Ch-8:ဇာတ်လိုက်များ။
“စကားမစပ်၊ဘာလို့ ဖန်ကျင်းက မင်းတို့နဲ့လိုက်မလာတာလဲ?” ယင်ဟောင်သည် လင်းကျားမှ ဖန်ကျင်းအကြောင်းထုတ်ပြောသည်ကိုကြားသောအခါ မထိန်းနိုင်ပဲ မေးလိုက်သည်။
သူ့အတန်းဖော်ဟောင်းက သူကျောင်းတက်တုန်းက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တယ်။ဖန်ကျင်းနှင့်လင်းကျားတို့ကြားက ရင်းနှီးသော ဆက်ဆံရေးကြောင့်သာ မဟုတ်ပါက ဖန်ကျင်းသည် သူတို့၏ အသိုင်းအဝိုင်းထဲသို့ လုံးဝဝင်ရောက်လာလိမ့်မည် မဟုတ်ပေ။
“အိုး ရဲစခန်းမှာနေမှာ။ မကြာခင် သူ ဒီကိုရောက်လာလိမ့်မယ်။" ဖန်ကျင်းအကြောင်းပြောသောအခါ လင်းကျား၏လေသံသည် တည်ငြိမ်လာသည်။ဖန်ကျင်း ကို သူ၏အသိုင်းအဝိုင်းရှိ သူငယ်ချင်းဆက်ဆံရေးကို မတင်းမာစေဖို့ အကြံမပေးပါက သူ လုံးဝလာမည်မဟုတ်ပေ။
“ဖန်ကျင်းက ငါ့အဖေထက်တောင် ပိုရှေးဆန်တယ်၊ငါတို့ ရှီဖန်က ပြုံးရတာကိုမကြိုက်ပေမဲ့ သူက ဖန်ကျင်းက အများကြီးသာတယ်”ကျင်းချန်းက ပြုံး၍ ရှီဖန်၏ပခုံးပေါ်သို့လက်တင်လိုက်သည်။
လင်းကျားက လှည့်၍ ကျင်းချန်းကိုအပြုံးဖြင့် သတိပေးသည်။ “ဖန်ကျင်းက A Cityရဲ့free တိုက်ခိုက်ရေးချန်ပီယံဆိုတာ မမေ့နဲ့၊မင်း အပြောအဆို သတိထား”
"ဖန်မိသားစုရဲ့ စီးပွားရေးက မြို့တော်မှာ တော်တော်ကြီးတာမဟုတ်ဘူးလား။ဖန်ကျင်းက A City ကို စုံထောက်အဖြစ် လာဖို့ ဘာကြောင့် တောင်းဆိုတာလဲ?” ယင်ထောင်က ဖန်ကျင်းအကြောင်း သိပ်မသိပါ၊ဖန်မိသားစုက သူတို့ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာ သူသိတယ်။
“သူ့ဟာသူနေမှာ၊သူငယ်ချင်းဖြစ်တဲ့ငါတို့က ပံ့ပိုးသရွေ့ အဆင်ပြေတယ်…” လင်းကျားက သိပ်မပြောချင်တော့တာမို့ လူတိုင်းက လိမ္မာပါးနပ်စွာ မမေးခဲ့ကြပေ။
သို့သော် ဖန်ကျင်း၏ အပြုအမူသည် ပုန်ကန်တတ်သောညီမလေးယင်ထောင်နှင့်အနည်းငယ်ဆင်တူသည် ယင်ဟောင် ခံစားမိသည်။
ထိုအချိန်တွင် ယင်ထောင် သည် သန့်စင်ခန်းထဲတွင်ရှိနေသည်။ထိုယောကျာ်းများသည် ယင်ဟောင်၏သူငယ်ချင်းများ၊ဝတ္တူထဲက ဇာတ်လိုက်များနှင့်အဓိကဇာတ်ကောင်တချို့ဖြစ်လောက်သည်။
“ဟူး..ငါ သန့်စင်ခန်းထဲ ပုန်းနေလို့မရဘူး…”ယင်ထောင်က အသက်ပြင်းပြင်းရူသွင်းသည်။မည်သို့ပင်ဆိုစေကာမူ သူမသည် ယင်နင်းနှင့်ယှဉ်လျှင် ပို၍ ထင်သာမြင်သာရှိလေသည်။
ယင်ထောင် သည် သန့်စင်ခန်းထဲက ထွက်လာခဲ့ပြီး အမျိုးသားသန့်စင်ခန်းထဲမှ ထွက်လာသောယောကျာ်းတစ်ဦးကို သတိမထားမိခဲ့ပါပဲ ဝင်တိုက်မိလေသည်။
“တောင်းပန်ပါတယ်…” ယင်ထောင်က နဖူးကို ပွတ်သပ်ပြီး သူ့ရှေ့ကလူကို မော့ကြည့်သည်။ထိုသူ သည် ယင်ဟောင်နှင့်သက်တူရွယ်တူဖြစ်သည်။ သူသည် အရပ် ၁.၉ မီတာခန့်ရှိပြီး ယင်ဟောင်ထက် အနည်းငယ်ပိုမြင့်သည်။ သူ့အသွင်အပြင်ကို နှိုင်းယှဉ်လို့ရပေမဲ့ သူ့အပြုအမူက အလွန်ထူးခြားသည်။သူ မထွက်သွားခင် ယင်ထောင်ကို အေးစက်စက်ကြည့်ခဲ့တယ်။
“ဘယ်သူကြီးလဲ?” ယင်ထောင်က ချက်ချင်းထွက်သွားသော ဤယောကျာ်းကိုကြည့်ရင်း ဖခင်ဖြစ်သူ၏မွေးနေ့ပွဲ ကျင်းပသည့် အခန်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
သူက ဇာတ်လိုက်မင်းသားများလား? ယင်ထောင် အနည်းငယ် သံသယဖြစ်မိသည်။ စာအုပ်ထဲက ဇာတ်လိုက်မင်းသားအကြောင်း ဖော်ပြချက်တွေ အများကြီးရှိတယ်။သူတို့အားလုံးသည် အရပ်ရှည်၊ချောမော၊ ကြော့ရှင်းသော ချဲ့ကားချီးကျူးခြင်းခံရသည်။
စောနကတွေ့ခဲ့သော ထိုလူသည် ရုပ်ရည်ချောမောလှသော်လည်း ဒေါသကြီးပုံမပေါ်ပါ။ယင်ထောင်က ခဏလောက် စဉ်းစားပြီး နိမ့်ချနေဖို့ ဆုံးဖြတ်လိုက်တယ်။ ထိုယောကျာ်းက ဇာတ်လိုက်မင်းသားမဟုတ်လျှင်ပင် ရုပ်ရည်အသွင်အပြင်ကြောင့် အသေးအဖွဲ ဇာတ်ကောင်ဖြစ်မည်မဟုတ်။
အခန်းထဲသို့လျှောက်လာရင်း ယင်ထောင် သည် လူသိပ်မကြပ်သော နေရာတစ်ခုတွင် ထိုင်ခုံတစ်ခုရှာနေစဉ် ယင်ဟောင်က အသံကျယ်ကျယ်ဖြင့် သူမကိုခေါ်သည်။
ယင်ထောင်က ယင်ဟောင် ထိုင်နေတဲ့ စားပွဲကို ကြည့်ရင်း ချွေးအေးများထွက်လာတယ်။
အမှန်ပင် ယင်ဟောင်က အဓိကဇာတ်ကောင်အားလုံးကို စုဆောင်းထားသည်။
“အစ်ကိုကြီး…” ယင်ထောင် ခေါင်းငုံ့၍ ယင်ထောင်ဘက်သို့ ကူရာမဲ့စွာလျှောက်လာသည်။
“ရှောင်ထောင်၊ညီမလေးကို အစ်ကို့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်” ယင်ဟောင်က ယင်ထောင်ကိုဆွဲ၍ အားရပါးရမိတ်ဆက်ပေးသည်။ “ရှီဖန်နဲ့ကျင်းချန်းတို့က ငါတို့မိသားစုရဲ့သူငယ်ချင်းဟောင်းတွေ၊သူတို့နှစ်ယောက် နိုင်ငံရပ်ခြားမှာ အချိန်အတော်ကြာအောင် နေထိုင်တာမဟုတ်ရင် သူတို့နဲ့အစောကြီးတည်းကဆုံတယ်”
ယင်ထောင်က ရှီဖန်နှင့်ကျင်းချန်းကို ညင်သာစွာ ခေါင်းညိတ်ပြသည်။ အညိုရင့်ရောင်ဝတ်စုံဝတ်ထားသည့် ရှီဖန်ကိုကြည့်ရင်း ယင်ထောင် သက်ပြင်းချမိသည်။ဇာတ်လိုက်မင်းသားဆိုသည့်အတိုင်း သူ၏လွှမ်းမိုးနိုင်မှ ရောင်ဝါသည် ဝတ္ထုပါ ဖော်ပြချက်နှင့် ကိုက်ညီသည်။
ယင်ထောင်က အခြားသူထက် သူနဲ့ပိုရင်းနှီးတယ်။သူက မူလယင်ထောင်၏ဈေးပေါသောခင်ပွန်းဖြစ်ပြီး၊တလျှောက်လုံး ပလေးဘွိုင်းဖြစ်ခဲ့တယ်။ ကျင်းချန်း၏ပြုံးနေသောမက်မွန်ပွင့်မျက်ဝန်းများကိုကြည့်ရင်း ယင်ထောင် သက်ပြင်းချမိသည်။ထိုကဲ့သို့အကြိုက်က မူလယင်ထောင်က စွန့်ပစ်ဖို့ထိုက်တန်သည်။ဒီကျင်းချန်းက ပြသာနာကောင်ဖြစ်ခဲ့တာသိသာသည်။
“ရှောင်ထောင်၊ဒီနှစ်ယောက်က အစ်ကို့တက္ကသိုလ်အတန်းဖော် လင်းကျားနဲ့ဖန်ကျင်း၊အစ်ကိုတို့က မေဂျာတစ်ခုတည်းမဟုတ်ပေမဲ့ တက္ကသိုလ်တက်တုန်းက အရင်းနှီးဆုံးသူတွေလေ” ယင်ဟောင်က တစ်ဖက်ကလူနှစ်ယောက်နှင့် မိတ်ဆက်ပေးသည်။
ယင်ထောင်က ဖန်ကျင်းကို မြင်သောအခါ လန့်သွားသည်။ သန့်စင်ခန်းမှာ သူမ ဝင်တိုက်မိခဲ့သူမှာ ဝတ္တူထဲက ဒုတိယဇာတ်လိုက်၊ ဖန်ကျင်းဖြစ်သည်။သူ့ရုပ်ရည်သည် ဇာတ်လိုက်မင်းသားနှင့်ယှဉ်နိုင်ပေမဲ့ ဇာတ်ပို့ဇာတ်ကောင်ဖြစ်နေသည်မှာ နှမြောဖို့ကောင်းလှသည်။ယင်ထောင် သည် ဖန်ကျင်းကို စာနာစိတ်အနည်းငယ်ဖြင့် မတက်နိုင်ပဲကြည့်မိသည်။ဝတ္တူထဲက ဇာတ်ကောင်များ သူတို့သဘောကျသောဇာတ်ကောင်ကိုမရသည့်အတွက် သူမ အမြဲစိတ်မကောင်းဖြစ်မိသည်။
ဖန်ကျင်းက ယင်ထောင်ရဲ့ညီမငယ်၏အကြည့်ကိုသတိပြုမိပြီး အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ဒီကောင်မလေး သူ့ကို ဘာလို့ ထူးထူးဆန်းဆန်းကြည့်နေတာလဲ? ထိုအကြည့်ထဲတွင် သနားခြင်းနဲ့စာနာစိတ်တွေရှိနေသည်။
ဖန်ကျင်းက မတက်နိုင်ပဲ ချောင်းဟန့်၍ ပြောသည်။ “ယင်ဟောင်၊မင်းညီမလေးက အထက်တန်းကျောင်းတက်နေဆဲမဟုတ်လား?”
ဖန်ကျင်း၏စကားကြောင့် ထမင်းစားပွဲ၏တစ်ဖက်ခြမ်းရှိ ယင်နင်းက ရယ်သည်။ “အစ်ကိုဖန်ကျင်း၊သူမ ဝတ်စားဆင်ယင်ပုံကြောင့် သူမကို လျှော့မတွက်နဲ့၊ သူမက ကျွန်မရဲ့အစ်မ”
ယင်ထောင်၏မျက်ခွံများလှုပ်ယမ်းသွားသည်။ သူက ဇာတ်ပို့တစ်ယောက်မို့ စကားလုံးတွေက ဆိုးဝါးတာ မအံ့ဩမိပါပေ။
သူမက ယင်နင်းကိုမျက်လုံးလှိမ့်ပြကာ အပြုံးဖြင့်ပြောသည်။ “အင်း၊ ကျွန်မက အသက် 22 နှစ်ပဲ ရှိသေးပေမယ့် ဥာဏ်ရည်ထက်မြက်ပြီး ရင့်ကျက်တဲ့ ငါ့ညီမလေးလို မဟုတ်ဘူး”