ်ပြီး ချစ်စရာကောင်းသော အကသမားဖြစ်သည်။ သူမ၏ ပထမဘဝတွင် ကြေကွဲဖွယ်ဖြစ်ရပ်များကို တွေ့ကြုံခဲ့ရပြီးနောက် ယင်နင်းသည် ပြန်လည်မွေးဖွားလာပြီး သူမ၏ယခင်အရှက်တရားကို လက်စားချေခဲ့သည်။ သူမသည် မိသားစုစီးပွားရေးကို မြှင့်တင်ပေးရုံသာမက ထူးချွန်သော လူငယ်တစ်ဦးနှင့်လည်း လက်ထပ်ခဲ့သည်။ သူမသည် အချစ်ရေးတွင်ရော သူမ၏အသက်မွေးဝမ်းကြောင်းတွင်ပါ အောင်မြင်ခဲ့ပြီး သူမသည် မိသားစုတစ်ခုလုံး၏ ကံကြမ္မာကို အောင်မြင်စွာပြောင်းလဲခဲ့သည်။
ယင်ထောင်သည် သူမနှင့် နာမည်တူသော အမြောက်စာအမျိုးသမီး ဇာတ်ပို့ဇာတ်ကောင်၊ ဇာတ်လိုက်မင်းသမီး ယင်နင်း၏ အစ်မအရင်းဖြစ်သည်။ ယင်ထောင် သည် အမျိုးသမီးဇာတ်ဆောင်အပေါ် မိသားစု၏ မျက်နှာသာပေးမှုကြောင့် စိတ်ဆိုးနေသဖြင့် သူမအတွက် အမြဲတမ်း အခက်အခဲများ ရှိခဲ့သည်။ မိသားစုစိတ်ချမ်းသာစေရန်အတွက် မှုခင်းဆရာဝန်အဖြစ်မှ နှုတ်ထွက်ပြီး ချမ်းသာသောအမွေဆက်ခံသူနှင့် လက်ထပ်ခဲ့သည်။ သို့သော်သူမသည် သူ့ကလေး၏ အကျင့်သီလကြောင့် ယောက္ခမအိမ်တွင်သာ တာရှည်စွာ နေထိုင်နိုင်ခဲ့သည်။ဇာတ်လိုက်မင်းသမီးပြန်လည်မွေးဖွားပြီးနောက် ယင်ထောင် သည် ဇာတ်လိုက်မင်းသမီးကို အားဖြည့်ပေးသည့် တည်ရှိမှုမျှသာအဖြစ်သို့ လျော့ကျသွားခဲ့သည်။ အလုပ်ပြုတ်ပြီး စွန့်ပစ်ခံခဲ့ရသည်။ သူမ လုံးလုံးစိတ်မကောင်းဖြစ်ခဲ့သလို မထင်ထားသောအဆုံးသတ်နှင့်တွေ့ကြုံခဲ့ရသည်။
သူမ အရှေ့က အမေနဲ့သမီးကို ကြည့်ရင်း “ရှင်တို့နှစ်ယောက် ..က ကျွန်မကို မိသားစုလိုတစ်ခါမှ မဆက်ဆံဖူးဘူး” လို့ စိတ်တိုတိုနဲ့ ပြောရင်း ယင်ထောင်ရဲ့စိတ်တွေ တဆတ်ဆတ် တုန်ခါသွားတယ်။ ထိုသို့ပြောပြီးနောက် ယင်ထောင်သည် အပေါ်ထပ်သို့ အလျင်အမြန် ပြေးသွားကာ နေရာတွင်ကျန်ခဲ့သော သားအမိကို ကြောင်အသွားစေခဲ့သည်။
"သူမ ဘာဖြစ်နေတာလဲ?" ကျောင်းယွဲ့ သည် သူ့သမီးကြီး၏ အစပြုလွယ်သော အကျင့်စရိုက်ကို ဘယ်တော့မှ မကြိုက်ပါ။ ယင်ထောင် သည် မှုခင်းဆရာဝန်ဖြစ်လာပြီးကတည်းက စက်စပ်ထိမခံဖြစ်နေတယ်ဟုပိုခံစားလာရသည်။
“မနက်ဖြန် စည်းဝေးပွဲတက်ဖို့ အစ်ကိုကြီးက လာခဲ့ဖို့ ဖုန်းဆက်တယ်။သူမ လည်း လိုက်ချင်နေတော့ သမီးအပေါ်ဒေါသထွက်နေတာ…”
ယင်နင်း သည် ယင်ထောင် ထွက်သွားတဲ့ လမ်းကြောင်းကို စူးစူးစိုက်စိုက်ကြည့်ရင်း အနည်းငယ်ပဟေဠိဖြစ်သွားတယ်။ မူလဇာတ်ကွက်အရ ယင်ထောင် သည် သူမ၏အမေ ပြန်မလာခင်တွင် ပိုမိုပြင်းထန်သော ငြင်းခုံမှုများရှိခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သူမက လှေကားမှ ပြုတ်ကျလိမ့်မည်။ကျောင်းယွဲ့ သည် ဤမြင်ကွင်းကို တိုက်ဆိုင်စွာ မြင်တွေ့ခဲ့ရပြီး ယင်ထောင် ကို အမုန်းပွားခဲ့သည်။ယင်နင်း၏ဒဏ်ရာများက နောက်နေ့တွေ့ဆုံပွဲကို လွဲချော်စေမည်ဖြစ်သည်။
သူမပြန်လည်မွေးဖွားလာကတည်းက ယင်နင်း သည်သတိကြီးစွာနေထိုင်ခဲ့သည်။ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ဒီအခွင့်အရေးကို မြတ်နိုးခဲ့တယ်။ သူမ၏ယခင်ဘဝတွင် ယင်နင်းသည် ယာဉ်မတော်တဆဖြစ်ခဲ့ပြီး ကမခုန်နိုင်တော့ပေ။ ယင်မိသားစု၏ စီးပွားရေးလည်း ထိုးကျသွားခဲ့တယ်။သူမ၏အလွန်အမင်းစိုးရိမ်မှုကြောင့် သူမ အသက် 30 မတိုင်မီ ဖျားနာသေဆုံးခဲ့သည်။ တစ်ဖက်တွင်မူ ငယ်စဉ်ကတည်းက သဘောထားမတိုက်ဆိုင်ခဲ့သော အစ်မဖြစ်သူသည် ချမ်းသာသောမိသားစုနှင့် အိမ်ထောင်ကျပြီး ကောင်းစွာနေထိုင်ခဲ့သည်။
ယင်နင်းသည် ဦးညွှတ်ရန် မလိုလားပါ။ ကောင်းကင်က သူမကို အသစ်ပြန်စဖို့ အခွင့်အရေးပေးခဲ့သောကြောင့် သေချာပေါက် ဆုပ်ကိုင်ထားရပေမည်။ သို့သော် သူမ၏ စိတ်တိုနေသော အစ်မဖြစ်သူက ဇာတ်ကွက်မှ လွဲသွားသော တစ်စုံတစ်ခုကို အဘယ်ကြောင့် ရုတ်တရက် လုပ်ရတာလဲ။ယင်နင်းမှာ စိတ်ပူပန်နေလေသည်။ မည်သို့ပင်ဆိုစေကာမူ ယခင်ဘဝကလွဲချော်ခဲ့ရသောလူအတွက်ကြောင့်ပင်လျှင် နောက်နေ့တွင် စုဝေးပွဲသို့ သူမ သေချာပေါက်တက်ရောက်ရမည်။
ယင်ထောင် သည် မနားတမ်းအပေါ်ထပ် အခန်းထဲသို့ ပြေးဝင်သွားသည်။နံရံပေါ်ရှိ ဓာတ်ပုံထဲတွင် သူမနှင့် တစ်ထပ်တည်းတူသော မျက်နှာကို မြင်လိုက်ရပြီးနောက် သက်ပြင်းတစ်ချက်ချမိသည်။ နံရံပေါ်ရှိ ဓာတ်ပုံထဲတွင် သူမနှင့် တစ်ထပ်တည်းတူသော မျက်နှာကို မြင်လိုက်ရပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ ၎င်းက သူမ၏မှတ်ဥာဏ် (သို့) မ၏ကံကောင်းခြင်းဟုတ်မဟုတ် သူမမသိသော်လည်း ဤအခန်းသည် မူလယင်ထောင်၏အိပ်ခန်းဖြစ်သည်။
“ဘယ်လိုမှမဖြစ်နိုင်ဘူး!ဒီအမြောက်စာအမျိုးသမီးဇာတ်ပို့ဇာတ်ရုပ်က ငါနဲ့နာမည်တူရုံတင်မကဘူး၊အသွင်အပြင်ကတောင် အတူတူပဲ”ယင်ထောင် သည် မှန်ကိုကြည့်ကာ သူမကြုံတွေ့နေရသည့် အဖြစ်မှန်ကို လက်ခံရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
စောနက သူမက ဇာတ်ကွက်ကနေကွဲထွက်နေတဲ့ဇာတ်ကောင်ဖြစ်နေသလား?ယင်ထောင် သည် မူလယင်ထောင်၏ဇာတ်ကွက်များကဲ့သို့ အတုယူဖို့ အတတ်နိုင်ဆုံး ကြိုးစားထားပြီးဖြစ်သော်လည်း သူမ အခြားသူများနှင့်ရန်ဖြစ်ဖို့ တကယ်စိတ်မဝင်စားပါ။အောက်ထပ်က ထိုသားအမိ၏အံ့အားသင့်နေသည့်အမူအရာကို တွေးမိပြီး ယင်ထောင် ကူရာမဲ့စွာခေါင်းကိုကုတ်လိုက်သည်။
“အား! ကူးပြောင်းလာမှတော့ ရတယ်လေ!ဒါပေမဲ့ဒီလိုစိတ်မကောင်းဖို့ကောင်းတဲ့ဇာတ်ကောင်ကိုရရတယ်လို့!”
ယင်ထောင် သည် မဖြည်ရသေးသော ဇာတ်ကြောင်းကိုတွေးရင်း အတော်လေးတုန်လှုပ်သွားသည်။ အိမ်ထောင်ပြုဖို့၊ ကလေးယူဖို့၊ အပေးအယူလုပ်ပြီး စိတ်မကျေမနပ်ဖြစ်နေတဲ့ ဇနီးတစ်ယောက်လို နေထိုင်ဖို့ မပြင်ဆင်ခဲ့ဘူး။
"ငါ တစ်ညလုံးစာဖတ်နေလို့များ ရုတ်တရက်သေသွားတာလား?!”
ဒီဝတ္ထုမှာ သူမ ဘာကြောင့် နိုးလာသလဲတောင် မသိပါ။ ထိုကိစ္စအတွက် သူမသည်တကယ့်ကမ္ဘာတွင် သေသွားသလား အသက်ရှင်နေသလားတောင်မသိပါပေ။