no

Font
Theme

Ch-10 : မတူဘူး။

“ငါက သူမကို အလိုလိုက်တယ်?နင်ကော ယင်နင်းကို အလိုလိုက်တယ်မဟုတ်ဘူးလား?” ကျောင်းလင်းက ကျောင်းယွဲ့၏ ကွဲပြားသော ဆက်ဆံမှုကို မကြိုက်သော်လည်း ၎င်းက မိသားစုကိစ္စဖြစ်လို့ သူမ အများကြီးမပြောပေ။

“နင်းနင်းက သူမနဲ့မတူပဲ မောမောပန်းပန်းအကလေ့ကျင့်တာ၊သူမ ဘယ်တွေနဲ့အလုပ်ရူပ်သလဲကို ဘယ်သူသိမှာလဲ!" ကျောင်းယွဲ့ သည် ယင်ထောင် အလောင်းများနှင့် နေ့တိုင်း ရှိနေသည့် အတွေးကြောင့် ရင်ထဲတုန်ယင်နေလေသည်။

“ဟုတ်ပြီ၊နင့်ကို မသင်ကြားတော့ဘူး၊နင်က နင်နင်းကို စိတ်ပူလိုက်၊ငါက ထောင်ထောင်ကိုဂရုစိုက်မယ်၊သူမရဲ့အဒေါ်အနေနဲ့ ငါ သူမကို နာကျင်အောင်လုပ်ပါ့မလား?” ကျောင်းလင်း သည် ကျောင်းယွဲ့ကို မစည်းရုံနိုင်သောကြောင့် ယင်ထောင်ကိုသာ ပိုဂရုစိုက်ပေးသည်။

"သူမအတွက် အကောင်းဆုံးကို တကယ်လိုချင်ရင် ဒီအလုပ်ကနေ အမြန်ဆုံး နုတ်ထွက်ခိုင်းလိုက်!" ကျောင်းယွဲ့က ယင်ထောင်ကို မကျေနပ်သော မျက်လုံးများဖြင့် ကြည့်နေသည်။

“‌ကောင်းပြီ၊ငြင်းနေတာရပ်တော့၊ဧည့်သည်တွေမထွက်သွားသေးဘူး!” ယင်ဒေါင်က ကျောင်းယွဲ့ကို သတိပြုမိပြီး သူမကို ညင်သာစွာ သတိပေးရန် လျှောက်လာခဲ့သည်။

ယင်နင်း၊ယင်ဟောင် နှင့်တခြားသူများလည်း လျှောက်လာကြသည်။ ယင်နင်းသည် ယင်ထောင်ကိုကြည့်၍ တမင်စည်းရုံးသည်။ “အစ်မ၊ဒီနေ့က အဖေ့မွေးနေ့လေ၊ မိသားစုနဲ့ရန်မဖြစ်နဲ့၊လေထုကိုမဖျက်စီးပါနဲ့”

ယင်ထောင် က ယင်နင်းကိုကြည့်ပြီး ရှီဖန်နှင့်ယင်ထောင် နံဘေးက တခြားသူတွေကို သတိထားမိတယ်။ ယင်နင်း၏ ရည်ရွယ်ချက်ကို သူမ ချက်ခြင်း နားလည်သည်။ သူမသည် ယင်ထောင်က မည်မျှပင် ဥာဏ်ရည်ထက်မြက်ကြောင်း အလေးပေးခြင်းဖြင့် သူမ၏ အာရုံခံစားမှုကို မီးမောင်းထိုးပြရန် ကြိုးစားနေလေသည်။

ယင်ထောင်က ကူရာမဲ့စွာခေါင်းညိတ်၍ “အဖေ၊အမေ သမီး အိပ်ဆောင်ကိုအရင်ပြန်နှင့်မယ်၊မနှောက်ယှက်တော့ပါဘူး”

ယင်ထောင်က ပြောပြီးနောက် ချက်ချင်းထွက်သွားချင်ပေမဲ့ မမျှော်လင့်စွာ လင်းကျားက တားမြစ်ခဲ့သည်။

“ညီမလေးရှောင်ထောင်၊မင်းရဲ့အဆောင်ကဘယ်မှာလဲ?ဖန်ကျင်းနဲ့အစ်ကိုတို့ ဒီကိုကားမောင်းလာတာ၊မင်းကို စီးခွင့်ပြုမယ်”

လင်းကျား၏စကားကိုကြားသောအခါ ယင်ထောင် အံ့အားသင့်သွားသည်။မူရင်းစာအုပ်တွင် လင်းကျားသည် တတိယဇာတ်လိုက်မင်းသားဖြစ်ပုံပေါ်ပြီး ယင်နင်းအပေါ် အမြဲအထင်အမြင်ကောင်းရှိသည်။ယုတ္တိဗေဒအရပြောရလျှင် သူသည် သူမနှင့်အများကြီးဆက်ဆံမပြောဆိုသင့်ပါ။

“ကိုယ့်ကိုကိုယ် ဒုက္ခပေးစရာ မလိုပါဘူး၊ကျွန်မရဲ့အိပ်ဆောင်က နန်းတုန်လမ်းမပေါ်မှာပါ၊ မဝေးဘူး။ ကျွန်မ Taxi မြန်မြန်စီးလို့ရတယ်။" ယင်ထောင် သည် အခြေအနေကို မသိနိုင်သော်လည်း ဝတ္ထု၏ အဓိကဇာတ်ကောင်(ပြသာနာကောင်) နှင့်ဝေးဝေးနေရမည်ကို သူမကောင်းကောင်းသိသည်။

“နန်တုန်လမ်းမက ငါတို့လမ်းကြောင်းပေါ်မှာရှိတယ်၊ရှီဖန်နဲ့ငါ မင်းကို လိုက်စီးခွင့်ပေးမယ်” ကျင်းချန်းက ယင်ထောင်ကို ရိုးသားစွာကြည့်နေလေသည်။

ယင်ထောင် ဘာပြောရမှန်းမသိတော့။သူမ ဒုတိယဇာတ်လိုက်နှင့်တတိယဇာတ်လိုက်တို့နှင့်ဝေးဝေးနေချင်ရုံဖြစ်သည်။အခုတော့ ဇာတ်လိုက်မင်းသားနှင့်ပြောဆိုဆက်ဆံရသည်။ယင်နင်း သိသိသာသာ စိတ်ပျက်သွားသည်ကို သူမ မတော်တဆ သတိပြုမိသောအခါ ယင်ထောင် အနည်းငယ် တုန်လှုပ်သွားသည်။ ဒီနေ့တော့ ပြေးစရာမရှိတော့ပုံပင်။

“ဒါဆို ညီမ ပြသာနာပေးမိပြီ” ယင်ထောင်က အဖေနဲ့အစ်ကိုကြီးကို နှုတ်ဆက်၍ ရှီဖန်နှင့်ကျင်းချန်းတို့နှင့်အတူ ထွက်သွားသည်။

ယင်ထောင်က ယင်နင်းစိတ်မကောင်းဖြစ်နေသည်ကိုတွေ့ရသောအခါ အတော်လေးကျေနပ်နေခဲ့တယ်။မည်သို့ပင်ဆိုစေကာ ယင်နင်းက သူမဘာပဲလုပ်လုပ် သူမကို မကြိုက်သော်လည်း သဘာဝအတိုင်း လမ်းစဉ်အတိုင်း လိုက်သွားနိုင်သည်။

ယင်ထောင် ထွက်သွားသည်ကိုကြည့်ရင်း လင်းကျား သည် အနည်းငယ်ဝမ်းနည်းသွားကာ ယင်ဟောင်ကိုမေး၏။ “ညီမလေးရှောင်ထောင်က ဘာလုပ်လို့လဲ?သူမနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ လေထုတစ်ခု ရှိနေတယ်လို့ ခံစားနေရတယ်”

သူ့စကားမဆုံးခင်တွင် လင်းကျား သည် ယင်မိသားစုဝင်များ သိသိသာသာကို မကျေမနပ်ဖြစ်နေတာကို သိလိုက်ရတယ်။ ကျောင်းယွဲ့က “သူမက ဉာဏ်မမှီတဲ့ ကလေးမလေးပဲလေ။ ဘာဆန်းလို့လဲ"

“လင်းကျား၊သွားစို့”ဖန်ကျင်းက လင်းကျား၏ပခုံးကိုပုတ်၍ ထွက်သွားဖို့လက်ဟန်ပြသည်။လင်းကျားက အလွန်လိမ္မာပါးနပ်ပြီး ယင်လင်မယားကို နှုတ်ဆက်ခဲ့သည်။

လင်းကျားနှင့်ဖန်ကျင်းတို့ ထွက်သွားသည်ကိုကြည့်ရင်း ယင်နင်းက မထိန်းနိုင်ပဲ ယင်ဟောင်ကိုမေးလိုက်တယ်။ “အစ်ကိုကြီး၊လင်းကျားက မြို့တော်ဝန်ရဲ့ လက်ထောက်မဟုတ်ဘူးလား။ သူက ဖန်ကျင်းကိုနည်းနည်းကြောက်တယ်လို့ ဘာလို့ခံစားမိတာလဲ?”

“ဟုတ်တယ်၊နည်းနည်း၊ဖန်ကျင်းက အမြဲတမ်းပါးနပ်တယ်၊သူတို့ကနှစ်ယောက်က မြို့တော်ကလေ၊ မိသားစုတွေက ချမ်းသာတယ်၊ဖန်မိသားစုက မရိုးရှင်းဘူး”

ယင်ဟောင် သည် ဖန်ကျင်းအကြောင်း သိပ်မသိသော်လည်း လင်းကျား၏မိဘနှစ်ပါးစလုံးသည် နိုင်ငံရေးတွင် ပါဝင်ခဲ့ကြသည်။ ဖန်မိသားစု လင်းကျားတို့မိသားစုနှင့်သူငယ်ချင်းဖြစ်ရန် တိကျသော ရပ်တည်ချက်ရှိရမည်။

ဟိုတယ်မှထွက်လာပြီးနောက် လင်းကျားက ကားတစ်စီးကိုခေါ်ကာ ဖန်ကျင်းနှင့် နောက်ခုံတွင်ထိုင်လိုက်သည်။

“နှမြောဖို့ကောင်းလိုက်တာ၊ယင်ထောင်ကိုပြန်ပို့ပြီး သူမတကယ်ဘာလုပ်နေသလဲ သိချင်တာကို” လင်းကျားက မျက်မှန်ကို ချိန်ညှိလိုက်ပြီး ဖန်ကျင်း ကို လှည့်ကြည့်လိုက်သည်။ဖန်ကျင်း မျက်လုံးတွေကိုမှိတ်ထားပြီး သူ့ကိုတုံ့ပြန်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သူသိလိုက်တယ်။

“ဟေး၊အဲလေဒီလေး ဘာလုပ်သလဲ မင်းမသိချင်ဘူးလား?ယင်ဟောင်က ယင်မိသားစုက ယင်ထောင်ရဲ့အလုပ်ကိုမထောက်ခံဘူးလို့ ပြောတာကြားမိတယ်” လင်းကျားက စောနက ယင်မိသားစု၏တုံ့ပြန်မှုကို ပြန်တွေးကာ ပိုလို့တောင် သိချင်လာတယ်။

"မဆင်မခြင် ကောင်မလေးတစ်ယောက်အကြောင်း ဘာများသိချင်တာရှိလို့လဲ?” ဖန်ကျင်းက အနည်းငယ် ရောင်ရမ်းနေသော ပုခုံးများကို ဖိလိုက်သည်။ ဒီလို လူစည်ကားတဲ့ လူမှုဆက်ဆံရေးတွေမှာ သူ အသားမကျသေးပါ။

"မဆင်မခြင်? သူမက တော်တော်စိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်။" ယင်ထောင်၏ မျက်နှာဝိုင်းဝိုင်းနှင့် သူမ၏ ဒေါသထွက်နေသော အမူအရာကို တွေးလိုက်သောအခါ လင်းကျား ပြုံးမိတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment